အခန်း ၆၀၉
Vol. 58 Ch. 609
အခန်း (၆၀၉)။
ဝူး... ဝူး... ဝူး...
စာအုပ်အတွင်းရှိ မှတ်ဉာဏ်များစွာမှာ အရူးအမူး စီးဆင်းနေပြီး ခွဲထုတ်ထားသော မှတ်ဉာဏ်များသည် နတ်ဘုရားဘုရင်၏ သွေးကြောင့် ပြန်လည် ရှင်သန်လာတော့မည့် အတိုင်း ဖြစ်လာနေသည်။
"အရမ်း အစွမ်းထက်တာပဲ။ ကမ္ဘာဦး နတ်ဘုရားဘုရင် ငါးပါးဟာ ခုန်းထက်တောင် ပိုပြီး အစွမ်းထက်ကြတယ်။ သူတို့အားလုံးဟာ “လေဟာနယ် ဖျက်ဆီးခြင်းအဆင့်” ကို ရောက်ရှိ ခဲ့တဲ့ ပညာရှင်တွေ ဖြစ်ပုံရတယ်။ သူတို့ဟာ မွေးကတည်းက အတိုင်းအဆမဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားကြတာပဲ။" ဟုန်ယွိက သန့်စင်နေရင်းမှ အံ့သြစွာ ရေရွတ်လိုက်သည်။
‘သူရဲကောင်းမှတ်တမ်း’ သည် အဆက်မပြတ် လည်ပတ်နေပြီး နောက်ဆုံးတွင် လူတစ်ရပ် ခန့် မြင့်သော ရှေးဟောင်း စာအုပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုစာအုပ်မှာ စိမ်းရောင် လည်း မဟုတ်၊ ပြာရောင်လည်း မဟုတ်ဘဲ ရှေးဆန်ပြီး မြင့်မြတ်သော အရောင်မျိုး ဖြစ်နေ သည်။
ထိုစာအုပ်ကို သူတော်စင်ပေါင်းစုံခန်းမ၏ ဗဟိုတွင် တည့်တည့်မတ်မတ် ထားလိုက်သည်။
မူလဝိညာဉ်နတ်ဘုရား၏ မှတ်ဉာဏ်အားလုံးမှာ စာအုပ်အတွင်းသို့ တစ်ခုပြီးတစ်ခု စုပ်ယူ ခြင်း ခံလိုက်ရသည်။ စုပ်ယူပြီးစီးဆီးရန် တစ်ရက်နှင့် တစ်ည အချိန်ယူခဲ့ရသည်။ ထိုအချိန် ရောက်မှသာ မူလဝိညာဉ်နတ်ဘုရား၏ ဘဝတစ်သက်တာလုံး ကျင့်ကြံခဲ့သော သိုင်းပညာ များ၊ တာအိုနည်းစနစ်များ၊ အတွေ့အကြုံများ၊ နားလည်သဘောပေါက်မှုများ၊ သိကျွမ်းခဲ့ သူများနှင့် အတွေးစများ အားလုံး စာအုပ်အတွင်းသို့ ရောက်ရှိသွားတော့သည်။
"ကောင်းလိုက်တာ။ “သူတော်စင်ပေါင်းစုံခန်းမ” ဆိုတာ မြင့်မြတ်တဲ့ နေရာ၊ စာအုပ်တွေရဲ့ တံခါးနဲ့ အသိဉာဏ်ပညာရဲ့ ရင်းမြစ်ပဲ။ ကံမကောင်းတာက ဒီတံခါးကို တကယ် ထိန်းချုပ် နိုင်မယ့် စာအုပ်မျိုး မရှိခဲ့ဘူး။ အရင်က ‘သူရဲကောင်းမှတ်တမ်း’ ဆိုတာ သာမန်စာအုပ်လေး တစ်အုပ်ပဲ။ အခုတော့ ရှေးဟောင်း ရာရှိုမွန်တံခါးနဲ့ ပေါင်းစပ်လိုက်ပြီဆိုတော့ တကယ့်ကို နတ်ဘုရား စာအုပ်တစ်အုပ် ဖြစ်လာပြီ။ အံ့သြစရာကောင်းတဲ့ အစွမ်းတွေကို ပြသနိုင်တော့ မှာပါလေ။"
ရှဲ့ဝန်ယွမ်က အံ့သြစွာ ပြောလိုက်သည်။
"ရာရှိုမွန်တံခါးမှာ အစစ်အမှန်နဲ့ ပုံရိပ်ယောင်တွေကို ခွဲခြားနိုင်တဲ့ အစွမ်းရှိတယ်။ အဲဒါကို စာအုပ်ထဲ ထည့်သွင်းလိုက်ပြီဆိုတော့ စာဖတ်သူတွေရဲ့ စိတ်ဝိညာဉ်တွေ ပျောက်ဆုံးသွား မှာကို စိုးရိမ်နေစရာ မလိုတော့ဘူး။ ဒီနည်းနဲ့ လူတိုင်း ဒီစာအုပ်ကို ဖတ်နိုင်မယ်။ ပညာရှင် တွေရဲ့ မှတ်ဉာဏ်တွေနဲ့ “ဖန်ဆင်းရှင်” တွေရဲ့ အတွေ့အကြုံတွေကို နားလည်နိုင်ကြလိမ့် မယ်။" ဟုန်ယွိက ဆိုသည်။ "ဒီနည်းနဲ့ မင်းတို့ ဒီနေ့ ဆုံးရှုံးသွားခဲ့တာတွေကို ပြန်ဖြည့်ဆည်း ပေးနိုင်မှာပါ။"
"မူလဝိညာဉ်နတ်ဘုရားရဲ့ အတွေးစတွေက အများကြီးပါလား၊ တကယ့်ကို ကြီးမားလွန်း တယ်..."
“ယွမ်ရှန်းရှန်း” ၏ အသံ ထွက်ပေါ်လာသည်။ မိုးကြိုးရေကန်ကို ကြည့်လိုက်စဉ် အနည်းဆုံး အတွေးစပေါင်း ၁၀၀,၀၀၀ ကျော် ရှိနေသဖြင့် သူမ အံ့သြမဆုံး ဖြစ်နေသည်။
"မှန်တယ်၊ ဒါတွေဟာ “ဖန်ဆင်းရှင်” တစ်ပါးရဲ့ အတွေးစတွေပဲ။ အဆင့်ခြောက် မိုးကြိုး ကပ်ဘေး ပညာရှင်တွေရဲ့ အတွေးစတွေ မဟုတ်ဘူး။ မင်းတို့ရဲ့ စိတ်ဝိညာဉ်ထဲ ဒီအတွေးစ တွေကို ထည့်သွင်းလိုက်တာနဲ့ မင်းတို့ရဲ့ မှော်စွမ်းအားတွေ ချက်ချင်း တိုးတက်လာလိမ့် မယ်။ တာအိုဘိုးဘေး သုံးဦးဟာ ‘မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ’ ရဲ့ ပထမ အဆင့်ကနေ ဆဌမအဆင့်အထိ အတွေးစပေါင်း သန်းနဲ့ချီပြီး စုဆောင်းထားကြပေမဲ့ သူတို့ဆီမှာ “ဖန်ဆင်းရှင်” အဆင့် အတွေးစမျိုး တစ်ခုမှ မရှိဘူးလို့ ငါ သေချာပေါက် ပြောရဲ တယ်။"
ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်ပြီး "အချိန်မဖြုန်းကြနဲ့တော့။ မင်းတို့အားလုံး မင်းတို့ရဲ့ မှော်စွမ်းအားတွေကို အမြန်ဆုံး ပြန်လည် ကုသကြပါ။" ပြောလိုက်သည်။
...
ချက်ချင်းပင် “ယွမ်ရှန်းရှန်း”၊ ရှဲ့ဝန်ယွမ်၊ “ပိုင်ဇိယွဲ့”၊ ချန်ယင်းရှာ၊ ကြင်ယာတော်ယွမ်နှင့် တခြားသူများသည် မူလဝိညာဉ်နတ်ဘုရား၏ အတွေးစများကို ခွဲဝေယူကြပြီး သူတို့၏ စိတ်ဝိညာဉ်အတွင်းသို့ ထည့်သွင်းလိုက်ကြသည်။ လူတိုင်း ဆုံးရှုံးသွားသော မှော်စွမ်းအား များကို ပြန်လည် ဖြည့်ဆည်းနိုင်ခဲ့ကြပြီး စွမ်းအားများလည်း အကြီးအကျယ် တိုးတက်လာ ခဲ့သည်။ နောင်တွင် သူတို့၏ အတွေးစများမှာ အလွယ်တကူ ပျက်စီးသွားလိမ့်မည် မဟုတ် တော့ပေ။
မုကလေး၊ ရွှေပင့်ကူနှင့် မြေခွေးမလေး သုံးဦးတို့ပင်လျှင် အတွေးစ အနည်းငယ်စီ ရရှိခဲ့ကြ ပြီး သူတို့၏ ပင်မအတွေးစများအဖြစ် အသုံးပြုနိုင်ခဲ့ကြသည်။
ဤသည်မှာ ဟုန်ယွိ အရင်က အမှောင်ဧကရာဇ် တာအိုသခင်ဆီမှ ရှစ်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ထားသော နတ်ဘုရားအသိစိတ်ကို ရရှိခဲ့စဉ်ကနှင့် ဆင်တူသည်။ ထိုအစွမ်းဖြင့် သူသည် မိမိထက် အဆပေါင်းများစွာ သန်မာသော ရန်သူများကို သတ်ဖြတ် နိုင်ခဲ့သည်။
"ဒီတစ်ခေါက် အမဲလိုက်ခံရတာ ကံကောင်းခြင်းတစ်ရပ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အန္တရာယ်လည်း တကယ်ကို များလှတယ်။ မူလဝိညာဉ်နတ်ဘုရားရဲ့ မှတ်ဉာဏ်တွေနဲ့ မဟာနတ်ဘုရားဘုရင် ငါးပါးအကြောင်းကို ငါ တစ်ချက် ကြည့်လိုက်ဦးမယ်။"
လူတိုင်း၏ မှော်စွမ်းအားများ တိုးတက်လာသည်ကို မြင်သောအခါ ဟုန်ယွိ စိတ်သက်သာ ရာ ရသွားသည်။ သူ၏ အင်အားစုများ တစ်ဖန် ကြီးထွားလာပြီဖြစ်ရာ နောင်တွင် ဧကရာဇ် ယန်ဖန်က သူ့ကို သတ်ရန် ကြိုးစားလာလျှင်ပင် သူ ကြောက်နေတော့မည် မဟုတ်ပေ။ သို့သော် သူ၏ စိတ်ထဲတွင် တစ်ခုတော့ ရှိနေသေးသည်။
၎င်းမှာ “အင်မော်တယ်ကျောက်စာတိုင်” ပင် ဖြစ်သည်။
‘သူရဲကောင်းမှတ်တမ်း’ ကို ကိုင်ဆောင်ကာ ဟုန်ယွိသည် မူလဝိညာဉ်နတ်ဘုရား၏ မှတ်ဉာဏ်ပင်လယ်အတွင်း လှည့်လည် ကြည့်ရှုလိုက်သည်။ မှတ်ဉာဏ်များစွာကို ကျော်ဖြတ်ကြည့်ရှုရင်းမှ ရုတ်တရက် အရေးကြီးဆုံးအချက်ကို သူ ဖမ်းဆုပ်မိသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားခဲ့သည်။
"ထင်ထားတဲ့အတိုင်းပဲ။"
"ဘာဖြစ်လို့လဲ" ချန်ယင်းရှာက မေးလိုက်သည်။
"အင်မော်တယ်ကျောက်စာတိုင်” ဆိုတာ ‘ဧကရာဇ်ချန်းရှန်’ တဖက်ကမ်းကူးဖို့ ဖန်တီးခဲ့တဲ့ နိဗ္ဗာနအဆင့် မှော်ရတနာပဲ။ ဧကရာဇ်က အဲဒါကိုသုံးပြီး နိဗ္ဗာနနယ်ပယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာ။ ဒီရတနာက ‘ဖန်းဆင်းခြင်းသင်္ဘော’၊ ‘ထာဝရနိုင်ငံတော်’ တို့နဲ့ အဆင့်တူ မှော်ရတနာ ဖြစ်သလို၊ ငါ့ရဲ့ သူတော်စင်ပေါင်းစုံခန်းမနဲ့ အဆင့်တူ နတ်ဘုရား လက်နက် တွေရဲ့ ဘုရင်ပဲ။ ဒီကမ္ဘာလောကကြီးမှာ စတုတ္ထမြောက် ဒီလိုမှော်ရတနာမျိုး ရှိနေလိမ့်မယ် လို့ ငါ မထင်ထားဘူး။ အင်အားချိန်ခွင်လျှာ ပျက်သွားခဲ့ပြီ။" ဟုန်ယွိက ဆိုသည်။
"ဒါဆို အဲဒါက နတ်ဘုရားလေနိုင်ငံမှာ ရှိနေတာပေါ့" ချန်ယင်းရှာက အံ့သြစွာ ရေရွတ်လိုက်သည်။
"ကံကောင်းတာက “အင်မော်တယ်ကျောက်စာတိုင်” စုစုပေါင်း ငါးခု ရှိပြီး စကြဝဠာအနှံ့ ပျံ့နှံ့နေတာပဲ။ နတ်ဘုရားလေနိုင်ငံမှာ တစ်ခုပဲ ရှိနိုင်သေးတယ်။" ဟုန်ယွိက ဆက်ပြော သည်။ "မူလဝိညာဉ်နတ်ဘုရားတောင် နတ်ဘုရားလေနိုင်ငံမှာ ကျောက်စာတိုင် တစ်ခု ရှိနေမှန်းတောင် မသိခဲ့ဘူး။ ‘ဧကရာဇ်ချန်းရှန်’ က မဟာနတ်ဘုရားဘုရင် ငါးပါးကို ချိတ်ပိတ်ဖို့အတွက် ဒီကျောက်စာတိုင် ငါးခုကို ဖန်တီးခဲ့တာ။ သူက နတ်ဘုရားဘုရင် ငါးပါး ကို ကျောက်စာတိုင်တစ်ခုစီးရဲ့ ဝိညာဉ်တွေအဖြစ် အသုံးပြုပြီး ပိတ်လှောင်ထားခဲ့တာ။ မူလ ဝိညာဉ်နတ်ဘုရားက တစ်သက်လုံး ဒီကျောက်စာတိုင် ငါးခုရဲ့ တည်နေရာကို ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ အခုတော့ ကျောက်စာတိုင် တစ်ခုကို နတ်ဘုရားလေနိုင်ငံမှာ တွေ့လိုက်ရ ပြီဆိုတော့ ကျန်တဲ့ လေးခုလည်း ပေါ်လာလိမ့်မယ်လို့ ငါ ခံစားနေရတယ်။"
"ဒီကျောက်စာတိုင် ငါးခုဟာ တစ်ခုချင်းစီဆိုရင် ထာဝရနိုင်ငံတော်၊ ဖန်ဆင်းခြင်းသင်္ဘော၊ ဒါမှမဟုတ် ငါ့ရဲ့ သူတော်စင်ပေါင်းစုံခန်းမကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ငါးခုလုံးသာ ပေါင်းစည်းသွားမယ်ဆိုရင်တော့ ဒီနတ်ဘုရားလက်နက် ဘုရင်သုံးပါးလုံးကို ရင်ဆိုင်နိုင်စွမ်း ရှိသွားလိမ့်မယ်။"
"မဟာနတ်ဘုရားဘုရင် ငါးပါးကို ကျောက်စာတိုင်တွေရဲ့ ဝိညာဉ်တွေအဖြစ် အသုံးပြုခဲ့ တယ်ဆိုတော့ ‘ဧကရာဇ်ချန်းရှန်’ ဟာ တကယ်ပဲ ကမ္ဘာဦးခေတ်မှာ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီးတစ်ဦးပဲ" လူတိုင်းသည် ဟုန်ယွိ ပြောပြသော ကမ္ဘာဦးခေတ် သမိုင်းကြောင်းများ ကို ကြားရသောအခါ အလွန်ပင် ထိတ်လန့်သွားကြသည်။
ကျောက်စာတိုင် ငါးခုစလုံး မပေါင်းစည်းသေးသရွေ့ ဘာမှ မဟုတ်သော်လည်း ပေါင်းစည်း သွားပါက အထွတ်အထိပ် နတ်ဘုရားလက်နက် ဖြစ်သွားပေလိမည်။ အကယ်၍ တစ်ဦး တစ်ယောက်သာ ရရှိသွားပါက စကြဝဠာ၏ အင်အားချိန်ခွင်လျှာမှာ ချက်ချင်း ပြိုလဲသွား ပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် အင်အားကြီး အုပ်စုသုံးခုထဲမှ တစ်ခုခုက ရရှိသွားလျှင်လည်း အင်အားချိန်ခွင်လျှာ ပျက်သွားပေလိမ့်မည်။ အကယ်၍ ဧကရာဇ် ယန်ဖန်သာ ရရှိသွားပါက ဟုန်ယွိကို အလွယ်တကူ ချေမှုန်းနိုင်ပေလိမ့်မည်။
အကယ်၍ ဟုန်ယွိက ရရှိသွားပါက မည်သူမျှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
အကယ်၍ “မုန့်ရှန်းကျီ” သာ ရရှိသွားပါကလည်း သူသည် တွေ့သမျှသူကို သတ်ဖြတ်ကာ သူ မကျေနပ်သူ မှန်သမျှကို ရှင်းလင်းပစ်ပေလိမ့်မည်။
"ကျိုးထိုက်ကျူက “ဖျက်ဆီးခြင်း မဟာနတ်ဘုရားဘုရင်” ရဲ့ အထွတ်အထိပ် ပညာရပ်ကို ဘယ်ကနေ သင်ယူခဲ့တာလဲ။ ဟုန်ယွိ... အဲဒီဘိုးဘေးကြီးရဲ့ မှတ်ဉာဏ်တွေကို မြန်မြန် ရှာကြည့်စမ်းပါ။ ဘာအစအနမှ မကျန်စေနဲ့။ “မဟာဖျက်စီးခြင်း နတ်ဘုရားဘုရင်” ကို ပိတ်လှောင်ထားတဲ့ “အင်မော်တယ်ကျောက်စာတိုင်” ရဲ့ တည်နေရာကို ရှာတွေ့ကောင်း တွေ့နိုင်လိမ့်မယ်။"
ချန်ယင်းရှာက ရုတ်တရက် ပြောလိုက်သည်။
"မဆိုးဘူး" ဟုန်ယွိသည် သူ၏ အတွေးစများကို ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်များအတွင်း သို့ ချက်ချင်း နှစ်မြှုပ်လိုက်သည်။ ယခင်ကဆိုလျှင် ကျိုးထိုက်ကျူ၏ မှတ်ဉာဏ်အားလုံးကို လိုက်ကြည့်ရန်မှာ မဖြစ်နိုင်ပေ။ ဧကရာဇ်တစ်ဦး ဖြစ်သည့်အတွက် သူ စားသောက်တာ၊ အိပ်စက်တာနဲ့ မိန်းမတွေနဲ့ ပျော်ပါးတာတွေက အလွန် များပြားလှသည်။ ဟုန်ယွိက ထိုအရာတွေကို တစ်ခုချင်း လိုက်ကြည့်လောက်အောင် အချိန်မအားပေ။
သို့သော် ယခုအခါ သူ ထိုသို့ မနေနိုင်တော့ပေ။
“အင်မော်တယ်ကျောက်စာတိုင်” ပေါ်ထွက်လာခြင်းသည် ဤကမ္ဘာလောကကြီး၏ အင်အားစုများကို အပြောင်းအလဲ ဖြစ်စေရန် လုံလောက်နေသည်။
၎င်းမှာ ရာရှိုမွန်တံခါးကဲ့သို့ မှော်ရတနာမျိုး မဟုတ်ပေ။ ရာရှိုမွန်တံခါး ဆယ်ခု ရှိလျှင်ပင် အင်အားချိန်ခွင်လျှာကို မပြောင်းလဲနိုင်ပေ။
ဟုန်ယွိသည် မှတ်ဉာဏ်အားလုံးကို ရှာဖွေခဲ့သည်။ နာရီပေါင်းများစွာ ကြာပြီးနောက် ဟုန်ယွိသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားပုံရသည်။ ကျိုးထိုက်ကျူ “ဖျက်ဆီးခြင်း မဟာ နတ်ဘုရားလက်သီး” ကို ရရှိခဲ့သော မြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
"ဘာဖြစ်လို့လဲ။"
လူတိုင်း ဟုန်ယွိ၏ အခြေအနေကို မြင်သောအခါ သူ တစ်ခုခု ရှာတွေ့သွားပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။
"ကျိုးထိုက်ကျူရဲ့ “ဖျက်ဆီးခြင်း မဟာနတ်ဘုရားလက်သီး” ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ‘ကောင်းကင်အပြင်ပ နယ်မြေ’ တစ်ခုကနေ ရရှိလာတာပဲ။ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာဟာ ချန်ပီယံမြို့စားရဲ့ စိတ်ဝိညာဉ် လာခဲ့တဲ့ နေရာနဲ့ ဆက်စပ်နေတယ်။ အဲဒါဟာ နေရာတစ်ခုတည်း ဖြစ်ဖို့ အလွန်အလားလာများနေတယ်။"