← Chapters

အခန်း ၆၀၄

Vol. 58 Ch. 604

အခန်း ၆၀၄

Vol. 58 Ch. 604

အခန်း (၆၀၄)။

"မြေကြီး၏စွမ်းအားသည် ကွန်ဟေက်စ်ဇာဂရမ် ဖြစ်၏၊ လူကြီးလူကောင်းတစ်ယောက် သည် ကျယ်ပြောသော မေတ္တာဂုဏ်ရည်ဖြင့် အရာခပ်သိမ်းကို ထမ်းဆောင်၏။"

"လေ၏နောက်သို့ လိုက်ခြင်းသည် ရွှန်ဟေက်စ်ဇာဂရမ် ဖြစ်၏၊ လူကြီးလူကောင်း တစ်ယောက်သည် မိမိ၏ အမိန့်အာဏာကို ပြတ်သားစွာ ဆောင်ရွက်၏။"

"မိုးခြိမ်းသံ အဆင့်ဆင့်ကြားရခြင်းသည် ကျန့် ဟေက်စ်ဇာဂရမ် ဖြစ်၏၊ လူကြီးလူကောင်း တစ်ယောက်သည် ကြောက်ရွံ့မှုနှင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းဖြင့် ကျင့်ကြံ၏။"

"တောင်တန်းများ ပေါင်းစည်းခြင်းသည် ကန်ဟေက်စ်ဇာဂရမ် ဖြစ်၏၊ လူကြီးလူကောင်း တစ်ယောက်သည် မိမိ၏ ရာထူးစည်းကမ်းထက် ကျော်လွန်၍ မစဉ်းစားပေ။"

"အလင်းနှစ်ခု ထွက်ပေါ်လာခြင်းသည် လီဟေက်စ်ဇာဂရမ် ဖြစ်၏၊ လူကြီးလူကောင်း တစ်ယောက်သည် အရပ်လေးမျက်နှာကို ဆက်လက် လင်းထိန်စေ၏။"

"ကြည်နူးဖွယ် မြစ်ချောင်းအင်းအိုင်သည် တွေဟေက်စ်ဇာဂရမ် ဖြစ်၏၊ လူကြီးလူကောင်း တစ်ယောက်သည် မိတ်ဆွေများနှင့်အတူ အတူတူ လေ့လာသင်ယူကြ၏။"

ဟုန်ယွိသည် ဓားဆန္ဒခြောက်မျိုးဖြင့် သူ၏ အပြင်းထန်ဆုံးသော အသက်စွမ်းအားနှင့် ပေါက်ကွဲအားကို ထုတ်ဖော်လိုက်သည်။ သူတော်စင်ပေါင်းစုံ ခန်းမဆောင်အတွင်းရှိ များပြားလှသော အစစ်မှန် မူလစွမ်းအင်များသည် သူ၏ မျက်ခုံးနှစ်ခုကြားမှ တိုးထွက်လာ ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် အားလုံးကို ဖြည့်တင်းလိုက်သည်။

သူ၏ ဤခန္ဓာကိုယ်မှာ နတ်ဘုရားကျောက်တုံးမှ ဆင်းသက်လာသော ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားသန္ဓေသား ဖြစ်သည်။ ၎င်းသည် သူ၏ မူလခန္ဓာကိုယ်ထက် များစွာ သန်မာသလို၊ ခွန်အားကြီးနတ်ဘုရား စိန်မျောက်ဝံ၏ ခန္ဓာကိုယ်ထက်ပင် ပိုမို ကြံ့ခိုင် တောင့်တင်းသည်။ သို့သော် ဟုန်ယွိသည် ဤခန္ဓာကိုယ်ကို ကျင့်ကြံရန် အချိန်မရခဲ့ပေ။ ပြောင်းလဲခြင်းကျမ်းကို ပြုစုခြင်း၊ တာအိုပညာရပ်များကို လေ့ကျင့်ခြင်းနှင့် ဖန်ဆင်းရှင် အဆင့်အတွက် စွမ်းအင်များ စုဆောင်းခြင်းတို့မှာပင် သူ၏ အင်အားအလုံးစုံကို အသုံးပြုနေ ခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ သူ၏ အောင်မြင်မှု သက်တမ်းမှာ တိုတောင်းလွန်းလှသည်။

ယခုအခါ သူ၏ အသက်အန္တရာယ်နှင့် ကြုံလာရချိန်တွင် သူတော်စင်ပေါင်းစုံ ခန်းမဆောင်၌ သိုလှောင်ထားသော ကြီးမားသည့် စွမ်းအင်များကို အသုံးပြု၍ သူ၏ အပ်စိုက်မှတ်များရှိ အသက်စွမ်းအင်များကို အသက်သွင်းရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သူ ကြိုတင် ပြင်ဆင်ထားသော နည်းလမ်းဖြစ်သလို၊ သူ့ကိုယ်ကို ပြန်လည် ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသော နည်းလမ်းလည်း ဖြစ်သည်။

သာမန် လူသားအင်မော်တယ်များအနေဖြင့် ဤသို့ အပ်စိုက်မှတ်များကို ပြင်းထန်စွာ အသက်သွင်းခြင်းမှာ အလွန်ပင် အန္တရာယ်များလှသည်။ ခွန်အားကြီးနတ်ဘုရား စိန်မျောက်ဝံများကဲ့သို့ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်ပိုင်ရှင်များအတွက်ပင် အန္တရာယ်ရှိ သော်လည်း၊ ဤနတ်ဘုရားကျောက်တုံး သန္ဓေသားမှာ ဤလောကတွင် နံပါတ်တစ် ခန္ဓာကိုယ်ဖြစ်ရာ လေဟာနယ် ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရန် အခွင့်အလမ်း ပိုများစေ သည်။ အန္တရာယ်ရှိသည်ဆိုသော်ငြား ဖန်ဆင်းရှင်တစ်ဦးဖြစ်သော ဟုန်ယွိ၏ ကျင့်စဉ်ဖြင့် ထိန်းချုပ်ရန် လုံလောက်ပေသည်။

အကယ်၍ ဟုန်ရွှန်ကျိသာ ဤနတ်ဘုရားကျောက်တုံး သန္ဓေသားကို ရရှိခဲ့ပါက သူသည် လေဟာနယ်ဖျက်ဆီးခြင်းအဆင့်သို့ လွန်ခဲ့သော အချိန်ကတည်းက ရောက်ရှိနေလိမ့်မည်။

ဖန်ဆင်းရှင်တစ်ပါး၏ ကျင့်ကြံမူမှာ အထွက်အထိပ် လူသားအင်မော်တယ်တစ်ဦးနှင့် ညီမျှ သည်။ အပ်စိုက်မှတ်တစ်ခုကို ပွင့်စေခြင်းဖြင့် အခြားအပ်စိုက်မှတ်ငယ်ပေါင်း ရာကျော်ကို ဆက်သွယ်ပေးနိုင်ပြီး စွမ်းအားများကို ခန္ဓာကိုယ်အနှံ့ စီးဆင်းစေနိုင်သည်။ ဟုန်ယွိသည် ယခုအခါ သူတော်စင်ပေါင်းစုံ ခန်းမကို အသုံးပြု၍ သူ၏ စွမ်းအားကို အဆမတန် မြှင့်တင် လိုက်ပြီ ဖြစ်သည်။

ဂလု... ဂလု...

ဓားခြောက်ချက် ပွင့်ထွက်သွားသည်။ ဟုန်ယွိ၏ နတ်ဘုရားကျောက်တုံး သန္ဓေသား၏ ခန္ဓာကိုယ်အတွင်းရှိ ချက်အောက်ပိုင်း ဒန်တန်အတွင်းမှာ ဒန်တန်မျိုးစေ့ ၈၁ ခုမှာ ချက်ချင်း ပင် လှုပ်ရှားလာပြီး ခန်းမဆောင်မှ မူလစွမ်းအင်များကို စုပ်ယူလိုက်သည်။

ထိုဒန်တန်မျိုးစေ့မှတ် ၈၁ ခုမှာ ချက်ချင်းပင် အမြစ်တွယ်ကာ အဖူးအပွင့်များ ဝေဆာလာ သကဲ့သို့ အလွန်ပြင်းထန်သော အသက်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး သူ၏ ချက်အောက်ပိုင်းမှာ စွမ်းအင်များဖြင့် ပြည့်လျှံသွားတော့သည်။ အပ်စိုက်မှတ်များ တစ်ခုပြီး တစ်ခု ကျယ်ပြန့်လာပြီး စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

ထိုက်ကျိ မိုးကြိုးရေကန်အတွင်းရှိ အစွမ်းကုန် သိပ်သည်းထားသော အစစ်မှန် မိုးကြိုး စွမ်းအင်များမှာ ဟုန်ယွိ၏ မျက်ခုံးကြားမှတဆင့် သူ၏ဒန်တန်အတွင်းရှိ အပ်စိုက်မှတ် ၈၁ ခု အတွင်းသို့ စီးဝင်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ဟုန်ယိ၏နဖူးပေါ်ရှိ သူတော်စင်ပေါင်းစုံခန်းမမှာ ခန္ဓာကိုယ်အတွင်း ရှိ အပ်စိုက်မှတ်များကို အာဟာရ ဖြည့်တင်းပေးသည့် အစွမ်းထက်သော စွမ်းအင် အရင်း အမြစ်တစ်ခု လုံးလုံးလျားလျား ဖြစ်သွားခဲ့သည်။

ဟုန်ယွိသည် အပ်စိုက်မှတ် ကျင့်စဉ်ပေါင်း နှစ်ရာကျော်၊ အတိအကျဆိုလျှင် ၂၂၁ ခုကို သိရှိ နားလည်ထားပြီး ဖြစ်သည်။ မူလက 'ပြောင်းလဲခြင်းကျမ်း' ကို ပြုစုစဉ်အခါက ပညာရှင် သူတော်စင်မျိုးနွယ်စုကြီး လေးခု၏ မှတ်တမ်းများဖြစ်သော 'ဗြဟ္မာလမ်းစဉ်ခြောက်သွယ် ကျမ်း' နှင့် 'ဖီးနစ် နိဗ္ဗာနကျမ်း' တို့တွင် အပ်စိုက်မှတ် ကျင့်စဉ်များစွာ ပါရှိခဲ့သည်။ သို့သော် ၎င်းတို့မှာ ထိပ်တန်းလျှို့ဝှက်ချက်များ ဖြစ်ကြသည်။ မျိုးနွယ်စုကြီးလေးခုသည် သီအိုရီပိုင်း ကိုသာ ပံ့ပိုးပေးခဲ့ကြပြီး၊ သီးသန့်ကျင့်စဉ် အစစ်အမှန် အနှစ်သာရများကို မည်သို့လျှင် ပေးအပ်ပါမည်နည်း။

'ပြောင်းလဲခြင်းကျမ်း' တွင် နက်ရှိုင်းသော သီအိုရီများသာ ပါဝင်သော်လည်း သီးသန့် ကျင့်စဉ်များ မပါဝင်ပေ။ သို့သော်လည်း ဤလောကရှိ လူသားအားလုံးသည် ပြောင်းလဲခြင်း ကျမ်းကို နားလည်သွားကြသည်နှင့် တပြိုင်နက် ထိုသီအိုရီကို အခြေခံ၍ မိမိတို့ကိုယ်ပိုင် တာအိုနည်းစနစ်များကို နားလည်သဘောပေါက်လာနိုင်မည် ဖြစ်သည်။

နဂိုကတည်းက အကယ်၍ ဟုန်ယွိကိုသာ ပြောင်းလဲခြင်းကျမ်း သီအိုရီကို အချောသတ်ရန် အချိန်အလုံအလောက် ပေးခဲ့မည်ဆိုလျှင် သူသည် မည်သည့်ကျင့်စဉ်ကိုမျှ သင်ယူနေစရာ မလိုဘဲ အပ်စိုက်မှတ် ကျင့်စဉ်များစွာကို ကိုယ်တိုင် ဆင်ခြင်တွေးတော သိမြင်နိုင်လိမ့်မည်။ သို့သော် ယခုအချိန်တွင် သူ့မှာ အလိုအပ်ဆုံးအရာက 'အချိန်' ဖြစ်နေသည်။ သေခြင်း ရှင်ခြင်းသည် အပ်ချည်တစ်မျှင်သာ ခြားတော့သည်။

မည်သို့ပင်ဆိုစေကာမူ ၂၂၁ မှတ်လုံး ချိတ်ဆက်သွားချိန်တွင် သူ၏ စွမ်းအားမှာ များစွာ မြင့်တက်လာသည်။ လျှို့ဝှက်အပ်စိုက်မှတ်အားလုံး ချိတ်ဆက်သွားခြင်းမှာ အထွက်အထိပ် လူသားအင်မော်တယ်အဆင့်၏ လက္ခဏာပင် ဖြစ်သည်။

ဟုန်ယွိ၏ 'နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား' ၏ ခန္ဓာကိုယ်သည် အထွတ်အထိပ် လူသားအင်မော်တယ်အဆင့်သို့ သဘာဝအတိုင်း ရောက်ရှိသွားလေပြီ။ အခြေအနေများက အဆင်သင့်ဖြစ်ချိန်တွင် အောင်မြင်မှုမှာလည်း အလိုလိုလိုက်ပါလာမည်သာ။

အထွတ်အထိပ် လူသားအင်မော်တယ် တစ်ဦးဖြစ်နေသော်ငြားလည်း ဖန်ဆင်းရှင်အဆင့် ပညာရှင်များစွာ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲရန် မဖြစ်နိုင်သော်လည်း၊ ဤပညာရှင် ခြောက်ဦး၏ ဝိုင်းရံမှုအောက်မှ အဖိုးတန်သော အသက်ရှင်သန်ခွင့် အခွင့်အရေးတစ်ခုကိုတော့ ရယူနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် ဟုန်ယွိအဖို့ အရှုံးကို အောင်ပွဲအဖြစ် ပြောင်းလဲရန်မှာ မဖြစ်နိုင်တော့ပေ။ သူသည် ဝိုင်းရံထားမှုကို ဖောက်ထွက်ပြီး အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ရန်သာ လိုလားသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဧကရာဇ်ချန်ရှန်း ပြန်လည်ရှင်သန်လာခြင်း၊ ဧကရာဇ် ဖန် ပြန်လည်ရှင်သန်လာခြင်း သို့မဟုတ် မဟာအကြီးအကဲများ ဆင်းသက်လာခြင်းမျိုး မရှိခဲ့လျှင် "သေခြင်း" ဟူသော စကားတစ်လုံးသာ ရှိပေတော့မည်။ ရန်သူကို အနိုင်ယူမည့် အကြောင်း ပြောနေစရာပင် မလိုတော့ပေ။

ဤအခြေအနေကို ပြောင်းပြန်လှန်နိုင်ရန်အတွက်မူ ဟုန်ယွိအနေဖြင့် 'ယန်နတ်ဘုရား' အဆင့်အထိ ကျင့်ကြံရန် လိုအပ်မည်ဖြစ်ကြောင်း သူကိုယ်တိုင် သိရှိနားလည်ထားသည်။

…

"အသက်ရှင်ရန် အခွင့်လမ်းတစ်ခု၊ မျိုးစေ့လေးများ အညှောက်ပေါက်ခြင်း၊၊ အပ်စိုက်မှတ် တစ်ခုမှ အပ်စိုက်မှတ်လေး တစ်ရာဆီ၊ တစ်ကိုယ်လုံး ချိတ်ဆက်သွားခြင်း၊ ခန္ဓာကိုယ်ရဲ့ မှော်စွမ်းအင်၊ နိဗ္ဗာနနယ်ပယ် ကူးမြောက်ခြင်းတံတား…"

အပ်စိုက်မှတ်များ ချိတ်ဆက်သွားသည်နှင့် တပြိုင်နက် အမှတ်တစ်ရာသည်လည်း တစ်ဆက်တည်း ဖြစ်သွားခဲ့သည်။ ကျင့်စဉ်နယ်ပယ်နှင့် အစစ်မှန် စွမ်းအင်များကြောင့် စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းမှာ ချက်ချင်းဆိုသလို ပြည့်လျှံလာပြီး ဟုန်ယွိ၏ ဓားအရှိန်အဟုန်မှာလည်း အစွမ်းထက်လာခဲ့သည်။

သွေးစွမ်းအင်များ တဟုန်ထိုး ထိုးထွက်လာပြီး 'နိဗ္ဗာနနယ်ပယ်ကူး ပါရမီတံတား' သည် 'ပြောင်းလဲခြင်းကျမ်း' ကျမ်းစာများနှင့် ချိတ်ဆက်သွားပြီး 'သူတော်စင်ပေါင်းစုံခန်းမ' မှ စွမ်းအင်များနှင့် ပေါင်းစပ်ကာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ။ လှုပ်ရှားလိုက်တိုင်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး အချိန်မြစ်ပြင်ပင် လျှင် တုန်ခါသွားရသည်။ ဟင်းလင်းပြင်နှင့် အချိန်ကာလ နှစ်ခုလုံးသည် "ပြောင်းလဲခြင်း ဓား" အတွင်းသို့ ရောက်ရှိသွားတော့သည်။

"ကောင်းကင်ဘုံသေမင်းဘီး။"

ဟုန်ယွိ၏ ခန္ဓာကိုယ်သည် 'လောကအတွင်း တောင်တန်း' ဟူသော ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်အတွင်း၌ ပုန်းကွယ်နေပြီး ဓားခြောက်လက်သည် တပြိုင်နက်တည်း ပွင့်ထွက်လာကာ လူခြောက်ဦးကို တစ်ချိန်တည်း တိုက်ခိုက်လိုက်သည်။ သို့သော် ဟုန်ရွှန်ကျိ၏ မျက်လုံးများ လှုပ်ရှားသွားပြီး စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံမျှသော အချိန်ကို ဖမ်းဆုပ်ကာ ဟုန်ယွိ၏ 'မြေကမ္ဘာဓား' ကို ပြင်းထန်စွာ လက်သီးဖြင့် ထိုးနှက်လိုက်ရာ ဟုန်ယွိ၏ ဓားစွမ်းအင်မှာ တိုက်ရိုက် တုန်ခါသွားရသည်။

ထိုအချိန်မှာပင် ယန်ဖန်၊ ယန်လျှဲ့၊ ရှောက်ရွှိုက်၊ အမှောင်ဧကရာဇ်တာအိုသခင်နှင့် ခုန်း ဟူသော မဟာပညာရှင်ကြီး ငါးဦးသည်လည်း ဟုန်ယွိ၏ ဓားခြောက်လက်နှင့် သင်္ကေတ ခြောက်ခု ပေါက်ကွဲထွက်လာချိန်တွင် သူတို့၏ အပြင်းထန်ဆုံးသော စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။

"ကောင်းကင်တုန်ခါ လက်သီး။" "ထာဝရအမှောင်ည ရှေးဦးစိတ်ဝိညာဉ်" "ဖန်ဆင်းခြင်း တူ" "နိဗ္ဗာနပန်း" "ထာဝရအာဃာတ သတ်ဖြတ်ခြင်းသံစဉ်"

"ဝုန်း…"

ပြင်းထန်လှသော စွမ်းအင်စီးကြောင်း ခြောက်ခုနှင့် သိုင်းဆန္ဒများသည် အလယ်ဗဟိုရှိ ဟုန်ယွိဆီသို့ တရကြမ်း ကျရောက်လာသည်။ ဤသည်မှာ အနှိုင်းမဲ့စွမ်းအား ဖြစ်သည်။ တောရိုင်း ကန္တာရနယ်မြများကို ဖျက်ဆီးပစ်ရန်နှင့် ယန်နတ်ဘုရားကိုပင် သတ်ဖြတ်ရန် လုံလောက်သော အရှိန်အဟုန် ဖြစ်သည်။

ဟုန်ယွိ၏ ဓားစွမ်းအင် ခြောက်ခုမှာ ချက်ချင်းပင် အပိုင်းပိုင်း ကြေမွသွားတော့သည်။

'လောကအတွင်း တောင်တန်း' ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်သည်လည်း ပျက်စီးသွား သည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူ၏ပုံရိပ်သည် ပေါ်ထွက်လာကာ ပါးစပ် ထောင့်စွန်းမှာလည်း သွေးစအချို့ စွန်းထင်နေ၏။

သူသည် မည်မျှပင် အစွမ်းထက်နေပါစေ၊ တစ်ကိုယ်လုံးတွင် ပူလောင်နာကျင်နေသော ဒဏ်ရာများကို ခံစားနေရပြီး မျက်ခုံးကြားရှိ 'သူတော်စင်ပေါင်းစုံခန်းမ' မှာလည်း အပြင်သို့ ထွက်ကျလုနီးပါး ဖိညှစ်ခံထားရသည်။ အကယ်၍ 'သူတော်စင်ပေါင်းစုံခန်းမ' ၏ အကာအကွယ်သာ မရှိခဲ့ပါလျှင် ဟုန်ယွိသည် အထွတ်အထိပ် လူသားအင်မော်တယ် ဖြစ်နေလင့်ကစား အစအနပင် ကျန်တော့မည် မဟုတ်ပေ။

"သူတော်စင်အပေါင်းတို့၏ စွမ်းအင်၊ ဉာဏ်ပညာ၏ အနှစ်သာရ၊ ငါ့ခန္ဓာကိုယ်ကို ကာကွယ်လော့။ ကမ္ဘာဦးဖန်ဆင်းခြင်း။"

ပြင်းထန်ပြီး သန့်စင်သော အလင်းတန်းများသည် သူ၏ မျက်ခုံးနှစ်ခုကြားမှ တဟုန်ထိုး လျှံထွက်လာ၏။ သူတော်စင် တစ်ရာတို့၏ ရွတ်ဖတ်အသံများသည် 'ကမ္ဘာဦးဖန်ဆင်းခြင်း' ကျမ်းစာအတွင်းသို့ စုစည်းသွားပြီး လှပသော ပိုးထည်အုပ်တစ်ခုအလား သူ၏ ခန္ဓာကိုယ် ကို ပတ်ပတ်လည် ဝန်းရံကာ မဟာပညာရှင်ကြီး ခြောက်ဦး၏ ကျန်ရှိနေသော စွမ်းအင်များ ကို တစ်ဖန်ပြန်၍ တားဆီးလိုက်ပြန်သည်။ နောက်ဆုံးတွင်တော့ 'နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား' သည် ပြိုကွဲမသွားခဲ့ပေ။

အကယ်၍ ဤသည်မှာ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သာ ဖြစ်ခဲ့လျှင် ယခုလေးတင်ပင် ပြိုကွဲပျက်စီးသွားလောက်ပြီ။

သူတော်စင်ပေါင်းစုံခန်းမပင်လျှင် တောင့်ခံနိုင်မည် မဟုတ်ပေ။

…

"နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား၊ အထွတ်အထိပ် လူသားအင်မော်တယ်၊ ဒါပေမဲ့ မင်းရဲ့ အထွတ်အထိပ် လူသားအင်မော်တယ်ဆိုတာက အားနည်းလွန်းတယ်၊ ဒါဟာ ဝိညာဉ်သန္ဓေသားကို ဖြုန်းတီးပစ်တာပဲ။ အပ်စိုက်မှတ် ၂၀၀ ပဲ ရှိတာလား… သားမိုက်၊ အပ်စိုက်မှတ် ၉၉၉ ခုရဲ့ စွမ်းအားကို အခု မြည်စမ်းကြည့်ဦး။"

ဟုန်ရွှန်ကျိက တစ်ဖန် ပြန်လည် ဦးဆောင်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးနှက်လိုက်ပြန် သည်။ ဤအသံမှာ သူ၏အသံ အစစ်မဟုတ်ဘဲ သိုင်းဆန္ဒအတွင်း၌ ပါရှိသော အသံ ဖြစ်သည်။ ယခု သူတိုက်ခိုက်လိုက်သည်မှာ အလွန်ပင် လျင်မြန်လှသည်။ မြန်လွန်းလှသ ဖြင့် စကားပြောရန်ပင် အချိန်ရမည် မဟုတ်ပေ။

ဘုန်း၊

ပြင်းထန်သော ထိခိုက်မှုဒဏ်ကို ခံထားရပြီးသားဖြစ်သော 'ကမ္ဘာဦဖန်ဆင်းခြင်း' ကျမ်းစာ သည် ဟုန်ရွှန်ကျိ၏ လက်သီးချက်အောက်တွင် ပေါက်ကွဲထွက်သွားပြန်သည်။

ဟုန်ယွိသည် သူ၏ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး ဓားစွမ်းအင်တစ်ခုကို စုစည်းကာ ဟုန်ရွှန်ကျိ၏ လည်ချောင်းဆီသို့ ထိုးနှက်လိုက်သည်။ ထိုဓားစွမ်းအင်အတွင်း၌လည်း ကြီးမားသော စိတ်ဆန္ဒများ ပါဝင်နေသည်။

"တိမ်တောင်နှင့် မိုးကြိုး၊ လူကြီးလူကောင်းတစ်ယောက် မိမိ၏ အသိဉာဏ်ကို အသုံးချ ခြင်း။ ဟုန်ရွှန်ကျိ၊ ခင်ဗျားက ကွန်ဖူးရှပ် ပညာရှင်တစ်ဦး ဖြစ်ပေမယ့် ဒီအကြောင်းကို အများကြီး မသိသေးဘူး။ ကျုပ် ရှင်းပြပေးပါရစေ။"

ဟုန်ယွိ၏ ဓားစွမ်းအင်သည် တုန်ခါသွားသည်။ ဟုန်ရွှန်ကျိသည် သူ့ကို သတ်ဖြတ်ရန် သူ၏ အစွမ်းရှိသမျှကို စုစည်းထားကြောင်း သူသိသည်။ အကယ်၍ သူ၏ ဓားသည် အနည်းငယ် မျှ လှုပ်ရှားသွားပါက စွမ်းအားများ လွင့်ပြယ်ပြီး အားနည်းချက် ဖြစ်ပေါ်သွားမည် ဖြစ်ကာ အခြားသူများ၏ ပြင်းထန်သော စွမ်းအားများဖြင့် ချက်ချင်း အသတ်ခံရပေလိမည်။

ဓား၏ စွမ်းအားသည် ထိုတခဏအတွင်းမှာပင် ပြောင်းလဲသွားသည်။ အထက်တွင် ရေ၊ အောက်တွင် လျှပ်စီး၊ ထိုအရာများ ပေါင်းစပ်ကာ 'ထွန်ကွာ' ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ဟုန်ရွှန်ကျိကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ (Tun Gua သည် "အသစ်တစ်ခု စတင်ရန် ရုန်းကန်နေရခြင်း" ဖြစ်သော်လည်း ၎င်းသည် "ကြီးမားသော အောင်မြင်မှု၏ အစ" လည်း ဖြစ်သည်။)

ဤဓားတွင် 'ထွန်ကွာ' ၏ သဘောတရားများ ပါဝင်၏။ ၎င်းသည် ပြင်းထန်သော အင်အား တစ်ခု မဟုတ်ဘဲ အသိပညာဆိုင်ရာ သီအိုရီတစ်မျိုး ဖြစ်သည်။ ၎င်းကို ဟုန်ရွှန်ကျိ၏ သိုင်းဆန္ဒအတွင်းသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။

"ငါက ကွန်ဖူးရှပ်ဝါဒကို တည်ထောင်သူပဲ၊ မင်းလိုသားမိုက်က ငါ့ကို အသိပညာအကြောင်း လာပြောရဲသေးတယ်ပေါ့။"

ဟုန်ရွှန်ကျိ၏ မျက်ခုံးများ ပင့်သွားပြီး သူ၏ ပြင်းထန်သော စိတ်ဆန္ဒက ပေါက်ကွဲထွက်လာ ကာ ဤ 'ထွန်ကွာ' ဓားစွမ်းအင်ကို အပြင်သို့ အတင်းအဓမ္မ တွန်းထုတ်ပစ်လိုက်သည်။

သို့သော်လည်း ဤသို့ ခေတ္တမျှ ရပ်တန့်သွားခြင်းက သူ့ကို မျက်တောင်တစ်ခတ်စာမျှ နောက်ကျသွားစေခဲ့သည်။

နောက်ဆုံးတော့ ဟုန်ယွိသည် အချိန်ကို အရယူနိုင်ခဲ့ပြီ။

All Chapters