← Chapters

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း(၂၅၃)

အစတွင် သူက စာရွက်တစ်မျက်နှာကိုသာ မြင်တွေ့ရလိမ့်မည်။ အကယ်၍ သူက နောက်တစ်မျက်နှာကို မြင်တွေ့ချင်လျှင် ပထမစာရွက်ထဲမှာ ဖော်ပြထားသော ဖော်စပ်နည်းအတိုင်း ဝိုင်ချက်လုပ်ပြီး ယင်းကို အံ့ဖွယ်ရတနာကြေးမုံထဲသို့ လောင်းထည့်ရမည်။ ထိုအခါ နောက်ထပ် ဝိညာဉ်ဝိုင်တစ်မျိုး၏ ဖော်စပ်နည်းက အံ့ဖွယ်ရတနာကြေးမုံထဲမှာ ထွက်ပေါ်လာလိမ့်မည်။ မှန်ပေသည်။ အံ့ဖွယ်ရတနာကြေးမုံထဲမှာ အမျိုးအစားမတူညီသော ဝိညာဉ်ဝိုင်အများအပြား၏ ဖော်စပ်နည်းများကို မှတ်သားထားသည်။

အံ့ဖွယ်ရတနာကြေးမုံထဲမှာ စုစုပေါင်း ဝိညာဉ်ဝိုင်အမျိုးအစား(၁၀၈)မျိုးကို မှတ်သားထားသည်။

ပထမဆုံး စာမျက်နှာပေါ်တွင် မှတ်သားထားသော ဝိညာဉ်ဝိုင်က အမှောင်ရေခဲကျောက်စိမ်းမီးတောက်ဝိုင် ဖြစ်သည်။

ထိုဝိုင်၏ အဓိကပါဝင်ပစ္စည်းက အမှောင်ရေခဲကျောက်စိမ်းမီးတောက်သစ်သီး ဖြစ်သည်။ ထိုသစ်သီးအပင်သည် အလွန်အေးစက်သော သို့မဟုတ် အလွန်ပူပြင်းသော နေရာများတွင် ရှင်သန်ကြီးထွားလေ့ရှိသည်။ ဝိုင်ချက်လုပ်ရန်အလို့ငှာ အမှောင်ရေခဲကျောက်စိမ်းမီးတောက်သစ်သီးအပြင် ဝိုက်မြက်ပင်နှင့် အမျိုးအစားမတူညီသော ဆေးဖက်ဝင်ဝိညာဉ်အပင်တစ်ရာကို လိုအပ်လိမ့်မည်။

ယင်းတို့အားလုံးကို ပထမစာမျက်နှာပေါ်မှာ ရေးသားထားသော ဝိုင်ဖော်စပ်နည်းအတိုင်း အချိုးအစားကျစွာ ရောစပ်ပြီး ချက်လုပ်မှသာ အမှောင်ရေခဲကျောက်စိမ်းမီးတောက်ဝိုင်ကို ရရှိလိမ့်မည်။ ထိုဝိုင်၏ အစွမ်းအာနိသင်က ခန္ဓာကိုယ်ကို ထုဆစ်သန့်စင်ပေးနိုင်ခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က ထိုဝိုင်ကို သောက်သုံးမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်က အပူတစ်လှည့် အအေးတစ်လှည့်ဖြင့် ထုဆစ်သန့်စင်ပေးခြင်းခံရမည်။ ထို့ပြင် ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားကိုလည်း တိုးပွားစေနိုင်သည်။

စာရွက်ထဲ၌ ဖော်ပြထားသည်မှာ ထိုဝိုင်ကို သောက်သုံးမည်ဆိုလျှင် တစ်စုံတစ်ယောက်က ဆယ်နှစ်ကျင့်ကြံခြင်းနှင့်ညီမျှသော ကျင့်ကြံခြင်းစွမ်းအားကို တစ်ခဏလေးအတွင်း ပိုင်ဆိုင်သွားလိမ့်မည်။

မှန်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က အလွန်အကြူး သောက်သုံးမည်ဆိုလျှင် ဘေးထွက်ဆိုးကျိုးများ ရှိလာလိမ့်မည်။ ထိုဝိညာဉ်ဝိုင်၏ အဓိကအကျိုးသက်ရောက်မှုက ခန္ဓာကိုယ်ကို ထုဆစ်သန့်စင်ပေးခြင်း ဖြစ်သည်။

ထို့ပြင် ယင်းက ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်နှင့် အလားအလာကို မြှင့်တင်ပေးနိုင်သည်။ ထိုသို့ဝိုင်သည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သည်။ အခြေခံအုတ်မြစ် ခိုင်မာမှသာလျှင် သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းက ပိုမိုချောမွေ့သွားလိမ့်မည်။

“ အမှောင်ရေခဲမီးတောက်ကျောက်စိမ်းဝိုင်… ဘယ်လောက်အံ့ဖွယ်ကောင်းလိုက်တဲ့ ဝိညာဉ်ဝိုင်လဲ… အဲ့ဒီဝိုင်ကို ချက်လုပ်နိုင်မယ်ဆိုရင် ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက ဘယ်လောက်တောင် အင်အားကြီးမားသွားလိမ့်မလဲ… ဒါက ပထမဆုံး ဝိညာဉ်ဝိုင်ပဲ ရှိသေးတယ်… နောက်ထပ် ဝိုင်တွေက ဒီထက်ပိုပြီး အံ့ဖွယ်ကောင်းလိမ့်မယ်… ကြည့်ရတာ ဒီအပေးအယူက အရမ်းမဆိုးဘူးပဲ ”

သီရှီထျန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်သော ဝိညာဉ်ဝိုင်က ယခုအချိန်မှာ သူအလိုချင်ဆုံးအရာ ဖြစ်သည်။ ကြည့်ရသည်မှာ အမှောင်ရေခဲမီးတောက်ကျောက်စိမ်းဝိုင်က သာမန်မျောက်မင်းဝိုင်ထက် ပိုပြီးကောင်းမွန်ဟန် ရ၏။ ထို့ကြောင့် သူက ဒုတိယမြောက် ဝိညာဉ်ဝိုင်အမျိုးအစားအတွက် မျှော်လင့်ချက်အကြီးကြီး ထားလိုက်သည်။

သူက ဝိုင်နတ်ဘုရား၏ အံ့ဖွယ်ရတနာကြေးမုံကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏ သွေးတစ်စက်ကို စုပ်ယူပြီးနောက် အံ့ဖွယ်ရတနာကြေးမုံနှင့် သူ့ကြားမှာ သွေးဆက်သွယ်ချက်ရှိသွားသည်။ ထို့ကြောင့် ယင်းကို ဓမ္မရတနာတစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းနိုင်ပေသည်။ ထိုသို့ရတနာက သူ့အတွက် အလွန်သက်တောင့်သက်သာရှိသည်။ သူ၏ အတွေးတစ်ချက်ကြောင့် အံ့ဖွယ်ရတနာကြေးမုံက သူ၏ မိစ္ဆာစံအိမ်ထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရသည်။ ယင်းက မိစ္ဆာစံအိမ်ထဲမှာ လွင့်မျောသွားသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူက သေတ္တာထဲမှ ဝိုင်ဘူးသီးခြောက်ကို ကြည့်လိုက်သည်။

ထိုဝိုင်ဘူးသီးခြောက်ကို သူကြည့်လိုက်သည့်အခါ စိတ်လှုပ်ရှားမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ဝိုင်နတ်ဘုရားဘူးသီးခြောက်သည် ဝိုင်အမတအရှင်၏ ရတနာတစ်ခု ဖြစ်သည်။

သို့သော်လည်း ထိုဝိုင်ဘူးသီးခြောက်မှာ မည်သည့်တိုက်ခိုက်စွမ်းအားမှ မရှိပေ။ ယင်းက တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သော ဓမ္မရတနာတစ်ခု မဟုတ်ပေ။ ယင်းအစား ထောက်ပံ့ရေးအမျိုးအစား ဝိညာဉ်ရတနာ ဖြစ်သည်။

ဝိုင်အမတအရှင်ချန်ထားခဲ့သော သတင်းချက်အလက်အရ ထိုဘူးသီးခြောက်သည် သဘာဝအလျောက် သူ့ဘာသာ မွေးဖွားလာသောအရာ ဖြစ်သည်။

ဝိုင်အမတအရှင်သည် အလွန်အန္တရာယ်များသော ချောက်ကမ်းပါးတစ်ခုဆီသို့ ရောက်သွားစဉ် ချောက်ကမ်းပါးပေါ်မှာ နွယ်ပင်တစ်ပင်ရှိနေကြောင်း မြင်တွေ့သွားသည်။ ထူးဆန်းသည်မှာ ထိုနွယ်ပင်ပေါ်မှာ ဘူးသီးခြောက်တစ်ခုက သဘာဝအလျောက် ဖွဲ့စည်းနေသည်။ ယင်းက အလွန်ထူးဆန်းသောကြောင့် ဝိုင်အမတအရှင်က ထိုဘူးသီးခြောက်ကို ယူဆောင်လိုက်သည်။

မမျှော်လင့်ထားသည်မှာ ယင်းက အမှန်တကယ် သူနှင့် ကံစပ်သည်။ ထိုဘူးသီးခြောက်မှာ တမူထူးခြားသော မည်သည့်မှော်စွမ်းရည်မှ မရှိပေ။ ယင်းက “ အနောက်အရပ်သို့ ခရီးသွားခြင်း ” ဇာတ်လမ်းတွဲထဲမှာ သူမြင်ခဲ့ဖူးသော ရွှေငွေညီနောင်နှစ်ပါး၏ “ အမတချုပ်နှောင်ဘူးသီးခြောက် ”ကဲ့သို့ အစွမ်းမထက်ပေ။ ယင်းမှာ စွမ်းရည်တစ်မျိုးတည်းသာ ရှိ၏။ ယင်းက ဝိုင်သိုလှောင်ခြင်းနှင့် ဝိုင်ချက်လုပ်ခြင်း ဖြစ်သည်။

ထိုဘူးသီးခြောက်၏ အတွင်းပိုင်းထဲမှာ အရေအတွက် အကန့်အသတ်မဲ့သော လျှို့ဝှက်နယ်မြေလွတ်များ ရှိသည်။ ထိုနယ်မြေလွတ်များသည် တစ်ခုနှင့်တစ်ခု မချိတ်ဆက်နေဘဲ သီးခြားတည်ရှိနေကြသည်။ သို့ဖြစ်၍ နယ်မြေလွတ်တစ်ခုစီမှာ ဝိုင်တစ်မျိုးကို သိမ်းဆည်းထားနိုင်သည်။

အကယ်၍ သူက ဝိုင်အမျိုးအစားတစ်ရာကို ဘူးသီးခြောက်ထဲမှာ အတူတကွ ထည့်သိမ်းမည်ဆိုလျှင်ပင် ယင်းတို့ ရောနှောသွားမည်ကို စိုးရိမ်ရန် မလိုပေ။ ထိုဝိုင်အမျိုးအစားတစ်ရာက ဘူးသီးခြောက်ထဲမှ နယ်မြေလွတ်တစ်ရာထဲမှာ သီးခြားတည်ရှိနေကြလိမ့်မည်။

သို့ဖြစ်၍ ဝိုင်သိုလှောင်ခြင်းတွင် ဤဘူးသီးခြောက်ထက် ပိုပြီးကောင်းမွန်သော ရတနာမရှိဘူးဟု ဆိုနိုင်၏။

ထို့ပြင် ဘူးသီးခြောက်ကိုယ်တိုင်က ဝိုင်ချက်လုပ်ပေးနိုင်သည်။

ဝိညာဉ်သစ်သီးများနှင့် ဆေးပင်များကို ဘူးသီးခြောက်ထဲသို့ ထည့်သွင်းပြီး ဝိညာဉ်ပညာရပ်ကို အသက်သွင်းလိုက်မည်ဆိုလျှင် ဘူးသီးခြောက်က သူ့ဘာသာ ဝိုင်ချက်လုပ်ပေးလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် ဝိုင်ချက်လုပ်သော ကြာချိန်က တိုတောင်းသွားလိမ့်မည်။ ထို့ပြင် ဝိုင်ဘူးသီးခြောက်ထဲမှ အချိန်စီးဆင်းမှုက ပိုင်ရှင်၏ ထိန်းချုပ်မှုအောက်မှာ ရှိသည်။ ဘူးသီးခြောက်မှာ အလွန်အားကောင်းသော အရှိန်အဝါတစ်ခု ရှိသည်။ ဘူးသီးခြောက်ထဲမှာ ဝိုင်ကို သိမ်းဆည်းထားမည်ဆိုလျှင် ဝိုင်၏ အကျိုးအာနိသင်က ပိုပြီးတိုးပွားလာလိမ့်မည်။

ဝိုင်သည် ဆေးလုံးများနှင့် ကွဲပြားခြားနားသည်။

ဆေးလုံးများကို အချိန်ကြာကြာ သိမ်းဆည်းထားမည်ဆိုလျှင် ဆေးအာနိသင်က တဖြည်းဖြည်း လျော့ပါးသွားလိမ့်မည်။ သို့သော်လည်း ဝိုင်က ကွဲပြားခြားနားသည်။

ဝိုင်ကို အချိန်ကြာကြာ ပိုပြီးသိမ်းဆည်းလေ ဝိုင်၏ အရသာနှင့် ပြင်းအားက ပိုပြီးသန်စွမ်းလေ ဖြစ်သည်။ ရှေးလူကြီးများက ဤသို့ပြောကြသည်။ ဝိုင်က သက်တမ်းပိုရင့်လေ ပိုပြီးကောင်းမွန်လေ ဖြစ်သည်။

တချို့လူများဆိုလျှင် ဝိုင်များကို မြေအောက်ထဲမှာ နှစ်ပေါင်းရာချီကြာမြင့်အောင် သိမ်းဆည်းထားကြလေ့ရှိသည်။ ထိုသို့သိမ်းဆည်းထားသည့်အခါ ဝိုင်ပမာဏက နည်းပါးသွားလေ့ရှိသည်။ သို့သော် ဝိုင်၏ အရည်အသွေးက ပိုပြီးကောင်းမွန်လာသည်။ တစ်နည်းဆိုရသော် အချိန်ပိုကြာမြင့်လေ ဝိုင်၏ အနှစ်သာရက ပိုပြီးတိုးပွားလေ ဖြစ်သည်။

ထို့ကြောင့် နှစ်ချို့ဝိုင်များက ဈေးပိုကြီးသည်။ ဤဝိုင်ဘူးသီးခြောက်က အထဲမှ အချိန်စီးဆင်းမှုကို မြန်ဆန်ပေးနိုင်သည်။ ထို့ပြင် ယင်း၏ အရှိန်အဝါက ဝိညာဉ်ဝိုင်၏ အာနိသင်ကို ပိုကောင်းမွန်စေသည်။

ထို့ကြောင့် ဤဝိုင်ဘူးသီးခြောက်ဆီမှာ တမူထူးခြားသော မှော်စွမ်းရည်မရှိသော်လည်း ယင်းက ဝိုင်ချစ်သူများနှင့် ဝိုင်ချက်လုပ်သူများအတွက်တော့ အထွတ်အမြတ်ရတနာ ဖြစ်သည်။

ကံကောင်းသည်မှာ ဝိုင်အမတအရှင်သည် ဝိုင်ဘူးသီးခြောက်ပေါ်မှာ သူ၏ စိတ်ဝိညာဉ်အမှတ်အသားကို မချန်ထားခဲ့ပေ။ ထို့ကြောင့် ဝိုင်ဘူးသီးခြောက်ကို သူ့ကိုယ်ပိုင်ပစ္စည်းအဖြစ် သိမ်းဆည်းရန် မခက်ခဲပေ။ သို့သော်လည်း ယင်းကို သန့်စင်ရန်သည် လွယ်ကူသောအရာ မဟုတ်ပေ။

သူ၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားကြောင့် ယင်းကို အပြည့်အဝ သန့်စင်ရန် မဖြစ်နိုင်သေးပေ။ ဝိုင်ဘူးသီးခြောက်ကို အပြည့်အဝ သန့်စင်ပြီးမှသာ ယင်းက သူ့အပိုင်ဖြစ်လာလိမ့်မည်။ သို့ဖြစ်၍ ယင်းကို အနာဂတ်မှာ ဖြည်းဖြည်းချင်း သူသန့်စင်မည်ဟု ရည်ရွယ်ထားသည်။

ထို့ကြောင့် သူက ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို သူ၏ မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ထည့်သွင်းလိုက်သည်။ သူက မိစ္ဆာမီးတောက်ကို အသုံးပြု၍ ဘူးသီးခြောက်ကို သန့်စင်လိုက်သည်။ သို့မှသာ သူ၏ စိတ်ဝိညာဉ်အမှတ်အသားက ဘူးသီးခြောက်ပေါ်မှာ ထွက်ပေါ်လာလိမ့်မည်။ သန့်စင်သော လုပ်ငန်းစဉ်က အလွန်အချိန်ကြာညောင်းလိမ့်မည်။ သီရှီထျန်သည်လည်း အလျင်မလိုပေ။

ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို အပြည့်အဝ သန့်စင်ပြီးသွားမှသာ ယင်းကို သူအသုံးပြုနိုင်လိမ့်မည်။

အစောနက သူ၏ စစ်ဆေးမှုအရ ဝိုင်ဘူးသီးခြောက်ထဲမှာ သီးခြားနယ်မြေလွတ်များ အမှန်တကယ် ရှိသည်။ လောလောဆယ်တွင် ဝိုင်ဘူးသီးခြောက်ထဲမှာ သီးခြားနယ်မြေလွတ်နှစ်ခုသာ ရှိ၏။ သို့သော်လည်း ယင်းက သီရှီထျန်အတွက် မထူးဆန်းပေ။

ဝိုင်အမတအရှင်ချန်ထားခဲ့သော သတင်းအချက်အလက်များအရ သီခြားနယ်မြေလွတ်တစ်ခုထဲသို့ ဝိညာဉ်ဝိုင်တစ်မျိုးကို ဖြည့်သွင်းလိုက်မည်ဆိုလျှင် သီးခြားနယ်မြေလွတ်အသစ်တစ်ခုက သူ့ဘာသာ အလိုအလျောက် ထွက်ပေါ်လာလိမ့်မည်။

တစ်နည်းဆိုရသော် အမျိုးအစားမတူညီသော ဝိညာဉ်ဝိုင်တစ်မျိုးကို သူဖြည့်သွင်းလိုက်သည့်အခါတိုင်း သီးခြားနယ်မြေလွတ်အသစ်တစ်ခု ထွက်ပေါ်လာလိမ့်မည်။

ဘူးသီးခြောက်၏ အတွင်းပိုင်းကို စစ်ဆေးကြည့်ပြီးနောက် သီရှိထျန်က ဝိုင်အမတအရှင်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ဘူးသီးခြောက်သည် လုံးဝ ဗလာဖြစ်သည်။ အထဲမှာ ဝိုင်တစ်စက်ပင်မရှိပေ။

အကယ်၍ ဝိုင်အမတအရှင်သာ ဝိုင်ဘူးသီးခြောက်ထဲမှာ ဝိညာဉ်ဝိုင်တစ်မျိုး ချန်ထားခဲ့မည်ဆိုလျှင် ယင်းက သူ့အတွက် အလွန်အကျိုးအမြတ်ရှိလိမ့်မည်။ ယခုအခြေအနေအရဆိုလျှင် အရာအားလုံးကို သူ့ဘာသာ စတင်ကြိုးစားရလိမ့်မည်။

“ ကြည့်ရတာ ဝိညာဉ်ဝိုင်ချက်လုပ်ဖို့ ငါ့ဘာသာပဲ ကြိုးစားရတော့မယ်… အခုလောလောဆယ် ငါ့မှာ ဝိညာဉ်ဝိုင်မရှိသေးဘူး… အနာဂတ်မှာ ဒီဘူးသီးခြောက်ထဲကို ဝိညာဉ်ဝိုင်အမျိုးမျိုး ဖြည့်သွင်းပြီးတဲ့အခါ အဲ့ဒါက ဝိုင်နတ်ဘုရားဘူးသီးခြောက်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်သွားလိမ့်မယ် ”

စက်ကရာက စိတ်ထဲမှာ တွေးလိုက်သည်။ သို့သော်လည်း ဝိညာဉ်ဝိုင်အကြောင်း သူစဉ်းစားလိုက်သောအခါ ရုတ်တရက် မျက်လုံးဝင်းလက်သွားသည်။ ဝိညာဉ်ဝိုင်အကြောင်းပြောလျှင် သူ့ဆီမှာ ဝိညာဉ်ဝိုင်တစ်မျိုး အမှန်တကယ် ရှိသည်။

သူက ဝိညာဉ်ဝိုင်ကို ဤခရီးစဉ်မှာ သူနှင့်အတူ သယ်ဆောင်လာခဲ့သည်။ သူက ဤနှစ်များတွင် ထိုဝိညာဉ်ဝိုင်ကို မကြာခဏ သောက်သုံးခဲ့သည်။ သို့ဖြစ်၍ သူ့ဆီမှာ ဝိညာဉ်ဝိုင်အနည်းငယ်သာ ကျန်ရှိတော့သည်။

သီရှီထျန်သည် နှစ်ခါစဉ်းစားမနေဘဲ ဝိညာဉ်ဝိုင်ထည့်သိမ်းထားသော သာမန်ဘူးသီးခြောက်များကို ထုတ်လိုက်သည်။ သူက မိစ္ဆာသန့်စင်ခြင်းမီးဖိုပေါ်မှ ဝိုင်နတ်ဘုရားဘူးသီးခြောက်ကိုလည်း အပြင်သို့ ထုတ်လိုက်သည်။ ထို့နောက် သူက ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို သာမန်ဘူးသီးခြောက်များပေါ်မှာ ဇောက်ထိုးကိုင်ထားလိုက်သည်။ သူက ပါးစပ်မှ အော်ပြောလိုက်သည်။

“ စုပ်ယူစမ်း ”

ဝိုင်နတ်ဘုရားဘူးသီးခြောက်က ကျောက်စိမ်းအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော စုပ်ယူအားက ကျောက်စိမ်းဘူးသီးခြောက်ထံမှ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သာမန်ဘူးသီးခြောက်များထဲမှ ဝိညာဉ်ဝိုင်က ဝိုင်နတ်ဘုရားဘူးသီးခြောက်၏ စုပ်ယူခံလိုက်ရသည်။ ဝိုင်နတ်ဘုရားဘူးသီးခြောက်သည် ဝိညာဉ်ဝိုင်ကို မငြင်းပယ်ပေ။ စက္ကန့်ပိုင်းလေးအတွင်းမှာ သာမန်ဘူးသီးခြောက်များထဲမှ ဝိညာဉ်ဝိုင်က ဝိုင်နတ်ဘုရားဘူးသီးခြောက်ထဲသို့ ပြောင်းရွှေ့သွားသည်။

သီရှီထျန်သည် သူ၏ မိစ္ဆာအာရုံကို ကျောက်စိမ်းဘူးသီးခြောက်ထဲသို့ ပို့လွှတ်လိုက်သည်။ ဝိုင်ဘူးသီးခြောက်ထဲမှ သီးခြားနယ်မြေလွတ်တစ်ခုထဲမှာ ရွှေရောင်ဝိုင်အရည်ဖြင့် ပြည့်နှက်နေကြောင်း သူမြင်တွေ့သွားသည်။ ဝိညာဉ်ဝိုင်သည် သီးခြားနယ်မြေလွတ်ထဲမှာ ဂနာမငြိမ် လှုပ်ခတ်နေသည်။ ဝိညာဉ်စွမ်းအားတစ်မျိုးက ကျောက်စိမ်းဘူးသီးခြောက်ထဲမှ ထွက်ပေါ်လာပြီး ဝိညာဉ်ဝိုင်ထဲသို့ ပေါင်းစပ်သွားသည်။ ယင်းက မျောက်မင်းဝိုင်ကို ဖြည်းဖြည်းချင်း အားဖြည့်ပေးနေသည်။

သီရှီထျန် သတိထားမိသည်မှာ မျောက်မင်းဝိုင်ရှိနေသော သီးခြားနယ်မြေလွတ်ထဲမှ အချိန်စီးဆင်းမှုက ပြောင်းလဲသွားသည်။ ယင်းက အပြင်လောကထက် ဆယ်ဆပိုမြန်ဆန်သွားသည်။

တစ်နည်းဆိုရသော် အပြင်လောကမှာ တစ်နှစ်က ဝိုင်ဘူးသီးခြောက်ထဲတွင် ဆယ်နှစ်အချိန်နှင့် ညီမျှသည်။ အချိန်စီးဆင်းမှုကို ဆယ်ဆပိုမြန်ဆန်စေနိုင်သော စွမ်းရည်က သီရှီထျန်၏ လက်ရှိလုပ်နိုင်စွမ်း အကန့်အသတ် ဖြစ်သည်။

အကယ်၍ သူက ထိုထက် ပိုပြီးတိုးတတ်ချင်သည်ဆိုလျှင် ဝိုင်ဘူးသီးခြောက်နှင့် သူ့ကြားမှ ဆက်သွယ်မှုကို ပိုပြီးအားကောင်းအောင် လုပ်ဆောင်ရမည်။ သို့မဟုတ် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ရမည်။

“ ကောင်းပြီ… အခု ထွက်သွားဖို့ အချိန်ကျပြီ… ဒီတစ်ခေါက် အပြန်ခရီးမှာ မမျှော်လင့်ဘဲ အခွင့်အရေးတစ်ခုနဲ့ တွေ့ကြုံခဲ့တယ်… အခု ငါ့ဆီမှာ အမှောင်ရေခဲကျောက်စိမ်းမီးတောက်ဝိုင် ဖော်စပ်နည်းနဲ့ ဝိုင်နတ်ဘုရားဘူးသီးခြောက် ရှိသွားပြီ… ဝိုင်ချက်လုပ်ဖို့ ငါ့မှာ အထူးအားသာချက်ရှိသွားပြီ… နောက်ထပ် ငါဆက်လုပ်ရမှာက အမှောင်ရေခဲကျောက်စိမ်းမီးတောက်သစ်သီးကို ရှာဖွေဖို့ပဲ… ဝိညာဉ်ဝိုင်ကို မြန်မြန် ချက်လုပ်နိုင်လေ ငါ့အတွက် အကျိုးပိုရှိလေပဲ ”

သူက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး လှိုဏ်ဂူထဲမှ ပစ္စည်းများကို ပြန်သိမ်းဆည်းလိုက်သည်။ ဤတစ်ကြိမ် သူ၏ ရိတ်သိမ်းမှုအကျိုးအမြတ်ကို တွက်ချက်ပြီးနောက် အမှောင်ရေခဲကျောက်စိမ်းမီးတောက်သစ်သီးကို မြန်နိုင်သမျှမြန်မြန် ရှာဖွေရန် သူဆုံးဖြတ်ချက်ချလိုက်သည်။ ဝိညာဉ်ဝိုင်ကို အမှန်တကယ် သူချက်လုပ်နိုင်မှသာ အကျိုးအမြတ်များကို တကယ်ရရှိလိမ့်မည်။ သို့မဟုတ်လျှင် ဤတစ်ကြိမ် သူ၏ ရိတ်သိမ်းမှုက အပေါ်ယံသာ ဖြစ်လိမ့်မည်။

လှိုဏ်ဂူထဲမှာ တစ်ခဏကြာ အနားယူပြီးလျှင် တစ်ညလုံး မိစ္ဆာလေကို သူစီးနင်းခဲ့သည့်အတွက် ကုန်ဆုံးသွားခဲ့သော မိစ္ဆာချီပမာဏက ပြန်ပြည့်သွားသည်။

သူက လှိုဏ်ဂူအပြင်ဘက်မှ စည်းချအစီအရင်ကို ဖယ်ရှားလိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ယခုက ညနေခင်းအချိန် ဖြစ်သည်။

သူက တုံ့ဆိုင်းမနေဘဲ မိစ္ဆာလေကို ဆင့်ခေါ်လိုက်ပြီး တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ဦးတည်သွားသည်။ ယခု သူက တောင်တန်းများနှင့် တောအုပ်များ၏ ပိုင်နက်ထဲသို့ ဝင်ရောက်သွားလေရာ လူသူရှားပါးသွား၏။ ထို့ကြောင့် သူ၏ သရုပ်မှန် ပေါ်ပေါက်သွားမည်ကို စိုးရိမ်ရန် မလိုတော့ပေ။ သို့ဖြစ်၍ သူက လျှပ်စီးပမာ အလျင်ဖြင့် မြန်ဆန်စွာ ရွေ့လျားသွားသည်။

အခန်း(၂၅၄)

သူက ခရီးတစ်လျှောက်လုံး အလျင်ကုန်သုံး၍ ရွေ့လျားနေသည်။ သူမောပန်းလာသည့်အခါ တိတ်ဆိတ်သော နေရာတစ်နေရာကို ရှာဖွေပြီး မိစ္ဆာချီကို ပြန်လည်ဖြည့်တင်းလိမ့်မည်။ မိစ္ဆာချီပြန်ပြည့်လာမှသာ သူက ခရီးဆက်လိမ့်မည်။ သူက နေ့ညမပြတ် ခရီးဆက်ခဲ့သည်။ ထို့ပြင် သူ၏ အလျင်က အလွန်မြန်ဆန်လေရာ ငါးရက်မြောက်နေ့၌ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အပြင်ဘက်မှာ ပြန်ထွက်ပေါ်လာသည်။

သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်မှာ တိတ်တဆိတ် မတ်တတ်ရပ်နေသည်။ သူက အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။ တစ်နှစ်ပတ်လုံး မြူခိုးဖုံးလွှမ်းနေသော တောင်ပိုင်းမြေရိုင်းဒေသ၏ အတိုင်းအဆမဲ့ ကြီးမားပုံက သီရှီထျန်၏ မျက်စိအရှေ့မှာ အံ့ဩဖွယ်ကောင်းစွာ ထွက်ပေါ်နေသည်။

တစ်နှစ်ပတ်လုံး မြူခိုးဖုံးလွှမ်းနေစဉ် တောင်ပိုင်းမြေရိုင်းဒေသက လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပိုင်ဆိုင်သွားသည်။ တောင်တန်းများက အဆုံးမဲ့စွာ တစ်တောင်နှင့်တစ်တောင် သွယ်တန်းနေကြသည်။ အကြည့်တစ်ချက်ဖြင့် တောင်တန်းများ၏ အဆုံးသတ်ကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။

“ တောင်ပိုင်းမြေရိုင်းဒေသ… ငါပြန်ရောက်လာပြီ ”

ပုံမှန်မဟုတ်သော အလင်းရောင်က သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော အဓိပ္ပာယ် ရှိသည်။ ယင်းက ဖော်ပြရခက်ခဲသော စိတ်ခံစားမှုလည်း ဟုတ်၏။ တောင်ပိုင်းမြေရိုင်းဒေသက သူ၏ မွေးရပ်မြေမဟုတ်သော်လည်း ဤနေရာက သူ၏ အခြေခံအုတ်မြစ် တည်ရှိသောနေရာ ဖြစ်သည်။ ဤနေရာက မိစ္ဆာမျိုးနွယ်ဝင်များနှင့် ပထမဆုံးအကြိမ် သူဆက်သွယ်ခဲ့သောနေရာ ဖြစ်သည်။ ဤနေရာက သူ့ကိုယ်သူ မိစ္ဆာတစ်ကောင်အဖြစ် အသိအမှတ်ပြုခဲ့သောနေရာ ဖြစ်သည်။

သူ့ကိုယ်သူ သတိမထားမိခင်မှာ တောင်ပိုင်းမြေရိုင်းဒေသက ဤခရမ်းရွှေကုန်းမြေ၌ သူ၏ နေအိမ်ဖြစ်လာသည်။ သူနှင့် တောင်ပိုင်းမြေရိုင်းဒေသကြားမှာ ဆက်သွယ်မှုတစ်ခု ရှိသွားဟန် ရ၏။

သို့ဖြစ်၍ ဤနေရာသို့ သူရောက်လာသည့်အခါ လွမ်းဆွတ်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိသွားသည်။

“ ရွှတ် ”

တောင်ပိုင်းမြေရိုင်းဒေသကို တစ်ခဏကြာ တိတ်တဆိတ် ကြည့်ရှုပြီးနောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ မိစ္ဆာလေက သူ၏ ခန္ဓာကိုယ်ကို ပင့်မြှောက်လိုက်ပြီး သူ့ကို အဝေးသို့ ခေါ်ဆောင်သွားသည်။ သူက တောင်ပိုင်းမြေရိုင်းဒေသထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ခံစားမိသောအခါ ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်လေရာ ကျားနက်အသွင်သို့ ပြန်ပြောင်းလဲသွားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးများက နက်မှောင်ပြီး တောက်ပသည်။ သူ၏ ကျားလက်သည်းများနှင့် ခြေသည်းများက ဓားများသဖွယ် အလွန်ချွန်ထက်ကြသည်။ အနက်ရောင်သတ္ထုအလင်းက ယင်းတို့ပေါ်မှာ ရွေ့လျားစီးဆင်းနေသည်။ မြေကြီးပေါ်သို့ သူခုန်ဆင်းလိုက်သည့်အခါ ကြီးမားသော အင်အားက မြေကြီးပေါ်မှာ သက်ရောက်သွားသည်။ မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ ခြေထောက်အောက်၌ အက်ကွဲရာများ ဖြစ်ပေါ်လာသည်။ သူ့ပါးစပ်၏ ဘေးမှ နှုတ်ခမ်းမွှေးများက သံမဏိအပ်များသဖွယ် ဘယ်တစ်ဖက် ညာတစ်ဖက်ဆီသို့ ဆန့်တန်းနေကြသည်။ သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက မီးတောက်တစ်ခုနှယ် လှုပ်ယမ်းနေပြီး ကြီးမားသော ဖိအားကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ သူ့အနောက်တွင် ကျားအမြှီးက အားကောင်းစွာ လွှဲယမ်းနေသည်။ ကျားအမြှီးက သစ်ပင်ကြီးတစ်ပင်ကို ရိုက်ခတ်သွားသည့်အခါ သစ်ပင်ကြီးက ချက်ချင်း ကျိုးပဲ့သွားသည်။ သူ၏ ကျားအမြှီးက သံမဏိကြာပွတ်ထက်ပင် ပိုပြီးသန်မာသည်။

ကျားခန္ဓာကိုယ်က တုန်ယင်သွားသည်။ ကြီးမြတ်သော ကျားအရှိန်အဝါက အရပ်မျက်နှာအသီးသီးသို့ ဒီရေသဖွယ် ပျံ့နှံ့သွားသည်။ သူ၏ ခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ကြီးမားသွားသည်။

“ ဘန်း… ဘန်း… ဘန်း… ”

သုံးမီတာ… ခြောက်မီတာ… ကိုးမီတာ…

မျက်တောင်တစ်ခတ်အတွင်းမှာ သီရှီထျန်၏ ခန္ဓာကိုယ်က မီတာငါးဆယ်ခန့် မြင့်မားသွားသည်။ ဘေးပတ်ဝန်းကျင်မှ သစ်ပင်များက ဧရာမကျားခန္ဓာကိုယ်ကြောင့် ကျိုးပဲ့ပျက်စီးသွားကြသည်။

လွှမ်းမိုးဗိုလ်ကျသော သားရဲဘုရင်အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ သူ၏ အရှိန်အဟုန်က ပိုပြီးတိုးပွားသွားသည်။

“ ဝေါင်း ”

သူက ခေါင်းမော့လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ သူက မည်သည့်အသံတိုက်ခိုက်မှုမှ အသုံးမပြုခဲ့ပေ။

သူက သူ့ကိုယ်ပိုင် သားရဲဘုရင်အရှိန်အဟုန်ကို အမှီပြု၍ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ပဲ့တင်ထပ်သွားမည့် ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ထိုဟိန်းသံထဲမှာ အဆုံးမဲ့သော ကြီးမြတ်မှု ပါဝင်နေသည်။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို သူပြန်ရောက်လာပြီဟု အသိပေးကြေညာသံ ဖြစ်သည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှ ဝိညာဉ်စွမ်းအားက အလွန်ပေါများသည်။ ပုံမှန်မဟုတ်သော အခြေအနေမျိုးမှာ သာမန်တိရိစ္ဆာန်များသည်ပင် ဝိညာဉ်သားရဲများ ဖြစ်လာနိုင်ကြသည်။ သို့သော်လည်း ထိုသို့အခွင့်အရေးက အလွန်ရှားပါးသည်။ ထို့ကြောင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှ တိရိစ္ဆာန်အများစုနှင့် ငှက်အများစုက သာမန်သားရဲများသာ ဖြစ်ကြသည်။

ကျားဟိန်းသံ ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်သားရဲများဖြစ်စေ သို့မဟုတ် သာမန်တိရိစ္ဆာန်များနှင့် ငှက်များဖြစ်စေ သူတို့အားလုံးက ကြောက်လန့်သွားကြပြီး မြေကြီးပေါ်မှာ ချက်ချင်း ဝပ်တွားလိုက်ကြသည်။ သူတို့အားလုံးက သီရှီထျန်ရှိသော ဦးတည်ရာထံသို့ ကြည့်၍ ဦးညွတ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေသည်။

ယင်းက ဘုရင်ပြန်ရောက်လာခြင်း ဖြစ်သည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှ သာမန်တိရိစ္ဆာန်များနှင့် ငှက်များသည် ကျားဟိန်းသံထဲမှ လွှမ်းမိုးဗိုလ်ကျမှုနှင့် မောက်မာထောင်လွှားမှုကို ခံစားမိသွားကြသည်။ ကြောက်ရွံ့ရိုသေမှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ယင်းက သားရဲဘုရင်တစ်ပါး၏ ဟိန်းသံ ဖြစ်သည်။

“ ကျီး ”

တောင်တန်းဒေသ၏ တောင်ပိုင်းအရပ်တွင် ကြိုးကြာအော်သံက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး ကျားဟိန်းသံနှင့်အပြိုင် ပဲ့တင်ထပ်သွားသည်။ သရဖူနီကြိုးကြာဘုရင်က သီရှီထျန်၏ ပြန်ရောက်လာမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။

“ အူး ”

“ ဝေါင်း ”

“ ဂရား ”

မကြာမီ မရဏကျီးကန်းဘုရင်၏ နားဝင်စူးရှသော အော်သံက ထွက်ပေါ်လာသည်။ ကျီးကန်းအော်သံ၏ အနောက်တွင် ခြင်္သေ့ဟိန်းသံနှင့် အနက်ရောင်မျောက်ဝံဘုရင်၏ အော်သံက ထွက်ပေါ်လာသည်။ သူတို့အားလုံးက သီရှီထျန်၏ ပြန်ရောက်လာမှုအတွက် ဝမ်းသာကြောင်း သူတို့၏ အော်သံ၊ ဟိန်းသံဖြင့် ဖော်ပြလိုက်ကြသည်။

ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များ၏ ဟိန်းသံများနှင့် အော်သံများက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေသည်။ အားနည်းသော ဝိညာဉ်သားရဲများနှင့် တိရိစ္ဆာန်များက ကြောက်လန့်တုန်လှုပ်သွားကြသည်။

“ သီရှီထျန် တောင်ပိုင်းမြေရိုင်းဒေသကနေ ထွက်သွားတာ တစ်နှစ်ခွဲကြာသွားပြီ… အခု သူပြန်ရောက်လာပြီ… အရင်ကနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ ကျင့်ကြံခြင်းက ပိုပြီးသန်မာလာတယ် ”

ထိုအခိုက်အတန့်မှာ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲတွင် ကြော့ရှင်းတင့်တယ်သော မိန်းကလေးတစ်ဦးက ပြတင်းပေါက်ဘေးနားမှာ သိမ်မွေ့စွာ ထိုင်နေလျက် တောင်ပိုင်းမြေရိုင်းဒေသ၏ အစွန်အဖျားဆီသို့ ငေးကြည့်နေသည်။ ပန်းမျိုးတစ်ရာချီက သူ၏ ဘေးပတ်ပတ်လည်မှာ ရောင်စုံဖဲကြိုးများသဖွယ် လွင့်မျောနေသည်။ ယင်းတို့က အချိန်တိုင်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားနေသည်။ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ ပန်းပေါင်းစုံသည် မိန်းကလေးကျင့်ကြံရန်အတွက် ပန်းမျိုးတစ်ရာချီကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။

ဤအခိုက်အတန့်မှာ စူးစမ်းသိလိုသော အကြည့်နှင့် နက်နဲသိမ်မွေ့သော အပြုံးက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သီရှီထျန် ပြန်ရောက်လာသည့်အတွက် သူသည်လည်း ဝမ်းသာပျော်ရွှင်သွားသည်။

“ အမ… အသံကို နားထောင်ကြည့်… အကိုသီ ပြန်ရောက်လာပြီ… အရမ်းကောင်းတယ်… အကိုသီက တောင်ပိုင်းမြေရိုင်းဒေသကို ထားမသွားဘူးဆိုတာ ကျူးအာ သိတယ်… သူက တစ်နှစ်ကျော်တောင်မှ အပြင်မှာ ရှိနေခဲ့တာ… စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေကို သူတွေ့ကြုံခဲ့မယ်လို့ ကျူးအာ ယုံတယ်… ကျူးအာ အခုပဲ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ သွားတော့မယ် ”

ဇာမဏီငှက်က မိန်းကလေး၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ သွားပါ… ပြီးတော့ သူ့ကို ပန်းမျိုးတစ်ရာချိုင့်ဝှမ်းဆီ လာဖို့ နောက်တစ်ခါ ဖိတ်ခေါ်လိုက်ပါဦး ”

မိန်းကလေးသည် ဇာမဏီငှက်ကို မတားဆီးပေ။ ယင်းအစား သူက ခေါင်းညိတ်ကာ တခစ်ခစ် ရယ်လိုက်ပြီး ဇာမဏီ၏ ခေါင်းကို ညင်သာစွာ ခေါက်လိုက်သည်။

“ ငါသိပြီ ”

ဇာမဏီငှက်က အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်။ သူက အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အမြန်ပျံသန်းသွားသည်။ ယင်းကို မြင်သောအခါ မိန်းကလေးက အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။

သူက မျက်လုံးပြန်မှိတ်လိုက်ပြီး ချိုင့်ဝှမ်းထဲမှ ပန်းမျိုးတစ်ရာချီကို ဆက်လက် စုပ်ယူလိုက်သည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင်… ။

“ အကိုကြီး… အဲ့ဒါ အကိုကြီးအသံပဲ… အကိုကြီး ပြန်လာပြီ ”

ရှောင်ပိုင်သည် ကျင့်ကြံနေရင်း ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး လှိုဏ်ဂူထဲမှ အမြန်ပြေးထွက်သွားသည်။ ကျားဟိန်းသံကို ဂရုတစိုက် သူနားထောင်လိုက်သည့်အခါ ဝမ်းသာပျော်ရွှင်သော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အရှင်မင်းကြီး… အရှင်မင်းကြီး ပြန်လာပြီ ”

“ အရှင်မင်းကြီး ပြန်ရောက်လာပြီ ”

ချိုင့်ဝှမ်းထဲတွင် ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားလူများသည်လည်း အလွန်စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ မျက်လုံးသည်ပင် နီရဲလာပြီး အနည်းငယ် စိုစွတ်လာသည်။

သူတို့က သက်ဆိုင်ရာလှိုဏ်ဂူထဲမှ အမြန်ပြေးထွက်လာကြပြီး ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ ဦးတည်သွားကြသည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် ချီဟောင်နှင့် တခြားလူများက မတူညီသော နေရာများမှာ နေထိုင်ကြသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို ကြားသောအခါ မည်သည့်အရာကို သူတို့လုပ်ဆောင်နေပါစေ သူတို့၏ လှိုဏ်ဂူထဲမှ အမြန်ပြေးထွက်လာကြသည်။ ချီဟောင်၊ ပိုင်ယွဲ့၊ ယွမ်ထျန်း၊ ယင်းခုန်းနှင့် ပိုင်စုစု သူတို့အားလုံးက စိတ်လှုပ်ရှားနေကြသည်။ သူတို့က ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ မြန်နိုင်သမျှမြန်မြန် ပြေးသွားကြသည်။

သူတို့က လှိုဏ်ခေါင်း၏ အရှေ့မှာ ဆုံစည်းသွားကြသည်။

“ ခေါင်းဆောင်နွား… မင်းလည်းပဲ တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာတာလား ”

ပိုင်ယွဲ့သည် ချီဟောင်ကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။

ချီဟောင်၏ တစ်ကိုယ်လုံးက အနီရောင်သို့ ပြောင်းလဲနေပြီး သူ၏ နှာခေါင်းက ပူပြင်းသော လေကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ပိုင်ယွဲ့သည်လည်း ယခင်နှင့်မတူတော့ဘဲ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ တစ်ကိုယ်လုံးက အဖြူရောင်ဖြစ်ပြီး သူက အရွယ်ရောက်ဝံပုလွေ နှစ်ကောင် သုံးကောင်၏ ပေါင်းစပ်မှုကဲ့သို့ အရွယ်အစားကြီးမားသွားသည်။ သူက နေရာမှာ မတ်တတ်ရပ်နေစဉ် မောက်မာထောင်လွှားမှုနှင့် ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ချီဟောင်သည်တော့ သူ၏ အကျင့်စရိုက်က ထူးထူးခြားခြား မပြောင်းလဲသွားပေ။ သူက အေးစက်စက်ပုံစံရှိပြီး တခြားကိစ္စများကို စိတ်ဝင်စားလေ့မရှိပေ။ မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းကို သီရှီထျန်ထံမှ သူသင်ယူပြီးနောက် သူ့စွမ်းအားက မြန်ဆန်စွာ တိုးတတ်လာသည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ဝိညာဉ်သားရဲများထဲမှာ သူက အသန်မာဆုံး ဖြစ်သည်။ သားရဲဘုရင်ငါးပါးကို သူတို့၏ ခွန်အားပေါ်မူတည်၍ အကြီးအငယ်ခွဲခြားထားသည်။

ချီဟောင်က သူတို့အားလုံးထဲမှာ အသန်မာဆုံးဖြစ်သောကြောင့် သူက နံပါတ်တစ်ဖြစ်သည်။ သူက နွားဖြစ်သဖြင့် ချိုင့်ဝှမ်းထဲမှ သတ္တဝါတိုင်းက သူ့ကို ခေါင်းဆောင်နွားဟု ခေါ်ကြသည်။ ချီဟောင်ပြီးနောက် ယွမ်ထျန်း ဖြစ်သည်။ ယွမ်ထျန်း၏ ပါရမီနှင့် အလားအလာသည် ဝိညာဉ်သားရဲငါးကောင်ထဲတွင် ချီဟောင်ပြီးနောက် ဒုတိယ ဖြစ်သည်။ ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ ယွမ်ထျန်းသည် သီရှီထျန်နှင့် မတွေ့ဆုံခင်ကတည်းက ပမာဏများပြားသော မျောက်မင်းဝိုင်ကို နေ့စဉ် သောက်သုံးခဲ့သည်။ သူ့မှာ မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းမရှိသောကြောင့် မျောက်မင်းဝိုင်ထဲမှ စွမ်းအင်အနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှာ အနည်ထိုင်သွားသည်။

ယခု သူက မိစ္ဆာကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ရောက်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲ၌ မြှုပ်ကွယ်နေသော ဝိုင်စွမ်းအင်အနှစ်သာရက တဖန်ပြန်ပေါ်လာသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက ချီဟောင်ပြီးနောက် ဒုတိယ ဖြစ်သည်။ သို့ဖြစ်၍ သူက ဒုတိယအကိုကြီး ဖြစ်လာသည်။

ယွမ်ထျန်း၏ အနောက်မှာ ရှိနေသူက ယင်းခုန်းမဟုတ်ဘဲ ပိုင်ယွဲ့ဖြစ်သည်။ ပိုင်ယွဲ့သည် ကျားရဲတောင်တန်းဒေသမှာကတည်းက ဝံပုလွေတစ်ထောင်ကျော်ကို အုပ်ချုပ်ခဲ့သော ဝံပုလွေဘုရင် ဖြစ်သည်။ သူက ဝိညာဉ်အသိဉာဏ်ကို ကိုယ့်ဘာသာ နှိုးထနိုင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် သူက ရှားပါးဝံပုလွေအမျိုးအစားဖြစ်သော “ လဝတ်ပြုဝံပုလွေ ” ဖြစ်သည်။ သူက လရောင်ခြည်နှင့်ပတ်သက်သော ထူးခြားစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ လရောင်ခြည်အောက်မှာဆိုလျှင် သူ၏ အလုံးစုံစွမ်းအားက ပုံမှန်ထက် သိသိသာသာ ပိုတိုးပွားသွားသည်။

ထို့ပြင် သူက လစန္ဒာ၏ အနှစ်သာရကို အလွယ်တကူ စုပ်ယူပြီး ကျင့်ကြံနိုင်သေးသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက သိပ်မနှေးကွေးပေ။ ထို့ကြောင့် သူက တတိယအကိုကြီး ဖြစ်လာသည်။

ပိုင်ယွဲ့၏ အနောက်မှာ ယင်းခုန်း ရှိသည်။ သူက လင်းတဘုရင်ဖြစ်ပြီး ဝေဟင်ကို အပိုင်စိုးရထားသည်။ ထို့ပြင် သူ့မှာ ချွန်ထက်သော ငှက်လက်သည်းများနှင့် သံမဏိအတောင်ပံတစ်စုံ ရှိသည်။ သူက အလွန်အမင်း သန်မာသည်။ အထူးသဖြင့် သူက လေပေါ်မှာ ပျံသန်းနိုင်သောကြောင့်် ဝေဟင်အားသာချက်ကို ရရှိထားသည်။ ထို့ကြောင့် သူက စတုတ္ထအကိုကြီး ဖြစ်လာသည်။

ပိုင်စုစုသည်တော့ နောက်ဆုံး ဖြစ်သည်။ သို့သော်လည်း သူက အားမနည်းပေ။ သူက ဝိညာဉ်အသိဉာဏ်ကို ကိုယ့်ဘာသာ နှိုးထနိုင်ခဲ့သူ ဖြစ်သည်။ သူ၏ ပါရမီက မိစ္ဆာမျိုးနွယ်စုထဲမှာ ထိပ်တန်းအဆင့်ရှိသည်။ သို့သော်လည်း တခြားလူများနှင့် နှိုင်းယှဉ်သော် သူက နောက်ဆုံးမှာသာ ရှိသည်။ ထို့ကြောင့် သူက ပဉ္စမညီမ ဖြစ်လာသည်။

အခန်း(၂၅၅)

“ ဒုတိယညီလေး၊ တတိယညီလေး၊ စတုတ္ထညီလေးနဲ့ ပဉ္စမညီမ… စောစောက လွှမ်းမိုးဗိုလ်ကျတဲ့ ကျားဟိန်းသံကို မင်းတို့ကြားကြတယ်မလား… အဲ့ဒါ အရှင်မင်းကြီးရဲ့ ဟိန်းသံပဲ… အရှင်မင်းကြီးကို ကြိုဆိုဖို့ ငါက ဘယ်လိုလုပ် လှိုဏ်ဂူထဲကနေ မထွက်လာဘဲ နေမှာလဲ ”

ချီဟောင်က ခေါင်းညိတ်လိုက်ပြီး ကျားဟိန်းသံ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။ အမည်မဲ့ချိုင့်ဝှမ်းထဲမှာ သီရှီထျန်က သူ့အသက်ကို ကယ်တင်ပေးရန် ကျိုးယွမ်ဖေးနှင့် မည်သို့တိုက်ခိုက်ပေးခဲ့ကြောင်း သူပြန်စဉ်းစားမိသောအခါ သီရှီထျန်အပေါ် နက်နက်ရှိုင်းရှိင်း သူသစ္စာရှိသွားသည်။

“ ဟုတ်တယ်… အရှင်မင်းကြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကနေ ထွက်သွားတာ တစ်နှစ်ကျော်သွားပြီ… စောစောက ကျားဟိန်းသံကို နားထောင်ရတာ အရှင်မင်းကြီးရဲ့ ကျင့်ကြံခြင်းက ပိုပြီးနက်ရှိုင်းလာတဲ့ပုံပဲ… အခု အရှင်မင်းကြီး ပြန်ရောက်လာပြီဆိုတော့ ငါတို့မှာ ကျောထောက်နောက်ခံ ရှိသွားပြီ… ပြီးတော့ အရှင်မင်းကြီးကို မကြာသေးခင်က ငါချက်လုပ်ထားတဲ့ ဝိုင်ကို မြည်းစမ်းကြည့်စေချင်တယ် ”

ယွမ်ထျန်းက ဝမ်းသာပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ သူ၏ လက်ထဲမှာ ဝိုင်ဘူးသီးခြောက်တစ်ခုကို ကိုင်ထားသည်။ မွှေးပျံ့သော ဝိုင်ရနံ့က ဘူးသီးခြောက်ထဲမှ ထွက်ပေါ်နေသည်။

ပိုင်စုစုသည်လည်း အံ့ဩသွားသည်။ ထူးဆန်းသော အလင်းရောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဟွန့်… နင်တို့တွေပဲ သူ့ကို သစ္စာရှိတာ… နင်တို့ရဲ့ အရှင်မင်းကြီးကတော့ အပြင်လောကမှာ တော်တော် ပျော်ပါးခဲ့လောက်တယ်… သူက ငါ့ကို ချိုင့်ဝှမ်းရဲ့ ကာကွယ်စောင့်ရှောက်သူ လုပ်ခိုင်းခဲ့တယ်… အခု သူပြန်ရောက်လာပြီဆိုတော့ အဲ့ဒီကိစ္စကို သူနဲ့ငါ ရှင်းရမယ်… အဲ့ဒါကို ငါဘယ်လိုရှင်းရင် ကောင်းမလဲ ”

မိန်းကလေးတစ်ယောက်သည် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ လက်ထဲမှာ အဖြူရောင်ဖဲကြိုးတစ်ခုကို ဆုပ်ကိုင်ထားသည်။ သူ၏ ကြော့ရှင်းသော ဆံနွယ်ကို ဦးခေါင်းအနောက်၌ သစ်သားဆံထိုးတစ်ချောင်းဖြင့် စည်းနှောင်ထားသည်။ သူလမ်းလျှောက်လာသည့်အခါ ထူးဆန်းသော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။ သို့သော်လည်း မည်သူမှ သူ့အား မော်မကြည့်ဝံ့ကြချေ။ သူက လက်ထဲမှာ ရှောင်ပိုင်ကို ကိုင်ထားလျက် ချီဟောင်နှင့် တခြားလူများကို ကြည့်လိုက်သည်။ သူက တစ်လှမ်းချင်း အရှေ့သို့ လျှောက်လှမ်းလာသည်။ သူက လမ်းလျှောက်နေရင်း သီရှီထျန်အပေါ် သူ၏ မကျေနပ်မှုကို ထုတ်ပြောသည်။

ထိုမိန်းကလေးသည် ပိုင်ဟူမှလွဲ၍ တခြားမဟုတ်ပေ။

သို့သော်လည်း သူ့နှလုံးသားထဲမှ ခံစားချက်က သူ့ပါးစပ်မှ ပြောသော စကားနှင့် ကွဲပြားနေကြောင်း သူမှလွဲ၍ တခြားမည်သူမှ မသိနိုင်ပေ။ အစတွင် သူက လှိုဏ်ဂူထဲမှာ တိတ်တဆိတ် တရားကျင့်ကြံနေသည်။ ထိုကျားဟိန်းသံကို သူကြားလိုက်သည့်အခါ ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် သူ့နှလုံးက တဒုန်းဒုန်း ခုန်မြည်လာသည်။ နားလည်ရခက်ခဲသော စိတ်လှုပ်ရှားမှုနှင့် ဆန္ဒစောမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ယင်းက အလွန်ထူးဆန်းသည်။ ကျားဟိန်းသံကို ကြားလိုက်သည့်အခိုက် သူက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။

“ ငါဘာဖြစ်နေတာလဲ… သူ့အပေါ် ငါတကယ် ဂရုစိုက်နေတာလား… မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး… အဲ့ဒါ သီရှီထျန် ပြန်ရောက်လာလို့ ဖြစ်ရမယ်… သူပြန်ရောက်လာပြီဆိုတော့ စိတ်ရှုပ်စရာကောင်းတဲ့ ဒီနေရာကနေ ငါထွက်သွားနိုင်တော့မယ်… ဟုတ်တယ်… အဲ့ဒါကြောင့် ဖြစ်မယ် ”

ပိုင်ဟူသည် သူ့နှလုံးသားထဲမှ ခံစားချက်အတွက် အကြောင်းပြချက်တစ်ခု ရှာလိုက်သည်။ အကြောင်းပြချက်ကို ရှာတွေ့သွားမှသာ သူ့စိတ်က တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။

“ သီရှီထျန် ပြန်ရောက်လာပြီ… သူ့ရဲ့ ဟိန်းသံကို နားထောင်ရတာ သူက လွန်ခဲ့တဲ့ တစ်နှစ်ကထက် အများကြီး ပိုသန်မာလာတဲ့ပုံပဲ… သူ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက အရမ်းမြန်လိုက်တာ… ဒီတစ်နှစ်မှာ ငါက မိစ္ဆာအမြူတေဓာတ်လုံးကို အခြေတည်ငြိမ်အောင်ပဲ လုပ်နိုင်ခဲ့တယ်… သီရှီထျန်က မိစ္ဆာမျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ယောက်လား ”

တောင်ပိုင်းမြေရိုင်းဒေသ၏ လျှို့ဝှက်လှိုဏ်ဂူတစ်ခုထဲတွင် ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ အေးစက်စက် အကြည့်နှင့် မထူးမခြားနား အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အစောနက လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို သူကြားလိုက်သည့်အခါ စူးစမ်းလိုစိတ်က သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သီရှီထျန်၏ ကျားဟိန်းသံက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေသည်ဟု ဆိုရမည်။ တစ်နှစ်ခွဲကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောင်ပိုင်းမြေရိုင်းဒေသက ဤအခိုက်အတန့်မှာ တဖန် သက်ဝင်လှုပ်ရှားလာသည်။

“ ငါပြန်လာပြီ… နောက်ဆုံးတော့ ငါပြန်ရောက်လာပြီ ”

သီရှီထျန်က ဟိန်းဟောက်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက ဖော်မပြနိုင်အောင် သက်တောင့်သက်သာ ရှိသွားသည်ဟု သူခံစားမိသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သာမန်ကျားတစ်ကောင်၏ အရွယ်အစားသို့ ပြန်ကျုံ့သွားသည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ဦးတည်ရာဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။

“ ဒီတစ်ခေါက် ငါထွက်သွားတာ အချိန်အတော်ကြာသွားတယ်… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှာ ဘာတွေ ပြောင်းလဲသွားပြီလဲ မသိဘူး… ချီဟောင်နဲ့ တခြားလူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အထိ ရောက်နေပြီလဲ မသိဘူး… ယွမ်ထျန်းက မျောက်မင်းဝိုင် ဘယ်လောက်များများ ထုတ်လုပ်နိုင်ခဲ့လဲ… ပြီးတော့ ရှောင်ပိုင်က ဘယ်လိုနေလဲ… ပိုင်ဟူရောပဲ… သူ ချိုင့်ဝှမ်းထဲမှာ ဆက်ရှိနေတုန်းလား ”

သီရှီထျန်က အရှေ့သို့ ပြေးသွားနေရင်း စိတ်ထဲမှာ တွေးတောလိုက်သည်။ သူမရှိသည့် တစ်နှစ်ခွဲအချိန်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက မည်သို့ပြောင်းလဲသွားနိုင်ကြောင်း စိတ်ထဲမှာ ခန့်မှန်းလိုက်သည်။ မှန်ပေသည်။ အရေးကြီးဆုံးက ရှောင်ပိုင်နှင့် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ သူ၏ လက်အောက်ငယ်သားများ ဖြစ်သည်။ သူတို့က သူ၏ မိသားစုဝင်နှင့် အခြေခံအုတ်မြစ် ဖြစ်သည်။ အနာဂတ်မှာ သူက ထိုလူများကို မှီခိုအားထားရလိမ့်မည်။

သီရှီထျန်သည် မိစ္ဆာလေကို မဆင့်ခေါ်ခဲ့ပေ။ သို့သော်လည်း သူ၏ အလျင်က မနှေးကွေးပေ။ သူက သန်စွမ်းကြံ့ခိုင်သော ခြေထောက်များကို အသုံးပြု၍ အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။ သူတစ်ချက် ခုန်လိုက်တိုင်း ပေတစ်ရာအကွာအဝေးကို ဖြတ်ကျော်သွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ တောအုပ်ထဲမှ တိရိစ္ဆာန်များက သူ့ပုံရိပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြချေ။ သူတို့မြင်နိုင်သည်မှာ လေထဲမှ သူ၏ အကြွင်းအကျန်ပုံရိပ်များသာ ဖြစ်သည်။

သူက မြန်ဆန်စွာ ပြေးနေလေရာ ကြမ်းတမ်းသော လေပြင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ တိုက်ခတ်သွားသည်။ ကြမ်းတမ်းသော ထိုလေပြင်းက သူ့အပေါ် မည်သည့်အနှောင့်အယှက်မှ မပေးပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်ကို ငှက်မွှေးသဖွယ် ပေါ့ပါးစေသည်။ ထို့ကြောင့် သူ၏ အလျင်က မြန်သထက် ပိုမြန်လာသည်။ အရှေ့သို့ ခုန်လိုက်သည့်အခါတိုင်း သူက လေဟုန်စီးသွားဟန် ရ၏။ သူပိုပြီးပြေးလေ သူ့အလျင်က ပိုမြန်ဆန်လာလေ ဖြစ်သည်။

ယင်းက စည်းချက်ညီစွာ ဖြစ်ပေါ်နေဟန် ရ၏။

စက်ကရာသည် တောအုပ်ထဲမှာ ပြေးလွှားနေရင်း အိမ်ကို လွမ်းဆွေးလာသည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်က အေးဆေးတည်ငြိမ်သွားသည်။ သူက အရှေ့သို့ လွှားခနဲ ခုန်လိုက်စဉ် လေစီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုစည်းသွားသည်။ ယခုအချိန်မှာ သူ၏ စိတ်အခြေအနေက တမူထူးခြားသွားသည်။ လေက မိုးမြေကြားမှ နေရာတိုင်းမှာ တည်ရှိနေသည်ဟု သူခံစားမိသွားသည်။

အကြောင်းအရင်းကို မသိသော်လည်း သူက လေနှင့် ရင်းနှီးကျွမ်းဝင်လာသည်။ ဤသည်မှာ သူက သူ၏ ဘေးပတ်ပတ်လည်မှ လေနှင့် ပေါင်းစပ်သွားတော့မည့်အလားပင်။

“ ဘယ်လောက် အံ့ဖွယ်ကောင်းတဲ့ ခံစားချက်လဲ ”

ဤအခိုက်အတန့်မှာ သူက လေထဲသို့ ပျော်ဝင်သွားတော့မည်ဟု ခံစားမိသွားသည်။

အကယ်၍ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က သီရှီထျန်၏ အလျင်ကို မြင်သွားမည်ဆိုလျှင် သူက သေချာပေါက် ပါးစပ်အဟောင်းသား ဖြစ်သွားလိမ့်မည်။ သူ၏ အလျင်က ထူးခြားအံ့ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ အရှေ့သို့ သူပြေးလွှားနေစဉ် သူ၏ ခန္ဓာကိုယ်က ရုတ်ချည်း ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ပေတစ်ရာအဝေးမှာ ဘွားခနဲ ပြန်ပေါ်လာသည်။ သူက ပေတစ်ရာအကွာအဝေးကို တိုက်ရိုက် ဖြတ်ကျော်သွားဟန် ရ၏။ ယင်းက အလွန်ထူးဆန်းသည်။

ဤသည်မှာ သူက လေနှင့် အမှန်တကယ် တစ်သားတည်း ဖြစ်သွားသည့်အလားပင်။

သီရှီထျန်သည် လေနှင့် ဆက်သွယ်နိုင်သော ထိုစိတ်ခံစားချက်ကို အထူးနှစ်သက်သည်။ သူက ထိုစိတ်ခံစားချက်ထဲမှာ ပျော်ဝင်သွားလေရာ အချိန်မည်မျှကုန်ဆုံးသွားကြောင်း မသိတော့ပေ။ အမည်မသိ အချိန်ကာလတစ်ခု ကြာပြီးနောက် သူ၏ အသိစိတ်က ရုတ်တရက် တုန်ခါသွားသည်။ သူက လေထဲမှ ဘွားခနဲ ခုန်ထွက်လာသည်။ အရှေ့သို့ ကြည့်လိုက်သည့်အခါ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ကောင်းကင်ပေါ်မှာ ပြန်ထွက်ပေါ်လာကြောင်း ရှာတွေ့သွားသည်။ သူ့အောက်မှာ ချီဟောင်နှင့် တခြားလူများ ရှိသည်။

“ ဗုန်း ”

သီရှီထျန်က မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ခုန်ဆင်းလိုက်သည်။ မကြာမီ သူ၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။ ဝတ်စုံနက်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူက အင်္ကျီလက်များကို လှုပ်ခါလိုက်ပြီး မြေပြင်ပေါ်သို့ ခြေချလိုက်သည်။ ကြီးမြတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက တအိအိလှုပ်ခတ်သွားသည့်အခါ အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှာ ပြည့်လျှံသွားသည်။ ထိုအရှိန်အဝါကြောင့် မည်သူမှ သူ့အား မော်မကြည့်ဝံ့ကြချေ။

“ ဒီငယ်သားချီဟောင်က… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ အရှင်မင်းကြီး ပြန်ရောက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ”

“ ဒီငယ်သားပိုင်ယွဲ့က… ”

“ … ”

သီရှီထျန်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြောင်း ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားလူများ မြင်သွားသောအခါ သူတို့အားလုံးက ရိုသေလေးစားစွာ တစ်ညီတစ်ညာတည်း နှုတ်ဆက်လိုက်ကြသည်။ တစ်ခုသိထားရမည်မှာ သူတို့က သားရဲဘာသာစကားကို ပြောနေကြခြင်း မဟုတ်ပေ။ ယင်းအစား လူသားဘာသာစကားကို ပြောနေကြသည်။

“ နောက်ဆုံးတော့ အကိုကြီး ပြန်ရောက်လာပြီ… ငါ အကိုကြီးကို အရမ်းသတိရနေတာ ”

ရှောင်ပိုင်က သိမ်မွေ့ညင်သာစွာ ပြောသည်။ သူက ပိုင်ဟူ၏ လက်မောင်းထဲမှ ခုန်ထွက်လာပြီး သီရှီထျန်ဆီသို့ ခုန်ဝင်လိုက်သည်။ သီရှီထျန်က သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်ပိုင်ကို ပွေ့ဖက်လိုက်သည်။

ရှောင်ပိုင်ကို မြင်သွားသောအခါ သီရှီထျန်၏ မျက်နှာက အလိုလို ပြုံးသွားသည်။ သွေးမျိုးဆက်စပ်နွယ်မှုက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ သူက ရှောင်ပိုင်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“ အကိုကြီးလည်း ရှောင်ပိုင်ကို သတိရနေတာပါ ”

သီရှီထျန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သူ့အရှေ့မှာ ဒူးထောက်နေကြသော ချီဟောင်နှင့် တခြားလူများကို ကြည့်လိုက်သည်။ သူတို့ကို စိုက်ကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ကောင်းတယ်… ကောင်းတယ်… ကောင်းတယ် ”

“ ကောင်းတယ် ” ဟူသော စကားက သူ့ပါးစပ်မှ သုံးကြိမ်ဆက်တိုက် ထွက်ပေါ်လာသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သီရှီထျန် မည်မျှပျော်ရွှင်နေကြောင်း စိတ်ကူးကြည့်နိုင်၏။

“ မင်းတို့အပေါ် ငါ့ရဲ့ အကဲဖြတ်မှုက မမှားခဲ့ဘူး… မင်းတို့က ငါအရှင်ကို စိတ်မပျက်စေခဲ့ဘူး… နှစ်နှစ်အတွင်းမှာ မင်းတို့အားလုံးက ခန္ဓာကိုယ်ထဲက မရီဒျန်တွေကို ဖွင့်လှစ်နိုင်ခဲ့ပြီး မိစ္ဆာစံအိမ်ကို ဖွဲ့စည်းနိုင်ခဲ့တယ်… အခုကစပြီး မင်းတို့က ငါ့ရဲ့ စစ်မှန်တဲ့ လက်အောက်ငယ်သားတွေ ဖြစ်သွားကြပြီ… ငါတို့အပိုင် ခေတ်သစ်တစ်ခုကို ဖန်တီးတဲ့အခါ မင်းတို့က ငါနဲ့အတူ တိုက်ပွဲဝင်ရလိမ့်မယ် ”

သီရှီထျန်သည် ချီဟောင်နှင့် တခြားလူများကို ချီးကျူးရန် တုံ့ဆိုင်းမနေပေ။

လည်ချောင်းအရိုးကို သန့်စင်နိုင်မှသာ သူတို့က လူသားဘာသာစကားကို ပြောနိုင်ကြလိမ့်မည်။ ယင်းက မိစ္ဆာသားရဲနယ်ပယ်၏ အမှတ်လက္ခဏာလည်း ဟုတ်၏။

တစ်နှစ်ခွဲအတွင်းမှာ ချီဟောင်နှင့် တခြားလူများက မိစ္ဆာသားရဲများ ဖြစ်လာကြသည်။ သူတို့က မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။ မှန်ပေသည်။ သူတို့ဖွင့်လှစ်ခဲ့သော မိစ္ဆာစံအိမ်က သီရှီထျန်၏ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်‌ချေ။

သို့သော်လည်း သူတို့၏ မိစ္ဆာစံအိမ်အရည်အသွေးက မဆိုးဝါးပေ။ ရှင်းလင်းစွာပင် သူတို့၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်နှင့် ပါရမီက မဆိုးဝါးပေ။

“ အရှင်မင်းကြီး… ကျုပ်တို့ညီအကိုမောင်နှမတွေ အချိန်တိုလေးအတွင်း မိစ္ဆာသားရဲဖြစ်လာနိုင်ကြတာ ဒုတိယညီလေး ချက်လုပ်ပေးတဲ့ မျောက်မင်းဝိုင်ရဲ့ အကျိုးကျေးဇူးကြောင့်ပါ… မျောက်မင်းဝိုင်သာမရှိရင် ကျုပ်တို့တွေ အဆင့်ချိုးဖြတ်ဖို့ ဆယ်နှစ်လောက် အချိန်ယူရပါလိမ့်မယ် ”

ချီဟောင်က ကျယ်လောင်စွာ အော်ပြောသည်။

“ ကောင်းတယ်… ယွမ်ထျန်း… မင်းက မျောက်မင်းဝိုင်ချက်လုပ်ပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တယ်… ခဏနေဦး… နောက်ကျရင် ငါမင်းကို ဆုလာဘ်ချီးမြှင့်မယ်… မင်းတို့ရဲ့ အရှင်အနေနဲ့ ငါက ကပ်စေးမနှဲပါဘူး… မင်းတို့ရဲ့ လက်ရှိစွမ်းအားအရ ဓမ္မလက်နက်တွေကို စတင်သန့်စင်နိုင်ကြပြီ… မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင်လို့ ဒီထဲကနေ တစ်ယောက်တစ်ခုစီ ရွေးယူကြပါ ”

သီရှီထျန်က ချီဟောင်နှင့် တခြားလူများကို ကြည့်လိုက်ပြီး ပြောသည်။ သူ၏ နှလုံးသားထဲမှာ စိတ်ကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။

All Chapters