← Chapters

အခန်း ၅၉၇

Vol. 57 Ch. 597

အခန်း ၅၉၇

Vol. 57 Ch. 597

အခန်း (၅၉၇)။

“မှန်တယ်... အခုဆိုရင် ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကို ရင်ဆိုင်ဖို့ အချိန်တန်ပြီ။”

ဟုန်ယွိသည် ထိုအသံကို ကြားလိုက်ရသော်လည်း အံ့ဩတုန်လှုပ်ခြင်း မရှိပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ‘သူတော်စင်ပေါင်းစုံ ခန်းမဆောင်’ ၏ အနက်ရှိုင်းဆုံးနေရာတွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ထိုနေရာမှတစ်ဆင့် အမျိုးသမီး တစ်ဦး လမ်းလျှောက်ဝင်လာ၏။ သူမသည် အဝါနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နွားဖြူ တစ်ကောင်ကို စီးနင်းထားသည်။ သူမ၏ လက်နှစ်ဖက်မှာ ဗလာဖြစ်နေပြီး ကျောက်စိမ်း ပုလွေလည်း ပါမလာပေ။ သူမကား နတ်ဘုရားလေနိုင်ငံတွင် ကြာမြင့်စွာ ရှိနေခဲ့သည့် ချန်ယင်းရှာပင် ဖြစ်သည်။

သူမနှင့်အတူ ညီအစ်မနှစ်ဦးလည်း ပါလာကြသည်။ ၎င်းတို့မှာ ယွန်နိုင်ငံရှိ အိမ်တော်တစ်ခု ကို စီမံခန့်ခွဲနေသည့် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ ဖြစ်ကြသည်။

ချန်ယင်းရှာသည် အဝါနုရောင်ဝတ်စုံကို ဝတ်ဆင်ကာ နွားဖြူကို စီးနင်းထားသည်။ ထိုပုံစံ မှာ ဟုန်ယွိ သူမကို ပင်လယ်ပြင်တွင် ပထမဆုံး စတင်တွေ့ရှိစဉ်က ပုံစံနှင့် အတိအကျ တူနေသော်လည်း ယခုအခါ သူမ၏လက်ထဲတွင် ကျောက်စိမ်းပုလွေ မရှိတော့ခြင်းကသာ ကွာခြားသည်။

ချန်ယင်းရှာ၏ လက်ထဲမှ ကျောက်စိမ်းပုလွေမှာ ဟန်ရှောက်ကျိထံမှ လက်ဆင့်ကမ်းလာခဲ့ ခြင်း ဖြစ်သည်။ သို့သော် ၎င်းကို အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ စွန့်ပစ်ထားခဲ့ခြင်း ဖြစ်ပေ သည်။

ဤနွားဖြူမှာ ချန်ယင်းရှာ၏ စီးတော်ယာဉ် ဖြစ်ပြီး၊ အောင်မြင်စွား ကျင့်ကြံထားသည့် မျိုးပြောင်း သတ္တဝါတစ်ကောင်လည်း ဖြစ်၏။ ယခင်က ယွန်နိုင်ငံတွင် မွေးမြူထားခဲ့သော် လည်း ယခုအခါ သူမနှင့်အတူ ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်သည်။

“သခင်လေးကို ဂါရဝပြုပါတယ်။”

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့က ဟုန်ယွိကို မြင်သည်နှင့် အပြေးအလွှား ဦးညွှတ်လိုက်ကြ သည်။

“ဒီလောက်အထိ စည်းကမ်းတွေ လိုက်နာမနေပါနဲ့ဦး။ ယွန်နိုင်ငံမှာ အခြေအနေတွေ ဘယ်လိုလဲ။” ဟုန်ယွိက မေးမြန်းလိုက်သည်။ “ပြီးတော့ ယင်းရှာ... နတ်ဘုရားလေနိုင်ငံ မှာရော အခြေအနေ ဘယ်လိုရှိလဲ၊ လျှိုထန်းနန်ကတော့ ဟင်းလင်းပြင်ရဲ့ လေဟာနယ် မုန်တိုင်းတွေကြားမှာ ဟုန်ရွှန်ကျိရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီ။ အခုဆိုရင် နတ်ဘုရားလေနိုင်ငံရဲ့ မက်မွန်နတ်ဘုရားဂိုဏ်းက ခေါင်းဆောင်မဲ့နေလောက်ပြီ။”

“ဘာ... မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လျှိုထန်းနန် အသတ်ခံလိုက်ရတယ် ဟုတ်လား၊ သူ ပျောက်ဆုံးနေတာ တစ်နှစ်တောင် ရှိပြီပဲ။” ချန်ယင်းရှာသည် ခဏမျှ မှင်တက်သွားပြီးမှ စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်သည်။ “ငါကတော့ ဟန်ရှောက်ကျိရဲ့ အဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစ ၄၈,၅၀၀နဲ့ ရတနာတွေကို ကျန်းနန်မင်းသမီးဆီ လွှဲပေးထားပြီးပြီ။ ဒါပေမဲ့ သူမက ဂိုဏ်းချုပ်အဖြစ် အာဏာမတည် သေးဘူး။ မက်မွန်နတ်ဘုရားဂိုဏ်းကို သွားတုန်းက ငါ တော်တော်လေး အံ့ဩသွားတယ်၊ အဲဒီမှာ ထူးချွန်တဲ့ လူငယ်တွေ အများကြီး ရှိနေတာကို တွေ့ခဲ့ရလို့ပဲ။ အခုဆိုရင် ဂိုဏ်းရဲ့ အကြီးကဲတွေနဲ့ နတ်ဘုရားလေနိုင်ငံရဲ့ ဧကရာဇ်တို့ ပေါင်းပြီး ‘မသေမျိုးကျောက်တိုင်’ လို့ခေါ်တဲ့ နေရာမှာ တာအိုပညာပြိုင်ပွဲ ကျင်းပနေကြတယ်။ အနိုင်ရတဲ့သူက ဂိုဏ်းချုပ် ဖြစ်လာမှာပဲ။”

“မသေမျိုးကျောက်တိုင် ဟုတ်လား။”

ဟုန်ယွိက ဆက်၍ ဆိုသည်။ “မက်မွန်နတ်ဘုရားဂိုဏ်းမှာ ‘မဟာဖရိုဖရဲ သပိတ်တော်’ ဆိုတဲ့ အနှိုင်းမဲ့ရတနာတစ်ခု ရှိသေးတယ်ဆိုတာပဲ ငါသိထားတာ၊ အဲဒါကလည်း ပျောက်ဆုံးသွားတာ ကြာပြီ။ ဒီမသေမျိုးကျောက်တိုင်ဆိုတာက ဘာလဲ၊ ငါ ရှေးဟောင်း ကျမ်းစာတွေ အများကြီး ဖတ်ခဲ့ပေမဲ့ ဒီအကြောင်း ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။”

“ဒါက ဘာလဲဆိုတာ ငါလည်း အတိအကျ မသိဘူး။ ဒါက နတ်ဘုရားလေနိုင်ငံရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ပဲ၊ ငါလည်း ဘယ်လိုမှ စုံစမ်းလို့ မရခဲ့ဘူး။ ဒါပေမဲ့ အဲဒါက နတ်ဘုရားလေ နိုင်ငံရဲ့ အစွမ်းထက်ဆုံး ရတနာတစ်ခု ဖြစ်ပုံရတယ်။ ဒဏ္ဍာရီတွေအရ နတ်ဘုရားလေ နိုင်ငံဟာ ပင်လယ်ပြင်မှာ မျောနေတဲ့ တိုက်ကြီးတစ်ခုဖြစ်ပြီး မသေမျိုးကျောက်တိုင်က ဒီတိုက်ကြီးကို သမုဒ္ဒရာကျယ်ကြီးထဲမှာ လွင့်မျောမသွားအောင် ထိန်းထားပေးတဲ့ အခြေခံ ရတနာကြီးပဲ။ အခုမှ ဒါကို ရှာတွေ့တာကလည်း မင်းနဲ့ အများကြီး သက်ဆိုင်နေတယ်။” ချန်ယင်းရှာက ပြောပြလိုက်သည်။

“ဘယ်လို ပတ်သက်နေလို့လဲ။” ဟုန်ယွိက မေးမြန်းလိုက်သည်။

“မင်းရေးတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ က ပင်လယ်ရပ်ခြားအထိ ပြန့်သွားခဲ့တယ်။ နတ်ဘုရား လေနိုင်ငံမှာလည်း မဟာပညာရှိကြီးတွေ အများကြီး ရှိကြတယ်။ သူတို့က မင်းရဲ့ကျမ်းစာ ကို ဖတ်ပြီး အများကြီး အကျိုးကျေးဇူး ရခဲ့ကြတယ်။ ဒါကြောင့် မဟာပညာရှင်ကြီးတွေ အတော်များများ ပူးပေါင်းပြီး ပြောင်းလဲခြင်းကျမ်းကို အခြေခံကာ အနာဂတ်ကို တွက်ချက် ကြည့်ကြရာကနေ နတ်ဘုရားလေနိုင်ငံရဲ့ အလယ်ဗဟို မြေအောက်အနက်ကြီးထဲမှာ လျှို့ဝှက်ချက်တချို့ကို ရှာတွေ့သွားကြတာ။ ရှေးဟောင်း စာလုံးလေးလုံး ရေးထိုးထားတဲ့ ကျောက်တိုင်ကြီးကို ရှာတွေ့ခဲ့တယ်၊ အဲဒါက မသေမျိုးကျောက်တိုင်ပဲ။”

“ငါ နားလည်ပြီ။” ဟုန်ယွိက ဆိုကာ ဆက်မေးသည်။ “အဲဒီ မသေမျိုးကျောက်တိုင်က ဘယ်မှာလဲဆိုတာ မင်းသိလား။”

“ငါလည်း မသိဘူး။ လော်ယွန်ဆီကနေ အဲဒီစာလုံးလေးလုံးကိုပဲ လျှို့ဝှက် သိခဲ့ရတာ။ အခု လောကမှာ အဲဒီမသေမျိုးကျောက်တိုင်အကြောင်း သိတဲ့သူက ဆယ်ယောက်တောင် မပြည့်ဘူး။”

“‘ပြောင်းလဲခြင်းကျမ်း’ ပေါ်လာတာက အပြောင်းအလဲတွေ အများကြီး ဖြစ်လာစေခဲ့တာပဲ။ နတ်ဘုရားလေနိုင်ငံဟာ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး သူတို့ရဲ့ အင်အားကို လျှို့ဝှက် စုဆောင်းပြီး အချိန်စောင့်နေခဲ့တာပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူဦးရေနဲ့ ယဉ်ကျေးမှု အားလုံး တိုးတက်နေပေမဲ့ အခြေခံကျတဲ့ အရာတစ်ခုပဲ လိုအပ်နေတာ။ အခု ပြောင်းလဲခြင်းကျမ်း ပေါ်လာပြီး ပင်လယ်ရပ်ခြားအထိ ပြန့်သွားတာဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို ကျောက်ခဲက နေ ရွှေဖြစ်စေတဲ့ အစွမ်းကို ပေးလိုက်သလိုပဲ။ သူတို့ရဲ့ ကံကြမ္မာလည်း မြင့်တက်လာပြီ...” ဟုန်ယွိက သက်ပြင်းချလိုက်ရင်း “ပြောင်းလဲခြင်းကျမ်း ပေါ်လာတာဟာ ကျွမ်းကျင်သူ အများကြီးကို အနာဂတ်ကို တွက်ချက်နိုင်စွမ်း ပေးလိုက်တာကြောင့် အနာဂတ်ဟာ အဆုံးမရှိတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတော့မယ်...”

“ဒါဆို နတ်ဘုရားလေနိုင်ငံကို ငါတို့ ဝင်စွက်ဖက်ရမလား။” ချန်ယင်းရှာက မေးမြန်းသည်။

“ငါ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးမှ ဒါကို ဆွေးနွေးကြတာပေါ့။ ၇ ကြိမ်မြောက် မိုးကြိုး ကပ်ဘေး၊ ဖန်ဆင်းရှင်အဆင့်... ဒါကို ငါ စောင့်မျှော်နေတာ ကြာပြီ။” ဟုန်ယွိက ဆိုလိုက် သည်။ “ယင်းရှာ... မင်းက အခုမှ ပြန်လာတာ။ စာကြည့်တိုက်ကို သွားပြီး ‘အရိုးဖြူပညာ ရှင်’ ရဲ့ အတွေးစတွေကို ယူလိုက်ပါ၊ အဲဒီအတွေးစ ၁၂၉,၆၀၀ ကို စုဆောင်းပြီး ကျင့်ကြံပါ။ ပြီးရင် ပြောင်းလဲခြင်းကျမ်းကို သေချာလေ့လာပါ။”

ချန်ယင်းရှာသည် ၂ ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့် ကျင့်ကြံသူဖြစ်သော်လည်း သူမ၏ အတွေးစများမှာ အဆင့်ခြောက် မိုးကြိုးကပ်ဘေးအဆင့်တွင် ရှိနေသည်။ ကျိုးထိုက်ကျူ၏ အတွေးစ ၇၇,၇၇၇ ခုစလုံးသည် သူမ၏ စိတ်ဝိညာဉ်ထဲတွင် ရှိနေခြင်း ကြောင့် ဖြစ်သည်။

“အရိုးဖြူပညာရှင် ဟုတ်လား။” ချန်ယင်းရှာက မျက်မှောင်ကြုတ်လိုက်သည်။ “ဒီနာမည် ကို ငါကြားဖူးသလိုပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အမှန်တရားလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ် တိုက်ပွဲတုန်းက အရိုးအရည်ဖျော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်မလား။ သူ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က တည်းက သေသွားပြီလို့ ထင်ထားတာ...”

“သူ မသေဘူး။ ငါ ဒီတစ်ကြိမ် မူလနဝမချောက်နက် နတ်ဘုရားနယ်မြေကို သွားခဲ့တယ်...”

ဟုန်ယွိသည် လွန်ခဲ့သော တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှနှင့် မူလနဝမချောက်နက် နတ်ဘုရားနယ်မြေမှ အဖြစ်အပျက် အသေးစိတ်အားလုံးကို ချန်ယင်းရှာအား ပြောပြလိုက် သည်။ ချန်ယင်းရှာသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရသည်။

“ဒါဆို ကောင်းကင်ဖြို ဧကရာဇ်နဲ့ တာအိုဘိုးလေး သုံးပါးက အသက်ရှင်နေတုန်းပေါ့... ‘ခုန်း’ လည်း ရှိနေသေးတယ်... လောကကြီးတော့ ဖရိုဖရဲ ဖြစ်တော့မှာပဲ။”

“ဖရိုဖရဲ ဖြစ်မယ့်အဆင့်အထိတော့ မဟုတ်ပါဘူး။ ငါ့လက်ထဲမှာ သူတော်စင်ပေါင်းစုံ ခန်းမ ဆောင် ရှိတယ်၊ ဧကရာဇ် ယန်ဖန်မှာ ဖန်ဆင်းခြင်းသင်္ဘော ရှိတယ်၊ မုန့်ရှန်းကျီမှာလည်း ထာဝရနိုင်ငံတော် ရှိတယ်။ လောကရဲ့ အင်အားအကြီးဆုံး မဟာနတ်ဘုရားရတနာ သုံးပါး က ငါတို့လက်ထဲမှာပဲ။ အစွမ်းထက်ဆုံး အင်အားစုတွေကလည်း ငါတို့ဆီမှာပဲ ရှိတယ်။ စတုတ္ထမြောက် ရတနာ ပေါ်မလာသရွေ့တော့ အင်အားက မျှခြေရှိနေဦးမှာပါပဲ။” ဟုန်ယွိ က ဆိုလိုက်သည်။

“ဒါလည်း ဟုတ်တာပဲ။ မင်းရဲ့ အင်အားနဲ့ ကျော်ကြားမှုကလည်း အရင်ကနဲ့ မတူတော့ဘူး၊ မင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလို သာမန်လူ မဟုတ်တော့ဘူး။ ဒါပေမဲ့ မင်းရဲ့ အခြေခံ အုတ်မြစ်က သိပ်မခိုင်သေးဘူး၊ မင်းနဲ့ ပူးပေါင်းနေတဲ့ ပညာရှင်ကြီးတွေက မင်းဆီက နဂါးစွယ်ဆန်နဲ့ ကျင့်စဉ်တွေကိုပဲ လိုချင်ကြတာ။ သူတို့ကို အားကိုးလို့ မရဘူး။”

ချန်ယင်းရှာက ပညာရှိစွာ ဆက်၍ အကြံပေးလိုက်သည်။ “ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင် တပည့်ရင်းတွေကို မွေးထုတ်ရမယ်။ ‘ပြောင်းလဲခြင်းဂိုဏ်း’ တစ်ခုကို တည်ထောင်တာ အကောင်းဆုံးပဲ။ ပညာရှင်ဂိုဏ်းတစ်ခု ဖွင့်ပြီး တပည့် ၇၂ ယောက်ကို လက်ခံပါ။ အဲဒါမှ မင်းရဲ့ အခြေခံက ခိုင်မာမှာ။”

“မှန်တယ်။ ပြောင်းလဲခြင်းကျမ်းက တစ်ကမ္ဘာလုံး ပြန့်နေပေမဲ့ ကျိုးယွိအကယ်ဒမီကို ပညာရှင်ကြီးတွေ အများကြီး လာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် တပည့် ၇၂ ယောက်၊ သူတော်စင် ၇၂ ပါးကို ငါမွေးထုတ်မယ်။ အဲဒါဟာ ငါ့ဂိုဏ်းရဲ့ အုတ်မြစ်ပဲ။” ဟုန်ယွိက ဝန်ခံ စကား ဆိုလိုက်သည်။

ယခုအခါ ကျမ်းစာရေးနေသော ပညာရှင်ကြီးများသည် ပြောင်းလဲခြင်းကျမ်း၏ အနှစ်သာရ ကို ရရှိသွားကြပြီ ဖြစ်သော်လည်း ၎င်းတို့သည် အနှေးနှင့်အမြန် ပြန်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဟုန်ယွိ၏ ကိုယ်ပိုင်အင်အား မဟုတ်သေးပေ။

ယခုအချိန်တွင် ဟုန်ယွိ၏ အုတ်မြစ်မှာ အားနည်းနေသေးသည်ဟု ဆိုနိုင်သည်။ သူ၏ ကိုယ်ပိုင် သူတော်စင်တပည့် ၇၂ ပါး ရှိလာပြီး ပြောင်းလဲခြင်း ပညာရပ်ကို ပြန့်ပွားစေနိုင်မှ သာ သူသည် ခေတ်အဆက်ဆက် တည်တံ့မည့် ပညာရှင် သူတော်စင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။

“ဒါဆိုရင်တော့ ငါ ကျင့်ကြံဖို့ သွားတော့မယ်။ မင်း ဘယ်တော့ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်မှာလဲ။” ချန်ယင်းရှာက မေးလိုက်သည်။

“မင်း ကျင့်ကြံပြီးတာနဲ့ ငါ ပြောင်းလဲခြင်းကျမ်းကို သုံးပြီး အနာဂတ်ကို တွက်ချက်ကြည့် မယ်၊ အနာဂတ်ရဲ့ အဆုံးမရှိတဲ့ ပြောင်းလဲမှုတွေကို ငါကြည့်မယ်။” ဟုန်ယွိက ဂုဏ်ယူစွာ ဆိုလိုက်သည်။ “ပြောင်းလဲခြင်းကျမ်းက တစ်ကမ္ဘာလုံး ပြန့်နေပြီး လူအများကြီးက ဒီကျမ်းကို သုံးနေကြပေမဲ့ ကျမ်းပြုဆရာဖြစ်တဲ့ ငါ့လောက် ဘယ်သူက ပိုနားလည်မှာလဲ။”

“ဧကရာဇ် ယန်ဖန်ရဲ့ ‘အသက်မဲ့အနာဂတ်ကျမ်း’ က လူသားတွေရဲ့ လမ်းစဉ်ကို ထိန်းချုပ် ပြီး အနာဂတ်ကို ဖုံးကွယ်ထားနိုင်ပေမဲ့ ပြောင်းလဲခြင်းကျမ်းနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။”

“အနာဂတ်ရဲ့ အရာရာတိုင်းက ငါ့လက်ခုပ်ထဲမှာပဲ။ ပြောင်းလဲခြင်း တာအိုက အမြင့်ဆုံးပဲ။ ဒီတစ်ခါ ငါ မိုးကြိုးကပ်ဘေး ရင်ဆိုင်ရင် ယန်ဖန်က ငါ့ကို လုပ်ကြံဖို့ ကြံစည်မှာ သေချာ တယ်။ သူက ငါ့အာရုံတွေကို ဖုံးကွယ်ထားနိုင်ပေမဲ့ ပြောင်းလဲခြင်းကျမ်း ရှေ့မှာတော့ ဒါတွေက တိမ်နဲ့ ရွှံ့လို ကွာခြားလွန်းပါတယ်။”

သူပြောရင်းနှင့် ဟုန်ယွိ၏ အတွေးစ ၈ ခုက ထွက်ပေါ်လာပြီး အဋ္ဌဂံပုံရိပ်ကားချပ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး၊ ရေ၊ မီး၊ တောင်နှင့် ရေအိုင်တို့ ဖြစ်ကြသည်။ (အဋ္ဌဂံပုံရိပ်ကားချပ်ကို အဋ္ဌဂံဗေဒင်ကွက်ဟု ပြောင်းလဲ ပြန်ဆိုပါမည်။) (eight trigrams)။

ထိုအဋ္ဌဂံဗေဒင်ကွက်များမှာ တဖျတ်ဖျတ် လည်ပတ်နေပြီး ဟုန်ယွိ၏ စိတ်ထဲတွင် ဉာဏ်ပညာ မီးတောက်များ တောက်ပလာကာ အနာဂတ်၏ ဖြစ်နိုင်ခြေ သန်းပေါင်းများစွာ ကို ကြည့်ရှုနေသည်။ (eight divinatory trigrams) အဋ္ဌဂံပုံရိပ်ကားချပ်နှင့် အဋ္ဌဂံဗေဒင် ကွက်ဟု အဆင်ပြေသလို ပြောင်းလဲ သုံးနှုန်းသွားပါမည်။)

ဝုန်း…

အတွေးစနှစ်ခုက ပေါင်းစပ်သွားပြီး အတိတ်နိမိတ်ကွက်တစ်ခု ပေါ်လာသည်။ အပေါ်က မြေကြီး (ခွန်) ဖြစ်ပြီး အောက်က တောင် (ကျန့်) ဖြစ်သည်။

“မြေကြီးထဲမှာ တောင်ရှိနေတယ်။” ချန်ယင်းရှာက ဆိုလိုက်သည်။ “ပြောင်းလဲခြင်းကျမ်း ထဲမှာ ဒီအတိတ်အနိမိတ်ကို ‘နှိမ့်ချခြင်း’ လို့ ခေါ်တယ်။ ဒါဟာ လူကြီးလူကောင်း တစ်ယောက်ရဲ့ နှိမ့်ချမှုပဲ။ မင်းရဲ့ဉာဏ်ပညာနဲ့ ဗေဒင်တွက်လိုက်တာ ဒီအတိတ်နိမိတ် ထွက်လာတာ ဘာအဓိပ္ပာယ်လဲ။”

“ဒီနှိမ့်ချခြင်း အတိတ်နိမိတ်က သူတော်စင်တွေရဲ့ အတိတ်နိမိတ်ပဲ။ တောင်ကြီးက အင်မတန် မြင့်ပေမဲ့ မြေကြီးထဲမှာ ပုန်းကွယ်နေပြီး အပြင်က မမြင်ရဘူး။ ဒါဟာ သူတော်စင်တွေရဲ့ နှိမ့်ချမှုနဲ့ သတိရှိမှုကို ပြတာပဲ။ အတိတ်နိမိတ် ၆၄ ကွက်ထဲမှာ ဒါဟာ အကောင်းဆုံး အတိတ်နိမိတ်ပဲ။” ဟုန်ယွိက ရှင်းပြလိုက်သည်။

“ဒါဆိုရင်တော့ အနာဂတ်က အဆင်ပြေချောမွေ့မယ်ပေါ့။” ချန်ယင်းရှာက မေးမြန်းသည်။

“အဲဒီလိုတော့ မဟုတ်ဘူး။ ကောင်းကျိုးရဖို့ဆိုရင် အရင်ဆုံး ကိုယ်တိုင်က နှိမ့်ချတဲ့သူ ဖြစ်ရ မယ်။ ဒီအတိတ်နိမိတ်က ဘာလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးတာပဲ။ မင်း ဒီအတိတ်နိမိတ် အတိုင်း မကျင့်ကြံရင်တော့ အကုန်လုံးက အတုအယောင်တွေပဲ ဖြစ်သွားလိမ့်မယ်။” ဟုန်ယွိက ဆိုလိုက်သည်။

“ငါ နားလည်ပြီ။ ပြောင်းလဲခြင်းကျမ်းက တကယ့်ကို နက်နဲတာပဲ။ ငါလည်း သေချာ လေ့လာဖို့ လိုပြီ။” ချန်ယင်းရှာက ဆိုသည်။

“ငါ နောက်ထပ် အတိတ်နိမိတ်တစ်ခု ထပ်တွက်ဦးမယ်။” ဟုန်ယွိက ဆိုသည်။

“ထပ်တွက်ဦးမှာလား။”

“မှန်တယ်။ အခုနကဟာက အတွင်းအတိတ်နိမိတ်၊ အခုက အပြင်အတိတ်နိမိတ်ကို တွက်မှာ။ ကိုယ်ကိုယ်တိုင်အတွက် တစ်ခုနဲ့ သူတစ်ပါးအတွက် တစ်ခုပေါ့။” ဟုန်ယွိက ဆိုသည်။

သူပြောရင်းနှင့် ဟုန်ယွိက ဗေဒင်ထပ်တွက်လိုက်ပြန်သည်။

ဝုန်း…

ယခုတစ်ကြိမ်တွင်မူ အပေါ်၌ ရေအိုင်ရှိပြီး အောက်၌ မီးရှိနေသည့် အတိတ်နိမိတ် ပေါ်လာတော့သည်။

ရေအိုင်ထဲတွင် မီးတောက်နေသော အတိတ်နိမိတ်။ တော်လှန်ပြောင်းလဲခြင်း….

“ငါ နားလည်ပြီ။ ဒါဟာ အနာဂတ်မှာ ငါလုပ်ရမယ့် လမ်းစဉ်ပဲ။ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ရန်သူတွေကိုတော့ ပြတ်ပြတ်သားသား တော်လှန်ပစ်ရမယ်။ ဒါဆိုရင် အရာရာဟာ အောင်မြင် ချောမွေ့လိမ့်မယ်။” ဟုန်ယွိက ဆိုလိုက်ပါတော့သည်။

All Chapters