← Chapters

အခန်း ၆၀၃

Vol. 58 Ch. 603

အခန်း ၆၀၃

Vol. 58 Ch. 603

အခန်း (၆၀၃)။

ဤအခြေအနေမှာ ယခင်ကထက် ပို၍ပင် အန္တရာယ်ကြီးမားလာလေပြီ။

သူကိုယ်တိုင် ထောင်ချောက်အတွင်း ကျရောက်သွားပြီဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။ ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိနှင့် ယန်လျှဲ့တို့သည် မူလဝိညာဉ်နတ်ဘုရား၏ အကြွင်း အကျန်များအတွက် သူနှင့် ပြိုင်မလုကြခြင်းမှာ သူ့ကို ကြောက်၍မဟုတ်ဘဲ၊ သူ ထွက်မ ပြေးနိုင်အောင် လွတ်လမ်းမရှိသည့် ပိုက်ကွန်တစ်ခုကို ဖြန့်ကျက်ထားသောကြောင့်သာ ဖြစ်သည်။

သူ၏ အစွမ်းဖြင့်ဆိုလျှင် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး မဖြတ်ကျော်ရသေးခင်ကပင် သူတော်စင်ပေါင်းစုံ ခန်းမဖြင့်ဆိုပါက လူအနည်းလောက်ငယ်သာ သူ့ကို တားဆီးနိုင်သည်။ အတိုချုပ်ပြောရလျှင် သူသာ ထွက်ပြေးလိုပါက မည်သူမျှ သူ့ကို သတ်နိုင်မည် မဟုတ်ပေ။

သို့သော် ယခုအခါတွင် သူသည် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ကာ ဖန်ဆင်းရှင်တစ်ပါး ဖြစ်လာခဲ့ရုံသာမက၊ ပြောင်းလဲခြင်းကျမ်းမှ ကမ္ဘာ့တောင်တန်း ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်ကို သူ၏ ဓားစွမ်းအင်အတွင်း ပေါင်းစပ်ထားပြီး ရှောင်တိမ်းခြင်း ပညာရပ်များကိုလည်း ကျွမ်းကျင်ထားပြီ ဖြစ်သည်။ သူသာ ထွက်ပြေးလို ပါက မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။

ဒဏ္ဍာရီလာ ယန်နတ်ဘုရားအဆင့် ပညာရှင်တစ်ပါးက နိဗ္ဗာနလက်နက်တစ်ခုကို အသုံးပြု ၍ တားဆီးမှသာ ဟုန်ယွိကို မပြေးနိုင်အောင် ဟန့်တားနိုင်ပေလိမ့်မည်။

သို့သော် ယခုအခါတွင် ဧကရာဇ် ယန်ဖန်၊ ယန်လျှဲ့၊ ဟုန်ရွှန်ကျိ၊ အမှောင်ဧကရာဇ် တာအို သခင်နှင့် ခုန်းဟူသော မဟာပညာရှင်ကြီး ငါးဦးသည် သူ့ကို ဝိုင်းရံထားကြပြီ ဖြစ်သည်။ သူတို့သည် ဓာတ်ကြီးငါးပါး၏ တည်နေရာကို ယူထားပြီး လွတ်လမ်းမရှိသော ပိုက်ကွန်ကို ဖြန့်ကျက်ထားကြရာ ဟုန်ယွိမှာ အသက်ပင် ရှူရကျပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ့အစွမ်းရှိသမျှ ထုတ်သုံးလျှင်ပင် ဤထောင်ချောက်ကို ဖောက်ထွက်နိုင်မည် မဟုတ် ကြောင်း သူ တွေးမိလိုက်သည်။

"ခုန်း... သူတို့လည်း ခင်ဗျားရဲ့ ထာဝရအသက် တာအိုသစ်သီးကို လုယူခဲ့ကြတာပဲ။ အခုကျ မှ ခင်ဗျားက သူတို့နဲ့ ပူးပေါင်းပြီး ဘာလို့ ကျုပ်ကို သတ်ဖို့ ကြိုးစားနေရတာလဲ။" ဟုန်ယွိက ဝိုင်းခံထားရစဉ်မှာပင် ကြမ်းကြုတ်သော ထိုဧရာမမိစ္ဆာမျောက်ဝံကြီး ခုန်းကို လှမ်းပြော လိုက်သည်။

"မင်းဆီက အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ မှင်ကျောက်နဲ့ ရာရှိုမွန်တံခါးကိုသာ ပေးမယ် ဆိုရင် ငါ ချက်ချင်း ထွက်သွားဖို့ စဉ်းစားပေးမယ်၊ မင်းကိုလည်း ဆက်ပြီး ပိတ်မထားတော့ ဘူး။" ခုန်းက သူ၏စွယ်များကို ထုတ်ဖော်ကာ ရုတ်တရက် ပြောလိုက်သည်။

"အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ မှင်ကျောက်တုံး" ဟုန်ယွိ မျက်မှောင်ကြုတ်သွားသည်။

"မင်း အခုလေးတင် သိမ်းလိုက်တာ မှင်ကျောက်တုံးပဲလေ။" ခုန်း၏ ရွှေရောင်မျက်လုံးများ က တလက်လက် တောက်နေသည်။ ၎င်းမှာ ယုံရခက်၊ မယုံရခက် အနေအထား ဖြစ်သော် လည်း ဤမျောက်ဝံကြီးမှာ စိတ်ရင်းကောင်းသူ မဟုတ်ဘဲ စိတ်ပြောင်းလဲ လွယ်သူ ဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။ သူသည် အချိန်မရွေး စကားဖျက်တတ်သူ ဖြစ်သည်။

"ဘုံသုံးပါးမူလစွမ်းအင်ကန်က မှင်ကျောက်တုံးတစ်ခုလား။ ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးက ဒီလိုအရာမျိုးကို မှင်ကျောက်အဖြစ် သုံးခဲ့တာလဲ။" မိစ္ဆာတာအို၏ နံပါတ်တစ် ပညာရှင် ယန်လျှဲ့၏ မျက်လုံးများ မှေးသွားသည်။

သူသည် နှစ်ပေါင်းတစ်ထောင်အတွင်း မိစ္ဆာတာအိုဂိုဏ်းများ၏ ထိပ်သီးဖြစ်ခဲ့သော်လည်း၊ ဝါစဉ်စီနီယာအရ မူလဝိညာနတ်ဘုရားနှင့် အမှောင်ဧကရာဇ်တာအိုသခင်တို့လောက် သက်တမ်း မရင့်သေးပေ။ ရှေးဦးခေတ်ကတည်းက တည်ရှိခဲ့သော မျောက်ဝံကြီး ‘ခုန်း’ နှင့် ဆိုလျှင် ပို၍ပင် ကွာခြားလှသည်။

"ဟားဟားဟား၊ သမိုင်းရေစီးကြောင်းတွေ ပြောင်းလဲကုန်ပြီ။ လူသားမျိုးနွယ်တွေ ထွန်းကားလာတာ နှစ်ပေါင်းတစ်သောင်းကျော်ပြီ။ အခုခေတ် ကျင့်ကြံသူတွေက ကမ္ဘာဦး ခေတ်က လောကကြီးကိုအုပ်စိုးခဲ့ နတ်ဘုရားတွေရဲ့ တကယ့်အရှင်သခင်ကြီးတွေဖြစ်တဲ့ နတ်ဘုရားဘုရင် ငါးပါးအကြောင်းကိုတောင် မေ့ကုန်ကြပြီပဲ။ အင်မော်တယ် နတ်ဘုရား ဘုရင်၊ ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်၊ အသက်ချွေ နတ်ဘုရားဘုရင်၊ ကော့လီ နတ်ဘုရားဘုရင်နဲ့ အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်တို့ပဲ... သူတို့ အစွမ်းပြနေတဲ့ အချိန်တုန်းက ငါက မျောက်ကလေးပဲ ရှိသေးတာ။ ဘယ်သူက ထင်မှာလဲ... နှစ်ပေါင်း တစ်သောင်း ကြာတဲ့အခါမှာ သူတို့က သမိုင်းရေစီးကြောင်းထဲ နှစ်မြုပ်သွားပြီး ငါကတော့ အသက်ရှင်နေတုန်းဆိုတာကို။ သူတို့ တည်ရှိခဲ့တာကို ဘယ်သူမှ မသိကြတော့ဘူး။" (မူရင်းနာမည် "Gouli" က တရုတ်ဒဏ္ဍာရီမှာ "ချိတ်တွယ်ခြင်း၊ နှောင်ဖွဲ့ခြင်း")

ခုန်းက သူ၏အဖြူရောင်စွယ်များကို ထုတ်ပြကာ အားရပါးရ ရယ်မောလိုက်သည်။ သို့သော် သူ၏ အရှိန်အဝါမှာ အနည်းငယ်မျှ လျော့ပါးမသွားပေ။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ပိုမိုပြင်းထန်လာကာ ဟုန်ယွိကို အချိန်မရွေး အသေသတ်ရန် အဆင် သင့် ဖြစ်နေသည်။

"ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်လား" ဟုန်ယွိ၏ စိတ်ထဲ လှုပ်ခတ်သွားသည်။

ဖျက်ဆီးခြင်း မဟာနတ်ဘုရားလက်သီးမှာ ကျိုးထိုက်ကျူ အမွေဆက်ခံခဲ့သော ကမ္ဘာဦး နတ်ဘုရားများ၏ အမြင့်ဆုံးပညာရပ် ဖြစ်သည်။ ထိုနတ်ဘုရားဘုရင်မှာ လူခန္ဓာကိုယ်နှင့် ငှက်ဦးခေါင်းရှိသော ကမ္ဘာဦးနတ်ဘုရားတစ်ပါး ဖြစ်သည်။ သူ၏ ဦးခေါင်းတွင် သရဖူတစ်ခု ရှိပြီး အရာရာကို ဖျက်ဆီးနိုင်စွမ်းရှိကာ ကြောက်မက်ဖွယ် ကောင်းသူ ဖြစ်သည်။

ထိုနတ်ဘုရားဘုရင်မှလွဲ၍ ကျန်နတ်ဘုရားဘုရင်များဖြစ်သည့် အသက်ချွေ နတ်ဘုရား ဘုရင်၊ ကော့လီနတ်ဘုရားဘုရင်နှင့် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်တို့ အကြောင်း ကိုမူ ဟုန်ယွိ မကြားဖူးပေ။ သူသည် "ပြောင်းလဲခြင်းကျမ်း" ကို ပြုစုခဲ့ပြီး စာအုပ်ပေါင်းများ စွာကို ဖတ်ရှုခဲ့သူ ဖြစ်သော်လည်း ဤနတ်ဘုရားဘုရင် ငါးပါးအကြောင်း ဖော်ပြချက်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

"နတ်ဘုရားဘုရင် ငါးပါးထဲမှာ ခေါင်းဆောင်ဖြစ်တဲ့ အင်မော်တယ် နတ်ဘုရားဘုရင်ကို ငါတို့ လူသားမျိုးနွယ်ရဲ့ ဧကရာဇ်ချန်းရှန်းက နှိမ်နင်းခဲ့တာပါ။ အဲဒီနောက် ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်၊ အသက်ချွေ နတ်ဘုရားဘုရင်၊ ကော့လီ နတ်ဘုရားဘုရင်နဲ့ အနန္တ ထိတ်လန့်ခြင်း နတ်ဘုရားဘုရင်တို့ကိုလည်း ဧကရာဇ်ချန်းရှန်းကပဲ အနိုင်ယူခဲ့တယ်။ ကမ္ဘာဦးခေတ် နတ်ဘုရားတွေကို အုပ်ချုပ်နေကြတဲ့ အဲဒီနတ်ဘုရားဘုရင် ငါးပါးဟာ ချိပ်ပိတ်ခံခဲ့ရတယ်။ အဲဒီနောက်မှာ ဧကရာဇ်ဖန်က နဂါးမျိုးနွယ်ကို အနိုင်ယူပြီး လူသား မျိုးနွယ်ကို ဒီလောကကြီးမှာ အုပ်စိုးသူအဖြစ် တည်ထောင်ခဲ့တာပါ။ ခုန်း... ငါပြောတဲ့ သမိုင်းက မှန်ရဲ့လား။"

ဧကရာဇ် ယန်ဖန်က ရုတ်တရက် စကားပြောလိုက်ခြင်း ဖြစ်သည်။

"အမှောင်ဧကရာဇ် တာအိုသခင်... ခင်ဗျားတောင် ဒီသမိုင်းကို သိမှာမဟုတ်ဘူး။" ဟုန်ရွှန်ကျိက ဆက်ပြောသည်။

"ဧကရာဇ် ချန်းရှန်းနဲ့ နတ်ဘုရားဘုရင် ငါးပါးတို့ရဲ့ တိုက်ပွဲဟာ ကမ္ဘာဦးခေတ်ရဲ့ အမြင့်ဆုံး စွမ်းအားပြိုင်ပွဲပဲ။ ဒါက သမိုင်းရဲ့ အနက်ရှိုင်းဆုံးနဲ့ လျှို့ဝှက်ချက်အရှိဆုံး အပိုင်းပဲ။"

"ငါ တကယ် မသိခဲ့ဘူး။" အမှောင်ဧကရာဇ်က ဟုန်ရွှန်ကျိကို ခဏမျှ ကြည့်ကာ ပြန်ဖြေ သည်။

"လူသားကမ္ဘာမှာ မင်းလို ဧကရာဇ်တစ်ပါး ပေါ်လာတာပဲ..." ခုန်းက ဧကရာဇ် ယန်ဖန်ကို ကြည့်ကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။ "ဖန်ဆင်းခြင်းသင်္ဘော... ဖန်ဆင်းခြင်းတာအိုသခင်ဟာ အဲဒီတုန်းက အရမ်းအစွမ်းထက်ခဲ့တာ။ ဧကရာဇ် ချန်းရှန်း တောင် သူ့ကို နှစ်သိမ့်ခဲ့ရတယ်။ မင်းက သူ့ရဲ့ရတနာနဲ့ အမွေအနှစ်ကို ဆက်ခံရုံတင်မကဘဲ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ အရှိန်အဝါကိုပါ ဆက်ခံထားတာပဲ..."

"မင်းကလည်း ချီးကျူးလွန်းနေပါပြီ" ဧကရာဇ် ယန်ဖန်က ခုန်းကို ကြည့်ကာ ပြောလိုက် သည် "ငါတို့က ရန်သူတွေ ဖြစ်ပေမဲ့၊ အခုတော့ ငါတို့မှာ တူညီတဲ့ ရန်သူတစ်ယောက် ရှိနေ တယ်။ အဲဒါ ဟုန်ယွိပဲ။ ဒီကောင်လေးကို သတ်ပြီးမှ ငါတို့ ကိစ္စတွေကို ရှင်းကြရင်ရော ဘယ်လိုလဲ။"

"ဟားဟားဟား" ဟုန်ယွိက ထပ်မံ ရယ်မောလိုက်ပြန်သည်။ "အရှင်မင်းကြီး... အရှင်မင်းကြီးက အများကြီး သိထားတာပဲ။ အရှင်မင်းကြီး သိုင်းကျမ်းနဲ့ တာအိုကျမ်းကို ပြုစုတုန်းက လောကမှာရှိတဲ့ စာအုပ်အားလုံးနဲ့ ရှေးဟောင်း နတ်ဘုရားတွေ၊ မိစ္ဆာတွေရဲ့ လျှို့ဝှက်ချက် အားလုံးကို စုဆောင်းခဲ့တယ်။ ကျွန်တော် ပြောင်းလဲခြင်း ကျမ်းကို ပြုစုတုန်း ကတောင် အရှင်မင်းကြီးရဲ့ နန်းတွင်း စာကြည့်တိုက်မှာရှိတဲ့ အချက်အလက်တွေလောက် မပြည့်စုံခဲ့ဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ သိုင်းကျမ်းနဲ့ တာအိုကျမ်းစာရော ဘာဖြစ်သွားလဲ။ ကျွန်တော့်ရဲ့ ပြောင်းလဲခြင်းကျမ်းကို ယှဉ်နိုင်လို့လား။ အချက်အလက်တွေကို အရှင် တစ်ဦးတည်း သိမ်းပိုက်ထားနိုင်ပေမဲ့ ကမ္ဘာလောကကြီးရဲ့ ဉာဏ်ပညာအလင်းကိုတော့ အရှင်မင်းကြီးတစ်ပါးတည်း ပိတ်ပင်ထားလို့ မရဘူး။ အဲဒီလို ဉာဏ်ပညာအလင်းကို မတားဆီးနိုင်သရွေ့ အရှင်မင်းကြီး ကျွန်တော့်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။"

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဆက်ပြောသည် "မှန်ပါတယ်... ဒီနေ့ အရှင်မင်းကြီး တို့ဘက်မှာ အင်အားအများကြီး ရှိနေတယ်။ ယန်နတ်ဘုရား အဆင့်ရှိသူတောင် အထိနာ နိုင်တဲ့ အခြေအနေပဲ။ ဒါပေမဲ့ ကျွန်တော့်ကို သတ်ချင်တယ်ဆိုရင်တော့ အရှင်တို့ဘက်က အနည်းဆုံး လူသုံးယောက်လောက် အသက်နဲ့ လဲရလိမ့်မယ်။"

ထိုသို့ ပြောလိုက်စဉ် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လေထဲတွင် ခန့်ညားစွာ ရပ်နေပြီး သူ၏ အသံမှာ မိုးခြိမ်းသံထက်ပင် ကျယ်လောင်နေကာ ကမ္ဘာလောကကို ကြီးစိုးမည့် သူတော်စင် တစ်ပါး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

"မှန်တယ်... မင်းကို သတ်ချင်ရင် ငါတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် သေရလိမ့်မယ်။" ယန်လျှဲ့က ပြောသည်။

ဧကရာဇ် ယန်ဖန်က ယန်လျှဲ့ကို စကားမဆက်ရန် လက်ကာပြကာ တားလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည် "မှန်တယ် ဟုန်ယွိ... မင်းရဲ့ ပြောင်းလဲခြင်းကျမ်းက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပြီ။ အခုဆိုရင် မင်းဟာ လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှု လမ်းကြောင်းကို ဦးဆောင်နေပြီ။ ပြောင်းလဲခြင်းကျမ်း ပိုမိုပြည့်စုံလာတာနဲ့အမျှ မင်းရဲ့ တိုးတက်မှုတွေကလည်း လျင်မြန်လာလိမ့်မယ်။ မင်းဟာ ဒုတိယမြောက် ဧကရာဇ် ချန်းရှန်း ဖြစ်လာမှာကို ငါ စိုးရိမ်တယ်။ အဲဒီအချိန်ကျရင် ငါတို့အားလုံးဟာ ကမ္ဘားဦးခေတ် နတ်ဘုရားဘုရင် ငါးပါးလို ဖြစ်သွားမှာပေါ့။ မင်းက သူရဲကောင်းမှတ်တမ်းကို ပြုစုထား တယ်လို့ ငါကြားတယ်။ ကျိုးထိုက်ကျူ၊ ယုဝမ်မူ၊ ခွန်အားကြီးနတ်ဘုရားနဲ့ အရိုးဖြူ ပညာရှင်တို့ရဲ့ မှတ်ဉာဏ်တွေကို မင်း အဲဒီထဲမှာ ထည့်ထားတယ် မဟုတ်လား။ ဒီစာအုပ်က အခုထိတော့ အလွတ်ကြီးပါပဲ။ နောင်တစ်ချိန်မှာ ငါ့ရဲ့မှတ်ဉာဏ်တွေကိုပါ မင်း အဲဒီထဲ ထည့်ဦးမှာ မဟုတ်လား။ ဧကရာဇ် ချန်းရှန်းက နတ်ဘုရားဘုရင် ငါးပါးရဲ့ မှတ်ဉာဏ်တွေကို အမည်မသိ ကျောက်တိုင်တစ်ခုမှာ ချိပ်ပိတ်ပြီး စကြဝဠာရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ဝှက်ထားခဲ့တာ ငါ သိတယ်။ အဲဒါက မင်းရဲ့ သူရဲကောင်းမှတ်တမ်းနဲ့ ဆင်တူတယ်။ မင်းက သူတော်စင်တစ်ပါးဆိုရင် အမှန်အတိုင်း ဖြေစမ်း။ မင်းက ခုန်း၊ အမှောင်ဧကရာဇ်၊ ငါနဲ့ မင်းအဖေရဲ့ မှတ်ဉာဏ်တွေကိုပါ နောင်တစ်ချိန်မှာ အဲဒီထဲမှာ ချိပ်ပိတ်ဖို့ အစီအစဉ်ရှိလား။ ရှိတယ်ဆိုရင် ငါတို့က မင်းကို အခုကတည်းက ပေါင်းသတ်တာ ဘာမှားလို့လဲ။ မင်း ငါ့ကို လာသတ်မယ့်အချိန်ကို စောင့်နေရမှာလား။" (ရှေ့တနေရာမှာတုန်းက သူရဲကောင်း မှတ်တမ်းထဲ ထည့်ခံရတဲ့ပုဂ္ဂိုလ်တွေထဲ ဟာကျူလီလို့ ပြန်ဆိုခဲ့သည်။ ထိုဟာကျူလီမှာ အနှစ်သာရနတ်ဘုရားကျောင်း နတ်ဘုရားတွေထဲက ခွန်အားကြီးနတ်ဘုရားဟုမှတ်ပါ။)

"အရှင်မင်းကြီးက သူရဲကောင်းမှတ်တမ်း အကြောင်းကိုတောင် သိနေတာပဲ။ တကယ့်ကို အမြင်ကျယ်ပါတယ်။" ဟုန်ယွိက အားရပါးရ ရယ်မောလိုက်သော်လည်း သူ၏ စိတ်ထဲမှာ တော့ 'ကျောက်တိုင်' အကြောင်းကို ရုတ်တရက် သတိရသွားသည်။

ယခင်က ရှန်ယင်းရှာ ပြောခဲ့ဖူးသည်မှာ ကောင်းကင်လေနိုင်ငံ၏ မက်မွန်နတ်ဘုရားဂိုဏ်း ၏ အမြင့်ဆုံးလျှို့ဝှက်ချက်မှာ 'အင်မော်တယ်ကျောက်တိုင်' ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို သိသူ ဆယ်ယောက်ထက်ပင် မပိုသေးဘဲ သိသူများမှာလည်း နိုင်ငံတော်ကို အမှန်တကယ် ထောက်ခံသူ ခေါင်းဆောင်ကြီးများသာ ဖြစ်သည်။

"ထိုလျှို့ဝှက်ဆန်းကြယ်လှသော အင်မော်တယ် ကျောက်တိုင်မှာ ဧကရာဇ် ချန်းရှန်းက နတ်ဘုရားဘုရင် ငါးပါးကို ချိပ်ပိတ်ရန် အသုံးပြုခဲ့သည့် ကျောက်တိုင်များ ဖြစ်နိုင်မလား။ အဲဒါသာ မှန်ရင်တော့ အခြေအနေတွေ ရှုပ်ကုန်တော့မှာပဲ။ အဲဒီကျောက်တိုင်က သာမန် မဟုတ်ဘူး။ အစကတော့ အဲဒါကို “ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီတော်နဲ့ ကောင်းကင်ယှဉ်တွဲလှေကားတို့လို အစွမ်းထက်တဲ့ ရတနာတစ်ခုလို့ပဲ ထင်ခဲ့တာ။ အခု ကြည့်ရတာတော့..."

ဟုန်ယွိသည် ထိုအကြောင်းကို ရုတ်တရက် စဉ်းစားမိသွားသည်။

"ဟုန်ယွိ... ငါ မင်းကို သတ်ဖို့ ပြင်ဆင်မထားဘူးလို့ တကယ် ထင်နေတာလား။" ဧကရာဇ် ယန်ဖန်က ပြောလိုက်သည် - "ရှောက်ရွှိုက် (ဗိုလ်ချုပ်လေး) ထွက်လာခဲ့တော့။"

"ဒီမဟာကမ္ဘာကြီးမှာ ဒီလိုလူမျိုး ရှိနေတာပဲ။ အင်မော်တယ်နယ်မြေ၊ နတ်ဘုရားနယ်မြေနဲ့ သူတော်စင်နယ်မြေဆိုတာ ဒါမျိုးပေါ့။ ဟုန်ယွိ... ငါ မင်းနာမည်ကို မှတ်ထားမယ်..."

ဧကရာဇ် ယန်ဖန် စကားပြောနေစဉ် သူ၏ မျက်ခုံးနှစ်ခုကြားမှ အဖြူရောင် အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းထဲမှ ဝတ်စုံဖြူဝတ်ဆင်ထားပြီး ပြောင်လက်နေသော မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ကောင်းကင်ကို ထိုးဖောက်နိုင်သော စူးရှလှသည့် ဓားအလင်းများကဲ့သို့ မျက်လုံးတစ်စုံကိုသာ မြင်ရသည်။

ထိုအကြည့်များထဲတွင် အတိုင်းအဆမဲ့ စွန့်စားလိုသည့် စိတ်ဝိညာဉ်များ ကိန်းဝပ်နေသည်။ ထိုသူမှာ တန်ဖိုးရှိသည့် အရာအတွက် မည်သည့်အရာကိုမဆို စွန့်စားဝံ့သည့် အတုမရှိ ရူးသွပ်သည့် စိတ်ဓာတ်ရှိသူ ဖြစ်ကြောင်း သိသာလှသည်။

ဟုန်ယွိသည် ထိုလူကို မှတ်မိနေစရာ မလိုပေ။ သူ၏ အရှိန်အဝါအရ ထိုလူသည် ကောင်းကင်အပြင်ပနယ်မြေမှ ရောက်ရှိလာပြီး၊ သိုင်းတာအိုတွင် အပ်စိုက်မှတ် ရှစ်ရာ ကျော်ကို ဖွင့်ထားသည့် လူသားအင်မော်တယ် တစ်ဦး ဖြစ်ကြောင်း သိလိုက်သည်။ သူသည် သိုင်းတာအိုတွင် အမြင့်ဆုံး အောင်မြင်မှု ရရှိထားသော ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခု ဖြစ်သည်။

ယခုအခါ ထိုဝတ်စုံဖြူနှင့် "ရှောက်ရွှိုက်" မှာ လေထဲတွင် ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှ အပ်စိုက်မှတ် အားလုံး ပွင့်နေပြီး ဤလောကကြီး၏ မူလစွမ်းအင်များ၊ ကြယ်အလင်းတန်း များနှင့် သံလိုက်စက်ကွင်းစွမ်းအင်များမှာ သူ၏ အပ်စိုက်မှတ်များနှင့် ပဲ့တင်ထပ်နေ၏။ ကမ္ဘာမြေကြီး၏ ဆွဲငင်အားမှာ သူ့ကို မထိန်းချုပ်နိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်မှာ လွတ်လပ် ပေါ့ပါးနေသည်။ သူသည် မည်သည့်စွမ်းအားကိုမျှ အမှီမပြုဘဲ လေထဲတွင် ရပ်နေခြင်း ဖြစ်သည်။

ဤသည်မှာ ခုန်းနှင့် ဟုန်ရွှန်ကျိတို့၏ သိုင်းပညာများကဲ့သို့ အတုမရှိ သိုင်းပညာလမ်းစဉ် ဖြစ်သည်။

"ရှောက်ရွှိုက်" ဟု ခေါ်သော ဝတ်စုံဖြူနှင့်လူ ပေါ်လာသည်ကို မြင်သောအခါ ခုန်း၏ တစ်ကိုယ်လုံးမှ အမွေးများ ထောင်ထလာကာ သူ၏စွယ်များမှာ ပိုမိုကြီးမားလာသည်။

ရှောက်ရွှိုက်သည် ခုန်းနှင့် တစ်ယောက်ချင်း တိုက်ပါက စွမ်းအားနိမ့်နိုင်သော်လည်း၊ ယခုအခါ ဧကရာဇ် ယန်ဖန်၏ ဘက်တွင် နောက်ထပ် ကြောက်မက်ဖွယ် အင်အားတစ်ခု တိုးလာခြင်း ဖြစ်သည်။ သူတို့အားလုံး ပေါင်းလိုက်လျှင် စွမ်းအားမှာ ကြီးမားလွန်းလှသည်။

ရှောက်ရွှိုက် ပေါ်လာပြီး ခုန်းကို မြင်လိုက်ရသောအခါ သူလည်း ထိတ်လန့်သွားသည်။ ထိုမျောက်ဝံကြီး၏ သိုင်းပညာမှာ သူ့ထက် မြင့်မားကြောင်း သိလိုက်သော်လည်း သူ၏ အကြည့်ကတော့ ဟုန်ယွိဆီသို့သာ ဦးတည်နေသည်။

ယခုအခါ ဟုန်ယွိကို ဝိုင်းထားသူ နောက်တစ်ယောက် တိုးလာလေပြီ။

ဟုန်ယွိသည် စိတ်ကို စုစည်းကာ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထားလိုက်သည်။ သူ လုံးဝ မလှုပ်ရှားသလို၊ အသက်ပင် မရှူတော့ပေ။ သူ၏ နှလုံးသားထဲတွင် သေရေးရှင်ရေး အန္တရာယ်ကြီးကို အပြင်းအထန် ခံစားနေရသည်။

မှန်ပေသည်၊ ရှောက်ရွှိုက် ရောက်လာခြင်းက ကုလားအုတ်ကျောပေါ် နောက်ဆုံး တင်လိုက်သည့် ကောက်ရိုးတစ်မျှင်လိုပင်။ ယခုအခါတွင် သူသည် အသက်နှင့်လဲ၍ တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ရှူး…. ရှူး… ရှူး…

ဓားအလင်းများ လက်ခနဲ ဖြစ်သွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှား သွားကာ ဓားချက် ရှစ်ချက်ကို တစ်ပြိုင်နက် ထိုးနှက်လိုက်ပါတော့သည်။

ပထမဆုံး ဓားချက် နှစ်ချက်မှာ "ကောင်းကင်ဘုံဓား" နှင့် "တောင်တန်းဓား" ဖြစ်ပြီး ၎င်းတို့သည် "လောကအတွင်း တောင်တန်းများရှိသည်" ဟူသော ဟေက်စ်ဇာဂရမ်ကို ဖြစ်ပေါ် စေသည်။ ထိုနိမိတ်အတွင်း ဟုန်ယွိသည် ကိုယ်ရောင်ဖျောက်လိုက်ပြီး၊ ဟုန်ရွှန်ကျိ၊ ရှောက်ရွှိုက်၊ ဧကရာဇ် ယန်ဖန်၊ ယန်လျှဲ့နှင့် အမှောင်ဧကရာဇ် တာအိုသခင်တို့ဆီသို့ ဓားချက် ခြောက်ချက်ကို တစ်ပြိုင်နက် ထိုးနှက်လိုက်လေတော့သည်။

မြေ၊ လေ၊ မိုးကြိုး၊ ရေ၊ မီး၊ ရွှံ့နွံအိုင်။

ဓားခြောက်ချက် ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာတော့ ပျောက်ကွယ်သွားခဲ့ ပြီ။

ဟုန်ယွိသည် သူ၏အစွမ်းထက်ဆုံး ပညာရပ်လုံးကို ထုတ်သုံးလိုက်ပြီး မည်သည့်အရာကိုမျှ ချန်မထားတော့ပေ။

All Chapters