← Chapters

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း ၁၃၈၄: ဒါ ချင်းလင်ရှုမျှော်ခင်းက? ၂

ဗီဒီယိုက ဒီအတိုင်းဗီဒီယိုမဟုတ်၊ ဓာတ်ပုံစားခြင်း +၂ အာနိသင်ရှိသောကြောင့် ဘယ်သူမှမခံနိုင်။

"လုံးဝမယုံနိုင်စရာပဲ... ရှယ် effect တွေထည့်ရင်တောင် ဒီလိုလှတဲ့မြင်ကွင်းမျိုးမဖန်တီးနိုင်ဘူးမလား?''

တရုတ်ပြည်မှာ ဒီလိုအံ့ဩစရာကောင်းတဲ့ပိုးစုန်းကြူးညမြင်ကွင်းမျိုးရှိတာ တွေးရခက်သည်။

ပိုးစုန်းကြူးတွေက ရှားပါးကုန်ပြီ။ ပြည်တွင်းမှာ ညဘက်ပိုးစုန်းကြူးရှိသောရှုမျှော်ခင်းနေရာများရှိသော်လည်း အချိန်တိုင်းလိုလို ပိုးစုန်းကြူးတောင်မမြင်ရ။ ရှက်စရာပင်။ ချင်းလင်ရှုမျှော်ခင်းနေရာကတော့ အံ့ဩစရာ။

ကြည့်ရတာ ပစ္စည်းကောင်းအားလုံး ချင်းလင်ရှုမျှော်ခင်းကယူသွားသလိုထင်ရသည်။ ဒီပိုးစုန်းကြူးများရုတ်တရက်ပေါ်လာခြင်းက အံ့ဖွယ်တစ်ခုပင်။

"ဗီဒီယိုကြည့်ရုံနဲ့မရတော့ဘူး... ချင်းလင်ရှုမျှော်ခင်းကိုအခုချက်ချင်းသွားမယ်... အဲဒီမှာ ပိုးစုန်းကြူးတွေရှိတယ်!''

"အင်း.. ဒါ ပိုးစုန်းကြူးတွေ.. ဒါ ကလေးဘဝအမှတ်တရတွေ... ငါလည်းသွားမယ်''

လိုင်းပေါ်တချိန်တည်းပေါက်သွားပြီး အတော်များများက ရုံချန်းကိုဦးတည်လာကြသည်။

ပိုးစုန်းကြူးက လူအတော်များများမှတ်ဉာဏ်ထဲမှာရှိနေသောအမှတ်တရဖြစ်သောကြောင့်ပင်။

ဒီအမှတ်တရတွေက အဖြူစင်ဆုံး၊ အလှပဆုံး။ ငယ်စဉ်က မိသားစုနှင့်ခွဲမရသော အရိုးသားဆုံးခံစားချက်တစ်ခုဖြစ်သည်။

ဒါမျိုးမကြုံတွေ့ဖူးရင် နားမလည်နိုင်။

သို့သော် အသက် ၃၀ ကျော်များအဖို့ သူတို့ခံစားချက်ကအလွန်နက်ရှိုင်းသည်။

ဒီလိုရိုးသားသောခံစားချက်မျိုးကြောင့် ရုံချန်းသွားပြီး ပိုးစုန်းကြူးကြည့်ချင်စိတ်ဖြစ်စေသည်။

ဒါမြင်ကွင်းလှတာနှင့်မဆိုင်။ အမှတ်တရနှင့်ဖြူစင်ရိုးသားသောခံစားချက်များ၏ဆွဲအားက လှပသောမြင်ကွင်းထက်ပိုသည်။

ရုတ်ချည်းဆိုသလို သိပ်နာမည်မကြီးသောပန်းပင်လယ်အကျယ်ပရောဂျက်က နာမည်အကြီးဆုံးပရောဂျက်ဖြစ်လာသည်။

တစ်နေ့တည်းနှင့် ရုံချန်းခရီးသည်ပမာဏက သိသိသာသာတက်လာ၏။

ချင်းလင်ရှုမျှော်ခင်းနေရာမှာအဓိကသက်ရောက်မှုရှိပြီး လူများကြပ်သိပ်လာသည်။ အတော်များများက ပန်းပင်လယ်အကျယ်ရောက်အောင်လမ်းလျှောက်သွားရ၏။

လင်းလန်ဇီက ချန်တပေတို့ကိုခေါ်ပြီး ပန်းပင်လယ်အကျယ်ကိုပိတ်ချခိုင်းရသည်။

ရှုမျှော်ခင်းနေရာမှာ လူဒီလောက်များမည်ဟုမထင်မိသောကြောင့် သူမလုံးဝပြင်ဆင်မထားခဲ့။

ဒါပေမဲ့ အခြေအနေက ဒီလိုဖြစ်လာပြီ။ သူတို့ဘာမှမလုပ်ရင် ပိုးစုန်းကြူးအတွက်မကောင်းရုံသာမက ပွဲပါဖြစ်သွားနိုင်သည်။

ချန်လီက နောက်ဆုံးအစီရင်ခံချက်ရပြီး စွန်းရှန်ကိုအရင်ဆုံးသွားရှာသည်_

"စွန်းရှန်.. ဒီအစီရင်ခံစာကိုတစ်ချက်ကြည့်ပါဦး''

စွန်းရှန်က အစီရင်ခံစာယူကြည့်ပြီးနောက် အံ့ဩပြီး မတ်တပ်ထရပ်ကာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။

"ပတ်လမ်း ၅ လမ်းရှိတာတောင် ပြဿနာရှိသေးလား?''

စွန်းရှန်က ဇဝေဇဝါနှင့်_

"အရင်တစ်ခါအစီရင်ခံချက်မှာ ပြဿနာရှိမှာမဟုတ်ပါဘူးဆို''

"ချင်းလင်ရှုမျှော်ခင်းက ပန်းပင်လယ်အကျယ်ကြောင့်...''

ချန်လီ သက်ပြင်းချလိုက်သည်။

"ပန်းပင်လယ်အကျယ်?''

စွန်းရှန်ကြောင်သွားသည်။ သူကအံဆွဲထဲမှအစီရင်ခံချက်ကိုအမြန်ထုတ်လိုက်၏။

အစီရင်ခံချက်မှာ ချင်းလင်ရှုမျှော်ခင်းနေရာမှပရောဂျက်အသီးသီး၏ရေပန်းစားနှုန်းဖြစ်ပြီး ပန်းပင်လယ်အကျယ်က အနည်းဆုံးပင်။

ချင်းလင်ရှုမျှော်ခင်းနေရာမှာခရီးသည်မတန်တဆများချိန်မဟုတ်ရင်၊ မြို့စားနှင်းဆီသာမရှိရင် ဒီနေရာမှာခရီးသည်သိပ်မရှိနိုင်။

တခြားနေရာများတွင်လည်း ဒီလိုပန်းပင်လယ်မျိုးရှိသည်။ တကယ်တော့ ဒီထက်ပိုကျယ်ပြီး ပန်းမျိုးပိုစုံလိမ့်ဦးမည်။

"ပန်းပင်လယ်အကျယ်က ဒီလောက်စိတ်ဝင်စားစရာမကောင်းဘူးမလား?''

စွန်းရှန်က သံသယသံနှင့်မေးသည်။

ချန်လီကရှင်းပြလိုက်သည်_

"ပန်းပင်လယ်အကျယ်က ဆွဲဆောင်မှုမရှိတာမှန်ပါတယ်... ဒါပေမဲ့ ပန်းပင်လယ်အကျယ်မှာ ပိုးစုန်းကြူးတွေရောက်နေတယ်... အဲဒါကြောင့်... စွန်းရှန်.. လိုင်းပေါ်ကဗီဒီယိုကြည့်လိုက်ဦး!''

ချန်လီကပြောရင်းဆိုရင်း လိုင်းပေါ်တွင်ဗီဒီယိုရှာပြီး စွန်းရှန်ကိုပေးသည်။

စွန်းရှန်က ဗီဒီယိုအသစ်ကြည့်ပြီးမှ ဘာကြောင့်မှန်းသဘောပေါက်သွားသည်။

ဗီဒီယိုထဲမှပိုးစုန်းကြူးများ၏အံ့ဩစရာ၊ကြည်နူးစရာကောင်းပုံက သူ့ကိုပါဆွဲဆောင်ပြီး ငယ်ဘဝအမှတ်တရများတောင်ပြန်သတိရသွားသည်။

သူကကျေးလက်မှမဟုတ်သော်လည်း သူ့မိဘများက လူငယ်များကိုပညာသင်ပေးသည်။ အဲဒီတုန်းက ကျေးလက်မှာနေခဲ့ပြီး တောင်ပေါ်တွင်ပိုးစုန်းကြူးများမြင်ဖူးသည်။

ထိုအမှတ်တရများက တကယ်ထူးခြားသည်။ အချိန်ကုန်ဆုံးသွားမှုကြောင့် သက်ပြင်းချမိသည်။

"ဒါကြောင့်ကိုး!''

စွန်းရှန် သက်ပြင်းချလိုက်သည်_

"ဒါပေမဲ့ ဒီပိုးစုန်းကြူးကြောင့် အသစ်ဖောက်ထားတဲ့ပတ်လမ်း ၅ တစ်ခုလုံးပိတ်မလိုဖြစ်တာ လမ်းထပ်ဖောက်ဖို့စဉ်းစားရဦးမလား?''

ချန်လီကနားထောင်ရင်း အသံတိတ်သွားသည်။ ကြည့်ရတာ ဒီအတွက်အစည်းအဝေးထိုင်ရတော့မည်ထင်သည်။

အစက ပထမပတ်လမ်းကိုပြန်လည်ပြင်ဆင်လိုက်ရင် ပြဿနာအေးမည်ထင်သော်လည်း နောက်ဆုံးလမ်းပိတ်ခဲ့သည်။ တတိယပတ်လမ်းဖောက်စဉ်က လုံလောက်ပြီထင်သော်လည်း လမ်းပိတ်နေဆဲ။

ဒီတစ်ခါ ပတ်လမ်း ၅ ခုကိုအသုံးပြုနိုင်ပြီထင်ထားခဲ့သည်။ သို့သော် ဒီနေ့ လူကြပ်နေသေး၏။

စွန်းရှန်က သိချင်စိတ်ဖြစ်နေသည်_

"လက်ထောက်ချန်.. ချင်းလင်ရှုမျှော်ခင်းနေရာမှာ ဒီလိုလှတဲ့ပိုးစုန်းကြူးတွေ ဘာကြောင့်ပေါ်လာတယ်ထင်လဲ? ရုံချန်းမှာပိုးစုန်းကြူးမတွေ့တာ ကြာပြီမလား?''

"စွန်းရှန်''

ချန်လီက ချက်ချင်းပင်_

"လိုင်းပေါ်မှာ ပညာရှင်တွေကသုံးသပ်ထားကြတယ်... အတော်များများပြောကြတာတော့ ရုံချန်းရာသီဥတုပြောင်းသွားလို့ဖြစ်မယ်တဲ့''

"ပိုးစုန်းကြူးကိုယ်တိုင်က ပတ်ဝန်းကျင်လိုအပ်ချက်မြင့်မားတဲ့အင်းဆက်ဆိုတော့ မော်ဒန်ခေတ်ဖွံဖြိုးမှုတွေကြောင့် ပိုးစုန်းကြူးတွေကိုမမြင်ရသလောက်ဖြစ်သွားတာတဲ့''

"သူတို့က အဝေးကတောတွေတောင်တွေပေါ်ပြေးကုန်တာ... ရုံချန်းရာသီဥတုပြောင်းသွားတော့ အထူးသဖြင့် ချင်းလင်ရှုမျှော်ခင်းနားမှာ ဥက္ကာခဲကျထားတော့ ရာသီဥတုအကောင်းဆုံးဖြစ်သွားတယ်... အဲဒါကြောင့် ပိုးစုန်းကြူးတွေရောက်နေတာဆိုပဲ''

ချန်လီလျှောက်ပြောနေခြင်းမဟုတ်။ လိုင်းပေါ်မှာ အ​ခြေအနေကိုဒီလိုသုံးသပ်ထားသောပညာရှင်များအမှန်ပင်ရှိသည်။

ထိုပညာရှင်များက ဒီအခြေအနေအားလုံး ရုံချန်းရာသီဥတုပြောင်းလဲမှုနှင့်ဆိုင်သလို ဆန်းစစ်ပြထားသည်။

အဓိကအချက်မှာ ထိုရှင်းပြချက်ကို ပြည်သူအားလုံးကယုံကြည်လက်ခံခြင်းပင်။

ထိုပညာရှင်များ၏ဗီဒီယိုအောက်တွင် ပြည်သူများကမှတ်ချက်ပေးထားကြသည်။

ထို့ကြောင့် အမှန်တရားဖြစ်လာပုံရသည်။ ဘာပဲဖြစ်ဖြစ် အားလုံးယုံကြည်ရင် မှန်လိမ့်သည်။

ချင်းလင်စံအိမ်သို့သွားကြည့်သော တကယ့်ပညာရှင်များလည်းရှိသည်။

ပါမောက္ခရန်မှာ နာမည်ကြီးအင်းဆက်ပညာရှင်တစ်ဦးဖြစ်ပြီး ပိုးစုန်းကြူးသုတေသီလည်းဖြစ်သည်။

သူ့ဓာတ်ခွဲခန်းတွင် ပိုးစုန်းကြူးအတွက်သုတေသနပစ္စည်းအများဆုံးရှိသည်။

ချင်းလင်ရှုမျှော်ခင်းမှာ ပိုးစုန်းကြူးတွေဘာလို့ရုတ်တရက်ပေါ်လာလဲ သူသိချင်သောကြောင့် ချင်းလင်ရှုမျှော်ခင်းကိုဆက်သွယ်ပြီး သွားရောက်လေ့လာသည်။

လင်းလန်ဇီကလည်း ပါမောက္ခရန်၏အချက်အလက်များကိုစုံစမ်းစစ်ဆေးကြည့်ပြီးနောက် လက်ခံလိုက်သည်။ ဒီပါမောက္ခရန်က တကယ့်ပညာရှင်ဖြစ်သောကြောင့်ပင်။

ပိုးစုန်းကြူးအကြောင်းကို သူမလည်းသိချင်သည်။

အမှန်အတိုင်းပြောရရင် ချင်းလင်ရှုမျှော်ခင်းတာဝန်ခံအနေနှင့် ရှုမျှော်ခင်းမှာပေါ်လာသောပိုးစုန်းကြူးအကြောင်းမသိတာ နည်းနည်းရှက်မိသည်။

ပါမောက္ခရန်က သူ့လက်ထောက်နှင့်၊ ကိရိယာများနှင့်တကွ ချင်းလင်စံအိမ်ရောက်လာသောအခါ လင်းလန်ဇီကိုယ်တိုင်အားလုံးစီစဉ်ပေးပြီး ကြီးကြပ်သူတစ်ဦးကို ပန်းပင်လယ်အကျယ်ထဲလိုက်ပို့စေသည်။

လင်းလန်ဇီက ပန်းပင်လယ်အကျယ်ကိုယာယီပိတ်ထားရန်ဆုံးဖြတ်လိုက်သည်။ အထူးအစီအစဉ်မရှိဘဲ အပြင်လူတွေလုံးဝမဝင်နိုင်။

ပါမောက္ခရန်မှာ ဆံပင်ဖြူတဝက်နှင့် အသက်နည်းနည်းရပြီဖြစ်သော်လည်း အလွန်ဖျတ်လတ်သည်။ အစစ်အမှန်ပညာရှင်၊သုတေသီတစ်ယောက်တွင် ယေဘူယျအားဖြင့် ဒီလိုမျက်နှာသွင်ပြင်နှင့်စရိုက်လက္ခဏာမျိုးရှိတတ်ကြသည်။

ပန်းပင်လယ်အကျယ်ထဲရောက်သောအခါ ပါမောက္ခရန်က ပတ်ဝန်းကျင်၊ အပူချိန်၊ ရာသီဥတုနှင့်တခြားအချက်အလက်များကိုစမ်းသပ်စစ်ဆေးသည်။

ဒီလိုနေရာမျိုးမှာ အင်းဆက်အများစုရှင်သန်နိုင်သည်ဟုဆိုရမည်။

ညပိုင်းတွင် ပိုးစုန်းကြူးများထွက်လာသည်ကို ပါမောက္ခရန်လည်းတွေ့ရသည်။ ပန်းပင်လယ်တစ်ခုလုံးတွင် ကြယ်များစီးဆင်းနေသလိုပင်။

ထိုအချိန်တွင် ခရီးသည်များလည်း ပန်းပင်လယ်အကျယ်သို့အကြည့်ရောက်လာကြသည်။ ပန်းပင်လယ်အကျယ်ကို လင်းလန်ဇီကပိတ်ထား၍ လုံခြုံရေးအစောင့်များနေရာတကာရှိသောကြောင့် ခရီးသည်များမှာ ခပ်လှမ်းလှမ်းကသာကြည့်ရသော်လည်း စိတ်အားထက်သန်မှုကလျော့မသွားချေ။

ဆွဲဆောင်မှု +၂၊ အလှ +၂၊ အမှတ်တရ +၂၊ အံ့ဩစရာ +၂၊ ကြည်နူးစရာ +၂၊ ဓာတ်ပုံစားခြင်း +၂ အာနိသင်များရှိသည်။ အဝေးကကြည့်ရရင်တောင် ခရီးသည်များကိုဆွဲဆောင်နိုင်ပြီး အမှတ်တရများနှင့်ယစ်မူးနေကြသည်။

တချိန်တည်းမှာ ရိုက်ထားသောဗီဒီယိုကလည်း အံ့ဩစရာကောင်းပြီးရင်းကောင်းနေသည်။

အံ့ဩတကြီးအသံများက တက်လိုက်ကျလိုက်နှင့်။

ပန်းပင်လယ်အကျယ်ထဲတွင် ပါမောက္ခရန်နှင့်သူ့လက်ထောက်က ကြယ်ရောင်ပိုးစုန်းကြူးနှစ်ကောင်ဖမ်းပြီး အထူးအလင်းရောင်ကြည့်ကိရိယာနှင့်လေ့လာနေကြသည်။

ညဘက်ပိုစုန်းကြူးများကိုလေ့လာရန်အထူးအသုံးပြုသောကိရိယာလည်းဖြစ်သည်။

ညဘက်တွင်ပိုးစုန်းကြူးများကိုရှင်းရှင်းလင်းလင်းမြင်နိုင်သော အထူးလုပ်ဆောင်ချက်ပါသည်။

သို့ရာတွင် ပါမောက္ခရန်ကလေ့လာရင်း အံ့ဩသွားပြီး_

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?''

"ပါမောက္ခ ဘာဖြစ်လို့လဲ?''

လက်ထောက်က ဇဝေဇဝါနှင့်မေးသည်။

"ဒီပိုးစုန်းကြူးတွေရဲ့တောင်ပံက နည်းနည်းထူးခြားတယ်''

ပါမောက္ခရန်က အံ့ဩသံနှင့်_

"အရင်ကပေါ်ဖူးတဲ့ပိုးစုန်းကြူးအတောင်ပံနဲ့မတူဘူး''

အခန်း ၁၃၈၅: ပိုးစုန်းကြူးသူခိုး!

ပိုးစုန်းကြူးနှစ်ကောင်ကိုကြည့်ပြီး ပါမောက္ခရန်အံ့ဩနေသည်။

ဒီပိုးစုန်းကြူးတွေအလင်းရောင်ထွက်ပုံအရ မတူမှန်းသိသော်လည်း၊ ဘယ်အမျိုးအစားဖြစ်မည်ဟုခန့်မှန်းမိသော်လည်း သူမမြင်ဖူးသောအကောင်မျိုးဖြစ်မည်ဟုမထင်မိ။

ဘေးမှလက်ထောက်က ဇဝေဇဝါနှင့်_

"ပါမောက္ခရန်.. ဒီပိုးစုန်းကြူးတွေကိုအရင်ကမမြင်ဖူးရင် ဘယ်လိုလုပ်ပေါ်လာတာလဲ? မဖြစ်နိုင်ဘူး''

ပါမောက္ခရန်က ချက်ချင်းပြန်ဖြေသည်_

"လုံးဝအသစ်တော့မဟုတ်ဘူး... တချို့လက္ခဏာတွေက အရင်ကငါတို့လေ့လာဖူးတဲ့ပိုစုန်းကြူးနဲ့ကိုက်တယ်... သိပ်မတူတာတစ်ခုပဲ... မျိုးပြောင်းတာဖြစ်မယ်... မျိုးစိတ်အသစ်လို့ယူဆနိုင်တယ်... အံ့ဩစရာပဲ''

ထိုစကားကြောင့် လက်ထောက်နည်းနည်းသဘောပေါက်သွားသည်။

အင်းဆက်များက မျိုးပြောင်းတတ်သည်။ ရှေးကတည်းက အင်းဆက်အတော်များများမျိုးပြောင်းဖူးသည်။ တချို့က အတွင်းပိုင်းပြောင်းလဲပြီး တချို့ကပုံပန်းသဏ္ဍာန်ပြောင်းလဲသည်။

ဒါတွေအားလုံးက ပတ်ဝန်းကျင်လိုအပ်ချက်အရဖြစ်ပြီး အပြောင်းအလဲလုပ်ရသည်။

တချို့ကမျိုးပြောင်းပြီး ဒီအတိုင်းရှိနေသော်လည်း တချို့က မျိုးစိတ်အသစ်ပြောင်းလဲသွားသည်။ ထို့ကြောင့် မော်ဒန်ခေတ်မှာမြင်ရသောအင်းဆက်များက အရင်နှင့်မတူခြင်းဖြစ်မည်။

ပိုးစုန်းကြူးတွေက ဒီလိုဖြစ်မည်။ မျိုးပြောင်းပြီး ပိုးစုန်းကြူးမျိုးစိတ်အသစ်ဖြစ်လာခြင်းပင်။

ဒါမျိုးပြောင်းတာမဟုတ်၊ ဂိမ်းထဲကထုတ်လာတာမှန်း သူတို့မသိကြ။

"ငါတို့ညလုံးပေါက်လေ့လာပြီး အတည်ပြုမယ်''

ပါမောက္ခရန်က ချက်ချင်းညွှန်ကြားသည်။

လက်ထောက်က မငြင်း။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ကပြောမှတော့...

တစ်ညလုံး ပန်းပင်လယ်အကျယ်မှာ ခရီးသည်များပြည့်နေသည်။ နေ့ဘက်ရှုမျှော်ခင်းတွင်လျှောက်လည်သောခရီးသည်အားလုံးလိုလိုရောက်နေပြီး ကြယ်ရောင်ပိုစုန်းကြူးများကိုကြည့်ကြသည်။

ခရီးသည်အများစုက ဖုန်းနှင့်ပိုးစုန်းကြူးများကိုဓာတ်ပုံရိုက်နေကြသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ဗီဒီယိုအတိုပလက်ဖောင်းအားလုံး၌ ချင်းလင်ရှုမျှော်ခင်းနှင့်ပိုးစုန်းကြူးဗီဒီယိုများပြည့်နေတော့သည်။

ဒီအခြေအနေတွင် ဗီဒီယိုသုံးပုဒ်ကြည့်တိုင်း ပိုစုန်းကြူးနှင့်ဆက်စပ်သောဗီဒီယိုတစ်ပုဒ်တက်လာသည်။ တချို့မှာ သုံးပုဒ်လုံး ပိုးစုန်းကြူးအကြောင်းချည်း။

သို့သော် ဗီဒီယိုမြင်သူတိုင်းကစိတ်မပျက်ဘဲ ဗီဒီယိုကိုစိတ်ဝင်စားကြသည်။ ချင်းလင်ရှုမျှော်ခင်းမှပိုးစုန်းကြူးဗီဒီယိုကိုလူတွေ့ပိုများလာပြီး အံ့ဩ၍သက်ပြင်းချမိကြသည်။

အဓိကအချက်မှာ ချင်းလင်ရှုမျှော်ခင်းမှပိုးစုန်းကြူးများက အံ့ဩစရာကောင်း၊ ဆွဲဆောင်မှုကောင်းသည်ဟု လူတိုင်းထင်ကြသည်။

တရုတ်ပြည်တွင် ပိုးစုန်းကြူးရှိသောနေရာများစွာရှိသော်လည်း သူတို့ပိုးစုန်းကြူးတွေက သာမန်အကောင်များဖြစ်သည်။ ချင်းလင်ကပိုးစုန်းကြူးနှင့် လုံးဝမတူ။

ထိုအချိန်တွင် ပါမောက္ခရန်၏ကြေညာချက်ကြောင့် အားလုံးအာရုံစိုက်မိကြသည်_

"ကျုပ် ချင်းလင်ရှုမျှော်ခင်းကပိုစုန်းကြူးတွေကိုလေ့လာပြီး ရထားတဲ့အချက်အလက်တွေကိုမျှဝေချင်ပါတယ်... တကယ်တော့ ဒီပိုးစုန်းကြူးတွေက မျိုးပြောင်းတဲ့မျိုးစိတ်အသစ်ပါ''

ထိုကြေညာချက်ကို ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်သောကြောင့် ချက်ချင်းရေပန်းစားပြီး အာရုံစိုက်ခံရသည်။

ဗီဒီယိုမြင်သူတိုင်းက ပါမောက္ခရန်ဘယ်သူဘယ်ဝါဖြစ်ကြောင်းလေ့လာကြည့်ရာ သုတေသနကိုဇောက်ချလုပ်သောနာမည်ကြီးပါမောက္ခတစ်ဦးဖြစ်နေသည်ကိုသိရပြီး အံ့ဩသွားကြသည်။

တနည်းပြောရရင် ချင်းလင်ကပိုးစုန်းကြူးတွေဒီလောက်လှတာ မျိုးပြောင်းထားတဲ့မျိုးစိတ်အသစ်မလို့ပေါ့?

ဖြစ်နိုင်သည်။

ပါမောက္ခရန်ပြောတာ သဘာဝကျသည်။

ထိုအချိန်တွင် သက်ပြင်းချမိကြသည်။

"ချင်းလင်ရှုမျှော်ခင်းက မိုးနတ်မင်းကောင်းချီးပေးထားလို့ ဒီပိုးစုန်းကြူးတွေရောက်လာတာ... သာမန်ပန်းပင်လယ်က နတ်သမီးကမ္ဘာဖြစ်သွားပြီ''

"ဒီတစ်ခါ ချင်းလင်ရှုမျှော်ခင်းက ဘယ်လောက်များကံကောင်းလိုက်လဲ''

"အခုလောက်ဆို ချင်းလင်သူဌေးတော့ ဝမ်းသာလွန်းလို့ပါးစပ်စိနိုင်မှာမဟုတ်ဘူး''

ထိုပိုးစုန်းကြူးများကို ပြည်သူတွေသာမက အထူးပုဂ္ဂိုလ်တချို့လည်း အာရုံစိုက်မိကြသည်။

ဟွာရန်းရှုမျှော်ခင်းမှာ လွန်ခဲ့သောနှစ်နှစ်ကမှဆောက်ခဲ့သောရှုမျှော်ခင်းနေရာဖြစ်သည်။

သို့သော် ထိုနေရာကိုသေချာကြည့်လိုက်မှ ထိုနေရာတွင်လည်း သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၊ ရေပေါ်တံတား၊ ဘဲခြံ၊ မွေးမြူရေးခြံ၊ ပန်းပင်လယ်အကျယ်များရှိနေကြောင်းတွေ့ရပြီး အံ့ဩသွားကြသည်။

အမှန်ပင်၊ ချင်းလင်စံအိမ်ကိုတုပထားသောနေရာတစ်ခုဖြစ်သည်။

သူဌေးက လင်းဟွာရန်းဖြစ်ပြီး သူ့နာမည်ကိုအစွဲပြုကာ ရှုမျှော်ခင်းကိုနာမည်ပေးထားသည်။

အစပိုင်း ချင်းလင်စံအိမ်တွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်နာမည်ကြီးစဉ်က သူကပေါ်ပင်လိုက်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုတုပခဲ့သည်။

အကောင်းဆုံးကျောင်းမှခရီးသွားမေဂျာနှင့်ဘွဲ့ရထားသူဖြစ်၍ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထက်ပိုကောင်းအောင်လုပ်မည်ဟုတွေးပြီး အလွန်ယုံကြည်ချက်ရှိခဲ့သည်။

ချင်းလင်စံအိမ်ရေပန်းစားမှုကိုဖြုတ်ချမည်ဟုတောင်စိတ်ကူးခဲ့သည်။

ဖြစ်ချင်တော့ နောက်ဆုံးရလဒ်က ကျေနပ်စရာမရှိ။ သူ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က ဘာရိုက်ခတ်မှုမှမရှိချေ။

အဲဒီနောက် ချင်းလင်စံအိမ်မှာရေပေါ်တံတားဆောက်သောကြောင့် သူလိုက်ဆောက်သည်။ သို့သော် ခရီးသည်များရောက်လာသောအခါ သူ့အရည်အချင်းကပြောပလောက်အောင်မဟုတ်ဟုဆိုကြသည်။

ဒီရှုမျှော်ခင်းနေရာသာအလုပ်မဖြစ်ရင် သူ့အိမ်ကပေးထားတဲ့အရင်းအနှီးတွေကုန်ပြီ။ အဲဒီကျရင် သူ့အစ်ကိုနှစ်ယောက်ရဲ့ခိုင်းဖတ်လုံးလုံးဖြစ်သွားမည်။ အိမ်ပြန်ရင်တောင် တောက်တိုမယ်ရနေရာရောက်မည်။

သို့နှင့် ချင်းလင်ရှုမျှော်ခင်းတွင်ပိုးစုန်းကြူးများမြင်ရသောအခါ သူ့မျက်လုံးများအရောင်တောက်သွား၏။

ဒီပိုးစုန်းကြူးတွေက မျိုးစိတ်အသစ်တွေ။ ဒါတွေကိုဖမ်းပြီး သူအများကြီးမွေးမြူနိုင်သည်။ နောက်ပြီး သူ့မှာအင်းဆက်မေဂျာဘွဲ့ရသူငယ်ချင်းတစ်ယောက်ရှိသည်။

အခန်း ၁၃၈၆: ပိုးစုန်းကြူးသူခိုး! ၂

သူ့ကိုမေးကြည့်ရာ ပိုးစုန်းကြူးအကောင်ပေါက်ချိန်က သိပ်မကြာသောကြောင့်မွေးမြူနိုင်သည်။

ဒီတော့ ချင်းလင်စံအိမ်ကပိုးစုန်းကြူးရရင် ဘယ်လိုမွေးမြူရမလဲ သူ့သူငယ်ချင်းကိုမေးမည်။

တခြားပရောဂျက်တွေက ပုံတူကူးရခက်ပေမဲ့ သူတို့ဆီကပိုးစုန်းကြူးကိုမွေးနိုင်ရင် အနည်းဆုံးတော့ လှပပြီးအံ့ဩစရာကောင်းတဲ့ညမြင်ကွင်းမျိုးဖန်တီးနိုင်မှာပဲမလား?

ထိုအတွေးနှင့် ဟွာရန်းမျက်လုံးများပိုလင်းလက်လာသည်။ ဒါအခြေအနေပြောင်းနိုင်မယ့်အခွင့်အရေးမှန်းသူသိသည်။

သူကချက်ချင်း ဖုန်းထုတ်ပြီးဆက်လိုက်၏။

တဖက်မှအသံကိုတန်းကြားရသည်_

"သခင်လေးလင်း.. ဒီနေ့ဘာပွဲရှိလို့လဲ? ဒါမှမဟုတ် ပြဿနာကူရှာပေးရမှာလား?''

"ကျားကြီး''

လင်းဟွာရန်းက ချက်ချင်းရှင်းပြလိုက်သည်_

"မင်းအကူအညီလိုတာပေါ့... ဒီနေ့လိုင်းပေါ်မှာ ချင်းလင်စံအိမ်သတင်းတွေတွေ့တယ်မလား?''

ကျားကြီးမှာ ဒုစရိုက်လောကသားတစ်ဦးဖြစ်သည်။ သူနှင့်သိနေရသောအကြောင်းရင်းကရှင်းသည်။ သူ့မှာပိုက်ဆံရှိသောကြောင့်ပင်။ သူပိုက်ဆံနည်းနည်းသုံးလိုက်ရင် တဖက်က သူ့ပြဿနာအတော်များများကိုဖြေရှင်းပေးနိုင်သည်။

ကျားကြီးက_

"တွေ့တာပေါ့.. လိုင်းပေါ်မှာ ပိုးစုန်းကြူးအ​ကြောင်းချည်းပဲ... သခင်လေးလင်း.. အရင်းမရှိ အဖျားမရှိ ဘာလို့အဲအကြောင်းမေးနေတာလဲ?''

"ကျားကြီး.. ငါအဲဒီပိုးစုန်းကြူးတွေလိုချင်တယ်''

လင်းဟွာရန်းက တဲ့ပြောလိုက်သည်_

"ချင်းလင်စံအိမ်ကပိုးစုန်းကြူးရအောင်ယူပေးနိုင်ရင် ပိုက်ဆံကပြဿနာမရှိဘူး''

ကျားကြီးကခဏအသံတိတ်သွားပြီးမှ_

"သခင်လေးလင်း.. အဲဒါချင်းလင်စံအိမ်ကခိုးရမှာ... ကျုပ်သွားမယ်.. ဒါပေမဲ့ ကိစ္စပြီးရင် တစ်သန်းယူမယ်!''

တစ်သန်းဆိုသောစကားကြောင့် လင်းဟွာရန်းမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။

မတန်တဆပဲ။ ဒါပေမဲ့ ဒီပိုးစုန်းကြူးနဲ့အခြေအနေကိုပြောင်းပြန်လှန်နိုင်မယ်ဆိုတော့_

"ကောင်းပြီ.. တစ်သန်းပေါ့''

တဖက်က လူသန်ကြီးလည်း ပြုံးပြီးဖုန်းချလိုက်သည်။

သူက ကျားကြီးပင်။

လင်းဟွာရန်းက အူကြောင်ကြောင်မှန်းသူသိသည်။ ​ထို့ကြောင့် နိုက်ကလပ်တွင် လင်းဟွာရန်းကိုအကွက်ဆင်ပြီး သူ့အသိများနှင့်ပြဿနာရှာခိုင်းလေ့ရှိသည်။ အဲဒီနောက် လင်းဟွာရန်းက သူ့ဆီဖုန်းဆက်ပြီးအကူအညီတောင်းမည်။ သူက ကြားထဲမှဝင်ရောက်ဖြေရှင်းပေးပြီး ရလာသောပိုက်ဆံများကို သူ့အသိများနှင့်ပြန်ခွဲယူသည်။

ပိုးစုန်းကြူးခိုးတာ ဘယ်လောက်ခက်လို့လဲ?

သူငယ်ငယ်က ပိုးစုန်းကြူးတွေအများကြီးဖမ်းဖူးသည်။ ပြီးတော့ တစ်သန်းဆိုတာ မတန်တဆစျေး။ တဖက်က စျေးညှိမယ်ထင်ပေမဲ့ ဒီလိုသဘောတူလိုက်မယ်လို့ဘယ်ထင်မလဲ? ရူးလိုက်တာ။

"မင်းတို့နှစ်​ယောက်.. ငါနဲ့လိုက်ခဲ့!''

ကျားကြီးက သူ့တပည့်နှစ်ယောက်ကိုခေါ်သည်။

လူနှစ်ယောက်က ကျားကြီးနောက်လိုက်လာပြီး စပ်စုသည်_

"အစ်ကိုဟူ.. ဘယ်သွားမှာလဲ?''

"အင်း.. ဘယ်သွားမလို့လဲ?''

"အလည်ပေါ့!''

ကျားကြီးပြုံးလိုက်သည်။

မကြာမီ ကျားကြီးက သူတပည့်နှစ်ယောက်နှင့်အတူ ချင်းလင်စံအိမ်ရောက်သွားသည်။ ရောက်ရောက်ချင်း ခရီးသည်များလွန်းသည်၊ လူအုံလွန်းသည်ဟုတွေးလိုက်သည်။

အမျိုးသားနေ့မှာတောင် ဒီလောက်လူများရဲ့လား?

ဒါပေမဲ့ ကျားကြီးက သူ့ရည်ရွယ်ချက်သူသိသည်။ သူဒီလာတာ အလည်အပတ်မဟုတ်။ ပိုးစုန်းကြူးဖမ်းဖို့ပင်။

လူများတာမများတာ သူနဲ့ဘာဆိုင်လဲ?

"အစ်ကိုဟူ.. ကျွန်တော်တို့အခုဘာလုပ်ရမလဲ?''

"အင်း.. ဘယ်လိုလုပ်ရမလဲ?''

နောက်လိုက်နှစ်ကောင်က မေးသည်။

"ညမှပေါ့''

ကျားကြီးကဖြေသည်။

သုံးယောက်သား ချင်းလင်စံအိမ်ထဲလျှောက်သွားပြီး ပန်းပင်လယ်အကျယ်ကိုရှာသည်။

နောက်ဆုံး ညရောက်သောအခါ ပန်းပင်လယ်အကျယ်ဘက်ဦးတည်ပြီးထွက်လာကြ၏။

သို့သော် အနားရောက်သောအခါ သူတို့သုံးယောက် နည်းနည်းကြောင်သွားသည်။ ပန်းပင်လယ်အကျယ်ကိုဖွင့်မပေးဘဲ နေရာတကာလုံခြုံရေးအစောင့်များရှိနေသည်။ ဘယ်သူမှအထဲဝင်ခွင့်မရှိ။ အပြင်ကသာ ပိုးစုန်းကြူးပင်လယ်ကိုလှမ်းကြည့်ရသည်။

သူတို့ဘယ်လိုခိုးမလဲ?

အပြေးဝင်သွားရင်လည်း စတီးလက်ကောက်ဝတ်နေရမည်။

"အစ်ကိုဟူ.. ဘယ်လိုလုပ်ကြမလဲ?''

တပည့်တစ်ယောက်ကမေးသည်။

"ရှေ့အရင်တိုးကြတာပေါ့''

ကျားကြီးကပြောရင်းဆိုရင်း လူကြားထဲတိုးဝင်သွားသည်။ အတိုးခံရသောခရီးသည်များက မကြည်သော်လည်း သူတို့ပုံစံကိုကြည့်ပြီး ဒေါသကိုမြိုချလိုက်ရသည်။

သုံးယောက်သားရှေ့တိုးရင်း ပန်းပင်လယ်ထဲမှပိုးစုန်းကြူးကိုကောင်းကောင်းမြင်ရသောနေရာရောက်လာသည်။ သို့သော် ပိုးစုန်းကြူးကိုမခိုးနိုင်သေး။

သူတို့သုံးယောက် မစောင့်နိုင်တော့။

ဒီလိုနှင့် ညမိုးချုပ်လာသည်။

ထိုအခိုက် ရုတ်တရက် ကျားကြီးမျက်လုံးအရောင်တောက်သွားသည်။ ပိုးစုန်းကြူးသုံးကောင်ပျံလာပြီး သူတို့ဘေးမှအပင်စိမ်းစိမ်းပေါ်လာနားသောကြောင့်ပင်။

"မြန်မြန်.. ငါ့ကိုကာပေး''

ကျားကြီးက ချက်ချင်းတိုးတိုးလေးပြောသည်။

တပည့်နှစ်ယောက်ကလည်း ပိုးစုန်းကြူးသုံးကောင်ကိုမြင်ပြီး ပတ်ဝန်းကျင်ကိုကာပေးထားသည်။

ဒီလိုလုပ်တာပထမဆုံးအကြိမ်မဟုတ်သောကြောင့် သူတို့ပူးပေါင်းမှုကအဆင်ချောနေသည်။

ကျားကြီးကကြိုတင်ပြင်ဆင်လာသောပုလင်းကိုအမြန်ဆုံးထုတ်ပြီး ပိုးစုန်းကြူးသုံးကောင်ကိုပုလင်းထဲထည့်သည်။

သူ့လှုပ်ရှားမှုက မျောလွှင့်နေသောတိမ်၊ စီးနေသောရေကဲ့သို့ချောမွေ့နေသောကြောင့် ဘယ်သူမှသတိမထားမိ။

လိုချင်တာရပြီးနောက် ကျားကြီးကတပည့်နှစ်ယောက်နှင့်အမြန်ဆုံးထွက်လာသည်။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းပင်။ တော်ရုံလူနားမလည်နိုင်သောပညာမျိုးနှင့် ပိုးစုန်းကြူးသုံးကောင်အခိုးခံလိုက်ရတာ ဘယ်သူမှမသိ။

ကျားကြီးတို့က ချင်းလင်ရှုမျှော်ခင်းမှာပစ္စည်းခိုးခဲ့ကြသည်။ ပိုးစုန်းကြူးသုံးကောင်ပဲဆိုရင်တောင် ကြောက်လန့်ပြီး ချက်ချင်းရထားစီးပြန်သွားကြသည်။

နောက်တစ်နေ့တွင် ကျားကြီးကသူ့လူများနှင့် ဟွာရန်းရှုမျှော်ခင်းနေရာသွားပြီး လင်းဟွာရန်းရုံးခန်းထဲဝင်ကာ_

"သခင်လေးလင်း.. ခင်ဗျားအလုပ်အဆင်ပြေလို့ ကျုပ်ဝမ်းသာတယ်... ပိုးစုန်းကြူးတွေရခဲ့ပြီ''

ထိုစကားကြောင့် လင်းဟွာရန်းအပျော်လွန်သွားပြီး_

"တကယ်လား? ဘယ်မှာလဲ?''

ကျားကြီးလည်း ချက်ချင်းပုလင်းထုတ်ပြီး လင်းဟွာရန်းကိုပေးလိုက်သည်။

လင်းဟွာရန်းက ချက်ချင်းလိုလိုပုလင်းဆွဲယူပြီးနောက် ရုံးခန်းလိုက်ကာများချကာ မီးအားလုံးမှိတ်လိုက်သည်။ ထို့နောက် ပိုးစုန်းကြူးပုလင်းက လင်းလာသည်။

အထဲမှာ ပိုးစုန်းကြူးတကယ်ရှိသည်။

သို့သော် လင်းဟွာရန်းက ပိုက်ဆံတန်းမပေးသေးဘဲ လိုင်းပေါ်မှဗီဒီယိုဖွင့်ပြီး မှန်ဘီလူးကိုင်ကာ ပုလင်းထဲမှပိုးစုန်းကြူးနှင့်ယှဉ်ကြည့်သည်။

ပါမောက္ခရန်၏ကြေညာချက်တွင် ပိုးစုန်းကြူး၏အသေးစိတ်ဓာတ်ပုံနှင့်ဗီဒီယိုများပါသောကြောင့် သေချာနှိုင်းယှဉ်ကြည့်နိုင်သည်။

နှိုင်းယှဉ်ကြည့်ပြီးနောက် ပုလင်းထဲကပိုးစုန်းကြူးမှာ ချင်းလင်စံအိမ်မှမျိုးပြောင်းမျိုးစိတ်ဖြစ်ကြောင်း လင်းဟွာရန်းသေချာသွားသည်။

"ကျားကြီး.. တော်တယ်!''

လင်းဟွာရန်း မချီးကျူးဘဲမနေနိုင်တော့။ ထို့​ကြောင့် သူကကပ်တွက်မနေဘဲ ကျားကြီးကိုယွမ်တစ်သန်းတန်းလွှဲပေးလိုက်သည်။

သူစီးပွားရေးစဖို့ သူ့အိမ်ကအရင်းအနှီးသိပ်မပေးနိုင်ပေမဲ့ ယွမ်တစ်သန်းတော့ သူတတ်နိုင်သေးသည်။ ဒီထက်ပိုပေးရရင် ချီတုံချတုံဖြစ်ပြီး ရင်နာရလိမ့်မည်။

ယွမ်တစ်သန်းရပြီး ကျားကြီးအလွန်ပျော်သွားသည်။ လင်းဟွာရန်းနှင့်အပေးအယူကိစ္စပြီးနောက် သူကတန်းပြန်သွား၏။

လင်းဟွာရန်းက ပုလင်းထဲမှပိုးစုန်းကြူးများကိုကြည့်ရင်း ပြုံးရွှင်ပြီး_

"အခု ငါ့လက်ထဲပိုးစုန်းကြူးတွေရောက်လာပြီ... ငါ့အရည်အချင်းပြဖို့အချိန်တန်ပြီ... ဒီပိုးစုန်းကြူးတွေကိုမွေးပြီးရင် ငါ့ရှုမျှော်ခင်းမှာ အထူးပိုးစုန်းကြူးတွေနဲ့ညမြင်ကွင်းမျိုးဖန်တီးမယ်''

သူ့သူငယ်ချင်းအကူအညီကြောင့် ပိုးစုန်းကြူးမွေးမြူရေးက ချင်းလင်စံအိမ်ထက်နောက်မကျနိုင်ဟု သူယုံကြည်ထားသည်။ ဘာပဲဖြစ်ဖြစ် ဒီပိုးစုန်းကြူးတွေက ချင်းလင်စံအိမ်မှာပေါ်ခါစ။

အဲဒီကျရင် ဒီပရောဂျက်မှာ ချင်းလင်ရှုမျှော်ခင်းနှင့်ခရီးသည်ချင်းပြိုင်နိုင်မည်။ လုံးဝအနိုင်မရရင်တောင် အနည်းဆုံး ချင်းလင်စံအိမ်နှင့်ယှဉ်နိုင်မည်။

သူကချက်ချင်း သူ့သူငယ်ချင်းကိုဖုန်းဆက်ပြီး ပိုးစုန်းကြူးစာရင်းလုပ်ခိုင်းသည်။

ထို့နောက် လင်းဟွာရန်းက လုံးဝတုံ့ဆိုင်းမနေ။ စာရင်းထဲပါသောပစ္စည်းများကို download ဆွဲပြီး အသည်းအသန်လိုက်ဝယ်သည်။ မကြာမီ စရန်ငွေတင် ယွမ်နှစ်သန်းကျော်ကုန်သွား၏။ ပစ္စည်းများရောက်သောအခါ အပြည့်ပေးချေပြီးနောက် ယွမ်လေးငါးသန်းဖြစ်သွားသည်။

ပိုးစုန်းကြူးမွေးမြူရေးကိရိယာက ဒီလောက်မကုန်ကျသော်လည်း သူကကောင်းပေ့ဆိုသောနိုင်ငံခြားဖြစ်ပစ္စည်းများကိုဝယ်ထားသည်။

ထို့ကြောင့် သူ့အိမ်ကပေးထားသောငွေအရင်းအနှီးအားလုံး အကုန်ပြောင်သွား၏။

ဒါပေမဲ့ တန်သည်။

နောက်တစ်ဆင့်က ချင်းလင်စံအိမ်နှင့်အပြိုင် ပိုးစုန်းကြူးကိုဘယ်လိုမွေးရမလဲ စဉ်းစားရမည်။ ချင်းလင်စံအိမ်အကျယ်အဝန်းနှင့်ခရီးသည်အရေအတွက်ကို သူ့ရှုမျှော်ခင်းကမယှဉ်နိုင်။ သူအကြံထုတ်ရဦးမည်။

သူ့မှာ နည်းလမ်းတစ်ခုရှိသေးသည်။ အဲဒါက နာမည်ကြီးနေတာကိုအခွင့်ကောင်းယူပြီး ပြဿနာရှာဖို့ပင်။ ချင်းလင်စံအိမ်နာမည်ကြီးနေသရွေ့ လူစိတ်ဝင်စားမှုရနေမည်။ လူတွေက မျိုးပြောင်းပိုးစုန်းကြူးအသစ်ကိုအာရုံစိုက်ရင်စိုက်သလောက် လူတွေကိုဆွဲဆောင်နိုင်မည်။

ထိုသို့တွေးတောရင်း လင်းဟွာရန်းရယ်လိုက်သည်။

သို့သော် ကြယ်ရောင်ပိုးစုန်းကြူးမှာ အထူးအာနိသင်ရှိမှန်း သူမသိ။ ပတ်ဝန်းကျင်တစ်ခုနှင့်လိုက်လျောညီထွေဖြစ်ပြီးနောက် တခြားပတ်ဝန်းကျင်များမှာမွေးမြူရခက်သည်။

ဟွာရန်းရှုမျှော်ခင်းမှာ ချင်းလင်ရှုမျှော်ခင်းလိုပတ်ဝန်းကျင်မျိုးမရှိပေ။

မကြာမီ လင်းဟွာရန်းဆီဖုန်းဝင်လာသည်။ သူ့သူငယ်ချင်းပင်။ သူကချက်ချင်းအပြင်ထွက်ပြီး သူငယ်ချင်းကိုကြိုဆိုလိုက်သည်_

"တပင်း.. ငါပိုးစုန်းကြူးရထားပြီ... ဒီတစ်ခါတော့ မင်းကိုဒုက္ခပေးရတော့မယ်''

"မင်းကိုငါပြောတဲ့ပစ္စည်းတွေမှာပြီးပြီလား?''

တပင်းဆိုသောလူက အလွန်စိတ်ဝင်စားနေသည်။ သူ့သုတေသနအင်းဆက်မွေးမြူရေးက ပုလင်းဝမှာတစ်နေသောကြောင့် မျိုးစိတ်အသစ်မွေးမြူရေးလိုအပ်နေသည်။

"ပြီးပြီ.. မကြာခင်ရောက်လိမ့်မယ်... ဒါ ငါပြန်ပြီးခေါင်းထောင်နိုင်မယ့်အခွင့်အရေးပဲ... မင်းထက်ပိုလောတာပေါ့''

လင်းဟွာရန်းက ပြုံးပြုံးနှင့်ပြောသည်။ တပင်းကိုခေါ်ပြီးရှုမျှော်ခင်းအနောက်ဘက်ရောက်လာသောအခါ သူပိုစိတ်လှုပ်ရှားလာ၏။

သူ့ရုံးခန်းထဲရောက်သောအခါ ပိုးစုန်းကြူးပုလင်းကိုချက်ချင်းထုတ်ပြသည်။

သို့သော် ပုလင်းထဲမှမြင်ကွင်းကြောင့် နှစ်ယောက်လုံးကြောင်သွားသည်။ အထဲကပိုးစုန်းကြူးတွေ မလှုပ်တော့။

တပင်းကအမြန်စစ်ဆေးကြည့်ပြီး ခဏအကြာတွင် မျက်စိမျက်နှာပျက်ပျက်နှင့်_

"သေကုန်ပြီ!''

"ဘယ်လိုဖြစ်တာလဲ?''

ထိုစကားကြောင့် လင်းဟွာရန်းမျက်နှာရှုံ့မဲ့သွားလေသည်။

All Chapters