← Chapters

အခန်း ၆၀၅

Vol. 58 Ch. 605

အခန်း ၆၀၅

Vol. 58 Ch. 605

အခန်း (၆၀၅)။

…

ရွှမ်း.. ရွှမ်း… ရွှမ်း…. ရွှမ်း…. ရွှမ်း….. ဓားငါးလက် ထပ်မံ ပေါက်ကွဲထွက်လာပြီး အခြား ပညာရှင်များကို တိုက်ခိုက်လိုက်သည်။ အကယ်၍ ထိုပညာရှင်များအနက် တစ်ဦးဦးကသာ အားနည်းချက် အနည်းငယ်မျှကို ပြသလာခဲ့လျှင် ဟုန်ယွိအနေဖြင့် လွတ်မြောက်သွားနိုင် သည်။

သူသည် သွေးလမ်းကြောင်းတစ်ခုခင်းကာ ဖောက်ထွက်ရမည်။

"ဗဟိုမြေဓာတ် ဟင်းလင်းပြင် မဟာစွမ်းအင်၊ ဟင်းလင်းပြင်၊ ဖရိုဖရဲနတ်ဘုရားတွင်းနက်၊ နတ်ဘုရားဂူ၊ ကောင်းကင်အရှင်၊ မြေကမ္ဘာအရှင်၊ လူသားအရှင်။"

တစ်ချိန်တည်းမှာပင် ချန်ဧကရာဇ် ယန်ဖန်သည်လည်း လက်သီးဖြင့် ထိုးနှက်ကာ ဟုန်ယွိ ၏ ဓားကို တိုက်ခိုက်လိုက်သည်။ အစွမ်းထက်သော အင်မော်တယ် မူလဝိညာဉ်မှာ ပေါက်ကွဲထွက်လာပြီး ဓားစွမ်းအင်ကို ဝန်းရံလိုက်သည်။ သိုင်းပညာပေါင်း တစ်ထောင်၊ တာအိုပညာရပ်ပေါင်း တစ်သောင်းတို့သည် ဤလောကကြီး၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော ဧကရာဇ်၏ လက်သီးအတွင်း၌ ကိန်းအောင်းနေကြသည်။

"တောင်ပေါ်ကို တက်၊ မြေအောက်ကို ငုံ့ဆင်း၊ ကမ္ဘာမြေပေါ်က တောင်တန်း၊ ဘို ဟေက်စ်ဇာဂရမ် (Bo Hexagram)၊ အထက်လူကြီးတွေကို ရက်ရောစွာ ဆက်ဆံပြီး အောက်ခြေလူတန်းစားကို ဘေးကင်းစေလော့။ ယန်ဖန်၊ ဧကရာဇ်ကောင်းတစ်ယောက် ဘယ်လိုလုပ်ရမလဲဆိုတာ ကျုပ် ခင်ဗျားကို သင်ပေးမယ်။" (Bo Hexagram သည် (ပြောင်းလဲခြင်းကျမ်း) ထဲမှ ၂၃ ခုမြောက် သင်္ကေတ ဖြစ်သည်။ "အပေါ်ယံအလွှာများကို ခွာချခြင်း" နှင့် "အခြေခံအုတ်မြစ် တုန်လှုပ်စေခြင်း" ကို ဆိုလိုပါသည်။ (သင်္ကေတဖွဲ့စည်း ပုံ: အပေါ်တွင် တောင် (Gen) နှင့် အောက်တွင် မြေကြီး (Kun) တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သဘာဝအသွင် - မြေကြီးပေါ်တွင် တောင်ကြီးတစ်လုံး တည်ရှိနေသော်လည်း လေနှင့်မိုး၏ တိုက်စားမှုကို ခံရ၍ တောင်ကြီးမှာ တဖြည်းဖြည်း ပြိုကျပျက်စီးတော့မည့် အခြေအနေကို ဖော်ဆောင်သည်။ အဓိပ္ပာယ်- အောက်ခြေမှနေ၍ မကောင်းသော အင်အားစုများ (Yin) က အပေါ်ယံရှိ ကောင်းသောအင်အားစုများ (Yang) ကို တဖြည်းဖြည်း တိုက်စား ဖျက်ဆီးပစ်ခြင်းကို ဆိုလိုသည်။ ယန်ဖန်သည် တောင်ကြီးတစ်လုံးကဲ့သို့ မြင့်မြတ်သော ဧကရာဇ်နေရာတွင် တည်ရှိသော်လည်း သူ၏ အုပ်ချုပ်မှုနှင့် စိတ်ဓာတ်မှာ တိုက်စားခံနေရပြီဖြစ်ကြောင်း သတိပေးခြင်း ဖြစ်သည်။ ဓားကွက်၏ စိတ်ဆန္ဒက ယန်ဖန် ၏ "တာအိုနှလုံးသား" ကို တိုက်ရိုက် တိုက်စားဖျက်ဆီးပစ်ရန် ကြိုးစားခြင်း ဖြစ်သည်။) အဓိပ္ပာယ်များကို ရှင်းပြမှသာ ပိုပြီး နားလည်မှာဖြစ်သည့်အတွက် ထည့်ပေးရခြင်း ဖြစ်ပါသည်)။

ဟုန်ယွိ၏ ဓားသည် ပန်းခြောက်ပွင့်အဖြစ် ကွဲထွက်သွားပြီး ချန်ဧကရာဇ် ယန်ဖန်၏ ဓားစွမ်းအင်ကို သတ်ဖြတ်ကာ 'ထွန်ကွာ' ဓားတစ်ချောင်းကို ဖြစ်ပေါ်စေသည်။

မြေပေါ်ရှိ တောင်တန်းများသည် လေနှင့် မိုးကြောင့် တိုက်စားခြင်း ခံရသည်။ ဧကရာဇ် တစ်ပါးသည် ဤသင်္ကေတနိမိတ်ကို မြင်သောအခါ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ရမည် ဖြစ်ပြီး၊ ပြည်သူများကို ကောင်းမွန်စွာ ဆက်ဆံကာ သူတို့ကို အေးချမ်းသာယာစွာ နေထိုင် ခွင့် ပေးရမည်ဖြစ်သည်။ ဤဓားသည် သူ၏ နှလုံးသားကို ချိန်ရွယ်ထားသည်။ ၎င်း၏ စွမ်းအားသည် 'ပြောင်းလဲခြင်းဓား' ကဲ့သို့ မပြင်းထန်သော်လည်း ၎င်းသည် ချန်ဧကရာဇ်၏ နှလုံးသားအတွင်းသို့ ထိုးစိုက်ဝင်ရောက်သွားသည်။

"တောင်အောက်တွင် စမ်းရေ၊ မုန်ဟေက်စ်ဇာဂရမ် (Meng Hexagram) ခုန်း…၊ ခင်ဗျားက ကမ္ဘာဦးနတ်ဆိုးဘုရင်တစ်ပါး ဖြစ်တဲ့အတွက် လူသားတွေရဲ့လမ်းစဉ်ကို နားမလည်ဘူး။ ကျုပ် ခင်ဗျားကို ဉာဏ်အလင်းဖွင့်ပေးမယ်။ ကျုပ်က အသိဉာဏ်မရှိတဲ့လူကို ရှာမှာ မဟုတ်ဘူး၊ အသိဉာဏ်မရှိတဲ့လူကပဲ ကျုပ်ကို လာရှာရမှာ၊ ခင်ဗျား ကျုပ်ရဲ့ အသိဉာဏ်မဲ့ တပည့်တစ်ယောက် လာဖြစ်လိုက်စမ်း။" (Meng Hexagram - ပြောင်းလဲခြင်းကျမ်းထဲမှ ၄ ခုမြောက် သင်္ကေတ ဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ "နုနယ် သော အပင်ပေါက်လေး" သို့မဟုတ် "မသိနားမလည်သေးသော ကလေးသူငယ်"။ သင်္ကေတဖွဲ့စည်းပုံ - အပေါ်တွင် တောင် (Gen) နှင့် အောက်တွင် ရေ (Kan) တို့ ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သဘာဝအသွင် - တောင်ခြေရင်းမှ ထွက်ပေါ်လာသော စမ်းရေကြည် လေးနှင့် တူသည်။ စမ်းရေသည် စတင်ထွက်ပေါ်လာချိန်တွင် လမ်းကြောင်းအတိအကျ မရှိသေးဘဲ ရှေ့တွင် မည်သည့် အရာရှိသည်ကို မသိနားမလည်သေးသည့် အခြေအနေ ဖြစ်သည်။ အဓိပ္ပာယ်- မသိနားမလည်မှုကို ဆိုလိုသော်လည်း ၎င်းသည် သင်ယူလေ့လာပြီး ကြီးပြင်းလာမည့် အလားအလာ ရှိသော "အပြစ်ကင်းစင်သည့် အခြေအနေ" လည်း ဖြစ်သည်။ ဤဓားကွက် သည် ရန်သူများကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေရုံသာမက သူတို့ကိုယ်သူတို့ "ငါတို့ တကယ်ပဲ နားမလည်သေးတာလား" ဟု သံသယဝင်သွားစေပြီး တိုက်ခိုက်ရေးအရှိန်ကို နှေးကွေးသွား စေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်သို့ ဦးတည်နေသော ဟုန်ယွိ၏ ဓားရှိန်ဟုန်သည် ပြောင်းလဲသွားသည်။ ထိုဓားချက်သည်လည်း နှလုံးသားကိုပင် ခုတ်ပိုင်းလိုက်သည်။

"ကောင်းကင်မီးလျှံနှင့်တူတဲ့လူ၊ လူကြီးလူကောင်းတစ်ယောက်သည် လူတွေကို မျိုးနွယ်စု အလိုက် ခွဲခြား၏။ ရှောက်ရွှိုက်… ခင်ဗျားလည်း မျိုးနွယ်စုတွေကို သေချာခွဲခြားတတ်ဖို့ လိုတယ်။"

“ထုံဟေက်စ်ဇာဂရမ် သင်္ကေတ ဓားစွမ်းအင်သည် လျှို့ဝှက်ဆန်းကြယ်သော ရှောက်ရွှိုက် ကို ခုတ်ပိုင်းလိုက်သည်။ (Tun Hexagram- ဖွဲ့စည်းပုံ အပေါ်တွင် ကောင်းကင် (Qian) နှင့် အောက်တွင် မီး (Li) တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သဘာဝအမြင်- ကောင်းကင်ယံ ထက်မှာ တောက်ပနေသော မီးလျှံ (သို့မဟုတ်) နေမင်းနှင့် တူပါသည်။ မီး၏သဘောက အထက်ကို တက်တာဖြစ်ပြီး ကောင်းကင်နှင့် တစ်သားတည်း ဖြစ်သွားသည့် သဏ္ဌာန်ပါ။ အဓိပ္ပာယ်: "လူသားအချင်းချင်း တူရာပေါင်းစည်းခြင်း" ဟု အဓိပ္ပာယ်ရပါသည်။ ရည်မှန်း ချက် တူညီသူတွေ စုပေါင်းပြီး အများအကျိုးကို ဆောင်ရွက်ခြင်းဟု ဆိုလိုပါသည်။ ဟုန်ယွိ က "သူတော်ကောင်းဆိုတာ လူတွေကို အမျိုးအနွယ်အလိုက်၊ စိတ်ဓာတ်အလိုက် ခွဲခြား သိမြင်ရမယ်" ဟု ဓားချက်ဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။ ရှောက်ရွှိုက်သည် အစွမ်းထက်သော်လည်း ဘယ်သူ့ဘက်က ရပ်တည်ရမလဲ၊ ဘယ်သူနဲ့ ပေါင်းရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေသေးသည်ကို ထောက်ပြလိုက်ခြင်း ဖြစ်ပါသည်။

ထိုတချိန်တည်းမှာပင် ဟုန်ယွိ၏ အခြားသော ဟေက်စ်ဇာဂရမ် သင်္ကေတ ဓားစွမ်းအင် နှစ်ခုမှာလည်း 'ကောင်းကင်ဖြို ဧကရာဇ်' နှင့် 'အမှောင်ဧကရာဇ် တာအိုသခင်' တို့ဆီသို့ အသီးသီး ကျရောက်သွားသည်။

ဓားခြောက်လက်နှင့် သင်္ကေတခြောက်ခုတို့သည် စိတ်အလိုရှိသလို ပေါင်းစပ်ကာ တိမ်နှင့် မိုးကိုပင် လှုပ်ခတ်စေတော့သည်။

…

"စွမ်းအားက မပြင်းထန်ပေမဲ့ စစ်မှန်တဲ့ နှလုံးသားကို တိုက်ခိုက်တာပဲ။ ဟုန်ယွိ... မင်းက ဒီလိုအဆင့်အထိ ရောက်နေပြီလား။ မင်းက ငါတို့တစ်ယောက်ချင်းစီရဲ့ တာအိုနှလုံးသားရဲ့ အထိခိုက်မခံဆုံး အစိတ်အပိုင်းတွေကို မေးခွန်းထုတ်နေတာပဲ။ တကယ်လို့ အချိန်ရပြီး ပြောင်းလဲခြင်းကျမ်းသာ ပြီးပြည့်စုံသွားခဲ့ရင် ဒါဟာ တကယ့်ကို ကြောက်စရာကောင်းမှာ ပဲ။ ဒီနေ့ မင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး၊ သတ်ကြစမ်း။"

ချန်ဧကရာဇ် ယန်ဖန်သည် ဘိုဟေက်စ်ဇာဂရမ် သင်္ကေတ၏ ဓားစွမ်းအင်ကို လက်သီး တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်။ သူ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဘိုဟေက်စ်ဇာဂရမ် သင်္ကေတ၏ ပြင်းထန်သော စိတ်ဆန္ဒက သူ၏ နှလုံးသားကို ဝင်ဆောင့်လိုက်ရာ သူ၏ တာအိုနှလုံးသားကိုပင် တုန်လှုပ်သွားစေလုနီးပါး ဖြစ်ခဲ့ရသည်။ ဤသည်မှာ သူ့ကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရန်အတွက် စွမ်းအင်အပြည့်အဝ စုစည်းရန် အဟန့်အတား ဖြစ်သွားစေသည်။

သူသည် အတွေးတစ်ချက်ဖြင့် သူ၏ တာအိုနှလုံးသားကို ပြန်လည်တည်ငြိမ်အောင် စုစည်းလိုက်ရသည်။

သို့သော်လည်း အချိန်မှာ စက္ကန့်ဝက်မျှ နောက်ကျသွားခဲ့ပြီ။

ထိုအချိန်မှာပင် ခုန်း၊ ရှောက်ရွှိုက်၊ အမှောင်ဧကရာဇ်တာအိုသခင်နှင့် ယန်လျှဲ့တို့လည်း ယန်ဖန်ကဲ့သို့ပင် အခြေအနေမျိုး ကြုံတွေ့နေရသည်။ သူတို့သည် ဟုန်ယွိ၏ ဓားစွမ်းအင် ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း သူတို့၏ တာအိုနှလုံးသားများမှာ ဟုန်ယွိ၏ ဓားစိတ်ဆန္ဒ၏ ကျူးကျော်မှုကို ခံလိုက်ရပြီး သူတို့၏ တာအိုနှလုံးသား အခြေခံအုတ်မြစ်များကို လှုပ်ခါ သွားစေခဲ့သည်။

ဟုန်ယွိ၏ ဓားစွမ်းအင် တစ်ခုချင်းစီမှာ ထိုမဟာပညာရှင် ခြောက်ဦး၏ တာအိုနှလုံးသား အားနည်းချက်များကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး 'ပြောင်းလဲခြင်းကျမ်း' ၏ ဟေက်စ်ဇာဂ ရမ် သင်္ကေတများကို အသုံးပြု၍ သူတို့ စိတ်ဝိညာဉ်များ၏ အနှစ်သာရများကို မေးခွန်း ထုတ်ခြင်းမှာ တကယ့်ကို ထိတ်လန့်စရာပင်။

ဤသည်မှာ ခွန်အားမဟုတ်ဘဲ အမှန်တရား၏ မြစ်ဖျားခံရာ ဖြစ်သည်။

ဟုန်ယွိအနေဖြင့် သူ၏ ခွန်အားတစ်ခုတည်းဖြင့် မဟာပညာရှင် ခြောက်ဦး၏ ပူးပေါင်း တိုက်ခိုက်မှုကို တောင့်ခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သူသည် 'သူတော်စင်ပေါင်းစုံခန်းမ' အတွင်း၌ ပုန်းအောင်းနေလျှင်ပင် ခန်းမကြီးမှာ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပြိုကွဲပျက်စီး သွားပေမည်။

ဝိုင်းရံထားသော မဟာဗျူဟာကို ဖျက်ဆီးပစ်ရမည်သာ။

ဖန်ဆင်းခြင်းသင်္ဘောမှာ သူတော်စင်ပေါင်းစုံ ခန်းမထက် မနိမ့်ကျကြောင်း သိထားရမည် ဖြစ်ပြီး လိပ်ခွံထဲတွင် ပုန်းနေရုံဖြင့် လုံးဝ မဖြစ်နိုင်ပေ။

မိမိ၏ စွမ်းအင် အားလုံးကို အစွမ်းကုန် စုစည်းကာ လျှပ်တပြက် လှုပ်ရှားခြင်းဖြင့်သာ အသက်ရှင်သန်ခြင်း အလင်းတန်းလေးကို ရရှိနိုင်မည် ဖြစ်သည်။

ယခုအခါ ဟုန်ယွိ၏ စွမ်းအားများမှာ ပြန့်ကျဲနေသော်လည်း သူသည် ထိုသူတို့၏ တာအို နှလုံးသားကို တိုက်ရိုက် မေးခွန်းထုတ်ခဲ့သဖြင့် သူတို့၏ စိတ်ထဲရှိ အမှန်တရားများမှာ ဝေဝါးသွားပြီး ရှင်သန်ရန် အခွင့်အရေးလေးကို ရရှိသွားခြင်း ဖြစ်သည်။

ဤမဟာပညာရှင် ခြောက်ဦး၏ တာအိုနှလုံးသားမှာ အလွန်တည်ငြိမ်ပြီး မယိမ်းယိုင်တတ် သော်လည်း ယခုကဲ့သို့ မေးခွန်းထုတ်ခံရမှုကြောင့် သူတို့၏ အတွေးများမှာ နှေးကွေးသွားခဲ့ ရသည်။

“လောကအတွင်း တောင်တန်း၊ ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်၊ လူကြီးလူကောင်း တစ်ဦးသည် လူယုတ်မာတို့နှင့် အလှမ်းဝေးရာတွင် နေထိုင်ရာ၏။" ဤအသက်ရှင်ခွင့် အခွင့်လမ်းလေးကို ရယူရန်အတွက် ဟုန်ယွိသည် တွေဝေမနေခဲ့ပေ။ ဓားစွမ်းအင်များ စုစည်းလာပြီး သူတော်စင်ပေါင်းစုံတို့၏ အစစ်မှန် စွမ်းအင်များ ပေါက်ကွဲထွက်လာကာ သွေးစွမ်းအင်များ တဟုန်ထိုး မြင့်တက်လာပြီး၊ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားတော့ သည်။

ဝှီး….။

သူသည် ကောင်းကင်ယံသို့ ချက်ချင်းပင် "ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ် သင်္ကေတ" ကို အသုံးပြု၍ ခုန်တက်လိုက်သည်။ တခဏအတွင်းမှာပင် သူသည် ပေပေါင်းထောင်ချီ၍ အကွာဝေးသို့ ရောက်ရှိသွားခဲ့ပြီး၊ ထူထပ်လှသော ဝိုင်းရံမှုအတွင်းမှ ရုန်းထွက်နိုင်ခဲ့ရာ ဖိအားများမှာ လျော့ပါးသွားခဲ့သည်။

ဤသည်မှာ သူ လွတ်မြောက်ရန် နောက်ဆုံး အခွင့်အရေးပင်။ ဤဝိုင်းရံမှုမှ ယခုတစ်ကြိမ် လွတ်မြောက်သွားပါက ကောင်းကင်နှင့် မြေကြီးကြားတွင် သူ့ကို လုံးဝ သတ်နိုင်မည့်သူ မရှိတော့ပေ။ အခွင့်အရေးဆိုသည်မှာ တစ်ခါသာ လာတတ်သည် မဟုတ်ပါလား။

သို့သော်လည်း ဟုန်ယွိ လွတ်မြောက်ရန် ခုန်တက်လိုက်စဉ်မှာပင် ကောင်းကင်ယံ၌ တောင်ထိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ဟုန်ယွိ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"နတ်ဘုရားဘိုးဘေးတောင်တန်း၊ တာအိုဘိုးဘေးသုံးဦး။"

ဟုန်ယွိသည် စိတ်ထဲတွင် ဒေါသတကြီး ဟစ်ကြွေးလိုက်မိသည်။

ထိုတောင်တန်း ပေါ်လာသည်နှင့် ပြင်းထန်လှသော နတ်ဘုရားဘိုးဘေး တောင်တန်း၏ မူလစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ဟုန်ယွိဆီသို့ တိုက်ခိုက်လိုက်သည်။

ဤပိတ်ဆို့မှုနှင့် တိုက်ခိုက်မှုမှာ အချိန်ကိုက်ပင် ဖြစ်သည်။ ဟုန်ယွိကို အသက်ရှူဝက်စာခန့် နှေးကွေးသွားစေရန် လုံလောက်သည်။ သူသည် ဝိုင်းရံမှုအတွင်းသို့ ပြန်လည်ကျရောက် တော့မည့် အခြေအနေ ဖြစ်နေသည်။ အချိန်က အလွန်ပင် တန်ဖိုးရှိလှသည်။ ဤအရေးကြီး ဆုံး အခိုက်အတန့်တွင် နတ်ဘုရားဘိုးဘေးတောင်တန်း၏ ပိတ်ဆို့တိုက်ခိုက်မှုမှာ ဟုန်ယွိ ကို သေလမ်းထဲသို့ တွန်းပို့နေသကဲ့သို့ပင်။

ဟုန်ယွိ၏ အခုနက ဓားစွမ်းအင် ခြောက်ခုမှာ သူ၏ တာအိုပညာရပ်များ၊ မှော်လက်နက် များနှင့် သွေးစွမ်းအင်များ အားလုံးကို စုစည်းထားခြင်း ဖြစ်သည်။ ဤပညာရှင်ကြီး ခြောက်ဦး၏ တာအိုနှလုံးသားကို မေးခွန်းထုတ်ပြီး ဝိုင်းရံမှုမှ ဖောက်ထွက်ပြီးနောက် ဟုန်ယွိမှာ အင်အားကုန်ခမ်းလုနီးပါး ခံစားနေရသည်။ အကယ်၍ ယခု ဝိုင်းရံမှုအတွင်း ပြန်လည် ကျရောက်သွားပါက ရလဒ်မှာ တစ်ခုတည်းသာ ရှိသည်၊ ထိုအရာမှာ "သေခြင်း" ပင်။

"အားလုံး ပူးပေါင်းကြစို့။"

ထိုခဏမှာပင် ယွမ်ရှန်းရှန်း၊ ပိုင်ဇိယွဲ့၊ ချန်ယင်းရှာ၊ ရှဲ့ဝန်ယွမ်၊ နင်ဂျာဘုန်းတော်ကြီး၊ ချီလင်၊ အနန္တရွှေဆေးလုံးကလေးနှင့် အခြားသော 'သူတော်စင်ပေါင်းစုံခန်းမ' အတွင်းရှိ သူများအားလုံးသည်လည်း ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် စွမ်းအင်ချင်း ပူးပေါင်း လိုက်ကြသည်။

လူတိုင်း၏ အတွေးစများမှာ ပျံထွက်လာပြီး အတွေးစပေါင်း သိန်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားကာ အစီအရင်ကွက်ကြီးအဖြစ် ပုံဖော်၍ လောင်ကျွမ်းသွားကြသည်။

ဖျစ်.. ဖျစ်…

တဖျစ်ဖျစ် မြည်သံများနှင့်အတူ 'ဉာဏ်ပညာမီးလျှံ' ဟုခေါ်သော အလင်းကွင်းကြီးတစ်ခု ပျံထွက်သွားပြီး 'နတ်ဘုရားဘိုးဘေးတောင်တန်း၏ မူလစွမ်းအင်' နှင့် ထိပ်တိုက်တွေ့သွား သည်။ ကမ္ဘာပျက်မတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

ယွမ်ရှန်းရှန်း၊ ပိုင်ဇိယွဲ့၊ ချန်ယင်းရှာ၊ ရှဲ့ဝန်ယွမ်နှင့် သူတော်စင်ပေါင်းစုံ ခန်းမအတွင်းရှိ အခြားသူများမှာ တပြိုင်နက်တည်း လွင့်စဉ်သွားကြပြီး၊ အားလုံး သွေးကိုယ်စီ အန်ထုတ် လိုက်ရသည်။ သူတို့၏ ယခုကဲ့သို့ အသက်စွန့် တိုက်ခိုက်မှုကြောင့် သူတို့အားလုံး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြသည်မှာ ထင်ရှားလှသည်။

သို့သော် ဤသည်မှာ ဟုန်ယွိ ခုန်မထွက်မီ နတ်ဘုရားဘိုးဘေးတောင်တန်း၏ စွမ်းအင်ကို တားဆီးပေးလိုက်သည့် နောက်ဆုံး ကယ်တင်ရှင် လက်တစ်လှမ်း ဖြစ်လာခဲ့သည်။

ဤအချက်ကပင် ဟုန်ယွိ၏ ဒွန့်ဟေက်စ်ဇာဂရမ် (ရှောင်တိမ်းခြင်း ဟေက်စ်ဇာဂရမ်) သင်္ကေတ၏ စွမ်းအားကို အပြည့်အဝ အသက်ဝင်စေခဲ့သည်။

ဝှီး…..

ပညာရှင်ခြောက်ဦး တိုက်ခိုက်လိုက်သည့် တခဏအတွင်းမှာပင် ဟုန်ယိသည် ကောင်းကင် ယံမှ ပျောက်ကွယ်သွားပြီး ကျယ်ပြောလှသော ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အဆုံးတွင် သူသည် ကောင်းကင်ယံအတွင်းသို့ အောင်မြင်စွာ ထွက်ပြေးသွားနိုင်ခဲ့ပြီ။

"နတ်ဘုရားဘိုးဘေးတောင်တန်း၊ တာအိုဘိုးဘေးသုံးဦး။"

ဟုန်ယွိ လွတ်မြောက်သွားစဉ်မှာပင် သူ လဲကျနေချိန်မှာ ထပ်မံ နှောင့်ယှက် တိုက်ခိုက်ခဲ့ကြ သည့် ထိုဘိုးဘေးကြီးသုံးဦးကို စွဲမြဲစွာ မှတ်သားထားလိုက်ပါတော့သည်။

All Chapters