← Chapters

အခန်း (၁၃၈၇-၁၃၈၉)

Vol. 93 Ch. 1387-1389

အခန်း (၁၃၈၇-၁၃၈၉)

Vol. 93 Ch. 1387-1389

အခန်း ၁၃၈၇: လျှို့ဝှက်သောနေရာ!

ချင်းလင်စံအိမ်စိုက်ပျိုးရေးဌာနတွင် ယွီရွှေ့မှာ မန်နေဂျာရုံးခန်းထဲထိုင်ပြီး ဖုန်းနှင့်သတင်းဖတ်နေသည်။

ချင်းလင်ရှုမျှော်ခင်းအကြောင်းသတင်းများကိုအာရုံစိုက်နေခြင်းပင်။

ရှုမျှော်ခင်း၏ဌာနမန်နေဂျာတစ်ဦးအနေနှင့် ရှုမျှော်ခင်းမှာဖြစ်သမျှကိုနားလည်ထားရမည်မှန်း သူသိသည်။ စိုက်ပျိုးရေးဌာနနှင့်ဆက်စပ်လာနိုင်သည်။

ပြဿနာလည်း ချက်ချင်းဖြေရှင်းနိုင်မည်။

မန်နေဂျာဖြစ်ပြီးနောက် သူ့အတွေးအမြင်က စိုက်ပျိုးရေးဝန်ထမ်းဖြစ်ခါစနှင့်မတူတော့။

အရင်လက ပိုးစုန်းကြူးများကြောင့် သူတို့ရှုမျှော်ခင်းက အလွန်အသက်ဝင်ခဲ့သည်။

အရင်လတစ်လလုံး ချင်းလင်တောင်တန်းစံအိမ်၏ပိုးစုန်းကြူးသတင်းက ရပ်သွားသည်မရှိ။ အဓိကအကြောင်းရင်းမှာ ပိုးစုန်းကြူးများကစိတ်ဝင်စားစရာကောင်းသည်ဆိုသောသတင်းကြောင့် ချင်းလင်ရှုမျှော်ခင်းကို ခရီးသည်တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။

နာမည်အကြီးဆုံးအချိန်တွင် ရုံချန်းပတ်လမ်း ၅ တောင်ပိတ်သွားခဲ့သည်။

နောက်ပြီး အရင်လက ပန်းပင်လယ်အကျယ်တစ်နေရာတည်း ပိုးစုန်းကြူးများပေါ်လာသည်မဟုတ်၊ ချင်းလင်ရှုမျှော်ခင်း၏တခြားနေရာများတွင်ပါပေါ်လာခဲ့သည်။

အထူးသဖြင့် ချင်းလင်မွေးမြူရေးခြံမှာ ပန်းပင်လယ်အကျယ်ထက်မလျော့ပေ။

အခုမွေးမြူရေးခြံမှာလည်း အံ့ဩစရာကောင်းပြီးလှပသောမြင်ကွင်းကိုမြင်တွေ့နိုင်ပြီဖြစ်သည်။ နောက်ပြီး မွေးမြူရေးခြံထဲမှာ ခရီးသည်များက မြက်ခင်းပေါ်ဒီအတိုင်းလှဲနေရုံပင်။ ပိုးစုန်းကြူးများက ဂလက်စီတန်းလိုပျံသန်းသွားလာနေသည်။

သို့သော် ဒီပိုးစုန်းကြူးတွေဘယ်ကရောက်လာမှန်း ဘယ်သူမှမသိကြ။

ပါမောက္ခရန်မှာ အချိန်ယူလေ့လာပြီး လာရင်းနေရာရှာသော်လည်း သဲလွန်စမရသေး။ ပိုးစုန်းကြူးတွေက လေထဲကရောက်လာသလိုပင်။

ပါမောက္ခရန်တွေ့ရှိထားသောနောက်ထပ်အံ့ဩစရာတစ်ခုမှာ ချင်းလင်ရှုမျှော်ခင်းမှပိုးစုန်းကြူးများက ပတ်ဝန်းကျင်လိုအပ်ချက်အလွန်မြင့်မားသည်ဆိုသောအချက်ဖြစ်သည်။

ချင်းလင်ရှုမျှော်ခင်းနှင့်ဝေးဝေးရောက်လျှင် မကြာခင်သေကုန်ကြ၏။

ပိုးစုန်းကြူးများက ချင်းလင်ရှုမျှော်ခင်းအတွက်မွေးဖွားလာသလိုဖြစ်နေသည်။

ဒီတွေ့ရှိချက်က တခြားရှုမျှော်ခင်းနေရာများ မနာလိုဖြစ်ချင်စရာပင်။ အရင်က ဒီပိုးစုန်းကြူးတွေကိုမျက်စိကျသောရှုမျှော်ခင်းနေရာများရှိခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် ပိုးစုန်းကြူးဆိုတာ မွေးမြူနိုင်သည်။

သို့သော် ဒီပိုးစုန်းကြူးတွေက ဒီနေရာကိုဒီလောက်တွယ်တာမည်ဟု ဘယ်သူမှမထင်မိ။

ချင်းလင်ရှုမျှော်ခင်းနဲ့ခွဲပြီးမနေနိုင်ဘူးပေါ့?

ပိုးစုန်းကြူးနှင့်ချင်းလင်စံအိမ်အကြောင်း အချစ်ဇာတ်လမ်းရေးရန် မှတ်ချက်ပေးသူများတောင်ရှိသည်။

ယွီရွှေ့ကသတင်းများကြည့်နေစဉ် ဝန်ထမ်းတစ်ယောက်ဝင်လာပြီး_

"မန်နေဂျာယွီ.. အဲဒီအကွက်ကသီးနှံတွေ ထပ်ရှည်လာပြန်ပြီ... အရင်ကကွယ်ထားတဲ့လိုက်ကာနဲ့ မဖုံးနိုင်တော့ဘူး''

ယွီရွှေ့ကချက်ချင်းမတ်တပ်ထရပ်ပြီး စိုက်ပျိုးရေးဌာနဝန်ထမ်းနောက်လိုက်သွားသည်။ နောက်ဆုံး ချင်းလင်မွေးမြူရေးခြံနှင့်နတ်သမီးပုံပြင်တောင်ကြားရှိမြေကွက်သို့ရောက်လာ၏။

ထိုမြေကွက်ကို လိုက်ကာများပတ်ပတ်လည်အုပ်ထား၍ အပြင်ကမမြင်ရပေ။

ဥက္ကဌချင်ကိုယ်တိုင်ပေးခဲ့သောမျိုးစေ့များကိုစိုက်ထားသောအကွက်ဖြစ်သည်။

အစက ဒီမျိုးစေ့တွေထူးခြားရင်တောင် အနည်းဆုံးသာမန်သီးနှံပုံစံမျိုးရှိမည်ဟုထင်ခဲ့သည်။

သို့သော် အရင်သီးနှံများနှင့်လုံးဝမတူသောကြောင့် သူအံ့ဩရသည်။ အညှောက်ပေါက်ပြီးသည်နှင့် မဟားတရားကြီးလာ၏။

အစက သီးနှံများအကြီးမြန်သည်ဟုထင်ခဲ့သော်လည်း မကြာမီ ထိုအတွေးမှားကြောင်းသိလိုက်ရသည်။ သီးနှံများကအကြီးမြန်ရုံသာမက အရွယ်အစားလည်းကြီးကြီးလာသည်။

အကြီးမြန်သည်ဟုထင်ရခြင်းမှာ သူ့အချိုးအစားကြီးသောကြောင့်ဖြစ်မည်။ တချိန်တည်းမှာ အမြင့် ၂ မီတာအထိကြီးနိုင်သောသီးနှံက ၂၀ စင်တီမီတာသာကြီးနိုင်သောသီးနှံထက်ပိုမြင့်မှာ အသေအချာပင်။

ဒီသီးနှံအပင်က သာမန်အပင်ထက်အများကြီးသာမည်။

အပြင်လူတွေမြင်ရင် သေချာပေါက်လန့်သွားလိမ့်မည်။

သို့သော် သူဌေး၏သုတေသနထုတ်ကုန်အသစ်ဖြစ်သောကြောင့် သူဌေးညွှန်ကြားချက်မရမချင်း အပြင်လူသိခွင့်မပေးနိုင်။

ထို့ကြောင့် ပတ်ပတ်လည်ကိုလိုက်ကာကာပြီး အပြင်လူတွေမမြင်အောင်ခြားထားရသည်။

ယွီရွှေ့ကအထဲဝင်ပြီး သူ့ထက်မြင့်နေပြီဖြစ်သောသီးနှံများကိုကြည့်ရင်း စိတ်လှုပ်ရှားစွာသက်ပြင်းချလိုက်သည်။

ဘယ်ခရမ်းသီးက ဒီလောက်ကြီးလို့လဲ?

"လိုက်ကာအသစ်နဲ့ထပ်အုပ်''

ယွီရွှေ့က ဝန်ထမ်းကိုချက်ချင်းညွှန်ကြားလိုက်သည်။

ဝန်ထမ်းက အံ့ဩနေသောမျက်နှာထားနှင့် ခေါင်းညိမ့်လိုက်သည်။

သူကတောင်ယာစိုက်သူဖြစ်သော်လည်း ဒီလိုအံ့ဩစရာသီးနှံမျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။ သာမန်သီးနှံနှင့်ယှဉ်ရင် အတော်ကြီးနေသည်။

စိုက်ပျိုးရေးဌာနဝန်ထမ်းက ပိုမြင့်ပိုကျယ်သောလိုက်ကာအမြန်ယူပြီး မြေကိုကာလိုက်ပြန်သည်။

စိုက်ပျိုးရေးဌာန၏လုပ်ရပ်ကို ဖြတ်သွားဖြတ်လာခရီးသည်များကစိတ်ဝင်စားနေကြသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်ရှုမျှော်ခင်းမှာ ဒီလိုလျှို့လျှို့ဝှက်ဝှက်ကာထားတာရှားသည်။

ယွီရွှေ့က စိုက်ပျိုးရေးဌာနဝန်ထမ်းများကိုဦးဆောင်ပြီးလိုက်ကာကာနေစဉ် ခရီးသည်တချို့ကရပ်ပြီး ပွစိပွစိပြောနေကြသည်။

"အထဲက ဘာလဲ? မနေ့က ငါလာတော့ သူတို့ကာနေတာပဲ... အခုပိုမြင့်သွားပြန်ပြီ''

"ပရောဂျက်အသစ်ဖြစ်မယ်... အဲဒါကြောင့် လောလောဆယ် ချင်းလင်စံအိမ်ကမသိစေချင်တာဖြစ်မယ်''

"ဖြစ်နိုင်တယ်!''

ချင်းလင်စံအိမ်၏ပရောဂျက်များက ဘယ်တော့မှစိတ်မပျက်ရသောကြောင့် ချင်းလင်စံအိမ်မှပရောဂျက်အသစ်ကို ခရီးသည်များ၊ပရိသတ်များက အလွန်စိတ်ဝင်စားခြင်းဖြစ်မည်။

လျှို့ဝှက်လေလေ ပိုသိချင်လေလေပင်။

ထိုခရီးသည်များကမနေနိုင်ဘဲ ဖုန်းနှင့်ဓာတ်ပုံရိုက်ပြီး Wechat အခိုက်အတန့်များမှာတင်သည်၊ လိုင်းပေါ်ဗီဒီယိုတင်ကြသည်။

တကယ်တော့ ဒီလိုလုပ်တာ သူတို့တင်မဟုတ်။ လိုင်းပေါ်တွင် ထိုမြေကွက်အကြောင်းဗီဒီယိုတချို့တောင်ရေပန်းစားနေသည်။

လိုက်ကာကာထားပြီး အထဲကဘာမှန်းမသိရသောကြောင့် နာမည်သိပ်မကြီးသေး။

ယွီရွှေ့ကအချိန်ယူပြီး လိုက်ကာအသစ်ထပ်ဆင်လိုက်သောကြောင့် အထဲကသီးနှံထပ်ကြီးလာရင်တောင် ဖုံးနိုင်ဖိနိုင်သေးသည်။

အခန်း ၁၃၈၈: လျှို့ဝှက်သောနေရာ! ၂

တဖက်တွင် ချင်လင်က လီရှင်းနှင့်အတူ ဝိုင်လုပ်ငန်းသွားနေသည်။

လီရှင်းကအချိန်မှန်တတ်သောကြောင့် အချိန်ကိုက်ရောက်လာ၏။

ဒီနေ့ဝိုင်လုပ်ငန်းတွင် ဆရာကျန်းက လူကြီးများအတွက်အရိုးအားဖြည့်ဆေးဝိုင်စည်ကိုဖွင့်ရန်ပြင်နေသည်။ ချင်လင်က လျှို့ဝှက်နည်းပေးပြီးနောက်ပိုင်း ဝိုင်လုပ်ငန်းမှာအရိုးအားဖြည့်ဆေးဝိုင်အများကြီးစိမ်ထားသည်။

သူကိုယ်တိုင်စိမ်ထားသောဝိုင်ပထမအသုတ်က အပြည့်အဝမထွက်သေးသော်လည်း ဆေးဖက်ဝင်ဝိုင်က သာမန်ဝိုင်နှင့်မတူ။ အရသာအပေါ်ဆေးဖက်ဝင်အပင်များသက်ရောက်မှုရှိသောကြောင့် သိပ်အရေးမကြီးပေ။

နောက်ပြီး ဆေးဖက်ဝင်ဝိုင်၏အဓိကအချက်မှာ ဆေးအာနိသင်ဖြစ်၍ အရသာနည်းနည်းဆိုးလည်းကိစ္စမရှိ။

အခုဝိုင်လုပ်ငန်းက သတ်မှတ်ထားသောဝိုင်သိုလှောင်ခန်းများကိုဝိုင်တချို့ပို့ပေးရမည်။

ဝိုင်လုပ်ငန်းမှလူများက ဝိုင်ကိုအရသာခံပြီး ဝိုင်သိုလှောင်ခန်းထဲဆက်ထားလိုက်ရင် ပြီးပြည့်စုံမည်မှန်းသိကြလိမ့်မည်။ ဆေးအာနိသင်ရှိနေသရွေ့ အဆင်ပြေသည်။

ဆရာကျန်းဒီလိုလုပ်ခြင်းက ဒီဝိုင်အပေါ်ယုံကြည်ချက်မရှိသောကြောင့်ပင်။ ဥက္ကဌချင်ပေးတဲ့လျှို့ဝှက်နည်းဆိုရင်တောင် သူဖော်တဲ့ပထမဆုံးအသုတ်ဖြစ်နေသည်။

ချင်းလင်စံအိမ်တရားဝင်အကောင့်ကကြော်ငြာချိန်ကျရင် အာနိသင်ပိုကောင်းလာမည်။

သို့သော် ဒီဝိုင်ထုတ်လုပ်ရေးက အကန့်အသတ်ရှိသောကြောင့် လောလောဆယ်ကြော်ငြာစရာမလ်ုသေး။ နောက်ပြီး ဝိုင်ရောင်းသူမဟုတ်ရင် သာမန်လူက ဒီဝိုင်အရည်အသွေးကိုပြောနိုင်မည်မဟုတ်ပေ။

ဝိုင်ဖြန့်ချိသူအားလုံးက ဒီဝိုင်ကိုထောက်ခံချက်ပေးရင် ချင်းလင်စံအိမ်တရားဝင်အကောင့်ကကြော်ငြာတဲ့အခါ စျေးတန်းတင်နိုင်သည်။

လီရှင်းကသတင်းကြားပြီး အပြေးရောက်လာသည်။ ဘာပဲဖြစ်ဖြစ် ဒီဝိုင်တစ်သုတ်စိမ်ရာမှာ သူကိုယ်တိုင်ပါခဲ့သည်။

သူတို့ကားရပ်လိုက်သောအခါ ဆရာကျန်းက ခါတိုင်းလိုစောင့်နေသည်။

ချင်လင်ကို သူကဝိုင်သိုလှောင်ခန်းထဲလိုက်ပို့၏။

လူကြီးနှစ်ယောက်က ဝိုင်စည်ကြီးတစ်စည်ကိုမပြီး အလုပ်ရှုပ်နေသည်။ သူတို့ကအလုံပိတ်ထားသောရွှံကိုဖယ်ရှားပြီး ဝိုင်စည်ဖွင့်သည်။

ဆေးဖက်ဝင်ဝိုင်အနံ့က ဝေ့တက်လာ၏။

လီရှင်းကချက်ချင်းအနားကပ်ပြီး အနံ့ခံကြည့်သည်။ အမှန်အတိုင်းပြောရရင် ဒီဝိုင်နံ့က ဝိုင်ကောင်းစံနှုန်းကို လုံးဝမမီ။

သို့သော် ဆေးဖက်ဝင်ဝိုင်ဟုအတွေးဝင်ပြီး သူကစူးစမ်းလိုက်သည်_

"ချင်လင်.. ဒီဝိုင်အာနိသင်က ဘယ်လိုရှိလဲ? မင်းလျှို့ဝှက်နည်းနဲ့သေချာစိမ်ထားမှတော့ သာမန်မဖြစ်နိုင်ဘူးမလား?''

"ဒီဝိုင်က လူကြီးတွေအတွက်ပါ... အရိုးအားရှိစေတယ်... အရိုးပွရောဂါကုသပေးတယ်!''

ချင်လင်ကပြုံးပြုံးနှင့် ရှင်းပြသည်။

"အာနိသင်က?''

လီရှင်းကတန်းမေးသည်။

သူ့အဘိုးမှာ အသက်ကြီးလာသောကြောင့် အရိုးသိပ်သည်းဆ ၂.၁ SD ကျော်ပြီး ခါးနှင့်အရိုးအဆစ်များ မကြာခဏနာကျင်ကိုက်ခဲတတ်သည်။

သူ့အိမ်ကဆေးပင်အများကြီးရှာပြီး အဘိုးကိုတောက်လျှောက်ကုနေသော်လည်း ဒီလိုလူကြီးရောဂါမျိုးက ကုရခက်သည်။

"ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်က စျေးကွက်ထဲကဆေးဖက်ဝင်ဝိုင်တွေထက် အများကြီးပိုကောင်းတယ်''

ချင်လင်ကပြုံးပြီး ရှင်းပြလိုက်သည်။

ဒီစကားကိုအာမခံနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒီဝိုင်မှာ အရိုးအားကောင်းစေခြင်း၊အရိုးပွရောဂါသက်သာစေခြင်း အာနိသင်များရှိသည်။

ဆော့အပြင် ဒုတိယမြောက်ထုတ်နိုင်သောအရည်အသွေး ၂ ထုတ်ကုန်လည်းဖြစ်သည်။

လက်တွေ့ဘဝမှာ အရည်အသွေး +၂ ရှိသောပစ္စည်းက အလွန်ရှားသည်။ ရှိရင်လည်း ရှားပါးရတနာများဖြစ်ပြီး သူဌေးတကာ့သူဌေးများအိမ်တွင်သာသုံးနိုင်သည်။

သူ့ဝိုင်က အရည်အသွေး ၂ ရှိသောကြောင့် စျေးကွက်ကိုအပိုင်သိမ်းနိုင်မှာ ပြောစရာမလို။

ထိုစကားကြောင့် လီရှင်းမျက်လုံးကျယ်သွားပြီး_

"ချင်လင်.. မင်းငါ့ကိုဒီဝိုင်နည်းနည်းပေးရမယ်နော်... ငါ့အဘိုးလိုနေတာ''

"ဆရာကျန်း''

ချင်လင်ကပြုံးပြီး မှာလိုက်သည်_

"လီရှင်းအတွက်လုပ်ပေးပါဦး''

"မပူပါနဲ့ ဥက္ကဌချင်''

ဆရာကျန်းကခေါင်းညိမ့်ပြီး_

"သခင်လေးလီအတွက်ထုပ်ပေးပါ့မယ်''

လူကြီးများအတွက်အရိုးအားဖြည့်ဝိုင်ပါကင်ကို ဝိုင်လုပ်ငန်းမှာကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ဒီဝိုင်စည်ဖောက်ပြီးနောက် ဆရာကျန်းက သူ့လူများနှင့်စဖြည့်တော့မည်။

မကြာမီ ဝိုင်ပုလင်းအားလုံးထုပ်ပိုးပြီးစီးသွားသည်။

ဆရာကျန်းကိုယ်တိုင် ပုလင်းတချို့ယူပြီး လီရှင်းကိုပေးသည်။ တချိန်တည်းမှာ ထိုဝိုင်များကို သတ်မှတ်ထားသောဝိုင်သိုလှောင်ခန်းများကိုပို့ရန်ညွှန်ကြားလိုက်သည်။

ချင်လင်ကလည်း ဆရာကျန်းကို သူ့အတွက်နှစ်ပုလင်းတောင်းသည်။ သူပြန်ရောက်ရင် ဝိုင်အရည်အသွေးကိုစစ်ကြည့်ချင်သည်။

ဝိုင်လုပ်ငန်းမှ လီရှင်းနှင့်အတူပြန်လာပြီးနောက် လီရှင်းကမင်မြို့တော်ပြန်သွားသည်။ သူကဝိုင်သက်သက်လာယူခြင်းပင်။

ဒီလူဝိုင်ချစ်လိုက်ပုံက သူ့မိန်းမကိုချစ်တာထက်မလျော့။

ချင်လင်က သူ့ရုံးခန်းထဲပြန်ရောက်သောအခါ တံခါးပိတ်ပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သူယူလာသောဝိုင်မှတ်ချက်မှာ:

(ချင်းလင်လူကြီးအရိုးအားဖြည့်ဝိုင်: အရည်အသွေး ၂)

(လူကြီးများအတွက်အထူးထုတ်ထားသောအရိုးအားဖြည့်ဝိုင်တစ်မျိုးဖြစ်သည်။ အထူးအာနိသင်ရှိသည်:

အရိုးအားဖြည့်ခြင်း +၂

(ကျန်းမာရေးကောင်းသောအခြေအနေပြန်ရောက်လျှင် အာနိသင်မရှိ)

အရိုးပွရောဂါသက်သာခြင်း +၂

(ကျန်းမာရေးကောင်းသောအခြေအနေပြန်ရောက်လျှင် အာနိသင်မရှိ)!)

ဝိုင်အသစ်နှင့်စိမ်ထားသောဆေးဖက်ဝိုင်ဖြစ်၍ အနံ့အရသာအရည်အသွေးမရှိသေး။

သို့သော် မှတ်ချက်ဖတ်ပြီး ချင်လင်စိတ်သက်သာရာရသွားသည်။ ဝိုင်စိမ်ရာမှာ ပြဿနာမရှိ။ ရှေ့လျှောက် ဝိုင်လုပ်ငန်းမှာ လျှို့ဝှက်နည်းအတိုင်းလိုက်လုပ်ရုံပင်။

သူက ဝိုင်လုပ်ငန်းလုံခြုံရေးကိုသာ ပိုအာရုံစိုက်ရမည်။

ဘာပဲဖြစ်ဖြစ် ဒီဆေးဖက်ဝင်ဝိုင်ကိုကြော်ငြာရင် လိုချင်သူတွေရှိလာမည်။

ကံကောင်းစွာပင် ချင်းလင်ကုမ္ပဏီက လုံခြုံရေးအင်အားအတော်ကောင်းသည်။ ဘာပဲဖြစ်ဖြစ် မာဟုန်လိုလူများ၊ အငြိမ်းစားစ*စ်သားများရှိသည်။

မာဟုန်တို့မှာ သာမန်လူများမဟုတ်မှန်း ချန်တပေသိသောကြောင့် သူတို့ကိုကောင်းကောင်းအသုံးချသည်။ လုံခြုံရေးအစောင့်များကိုလေ့ကျင့်ပေးရန် မာဟုန်တို့ကိုအလှည့်ကျဦးဆောင်စေသည်။

လီရှင်းက မင်မြို့​တော်ပြန်ရောက်သောအခါ မြို့တော်ဝင်းထဲရှိလီမိသားစုစံအိမ်သို့တန်းသွားသည်။

လီရှင်းက မိသားစုလမ်းကြောင်းအတိုင်းမလိုက်သော်လည်း ဝင်းထဲမှလူများက သူ့ကိုမြင်သောအခါ ရာထူးကိုမေ့ထားပြီးနှုတ်ဆက်ကြသည်။

ဘာပဲဖြစ်ဖြစ် အခုလီမိသားစုက အာဏာထိပ်ဆုံးရောက်နေသည်။ ဒီသခင်လေးလီကဘာမှမလုပ်ရင်တောင် ဘုရားတစ်ဆူဖြစ်နေသေးသည်။

လီရှင်းက လီမိသားစုစံအိမ်ထဲဝင်လိုက်ရာ ခြေတွဲလောင်းချထိုင်နေသောသခင်ကြီးလီကိုတန်းတွေ့ရသည်။

အရင်တစ်ခါ သခင်ကြီးလီမှာ အသက်အန္တရာယ်နီးသောကြီးကြီးမားမားခွဲစိတ်မှုနှင့်ကြုံခဲ့သည်။ ချင်လင်ပေးသောသက်စောင့်ဝိုင်ကြောင့် ခွဲစိတ်မှုကိုကျော်လွှားနိုင်သော်လည်း ခွဲစိတ်မှုအပြီးတွင်လူကြီးခန္ဓာကိုယ်ကအားနည်းသည်မှာ အမှန်ပင်။ အထူးသဖြင့် အရိုးပွရောဂါလိုထိန်းချုပ်မရသောလူကြီးရောဂါများဖြစ်သည်။

ဒါ လူကြီးများသဘာဝပင်။

ထိုအရိုးပွရောဂါကြောင့် လူကြီးများခြေထောက်က မကြာခဏနာကျင်ထုံထိုင်းတတ်သည်။

အသက်ရှည်လွန်းရင်လည်းမကောင်းဆိုသောစကားမှာ အချိန်မရွေးလူကြီးရောဂါထတတ်သောကြောင့်ဖြစ်မည်။

"ရှောင်ရှင်း.. ဒီနေ့အားနေလို့ရောက်လာတာလား?''

မြေးဖြစ်သူကြောင့် သခင်ကြီးလီအံ့ဩသွားသည်။

အရင်က ဝိုင်ပဲစိတ်ဝင်စားတဲ့ဒီမြေးနဲ့ သုတေသနပဲစိတ်ရောက်နေတဲ့သူ့အငယ်ဆုံးသားလီခိုင်ကို မကြည်ခဲ့။

သူ့အမြင်မှာ မိသားစုလမ်းကြောင်းကိုမလိုက်ခြင်းက မိသားစုအမွေအနှစ်ကိုအလကားဖြုန်းတီးခြင်းသာ။ ဒါပေမဲ့ သူအခုစိတ်သက်သာရာရသွားပြီ။ လီခိုင်ကအလွန်နာမည်ကြီးပြီး တော်ဝင်ပညာရှင်ဖြစ်နေပြီဖြစ်၍ လီမိသားစုဂုဏ်ကိုအများကြီးတက်စေသည်။

သူ့အငယ်ဆုံးသားနှင့်အကြီးဆုံးမြေးက တက်လှမ်းနိုင်သောကျေးဇူးပင်။ ဒီခြေလှမ်းကြောင့် သူနောက်ထပ်နှစ်လှမ်းအခွင့်အရေးရလိမ့်မည်။

ဒီမြေးကတော့ လုံးဝအလားအလာမရှိသေး။ သို့သော် မျိုးဆက်ခြားသွားပြီဖြစ်၍ သူအတင်းအကြပ်မတိုက်တွန်းတော့။

တဖက်တွင် လီရှင်းကပြုံးပြုံးနှင့်အနားရောက်လာပြီး သူ့လက်ထဲမှအိတ်ကိုချကာ ဝိုင်ပုလင်းနှစ်လုံးထုတ်၍_

"အဘိုး.. အဘိုးအတွက်ပစ္စည်းကောင်းယူလာတယ်''

ဝိုင်ကိုမြင်ပြီး သခင်ကြီးလီမျက်လုံးကျယ်သွားသည်_

"ချင်းလင်ဆေးဖက်ဝင်ဝိုင်ပဲလား? ဒီတစ်ခါ အများကြီး?''

လီရှင်းကရှင်းပြသည်_

"အဘိုး.. ဒါသာမန်ဝိုင်မဟုတ်ဘူး... လူကြီးတွေအတွက် အရိုးအားကောင်းတယ် အရိုးပွသက်သာတယ်... ချင်လင်က အာနိသင်အရမ်းကောင်းတယ်ပြောတယ်''

"ဟုတ်လား? ဒါဆို ငါစမ်းကြည့်မယ်''

သခင်ကြီးလီမျက်လုံးများဝင်းလက်သွားသည်။ သူဌေးချင်အကြောင်းသူသိသည်။ သူကအရမ်းကောင်းတယ်​ပြောရင် တကယ်ကောင်းရမည်။

သူကချက်ချင်းဝိုင်တစ်ပုလင်းဖွင့်ကာ ဖန်ခွက်ထဲငှဲ့ပြီး ဖြည်းဖြည်းချင်းသောက်သည်။

သူသောက်ဖူးသမျှထဲတွင် အာနိသင်အမြန်ဆုံးက ချင်းလင်ဆေးဖက်ဝင်ဝိုင်ပင်။

ဒီတစ်ခါ အရိုးအားဖြည့်ဝိုင်အာနိသင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ထက်မလျော့မှန်းသိလိုက်ရသည်။

သူနာနေသောခြေထောက်ထဲ အနွေးစီးကြောင်းတစ်ခုမြန်မြန်ဆန်ဆန်စီးဆင်းသွားသလိုပင်။ ထိုအနွေးစီးကြောင်းကြောင့် ခြေထောက်တစ်ချောင်းလုံးနွေးပြီး နေရထိုင်ရကောင်းလာသည်။

အာနိသင်က အံ့ဩစရာ။ သခင်ကြီးလီ လုံးဝအံ့ဩသွားသည်။ သူကမနေနိုင်ဘဲ လမ်းထလျှောက်ကြည့်သည်။ သူ့ဒူးတွေချောင်နေ၊နာကျင်ကိုက်ခဲနေစဉ်က လမ်းလျှောက်ရခက်သည်။ အခု သူအဲလိုမခံစားရ။

တကယ်သူဌေးချင်ပဲ။

သူကအရမ်းကောင်းတယ်ပြောရင် အံ့ဩရလောက်အောင်ကောင်းတာပဲ!

အခန်း ၁၃၈၉: မူပိုင်ခွင့်ဝယ်!

သခင်ကြီးလီက သူ့ခြေထောက်မှအာနိသင်ကိုခံစားမိပြီး အရိုးအားဖြည့်ဝိုင်ကိုချက်ချင်းစိတ်ဝင်စားသွားသည်။ ပုလင်းများကို သူ့ဗီရိုထဲထည့်သိမ်းထားလိုက်၏။

နာကျင်ထုံထိုင်းမှုမရှိတော့သည်မှာ အံ့ဩစရာခံစားချက်ပင်။

ညနေပိုင်းတွင် သခင်ကြီးလီက အရိုးအားဖြည့်ဝိုင်တစ်ခွက်ထပ်သောက်သည်။ လူကြီးများအတွက် ဒီဆေးဖက်ဝက်ဝိုင်က တကယ့်ရတနာတစ်ပါးဖြစ်သည်!

နောက်တစ်နေ့ သခင်ကြီးလီအိပ်ရာနိုးလာသောအခါ ထူးခြားမှုကိုသေချာခံစားရသည်။

မနက်စောစော ခြံထဲသုံးလေးပတ်လမ်းလျှောက်ကြည့်ရာ မအီမသာဖြစ်ခြင်းလုံးဝမရှိပေ။

အရိုးပွဝေဒနာရှင်များမှာ ခြေလှမ်းသုံးလေးလှမ်းလျှောက်ဖို့တောင်အနိုင်နိုင်။

သူဌေးချင်ရဲ့အရိုးအားဖြည့်ဝိုင်က တကယ်အံ့ဩစရာကောင်းကြောင်း သက်သေထပ်ပြလိုက်ပြန်ပြီ။

သခင်ကြီးလီကမနေနိုင်ဘဲ ဆေးရုံသွားစစ်ကြည့်သည်။ သူ့အရိုးပွရောဂါကောင်းလာသလား သူသိချင်သည်။

ဆေးရုံရောက်သောအခါ ရင်းနှီးနေသောသမားတော်တစ်ဦးနှင့် သခင်ကြီးလီတွေ့သည်။

သခင်ကြီးလီ၏ဂုဏ်အဆင့်အတန်းအရ တန်းစီစောင့်စရာမလို။

တချို့က အာဏာသုံးတာမမျှတဟုဆိုချင်ဆိုနိုင်သော်လည်း သခင်ကြီးလီလိုပုဂ္ဂိုလ်များကိုကုသနေသောသမားတော်များမှာ သာမန်လူများကိုကြည့်လေ့မရှိကြောင်းသိကြသည်။

ဒါသာမန်လူများအပေါ် လုံးဝသက်ရောက်မှုမရှိ။

"သခင်ကြီးလီ.. စမ်းသပ်ရမယ့်နေ့မရောက်သေးဘူးလေ... ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''

သမားတော်ကစိတ်ပူပြီးမေးသည်။

"ဒေါက်တာချူ.. မနေ့က ကျုပ်ဆေးဖက်ဝင်ဝိုင်တစ်မျိုးသောက်ခဲ့တယ်... အဲဒါကျုပ်အရိုးတွေကောင်းလာသလိုခံစားရလို့ စစ်ကြည့်ချင်တာ''

သခင်ကြီးလီက လောလောနှင့်ပြောသည်။

"အာ?''

ဒေါက်တာချူကနားထောင်ရင်း ကြောင်သွားသည်။

ဒါသခင်ကြီးလီလိုလူပြောသင့်တဲ့စကားမဟုတ်ဟု သူထင်သည်။ စျေးကွက်ထဲမှာကြော်ငြာထားတဲ့ဆေးဖက်ဝင်ဝိုင်တွေရဲ့အာနိသင်စစ်စစ်ကို ဆေးလောကသားတွေသိသည်။

အရင်းရှင်အာဏာတွန်းအားသက်သက်ပင်။

ဒီတော့ မနေ့ကသောက်တဲ့ဆေးဖက်ဝင်ဝိုင်ကြောင့် ဒီနေ့အရိုးပွရောဂါသက်သာလာတယ်ဆိုတာ ရယ်စရာမကောင်းဘူးလား?

ဂျုံနဲ့လုပ်တဲ့ကျန်းမာရေးထုတ်ကုန်တွေကိုဝယ်ယူနေတဲ့၊ အသိပညာနည်းပါးတဲ့ လူအိုကြီးနဲ့တူနေသည်။ အဲဒီဂျုံမှုန့်တွေနဲ့ သူတို့ရောဂါကုနိုင်မယ်ထင်လို့လား?

ပညာမတတ်သူတွေ ဒါမှမဟုတ် အောက်ခြေလူတန်းစားတွေက လှည့်ဖြားရလွယ်တယ်ဆိုပေမဲ့ သခင်ကြီးလီက ဒီလိုလူမျိုးမဟုတ်။ သူဘယ်လိုလုပ်ပြီး လှည့်စားခံရတာလဲ?

ဒါပေမဲ့ သခင်ကြီးလီရှေ့မှာ အလိမ်ခံရတာလို့ပြောလိုက်လို့မဖြစ်ဘူးမလား?

တဖက်ကမျက်နှာပျက်ရရင် သူဒုက္ခရောက်မည်။

ထိုလူကိုအနှောင့်အယှက်မဖြစ်စေချင်သောကြောင့်_

"သခင်ကြီးလီ.. ကျွန်တော်ပြင်ဆင်လိုက်ဦးမယ်... ပြီးရင် X-ray ရိုက်ပြီး သွေးထဲကကယ်စီလ်ယမ်ဓာတ်စစ်ပေးမယ်''

ယနေ့ခေတ် အရိုးပွရောဂါစစ်ဆေးရာတွင် X-ray က အရေးကြီးသည်။ သွေးတွင်းကယ်စီလ်ယမ်ဓာတ်စစ်ဆေးခြင်းအပြင် X-ray နှင့်လည်း ရောဂါအခြေအနေကိုဆုံးဖြတ်နိုင်သည်။

သခင်ကြီးလီကိုစမ်းသပ်ခန်းထဲခေါ်လာသောအခါ ဆရာဝန်များကကိရိယာများချိန်ညှိနေကြသည်။

ဒေါက်တာချူလည်း သခင်ကြီးလီ၏ဆေးမှတ်တမ်းရှာနေသည်။

ပုံမှန်အတိုင်းဆို ဒီလိုအရိုးပွရောဂါစစ်ဆေးခြင်းမျိုးက ကောက်ချက်ချသည့်အဆင့်အထိရောက်ရန်အချိန်ယူရသည်။ သို့သော် သခင်ကြီးလီက မတူ။

မြန်မြန်ဆန်ဆန် ရလဒ်ထွက်လာသည်။

ဆရာဝန်တစ်ဦးက ဒေါက်တာချူကိုစမ်းသပ်ချက်အမြန်ပေးရင်း_

"ဒေါက်တာချူ.. ဒါသခင်ကြီးလီရဲ့စမ်းသပ်ချက်ပါ''

ဒေါက်တာချူမှာ သခင်ကြီးလီ၏စမ်းသပ်ချက်ကိုကြည့်ပြီး တဖြည်းဖြည်းမျက်နှာထားပြောင်းလဲလာသည်။

စမ်းသပ်ချက်တွင် သခင်ကြီးလီ၏အရိုးပွရောဂါက အမှန်ပင်တိုးတက်မှုရှိလာသည်။ သူ့အရိုးအခြေအနေကလည်း အရင်ထက်အများကြီးပိုကောင်းလာသည်။

“???”

ဒေါက်တာချူမှာမယုံနိုင်အောင်ဖြစ်ပြီး သခင်ကြီးလီ၏စကားများကိုပြန်ကြားယောင်လာသည်။

တစ်ညတည်းနဲ့ ဒီလောက်အာနိသင်ရှိတဲ့ဆေးဖက်ဝင်ဝိုင်မျိုးတကယ်ရှိတာလား?

စျေးကွက်ထဲမှာ ဆေးဖက်ဝင်ဝိုင်တွေရှိမှန်းသိသည်။ အဆင့်အမြင့်ဆုံး၊ အထိရောက်ဆုံးတောင် ဒီလိုအာနိသင်မျိုးမရှိနိုင်။

သခင်ကြီးလီသောက်တာ ဘယ်လိုဆေးဖက်ဝင်ဝိုင်မျိုးလဲ?

တဖက်ကကြည့်ရင် မကြာခင် ဒီအရိုးအားဖြည့်ဝိုင်ရဲ့အာနိသင်ကြောင့် အံ့ဩရသူတွေရှိလာတော့မည်။

ချင်မြို့တော်မှာ ဆေးဖက်ဝင်ဝိုင်နှင့်ပတ်သက်လျှင်အကြီးဆုံးစျေးကွက်ဖြစ်သည်။

ဆေးဖက်ဝင်ဝိုင်စျေးကွက်က တစ်နိုင်ငံလုံးမှာအကြီးဆုံးဟုတောင်ဆိုရမည်။

ထိုဝိုင်စျေးကွက်တွင် ပေကျင်းက အကြီးဆုံးဝိုင်သိုလှောင်ရာနေရာတစ်ခုဖြစ်သည်။ နေ့စဉ် ဝိုင်လုပ်ငန်းများ၊ဝိုင်သိုလှောင်ခန်းများက သူတို့ဝိုင်ကို အဆက်အသွယ်များရှိရာလာပေးသည်။

ဘာပဲဖြစ်ဖြစ် အဆက်အသွယ်ရှိသူက ဘုရင်ဖြစ်သောခေတ်ပင်။

အတွင်းရေးမှူးက ရုံးခန်းထဲလျှောက်ဝင်လာပြီး အစီရင်ခံသည်_

"ဥက္ကဌချူ... ဆေးဖက်ဝင်ဝိုင်ထုတ်လုပ်သူတွေရောက်လာပါပြီ... သူတို့ကိုအစည်းအဝေးခန်းထဲခေါ်ထားပါတယ်''

"သွားစို့!''

ဥက္ကဌချူ ခေါင်းညိမ့်လိုက်သည်။ သူကရုံးခန်းထဲမှထွက်ပြီး အစည်းအဝေးခန်းထဲတန်းသွားသည်။

အစည်းအဝေးခန်းထဲတွင် စိတ်လောလောနှင့်စောင့်နေသောလူတချို့ရှိသည်။

သူ့ကိုမြင်သောအခါ တစ်ယောက်ပြီးတစ်ယောက်အမြန်ထပြီးနှုတ်ဆက်ကြ၏။

"ဥက္ကဌချူ.. နာမည်ကြားဖူးတာကြာပါပြီ!''

"ဥက္ကဌချူ.. ကျွန်တော်တို့ဆေးဖက်ဝင်ဝိုင်ကျန်းကျန်းပါ''

"ဥက္ကဌချူ ကြွပါ''

ဒီလူတွေက သူတို့ဆေးဖက်ဝင်ဝိုင်ကိုမိတ်ဆက်ပေးရန်စိတ်အားထက်သန်နေကြသည်။

ဥက္ကဌချူက သူတို့ဆေးဖက်ဝင်ဝိုင်ကို သိပ်မျှော်လင့်မထား။ လက်ရှိစျေးကွက်ထဲကဆေးဖက်ဝင်ဝိုင်အများစုမှာ အတူတူပင်။ ပွင့်ပွင့်လင်းလင်းပြောရရင် အားလုံးအာနိသင်တူသည်။

သူ့အဆက်အသွယ်များမှတဆင့် ဆေးဖက်ဝင်ဝိုင်ကိုခွင့်ပြုနိုင်သော်လည်း ဒီလူတွေဘယ်လောက်ပေးနိုင်လဲကြည့်ရဦးမည်။

ဒီလူတွေထဲက တစ်ယောက်၊နှစ်ယောက်သာရွေးရမည်။

"အားလုံးထိုင်ကြပါ!''

ဥက္ကဌချူက အရင်ထိုင်လိုက်သည်။ သို့သော် သူထိုင်ထိုင်ချင်း သတင်းပေးကဖုန်းဆက်လာသည်။

​''လုံခြုံရေးအခန်းထဲမှာ ထားလိုက်ပါ''

ဥက္ကဌချူ အစကသတိမထားမိသော်လည်း ရုတ်တရက်တစ်ခုခုသတိရသွားပြီး ချက်ချင်းပင်_

“အဲဒါ ပို့လိုက်တဲ့ဝိုင်လား? ကျုပ်အခုချက်ချင်း ဆင်းခဲ့မယ်!”

ထိုသို့ပြောပြီး ငေးကြောင်နေသောဝိုင်ကုန်သည်များကိုထားခဲ့ကာ အပြင်သို့ပြေးထွက်သွားသည်။

ဒီနေ့ ပစ္စည်းပို့တစ်ကြောင်းသာရှိသည်။ အဲဒါ ချင်းလင်ဝိုင်လုပ်ငန်းမှအရိုးအားဖြည့်ဝိုင်ဆိုသောဆေးဖက်ဝင်ဝိုင်ပင်။

ဒါ ချင်းလင်ဝိုင်လုပ်ငန်းကဝိုင်!

ပြည်တွင်းမှာချင်းလင်ဝိုင်အကောင်းဆုံးဆိုတာ စျေးကွက်ထဲကလူတိုင်းအသိ။ ပြီးတော့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကလည်း ပြည်တွင်းမှာအကောင်းဆုံးဖြစ်သည်။

All Chapters