အခန်း ၅၉၉
Vol. 57 Ch. 599
အခန်း (၅၉၉)။
“ဟုန်ယွိ... ဒီမိုးကြိုးတွေက သာမန်မဟုတ်ဘူး။ မိုးတိမ်တွေက မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်နေပြီးတော့ ဒီကမ္ဘာလောကကြီးရဲ့ သံလိုက်စွမ်းအင်တွေကြားကနေ မိုးကြိုး လျှပ်စီးနဂါးတွေ၊ မိုးကြိုးလျှပ်စီဂမြွေတွေ ထွက်ပေါ်လာနေတာပဲ။ ဒါတွေက သာမန်မိုးကြိုး တွေထက် အဆပေါင်းများစွာ ပိုကြီးပြီး ပိုပြင်းထန်တယ်။”
သူတော်စင်ပေါင်းစုံ ခန်းမအတွင်း၌ နင်ဂျာဘုန်းတော်ကြီးသည် ကောင်းကင်ယံတွင် လူးလွန့်လှုပ်ရှားနေသော မိုးတိမ်မည်းကြီးများကို ကြည့်ရှုရင်း သတိပေးလေသည်။ ထိုနေရာတွင် မိုးကြိုးလျှပ်စီးအစင်းကြောင်းများသာမကဘဲ အိမ်တစ်လုံးခန့် ကြီးမားသော မိုးကြိုးလုံးကြီးများသည်လည်း ကောင်းကင်ယံ၌ တစ်ခုနှင့်တစ်ခု ဆွဲငင်လျက် လွင့်မျော နေကြကုန်၏။
ထိုမိုးကြိုးလျှပ်စီးလုံးကြီးနှစ်လုံး အချင်းချင်း ဆွဲငင်မိ၍ အပြင်းထန် တိုက်မိသည့်အခါတိုင်း တုန်ဟည်းဖွယ်ရာ မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာပြီး မိုးကြိုးမီးလျှံတို့သည် ဖရိုဖရဲ လူးလွန့်လျက် မြေပြင်သို့ ကျဆင်းလာကြ၏။ ထိုအခါ မြေပြင်ပေါ်ရှိ တောအုပ်များ၊ မြင့်မားသော သစ်ပင်ကြီးများ၊ ကျောက်ဆောင်များနှင့် အပင်အားလုံးတို့သည် ခဏချင်း အတွင်း မီးလောင်ကျွမ်းကာ မည်းတူးသွားကြလေသည်။
ပိုင်ဇိယွဲ့၊ ကြင်ယာတော်ယွမ်၊ ချန်ယင်းရှာ၊ ရှဲ့ဝန်ယွမ်၊ ယွမ်ရှန်းရှန်း၊ ဟွမ်ယန်ယန်... အစရှိသည့် သူတို့အားလုံးသည် ထိုနေရာတွင် ရှိနေကြသည်။ သူတို့အားလုံးသည် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ဖူးကြသူများ ဖြစ်သော်လည်း ဤမျှ ပြင်းထန်လှသော မိုးကြိုးမျိုး ကိုမူ တစ်ခါမျှ မမြင်ဖူးကြပေ။
ဂျိန်း….
သူတို့ စကားပြောနေကြစဉ်မှာပင် အိမ်တစ်လုံးခန့် ကြီးမားသော မိုးကြိုးလုံးကြီးတစ်လုံး သည် သူတော်စင်ပေါင်းစုံ ခန်းမဆီသို့ တည့်တည့်ကြီး ကျဆင်းလာလေသည်။ သို့သော် ခန်းမဆောင်အပြင်ဘက်ရှိ သန့်စင်သော မူလစွမ်းအင်အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ထိုမိုးကြိုးလုံးကြီးသည် ပေါက်ကွဲသွားပြီး မိုးကြိုးအစအနများအဖြစ် အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။
ဟုန်ယွိသည် ချက်ချင်းပင် ‘ထိုက်ကျိ မိုးကြိုးရေကန်’ ကို အသက်သွင်းလိုက်ပြီး ထိုမိုးကြိုး စွမ်းအင်အားလုံးကို စုပ်ယူလိုက်လေသည်။
တခဏအတွင်းမှာပင် မိုးကြိုးလုံးပေါင်း တစ်ရာကျော်သည် ပျံဝဲလာကြပြီး မိုးကြိုးရေကန် အတွင်းသို့ စီးဝင်သွားကြကုန်၏။ ထိုအခါ သူတော်စင်ပေါင်းစုံ ခန်းမကြီးသည် ရေငတ်နေသူတစ်ဦး အေးမြသော စမ်းရေကြည်ကို ရှာဖွေတွေ့ရှိ၍ သောက်လိုက်ရသကဲ့သို့ အနည်းငယ် တုန်ခါသွားလေသည်။
“ဒီမိုးကြိုးတွေကတော့ အနူးညံ့ဆုံးပဲ။” ဟုန်ယွိက ထိုက်ကျိ မိုးကြိုးရေကန်ကို မိုးကြိုး စွမ်းအင်များ စုပ်ယူစေရင်း ပြောလိုက်သည်။ “ဒီတောရိုင်းကန္တာရနယ်မြေက အတိုင်းအဆ မရှိ ကျယ်ပြန့်သလို နေ့တိုင်းလည်း မိုးကြိုးမုန်တိုင်းတွေ ရှိနေတတ်တယ်။ အခုလေးတင် ငါ အပြင်းထန်ဆုံး မိုးကြိုးငရဲရှိတဲ့ နေရာကို အာရုံခံမိလိုက်ပြီ။ ရှေးဦးခေတ်တုန်းက ဒီနေရာကို ‘အရိုင်းစိုင်း မိုးကြိုးနယ်မြေ’ လို့ ခေါ်ခဲ့ကြတယ်။ မြေပြင်အောက်မှာ မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်တဲ့ သံလိုက်စွမ်းအင်တွေ၊ သံမဏိတွေ၊ ကြေးနီတွေနဲ့ သတ္တုကြောတွေ အများ ကြီး ရှိနေတာကြောင့် မိုးကြိုးကို ဆွဲဆောင်ဖို့ အလွယ်ဆုံးနေရာပဲ။ ငါ ရှေးဟောင်းကျမ်းစာ အတော်များများ ဖတ်ခဲ့ဖူးတယ်၊ ရှေးဦးခေတ်က ပညာရှိကြီးတွေဖြစ်တဲ့ ချန်ရှန်း ဧကရာဇ်တို့၊ ဧကရာဇ်ဖန်တို့ဟာ ဒီနေရာမှာပဲ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ခဲ့ကြတာ။ အလယ်ခေတ်က ပညာရှင် သူတော်စင်တွေလည်း ကမ္ဘာကြီးရဲ့ စိတ်ဆန္ဒတွေကို ဝါးမြိုဖို့ ဒီနေရာမှာပဲ သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ကျင့်ကြံခဲ့ကြတာ ဖြစ်မယ်။”
“အင်း... ဒီလိုနေရာမျိုးကို လူလာတာ အရမ်းရှားတယ်။ မြေအောက်မှာ သတ္တုစွမ်းအင်တွေ အများကြီး ရှိနေတာပဲ။ ဒါဟာ တကယ့် သတ္တုကြောကြီးပဲ။ ဒီသတ္တုကြောကြီးသာ တော်ဝင်ချန်နယ်မြေထဲမှာဆိုရင် အဲဒီနိုင်ငံက အရမ်းချမ်းသာသွားမှာ။”
ဟွမ်ယန်ယန်သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် တောင်တန်းများ ဖြင့် ပြည့်နှက်နေသည်ကို တွေ့ရလေသည်။ ထိုတောင်တန်း အတော်များများမှာ နီရဲနေပြီး မြေပြင်မှာလည်း နီမြန်းလျက် ရှိသည်။ သစ်ပင်ဟူ၍ အလွန်နည်းပါးလှ၏။ ရံဖန်ရံခါတွင် ရေများနီရဲနေသည့် အိုင်ကြီးများကို တွေ့ရတတ်သည်။ ၎င်းရေမှာ ချီပြည်နယ်ထဲရှိ ရေများထက်ပင် ပိုမိုပျစ်ချွဲကြောင်း ဟွမ်ယန်ယန် သတိပြုမိလေသည်။
ထိုနေရာ၏ လေထုထဲတွင် ပြင်းထန်သော ဓာတ်ကြီးငါးပါး မူလစွမ်းအင်များဖြင့် ပြည့်နှက်နေ၏။
အကယ်၍ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သေချာစွာ ကြည့်ရှုမည်ဆိုပါက မြေအောက် ပေအနည်းငယ်မှသည် ပေပေါင်းထောင်ချီအထိ နက်ရှိုင်းသည့် ကြီးမားလှသော သတ္တု တွင်းကြီးကို မြင်တွေ့ရမည် ဖြစ်သည်။
ထို့ကြောင့်ပင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်တို့သည် တစ်ခုနှင့်တစ်ခု တုံ့ပြန်မိကြပြီး ဤမျှ ကြီးမားသော မိုးကြိုးမုန်တိုင်းကြီး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ သာမန်လူများ မြင်တွေ့ရခဲသော မိုးကြိုးလုံးကြီးများသည် ဤနေရာတွင်မူ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်နေတော့သည်။
...
“ယင်းရှာ၊ ကျင်းရွှင်အာ၊ မုကလေး၊ ရှောင်ရှူး၊ ရှောင်ဆန်း၊ ရှောင်ဖေး၊ ကြင်ယာတော်ယွမ်၊ ပိုင်ဇိယွဲ့၊ အစ်ကိုဝန်ယွမ်... မင်းတို့အားလုံး အပြင်ကို ထွက်ပြီး မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ကြတော့။ ငါ မင်းတို့ကို အကာအကွယ် ပေးထားမယ်။”
ဟုန်ယွိက ရုတ်တရက် ဆိုလိုက်လေသည်။
“ဟင်၊ အာယွိ... ဒီနေ့က အရမ်းအန္တရာယ်များတယ်လို့ နင် ပြောခဲ့တယ်မဟုတ်လား။ နင် မိုးကြိုးကပ်ဘေး ရင်ဆိုင်နေတုန်း တစ်ယောက်ယောက်က လာနှောင့်ယှက်မှာဆို၊ နင့်ကို သတ်ဖို့ ကြိုးစားကြမှာ သေချာတယ်။ ငါတို့က ဘယ်လိုလုပ်ပြီး မိုးကြိုးကပ်ဘေးကို ရင်ဆိုင် ရမှာလဲ၊ ငါ အခုတလောမှာ စာဖတ်တာနဲ့ ကျင့်ကြံတာတွေအပေါ် အားစိုက်ထားလို့ အတော်လေး ဗဟုသုတ စုဆောင်းမိနေပြီ၊ အဆင့်တစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့ ယုံကြည်ချက် ရှိပေမဲ့ ဒီနေ့က အရမ်းအန္တရာယ်များတယ်လေ...”
ရွှေပင့်ကူက အော်ဟစ်ပြောဆိုလေသည်။
“အန္တရာယ်အရှိဆုံး အချိန်ဟာ ဘေးအကင်းဆုံး အချိန်ပဲ။ မင်းတို့အားလုံး မိုးကြိုးကပ်ဘေး ရင်ဆိုင်ဖို့ အခုအချိန်က အဘေးကင်းဆုံးပဲ... လူအတော်များများက ငါ့ကိုပဲ စောင့်ကြည့်နေ ကြတာ၊ ငါ မိုးကြိုးကပ်ဘေး ရင်ဆိုင်မှ သူတို့က တိုက်ခိုက်ကြမှာ။ မင်းတို့ အခုကတည်းက အဆင့်တက်ထားရင် တိုက်ပွဲစတဲ့အခါ အသက်ဘေးကနေ လွတ်အောင် ကာကွယ်နိုင်တဲ့ အစွမ်းတစ်ခု ပိုလာလိမ့်မယ်။ ဒါကို ‘အခွင့်ကောင်းကို အသုံးချခြင်း’ လို့ ခေါ်တယ်။”
“မင်းတို့ ရင်ဆိုင်ရမဲ့ မိုးကြိုးကပ်ဘေးက အားနည်းပေမဲ့ မကြောက်နဲ့။ အနန္တရွှေဆေးလုံး ကလေးက နဂါးစွယ်ဆန်ကို စားသုံးပြီး တစ်နှစ်ခွဲလောက် ကျင့်ကြံထားတာမို့ သူ့ရဲ့ ကျင့်စဉ်ကလည်း အဆင့်တက်နေပြီ။ သူက မင်းတို့ကို ပြန်လည် နာလန်ထူအောင် ကူညီပေးလိမ့်မယ်။”
ဟုန်ယွိက ပြောလိုက်လေသည်။
ရှူး…
သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် သုံးပေခန့်အမြင့်ရှိ ဝတုတ်တုတ် ကောင်လေးငယ် တစ်ယောက် ခန်းမဆောင်အတွင်း ပေါ်လာသည်။ ထိုကောင်လေးမှာ အနန္တရွှေဆေးလုံး ကလေး ဖြစ်သည်။ ယခုအခါတွင်မူ သူ၏ ကိုယ်ပေါ်ရှိ ရွှေရောင်များ ပျောက်ကွယ်သွားပြီး လူသား၏ အသားအရေကဲ့သို့ အရေးအကြောင်းများ ပေါ်ထွက်နေပြီ ဖြစ်သည်။ သူသည် လူသားပုံသဏ္ဌာန်အဖြစ် ကောင်းစွာ ပြောင်းလဲနိုင်ပြီဖြစ်ကြောင်း ထင်ရှား၏။
“စိတ်မပူနဲ့... ကျွန်တော်က ‘အနန္တဆေးစွမ်းအင်’ ကို ကျင့်ကြံထားပြီးသား။ ဖန်ဆင်းရှင် အဆင့် မိုးကြိုးမဟုတ်သရွေ့တော့ ဘယ်သူ့ကိုမဆို ချက်ချင်း ပြန်ကောင်းအောင် လုပ်ပေး နိုင်တယ်။”
အနန္တရွှေဆေးလုံးကလေးသည် သူ၏ လက်များကို ဝှေ့ယမ်းရင်း ကလေးသံဖြင့် ပြောကြား လိုက်သည်။
သူသည် သူတော်စင်ပေါင်းစုံ ခန်းမဆောင်အတွင်းရှိ ဆေးပင်ပေါင်းစုံကို တာဝန်ယူရသူ ဖြစ်ပြီး နေ့စဉ် နဂါးစွယ်ဆန်ကို စားသုံးသူလည်း ဖြစ်သည်။ ထိုက်ကျိ မိုးကြိုးရေကန် အတွင်း ကျင့်ကြံရခြင်း၏ အကျိုးကျေးဇူးမှာလည်း အလွန်ကြီးမားလှပေသည်။
“အခွင့်ကောင်းကို အသုံးချတာ တကယ်ကောင်းတဲ့ နည်းလမ်းပဲ၊ ငါ အရင်သွားမယ်။”
ကြင်ယာတော်ယွမ်က ရုတ်တရက်ပင် သူမ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထုတ်လွှတ်၍ မိုးကြိုးများအတွင်းသို့ ပျံထွက်သွားပြီး ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက်တွင်မူ မိုးတိမ်များထဲမှ အတွေးစ အစဉ်အတန်းတစ်ခု ပျံထွက်လာ ပြီး ခန်းမဆောင်အတွင်းသို့ ဆင်းသက်လာလေသည်။ သူမသည် ၂ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
အနန္တရွှေဆေးလုံးကလေးသည် သူမ အားအင်ကုန်ခမ်းနေသည်ကို မြင်လျှင် လေတစ်ချက် မှုတ်ထုတ်ပေးလိုက်ရာ အမွှေးနံ့သာများ ပြန့်လွင့်သွားပြီး ကြင်ယာတော်ယွမ်သည် ချက်ချင်းပင် အားအင်များ ပြန်လည်ပြည့်ဖြိုးသွားလေသည်။
“အတူတူ သွားကြရအောင်...”
ရွှေပင့်ကူ၊ မုကလေးနှင့် မြေခွေးမလေး သုံးယောက်တို့သည် ထိုအခြေအနေကို မြင်သော အခါ လက်ချင်းချိတ်၍ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ သူတို့ ၅ ယောက်သည် အတွေးစများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လျက် အဆင့်တစ် မိုးကြိုးကပ်ဘေး၏ စက်ဝန်းအတွင်းသို့ ဝင်ရောက်သွားကြကုန်၏။ တခဏအတွင်းမှာပင် သူတို့အားလုံး ပြန်လည် ရောက်ရှိလာကြသည်။ သူတို့အားလုံးသည် အဆင့်တစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး သူတို့၏ အတွေးစများမှာ စိန်များကဲ့သို့ ခိုင်မာတောက်ပနေကြပြီ ဖြစ်သည်။
“ဟားဟားဟား…၊ ငါ့ရဲ့ကျင့်ကြံမှုက နောက်ဆုံးတော့ ငါ့အဘိုးထက်တောင် သာသွားပြီ။ အာယွိနောက် လိုက်ရကျိုး နပ်တာပဲ။”
ရွှေပင့်ကူသည် အဆင့်တစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် ဝမ်းသာအားရ ရယ်မောလိုက်လေသည်။ သူမ၏ အမူအရာမှာ ကလေးတစ်ယောက်၏ အပြစ်ကင်းစင်မှု များဖြင့် ပြည့်နှက်နေ၏။
သူမ၏ အဘိုးဖြစ်သူ ရွှေပင့်ကူဘုရင်သည် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရဲသော်လည်း ယခုအခါ မြေးမဖြစ်သူက အရင်ဆုံး ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပိုင်ဇိယွဲ့သည်လည်း ရဲရဲဝံ့ဝံ့ပင် ပျံထွက်သွားလေသည်။ ခဏအကြာ ပြန်ရောက်လာသည့် အခါတွင်မူ သူ၏ အတွေးစများမှာ တစ်စစီ ဖြစ်နေသော်လည်း အရောင်မျိုးစုံ တောက်ပ လျက် ရှိနေ၏။ သူသည် ၅ ကြိမ်မြောက် မိုးကြိုးကပ်ဘေးဖြစ်သော ‘အလိုလိုခံစားနိုင်ခြင်း’ အဆင့်ကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ဟုန်ယွိနောက်ကို လိုက်ပြီး ပြီးခဲ့တဲ့ တစ်နှစ်လုံး ပြောင်းလဲခြင်းကျမ်းကို ပြုစုခဲ့တဲ့ ကုသိုလ် တွေကြောင့်ပဲ။ ငါ အများကြီး စုဆောင်းမိခဲ့တယ်။ ၅ ကြိမ်မြောက် မိုးကြိုးကပ်ဘေးက ဒီလောက် အန္တရာယ်ကြီးမယ်လို့ မထင်ထားမိဘူး၊ ငါ့အသက်တောင် ပါသွားတော့မလို့ပဲ။”
ပိုင်ဇိယွဲ့က မျက်နှာဖြူလျော်စွာဖြင့် ဆိုလေသည်။
“အနန္တရွှေဆေးလုံးကလေး၊ ငါ့ရဲ့စွမ်းအင်တွေ ပြန်ကောင်းအောင် ကူညီပေးပါဦး။”
ထိုစဉ်မှာပင် ချန်ယင်းရှာ၏ အတွေးစပေါင်း ၁၂၉,၆၀၀ တို့သည် ပျံထွက်သွားကြပြီး အစွမ်း ထက်သော အစီအရင်တစ်ခုအသွင် ပုံဖော်လျက် မိုးကြိုးကပ်ဘေးအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။ ဟုန်ယွိက ချက်ချင်း ကြည့်ရှုလိုက်ပြီး မုနိအလင်းစက်ဝန်းကို အသက်သွင်းလိုက်ရာ မိုးကြိုးများအတွင်း၌ ချန်ယင်းရှာသည် ရေထဲက ငါးတစ်ကောင် ကဲ့သို့ ကျင်လည်နေသည်ကို မြင်တွေ့ရ၏။ သူမသည် မိုးကြိုးကပ်ဘေး၏ အစစ်မှန် စွမ်းအင် အတော်များများကို သူမ၏ အားနည်းနေသော အတွေးစများအတွင်းသို့ စုပ်ယူနေ ခြင်း ဖြစ်သည်။
အဆင့်သုံး….၊ အဆင့်လေး။
သူမသည် ၄ ကြိမ်မြောက် မိုးကြိုးကပ်ဘေးအထိ အရှိန်အဟုန်ဖြင့် တိုးဝင်သွားပြီး အတွေးစ တစ်ခုဖြင့် ကမ္ဘာတစ်ခုကို ဖန်ဆင်းနိုင်သည့် အဆင့်သို့ ရောက်ရှိသွားတော့သည်။
နောက်ဆုံးတွင် သူမ၏စိတ်ဝိညာဉ် ပြန်လည်ရောက်ရှိလာသည်။ ချန်ယင်းရှာမှာ အားနည်း သွားပုံ မရဘဲ သူမ၏ မူလစွမ်းအင်မှာ အနည်းငယ်သာ ထိခိုက်မှု ရှိလေသည်။
“အခုဆိုရင် မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှာ မင်းက အစွမ်းထက်ဆုံး ဖြစ်သွားပြီ။” ယွမ်ရှန်းရှန်းက ချန်ယင်းရှာကို ပြောလိုက်သည်။ “နှမြောစရာကောင်းတာက ငါကတော့ မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်နိုင်သေးဘူး။ ဖန်ဆင်းရှင်ရဲ့ တံခါးက ဒီလောက် အလွယ် တကူ ပွင့်လာမှာ မဟုတ်ဘူးလေ။ ပြောင်းလဲခြင်းကျမ်းကို ဖတ်ထားပေမဲ့ နောက်ထပ် အနည်းဆုံး ၁၀ နှစ်လောက်တော့ ကျင့်ကြံရဦးမယ် ထင်တယ်။”
ယွမ်ရှန်းရှန်းမှာ ၆ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသည့် ဝါရင့် ပညာရှင် တစ်ဦးဖြစ်ပြီး ဟုန်ယွိထက်ပင် စောစီးစွာ ရောက်ရှိခဲ့သူ ဖြစ်သည်။ သို့သော် အဆင့်ခြောက် နှင့် ဖန်ဆင်းရှင်အဆင့်ကြား မည်မျှ ကွာခြားသည်ကို လူတိုင်း ကောင်းစွာ သိကြသည်။ သူမသည် မိမိကိုယ်မိမိ ယုံကြည်ချက် လုံးဝ မရှိပေ။ အကယ်၍ စမ်းသပ်ကြည့်မည်ဆိုပါက သေချာပေါက် သေဆုံးမည်ကို သူမ သိထားလေသည်။
“အစ်ကိုဝန်ယွမ်၊ မင်းကော မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်တော့ဘူးလား၊ မင်းရဲ့ အခု ကျင့်ကြံမှုနဲ့ဆိုရင် ၅ ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့ဆိုတာ မင်းအတွက် ကလေးကစားစရာပဲလေ။” ဟုန်ယွိက ရှဲ့ဝန်ယွမ်ကို မေးလိုက်သည်။
“မသွားတော့ပါဘူး၊ ငါကတော့ စုဆောင်းထားရုံပဲ။ ဖန်ဆင်းရှင်တစ်ပါး ဖြစ်မလာရင် ဘာမှ အဓိပ္ပာယ် မရှိဘူးလေ။” ရှဲ့ဝန်ယွမ်က ခေါင်းခါလျက် ဆိုသည်။
“ကောင်းပါတယ်။ အသိဉာဏ်စုဆောင်းမှုတွေ ပြည့်စုံလာရင် ဉာဏ်ပညာတွေကို စွမ်းအင် အဖြစ် ပြောင်းလဲသွားဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတာပါ။ ငါ အခု အစစ်မှန် ဖန်ဆင်းရှင် တစ်ပါး ဖြစ်အောင် လုပ်ပြတော့မယ်၊ အလယ်ခေတ် ပညာရှင် သူတော်စင်တွေရဲ့ နယ်ပယ် ကို သက်သေပြမယ်။”
ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကို အသီးသီး ကျော်ဖြတ်ခဲ့ကြသော လူအုပ်ကြီးကို ကြည့်လိုက်သည်။ ဤလောကကြီးတွင် ဘာမှ ပြောင်းလဲမှု မရှိသေးပေ။ သူက ပြုံးလိုက်ပြီး သူ၏အသံကို သူတော်စင်ပေါင်းစုံ ခန်းမဆောင်အတွင်းမှ ထုတ်လွှင့်လိုက်ရာ ထိုအသံမှာ လောကအနှံ့ ပဲ့တင်ထပ်သွားပြီး မိုးခြိမ်းသံများကိုပင် ဖုံးလွှမ်းသွားတော့သည်။
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ အတွေးစပေါင်း ၁၂၉,၆၀၀ တို့သည် ပျံထွက်သွား ကြပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ မိုးကြိုးကပ်ဘေးအတွင်းသို့ ဝင်ရောက်သွားကြ ကုန်၏။
...
ဟုန်ယွိသည် အဆင့်တစ်မှ အဆင့်ခြောက် မိုးကြိုးကပ်ဘေး စက်ဝန်းများကို မျက်စိ တစ်မှိတ်အတွင်း ဖြတ်ကျော်သွားလေသည်။ သူ၏ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား ကြောင့် ၆ ကြိမ်မြောက် မိုးကြိုးကပ်ဘေးအတွင်း၌ပင် ဟိန်းဟောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ မိုးကြိုးများ လွင့်စင်ကုန်၏။ ထိုနေရာ၌ ကြည်လင်တောက်ပသော အပေါက်ကြီးတစ်ခု ဖြစ်သွားရသည်။
၆ ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့် ကျင့်ကြံသူ အတော်များများမှာ ထိုစက်ဝန်းထဲ ဝင်သည့်အခါ အလွန်သတိထားကြရသော်လည်း သူကမူ လုံးဝ ဂရုမစိုက်ပေ။
မျက်စိတစ်မှိတ်၏ တစ်ထောင်ပုံတစ်ပုံခန့် အချိန်အတွင်းမှာပင် ဟုန်ယွိသည် ၆ ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်၏ ဗဟိုချက်ရှိ ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ လျှို့ဝှက်ဆန်းကြယ် မိုးကြိုးစွမ်းအင် အနှစ်သာရများဖြင့် ဖွဲ့စည်းထားသည့် ‘ဖန်ဆင်းခြင်း တံခါး’ ကို မြင်တွေ့လိုက်ရသည်။
“ဟားဟားဟားဟား၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်ဆင်းခြင်းဟာ ဆန်းကြယ်လှပါတယ်။ ဒါပေမဲ့ ကျုပ်က နေနဲ့လရဲ့ လျှို့ဝှက်ချက်တွေ၊ စကြာဝဠာရဲ့ လည်ပတ်ပုံတွေကို နားလည်ပြီးသားပဲ။ ကျုပ်ရှေ့မှာ ဖန်ဆင်းရှင်ရဲ့ ဘယ်လို ဆန်းကြယ်မှု၊ ဘုန်းအာနုဘော် ဒါမှမဟုတ် ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနေနိုင်ဦးမှာလဲ၊ ဖန်ဆင်းခြင်းတံခါး... ကျုပ်အတွက် ပွင့်စမ်း။”
မိုးကြိုးကပ်ဘေးဖြင့် ဖွဲ့စည်းထားသော ဖန်ဆင်းခြင်းတံခါး ရှေ့၌ ဟုန်ယွိသည် လုံးဝ လှုပ်ရှားခြင်း မရှိဘဲ လက်သီးတစ်ချက် ထိုးနှက်လိုက်လေသည်။
ကြီးကျယ်ခမ်းနားလှသော စွမ်းအင်တို့သည် မိုးကြိုးကပ်ဘေးကို အဝတ်စုတ်တစ်ခုကဲ့သို့ ဆွဲဖြဲပစ်လိုက်လေသည်။ ကမ္ဘာဦးအစစွမ်းအင်သည် ဖန်ဆင်းခြင်းတံခါးကို တိုက်ရိုက် ထိုးနှက်လိုက်၏။
ဝုန်း…
ဖန်ဆင်းခြင်းတံခါးသည် အတင်းအကြပ် ပွင့်ထွက်သွားရတော့သည်။
တံခါးမှာ တစ်စစီ ပျက်စီးသွားပြီး အဆုံးမရှိသော မိုးကြိုးစွမ်းအင်များ ထွက်ပေါ်လာပြီး၊ ဆည်တစ်ခု ပေါက်ထွက်သွားသကဲ့သို့ ပြင်းထန်သော ဒီရေလှိုင်းများအလား အရှိန်အဟုန် ဖြင့် စီးဆင်းလာလေသည်။ မိုးကြိုးစွမ်းအင်တို့သည် သတ္တုရည်များကဲ့သို့ သိပ်သည်းလှ၏။ အရည်ပျော်နေသော ရွှေရည်များအလား ဆူပွက်နေပြီး သံမဏိကိုပင် အငွေ့ပျံစေနိုင်သော အပူရှိန်နှင့်အတူ ဟုန်ယွိ၏ အတွေးစအားလုံးကို လွှမ်းခြုံသွားတော့သည်။
“ကောင်းတယ်၊ ဒါက အဆင့် ၇ မိုးကြိုးကပ်ဘေးပဲ။ တကယ်ကို ပြင်းထန်တာပဲ။ အမှန်တရားလမ်းစဉ်က စကြာဝဠာကြီးကို အုပ်စိုးတယ်၊ မိစ္ဆာလမ်းစဉ်က စကြာဝဠာကြီးကို ဝါးမြိုတယ်၊ အတွေးစတစ်ခုတည်းနဲ့ အချိန်နဲ့ ဟင်းလင်းပြင်ကို သိမ်းဆည်းမယ်။ ဝါးမြိုစမ်း... ဝါးမြိုစမ်း... ဝါးမြိုစမ်း။”
ဟုန်ယွိ၏ ပြင်းထန်လှသော အတွေးစတို့သည် ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အနှစ်သာရ စွမ်းအင်ကို ခံစားရင်း အတွင်း၌ လူးလွန့်နေကြသည်။
ဤစွမ်းအင်လှိုင်းကြီးမှာ အလွန်ပင် အားကောင်းလှ၏။ သွေးပုံစံသံမဏိကဲ့သို့ မပျက်စီးနိုင် သည့် သတ္တုမျိုးပင်လျှင် ဤမိုးကြိုးစွမ်းအင်အတွင်းသို့ ရောက်ရှိလာပါက ခဏချင်းမှာပင် အငွေ့ပျံသွားမည်ဖြစ်ကြောင်း ဟုန်ယွိ ရှင်းလင်းစွာ ခံစားမိလေသည်။
“ဖန်ဆင်းခြင်းတံခါးဆိုတာ သာမန်လူတွေ လာကြည့်ရတဲ့ နေရာမဟုတ်ဘူး။ အသက် မသေချင်ရင် အခုချက်ချင်း နောက်ဆုတ်လိုက်။”
ရုတ်တရက် အစစ်မှန်မိုးကြိုးစွမ်းအင်များအတွင်းမှ လျှို့ဝှက်နက်ရှိုင်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ရှေးဟောင်းမိစ္ဆာနတ်ဘုရားတစ်ပါး နိုးထလာသကဲ့သို့ပင်။ ထို့နောက် မရေမတွက်နိုင်သော မိုးကြိုးစွမ်းအင်တို့သည် ရှေးဟောင်းမိစ္ဆာနတ်ဘုရားများ အဖြစ် ပုံဖော်လာကြကုန်၏။ ၎င်းတို့မှာ ဟုန်ယွိကို သတ်ဖြတ်ရန် ကြိုးစားနေသည့် ကောင်းကင်နှင့် မြေကြီးကြားမှ မိစ္ဆာအုပ်စုကြီးနှင့်ပင် တူနေသည်။
“ငါက ဖန်ဆင်းရှင်ပဲ၊ ငါ့ကို စိန်ခေါ်တဲ့ မင်းတို့အားလုံး သေသင့်တဲ့လူတွေပဲ။ အားလုံးက ငါ့အတွက် အစာပဲ။”
ဤသည်မှာ ကောင်းကင်နှင့်မြေကြီးက ရှေးခေတ် မိစ္ဆာနတ်ဘုရားကြီးများ၏ စိတ်ဝိညာဉ် အပိုင်းစတွေကို အတုယူပြီး တုံ့ပြန်နေသည်ကို ဟုန်ယွိ သိနေပါသည်။
ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူ၏ အတွေးစတစ်ခုချင်းစီမှာ ပြောင်းလဲသွား ပြီး ဧရာမ သွေးစွန်းနေသည့် ပါးစပ်ကြီးများအဖြစ် ပြောင်းလဲကာ ထိုမိစ္ဆာနတ်ဘုရား အားလုံးကို ဝါးမြိုပစ်လိုက်လေသည်။
ထို့နောက် ထိုမိစ္ဆာနတ်ဘုရားများကို ဝါးမြိုပြီးသည့်အခါတွင် ပိုမိုအစွမ်းထက်သော ပုဂ္ဂိုလ် များ ပေါ်လာပြန်သည်။ အချို့မှာ ရှေးဦးခေတ် သူတော်စင် ဧကရာဇ်ကြီးများကဲ့သို့ဖြစ်ပြီး အချို့မှာမူ အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးများကဲ့သို့ ဖြစ်သည်။ ပို၍ပင် အစွမ်း ထက်သော အချို့ပုဂ္ဂိုလ်များလည်း ပါဝင်နေ၏။
သို့သော် ဟုန်ယွိမှာမူ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ သူသည် သူတို့ကို တစ်ဦးပြီးတစ်ဦး ဆက်လက် ဝါးမြိုနေလေသည်။
“ဖန်ဆင်းခြင်း မိုးကြိုးကပ်ဘေး၊ ငါ့ကိုယ်ထဲကို စီးဝင်စမ်း၊ အနှိုင်းမဲ့စွမ်းအားတွေ၊ အတိုင်း အဆမရှိတဲ့ မှော်စွမ်းအင်တွေ။”
ဟုန်ယွိက နောက်ဆုံးတစ်ကြိမ် ဟစ်ကြွေးလိုက်လေသည်။ သူ၏ အတွေးစများမှာ လျှပ်စီး ကဲ့သို့ အရှိန်အဟုန်ဖြင့် လည်ပတ်နေကုန်၏။ ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အစစ်မှန် စွမ်းအင်များသည် သူ၏ အတွေးစများနှင့် တိုက်ရိုက် ပေါင်းစပ်သွားတော့သည်။ ရုတ်တရက် သူ၏ အတွေးစများသည် ပိုမိုကျယ်ပြန့်လာပြီး ကြီးထွားလာလေသည်။ အတွေးစတစ်ခုချင်းစီမှာ ဧကပေါင်းများစွာ ကျယ်ဝန်းလာပြီး တောင်တစ်လုံး သို့မဟုတ် အိမ်တစ်လုံးကဲ့သို့ ကြီးမားလာ၏။ ၎င်းတို့သည် အမှောင်ဧကရာဇ် တာအိုသခင်၏ ၈ ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့် စိတ်ဝိညာဉ်အတွေးစထက်ပင် အနည်းငယ်မျှ မနိမ့်ကျတော့ပေ။
၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ ဖန်ဆင်းခြင်းစွမ်းအင်နှင့် အစွမ်းထက်သော သတ်ဖြတ်ခြင်း စွမ်းအင် အားလုံးတို့ကို ဝါးမြိုလိုက်ပြီး ဟုန်ယွိ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
အားနည်းနေသည့် အချိန်ဟူ၍ မရှိပေ။ ၎င်းမှာ ဉာဏ်ပညာကို စွမ်းအင်အဖြစ် ပြောင်းလဲ လိုက်သည့် လုပ်ငန်းစဉ် သက်သက်သာ ဖြစ်သည်။
အတွေးစပေါင်း ၁၂၉,၆၀၀။ တစ်ခုချင်းစီမှာ ဧကပေါင်းများစွာ ကျယ်ဝန်းပြီး ကမ္ဘာငယ်လေး တစ်ခုစီ ဖြစ်နေသည်။ တစ်ပြိုင်နက်တည်းမှာပင် ဟုန်ယွိသည် မိုးကြိုးစွမ်းအင်များကို စုပ်ယူပြီးနောက် ဖန်ဆင်းခြင်း၏ လျှို့ဝှက်ချက်များကို အမှန်တကယ် နားလည် သဘောပေါက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
“မုန့်ရှန်းကျီမှာ မီးလျှံနဂါးကိုးကောင်ရှိရင် ငါ့မှာလည်း ‘ထိုက်ကျိ မိုးကြိုးနဂါး’ တွေ ရှိရမယ်။ ထွက်လာခဲ့ကြ။”
ကြီးကျယ်ခမ်းနားလှသော စိတ်ဆန္ဒသည် ပတ်ဝန်းကျင်ရှိ အစစ်မှန် မိုးကြိုးစွမ်းအင်များကို မိုးကြိုးနဂါးများအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်လိုက်လေသည်။ ထိုမိုးကြိုးနဂါးများသည် ၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး စက်ဝန်းအတွင်း၌ ပြင်းထန်စွာ ပေါင်းစည်း ပေါ်ထွက်လာ ကြကုန်၏။
၇ ကြိမ်မြောက် မိုးကြိုးကပ်ဘေး စက်ဝန်းအတွင်း၌ ယခုအခါ ဘာမှ မရှိတော့ဘဲ ဟာလာ ဟင်းလင်း ဖြစ်သွားတော့သည်။ မိုးကြိုးစွမ်းအင်များကို ဟုန်ယွိက စုပ်ယူလိုက်သဖြင့် အန္တရာယ်လည်း မရှိတော့ပေ။
“ထိုက်ကျိ မိုးကြိုးနဂါးတွေက သခင်ကြီးကို ဂါရဝပြုပါတယ်။ သခင်ကြီး သက်တော်ရာ ကျော် ရှည်ပါစေ၊ လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်ပါစေ၊ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ အရင်းအမြစ် ဖြစ်ပါစေ။”
စုစုပေါင်း မိုးကြိုးနဂါး ကိုးကောင်ရှိ၏။ သူတို့၏ ခန္ဓာကိုယ်များကို ခါယမ်းလိုက်ရာ တစ်ကိုယ်လုံး ငွေရောင်ဆေးမင်ကြောင်များဖြင့် ပြည့်နှက်နေသော ကြွက်သားသန်မာ သည့် အမျိုးသား ကိုးဦးအဖြစ် ပြောင်းလဲသွားကြကုန်၏။ သူတို့အားလုံးမှာ ဝိညာဉ်စွမ်းအား အလွန်ပင် ထက်မြက်ကြသည်။ သူတို့သည် ဟုန်ယွိကို မြင်သောအခါ ချက်ချင်းပင် ဒူးတစ်ဖက်ထောက်၍ ဒူးထောက်လိုက်ကြပြီး ဟိန်းဟောက် ဂါရဝပြုကြလေသည်။
ဟုန်ယွိက ထိုက်ကျိ မိုးကြိုးနဂါး ကိုးကောင်ကို ကြည့်လိုက်သည်။ “ဖန်ဆင်းရှင်၊ ဖန်ဆင်းရှင်၊ နောက်ဆုံးတော့ အောင်မြင်သွားပြီ...”
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိသည် ဖန်ဆင်းရှင် ဖြစ်သွားခဲ့လေပြီ။
ထိုအခိုက်အတန့်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေသည်။
ဝုန်း…
ဟင်းလင်းပြင်ထဲမှ အမွေးအမှင်များဖြင့် ပြည့်နှက်နေသော လက်ဝါးကြီးတစ်ဖက် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလက်ဝါး၏ လက်သည်းများသည် တစ်ပေခန့် ရှည်လျား၏။ အစွမ်းထက်လှသော သွေးစွမ်းအင်နှင့် နတ်ဘုရားစွမ်းရည်တို့သည် ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေသည်။
ဗြိ….
ထိုက်ကျိ မိုးကြိုးနဂါးတစ်ကောင်မှာ ထိုလက်ဝါးကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး တစ်စစီ ချေမှုန်းခံလိုက်ရလေသည်။ ၎င်းသည် မိုးကြိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်၌ အစွမ်းထက်သော အင်အားစု အတော်များများ ပေါ်ထွက်လာသည်။ မိုင်တစ်ရာအတွင်းရှိ မိုးတိမ်များသည်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရကုန်၏။
ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်မှ အဆင့်ခြောက် မိုးကြိုးကပ်ဘေး စက်ဝန်း များစွာတို့မှာလည်း ထိုအစွမ်းထက်သော အင်အားစုများကြောင့် တုန်ခါသွားကြလေသည်။
ဟုန်ယွိကို သတ်ဖြတ်ရန် ရည်ရွယ်ထားသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည် နောက်ဆုံး တွင် စတင်လှုပ်ရှားလာကြလေပြီ။