အခန်း ၆၀၂
Vol. 58 Ch. 602
အခန်း (၆၀၂)။
“အား”
မူလဝိညာဉ်နတ်ဘုရားသည် ဟုန်ယွိ၏ ဓားချက်ကို အငိုက်မိသွားပြီး အပြင်းအထန် ထိုးနှက်ခံလိုက်ရပြီ။ သိပ်သည်းသည့် အနှစ်သာရအဖြစ် လုံးလုံးလျားလျား စုစည်းနေသည့် ဓားစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားကာ ကြမ်းတမ်း သော စွမ်းအားများကို ထုတ်ဖော်လိုက်သည်။
ဟုန်ယွိ၏ ဓားစွမ်းအင်မှာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’မှ ထွက်ပေါ်လာသော ဓားစွမ်းအင်မျှ သာ မဟုတ်တော့ဘဲ သူတော်စင်ပေါင်းစုံခန်းမ၏ မူလစွမ်းအင်၊ အနှစ်သာရများနှင့် တိုင်ကျိ မိုးကြိုးရေကန်၏ အစစ်မှန် လျှပ်စီးစွမ်းအင်တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ထိုဓားချက်တွင် သူ၏ကိုယ်ပိုင် သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ် အတွေးစများလည်း ပါဝင်နေသည်။
ယခုအခါတွင် သူတော်စင်ပေါင်းစုံခန်းမ၏ စွမ်းအားမှာ ကောင်းကင်အပြင်ဘက် နယ်မြေရှိ လျှပ်တပြက်ဝင်္ကပါ အပြင်ဘက်တွင် ‘ဖန်ဆင်းခြင်းသင်္ဘောနှင့် တိုက်ခိုက်စဉ်ကကဲ့သို့ ကြီးမားကျယ်ပြန့်သော ပုံစံမျိုး မဟုတ်တော့သော်လည်း ထိုစွမ်းအင် အားလုံးကို ဆုံမှတ် တစ်ခုတည်း၌ လုံးဝစုစည်းကာ အထွတ်အထိပ် သိပ်သည်းသွားအောင် ပြုလုပ်နိုင်ခဲ့ပြီ။
၎င်းမှာ ကျယ်ပြန့်မှုမရှိသော်လည်း ဖျက်ဆီးနိုင်စွမ်းမှာ အဆုံးမရှိပေ။
စွမ်းအင်များ ပိုမိုသိပ်သည်းပြီး စုစည်းလေ၊ ဖျက်ဆီးအား ပိုမိုကြီးမားလေ ဖြစ်သည်မှာ အမှန်တရားပင် ဖြစ်သည်။
ဟုန်ယွိ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ဓားစွမ်းအင်မှာ သေးငယ် သော်လည်း မူလဝိညာဉ်နတ်ဘုရားကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
ဖျစ်… ဖျစ်…
မူလဝိညာဉ်နတ်ဘုရား၏ ခန္ဓာကိုယ်မှာ ဗောက်အိုးများ ပေါက်ကွဲနေသကဲ့သို့ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်နေသည်။ ၎င်းမှာ သူ၏ခန္ဓာကိုယ်ထဲရှိ မရေမတွက်နိုင်သော ဓားစွမ်းအင်များနှင့် သူ၏စိတ်ဝိညာဉ်၊ မူလစွမ်းအင်တို့ အသက်လုတိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များမှာ အဆက်မပြတ် ပျက်စီးနေပြီး၊ မူလ ဝိညာဉ်နတ်ဘုရားမှာ ထိတ်လန့်တကြား ကြည့်ရှုနေပြီး သူ၏စိတ်ခံစားချက်ကို ထိန်းချုပ် မရနိုင်လောက်အောင် ဖြစ်လာလေသည်။
ဖန်ဆင်းရှင်သခင် သုံးဦး၏ ဝိုင်းရံထားမှုကြားမှ ဟုန်ယွိသည် လွတ်မြောက်သွားရုံသာမက သူ့ကိုပါ သတ်ရန် ကြိုးစားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။
ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူများသည် ကျရောက်လာမည့် ဘေးဆိုးများကို အာရုံခံရှောင်ရှားနိုင်စွမ်းရှိပြီး သတ်ဖြတ်ရန် မလွယ်ကူသော်လည်း ပြောင်းလဲခြင်းကျမ်း ပေါ်ပေါက်လာပြီးနောက်ပိုင်း အနာဂတ်၏ လျှို့ဝှက်ချက်များကို လူအများ ကြိုတင်သိမြင်နိုင်သသလို အနာဂတ်မှာလည်း အလွန်ရှုပ်ထွေးသွားရသည်။
ဖန်ဆင်းရှင်များပင်လျှင် လှည့်စားခံရပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။
အနည်းဆုံးတော့ ထိုပြင်းထန်လှသော ဓားစွမ်းအင်က သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် လိုက်ချိန်အထိ သူသည် မည်သည့်အန္တရာယ်မှ ခံစားရခြင်း မရှိပေ။ ဓားစွမ်းအင် ခန္ဓာကိုယ် ထဲသို့ ရောက်သွားမှသာလျှင် သေခြင်းရှင်ခြင်း အန္တရာယ်ကြီးကို ရုတ်တရက် ခံစားလိုက်ရ ခြင်း ဖြစ်သည်။
သူ၏ အနှစ် ၅,၀၀၀ ကျော် ၆,၀၀၀ ခန့်ရှိသော သက်တမ်းအတွင်းမှာ မူလဝိညာဉ် နတ်ဘုရားသည် သူ၏အသက်ဆီမီးတိုင်မှာ လေထဲ၌ ငြိမ်းတော့မည့်အလား ပထမဆုံး အကြိမ် ခံစားလိုက်ရ၏။ ဤခံစားချက်မှာ အသစ်အဆန်းဖြစ်သော်လည်း အလွန်ပင် အန္တရာယ်ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုကဲ့သို့ စိတ်ခံစားချက်များ ဝင်လာသည်နှင့် သူ၏ တာအိုစိတ်နှလုံးမှာ မတည်မငြိမ် ဖြစ်လာမည်ကို သူသိသည်။ သူ၏အသက်မှာ အချိန်မရွေး ငြိမ်းသွားနိုင်ပြီး ထာဝရရှင် သန်နိုင်တော့မည် မဟုတ်ပေ။
“ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ၊ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။ သေခြင်းတရားရဲ့ အရသာက ငါ့ကို လွှမ်းခြုံလာခဲ့ပြီ။ ဒီခံစားချက်က အရမ်းကြောက်စရာကောင်းပေမဲ့ အရမ်း လည်း ဆန်းသစ်လွန်းတယ်။ ဟုန်ယွိ... မင်း တော်တယ်၊ မင်း ငါ့ကို သေခြင်းရှင်ခြင်း ခံစားချက်ကို သိစေခဲ့တယ်။ ငါ ဒီနေ့ မသေဘူးဆိုရင် မင်းရဲ့ ဒီဓားချက်ကြောင့် နောင်မှာ ငါ သေချာပေါက် အဆင့်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီဓားချက်အတွက် မင်းကို ဆယ်ဆ ပြန်ပေးဆပ်မယ်။”
မူလဝိညာဉ်နတ်ဘုရား၏ လည်ချောင်းထဲမှ ရွတ်ဆိုသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ ဦးခေါင်းထိပ်ရှိ လျှို့ဝှက်အပ်စိုက်မှတ်များမှ အလွန်ပြင်းထန်လှသော မူလစွမ်းအင်လှိုင်း တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာလေတော့သည်။
“မူလစွမ်းအင် အမြုတေ၊ ပေါက်ကွဲစမ်း၊ မိစ္ဆာစွမ်းအားတွေကို ဖယ်ရှားပြီး ငါ့အသက်ကို ကာကွယ်စမ်း။”
ဟုန်ယွိသည် သူ၏ဓားစွမ်းအင်မှာ ပြင်းထန်လှသော မူလစွမ်းအင်လှိုင်းကြီးတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရကြောင်း ချက်ချင်း သိလိုက်သည်။ သူ၏ဓားစွမ်းအင်မှာ ရေခဲကဲ့ သို့ အေးစက်နေပါက ဤမူလစွမ်းအင်လှိုင်းလုံးကြီးမှာ ကြီးမားလှသော မီးလျှံကြီးတစ်ခု ကဲ့သို့ပင်။ ၎င်းမှာ သူ၏ဓားစွမ်းအင်ကို အရည်ပျော်သွားစေခဲ့သည်။
“ကြမ်းကြုတ်လိုက်တာ၊ ငါ့ဓားစွမ်းအင်ကို တားဆီးဖို့ သူ့ရဲ့ မူလစွမ်းအင် အမြုတေကို တောင် ဖောက်ခွဲပစ်တယ်ပေါ့။ အရမ်းကြုမ်းကြုတ်တာပဲ။” ဟုန်ယွိ မည်သို့နားမလည်ဘဲ နေမည်နည်း။ ဤသည်မှာ ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်အပ်စိုက်မှတ်များတွင် ဖုံးကွယ်ထား သော မူလစွမ်းအင် အမြုတေကို ကိုယ်တိုင်ဖောက်ခွဲလိုက်ခြင်း၏ စွမ်းအားပင် ဖြစ်သည်။
အကယ်၍ သူသာ ဆက်လက်တိုက်ခိုက်ပြီး ဤစွမ်းအင်ကို အတင်းကြပ် ရင်ဆိုင်မည်ဆိုပါ က မူလဝိညာဉ်နတ်ဘုရားကို လုံးဝ မသတ်နိုင်လျှင်ပင် တဖက်လူကို အပြင်းအထန် ဒဏ်ရာရစေပြီး ကျန်ရှိသော အမြုတေများကိုပါ လုယူနိုင်မည် ဖြစ်သည်။
သို့သော် ယခု သူ၌ အချိန်မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် ကြီးမားလှသော လက်ဝါးကြီးနှင့် ထက်ရှသော လက်သည်းကြီး တို့က သူ၏ဦးခေါင်းကို တိုက်ရိုက် ဖမ်းဆုပ်လာပြီး ပြင်းထန်သော သိုင်းဆန္ဒမှာ စက်ဝိုင်းပုံစံ ဖြစ်ပေါ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသောကြောင့် ဖြစ်သည်။
ရုတ်တရက် ဟုန်ယွိသည် အထက်၌ ကောင်းကင်ကြီးကို မမြင်ရတော့သလို အောက်၌ မြေကြီးကိုလည်း မမြင်ရတော့ပေ။ သူသည် လှောင်အိမ်တစ်ခုထဲတွင် ပိတ်လှောင် ခံလိုက်ရသကဲ့သို့ပင်။ သူမြင်ရသည်မှာ သူ၏ဦးခေါင်းထက်မှ ကြီးမားလှသော လက်သည်း ကြီးသာ ဖြစ်သည်။ ၎င်းမှာ ပြင်းထန်စွာ ကျဆင်းလာပြီး အနက်ရောင် လက်သည်းများမှာ ဓားများကဲ့သို့ ထက်ရှကာ အရာအားလုံးကို ဖျက်ဆီးတော့မည့်အလား ဖြစ်နေသည်။
“ကောင်းကင်လွှမ်းမိုး မိစ္ဆာလက်သည်း။”
ဟုန်ယွိအနေဖြင့် ကြည့်စရာပင် မလိုချေ။ ၎င်းမှာ ခုန်း၏ အထွတ်အထိပ် သိုင်းပညာဖြစ် သော ကမ္ဘာဦးလက်သီးပညာရပ်တစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ ၎င်းမှာ ဗုဒ္ဓလက်ဝါးနှင့် ပခုံးချင်းယှဉ်နိုင်ပေသည်။
“ပါရမီတံဆိပ်တော်။”
ဟုန်ယွိသည် စဉ်းစားမနေတော့ဘဲ ဓားစွမ်းအင်ကို ရုပ်သိမ်းကာ၊ လက်ဝါးတစ်ချက် ထုတ်လွှတ်ကာ ခုန်း၏ မိစ္ဆာလက်သည်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီးနောက် ဂျွမ်းတစ်ပတ်ပစ်ကာ မူလဝိညာဉ်နတ်ဘုရားထံမှ ဆုတ်ခွာလိုက်လေသည်။
“ဓားတစ်သောင်း ခန္ဓာကိုယ်ထဲကနေ ထွက်ခွာစမ်း။”
မူလဝိညာဉ်နတ်ဘုရားသည် နောက်ဆုံးတွင် အန္တရာယ်မှ လွတ်မြောက်သွားလေသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များမှ ရာနှင့်ချီသော ဓားစွမ်းအင်များကို အရပ်မျက်နှာအနှံ့ အတင်းအကြပ် ထုတ်လွှတ်လိုက်ကာ ပိုင်းဖြတ် လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ထိုဓားစွမ်းအင်များနှင့်အတူ မူလစွမ်းအင် အမြုတေ ပေါက်ကွဲမှု ကြောင့် ဉက္ကာခဲများအသွင်ဖြင့် ဉက္ကာခဲမိုးကြီး ရွာသွန်းလာလေသည်။
ယခုတစ်ကြိမ်တွင်မူ မူလဝိညာဉ်နတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဥက္ကာခဲများက ဝန်းရံထားသည်။ ဓားစွမ်းအင်များမှာလည်း ယှက်သန်းနေပြီး သူသည် ပြိုင်ဘက်ကင်း နတ်ဘုရားတန်ခိုး စွမ်းအားကို အသုံးပြုနေသကဲ့သို့ပင်။
“ဒီလူက တကယ်ကို ကောက်ကျစ်တာပဲ။ ငါ့ကို အနားကပ်မသတ်နိုင်အောင် ဓားစွမ်းအင် တွေကို အသုံးပြုပြီး နတ်ဘုရားတန်ခိုးစွမ်းအား တစ်ခုအသွင် ဖန်တီးလိုက်တာပဲ။” ခုန်း၏ မီးလျှံမျက်လုံးများက တောက်ပသွားပြီး မူလဝိညာဉ်နတ်ဘုရား၏ ပေါက်ကွဲမှုကို ရှောင်ရှား လိုက်သည်။
သူသည် ဟုန်ယွိကို တိုက်ကွက်တစ်ကွက်ဖြင့် ဆုတ်ခွာစေခဲ့ပြီးနောက် သူ၏စိတ်ထဲတွင် မူလဝိညာဉ်နတ်ဘုရားကို လက်သည်းဖြင့် သတ်ဖြတ်ကာ သူ၏ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နှင့် ရတနာများကို လုယူရန် စိတ်ကူးပေါ်လာခဲ့သည်။ သို့သော် မူလဝိညာဉ်နတ်ဘုရားက အခြားသူများ အနားမကပ်နိုင်အောင် ကိုယ့်ကိုယ်ကို ကာကွယ်ထားလေသည်။
ခုန်းအနေဖြင့် ထိုအကာအကွယ်ကို အတင်းအကြပ် ဖျက်ဆီးနိုင်သော်လည်း ဟုန်ယွိ ရှိနေသေးသည့်အပြင် ပေးဆပ်ရမည့် တန်ဖိုးကလည်း ကြီးမားလှပေသည်။ ထို့ကြောင့် သူ လှုပ်ရှားမှု မပြုခဲ့ပေ။
မူလဝိညာဉ်နတ်ဘုရားမှာ ဓားစွမ်းအင်များကို ထုတ်လွှတ်ပြီးနောက် သူ၏အငွေ့အသက် များမှာ အားနည်းသွားလေသည်။ သိသာသည်မှာ ဟုန်ယွိ၏ ဓားချက်က သူ၏မူလစွမ်းအင် အနှစ်သာရကို ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏မူလစွမ်းအား များမှာ လွင့်ပျယ်မသွားခဲ့ပေ၊ မဟုတ်ပါက သူ ပျက်စီးသွားပေလိမ့်မည်။
ဤအခြေအနေရောက်မှတော့ သူ မည်သို့ ဆက်ပြီး တိုက်ခိုက်ဝံ့ပါတော့မည်နည်း။ သူသည် သူ၏ကျောဘက်ရှိ ရှေးဟောင်း ရာရှိုမွန်တံခါးထဲသို့ လှမ်းဝင်လိုက်ရာ အစစ်မှန်နှင့် ပုံရိပ် ယောင် စွမ်းအားနှစ်ရပ် လည်ပတ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့ သည်။
ဟုန်ယွိ၏ ဓားတစ်ချက်တည်းဖြင့် သူသည် အသတ်ခံရလုနီးပါးဖြစ်ကာ ထွက်ပြေးသွားရ ခြင်း ဖြစ်သည်။
အကယ်၍ ဤသတင်းသာ ပြန့်သွားပါက ဟုန်ယွိ၏ ဂုဏ်သတင်းမှာ အမှန်တကယ်ပင် ပညာရှင် သူတော်စင်များကဲ့သို့ ဖြစ်လာမည်ဖြစ်ပြီး အလယ်ခေတ် ပညာရှင် သူတော်စင် များနှင့် ကွာခြားတော့မည် မဟုတ်ပေ။ ဖန်ဆင်းရှင် သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှု အောက် တွင် သူသည် တစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည် မဟုတ်ပါလား။
...
“မကောင်းတော့ဘူး။”
မူလဝိညာဉ်နတ်ဘုရား ဆုတ်ခွာသွားသည့် အချိန်မှာပင် ဟုန်ယွိ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ပျော်ရွှင်ခြင်းမရှိဘဲ ထိတ်လန့်သွားခြင်း ဖြစ်သည်။ မူလက မူလဝိညာဉ်နတ်ဘုရား ထွက်သွားပြီး ခုန်းနှင့် အမှောင်ဧကရာဇ် တာအို သခင်တို့မှာလည်း တစ်ဖွဲ့တည်း မဟုတ်သဖြင့် ဟုန်ယွိအနေဖြင့် ဝိုင်းရံခံရမည်ကို မစိုးရိမ် ဘဲ အချိန်မရွေး ထွက်ပြေးနိုင်ပေသည်။ ဤသည်မှာ ကောင်းသော အချက်ဖြစ်သည်။
သို့သော် ဟုန်ယွိ၏ အာရုံခံစားမှုနှင့် ပြောင်းလဲခြင်းကျမ်းမှ သိမြင်ရသော အနာဂတ်ကို ကြိုတင်သိမြင်ခြင်း စွမ်းရည်အရ သူသည် မကြုံစဖူး ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး အဝေးတစ်နေရာ၌ ပေါ်လာလေ သည်။ သူသည် မူလဝိညာဉ်နတ်ဘုရား၏ အငွေ့အသက်နောက်ကို လိုက်ကာ တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် အခြေအနေမှာ ပြောင်းလဲသွားတော့သည်။ မိုင်တစ်ထောင် အကွာ၌ အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာပြီး မိုင်ပေါင်းရာနှင့်ချီသော ဟင်းလင်း ပြင်မှာ ပျက်စီးသွားရသည်။ မူလဝိညာဉ်နတ်ဘုရား ပုန်းကွယ်နေသော လျှို့ဝှက် ဟင်းလင်း ပြင်မှာလည်း ပျက်စီးသွားပြီး ဒဏ်ရာအပြင်းအထန် ရထားသော မူလဝိညာဉ်နတ်ဘုရားမှာ ထိတ်လန့်တကြား ပေါ်လာလေသည်။
ကြီးမားလှသော ‘ဖန်ဆင်းခြင်းသင်္ဘော’မှာ ဤတောရိုင်းကန္တာရနယ်မြေအတွင်း တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြန်သည်။
ခြားနားချက်မှာ ‘ဖန်ဆင်းခြင်းသင်္ဘော’ ထက်တွင် ဟုန်ယွိကို ဦးတည်ထားသော ပြင်းထန် လှသည့် သတ်ဖြတ်လိုစိတ်များ ရှိနေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဟုန်ယွိသည် သူ၌ ပြေးစရာလမ်းမရှိတော့ကြောင်း ခံစားလိုက်ရ သည်။ ‘ဖန်ဆင်းခြင်းသင်္ဘော’ ပေါ်မှ စူးရှသော မျက်လုံးသုံးစုံက သူ့ကို စိုက်ကြည့်နေပြီး ထိုမျက်လုံးများမှာ သူ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် ထိုပြင်းထန်သော ဆုံးဖြတ်ချက်မှာ ခုန်းနှင့် အမှောင်ဧကရာဇ် တာအို သခင်တို့၏ စိတ်နှလုံးထဲသို့လည်း ရောက်ရှိသွားသည်။
ထိုဆုံးဖြတ်ချက်မှာ- “ကျန်တာ ဘာမှ ဂရုမစိုက်နဲ့၊ ဟုန်ယွိကို အရင်သတ်။ ပြီးမှ ကျန်တာ ရှင်းကြမယ်။” ဟူ၍ပင်။
...
ထိုပြင်းထန်လှသော ဆုံးဖြတ်ချက် ပေါ်ထွက်လာသည်နှင့် ဧရာမ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကြီးမှာ ချက်ချင်းဆိုသလို အဆပေါင်း ထောင်ချီ ကျုံ့သွားပြီး နောက်ဆုံးတွင် လူတစ်ဦး၏ နဖူးအတွင်းသို့ ဝင်ရောက်သွားသော အနက်ရောင် အလင်းစက်ကလေးအဖြစ် ပြောင်းလဲ သွားလေသည်။
ထိုလူမှာ ဧကရာဇ် ယန်ဖန်ပင် ဖြစ်သည်။
သူ၏ဘေးတွင် လူနှစ်ဦး ရပ်နေသည်။ တစ်ဦးမှာ ပိုးထည်ဝတ်စုံနှင့် ရွှေရောင်သရဖူကို ဆောင်းထားပြီး ၎င်းမှာ အခြားသူမဟုတ်ဘဲ ဟုန်ရွှန်ကျိဖြစ်သည်။ ကျန်တစ်ဦးမှာမူ... ကောင်းကင်ဖြို ဧကရာဇ်ပင် ဖြစ်သည်။
သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ထိပ်တန်း မိစ္ဆာကျင့်ကြံသူကြီး ဖြစ်သည်။
ထိုပညာရှင် သုံးဦးမှာ မိုးခြိမ်းသံများ ဆူညံနေသည့် မိုးကြိုးကပ်ဘေးနယ်မြေ အတွင်းရှိ ဟင်းလင်းပြင်၌ ရပ်နေကြသည်။
မိုးကြိုးလုံးကြီးများက သူတို့ကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူတို့နှင့် မိုင်အနည်း ငယ်အကွာမှာပင် စွမ်းအားတစ်ခုကြောင့် ပျက်စီးသွားရသည်။ မရေမတွက်နိုင်သော လျှပ်စီးမီးပွားများမှာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များအတွင်းသို့ စီးဝင်သွားပြီး အမည်မသိ စွမ်းအင်များအဖြစ် ပြောင်းလဲသွားလေသည်။
မူလဝိညာဉ်နတ်ဘုရားသည် ထိုသူသုံးဦးနှင့် မျက်နှာချင်းဆိုင် တိုးလေတော့သည်။
မဆိုင်းမတွပင်…
ထိုသုံးဦးမှာ တစ်ချိန်တည်းဆိုသလို မူလဝိညာဉ်နတ်ဘုရားကို တိုက်ခိုက်လိုက်ကြသည်။
ဟုန်ရွှန်ကျိက လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဟင်းလင်းပြင်ကို ဖောက်ထွက်သွား သော သိုင်းဆန္ဒမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည့် ဘီးတစ်ခုအဖြစ် ပုံဖော်လာပြီး အစစ်မှန်နှင့် ပုံရိပ်ယောင်ကြားတွင် ဝေ့ဝဲနေ၏။ ၎င်းမှာ ခုန်း၏ သိုင်းဆန္ဒကဲ့သို့ မသိပ်သည်း သေးသော်လည်း သူသည် ‘ထာဝရအသက် တာအိုသစ်သီး’ ကို စုပ်ယူထားပြီး ‘‘မူလ ဦးသျှောင်နဂါး၏ သွေးမျိုးဆက်ကို သူ၏သွေးကြောထဲသို့ ပေါင်းစပ်ထားကာ ကောင်းကင် နဂါး ၅၀၀ ၏ သွေးအနှစ်များကိုလည်း သောက်သုံးထားကြောင်း ပြသနေသည်။ သူ၏ နယ်ပယ်မှာ အလွန်မြင့်မားနေပြီ။ သူနှင့် ခုန်း၏သိုင်းပညာကြားတွင် ကွာဟချက် ရှိနေသေးသော်လည်း သူ၏တိုးတက်မှုမှာ မကြုံစဖူး မြန်ဆန်လှပေသည်။
သို့သော် ဟုန်ယွိအနေဖြင့် ၎င်းကို ထူးဆန်းသည်ဟု မထင်ပေ။ ထာဝရအသက် တာအို သစ်သီးနှင့် မူလဦးသျှောင်နဂါးကို ပေါင်းစပ်ထားပြီးမှ အထွတ်အထိပ် လူသားအင်မော် တယ် နယ်ပယ်သို့ မရောက်နိုင်ပါက ဟုန်ရွှန်ကျိမှာ ပါရမီရှင်တစ်ဉီး မဟုတ်တော့ဘဲ ဝက်တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
ဤမျှ စုဆောင်းမှုများ ရှိနေပါက ဝက်တစ်ကောင်ပင်လျှင် လူသားအင်မော်တယ် နယ်ပယ် သို့ ရောက်ရှိနိုင်ပေသည်။
ကောင်းကင်ဖြို ဧကရာဇ်၊ မဟုတ်ဘူး၊ ယခုအခါ ‘လျှို့ဝှက်မင်းသား’ ယန်လျှဲ့ကလည်း လှုပ်ရှားလိုက်သည်။ ယခင်ကကဲ့သို့ပင် ဤမိစ္ဆာဂိုဏ်း၏ နံပါတ်တစ်ပညာရှင်ကြီးမှာ ခုနစ် ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးသဖြင့် ဖန်ဆင်းရှင် မဖြစ်သေးပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် အားနည်းနေသေးသောကြောင့် ဖြစ်သည်။ သို့သော် သူ၏စွမ်းအားမှာ မူလဝိညာဉ်နတ်ဘုရားထက် သိပ်မလျော့ပေ။
ယန်ဖန်၏ တိုက်ကွက်က တိုက်ရိုက်ဆန်ဆုံးပင်။ သူသည် လက်တစ်ဖက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်ရာ ‘အင်မော်တယ်မူလဝိညာဉ်’ ပေါ်ထွက်လာပြီး ၎င်း၏စွမ်းအားမှာ မကြုံစဖူး ကြီးမားလှကာ အမှောင်ဧကရာဇ် တာအိုသခင်၏ ‘ထာဝရည မူလဝိညာဉ်’ ထက် မနိမ့်ကျပေ။
ပညာရှင် သုံးဦးမှာ တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။ မူလဝိညာဉ်နတ်ဘုရားသည် ဟစ်ကြွေးကာ အစွမ်းကုန် ခုခံသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်သွားရတော့သည်။
စုစုပေါင်း မူလစွမ်းအင်အမြုတေ ရှစ်ခုသည် လွင့်ထွက်လာသည်။ တစ်ခုချင်းစီမှာ လည်ပတ်နေပြီး အနှိုင်းမဲ့စွမ်းအင်များကို ပြသနေသည်။ ထိုအမြုတေများနှင့်အတူ ၁၀ လက်မခန့်ရှိသော ရှေးဟောင်း ရာရှိုမွန်လည်း လွင့်ထွက်လာလေသည်။
၎င်းအပြင် မှင်အိုးနှင့်တူသော ရတနာအသေးလေးတစ်ခုလည်း ပါလာသည်။ ထိုမှင်အိုးထဲ တွင် ပျစ်ခဲသော မှင်များရှိနေသည်။ ၎င်းမှာ မူလဝိညာဉ်နတ်ဘုရား ခန္ဓာကိုယ်အဖြစ် ပုံဖော် ရာတွင် အသုံးပြုသည့် အထွတ်အထိပ် ရတနာဖြစ်သော ဘုံသုံးပါးမူလစွမ်းအင်ရေကန်ပင် ဖြစ်သည်။
‘ချန်ပီယံမြို့စား’ ၏ ခန္ဓာကိုယ်မှာ ဤဘုံသုံးပါးမူလစွမ်းအင်ကန်ထဲတွင် စိမ်ထားပြီးမှ လူသားအင်မော်တယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သိသာသည်မှာ ဘုံသုံးပါးမူလစွမ်းအင်ကန်သည် ‘ရှေးဟောင်း ရာရှိုမွန်တံခါး’ ထက် မနိမ့်ကျပေ။
...
“ဒါကတော့ လဲနေတဲ့လူကို ထပ်ထိုးလိုက်တာပဲ။ မူလဝိညာဉ်နတ်ဘုရားတော့ အဆုံးသတ် သွားရပြီ။ အရာအားလုံး ပြီးဆုံးသွားပြီ။ ဖန်ဆင်းရှင်တစ်ဦး ဒီလိုပဲ ကျဆုံးသွားရပြီပေါ့။ ငါ့မှာသာ အာရုံခံစားမှု မရှိခဲ့ရင် ဒီအန္တရာယ်ကို ဘယ်သိပါ့မလဲ။ ဒီမူလဝိညာဉ်နတ်ဘုရားရဲ့ ‘ရှေးဟောင်း ရာရှိုမွန်တံခါး’ က ငါ့လက်ထဲကို တစ်ခါ ရောက်ခဲ့ဖူးတယ်၊ အဲဒါ ဘယ်လောက် အံ့သြဖို့ကောင်းလဲဆိုတာ ငါသိတယ်။ ငါ အဲဒါကို ရအောင်ယူရမယ်၊”
ဟုန်ယွိသည် မူလဝိညာဉ်နတ်ဘုရား၏ အခြေအနေကို ယန်ဖန်တို့ သုံးဦးပြီးလျှင် အနီးကပ် ဆုံး သိရှိသူ ဖြစ်သည်။ ထို့အပြင် သူ၌ ပြင်းထန်သော ကြိုတင်အာရုံခံစားမှုလည်း ရှိသည်။ မူလဝိညာဉ်နတ်ဘုရား ချက်ချင်း ပျက်စီးသွားသည်နှင့် သူသည် အလိုအလျောက် လှုပ်ရှား လိုက်တော့သည်။
ရှူး…၊ ရှူး…၊ ရှူး…
“ကောင်းကင်နဲ့ မြေကြီးကို ရှာဖွေစမ်း။”
မိစ္ဆာလက်သည်းကြီးတစ်ခုမှ ပြင်းထန်လှသော မူလစွမ်းအင်များ ထွက်ပေါ်လာပြီး ကွဲအက် နေသော မူလဝိညာဉ်နတ်ဘုရား၊ မူလစွမ်းအင် အမြုတေရှစ်ခု၊ ရှေးဟောင်း ရာရှိုမွန်တံခါး နှင့် ဘုံသုံးပါးမူလစွမ်းအင်ကန်တို့ဆီသို့ လှမ်းယူလိုက်လေသည်။
သူသည် ဤပစ္စည်းများကို ရအောင်ယူရမည်။ ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိ သို့မဟုတ် ကောင်းကင်ဖြို ဧကရာဇ်တို့၏ လက်ထဲသို့ ကျရောက်၍ မရပေ။
သူ အံ့သြသွားသည်မှာ ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိနှင့် ယန်လျှဲ့တစ်ဖြစ်လဲ ကောင်းကင် ဖြို ဧကရာဇ်တို့မှာ သူ့ကို မတားဆီးကြပေ။ သူတို့သည် ကြီးမားသော မူလစွမ်းအင်များ ရှေ့တွင် လူစုခွဲပေးလိုက်ကြပြီး ဟုန်ယွိကို မူလဝိညာဉ်နတ်ဘုရား၏ အကြွင်းအကျန် အားလုံးကို လွယ်လွယ်ကူကူ ဖမ်းယူခွင့် ပေးလိုက်ကြသည်။
မူလစွမ်းအင် အမြုတေများမှာ တုန်ခါနေပြီး နတ်ဘုရားတန်ခိုး စွမ်းအင်များလည်း ပေါက်ကွဲထွက်နေသည်။ ရှေးဟောင်း ရာရှိုမွန်တံခါးနှင့် ဘုံသုံးပါးမူလစွမ်းအင်ကန်တို့မှာ လည်း ပေါက်ကွဲနေကြသည်။ သို့သော် ၎င်းတို့သည် ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံ ခန်းမ၏ စွမ်းအားကို မည်သို့ ခုခံနိုင်ပါမည်နည်း။ ၎င်းတို့မှာ ချက်ချင်း ကျုံ့ဝင်သွားပြီး ဟုန်ယွိ၏ မျက်ခုံးနှစ်ခုကြားရှိ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားကာ တိုင်ကျိမိုးကြိုးရေကန်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။
“ငါ တကယ်ပဲ မူလဝိညာဉ်နတ်ဘုရားရဲ့ အကြွင်းအကျန်တွေကို ဒီလောက် လွယ်လွယ် ကူကူနဲ့ ရလိုက်တာလား။” သူ လှုပ်ရှားလိုက်ချိန်တွင် အလွန်တရာ လွယ်ကူလွန်းလှသဖြင့် ဟုန်ယွိပင်လျှင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
ထို့နောက် သူသည် အတွေးစတစ်ခုဖြင့် အထက်သို့ ကြည့်လိုက်သည်။
သူ ဝိုင်းရံခံလိုက်ရပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိ၊ ယန်လျှဲ့၊ အမှောင်ဧကရာဇ် တာအိုသခင်နှင့် ခုန်း။
ကောင်းကင်မှ မြေပြင်အထိ၊ ထိုပညာရှင် ငါးဦးမှာ သူ့ကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံထားကြ ပြီး ဓာတ်ကြီးငါးပါး၏ တည်နေရာတစ်ခုစီကို ယူထားကြသည်။ အားကောင်း ပြင်းထန် သော စွမ်းအင်များမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး သူ့ကို အရပ်မျက်နှာအနှံ့မှ ဖိနှိပ် ထားရာ ဟုန်ယွိမှာ ကျဉ်းမြောင်းသော နေရာလေးတစ်ခုအတွင်း၌ ပိတ်လှောင်ခံလိုက်ရ လေတော့သည်။
“လောဘဆိုတာ သူတော်စင်တွေတောင် မရှောင်လွှဲနိုင်တဲ့ အရာပဲ။ ဟုန်ယွိ... မင်းကိုယ် မင်း လူကြီးလူကောင်းတစ်ယောက်လို့ ခံယူထားပေမဲ့ နောက်ဆုံးမှာတော့ လောဘကြောင့် ကျဆုံးသွားရပြီ။ ငါ မူလဝိညာဉ်နတ်ဘုရားကို သတ်ချိန်မှာ မင်းသာ ဒီရတနာတွေကို မလုခဲ့ ရင် ဘယ်လိုလုပ် ပိတ်လှောင်ခံရပါ့မလဲ။ မင်း အချိန်မရွေး ထွက်သွားနိုင်ခဲ့တာပဲ။ ဒီနေ့ တော့ မင်းလည်း မူလဝိညာဉ်နတ်ဘုရားရဲ့ ရတနာတွေကို ခံစားခွင့်ရမှာ မဟုတ်တော့ ဘူး...”
ဧကရာဇ် ယန်ဖန်က ဟုန်ယွိကို ကြည့်ကာ ခဏကြာမှ စကားပြောလိုက်လေတော့သည်။