← Chapters

အခန်း (၁၃၈၁-၁၃၈၃)

Vol. 93 Ch. 1381-1383

အခန်း (၁၃၈၁-၁၃၈၃)

Vol. 93 Ch. 1381-1383

အခန်း ၁၃၈၁: သီးနှံကြီး!

ဂိမ်းဖန်သားပြင်ကြည့်ပြီး ချင်လင်အံ့ဩသွားသည်။

မြေကွက်တိုင်းမှာ ရင့်မှည့်သောသီးနှံကြီးတစ်လုံးနှင့်ဖုံးနေသောကြောင့်ပင်။

ဥပမာ မြေကွက်တစ်ကွက်တွင် ဖရုံသီးကြီးတစ်လုံးတည်းရှိပြီး တခြားသီးနှံအမှည့်များထက်အဆများစွာပိုကြီးသည်။

ခရမ်းသီးလည်း အတူတူပင်။

သူအရင်က ခရမ်းသီးစိုက်ဖူးသော်လည်း သာမန်အရွယ်အစားအတိုင်းသာကြီးသည်။ အခု ခရမ်းသီးတစ်လုံးနှင့် တစ်ကွက်လုံးပြည့်နေပြီး အချိန်အများကြီးပါသည်။

ကမ္ဘာ့စမ်းရေ ၁၁ ကြောင့်ဖြစ်ပုံရသည်။ ထို့ကြောင့် ဂိမ်းပရိုဂရမ်က စိုက်ခင်းပုံမတူခြင်းဖြစ်မည်။

လူပုလေးများကရိတ်သိမ်းရန်ရောက်လာသောကြောင့် သူကချက်ချင်းအတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ကိုယ်တိုင်မြင်ရမှ မြင်ကွင်းကပိုလန့်စရာကောင်းနေသည်။

သူ့ရှေ့မြေကွက်ပေါ်တွင် ဖရုံနွယ်များပေါ်၌ ဖရုံသီးကြီးထီးထီးရှိနေသည်။ အချင်း ၁.၅ မီတာကျော်၏။

နောက်ပြီး ခရမ်းသီးကြီးက နှစ်မီတာလောက်ရှည်မည်။

အထူးသဖြင့် သူနေကြာပန်းရှေ့ရပ်လိုက်သောအခါ နေကြာပန်းကြီးက ကားလောက်နီးနီးရှိနေသည်။ သူခူးလိုက်သောမျိုးစေ့က လက်နှစ်လုံးစာရှိမည်။

အခွံခွာကြည့်ရာ နေကြာစေ့အတွင်းသားကလည်းပြည့်နေ၏။

ချင်လင်အတွေးထဲတွင် 'ညီအစ်ကိုဆယ်ယောက်' ဆိုသောရုပ်ရှင်ကိုမြင်ယောင်မိသည်။

ညီအစ်ကိုဆယ်ယောက်ရဲ့ပုတီးလုံးတွေမြှုပ်ထားတဲ့နေရာမှာ ဒီလိုအပင်ကြီးတွေပေါက်လာတာမလား?

ဒါပေမဲ့ သူမြင်နေရတာက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကရုပ်ရှင်ဇာတ်ကားထက်ပိုပြီး လန့်စရာကောင်းသည်။

ချင်လင်လည်း နေကြာစေ့အရည်အသွေးကို တခါတည်းကြည့်လိုက်သည်။

အာနိသင်က အရည်အသွေး ၁ နေကြာစေ့နှင့်မခြား။ အာနိသင် +၃ ဖြစ်ခြင်းသာကွာပြီး အရည်အသွေး ၃ အဆင့်သီးနှံဖြစ်သွားသည်။

သူကချက်ချင်း တခြားသီးနှံ ၄ မျိုးကိုကြည့်လိုက်သည်။ ဖရုံသီးနှင့်ခရမ်းသီးလည်း အတူတူပင်။ အာနိသင်က အရည်အသွေး ၁ နှင့်မခြားဘဲ အာနိသင် +၃ ရှိခြင်းကြောင့်သာ အရည်အသွေး ၃ အဆင့်သီးနှံဖြစ်သွားသည်။

ကမ္ဘာ့စမ်းရေနှင့်ပြုပြင်ပြောင်းလဲထားသောထိုမျိုးစေ့ ၅ စေ့မှာ +၃ အာနိသင်ရှိလာသည်။

တကယ်တော့ ဒီအခြေအနေက သီးနှံအပေါ်သက်ရောက်မှုလုံးဝမရှိ။

အရသာနှင့်အသားက +၁ ရှိနေဆဲဖြစ်ပြီး တခြားအာဟာရဆိုင်ရာအရည်အသွေးများလည်း +၁ ဖြစ်သည်။

အနှစ်သာရမှာ ပြောင်းလဲမှုမရှိပေ။

သို့သော် တစ်ခါတလေ အရွယ်အစား +၃ ပုံစံကြောင့် လုံဝခြားနားနေသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်တောင်တန်းစံအိမ်က ရှုမျှော်ခင်းနေရာ။

စဉ်းစားကြည့်၊ ဒီလိုသီးနှံအကြီးကြီးဖြစ်နိုင်တဲ့အထူးမြေကွက်တစ်ကွက်သာရှိရင် ခရီးသည်တွေဘယ်လောက်စိတ်ဝင်စားကြမလဲ?

ဘာပဲဖြစ်ဖြစ် လက်တွေ့လောကမှာ ဒီလိုသီးနှံကြီးမျိုးမရှိသေး။ သီးနှံကြီးတွေက နတ်သမီးကမ္ဘာ၊ ရုပ်ရှင်တွေထဲမှာပဲရှိသေးတာမလား?

ဒီလိုသီးနှံကြီးကိုခပ်လှမ်းလှမ်းကမြင်ရင်တောင် ဓာတ်ပုံ၊ဗီဒီယိုများရိုက်ပြီး Wechat မှာတင်ကြလိမ့်မည်။

အနီးကပ်သာကြည့်ရရင် ဒါမှမဟုတ် အိမ်ကိုဝယ်သွားမယ်ဆိုရင်တောင် ခရီးသည်များကြားရေပန်းစားလိမ့်မည်။ အဲဒီကျရင် ဓာတ်ပုံရိုက်ချင်သောခရီးသည်တန်းက အတော်ရှည်နိုင်သည်။

ဒါချင်းလင်ရှုမျှော်ခင်းနေရာကို ထပ်ပြီးအဆင့်မြှင့်တင်ခြင်းပင်။

ထိုသို့တွေးမိပြီး ချင်လင်ကဂိမ်းအပြင်ထွက်ကာ သူချန်ထားသောမျိုးစေ့ ၅ မျိုးကိုထုတ်လိုက်သည်။ ထို့နောက် ယွီရွှေ့ကိုဖုန်းဆက်လိုက်၏။

စိုက်ပျိုးရေးတာဝန်ခံဖြစ်သည့်ယွီရွှေ့ကိုသာ စိတ်ချလက်ချအပ်လိုက်မည်။

ချင်လင်ဖုန်းဆက်သည်နှင့် ယွီရွှေ့ကလုပ်လက်စအားလုံးထားပြီး ချင်လင်ရုံးခန်းထဲအပြေးရောက်လာသည်။

ချင်လင်က ယွီရွှေ့ကို မျိုးစေ့ ၅ မျိုးပေးပြီး_

"မန်နေဂျာယွီ.. ဒီမျိုးစေ့တွေစိုက်ဖို့မြေတစ်ကွက်ရွေးလိုက်ပါ... ဒီမျိုးစေ့တွေက နည်းနည်းထူးခြားတယ်... စိုက်တဲ့အခါ မျိုးစေ့တွေကိုနေရာပိုခြားပြီးစိုက်ပါ... ခရီးသည်အများစုမြင်နိုင်တဲ့နေရာမှာစိုက်ရင် အကောင်းဆုံးပဲ''

"ကောင်းပါပြီ ဥက္ကဌချင်''

ယွီရွှေ့ကခေါင်းညိမ့်ပြီး ဘာမှထပ်မမေးတော့။

ဥက္ကဌချင်ညွှန်ကြားသမျှလုပ်ရမည်ဟုသာ သိထားသည်။

ဥက္ကဌချင်က ဒီမျိုးစေ့အကြောင်းတကူးတကပြောမှတော့ ထူးခြား၍​ဖြစ်မည်။ ဥက္ကဌချင်ပျိုးထောင်ထားသောထုတ်ကုန်အသစ်ဖြစ်နိုင်သည်။

ယွီရွှေ့ကစိုက်ပျိုးရေးဌာနပြန်ရောက်ရောက်ချင်း လုပ်ရည်ကိုင်ရည်ရှိသောငယ်သားတချို့ကိုခေါ်ကာစီစဉ်ခိုင်းသည်။

သူစံအိမ်ပြန်လာရင်း ဥက္ကဌချင်တောင်းဆိုချက်ကိုစဉ်းစားလာသည်။ ဒီမျိုးစေ့တွေ ဘယ်မှာစိုက်မည်ဟုလည်းတွေးလာ၏။

အချိန်ကာလရွေ့လျားသည်နှင့်အမျှ ညှိုးနွမ်းသွားမလား၊ ပြန်ရှင်သန်လာမလားက ပြောရခက်သောကိစ္စပင်။

မည်သို့ဆိုစေ အချိန်က ထိန်းချုပ်မရဆုံးတည်ရှိမှုတစ်ခုဖြစ်သည်။

နောက်ဆုံး ရုံချန်းပတ်လမ်း ၅ ဖောက်ပြီးသွားသည်။

ပတ်လမ်း ၅ ဖွင့်သောအခါ ချင်လင်က ပတ်လမ်း ၅ အတိုင်း တမင်သက်သက်ပတ်မောင်းသည်။

စီရင်စုတစ်ခုမှာ ပတ်လမ်း ၅ လမ်းဖွင့်ရသည်ဆိုသောအချက်ကို ရုံချန်းကဂုဏ်ယူနိုင်သည်။

နောက်ပြီး ပတ်လမ်း ၅ က အတော်ရှည်သည်။ ရုံချန်း၏လောင်ချန်းခရိုင်ပါသည့်အပြင် ချင်းလင်ရှုမျှော်ခင်း၊ အသစ်ဖွင့်ထားသောနေရာ၊ အသစ်ဆောက်ရန်စီစဉ်ထားသောနေရာများလည်းပါသည်။

ပတ်လမ်း ၄ နှင့် ၅ ဖွင့်အပြီးတွင် ရုံချန်းမှာယာဉ်လမ်းကြောထပ်ပိတ်တော့မည်မဟုတ်။

ချင်းလင်က ချင်းလင်အပန်းဖြေစံအိမ်ပြန်လာပြီး ကားပါကင်ထိုးလိုက်သည်။ ထို့နောက် အတွင်းဘက်တန်းသွားကာ စံအိမ်ခေါင်မိုးထပ်တက်လိုက်သည်။

ဝင်ပေါက်ကိုလော့ချထားသောကြောင့် ဘယ်သူမှတက်မလာနိုင်။

အပေါ်ထပ်တွင် ကိရိယာခန်းတစ်ခန်းရှိ၍ အထဲမှာသူဘာလုပ်နေမှန်း ဘယ်သူမှမသိနိုင်။

ထို့ကြောင့် သူကအခန်းထဲရောက်သည်နှင့် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

ချင်လင်က စိုက်ပျိုးရေးခြံထဲတန်းသွားသည်။ သိုလှောင်ခန်းထဲရောက်အခါ သေတ္တာအပုံလိုက်တွေ့ရသည်။

အထဲတွင် ပိုးစုန်းကြူးများ ပလူပျံနေ၏။

အားလုံးက သူမွေးမြူထားသောကြယ်ရောင်ပိုးစုန်းကြူးများပင်။

အခုပိုးစုန်းကြူးအရေအတွက်က အတိုင်းအတာတစ်ခုအထိရှိနေပြီဖြစ်၍ သူအပြင်ထုတ်ချင်သည်။

အခန်း ၁၃၈၂: သီးနှံကြီး! ၂

ချင်လင်ကသေတ္တာကြီးနှစ်လုံးမပြီး ဂိမ်းအပြင်ထွက်လိုက်သည်။

သေတ္တာနှစ်လုံးကိုခေါင်းမိုးထပ်ပို့ပြီးနောက် အထဲပြန်ဝင်၏။ အတွေးနှင့်ဂိမ်းထဲပြန်ဝင်ကာ သေတ္တာနှစ်လုံးထပ်မသည်။

ဒီအတိုင်းအကြိမ်ကြိမ်လုပ်ပြီး ဂိမ်းထဲမှသေတ္တာအားလုံးကို ချင်လင်ကထုတ်လိုက်သည်။

ထို့နောက် သေတ္တာတစ်လုံးချင်းဖွင့်ပြီး ပိုးစုန်းကြူးများကိုလွှတ်သည်။

သို့သော် ပိုးစုန်းကြူးတချို့သာပျံထွက်လာပြီး အများစုက သေတ္တာထဲကပ်နေကြသည်။

ပိုးစုန်းကြူးက လင်းလွန်းသောနေရာမကြိုက်။ အထူးသဖြင့် နေ့ဘက်ပင်။ နေ့ဘက်တွင်ပုန်းနေပြီး ညဘက်မှသာလှုပ်ရှားကြသည်။

ထို့ကြောင့် အလင်းရောင်များသောအချိန်တွင်မထွက်လိုဘဲ သေတ္တာထဲသာနေချင်ကြသည်။

ဒါ ချင်လင်အတွက်ပြဿနာမဟုတ်။ သူကဂိမ်းထဲပြန်ဝင်ပြီး ချိုပဲ့တစ်ခုကိုင်ကာပြန်ထွက်လာသည်။

(အံ့ဖွယ်ချိုပဲ့: ဆန်းကြယ်)

(သမုဒ္ဒရာနက်ထဲမှ သမုဒ္ဒရာဘုရင်တစ်ပါး၏ကျိုးပဲ့နေသောအစွယ်တစ်ခုဖြစ်သည်။ သတ္တုတွင်းထဲကြာရှည်နစ်မြှုပ်ပြီး အထူးစွမ်းအင်ရှိလာသည်။ ချိုပဲ့ကိုမှုတ်လိုက်သည်နှင့် ကိုယ့်အတွေးကိုတိရစ္ဆာန်များနားလည်နိုင်စွမ်းရှိလာပြီး အမိန့်ပေးနိုင်သည်!)

အံ့ဖွယ်ချိုပဲ့၏အာနိသင်က အလွန်ဆန်းကြယ်သည်။ ဒီပစ္စည်းကို ချင်လင်ပထမဆုံးအသုံးပြုခြင်းမဟုတ်။

ရေပေါ်တံတားတွင် ဘဲများကိုထိန်းချုပ်ပြီး အုပ်လိုက်ချီတက်ခိုင်းဖူးသည်။ ထို့ကြောင့် 'အံ့ဖွယ်သားရဲထိန်းသူ' ဟုတောင် လိုင်းပေါ်နာမည်ကြီးဖူးသည်။

ချင်လင်ကချက်ချင်း ချိုပဲ့ကိုမှုတ်ပြီး သူ့စိတ်နှင့်ကြယ်ရောင်ပိုးစုန်းကြူးများကိုဆက်သွယ်လိုက်သည်။ တခဏချင်း သေတ္တာထဲမှပိုးစုန်းကြူးအားလုံးပျံထွက်လာပြီး သူ့ကိုဝိုင်းပတ်နေကြ၏။

ထို့နောက် အံ့ဖွယ်ချိုပဲ့ကိုထပ်မှုတ်ပြီး အပန်းဖြေစံအိမ်ထဲမှပိုးစုန်းကြူးများကို ချင်းလင်မွေးမြူရေးခြံထဲသွားစေသည်။

ပိုးစုန်းကြူးအကောင်ရေအကန့်အသတ်ရှိနေ၍ ချင်းလင်ရှုမျှော်ခင်းတစ်နေရာလုံးကို မဖုံးလွှမ်းနိုင်။ ထို့ကြောင့် ကြယ်ရောင်ပိုးစုန်းကြူးများကို ပန်းပင်လယ်အကျယ်ထဲအရင်သွားစေသည်။

ပန်းပင်လယ်အကျယ်က ဒီပိုးစုန်းကြူးများ နေ့ဘက်ခိုအောင်းရန်အကောင်းဆုံးပင်။

ထို့အပြင် ချင်းလင်ရှုမျှော်ခင်းနေရာမှာ ခရီးသည်များကိုဆွဲဆောင်ရန် ပန်းပင်လယ်အကျယ်နှင့်အမေရိကန်မြို့စားနှင်းဆီရှိသော်လည်း ပန်းပင်လယ်၏ဆွဲဆောင်နိုင်မှုကအကန့်အသတ်ရှိနေပြီး တခြားပရောဂျက်များကိုမမီသေး။

အကယ်၍ ညဘက်မှာ ဒီကြယ်ရောင်ပိုးစုန်းကြူးများရှိနေပြီး ပိုးစုန်းကြူးအလင်းက ပန်းပင်လယ်ကိုလွှမ်းခြုံထားနိုင်ရင် နတ်သမီးပုံပြင်တောင်နှင့်မဆိုင်သောကြည်နူးစရာမြင်ကွင်းတစ်ခုဖြစ်လာမည်။

ချိုပဲ့အစွမ်းကြောင့် ကြယ်ရောင်ပိုးစုန်းကြူးများက ပန်းပင်လယ်အကျယ်ဘက်ချီတက်သွားကြသည်။

ဒီညကို သူမျှော်လင့်စောင့်စားမိသည်။

ဒီကြယ်ရောင်ပိုးစုန်းကြူးများက ခရီးသည်များကိုအံ့ဩအောင်၊ ငယ်ဘဝကိုပြန်လည်တမ်းတအောင်လုပ်နိုင်လိမ့်မည်။

တချိန်တည်းမှာ ချန်တပေကိုလည်းဖုန်းဆက်လိုက်၏။

ချန်တပေက ရှုမျှော်ခင်းနေရာကိုစစ်ဆေးနေစဉ် သူ့သူဌေးဆီမှဖုန်းဝင်လာ၍ ချက်ချင်းကိုင်လိုက်သည်_

"ဘာကိစ္စရှိလို့လဲ သူဌေး?''

"ဒီည လူခေါ်ပြီး ပန်းပင်လယ်အကျယ်ကိုစောင့်ကြည့်ထားပါ''

ချင်လင်ကတန်းမှာသည်။

ဒီညပိုးစုန်းကြူးတွေထွက်လာရင် လူတွေတရုန်းရုန်းဖြစ်လိမ့်မည်။ အဲဒီကျရင် လာရောက်စူးစမ်းတဲ့ခရီးသည်များရှိနိုင်သည်။

ပြဿနာမဖြစ်အောင် ချန်တပေတို့ကထိန်းပေးရမည်။

ချန်တပေကဖုန်းချပြီး ဇဝေဇဝါနှင့်သိချင်နေသည်။

သူဌေးကဘာလို့ ပန်းပင်လယ်အကျယ်ကိုလူအင်အားနဲ့စောင့်ကြည့်ခိုင်းတာလဲ?

မြို့စားနှင်းဆီကို လူခိုးမှာကြောက်လို့မဖြစ်နိုင်။ အထူးကင်းများ၊ တာဝန်ကျအထူးလုံခြုံရေးအစောင့်များရှိသည်။

နောက်ပြီး ချင်းလင်ရှုမျှော်ခင်းနေရာအနှံ့မှာ စောင့်ကြည့်ကင်မရာများရှိသည်။

ပန်းကိုဘယ်သူကခိုးနိုင်မလဲ? တဖက်ကလှုပ်လိုက်တာနဲ့ စောင့်ကြည့်ကင်မရာမှာမိလိမ့်မည်။

သို့သော် သူဌေးကညွှန်ကြားသောကြောင့် လျစ်လျူမရှုရဲ။ ချက်ချင်း သူကိုယ်တိုင်လူရွေးသည်။

အချိန်က တစ်ခါတလေ အကုန်မြန်သည်။

အနောက်ဘက်တွင်နေဝင်သွားပြီး တဖြည်းဖြည်းမိုးမှောင်လာ၏။

လျိုရန်က ချင်းလင်မွေးမြူရေးခြံ၊ရွက်ဖျင်တဲနေရာရှိလေဟာပြင်စားသောက်ဆိုင်တွင် ညစာစားပြီးနောက် သူ့ကောင်မလေးကို သူငှားထားသောရွက်ဖျက်တဲထဲခေါ်လာသည်။

အစက ပန်းအိမ်အစုအဝေးရှိပန်းအိမ်မှာတည်းချင်သော်လည်း အခန်းရဖို့မလွယ်။ သူတစ်ယောက်တည်းမဟုတ်သောကြောင့် လုံးဝငှားမရပေ။

"ပန်းအိမ်အစုအဝေးမှာငှားမရတာ နှမြောစရာပဲ... မွေးမြူရေးခြံက ညပိုင်းကျ နတ်သမီးပုံပြင်တောင်လောက်မလှဘူး''

ကောင်မလေးက နတ်သမီးပုံပြင်တောင်ဘက်လှမ်းကြည့်ပြီး နှမြောတသသံနှင့်ပြောသည်။

"မနက်ဖြန် တစ်ခန်းလောက်ရမရ ငှားကြည့်တာပေါ့''

လျိုရန်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

"အာ? အဲဒါဘာလဲ?''

ရုတ်တရက် သူ့ကောင်မလေးက တစ်နေရာကိုကြည့်ရင်း အံ့ဩသံနှင့်ပြောသည်။

လျိုရန်လည်းလိုက်ကြည့်ပြီး ခပ်လှမ်းလှမ်းမှမြင်ရသောမြင်ကွင်းကြောင့် သူပါအံ့ဩသွားသည်။

"ကြည့်.. ဟိုမှာဘာလဲ?''

ဘေးမှတစ်ယောက်ကအော်သည်။

မကြာမီ ခရီးသည်အားလုံးစိတ်ဝင်စားပြီး တခြားခရီးသည်များလည်း ရွက်ဖျင်တဲထဲမှထွက်လာကာ တစ်နေရာကိုကြည့်လိုက်ကြသည်။

ထို့နောက် အားလုံးအံ့ဩသွား၏။

ဒီလိုအံ့ဩစရာမြင်ကွင်းမျိုးမြင်ရမည်ဟု ဘယ်သူမှမထင်မိ။

"အဲနေရာက ပန်းပင်လယ်အကျယ်ထင်တယ်... ဒီနေ့ပဲသွားကြည့်ခဲ့သေးတယ်''

ထိုအချိန် ပန်းပင်လယ်အကျယ်တွင် ကြယ်များကြွေနေသလို အလင်းရောင်တမျိုးတလက်လက်ထပြီး ကြယ်ပင်လယ်ဖုံးလွှမ်းထားသည်။

"အဲဒါဘာတွေလဲ?''

နောက်ခရီးသည်တစ်ယောက်ကပြောသည်။

"နတ်သမီးပုံပြင်တောင်လိုပဲ''

တခြားတစ်ယောက်ကလည်းပြောသည်_

"မဟုတ်ဘူး.. နတ်သမီးပုံပြင်တောင်နဲ့လည်းမတူဘူး... ဒီကြယ်ကမ္ဘာက ပိုကြည်နူးစရာကောင်းတယ်''

"ဟိုမှာလမ်းရှိတယ်... သွားကြည့်ရအောင်!''

လျိုရန်က သူ့ကောင်မလေးလက်ကိုဆွဲပြီး ပြေးကြည့်သည်။

ခရီးသည်များလည်းမနေနိုင်ဘဲ စပ်စုချင်စိတ်နှင့် ပန်းပင်လယ်အကျယ်ဆီပြေးကြသည်။

ချင်းလင်မွေးမြူရေးခြံသာမက ချင်းလင်စံအိမ်သတို့သမီးခန်းမှခရီးသည်များလည်း ပန်းပင်လယ်အကျယ်ကိုသွားကြည့်ကြသည်။

ကြယ်ရောင်ပိုးစုန်းကြူးအလုံအလောက်ရှိသောကြောင့် ဆွဲဆောင်မှု +၂၊ အလှအပ +၂ အာနိသင်များအစွမ်းပြပြီး ခရီးသည်အားလုံးစိတ်ဝင်စားနေကြသည်။

ချန်တပေတို့လည်း ပန်းပင်လယ်အကျယ်မှာစောင့်နေကြ၏။

အစက အကြောင်းအရင်းမသိသော်လည်း ညဘက်ကြယ်များကိုမြင်ပြီး သူသဘောပေါက်လာသည်။

သူမြင်နေရသောမြင်ကွင်းက လှလွန်း၊ အံ့ဩစရာကောင်းလွန်းသည်။

သူဌေးက ဒီလိုဖြစ်မှာမှန်းကြိုသိလို့ ပန်းပင်လယ်အကျယ်ကိုစောင့်ခိုင်းတာလား?

"မန်နေဂျာ.. အဲဒါတွေက ပျံနေသလားလို့''

အစောင့်တစ်ယောက်က အံ့ဩသံနှင့်ပြောသည်။

"အင်း''

ချန်တပေက ခေါင်းညိမ့်ပြီး_

"အဲဒါပိုးစုန်းကြူးတွေလေ''

သူ့အသက်အရွယ်နှင့် ငယ်ငယ်ကရွာမှာနေခဲ့ဖူးသည်။ အဲဒီတုန်းက ရွာမှာပိုးစုန်းကြူးအများကြီးရှိသည်။ သစ်သားအိမ်များသာရှိပြီး ကားများ၊ အထပ်မြင့်အဆောက်အဦးများမရှိသေး။

သူ့အဖေလည်း ရှိသေးသည်။ အဲဒီတုန်းက ပိုးစုန်းကြူးများလိုက်ဖမ်းရတာ သူသဘောအကျဆုံးပင်။

ဘာကြောင့်မှန်းမသိ ဒီအမှတ်တရတွေ ချန်တပေ မေ့သွားသည်။

အခုမြင်နေရသောပိုးစုန်းကြူးများကြောင့် အတိတ်ကိုပြန်သတိရပြီး သူ့မျက်လုံးထောင့်မှာစိုစွတ်လာသည်။ နောက်ပြီး ဒီပိုးစုန်းကြူးများက သူငယ်ငယ်ကလိုက်ဖမ်းဖူးသောပိုးစုန်းကြူးများထက်ပိုလှသည်။

ကြယ်ရောင်ပိုးစုန်းကြူးအလုံအလောက်ရှိပြီး အမှတ်တရ +၂ အာနိသင်ထွက်လာသောကြောင့်ပင်။

ကျွက်စီကျွက်စီအသံများလည်းကြားရသည်။

"လှလိုက်တာ.. အဲဒါပိုးစုန်းကြူးတွေလား?''

"တကယ်ပိုးစုန်းကြူးတွေပဲ... ငါကလေးတုန်းကမြင်ဖူးတယ်''

"ပိုးစုန်းကြူး? ဒီလောက်လှတာ ပထမဆုံးမြင်ဖူးတာပဲ!''

တချို့က သူတို့ဘဝမှာပိုးစုန်းကြူးတစ်ခါမှမမြင်ဖူးသောကြောင့် နှမြောကြသည်။ မမြင်ဖူးသူများမှာ သူတို့ကလေးဘဝက သဘာဝမဆန်တော့သည့်သဘောလည်းဖြစ်သည်။

ကံကြမ္မာ၏နိယာမဟုထင်ရသည်။ ကလေးဘဝကပိုးစုန်းကြူးကြည့်ဖူးသူများမှာ အပူအပင်မရှိ လွတ်လွတ်လပ်လပ်နေခဲ့ရသည်။ ရိုးရိုးရှင်းရှင်းကလေးသဘာဝပျော်ရွှင်မှုရှိသည်။

ပိုးစုန်းကြူးများပျောက်ကွယ်ပြီးနောက်ပိုင်း ကလေးများမလွတ်လပ်တော့သလိုပင်။ ပြိုင်ဆိုင်မှုတမျိုးရှိလာသည်။ အဖေက ဘာကားစီးတယ်၊ ဘယ်သူ့အိမ်က ပိုချမ်းသာတယ် စသည်ဖြင့်။ မိုဘိုင်းဖုန်းများစွဲပြီး ဂိမ်းဆော့ကြသည်။ Skin ချင်းတောင်ပြိုင်ကြသည်။

အလွန်ထူးဆန်းသောဖြစ်စဉ်တစ်ခုပင်။

"လုံးဝမထင်မိဘူး''

လျိုရန်က သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း ရေရွတ်လိုက်သည်။

"ယောက်ျား.. အထဲမှာလမ်းလျှောက်ကြမလား?''

ကောင်မလေးက ချက်ချင်းအဖော်စပ်သည်။

လျိုရန်ကခေါင်းညိမ့်ပြီး ချက်ချင်းသူ့ကောင်မလေးလက်ကိုဆွဲကာ ပန်းပင်လယ်အကျယ်ထဲလျှောက်သွား၏။

ဘာကြောင့်မှန်းမသိ၊ ထိုအချိန်တွင် ပြောမပြတတ်အောင်ကြည်နူးပြီး သူ့ကောင်မလေးလက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားချင်သည်။ လူကြားထဲတောင် နမ်းချင်စိတ်ဖြစ်လာသည်။

ကြည်နူးစရာအငွေ့အသက် +၂ အာနိသင်ကြောင့်ပင်။

ထိုနေရာကိုစိတ်ဝင်စားသောခရီးသည်များ ပိုများလာသည်။

ခရီးသည်များကဖုန်းထုတ်ပြီး ထိုလှပသောမြင်ကွင်းကိုဓာတ်ပုံများရိုက်ကြသည်။ ပိုးစုန်းကြူးများကိုဗီဒီယိုရိုက်ပြီး ခရီးသည်များလည်းအံ့ဩသွားသည်။

ဓာတ်ပုံစားခြင်း +၂ အာနိသင်ကြောင့် ဗီဒီယိုထဲတွင် ပိုးစုန်းကြူးများ၏အလှ၊ အံ့ဩစရာကောင်းပုံနှင့်ကြည်နူးစရာကောင်းပုံက မယုံနိုင်စရာပင်။

ဒီည ဒီလိုလှပတဲ့မြင်ကွင်းမျိုးမြင်ရမည်ဟု ဘယ်သူမှမထင်မိ။ အတော်များများက နတ်သမီးပုံပြင်တောင်လက်မှတ်မရသောကြောင့် စိတ်ပျက်ညည်းတွားနေခဲ့သည်။

သို့သော် အခုဒီမြင်ကွင်းကိုကြည့်ရင်းနှင့်မှ စိတ်ပြေပျောက်သွားကြသည်။

အခန်း ၁၃၈၃: ဒါ ချင်းလင်ရှုမျှော်ခင်းက?

မပြေဘဲနေမလား?

နတ်သမီးပုံပြင်တောင်ကလှတယ်ဆိုပေမဲ့ အခုမြင်နေရတဲ့မြင်ကွင်းက ဒီအတိုင်းလှနေတာ၊ ပျံသန်းနေတဲ့ပိုးစုန်းကြူးအုပ်စုက ဂလက်စီလိုတလက်လက်တောက်ပြီးလှနေတာ!

လျိုရန်က သူ့ကောင်မလေးကိုခေါ်ပြီး ပန်းပင်လယ်အကျယ်ထဲလျှောက်သွားသည်။ လိုင်းပေါ်မှာ ဒီပန်းပင်လယ်အကျယ်ဗီဒီယိုကို သူတို့နှစ်ယောက်မြင်ဖူးသည်။ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်အံ့ဩစရာမရှိ။

မြို့စားနှင်းဆီကြောင့်သာမဟုတ်ရင် ခရီးသည်များကိုဆွဲဆောင်နိုင်ဖို့မလွယ်။ ဒီလိုပန်းပင်လယ်မျိုးက နေရာအတော်များများမှာရှိသည်။

ချင်းလင်ရှုမျှော်ခင်းလိုနေရာမျိုးတွင် ဒီပန်းပင်လယ်က အောက်ခြေရောက်နေသည်။

ဒါပေမဲ့ အခု ကောင်းကင်အပြည့်အလင်းပျောက်များအောက်တွင် သူတို့ရောက်နေပြီး နတ်သမီးပုံပြင်ကမ္ဘာလိုလိုထင်မိသည်။

ဒီလိုကြည်နူးစရာမျိုး၊ ဒီလိုအလှမျိုးကြောင့် ဒီပန်းပင်လယ်အကျယ်ကို နာမည်ပြောင်းလဲသတ်မှတ်ရတော့မည်။

ဒီနေရာက နတ်သမီးပုံပြင်တောင်ထက်မလျော့။

လျိုရန်ကမနေနိုင်ဘဲ သူ့ကောင်မလေးကိုနမ်းလိုက်သည်။

ဒီလိုကြည်နူးစရာအငွေ့အသက်ကြောင့် စိတ်မထိန်းနိုင်တော့။

သူ့ကောင်မလေးအသက်ရှူသံက နည်းနည်းမြန်နေသလိုတောင်ခံစားရသည်။

ဒီနေရာသာ အပြင်မှာမဟုတ်ရင် အလိုလေး...

လျိုရန်က သူ့ကောင်မလေးကိုနမ်းပြီးနောက် တစ်ခုသတိရပြီး ပတ်ဝန်းကျင်ကိုဗီဒီယိုရိုက်ယူထားလိုက်သည်။ အထူးသဖြင့် ပိုးစုန်းကြူးများပင်။

ရိုက်ပြီးနောက် Wechat အခိုက်အတန့်များမှာချက်ချင်းတင်လိုက်သည်:

'ဒီမြင်ကွင်းနဲ့တင် ဒီခရီးက ကြည်နူးစရာကောင်းသွားပြီ'

ဓာတ်ပုံစားခြင်း +၂ အာနိသင်ကြောင့် ဗီဒီယိုမှာပြောစရာမရှိ။

လျိုရန်က အပေါင်းအသင်းဆံ့သူဖြစ်၍ မိတ်ဆွေများသည်။ Wechat မှာပိုများသေးသည်။ သူ့အခိုက်အတန့်များမှာတင်လိုက်သောအခါ အတော်များများမြင်သွားကြသည်။

မြင်သူတိုင်းက နတ်သမီးကမ္ဘာအလှကိုစိတ်ဝင်စားပြီး မှတ်ချက်ရေးကြ၏:

"သော*က်.. အစ်ကိုရန်.. အဲဒါဘယ်နေရာလဲ? လှလိုက်တာ?''

"ပိုးစုန်းကြူးတွေလား?''

"အစ်ကိုရန်.. ဗီဒီယိုမှာ effect တွေထည့်ထားတာလား? Wechat ပေး!''

လျိုရန်က သူ့အခိုက်အတန့်များမှမှတ်ချက်များကို တစ်ခုချင်းပြန်ဖြေချင်စိတ်မရှိသောကြောင့် တညီတည်းဖြေလိုက်သည်:

'ဒါ effect မဟုတ်ဘူး... ချင်းလင်ရှုမျှော်ခင်းက လှတဲ့တစ်နေရာပဲ... ပန်းပင်လယ်အကျယ်မှာ ညဘက်အရမ်းလှတယ်... နတ်သမီးပုံပြင်တောင်ထက်တောင်လှသေးတယ်''

ချင်းလင်ရှုမျှော်ခင်း၊ ပန်းပင်လယ်အကျယ်?

ထိုစကားကြောင့် အားလုံးစိတ်ဝင်စားရပြန်သည်။ မယုံနိုင်စရာကောင်းသည်ဟုထင်ကြသည်။ ချင်းလင်ရှုမျှော်ခင်းက နတ်သမီးကမ္ဘာလိုအံ့ဩစရာတွေအမြဲပြည့်နေမည့်ပုံပင်။

လျိုရန်တစ်ယောက်တည်းမဟုတ်။ အပြေးလာကြည့်သောတခြားခရီးသည်များလည်း ဒီအတိုင်းပင်။

သူတို့ကဗီဒီယိုများရိုက်ပြီး Wechat အခိုက်အတန့်များ ဒါမှမဟုတ် အင်တာနက်မှာတင်ကြသည်။

အချိန်တစ်ခုအတွင်း ချင်းလင်ရှုမျှော်ခင်းမှပန်းပင်လယ်အကျယ်နှင့်ပိုးစုန်းကြူးညမြင်ကွင်းက မြန်မြန်ဆန်ဆန်ပြန့်သွားသည်။ ချင်းလင်ရှုမျှော်ခင်းမှာအခန်းမရသောခရီးသည်များတောင် ရုံချန်းမှညတွင်းချင်းလာကြည့်ကြသည်။

ဒီလိုရှုခင်းမျိုးကို ညဘက်မှသာတွေ့နိုင်သောကြောင့် ဘယ်လောက်နောက်ကျကျ အပြေးသွားရမည်။ မဟုတ်လို့ မနက်ရောက်သွားရင် မတွေ့နိုင်။

နတ်သမီးပုံပြင်တောင်ပေါ်တွင် စုံတွဲတစ်တွဲမှာ ပန်းအိမ်ထဲရောက်နေသည်။

ယောက်ျားလေးက ရယ်လိုက်ပြီး_

"ငါတို့ကံက လျိုရန်တို့ထက်ကောင်းတယ်... နတ်သမီးပုံပြင်တောင်ပေါ်မှာပန်းအိမ်အခန်းရတာ... သူတို့က မွေးမြူရေးခြံထဲကရွက်ဖျင်တဲမှာပဲရတယ်... ငါတို့နဲ့အတူ နတ်သမီးပုံပြင်တောင်အလှကိုမခံစားနိုင်တော့ဘူး''

လျိုရန်နှင့်အတူလာသူပင်။ ပြောရင်းဆိုရင်း သူ့အသံကနည်းနည်းစိတ်လှုပ်ရှားနေသည်။

သူတို့အားလပ်ရက်က အကန့်အသတ်နှင့်၊ မနက်ဖြန်ပြန်ရတော့မည်။

ဒီတော့ လျိုရန်တို့က နတ်သမီးပုံပြင်တောင်အလှနဲ့လွဲပြီး အလကားပြန်ရသလိုမဖြစ်ဘူးလား?

ထိုအချိန်တွင် သူ့ကောင်မလေးကထအော်သည်_

"ယောက်ျား.. လျိုရန်ရဲ့အခိုက်အတန့်များကိုကြည့်လိုက်... အရမ်းလှတယ်''

ယောက်ျားလေးက ဇဝေဇဝါဖြစ်သွားသည်။ သူက လျိုရန်၏အခိုက်အတန့်များကိုကြည့်လိုက်ရာ ပိုးစုန်းကြူးဗီဒီယိုကိုတွေ့ရသည်။

ဗီဒီယိုကြည့်ပြီးနောက် ဗီဒီယိုထဲမှအံ့ဩစရာ၊ကြည်နူးစရာမြင်ကွင်းကိုစိတ်ဝင်စားသွားသည်။

"မွေးမြူရေးခြံမှာ ဒီလိုလှတဲ့ရှုခင်းမျိုးရှိလို့လား?''

ယောက်ျားလေးက အံ့ဩသံနှင့်ပြောသည်။ ရုတ်တရက် သူမတည်ငြိမ်နိုင်တော့ဘဲ ပြောပြရခက်သောခံစားချက်မျိုးဖြစ်လာသည်။

လူတွေက ကိုယ့်မှာမရှိရင် မနာလိုတတ်စမြဲ။ ဥပမာ သူကနတ်သမီးပုံပြင်တောင်ပေါ်ရောက်နေသောကြောင့် လျိုရန်ထက်ကံကောင်းသည်ဟုထင်ခဲ့သည်။ အခုရုတ်တရက် နတ်သမီးပုံပြင်တောင်ထက်မလျော့သောလှပသည့်နေရာတစ်ခုတွင် လျိုရန်ရောက်နေသည်ကိုတွေ့ရသောအခါ တစ်ခုခုဆုံးရှူံးသလိုခံစားလိုက်ရသည်။

ပိုစုန်းကြူးများပျံသန်းနေသောမြင်ကွင်းက နတ်သမီးပုံပြင်တောင်မှငြိမ်နေသောမြင်ကွင်းထက် ပိုအသက်ဝင်ပြီးကြည်နူးစရာကောင်းနေသေးသည်။

အချိန်ကုန်လွန်သွားသည်။

Wechat အခိုက်အတန့်များတွင်တင်သောခရီးသည်များသာမက လိုင်းပေါ်တင်သောဗီဒီယိုအားလုံးရေပန်းစားလာသည်။

ဂီတကုမ္ပဏီတစ်ခု၏တည်းဖြတ်ဌာနတွင် ထမ်းစင်ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသမီးအင်တာနက်ဆယ်လီတစ်ဦးနှင့်စာချုပ်အကြောင်းဆွေးနွေးခဲ့သောကြောင့် သူဌေးဖြစ်သူ၏ဆူပူကြိမ်းမောင်းမှုကိုခံခဲ့ရသောအယ်ဒီတာချုပ်မှာ မနက်စောစောစီးစီး ရုံးခန်းထဲရောက်လာသည်။ သူ့လက်အောက်ငယ်သားတစ်ဦးက အစီရင်ခံ၏_

"အယ်ဒီတာချုပ်.. ကျွန်တော်တို့ပလက်ဖောင်းမှာ ချင်းလင်စံအိမ်အကြောင်းပြည့်နေပြန်ပြီ''

"ဟင်း!''

အယ်ဒီတာချုပ် သက်ပြင်းချလိုက်သည်။

ဒါကလည်း ဖြစ်နေကျ။ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်ပြည့်လျှံသွားခြင်းမှာ ရှာဖွေမှုအများဆုံးအကြောင်းအရာဖြစ်နေပြီဆိုသောအဓိပ္ပါယ်ပင်။

တကယ်တော့ ဒီလိုရေပန်းစားမှုမျိုးက သူတို့လမ်းကြောင်းခြင်းကြောင့်သာဖြစ်လာတတ်သည်။

သူတို့လမ်းကြောင်းမှုမပါဘဲ ဖြစ်ရပ်တစ်ခုခု ဒါမှမဟုတ် အင်တာနက်ဆယ်လီတစ်ဦးအပေါ်မူတည်ပြီး ဒီလိုရေပန်းစားဖို့မဖြစ်နိုင်။

ဒါကြောင့်လည်း အင်တာနက်ဆယ်လီကို သူတို့ထိန်းချုပ်နိုင်ခြင်းပင်။

ချင်းလင်ရှုမျှော်ခင်းနေရာနှင့်ချင်းလင်ကုမ္ပဏီက သူတို့ထိန်းချုပ်မှုအောက်မှာမရှိ။

ချင်းလင်ကုမ္ပဏီနှင့်ဆက်စပ်သောသတင်းများက အချိန်နှင့်အမျှ အုတ်အော်သောင်းတင်းဖြစ်နေကျပင်။

အရင်တစ်ခါကိစ္စအပြီးတွင် ချင်းလင်ကုမ္ပဏီကို သူတို့ထိလို့မရမှန်းသိလိုက်သည်။

အဓိကက ချင်းလင်ကုမ္ပဏီသာ တခြားပလက်ဖောင်းသွားရင် လူတွေအများကြီး သေချာပေါက်ပါသွားလိမ့်မည်။

အထက်လူတွေဘာမှမပြောရင်တောင် သူတို့မလှုပ်ရဲ။ ထူးကဲသာလွန်သောတည်ရှိမှုမျိုးပင်။

လိုင်းပေါ်တွင်ပေါက်သွားပြီးနောက် ချင်းလင်ရှုမျှော်ခင်းနေရာ၏ပန်းပင်လယ်အကျယ်မှာ ရှာဖွေမှုအများဆုံးဖြစ်လာသည်။

All Chapters