← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

အခန်း။ ၃၀၃

ဤအခိုက်အတန့်ကျမှသာ မသေမျိုးတောင်ကုန်းကြီးတစ်ခုလုံးရှိ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများသည် နောက်ဆုံးတွင် အသိပြန်ဝင်လာကြတော့သည်။

ဤဖြစ်ရပ်အားလုံးသည် တစ်ခုပြီးတစ်ခု လျှပ်တစ်ပြက်အတွင်း အလွန်အမင်း မြန်ဆန်လှသဖြင့် ချန်တောက်ယန်၏ လောကတုန်ဟိန်းစေမည့် တိုက်ပွဲကြီးထဲတွင် စီးမျောနေစဉ်မှာပင် မျှော်လင့်မထားဘဲ နိဗ္ဗာနအဆင့် ခြောက်ခုမြောက်အလွှာ ကျင့်ကြံသူတစ်ဦး ရုတ်ခြည်း ထွက်ပေါ်လာခြင်းက လူတိုင်းကို ရင်သပ်ရှုမောဖြစ်စေပြီး မျက်စိပြာဝေသွားစေခဲ့ခြင်းပင်။

"ဟူး... နောက်ထပ် နိဗ္ဗာနအဆင့် ခြောက်ခုမြောက်အလွှာ အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက်ပါလား"

"နေဦး... ဒီလူက ဟွိုင်ပြည်နယ်က လီမျိုးနွယ်စုရဲ့ ဘိုးဘေး လီချန်ရှန်း မဟုတ်ဘူးလား"

"လီချန်ရှန်း ဟုတ်လား... သူက ဘဝရဲ့ ပထမတစ်ဝက်မှာ ဘာမှဖြစ်မြောက်မလာဘဲ အသက်ကြီးမှ နိဗ္ဗာနအဆင့်ကို ရုတ်ခြည်း ချိုးဖျက်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဇနီးမယား ရာနဲ့ချီ သိမ်းပိုက်ခဲ့လို့ ဟွိုင်ပြည်နယ်တစ်ခုလုံးမှာ အချစ်ကြီးဆုံးလူလို့ အမည်ကျော်ခဲ့တဲ့သူမလား"

"လီချန်ရှန်း... ကြားရသလောက်တော့ သူ့ရဲ့ ဇနီးမယားတွေနဲ့ မယားငယ်တွေအားလုံးကို ချန်ကျီရှင်းက သတ်ပစ်ခဲ့ပြီး လီမျိုးနွယ်စုတစ်ခုလုံးကိုလည်း အမြစ်ပြတ်ချေမှုန်းခဲ့တာတဲ့"

"လီချန်ရှန်းက တကယ်ကို သနားစရာကောင်းတယ်"

အရပ်မျက်နှာအနှံ့မှ မြောက်မြားစွာသော ကျင့်ကြံသူများသည် တစ်ယောက်တစ်ပေါက် တိုးတိုးတိတ်တိတ် ရေရွတ်လျက် ဝေဖန်ဆွေးနွေးနေကြတော့သည်။

ထိုကုန်းပတ်ထက်တွင်မူ...

"ချန်ကျီရှင်း... ကျီနုကို တစ်ချက်လေးတောင် မထိနဲ့"

လီချန်ရှန်းသည် ဒေါသကြောင့် မျက်ဝန်းများ နီရဲလျက် လောကကြီးတစ်ခုလုံး တုန်ခါသွားစေမည့် ဟိန်းဟောက်သံကြီးတစ်ခုကို လွှတ်လိုက်တော့သည်။

ဝုန်း

သူသည် ချန်ကျီရှင်းကို တိုက်ခိုက်ရန် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

"နှိမ်နင်းစမ်း"

ယခုအကြိမ်တွင်မူ မဟူရာအကြီးအကဲများသည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ သူတို့၏ မျက်ဝန်းများ ချက်ချင်း အေးစက်သွားပြီး တစ်ပြိုင်နက်တည်း လှုပ်ရှားလျက် လီချန်ရှန်း၏အထက်သို့ လက်ဝါးရိုက်ချက်များဖြင့် ဖိနှိပ်ချလိုက်တော့သည်။

ထိုအချိန်မှာပင် ဤဧရာမသင်္ဘောကြီးပေါ်ရှိ ရာထောင်ချီသော အစီအရင်များလည်း စတင်အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်မျိုးစုံမှာ အထပ်ထပ် အားဖြည့်ကာ သိပ်သည်းသွားပြီးနောက် နောက်ဆုံးတွင် လီချန်ရှန်း၏ ခန္ဓာကိုယ်ထက်သို့ ဝုန်းခနဲ ကျရောက်သွားတော့သည်။

ဝုန်း

လေထဲသို့ ခုန်တက်ခါစရှိသေးသော လီချန်ရှန်းသည် ပိုက်ကွန်ထဲတွင် မိသွားသည့် ငါးတစ်ကောင်ကဲ့သို့ ချက်ချင်းပင် ရိုက်ချခြင်းခံလိုက်ရပြီး မြေပြင်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

သူသည် သွေးစိမ်းတစ်လုပ် ပန်းထုတ်လိုက်ရပြီး သူ၏ မီးခိုးဖြူရောင် ဆံနွယ်များမှာလည်း ဖရိုဖရဲဖြစ်ကာ လွင့်ပျံသွားရ၏။

"ချန်ကျီရှင်း... ကျီနုကိုတော့ ချမ်းသာပေးပါ။ ကျီနုက ဘယ်တုန်းကမှ မကျင့်ကြံဖူးဘူး။ သူက ငါတို့လို ကျင့်ကြံသူတွေနဲ့ မတူဘူး။ သူက တစ်ဘဝလုံး ကုသိုလ်ကောင်းမှုတွေပဲ လုပ်ခဲ့တာ ဘယ်သူ့ကိုမှလည်း မထိခိုက်ဖူးဘူး"

"ဘယ်လို ရန်ငြိုးပဲရှိရှိ ငါ့ဆီပဲ လာခဲ့ပါ။ အပြစ်မဲ့တဲ့သူကိုတော့ မထိခိုက်ပါနဲ့"

လီချန်ရှန်းသည် မောက်စပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ကုန်းပတ်ထက်မှ မတ်မတ်ရပ်လျက် ချန်ကျီရှင်းကို ကြည့်ကာ မျက်ဝန်းများတွင် တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။

ထိုစကားကို ကြားရသောအခါ ချန်ကျီရှင်းက ခေါင်းကိုငုံ့လျက် လီချန်ရှန်းကို ငုံ့ကြည့်ကာ မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒူးထောက်စမ်း"

ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လီချန်ရှန်းပင် အသိမဝင်သေးမီ စောင့်ကြည့်နေကြသော ရေတွက်၍မရနိုင်သည့် ကျင့်ကြံသူများအားလုံး၏ မျက်စိသူငယ်အိမ်များမှာ ရုတ်ခြည်း ကျဉ်းမြောင်းသွားကြရသည်။

အရှက်ခွဲနေတာလား။

ဤတတိယသခင်လေးက လီချန်ရှန်းအား လူအများရှေ့တွင် အတိအလင်း အရှက်ခွဲရန် ကြံစည်နေခြင်းပင်။

"ချန်ကျီရှင်း"

လီချန်ရှန်းသည် ချက်ချင်းပင် ဒေါသအလွန်အမင်း ထွက်သွားပြီး ချန်ကျီရှင်းကို မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့်လိုက်ရာ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားတော့သည်။

နိဗ္ဗာနအဆင့် ခြောက်ခုမြောက်အလွှာ၏ ဖိအားများသည် ကမ်းခြေကို ရိုက်ခတ်နေသည့် လှိုင်းလုံးကြီးများကဲ့သို့ ကောင်းကင်နှင့် မြေပြင်၏ အရပ်မျက်နှာအနှံ့သို့ မဆုတ်မနစ် လွှမ်းခြုံသွားတော့သည်။

ချန်ကျီရှင်းကမူ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များနှင့်အတူ ပြောလိုက်သည်။

"ဒူးပဲထောက်မလား ဒါမှမဟုတ် မင်းရဲ့ ကျီနုကို အခုချက်ချင်းပဲ အနောက်ဘက် ကောင်းကင်ဘုံဆီ ပို့ပေးရမလား"

"မင်း ရွေးချယ်ဖို့အတွက် အသက်ရှူ သုံးကြိမ်စာ အချိန်ပေးမယ်"

ဤစကား ဆုံးသည်နှင့်တပြိုင်နက် လီချန်ရှန်းသည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အရိုးအဆစ်များမှာ တဖြောက်ဖြောက် မြည်ဟည်းသွားတော့သည်။

"သုံး"

"နှစ်"

ကောင်းကင်ထက်တွင် ချန်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးက လက်ဖက်ရည်အိုးကို ကမ်းပေးလိုက်ရာ ချန်ကျီရှင်းက လက်ဖက်ရည်ခွက်ကို လှမ်းယူလျက် မျက်လွှာချကာ တစ်ငုံမျှ သောက်လိုက်သည်။

ချန်ကျီရှင်းက တစ်ဟု ဆက်လက်ရေရွတ်ရန် ပြင်လိုက်စဉ်မှာပင်...

"ဟားဟားဟား... ငါ ဒူးထောက်မယ် ငါ ဒူးထောက်မယ်"

လီချန်ရှန်းသည် ညည်းတွားစွာ ရယ်မောလိုက်ပြီး ဒိန်းခနဲ အသံနှင့်အတူ ကုန်းပတ်ထက်တွင် ဒူးထောက်ချလိုက်တော့သည်။

"အခုတော့... မင်း ကျေနပ်ပြီလား"

သူ၏ အသံသည် ခြောက်ကပ်ဝင်အက်နေပြီး အတွင်းစိတ်ထဲမှ အရာတစ်ခုခုသည်ကား တိတ်တဆိတ် ကြေမွပျက်စီးသွားသကဲ့သို့ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမြင်ကွင်းကို စောင့်ကြည့်နေကြသော ရေတွက်၍မရနိုင်သည့် ကျင့်ကြံသူများသည် ရင်ဘတ်ထဲ၌ ဒိန်းခနဲ တုန်လှုပ်သွားကြရပြီး အသက်ကို ပြင်းပြင်းရှူ သွင်းလိုက်မိကြသည်။

နိဗ္ဗာနအဆင့် ခြောက်ခုမြောက်အလွှာရှိ အထွတ်အထိပ် မဟာကျင့်ကြံသူကြီးတစ်ဦးသည် ချန်ကျီရှင်း၏ စကားတစ်ခွန်းတည်းဖြင့် လူအများရှေ့၌ ဒူးထောက်ရန် အမှန်တကယ်ပင် ဖိအားပေးခြင်း ခံလိုက်ရသည်။

ခေတ္တမျှတွင် ကျင့်ကြံသူများ၏ အကြည့်များသည် ရှုပ်ထွေးသွားကြရပြီး လီချန်ရှန်းကပဲ အချစ်ကြီးလွန်းသည်ဟု ပြောရမလား သို့မဟုတ် ချန်ကျီရှင်း၏ အစီအမံများကပဲ ရက်စက်

ယုတ်မာလွန်းသည်ဟု ပြောရမလား မဝေခွဲနိုင်တော့ပေ။

အထက်ကောင်းကင်ယံ၌ နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းလျက် မျက်လွှာချကာ လက်ဖက်ရည်သောက်နေသော ချန်ကျီရှင်းသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ သူ၏လှပပြီး ရှည်လျားသော မျက်ဝန်းအစုံကို ကျဉ်းမြောင်းလိုက်မိပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သရော်သည့် အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။

သူသည် စကားဆိုရန် ပြင်လိုက်စဉ်မှာပင်...

[တိန် သင်သည် ကောင်းကင်ရွေးချယ်ခံ ဇာတ်လိုက်ကျော်အား လူအများရှေ့တွင် ဖိနှိပ်ချုပ်ကိုင်လိုက်နိုင်သဖြင့် သူ၏ တာအိုစိတ်ဓာတ်ကို အက်ကွဲစေပြီး ဇွဲလုံ့လဝီရိယအားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။ သင်သည် သူ၏ ကံတရားနှင့် ပါရမီစွမ်းရည် အစိတ်အပိုင်းအချို့ကို လုယူရရှိမည် ဖြစ်သည်]

[သင်၏ ကံတရားတန်ဖိုး အစဦးပမာဏ ၁၀၀၀ ရာခိုင်နှုန်းမှ ၂၀၀ ရာခိုင်နှုန်းအထိ တိုးပွားသွားသည်။ စုစုပေါင်း ကံတရားတန်ဖိုးမှာ ၁၂၀၀ ရာခိုင်နှုန်း ဖြစ်သည်]

[သင်၏ ဘွဲ့အမည် - သက်ရှိသတ္တဝါအပေါင်းကို ဖန်တီးရှင်]

[သင် ရရှိသည့်အရာ - ကောင်းကင်မိစ္ဆာခန္ဓာကိုယ်]

အေးစက်လှသော အသိပေးချက်များ ဆက်တိုက်ဆိုသလို ချန်ကျီရှင်း၏ စိတ်အာရုံထဲတွင် မြည်ဟည်းသွားတော့သည်။

လက်ဖက်ရည်သောက်နေသည့် သူ၏လှုပ်ရှားမှုမှာ ခေတ္တမျှ ရပ်တန့်သွားရပြီး မျက်ခုံးတစ်ဖက်ကို မပင့်ဘဲ မနေနိုင်တော့ပေ။

ဤအသံကို မကြားရသည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီဖြစ်ရာ သူကိုယ်တိုင်ပင် အနည်းငယ် အစိမ်းသက်သက် ဖြစ်နေမိသည်။

"ကောင်းကင်မိစ္ဆာခန္ဓာကိုယ်... စိတ်ဝင်စားဖို့ကောင်းသားပဲ"

"ငါ့ရဲ့ သန့်စင်သောမြေပြင် ကျင့်ကြံခြင်းစခန်းကို ပိုပြီးအဆင့်မြှင့်တင်ဖို့အတွက် အလုံးအရင်းနဲ့ ကံတရားတန်ဖိုးတွေ လိုအပ်နေသေးတာမို့ ငါ့ဘက်က ပိုပြီးတော့ ကြိုးစားအားထုတ်ရဦးမယ် ထင်တယ်"

ချန်ကျီရှင်း၏ မျက်ဝန်းများ ဝင်းပသွားပြီးနောက် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ကာ အောက်ရှိ လီချန်ရှန်းကို စိုက်ကြည့်လျက် လှောင်ပြောင်သရော်စွာ ရယ်မောလိုက်ပြီး ဆိုလိုက်သည်။

"တကယ့်ကို သနားစရာကောင်းတာပဲ။ လီချန်ရှန်း... မင်းရဲ့ လက်ရှိပုံစံကို ပြန်ကြည့်စမ်း သနားဂရုဏာသက်အောင် အမြီးနန့်ပြီး တောင်းပန်နေတဲ့ ခွေးတစ်ကောင်နဲ့ မတူဘူးလား"

လီချန်ရှန်းသည် မည်သည့်စကားမှ ပြန်မဆိုဘဲ ခေါင်းကိုသာ ငုံ့ထားရှာသော်လည်း သူ၏ ဝတ်စုံလက်အင်္ကျီအောက်တွင် တုန်ယင်နေသော လက်အစုံကသာ သူ၏ရင်ထဲ၌ မည်မျှအထိ ပေါက်ကွဲနေသည်ကို ဖော်ပြနေတော့သည်။

"အခုတော့... ကျီနုကို လွှတ်ပေးနိုင်ပြီမလား"

သူ၏ အသံသည် ခြောက်ကပ်လျက် တိုးညင်းလှ၏။

ချန်ကျီရှင်းက ထိုစကားကို ကြားရသောအခါ ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဝေးကွာလှသော ဟင်းလင်းပြင်ကြီးဆီသို့ မော့ကြည့်လိုက်သည်။

"လီချန်ရှန်း... ငါ ဟွိုင်ပြည်နယ်မှာ ရှိနေတုန်းက မင်းက အဲဒီကျီနုကို မင်းကိုယ်မင်း ချစ်တာထက်တောင် ပိုပြီး ချစ်မြတ်နိုးတယ်လို့ ကြားဖူးသားပဲ"

"ဒါကြောင့်..."

ချန်ကျီရှင်းက ခေါင်းကိုငုံ့လျက် လီချန်ရှန်းကို စိုက်ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်

"ငါ့မှာ အကြံတစ်ခုရှိတယ်... ငါတို့တွေ ကစားပွဲတစ်ခု ကစားကြရအောင်"

"ဘာကစားပွဲလဲ"

လီချန်ရှန်း၏ ရင်ထဲ၌ ဖော်ပြမတတ်အောင် ဆိုးဝါးလှသည့် အတိတ်နိမိတ်တစ်ခု ရုတ်ခြည်း လွှမ်းမိုးသွားတော့သည်။

အထက်ကောင်းကင်ယံ၌ ချန်ကျီရှင်း၏ အပြုံးသည် တဖြည်းဖြည်း ကျယ်ပြန့်လာ၏။

"ဒီကစားပွဲရဲ့ နာမည်က လမ်းနှစ်သွယ် ရွေးချယ်ခြင်းလို့ ခေါ်တယ်"

"ကစားပွဲရဲ့ အကြောင်းအရာကတော့ ရိုးရှင်းပါတယ်"

"ပထမတစ်ချက်က... မင်း ငါ့ရဲ့ရှေ့မှာတင် ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး တောင်းပန်ရမယ် ဒါဆိုရင် မင်းရဲ့ဇနီး လုကျီနုကို ငါ ချမ်းသာပေးမယ်"

"ဒုတိယတစ်ချက်ကတော့... မင်း ဆက်ပြီး အသက်ရှင်နေဖို့ပဲ။ မင်းရဲ့ စွမ်းရည်တွေနဲ့ဆိုရင် မင်း ဒီကနေ ထွက်သွားချင်တယ်ဆိုရင် ငါတို့ဘက်ကလည်း မင်းကို တားဆီးထားနိုင်မှာ မဟုတ်ပါဘူး"

"ဒါပေမဲ့... မင်းရဲ့ ဇနီးကတော့ သေချာပေါက် သေရလိမ့်မယ်"

ဝုန်း

လီချန်ရှန်းသည် လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် မှင်တက်သွားရပြီး ချန်ကျီရှင်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိတော့သည်။

"ကဲ... ဘယ်လိုလဲ။ မင်း... ဘာကို ရွေးမလဲ"

ချန်ကျီရှင်းသည် သူ၏လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ခပ်ဖွဖွလေး ဝေ့ယမ်းလိုက်ပြီးနောက် ဒေါက်ခနဲ အသံနှင့်အတူ ခွက်ကို ပြန်ချလျက် ရယ်မောလိုက်တော့သည်။

"ချန် ကျိ ရှင်း"

လီချန်ရှန်းသည် ထိုစကားလုံးသုံးလုံးကို အံကြိတ်လျက် အားခဲ၍ ရေရွတ်လိုက်ရာ သူ၏မျက်ဝန်းထဲရှိ ကြောင်တောင်တောင်ဖြစ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသည်မှာ အေးစက်လှသော အလင်းတန်းများပင်။

ဤမြင်ကွင်းကို စောင့်ကြည့်နေကြသော မြောက်မြားစွာသော ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တုန်လှုပ်စွာ မျက်လုံးချင်း ဖလှယ်လိုက်မိကြသည်။

"ဒီတတိယသခင်လေးကတော့... တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ နှလုံးသား ရှိတာပဲ။ တကယ့်ကို အဆိပ်ပြင်းလှတဲ့ အစီအစဉ်ပဲ။ ဒီနည်းလမ်းက စိတ္တဇဆန်ပြီး အေးစက်တတ်တဲ့ သဘာဝရှိသူတွေအပေါ်မှာ အသုံးမဝင်ဘဲ ထိရောက်မှုမရှိနိုင်ပေမဲ့ လီချန်ရှန်းလို သံယောဇဉ်ကြီးမားပြီး တရားမျှတမှုကို တန်ဖိုးထားတဲ့သူတစ်ဦးအပေါ်မှာကျတော့ လူရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်နှစ်ခုလုံးကို တစ်ပြိုင်တည်း သတ်ဖြတ်နိုင်မယ့် အသက်သွေးကြောကို ချုပ်ကိုင်ထားတဲ့ ဓားတစ်စင်းပဲ မဟုတ်ဘူးလား"

"လီချန်ရှန်း... မင်း စဉ်းစားဖို့အတွက် အသက်ရှူ သုံးကြိမ်စာ အချိန် ထပ်ပေးမယ်"

"တကယ်လို့ အသက်ရှူ သုံးကြိမ်ပြည့်လို့မှ မရွေးချယ်ရသေးဘူးဆိုရင်တော့ မင်းရဲ့ဇနီးဘေးမှာ ရှိနေတဲ့ ငါ့လူတွေကို အခုချက်ချင်း လက်စသတ်ခိုင်းလိုက်တော့မယ်"

ချန်ကျီရှင်း၏ မျက်နှာထက်မှ အပြုံးက မပျက်ပြယ်ဘဲ တိုးညင်းစွာ ရေရွတ်လိုက်သည်။

"တစ်"

ထိုအခိုက်အတန့်၌ ကုန်းပတ်ထက်တွင် ဒူးထောက်နေသော လီချန်ရှန်း၏ မျက်နှာထက်တွင် အလွန်အမင်း နာကျင်ခံစားနေရသည့် အမူအရာ ထွက်ပေါ်လာတော့သည်။

သူ၏ လူငယ်ဘဝတုန်းက လုကျီနုနှင့် စတင်ဆုံတွေ့ခဲ့ရသည့် မြင်ကွင်းဟောင်းများသည် သူ၏စိတ်အာရုံထဲတွင် တစ်ခုပြီးတစ်ခု ပြန်လည်ရိုက်ခတ်လာခဲ့သည်။

လုကျီနုက သူ့အတွက် အဝတ်အစားများ ဖာထေးပေးနေသည့် စကားသံများနှင့် သူမက သူ့အပြန်ကို မိုက်မဲစွာ စောင့်စားနေရှာသည့် ပုံရိပ်များသည် သူ၏နားထဲတွင် ပဲ့တင်ထပ်နေတော့သည်။

"ငါက... လုကျီနုကို ဘယ်လိုလုပ်ပြီး စွန့်ပစ်ရက်မှာလဲ"

"မှတ်ထားပါ... တကယ်လို့ မင်းရဲ့ဇနီး လုကျီနု သေဆုံးသွားခဲ့မယ်ဆိုရင် အဲဒါ ငါ့ကြောင့် မဟုတ်ဘူးနော်။ အဲဒါ မင်းကိုယ်တိုင်က သူမကို အလိုမရှိလို့ သေမင်းရဲ့ လမ်းဝဆီကို ကိုယ်တိုင် တွန်းပို့လိုက်တာပဲ လီချန်ရှန်း"

ချန်ကျီရှင်း၏ အသံသည် နှစ်သိမ့်ပေးနေသကဲ့သို့ ရှိသော်လည်း အမှန်စင်စစ်တွင်မူ မိစ္ဆာတစ်ကောင်၏ သွေးဆောင်ဖြားယောင်းသံကဲ့သို့ပင်။

"နှစ်"

သူက နောက်ထပ် စကားလုံးတစ်လုံးကို ထပ်မံရေရွတ်လိုက်ပြန်သည်။

အခန်း။ ၃၀၄

"မှတ်ထားစမ်း... တကယ်လို့ ကျီနု သေဆုံးသွားခဲ့မယ်ဆိုရင် အဲဒါ ငါ့ကြောင့် မဟုတ်ဘူး။ မင်းကိုယ်တိုင်က သူမကို စွန့်ပစ်ပြီး သေမင်းရဲ့လမ်းဝဆီကို တွန်းပို့လိုက်တာပဲ"

ချန်ကျီရှင်း၏ အေးစက်တည်ငြိမ်လှသော စကားသံသည် လီချန်ရှန်း၏ နားထဲတွင်ပဲ့တင်ထပ်နေတော့သည်။

သူ၏ဘေးနားရှိ ထူးကဲအလင်းမှန်ချပ်ထက်တွင်မူ လုကျီနုက သူ့အတွက် အဝတ်အစားများကို ဂရုတစိုက် ဖာထေးချုပ်လုပ်ပေးရင်း သူအပြန်ကို မျှော်လင့်စောင့်စားနေသည့် ပုံရိပ်များက အဆက်မပြတ် ဖြတ်ပြေးနေ၏။

ဤပုံရိပ်နှစ်ခုသည် လီချန်ရှန်း၏ စိတ်အာရုံထဲတွင် တစ်ခုနှင့်တစ်ခု လုံးထွေးယှက်နွှယ်နေတော့သည်။

"အား"

လီချန်ရှန်းသည် သူ၏ဦးခေါင်းကို အုပ်ကိုင်လျက် ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် ခံစားရသဖြင့် နာကျင်စွာ အော်ဟစ်ညည်းတွားလိုက်ရှာသည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ချန်ကျီရှင်းက သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်

မိ၏။

နီးစပ်နေပြီ...

လီချန်ရှန်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံစစ်တံတိုင်းကြီးမှာ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။

နောက်ထပ် ဖိအားအနည်းငယ်မျှ ထပ်ပေးလိုက်ရုံဖြင့် လီချန်ရှန်းသည် သူ့အလိုလိုပင် စိတ်ဓာတ်ပြိုလဲသွားနိုင်သည်။

နောက်အခိုက်အတန့်တွင် ချန်ကျီရှင်းသည် သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး လှောင်ပြောင်သရော်မှု အပြည့်ပါဝင်သော လေသံဖြင့် ပြောလိုက်သည်။

"လီချန်ရှန်း... မင်းက အဲဒီကျီနုကို တကယ်ချစ်တာ မဟုတ်ပါဘူး။ မင်းစကားတွေကတော့ လှပပါရဲ့။ ဒါပေမဲ့ တကယ့် အသက်နဲ့သေဘေး ရောက်လာတဲ့အခါကျတော့ မင်းက မင်းရဲ့အသက်ကိုပဲ နှမြောတွန့်တိုပြီး ဆက်ပြီး အသက်ရှင်ချင်နေတာ မဟုတ်ဘူးလား"

သူ၏ စကားသံ ခေတ္တမျှ ရပ်တန့်သွား၏။

ချန်ကျီရှင်းက နောင်တရသလို မျက်နှာထားဖြင့် သက်ပြင်းတစ်ချက်ချကာ ခေါင်းကို ခါယမ်းလိုက်သည်။

"ကျီနုအတွက်တော့ တကယ့်ကို နှမြောစရာကောင်းတယ်။ သူမက သူမရဲ့ အကောင်းဆုံး ပျိုမြစ်တဲ့အချိန်တွေကို မင်းအတွက် ပေးဆပ်ခဲ့ပြီး ဒုက္ခပေါင်းစုံကိုလည်း အတူတူ ရင်ဆိုင်ကျော်ဖြတ်ပေးခဲ့တာ။

နောက်ပိုင်းမှာ မင်းက လှပတဲ့ ဇနီးမယားတွေနဲ့ မယားငယ်တွေ ရာနဲ့ချီပြီး သိမ်းပိုက်ခဲ့ရင်တောင် သူမက မင်းကို ဘယ်တုန်းကမှ ရန်မလုပ်ခဲ့ဘူး။ အခုလို အိုမင်းရင့်ရော်ပြီး အားနည်းနေတဲ့ အချိန်မှာတောင် သူမရဲ့ နှလုံးသားထဲမှာ မင်းပဲ ရှိနေရှာတာ"

"မင်းကတော့ ဘာလဲ... သူမရဲ့ရှေ့မှာကျ အချစ်ကြီးတဲ့သူလို ဟန်ဆောင်ပြပြီး ကွယ်ရာကျတော့ ကိုယ်အသက်ရှင်ဖို့အတွက် သူမရဲ့ အသက်ကို အသုံးချချင်နေတာ"

"ဒါက အပြစ်မဲ့တဲ့ လူကောင်းတစ်ယောက်ကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား"

ချန်ကျီရှင်း၏ စကားမဆုံးမီမှာပင်...

"တော်စမ်း... တော်တော့လို့ ငါပြောနေတယ်"

လီချန်ရှန်းသည် မျက်ဝန်းအစုံ သွေးဆုတ်မတတ် နီရဲလျက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ မြေပြင်တွင် ဝပ်စင်းနေရင်း ရင်ကွဲမတတ် အော်ဟစ်လိုက်တော့သည်။

"ချန်ကျီရှင်း... အသေအချာ ကြည့်ထားစမ်း ငါ လီချန်ရှန်းက တစ်ဘဝလုံး ဖြောင့်မတ်

တည်ကြည်စွာ ရှင်သန်ခဲ့တာ။ ကျီနုကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး"

သူသည် ချန်ကျီရှင်းကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူ၏ ဧရာမလက်ဝါးကြီးကို မြှောက်ကာ သူ၏ နဖူးပြင်ကို ရိုက်ချရန် ပြင်လိုက်တော့သည်။

"ကောင်းပြီလေ... ငါ အသေအချာ စောင့်ကြည့်နေပါ့မယ်။ စကားကြီးစကားကျယ်တွေပဲ လျှောက်ပြောမနေနဲ့ဦး"

ချန်ကျီရှင်းသည် လီချန်ရှန်းကို စိုက်ကြည့်နေပြီး သူ၏မျက်နှာထက်တွင် အေးစက်လှသော မဲ့ပြုံးတစ်ခု ရှိနေသည်။

နီးစပ်နေပြီ…..

လီချန်ရှန်း၏ လက်ဝါးကြီးက သူ၏နဖူးပြင်ကို ရိုက်မိလုနီးပါး အခြေအနေသို့ ရောက်ရှိသွားစဉ်မှာပင်...

ထိုအခိုက်အတန့်၌ မျှော်လင့်မထားသော အလှည့်အပြောင်းတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာတော့သည်။

"မိတ်ဆွေ တာအိုဖော် လီ... ဒီကောင်လေးရဲ့ စကားမရှိ အဓိပ္ပာယ်မရှိတာတွေကို မယုံနဲ့ဦး တကယ်လို့ မင်းသာ သေသွားခဲ့ရင် သူက မင်းရဲ့ဇနီးကို ချမ်းသာပေးမယ်လို့ မင်း တကယ်ထင်နေတာလား"

ဝေးကွာလှသော အရပ်မျက်နှာမှ စီကုန်းရွှမ်းကျီက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်ခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မူလက ကြောက်မက်ဖွယ်ရာ မိစ္ဆာအဆီအနှစ်များကို ထုတ်ဖော်လျက် သူ၏ မဟာတာအိုအခြေခံအုတ်မြစ်ကို ဖျက်ဆီးပြီး မသေမျိုးချီစွမ်းအင်များကို အပြီးတိုင် ဖြတ်တောက်ရန် ကြံစည်နေသော လီချန်ရှန်းသည် ရုတ်ချည်းပင် မှင်တက်ရပ်တန့်သွားတော့သည်။

သူသည် ခေါင်းကို ဖြတ်ခနဲ အရိုက်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားရပြီး သူ၏မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။

မကြာမီမှာပင် ထိုဇဝေဇဝါဖြစ်မှုများသည် အမှန်တရားကို ရုတ်ခြည်း သဘောပေါက်သွားသည့် အသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

အထက်ကောင်းကင်ယံ၌မူ...

"စီကုန်းရွှမ်းကျီ"

ချန်ကျီရှင်းသည် ရုတ်ချည်း ခေါင်းကိုမော့လျက် ဝေးကွာလှသော ကိုးထပ်ယံကောင်းကင်ထက်ရှိ စီကုန်းရွှမ်းကျီဆီသို့ စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများထဲတွင် ကောင်းကင်တုန်ဟိန်းမည့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။

ဤစီကုန်းရွှမ်းကျီသည် သူ၏ အစီအစဉ်များကို အကြိမ်ကြိမ်အဖန်ဖန် ဖျက်ဆီးခဲ့ကာ သူသည် ဘဝတွင် မည်သူ့ကိုမျှ ယခုလောက်အထိ သတ်ပစ်ချင်စိတ် မပြင်းပြဖူးပေ။

"လီချန်ရှန်း... မင်းက လူကောင်းတစ်ယောက်ပဲ။ လူကောင်းတွေရဲ့ အားနည်းချက်က အကြင်နာတရား ရှိလွန်းတာပဲ"

"ဒီကောင်လေးက မင်းရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လှည့်စားနေတာ..."

စီကုန်းရွှမ်းကျီသည် စကားကို ဆက်လက်ပြောဆိုရန် ပြင်လိုက်သေးသည်။

"မင်း သေချင်နေတာပဲ"

ချန်တောက်ယန်၏ မျက်ဝန်းအစုံမှ အေးစက်လှသော အလင်းတန်းများ ဖြာထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်ရာ သူ၏ခြေဖဝါးအောက်၌ နေ၊ လနှင့် ကြယ်တာရာများပင် ပြောင်းပြန်လည်ပတ်သွားသကဲ့သို့ ရှိနေကာ စီကုန်းရွှမ်းကျီ၏ ရှေ့မှောက်သို့ ရုတ်ချည်း ရောက်ရှိသွားတော့သည်။

စီကုန်းရွှမ်းကျီ၏ မျက်နှာသည် ပျာနှမ်းသွားပြီး အလန့်တကြား နောက်သို့ ဆုတ်ခွာရန် ကြံစည်လိုက်၏။

သို့သော်လည်း ပုဆိန်အလင်းတန်းတစ်ခုသည် ကန့်လန့်ဖြတ်ကာ ဝှေ့ယမ်းလျက် ကျရောက်လာပြီး သူ၏လက်မောင်းတစ်ဖက်ကို တိုက်ရိုက်ပင် ဖြတ်တောက်လိုက်ကာ ၎င်းနောက် မျက်နှာကိုပါ ဖြတ်သန်းသွားပြီး သူ၏ဦးခေါင်းတစ်ခုလုံးကို နှစ်ခြမ်း ခွဲပစ်လိုက်တော့သည်။

ထို့နောက်တွင်မူ ထိုပုဆိန်အလင်းတန်းသည် နောက်တစ်ကြိမ် လှည့်လည်လျက် ပြင်းထန်စွာ ထပ်မံထိုးစိုက်ကျရောက်လာပြီး စီကုန်းရွှမ်းကျီ၏ ခန္ဓာကိုယ်ကိုပါ ထက်ဝက်တိတိ ပိုင်းဖြတ်ပစ်လိုက်ပြန်သည်။

ရေတွက်၍မရနိုင်သော အလင်းစက်များနှင့် မိုးရေစက်များအသွင် လွင့်စင်သွားကြပြီး လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားကြ၏။

၎င်းနောက် ထိုအလင်းစက်များသည် ပြန်လည်စုစည်းသွားပြီး စီကုန်းရွှမ်းကျီ၏ ပုံရိပ်ကို ထပ်မံတည်ဆောက်လိုက်ကြပြန်သည်။

စီကုန်းရွှမ်းကျီ၏ မျက်နှာသည်ကား စက္ကူဖြူကဲ့သို့ ပိုမိုဖြူဖျော့သွားပြီး ခေါင်းကိုမော့ကာ ချန်တောက်ယန်ကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

ချန်တောက်ယန်၏ ဤရိုက်ချက်သည် သူ၏ ရုပ်ခန္ဓာကို ပျက်စီးစေခဲ့ရုံသာမက သူ၏ မဟာတာအိုအခြေခံအုတ်မြစ်ကိုပါ ပြင်းထန်စွာ ထိခိုက်စေခဲ့ခြင်းပင်။

သူသည် သွေးတစ်စက်ရှိရုံဖြင့် ပြန်လည်ရှင်သန်နိုင်သော၊ ဘယ်တော့မှ မသေဆုံးနိုင်ဟု အမည်ကျော်သော နိဗ္ဗာနအဆင့်သို့ တက်လှမ်းထားနိုင်ခဲ့သည် ဆိုသော်လည်း တကယ်လို့သာ နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံသတ်ဖြတ်ခြင်း ခံလိုက်ရပြီး မဟာတာအိုအခြေခံအုတ်မြစ်သာ ကျိုးပျက်သွားခဲ့မည်ဆိုလျှင် နိဗ္ဗာနချီစွမ်းအင်များ အပြီးတိုင် ပြတ်တောက်သွားကာ အမှန်တကယ်ပင် ချုပ်ငြိမ်းသွားရလိမ့်မည်ပင်။

သင်္ဘောကုန်းပတ်ထက်တွင်မူ...

"ချန်ကျီရှင်း... မင်း တကယ်ကို ယုတ်မာလွန်းတယ်"

လီချန်ရှန်းသည် ချန်ကျီရှင်းကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို မျက်လုံးဝှေ့ကြည့်လိုက်ရာ ယနေ့တွင် ချန်ကျီရှင်းကို သတ်ဖြတ်ရန် မဖြစ်နိုင်တော့ကြောင်း သိရှိသွားသဖြင့် သူ၏စိတ်ထဲ၌ ဆုတ်ခွာလိုစိတ်များ ပြည့်နှက်သွားတော့သည်။

ဝုန်း….

သူသည် ခြေထောက်ကို ဆောင့်နင်းလျက် ကောင်းကင်ယံထက်သို့ ချက်ချင်းပင် မြင့်တက်ပျံသန်းသွားတော့သည်။

"ထွက်ပြေးချင်တာလား"

မဟူရာအကြီးအကဲများ၏ မျက်ဝန်းများ ဝင်းပသွားပြီး လှုပ်ရှားရန် ပြင်လိုက်ကြသည်။

"သူ့ကို လွှတ်ပေးလိုက်ပါ"

ချန်ကျီရှင်းက ထိုလူနှစ်ဦး၏ ပခုံးထက်သို့ လက်တစ်ဖက် တင်လိုက်ပြီး သူတို့ကို ခေါင်းခါပြလိုက်သည်။

"တတိယသခင်လေး... သူ့ကို ဖမ်းဆီးမထားတော့ဘူးလား"

မဟူရာအကြီးအကဲများက မျက်မှောင်ကြုတ်လိုက်မိကြသည်။

"သူ့ကို ဖမ်းဆီးထားဖို့က မဖြစ်နိုင်ဘူး။ အချည်းနှီး အားစိုက်ထုတ်မနေကြနဲ့တော့"

ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူ သွင်းလိုက်၏။ ဤလီချန်ရှန်းသည် နိဗ္ဗာနအဆင့် သုံးခုမြောက်အလွှာမှာတုန်းကပင် အကြီးအကဲမဟူရာကို ယှဉ်ပြိုင်နိုင်ခဲ့သူ ဖြစ်သည်။

ယခုအခါ လီချန်ရှန်းသည် နိဗ္ဗာနအဆင့် ခြောက်ခုမြောက်အလွှာအထိ ကျင့်ကြံနိုင်ခဲ့ရုံသာမက ကောင်းကင်မိစ္ဆာခန္ဓာကိုယ်ကိုပါ နိုးထစေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ပျံသင်္ဘောကြီး၏ ရာထောင်ချီသော အစီအရင်များကို အားကိုးမည်ဆိုလျှင်မူ လီချန်ရှန်းက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်သည်မှာ မှန်သော်လည်း တကယ်လို့သာ မဟူရာအကြီးအကဲများက အတင်းအကျပ် လိုက်လံဖမ်းဆီးမည်ဆိုပါက မျှော်လင့်မထားသော မတော်တဆမှုများနှင့် ကြုံတွေ့ရနိုင်သည်။

"နားလည်ပါပြီ"

မဟူရာအကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။

နောက်အခိုက်အတန့်တွင်။

ချန်ကျီရှင်းက မော့ကြည့်လိုက်ရာ ကောင်းကင်ယံဆီသို့ ပျံသန်းထွက်ခွာသွားသော လီချန်ရှန်း၏ ပုံရိပ်ကို စိုက်ကြည့်ရင်း သူ၏မျက်ဝန်းများထဲတွင် အေးစက်လှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။

ဖျန်း….

သူသည် သူြလက်ထဲရှိ ထူးကဲအလင်းမှန်ချပ်ကို ချေမှုန်းပစ်လိုက်၏။

"အကြီးအကဲမဟူရာ... တုကူးနီနဲ့ တခြားသူတွေကို ငါ့ရဲ့အမိန့်ကို လက်ဆင့်ကမ်းလိုက်ပါ။ သူတို့ကို အခုချက်ချင်း လက်စသတ်ခိုင်းလိုက်တော့"

အကြီးအကဲမဟူရာက သူ၏နှုတ်ခမ်းကို လျှာသပ်ရင်း ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။

"နားလည်ပါပြီ"

အခြားတစ်ဖက်တွင်မူ ကိုးထပ်ယံကောင်းကင်၏ အထက်၌ လောကကြီးတစ်ခုလုံး တုန်ဟိန်းစေမည့် တိုက်ပွဲကြီးသည် နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲသွားခဲ့သည်။

ထိုအကြီးအကဲခုနစ်ဦးသည် စီကုန်းရွှမ်းကျီ၊ ဝတ်ရုံနက်ဝတ် အစေခံအိုကြီးတို့နှင့်အတူ စုစုပေါင်း နိဗ္ဗာနအဆင့် ကျင့်ကြံသူ ကိုးဦးတိုင်တိုင် စုပေါင်းကာ ချန်တောက်ယန်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းပင်။

ကြီးကျယ်ခမ်းနားလှသော တိုက်ခိုက်သံများမှာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေလျက် ပဲ့တင်ထပ်နေပြီး သရဲတစ္ဆေများကို ငိုကြွေးစေကာ နတ်ဘုရားများကိုပါ အော်ဟစ်ညည်းတွားစေပြီး နေနှင့်လကိုပါ တပြိုင်နက်တည်း တုန်လှုပ်စေတော့သည်။

ချန်တောက်ယန်သည် မည်သူမျှ မယှဉ်နိုင်သော ဆံပင်ဖြူနှင့် မသေမျိုး စစ်နတ်ဘုရားတစ်ပါးအသွင် အပြည့်အဝ ပြောင်းလဲသွားပြီး သူ၏ ပုဆိန်ရိုက်ချက်တိုင်းသည် စကြဝဠာကြီးကို ပိုင်းဖြတ်လျက် ကောင်းကင်ပြင်ကြီးကို ဆုတ်ဖြဲနေကာ ထိုနိဗ္ဗာနအဆင့် ကျင့်ကြံသူ ကိုးဦးစလုံးကို အသက်ရှူ ရပ်မတတ် ဖိနှိပ်ထားတော့သည်။

သို့သော်လည်း ထိုကိုးဦးစလုံးမှာလည်း အချိတ်အဆက်မိမိ ညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်နေကြသဖြင့် အချိန်တိုအတွင်းမှာပင် သူတို့ကို အပြီးတိုင် နှိမ်နင်းရန်ကား မဖြစ်နိုင်သေးချေ။

ဤအပြင်းအထန် တိုက်ပွဲကြီးကြောင့် ကိုးထပ်ယံ နတ်ဘုရားနန်းတော်ကြီးတစ်ခုလုံး ပြိုလဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင်...

"တော်ကြပါတော့... အားလုံးပဲ ရပ်လိုက်ကြစမ်း"

ရှေးဟောင်း သက်ပြင်းချသံကြီးတစ်ခုသည် အချိန်နှင့် ဟင်းလင်းပြင်ကြီးကို ဖြတ်သန်းလာသကဲ့သို့ ရှိနေပြီး ကိုးထပ်ယံကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

ဤစကားသံ ပျောက်ကွယ်သွားသည်နှင့်အမျှ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကြီးကဲ့သို့ သောင်းကျန်းနေသော ကိုးထပ်ယံ နတ်ဘုရားနန်းတော်ကြီး၏ ရှုပ်ထွေးလှသော အလင်းတန်းများသည် ရုတ်ချည်းပင် ဧရာမလက်ဝါးကြီးတစ်ခုဖြင့် ပွတ်သပ်လိုက်သကဲ့သို့ ငြိမ်သက်သွားပြီး တည်ငြိမ်လှသော ရေကန်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားတော့သည်။

"ဘိုး... ဘိုးဘေး"

စီကုန်းရွှမ်းကျီ၏ မျက်နှာထက်တွင် ရုတ်ချည်းပင် ဝမ်းသာအားရဖြစ်သွားသည့် အမူအရာ ပေါ်ပေါက်လာပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်တော့သည်။

ကျန်ရှိနေသော အကြီးအကဲခုနစ်ဦးနှင့် ဝတ်ရုံနက်ဝတ် အစေခံအိုကြီးတို့သည်လည်း ခန္ဓာကိုယ်များ တုန်ယင်သွားကြရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရသည်။

ဝေးကွာလှသော အရပ်တွင်မူ ချန်တောက်ယန်၏ မျက်ခုံးအစုံမှာ အလွန်အမင်း တွန့်ကွေးသွားတော့သည်။

ဟင်းလင်းပြင်ကြီးတစ်ခု၏ အလယ်ဗဟို၌ ရှေးဟောင်း မီးခိုးရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အတိုင်းအဆမရှိသော အိုမင်းရင့်ရော်မှုနှင့် ယိုယွင်းပျက်စီးမှု အရှိန်အဝါများကို ထုတ်ဖော်လျက် မီးခိုးရောင် တာအိုအလင်းတန်းများ ဝန်းရံထားသော ပုံရိပ်တစ်ခုသည် ရှေ့သို့ လှမ်းတက်လာခဲ့သည်။

သူသည် မဟာတာအိုကြီး၏ သန္ဓေတည်ရာ၊ နိယာမတရား၏ ကိုယ်ပွားတော်ကြီးနှင့် တူလှပြီး မည်သည့်ကျင့်ကြံခြင်း စွမ်းအားကိုမျှ ထုတ်ဖော်ခြင်းမရှိသော်လည်း ကောင်းကင်နှင့် မြေပြင်ကို ညီညွတ်စွာ သီကျူးစေကာ ရာထောင်ချီသော နိယာမတရားများကို အလိုလို ပေါ်ပေါက်စေပြီး နိယာမဆွဲကြိုးများကိုပါ ယှက်နွှယ်စေတော့သည်။

ကောင်းကင်နတ်သမီးများက ပန်းမိုးရွာသွန်းစေပြီး မြေပြင်ကြီးမှလည်း ရွှေကြာပန်းများ တိုးထွက်လာစေသည်။

အတိုင်းအဆမရှိသော ရှေးဦးမသေမျိုး အလင်းတန်းများမှာ ပေါက်ကွဲထွက်လာပြီး မင်္ဂလာရှိသော တိမ်တိုက်များမှာလည်း လွှမ်းခြုံသွားတော့သည်။

လောကကြီးတစ်ခုလုံးသည် ဤပုဂ္ဂိုလ်ကြီး၏ ရောက်ရှိလာမှုကို ကြိုဆိုနေကြသကဲ့သို့ပင်။

နောက်အခိုက်အတန့်တွင် ထိုပုံရိပ်သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်ကြီးတစ်ခုဆီသို့ စိုက်ကြည့်ကာ သူ၏စကားသံထဲတွင် မောပန်းနွမ်းနယ်မှု အချို့ ပါဝင်လျက် ပြောလိုက်သည်။

"မိတ်ဆွေ တာအိုဖော်ချန်... မျိုးဆက်သစ်တွေကြားက ကိစ္စရပ်တွေကို ဒီနေရာတင်ပဲ အဆုံးသတ်လိုက်ကြရအောင်လား"

All Chapters