အခန်း ၆၀၈
Vol. 58 Ch. 608
အခန်း (၆၀၈)။
“မူလဝိညာဉ်နတ်ဘုရား… ခင်ဗျားရဲ့ ဘုံသုံးပါး မူလစွမ်းအင်ရေကန်ဟာ ကမ္ဘာဦးခေတ်က နတ်ဘုရားဘုရင် ငါးပါးထဲ အထွက်အထိပ် နတ်ဘုရားဖြစ်တဲ့ အင်မော်တယ်နတ်ဘုရား ဘုရင်ရဲ့ မှင်ကျောက်တုံးဆိုတာ ကျုပ် သိထားတယ်။ အနောက်ဘက်ဒေသက ရွှေရောင် ဆံပင်နဲ့ ပြာလွင်လွင် မျက်လုံးတွေကို ပိုင်ဆိုင်ကြတဲ့ လူသားတွေမှာ ကမ္ဘာဦးခေတ်က နတ်ဆိုးနတ်ဘုရားတွေရဲ့ သွေးမျိုးဆက်တွေ စီးဆင်းနေကြတယ်။ ခင်ဗျားက သူတို့ကို ကာကွယ်စောင့်ရှောက်ပေးနေတာဆိုတော့ အဲဒီနတ်ဘုရားဘုရင်တွေနဲ့ တနည်းနည်း တော့ သေချာပေါက် ပတ်သက်နေလိမ့်မယ်။ ဒီနေ့ ကျုပ် ခင်ဗျားရဲ့မှတ်ဉာဏ်တွေကို အမြစ်ပြတ် ဆွဲထုတ်လိုက်ရင် အရာအားလုံးရဲ့ အမှန်တရားက ပေါ်လွင်လာမှာပဲ။ ယခု အခြေအနေမှာ ခင်ဗျားက ရုန်းကန်နိုင်သေးတယ်လို့ ထင်နေတာလား။"
ဟုန်ယွိသည် “ထိုက်ကျိ မိုးကြိုးရေကန်” ၏ အစွန်းတွင် မားမားမတ်မတ် ရပ်နေသည်။
မိုးကြိုးရေကန်အတွင်းရှိ မိုးကြိုးစွမ်းအင်တို့မှာ ကျယ်ပြောလှသလို တန်ခိုးအရှိန်ဝါမှာ လည်း ပြင်းထန်လှ၏။ ယင်နှင့်ယန် သီးခြားစီ ကွဲထွက်သွားကာ “ထိုက်ကျိ” ပုံစံတစ်ခု ဖြစ်ပေါ်နေပြီး ထိုထိုက်ကျိပုံစံ၏ ဗဟိုချက်တည့်တည့်တွင်မူ မူလဝိညာဉ်နတ်ဘုရား ရှိနေသည်။
ယခုအခါ သူ၏စိတ်ဝိညာဉ် တစ်ခုလုံးကို ထိုက်ကျိပုံစံ စက်ဝန်းကြီးက လုံးဝဥဿုံ လွှမ်းခြုံ ထားပြီး လျှပ်စီးအမျှင်တို့က ပိုးချည်မျှင်များကဲ့သို့ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ' အကြွင်းအကျန် ကိုးခု” ကို အခိုင်အမာ ရစ်ပတ်ချည်နှောင်ထားသည်။ သူသည် မည်မျှပင် ပြင်းထန်စွာ ရုန်းကန်နေပါ စေ၊ ထိုမိုးကြိုးရေကန်ကြီးထဲမှ အပြင်သို့ ခုန်ထွက် လွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။
ဤ “ထိုက်ကျိ မိုးကြိုးရေကန်” ကြီးတစ်ခုလုံးမှာ “ဖန်းဟွမ်အသက်ဝိညာဉ်ဓား”၊ “ကောင်းကင်ဘုံ တက်လှမ်းခြင်း ရွှေစေတီတော်”၊ “ကောင်းကင်ယှဉ်တွဲလှေကား”၊ ‘အရိုးမိစ္ဆာကျွန်း’၊ ‘ကောင်းကင်မိစ္ဆာ ဝိညာဉ်အရိုးဓား’ နှင့် မိစ္ဆာလမ်းစဉ်၏ မဟာနတ်ဘုရား လက်နက် ခုနစ်ခုတို့၏ မူလစွမ်းအင်များဖြင့် ပေါင်းစပ်သွန်းလုပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့မှာ နတ်ဘုရားတန်ခိုး စွမ်းရည်တို့မှ သန့်စင်ထုတ်လုပ်ထားသော ရတနာများစွာ၏ မူလစွမ်းအင်များ ဖြစ်ကြပြီး၊ မကြာသေးမီကပင် “ဆာဟာရတနာသစ်ပင်” မှ မူလ စွမ်းအင် အချို့ကိုလည်း ထည့်သွင်းထားသေးသဖြင့် ဤလောကတွင် နံပါတ်တစ် မိုးကြိုးရေကန် အဖြစ် ကျော်ကြားခဲ့သော ‘နေလစကြဝဠာ ဆေးပေါင်းအိုးကြီး’ ကိုပင် ကျော်လွန်ကာ အစွမ်းထက်ဆုံး မိုးကြိုးရေကန်ကြီး ဖြစ်လာခဲ့လေပြီ။ ပြင်းထန်စွာ ဒဏ်ရာရထားသော မူလဝိညာဉ်နတ်ဘုရားအဖို့ မိုးကြိုးရေကန်ထဲမှ ရုန်းထွက်ရန်မှာ လုံးဝ မဖြစ်နိုင်တော့သည့် ကိစ္စပင်။
အကယ်၍ သူသာ သူ၏အထွက်အထိပ် အခြေအနေတွင် ရှိနေပြီး၊ စွမ်းအင် အပြည့်အဝ ရှိနေပါက “ဖန်ဆင်းရှင်” တစ်ပါး၏ ထူးခြားသော အစွမ်းဖြင့်ဆိုလျှင် ဤရေကန်မှာ သူ့ကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သူသည် ဟုန်ယွိ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသလို၊ ဟုန်ရွှန်ကျိ၊ ယန်ဖန် နှင့် “ယန်လျှဲ့” တို့၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြိုကွဲ ပျက်ဆီးသွားခဲ့ရပြီ။ သူသည် လုံးဝဥဿုံ သေဆုံးသွားခြင်း မရှိသေးသော်လည်း စိတ်ဝိညာဉ် တို့မှာမူ အကြီးအကျယ် ပြိုလဲနေပြီ ဖြစ်သဖြင့် မည်မျှပင် ရုန်းကန်နေပါစေ အချည်းနှီးသာ ဖြစ်တော့သည်။
"ဟုန်ယွိ... မင်း ငါ့ကို သန့်စင်ချင်နေတာ ငါသိပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ်လို့ ငါသာ ချောင်းမြောင်းတိုက်ခိုက် မခံရဘူးဆိုရင် မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ။ တကယ်လို့ ငါက မင်းနဲ့ တစ်ယောက်ချင်း တိုက်ခိုက်လို့ ရှုံးနိမ့်ပြီး အဖမ်းခံရတာဆိုရင်တော့ ငါ့အနေနဲ့ ဘာမှ ပြောစရာ မရှိဘူး။ ဒါပေမဲ့ အခုတော့ ငါ လုံးဝ မကျေနပ်ဘူး။ ငါ့ ဒီတိုင်း ခေါင်းငုံ့ခံပြီး အရှုံးမပေးနိုင်ဘူး။ နာကျည်းတယ်... နာကျည်းတယ်... နာကျည်းတယ်... နာကျည်းတယ်..."
ပြင်းထန်သော နာကျည်းဝိညာဉ်များသည် မူလဝိညာဉ်နတ်ဘုရား၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာပြီး မိုးကြိုးရေကန်အတွင်းရှိ လှိုင်းလုံးများမှာလည်း တစ်စတစ်စ ပိုမို ကြီးမားလာ ခဲ့သည်။
"ဘာကို နာကျည်းနေတာလဲ။ ခင်ဗျားရယ်၊ အမှောင်ဧကရာဇ် တာအိုသခင်ရယ်၊ ခုန်းရယ် ဟာ ကျုပ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်နေချိန်မှာ ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့ကြတာပဲ။ အဲဒီတုန်းက ကျုပ် ဘာနာကျည်းမှုမှ မရှိခဲ့ဘူး။ ခင်ဗျား ချောင်းမြောင်းတိုက်ခိုက်ခံရတာ ဟာ တခြားလူကို အပြစ်တင်လို့ မရဘူး၊ ခင်ဗျားရဲ့ ကံဆိုးမှုလို့ပဲ မှတ်လိုက်ပါ။ ခင်ဗျား မကျေနပ်လို့ကော ဘာထူးမှာလဲ။ ခင်ဗျား ပြန်လာနိုင်ဦးမယ်လို့ တကယ်ပဲ ထင်နေတာ လား။"
သဘာဝအတိုင်း ဟုန်ယွိက မတုန်မလှုပ်၊ တည်ငြိမ်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက် သည်။
"ကမ္ဘာဦးခေတ် မဟာနတ်ဘုရားဘုရင် ငါးပါးဖြစ်တဲ့ “အင်မော်တယ် နတ်ဘုရားဘုရင်”၊ “မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်”၊ “အသက်ချွေ နတ်ဘုရားဘုရင်”၊ “ကော့လီ နတ်ဘုရားဘုရင်” နဲ့ “အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်” တို့ရော ခင်ဗျားနဲ့ ဘယ်လို ပတ်သက်နေလဲ။ ခင်ဗျားရဲ့ မှတ်ဉာဏ်တွေက အရမ်းများလွန်းတယ်။ အဲဒါတွေကို ထုတ်ယူ ပြီးရင် တစ်ခုချင်းစီ လိုက်ကြည့်ဖို့တောင် ကျုပ်အတွက် ခက်လိမ့်မယ်။ အခု ခင်ဗျား ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ပြောပြမယ်ဆိုရင် ခင်ဗျားရဲ့ စိတ်ဝိညာဉ် သန့်စင်ခံရတဲ့ နာကျင်မှုကနေ ကင်းဝေးလိမ့်မယ်။" ဟုန်ယွိက ဆိုသည်။
"မူလဝိညာဉ်နတ်ဘုရားလို ပုဂ္ဂိုလ်မျိုး ဒီလိုနေ့မျိုး ရောက်လာလိမ့်မည်ဟု ငါ မထင်ထားခဲ့ ဘူး။ သူ့ဆီကနေ လျှို့ဝှက်ချက်တွေနဲ့ တာအိုနည်းစနစ်တွေ အများကြီး ရနိုင်တယ်။ သူ့ကို ရလိုက်တာဟာ ‘အနှစ်သာရသွေးနှင့် မူလဝိညာဉ်စုစည်းမှုကျမ်း’ ကို အရှင်လတ်လတ် ကော်ပီတစ်စုံ ရလိုက်သလိုပဲ။ ငါတို့ ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုတုန်းက ရှေးဟောင်း စာအုပ်တွေ အများကြီးကို ဖတ်ရှုလေ့လာခဲ့ကြတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက် အလက် နှစ်ခုကိုတော့ ငါတို့ မရခဲ့ဘူး။ ပထမတစ်ခုက ကမ္ဘာဦးခေတ် နတ်ဆိုးနတ်ဘုရား ခေါင်းဆောင်တွေရဲ့ လျှို့ဝှက်ချက်နဲ့၊ ဒုတိယတစ်ခုကတော့ ‘ကောင်းကင်အပြင်ပနယ်မြေ’ ရဲ့ လျှို့ဝှက်ချက်ပဲ။ ဒီလျှို့ဝှက်ချက် နှစ်ခုဟာ နန်းတွင်းစာကြည့်တိုက်မှာပဲ ရှိနိုင်တာ။ ဒါပေမဲ့ ဒီနေ့တော့ မူလဝိညာဉ်နတ်ဘုရားရဲ့ မှတ်ဉာဏ်တွေဆီကနေ ငါတို့ သဲလွန်စအချို့ ကို မြင်တွေ့ရတော့မယ်။"
ရှဲ့ဝန်ယွမ်လည်း မိုးကြိုးရေကန်ဘေးတွင် ရပ်နေ၏။ ရေကန်ထဲမှ မိုးကြိုးရေများက သူ၏ ခန္ဓာကိုယ်ကို တစ်ခါတစ်ရံ လွင့်စင်လာသော်လည်း ဤမိုးကြိုးရေများသည် နူးညံ့သိမ်မွေ့ သဖြင့် သူ၏ ခန္ဓာကိုယ်ကို မည်သည့် အန္တရာယ်မှ မပေးနိုင်ပေ။
...
"ကြမ်းတမ်းတဲ့ မူလစွမ်းအင်... အင်မော်တယ် အစစ်မှန်ကြယ်... နတ်ဆိုးအကျဉ်းထောင်ရဲ့ အဆုံးစွန် ငါးပါး... နတ်ဘုရားဘုရင် စကြဝဠာ လည်ပတ်ခြင်း... စုစည်းစမ်း။"
ရှဲ့ဝန်ယွမ် စကားပြောနေစဉ်မှာပင် မိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာရှိ မူလဝိညာဉ် နတ်ဘုရားသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံး နေရာမှ ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးရေကန်ကို တဖျစ်ဖျစ် တုန်ခါသွားစေသည်။ မိုးကြိုးရေများမှာ အဟုန်ပြင်းစွာ ထိုးတက်လာပြီး ထိုက်ကျိပုံစံ စက်ဝန်းကြီးမှာလည်း ကွဲအက်သွားသည်။ ဖရိုဖရဲ ကောင်းကင်အမြုတေ အကြွင်းအကျန် ရှစ်ခုမှာ ၎င်းအတွင်း၌ ပြန်လည် စုစည်းရန် ကြိုးစားနေကြသည်။ တစ်ချိန်တည်းမှာပင် “ဘုံသုံးပါး မူလစွမ်းအင်ရေကန်” နှင့် ‘ရှေးဟောင်း ရာရှိုမွန်တံခါး’ တို့မှာလည်း အပြင်းအထန် လှုပ်ရှားလာပြီး သူ့ထံသို့ ပျံသန်းသွားရန် ကြိုးစားလာကြသည်။
"ဒါ ဘယ်လို စိတ်ဆန္ဒမျိုးလဲ။" မူလဝိညာဉ်နတ်ဘုရား ပေါက်ကွဲထွက်လာသောအခါ ဟုန်ယွိလည်း ထိတ်လန့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤစိတ်ဆန္ဒမှာ မူလဝိညာဉ်နတ်ဘုရား၏ စိတ်ဆန္ဒ မဟုတ် ကြောင်း သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ၎င်းမှာ မူလဝိညာဉ်နတ်ဘုရားထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေပြီး ‘ခုန်း’ ၏ အရှိန်အဝါမျိုး၊ သို့မဟုတ် ရှေးခေတ် နတ်ဆိုးနတ်ဘုရားတစ်ပါး၏ အရှိန်အဝါမျိုး ရှိနေသည်။
ထိုသို့သော စိတ်ဆန္ဒပေါင်း ငါးခု ရှိနေသည်။ ၎င်းတို့သည် တောင်တန်းများ၊ သမုဒ္ဒရာများ၊ ကောင်းကင်ဘုံနှင့် ငရဲဘုံတို့ကဲ့သို့ပင် ပြင်းထန်လှပြီး ဟုန်ယွိ၏ တာအိုနှလုံးသားဆီသို့ တိုက်ရိုက် ဦးတည် တိုက်ခိုက်လာကြသည်။
ဟုန်ယွိသည် ‘ပြောင်းလဲခြင်းကျမ်း’ ၏ ဓားချက်ဖြင့် ပညာရှင် ခြောက်ဦး၏ တာအို နှလုံးသားကို လှုပ်ခါခဲ့သလိုပင်၊ မူလဝိညာဉ်နတ်ဘုရား၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ် လာသော ဤနတ်ဆိုးနတ်ဘုရား ငါးပါး၏ စိတ်ဆန္ဒများမှာလည်း ထိုသို့သော အစွမ်းမျိုးကို ပိုင်ဆိုင်ကြသည်။
"ဘယ်သူလဲ၊ ဘယ်သူက ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်တွေကို သတ်ဖြတ်ချင်နေ တာလဲ..."
ရှေးဦးခေတ်ကာလမှ ထွက်ပေါ်လာသကဲ့သို့ ခက်ထန်ပြီး ရက်စက်ကြမ်းကြုတ်သော အသံတစ်ခုသည် ဟုန်ယွိ၏ စိတ်အာရုံ အနက်ရှိုင်းဆုံးနေရာ၌ ပဲ့တင်ထပ်လာသည်။ ဟုန်ယွိသည် သူကိုယ်သူ တစ်ကျော့ပြန် ထောင်ချောက်ထဲ မိနေသကဲ့သို့ ခံစားလိုက်ရ သည်။
ဟုန်ယွိကို ဝိုင်းရံထားကြသူများမှာ အမည်မသိ ထူးဆန်းသော သက်ရှိငါးခု ဖြစ်သည်။ သူတို့ ၏ အတိုင်းအဆမဲ့ မှော်စွမ်းအားများက ဟုန်ယွိ၏ အသိဉာဏ်နှင့် အတွေးစအားလုံးကို တိုက်ရိုက် ဖိနှိပ်ထားရာ ဟုန်ယွိမှာ လှုပ်ရှား၍ပင် မရတော့ပေ။
ထိုအမည်မသိ သက်ရှိငါးခုမှာ "ဖရိုဖရဲနယ်မြေ" အတွင်း ပုန်းကွယ်နေကြပြီး၊ ထိုအထဲမှ တစ်ဦးမှာ "ငှက်ဦးခေါင်းနှင့် လူသားခန္ဓာကိုယ်"ကို ပိုင်ဆိုင်ကာ ဦးခေါင်းပေါ်တွင် သွေးကဲ့ သို့ အနီရောင်တောက်တောက် အမောက်ပါသည့် ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်ပင် ဖြစ်သည်။
ဆန်းကြယ်သော ထိုအတွေးစ စိတ်ဆန္ဒငါးခုမှာ ဟုန်ယွိ၏ တာအိုနှလုံးသားကို တိုက်ရိုက် တိုက်ခိုက်လာရာ၊ ဟုန်ယွိမှာ မကြာသေးမီက မဟာပညာရှင်ကြီး ခြောက်ဦး၏ ဝိုင်းရံမှုကို ခံခဲ့ရစဉ်ကကဲ့သို့ ပြင်းထန်သော အန္တရာယ်ကို တစ်ဖန် ပြန်လည် ခံစားလိုက်ရသည်။
"ဟွန်း…၊ ဒါတွေက ကြွင်းကျန်ရစ်တဲ့ စိတ်ဆန္ဒငါး ခုပဲလေးပဲ။ အစစ်မှန် ခန္ဓာကိုယ်နဲ့ အစစ်မှန် စွမ်းအင်မပါဘဲ ကျုပ်ကို တိုက်ခိုက်ချင်နေတာလား။"
ဟုန်ယွိသည် ချက်ချင်းပင် သတိပြန်ဝင်လာပြီး သူ၏ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။ သူ၏ အတွေးစများမှ ဉာဏ်ပညာမီးလျှံများ ထွက်ပေါ်လာကာ သူ၏ စိတ်ဝိညာဉ် အတွေးစများထဲသို့ ကျူးကျော်ဝင်ရောက်လာသော ထိုစိတ်ဆန္ဒ ငါးခုကို ချက်ချင်းပင် လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးရေကန်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်လာတော့သည်။
"ထိုက်ကျိမိုးကြိုးနဂါးတွေ... အားလုံး ထွက်လာကြစမ်း။"
ချက်ချင်းပင် ငွေရောင်လူသား ကိုးဦးသည် ထိုက်ကျိ မိုးကြိုးရေကန်အတွင်းမှ ထွက်ပေါ် လာသည်။ သူတို့၏ ဦးခေါင်းတွင် ငွေရောင်ဦးချိုများ ရှိနေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် မိုးကြိုးပုံစံ အစင်းကြောင်းများဖြင့် ပြည့်နှက်နေကာ အောက်ပိုင်းတွင်မူ အင်္ဂါအစိတ်အပိုင်း များ မရှိပေ။ သူတို့သည် ဒဏ္ဍာရီထဲလာ မုန့်ရှန်းကျီ၏ 'မီးလျှံနဂါးကိုးကောင်' နှင့် အလွန်ပင် ဆင်တူသည်။
ဤထိုက်ကျိ မိုးကြိုးနဂါး ကိုးကောင် ပေါ်လာသည်နှင့် တပြိုင်နက် မိုးကြိုးရေများကို ထိန်းချုပ်လိုက်ပြီး သန်းပေါင်းများစွာသော ထိုက်ကျိမိုးကြိုးများကို ပစ်လွှတ်လိုက်ရာ မူလ ဝိညာဉ်နတ်ဘုရား၏ စိတ်ဝိညာဉ်မှာလည်း တစ်ဖန် ပြန်လည် အပိုင်းပိုင်း ပြိုကွဲသွားရပြန် သည်။
"မိုးကြိုး အမြုတေ"
ဝုန်း…. ဝုန်း….
ထိုက်ကျိမိုးကြိုးနဂါး ကိုးကောင်သည် တစ်ကောင်စီ မိုးကြိုးအမြုတေ တစ်ခုစီကို ထွေးထုတ်လိုက်ကြပြီး မီးလျှံအမြုတေကဲ့သို့ပင် မူလဝိညာဉ်နတ်ဘုရား၏ စိတ်ဝိညာဉ်ပေါ် တွင် ပေါက်ကွဲသွားကြသည်။ မိုးကြိုးရေကန်အတွင်းရှိ နဂါးများသည် ရေကန်၏ စွမ်းအင် ကို အသုံးပြု၍ အဆက်မပြတ် ကြီးထွားလာကြပြီး အပြင်ဘက်တွင် ရှိစဉ်ကထက် အဆပေါင်းများစွာ ပိုမို သန်မာလာကြသည်။
"ကျွန်တော်တို့ကို အသက်သစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်။ ကျွန်တော်တို့ ဟာ သခင်ကို မကူညီနိုင်ခဲ့ဘဲ မိစ္ဆာမျောက်ဝံကြီးခုန်းရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ကျွန်တော်တို့ကို အပြစ်ပေးပါ သခင်။"
မိုးကြိုးရေကန်အတွင်းရှိ အခြေအနေကို ထိန်းညှိပြီးနောက် မိုးကြိုးနဂါးကိုးကောင်မှာ အော်ဟစ်လိုက်ကြသည်။ သူတို့တွင် မသေခင်က ရှိခဲ့သော အတွေးစများ ရှိနေသေးပြီး၊ ၎င်းတို့မှာ ပြန်လည် တည်ဆောက်ထားခြင်းမျိုး မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့၏ အသိဉာဏ်ကို စုစည်းနိုင်ကြီးပြီး စစ်မှန်သော သက်ရှိများ ဖြစ်လာကြပြီ။ ဤသည်မှာ “ဖန်ဆင်းရှင်” တစ်ပါး၏ နက်နဲသော အစွမ်းပင် ဖြစ်သည်။
...
"ဒါ မင်းတို့ အပြစ် မဟုတ်ပါဘူး။ မိစ္ဆာမျောက်ဝံကြီးခုန်းက အရမ်းကို အစွမ်းထက်ပြီး အတိုင်းအဆမဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒီမိုးကြိုးရေကန်ထဲမှာတောင် မင်းတို့ က သူ့ကို မယှဉ်နိုင်တာ၊ အပြင်မှာဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး။" ဟုန်ယွိက ဆိုသည်။ "အခု မိုးကြိုးရေကန်ကို ထိန်းချုပ်ပြီး မူလဝိညာဉ်နတ်ဘုရားရဲ့ စိတ်ဝိညာဉ်ကို ဖြိုခွဲလိုက်စမ်း။"
အမိန့်ပေးပြီးနောက် ဟုန်ယွိသည် လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ပြန်သည်။ "“ဆာဟာ ရတနာသစ်ပင်”... အကိုင်းအခက် ထောင်ပေါင်းများစွာနဲ့ သစ်ရွက် ထောင်ပေါင်းများစွာ... ရိုက်နှက်ကြစမ်း။"
“သူတော်စင်ပေါင်းစုံခန်းမ” အမိုးပေါ်ရှိ “ဆာဟာရတနာသစ်ပင်” မှ ထောင်ပေါင်းများစွာ သော အကိုင်းအခက်နှင့် သစ်ရွက်များသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး မိုးကြိုး ရေကန်အတွင်းသို့ ရိုက်နှက်ကြသည်။ ဗြန်း... ဗြန်း... ဗြန်း...
ဘုန်း….
ဤကဲ့သို့ ရိုက်နှက်မှုကို ခံလိုက်ရပြီးနောက် မူလဝိညာဉ်နတ်ဘုရား၏ စိတ်ဝိညာဉ်မှာ နောက်ဆုံးတွင် ပေါက်ကွဲပျက်စီးသွားတော့သည်။ “'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ' အကြွင်းအကျန်များမှာ ကွဲအက်သွားခဲ့ပြီး ဖရိုဖရဲ အတွေးစများနှင့် လူရုပ်သေး သေးလေးပုံစံ များစွာအဖြစ် ပြောင်းလဲသွားသည်။
ထိုလူရုပ်ပုံစံ သေးသေးလေးများသည် မြွေအမြီးနှင့် လူသားကိုယ်ထည်ပုံစံများ ဖြစ်ကြပြီး၊ မူလဝိညာဉ်နတ်ဘုရား လူသားအသွင် မပြောင်းခင်က ရှိခဲ့သော မူလပုံစံပင် ဖြစ်သည်။
မူလဝိညာဉ်နတ်ဘုရားသည် မူလအသွင်သို့ ပြန်ရောက်သွားခြင်း ဖြစ်သည်။
"မှတ်ဉာဏ်ခွဲထုတ်ခြင်း... ရိုက်နှက်ကြစမ်း။"
မူလဝိညာဉ်နတ်ဘုရားသည် သူ၏မူလအသွင်သို့ ပြန်ရောက်သွားပြီးနောက် ဟုန်ယွိ၏ ပြင်းထန်သော မှော်စွမ်းအားများမှာ စတင် လှုပ်ရှားလာသည်။ အတွေးစများနှင့် မှတ်ဉာဏ် များမှာ အတင်းအဓမ္မ ခွဲထုတ်ခြင်း ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ‘ဟင်းလင်းပြင် သူရဲကောင်းမှတ်တမ်း’ စာအုပ်က ပျံထွက်လာပြီး မူလဝိညာဉ်နတ်ဘုရား၏ မှတ်ဉာဏ်များ ကို စုပ်ယူလိုက်သည်။
‘သူရဲကောင်းမှတ်တမ်း’ သည် ‘အရိုးဖြူပညာရှင်’ ၏ မှတ်ဉာဏ်များကို စုပ်ယူပြီးကတည်း က ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။ ယခု မူလဝိညာဉ်နတ်ဘုရား၏ မှတ်ဉာဏ်များမှာ အရိုးဖြူပညာရှင်ထက်ပင် ပိုမို များပြားလှသဖြင့် ဤကျောက်စိမ်းစာအုပ်လေးမှာ ခံနိုင်ရည် မရှိတော့ပေ။
သို့သော် ဟုန်ယွိတွင် ကိုယ်ပိုင်နည်းလမ်း ရှိသည်။
"ရှေးဟောင်း ရာရှိုမွန်တံခါး။ ဘုံသုံးပါး မူလစွမ်းအင်ရေကန်။"
မိုးကြိုးရေကန်ထဲမှ မှော်ရတနာ နှစ်ခုကို သူ ဖမ်းယူလိုက်ပြီး ၎င်းတို့ကို ညွှန်ပြလိုက်သည်။
"ဖြိုခွဲခြင်း အစီအရင်…"
ဟုန်ယွိအနေဖြင့် ဗုဒ္ဓသင်္ကန်းတော်ကိုပင် ဖြိုခွဲနိုင်ခဲ့သည်ဆိုလျှင် ဤမှော်ရတနာ နှစ်ခုမှာ ပြောနေစရာပင် မလိုတော့ပေ။ ခဏချင်းအတွင်းမှာပင် ပြင်းထန်သော မှော်စွမ်းအားများ သည် မှော်ရတနာ နှစ်ခုအတွင်းသို့ စီးဝင်သွားပြီး ရှေးဟောင်း ရာရှိုမွန်တံခါး၏ ပုံရိပ်ယောင် အစီအရင်များကို ဟုန်ယွိက အပြည့်အစုံ လေ့လာလိုက်သည်။
ဝုန်း….
‘ရှေးဟောင်း ရာရှိုမွန်တံခါး’ သည် ထောင်ပေါင်းများစွာသော ပုံရိပ်ယောင် အစီအရင်များ အဖြစ် ပြောင်းလဲသွားပြီး ‘သူရဲကောင်းမှတ်တမ်း’ အတွင်းသို့ တစ်ခုပြီးတစ်ခု ဝင်ရောက် သွားသည်။ စာအုပ်မှာ ရုတ်တရက် ကြီးထွားလာပြီး ဝေဝါးသော ပုံရိပ်သဏ္ဌာန်များ ဖြစ်ပေါ် လာကာ အလိုအလျောက် ပျံတက်သွားပြီး အနှိုင်းမဲ့သော မှော်ရတနာတစ်ခု ဖြစ်လာခဲ့ သည်။
သို့သော် ဟုန်ယွိအနေဖြင့် ကျေနပ်အားရမူ မရှိသေးပေ။ သူသည် “ဘုံသုံးပါးမူလစွမ်းအင် ရေကန်” ကို ကြည့်လိုက်သည်။ ၎င်းမှာ အမှန်တကယ်ဆို မှင်ကျောက်တုံးတစ်ခု ဖြစ်သည်။ မှင်ကျောက်တုံးပေါ်ရှိ ပျစ်ခဲနေသော မှင်များမှာ သာမန်မှင်များ မဟုတ်ဘဲ ကမ္ဘာဦးခေတ် နတ်ဘုရားဘုရင်တစ်ပါး၏ သွေးများ ဖြစ်နေသည်။ ၎င်းတွင် အလွန်တရာ ပြင်းထန်သော စွမ်းအင်များ ကိန်းဝပ်နေ၏။
သူ၏ လက်ဖြင့် ဆုပ်ကိုင်ဟန်ပြုလိုက်ရာ “ဘုံသုံးပါးမူလစွမ်းအင်ရေကန်” မှာ ကြေမွသွား ပြီး နတ်ဘုရားဘုရင်၏ သွေးအားလုံးကို ‘သူရဲကောင်းမှတ်တမ်း’ အတွင်းသို့ ထည့်သွင်း လိုက်သည်။
စာအုပ်တစ်ခုလုံး တစ်ဖန် ပြောင်းလဲသွားပြန်သည်။