← Chapters

အခန်း (၁၃၉၀-၁၃၉၂)

Vol. 93 Ch. 1390-1392

အခန်း (၁၃၉၀-၁၃၉၂)

Vol. 93 Ch. 1390-1392

အခန်း ၁၃၉၀: မူပိုင်ခွင့်ဝယ်! ၂

အစည်းအဝေးခန်းထဲထိုင်နေသောဝိုင်ကုန်သည်များက သူ့ဖြန့်ချိရေးလမ်းကြောင်းကိုအသုံးပြုခွင့်ပေးရန်လာတောင်းဆိုကြသော်လည်း ချင်းလင်ဝိုင်လုပ်ငန်းကိုမူ သူ့ဖြန့်ချိရေးလမ်းကြောင်းများကိုအသုံးပြုပေးရန် သူကပြန်တောင်းဆိုရမည်။

ချင်းလင်ဝိုင်ကအာနိသင်ကောင်းမကောင်းမသိသော်လည်း သူ့နာမည်ပျက်မည့်ဝိုင်မျိုးထုတ်မည်မဟုတ်။

ဒီအရိုးအားဖြည့်ဝိုင်ကို သူချက်ချင်းစစ်ကြည့်ရမည်။

ဥက္ကဌချူကအောက်ဆင်းပြီး ပါဆယ်ကိုချက်ချင်းယူလိုက်သည်။ သူကမနေနိုင်ဘဲတန်းဖွင့်ကြည့်ရာ ရေမြှုပ်နှင့်ပတ်ထားသောဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းကိုတွေ့ရသည်။ ဆေးဖက်ဝင်ဝိုင်အာနိသင်အကြောင်းမှတ်ချက်လည်းပါသည်။

"အရိုးအားဖြည့်ဝိုင်... ချင်းလင်ဝိုင်လုပ်ငန်းမှထုတ်သောဝိုင်အသစ်ဖြစ်ပြီး 'ပုလဲ'ဟုခေါ်သည်... အရိုးအားကောင်းစေပြီး အရိုးပွရောဂါသက်သာစေသည်တဲ့''

မှတ်ချက်ပါအာနိသင်များကိုဖတ်ပြီး ဥက္ကဌချူမျက်လုံးကျယ်သွားသည်။

ဒီလိုအာနိသင်မျိုး သူလိုအပ်နေသည်။ သူ့မှာအဆစ်အမြစ်နာ၊လေးဘက်နာရောဂါရှိပြီး သူ့ပခုံးကိုထိခိုက်ထားဖူးသည်။

အခုတလော ရောဂါဖောက်ဖောက်ပြီး နည်းနည်းကိုက်ခဲနေသည်။ အရင်က ဆေးဖက်ဝင်ဝိုင်နှင့်ထိန်းထားသော်လည်း ဆေးဖက်ဝင်ဝိုင်အာနိသင်က သိပ်မထက်။ ဆေးရုံကဆေးထက် နည်းနည်းပိုပြင်းရုံသာရှိသည်။

အခု ချင်းလင်ဝိုင်လုပ်ငန်းကဝိုင်မှာ အရိုးအားကောင်းစေသောအာနိသင်ရှိသောကြောင့် သူသုံးနိုင်သည်။

အရင်ကချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းစဉ်းစားမိပြီး သူ့ရုံးခန်းထဲအမြန်ပြန်ကာ တစ်ပုလင်းဖွင့်၍ငှဲ့သောက်လိုက်သည်။

မကြာမီ သခင်ကြီးလီလိုခံစားချက်မျိုး ဥက္ကဌချူခံစားရသည်။ အဆစ်အမြစ်နာ၊လေးဘက်နာနှင့်ဒဏ်ရှိသောသူ့ပခုံးတွင် ရုတ်တရက်ပူနွေးမှုကိုခံစားရသည်။

ထိုနွေးထွေးမှုကြောင့် အရင်ကမဖြစ်ဖူးသောသက်သောင့်သက်သာခံစားချက်မျိုးဖြစ်လာပြီး ညည်းသံမှုတ်ထုတ်လိုက်၏။

"လုံးဝမယုံနိုင်စရာပဲ''

ဥက္ကဌချူ အံ့ဩသွားသည်။

ချင်းလင်ဝိုင်လုပ်ငန်းကဝိုင်ဆို ဆေးအာနိသင်ထက်မယ်မှန်းသိပေမဲ့ တော်ရုံတန်ရုံထက်တာမဟုတ်ပါလား?

ထို့နောက် သူတစ်ခုသဘောပေါက်သွားသည်။

ဒီဆေးဖက်ဝင်ဝိုင်က အသည်းအသန်ရောင်းရလိမ့်မည်။ စျေးကွက်ကိုပါသိမ်းပိုက်သွားနိုင်သည်။

သို့သော် ဆေးဖက်ဝင်ဝိုင်အာနိသင်ကောင်းမှန်းသာသိရသေးသည်။ စျေး၊ အရေအတွက်... ဘာမှမသိရသေး။

ဥက္ကဌချူက ချက်ချင်းဖုန်းကိုင်ပြီး ချင်းလင်ဝိုင်လုပ်ငန်းကိုဆက်လိုက်သည်။

ဒါကိုအရင်ရှင်းအောင်လုပ်ရမည်။ ဖြစ်နိုင်ရင် အော်ဒါတန်းတင်ချင်သည်။

ဥက္ကဌချူတင်မဟုတ်၊ ချင်းလင်ဝိုင်လုပ်ငန်း၏အရောင်းကုန်သည်တိုင်းလိုလို ဒီအတိုင်းပင်။ အချိန်တိုအတွင်း ချင်းလင်ဝိုင်လုပ်ငန်းမှာဖုန်းသံတဂွမ်ဂွမ်ညံနေတော့သည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကရုံးခန်းထဲမှထွက်ပြီး ကားပါကင်ရှိသူ့ကားထဲဝင်ကာ ချင်းလင်ဓာတ်ခွဲခန်းဘက်ထွက်လာသည်။

ဓာတ်ခွဲခန်းရောက်သောအခါ အဆင့်ဆင့်အစစ်ဆေးခံပြီးနောက် အသစ်ဖွင့်ထားသောအဆောက်အဦးဆီသွားသည်။

ထိုအဆောက်အဦးကို ပါမောက္ခဝမ်တို့ Optimus Prime နှင့် Megatron ထုတ်ရန် သေချာပြုပြင်ထားသည်။

ပါမောက္ခဝမ်ကတိုးတက်မှုရှိသည်ဟုအသိပေးသောကြောင့် ဒီနေ့သူရောက်လာခြင်းပင်။

အရှိန်က အလွန်မြန်သည်။

တကယ်တော့ ဒါပုံမှန်ပင်။ ဘာပဲဖြစ်ဖြစ် ပါမောက္ခဝမ်တို့က စမ်းသပ်နေစရာမလို။ ဒီဇိုင်းဆွဲထားသည့်အတိုင်းသာလိုက်လုပ်ရသောကြောင့် သိပ်မခက်ပေ။

လူအင်အားနှင့်ပစ္စည်းအလုံအလောက်ရှိသရွေ့ သေချာပေါက်မြန်မည်။

ချင်းလင်ဓာတ်ခွဲခန်းက ဒါတွေအားမနည်း။

ချင်လင်ရောက်ရောက်ချင်း ပါမောက္ခဝမ်က လာကြိုသည်_

"ဥက္ကဌချင်.. ရောက်လာပြီလား... ကျုပ်တို့နောက်ဆုံးတိုးတက်မှုကိုတစ်ချက်ကြည့်ပါဦး''

သူကပြောရင်းဆိုရင်း ချင်လင်ကိုအထူးကိရိယာတစ်ခုခေါ်ပြသည်။

ထိုကိရိယာမှသတ္တုလက်ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။

ပါမောက္ခဝမ်က အဝေးထိန်းကိရိယာကို ချင်လင်လက်ထဲထည့်ပေးကာ_

"ဥက္ကဌချင်.. လက်ကိုစမ်းကြည့်ပါ''

ချင်လင်ကနားလည်ပြီးဖြစ်၍ ချက်ချင်းလက်သီးဆုပ်လိုက်သည်။ တချိန်တည်းမှာ စက်ရုပ်လက်ကလည်း လက်သီးဆုပ်သွားသည်။ သူ့လက်ချောင်းလေးများကစားကြည့်သောအခါ စက်ရုပ်လက်ကလည်း လိုက်ကစားသည်။

သူ့လက်မောင်းကိုဆန့်လျှင် စက်ရုပ်လက်ကလည်းဆန့်ထုတ်သည်။

ဒီမြင်ကွင်းကိုအပြင်လူတွေသာမြင်ရင် မယုံနိုင်အောင်ဖြစ်နေကြမည်။

ကမ္ဘာမှာအဆင့်အမြင့်ဆုံးနည်းပညာတောင် ဒီလိုရှောရှောရှူရှူအချိန်ကိုက်လိုက်မလုပ်နိုင်။

ဒီစက်ရုပ်လက်နှင့်အာရုံခံကိရိယာကို ပါမောက္ခဝမ်ကိုယ်တိုင်ဦးဆောင်လုပ်ထားပြီး သူလည်းအံ့ဩနေသည်_

"ဥက္ကဌချင်.. ဒီလိုချောချောမွေ့မွေ့နဲ့အချိန်ကိုက်လုပ်နိုင်တာ တကယ်လေးစားတယ်... ဒီလိုရိုးရိုးရှင်းရှင်းဒီဇိုင်းမျိုး တကယ်ဆွဲနိုင်တာပဲ''

"အမေရိကကအကောင်းဆုံးအာရုံခံကိရိယာကို ဥက္ကဌသိမယ်ထင်တယ်... သူတို့ရဲ့အဆင့်အမြင့်ဆုံးနည်းပညာတောင် စက်ရုပ်မပြောနဲ့... ဒါကိုမီဖို့အဝေးကြီးလိုသေးတယ်... သူတို့ကိုအနိုင်ပိုင်းလို့ရတယ်'''

ချင်လင်က သူ့အကြောင်းသူသိသည်။ ဒါဂိမ်းကြောင့်ဖြစ်၍ ပါမောက္ခဝမ်၏ချီးကျူးမှုကိုသူလက်မခံရဲ။ ထို့ကြောင့် ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်သည်_

"Optimus Prime နဲ့ Megatron အားလုံးပြီးဖို့ ဘယ်လောက်ကြာမလဲ?''

ပါမောက္ခဝမ်ကရှင်းပြသည်_

"ဥက္ကဌချင်ရဲ့ဒီဇိုင်းက အရမ်းအသေးစိတ်ကျတယ်... Optimus Prime နဲ့ Megatron အားလုံးပြီးဖို့ဆိုရင် ဒီဇိုင်းထဲကနည်းပညာအတိုင်း အစိတ်အပိုင်းတွေအပြီးသတ်ရုံပါပဲ... အချိန်တစ်ခုပဲ... ဒါပေမဲ့ ပြဿနာတစ်ခုရှိတယ်... ကျုပ်တို့မှာ Optimus Prime နဲ့ Megatron ရဲ့ပုံကို သုံးခွင့်မရှိဘူး... ဒီလိုစက်ရုပ်လုပ်မယ်ဆိုရင် မူပိုင်ခွင့်အရင်ဝယ်ရမယ်... မဟုတ်ရင် ဒီဇိုင်းပြန်ဆွဲရမယ်''

"အဲဒါကျွန်တော်လုပ်လိုက်မယ်''

ချင်လင်က ချက်ချင်းတွေးလိုက်သည်။

နောက်နေတာလား? ဒါကိုဘယ်သူကဒီဇိုင်းပြန်ဆွဲနိုင်မှာလဲ? ဒီစက်ရုပ်အစိတ်အပိုင်းအချိုးအစားတွေကို Elba ရဲ့အဖေ လက်မှုဆရာကြီးကလုပ်ထားတာ။ ဒါ မှင်စာနည်းပညာ!

ဘယ်လိုလုပ်ဒီဇိုင်းပြန်ဆွဲမလဲ? မူပိုင်ခွင့်ပဲတန်းဝယ်လိုက်မည်။

Optimus Prime နှင့် Megatron မူပိုင်ခွင့်ကို Universal Pictures ကပိုင်သည်။ တစ်ကမ္ဘာလုံး Optimus Prime နှင့် Megatron ပုံကိုအသုံးပြုခွင့်ရှိသည်။ ပိုက်ဆံနှင့်ဝယ်ယူနိုင်သည်။

ကမ္ဘာတစ်လွှားကအရုပ်ကုမ္ပဏီများ ဒါမှမဟုတ် TV ရုပ်ရှင်ဇာတ်လမ်းတွေမှာတောင် ဒီလိုပုံတူထည့်ခြင်းမျိုးရှိသည်။ ပိုက်ဆံသိပ်မကုန်။

"မူပိုင်ခွင့်ဝယ်ထားရင် ပြဿနာမရှိဘူး''

ပါမောက္ခဝမ်က ချင်လင်အား_

"ဥက္ကဌချင်.. ရေခဲနှင်းလက်အိတ်ကိုတစ်ချက်သွားကြည့်ရအောင်... ပြီးတော့မယ်''

ချင်လင် ခေါင်းညိမ့်လိုက်သည်။

မှင်စာလက်အိတ်မှာ သူပထမဆုံးရထားသောမှင်စာနည်းပညာဖြစ်သည်။ အခုပါမောက္ခဝမ်ကိုထပ်ချဲ့ထွင်ခိုင်းထားပြီး တစ်တောင်လုံးမြူဖုံးနိုင်သည်အထိလုပ်ချင်သည်။

တကယ်တော့ ဒီလိုနည်းပညာမျိုးတွေရှိသည်။ ဥပမာ နှင်းအတုထုတ်နိုင်သောကိရိယာမျိုးပင်။ နှင်းလျှောစီးစခန်းများတွင် ဒီလိုစက်များရှိသည်။

သို့သော် ထိုစက်မျိုးနှင့် တစ်တောင်လုံးကိုနှင်းဖုံးနိုင်ဖို့မလွယ်။ အချိန်ယူပြီး၊ အများကြီးအားစိုက်ထုတ်ပြီးမှ နည်းနည်းချင်းဖုံးနိုင်မည်။

အကယ်၍ ဒီမှင်စာလက်အိတ်အာနိသင်ကိုတိုးတက်အောင်လုပ်နိုင်ရင် နတ်သမီးပုံပြင်တစ်တောင်လုံးကို တခဏချင်းဖုံးလွှမ်းနိုင်မည်။ ဒီလိုဆို အရမ်းအံ့ဩစရာကောင်းမည်။

မှော်အစွမ်းလို့ပြောရင်တောင် မလွန်ဘူးမလား?

နတ်ဘုရားမစမ်းရေမှာစိမ်ရသောမိုးတိမ်ကျောက်ကိုတောင် သူသတိရသွားသည်။ မှင်လက်အိတ်အာနိသင်ပိုကောင်းလာရင် မိုးတိမ်ကျောက်ထက်တောင်ပိုစွမ်းနိုင်သည်။

ဒီနည်းပညာပြီးရင် အားလုံးကို မှော်အတတ်မျိုး၊ နတ်အစွမ်းမျိုးပြနိုင်တော့မည်။

ချင်လင်နှင့်ပါမောက္ခဝမ်က မှင်စာလက်အိတ်လုပ်သောဓာတ်ခွဲခန်းထဲရောက်လာသည်။ အထဲတွင် သုတေသီများက ကိရိယာများတပ်ဆင်နေကြ၏။

ထိုကိရိယာများတွင် မီတာဝက်ခန့်ရှည်သောပစ်လွှတ်နိုင်သည့်အစိတ်အပိုင်းပါသည်။

ပါမောက္ခဝမ်ကရှင်းပြသည်_

"ဥက္ကဌချင်.. ဒါအရွယ်အစားပြုပြင်ထားတဲ့ပစ်လွှတ်နိုင်တဲ့ကိရိယာပိုင်းပါ... နှင်းကိုအတော်မြင့်မြင့်ရောက်အောင်ပက်ဖျန်းနိုင်ပါတယ်... ဒါပေမဲ့ မလုံလောက်သေးဘူး... လက်ရှိနည်းပညာနဲ့ နတ်သမီးပုံပြင်တောင်ကိုမဖုံးလွှမ်းနိုင်သေးပါဘူး... တပြိုင်တည်းအများကြီးပစ်လွှတ်နိုင်ဖို့လိုသေးတယ်''

"အင်း!''

ဒါကို ချင်လင်နားလည်သည်။ ဘာမှ ညတွင်းချင်းမရနိုင်။ ပါမောက္ခဝမ်ဒီအဆင့်ရောက်တာတောင် ဟုတ်လှပြီ။

ထို့နောက် ချင်လင်က ပါမောက္ခဝမ်ဆီလွှဲအပ်ထားခဲ့ပြီး ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။ တချိန်တည်းမှာ Universal Pictures ကုမ္ပဏီခွဲမှ Optimus Prime နှင့် Megatron ပုံမူပိုင်ခွင့်ဝယ်ရန် လင်းလန်ဇီကိုညွှန်ကြားလိုက်သည်။

သူဌေးဘာလုပ်နေမှန်း လင်းလန်ဇီမသိသော်လည်း ခိုင်းသည့်အတိုင်းလုပ်သည်။ သူဌေးက ရှုမျှော်ခင်းနေရာမှာ ဒါတွေထားတော့မည်ဟုသာအကြမ်းဖျင်းခန့်မှန်းမိသည်။

ဘာပဲဖြစ်ဖြစ် ဒီလိုရှုမျှော်ခင်းနေရာတွေအများကြီး။ Megatron က ဆူပူကြိမ်းမောင်းနေတဲ့ပုံနဲ့ ရေပန်းစားအောင်လုပ်ထားတဲ့ရှုမျှော်ခင်းနေရာတစ်ခုရှိတယ်မလား?

ဒါမျိုးတွေထားတာ ရိုးသည်ဟု သူမထင်သည်။

ဒါပေမဲ့ သူဌေးကဒီလိုလုပ်ချင်မှတော့ သူ့မှာအစီအစဉ်ရှိမှာပေါ့?

လင်းလန်ဇီက Universal Pictures ကုမ္ပဏီခွဲကိုအမြန်ဆက်သွယ်ပြီး Optimus Prime နှင့် Megatron ပုံမူပိုင်ခွင့်ဝယ်မည့်အကြောင်းဆွေးနွေးသည်။

Universal Pictures ၏ပြည်တွင်းကုမ္ပဏီခွဲတာဝန်ခံမှာ Dagis ဖြစ်သည်။

ထိုကမ်းလှမ်းချက်ကြောင့် Dagis အံ့ဩသွားသည်။ ပြည်တွင်းတာဝန်ခံအနေနှင့် ပြည်တွင်းကချင်းလင်ရှုမျှော်ခင်းအကြောင်း သူသိသည်။

ချင်းလင်ရှုမျှော်ခင်းမှာ Optimus Prime နှင့် Megatron ပြထားလိုက်ရင် သေချာပေါက်အုတ်အော်သောင်းတင်းဖြစ်မည်။ ဒါတွေကိုကြော်ငြာဖို့ပြန်အသုံးချပြီး အတော်ရေပန်းစားနိုင်သည်။

ချင်းလင်ရှုမျှော်ခင်းမှာ Optimus Prime နဲ့ Megatron ကို ဘယ်လိုပုံစံနဲ့ထားမလဲ သူသိချင်နေပြီ!

အခန်း ၁၃၉၁: ကြီးကြီးမားမားလှုပ်ရှားမှု!

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

မနက်စောစောစီးစီး ဆရာကျန်းက ဝိုင်လုပ်ငန်းမှပေါက်ချလာပြီး စိတ်လှုပ်ရှားသံနှင့်အစီရင်ခံသည်_

"ဥက္ကဌချင်.. ခင်ဗျားပေးတဲ့လျှို့ဝှက်နည်းက အံ့ဩစရာပဲ... ဝိုင်ကုန်သည်အားလုံး ဖုန်းဆက်လာတယ်... ကျုပ်တို့ဝိုင်ကိုအော်ဒါတင်ချင်တယ်တဲ့... သူတို့အကုန်လောနေကြတာ''

"ပြီးတော့ ကျုပ်ကိုယ်တိုင်လည်း ကျုပ်မိတ်ဆွေတွေနဲ့စမ်းသပ်ကြည့်ထားတယ်... ဆေးဖက်ဝင်ဝိုင်အာနိသင်က အရမ်းကောင်းတာပဲ... ကောင်းတယ်ဆိုတာထက် မယုံနိုင်စရာဗျာ''

"ဥက္ကဌချင်ရဲ့လျှို့ဝှက်ဆေးနည်းက တကယ်အံ့ဩစရာပါ... ကျုပ်အခုစိတ်အေးသွားပြီ... ဝိုင်ကိုဆက်လုပ်ပြီး ဝိုင်စျေးကိုသတ်မှတ်ရတော့မယ်''

တကယ်တော့ ထုတ်ကုန်တစ်ခုထုတ်ရင် စျေးကိုအရင်ဆုံးသတ်မှတ်ရသည်။ ချင်းလင်ဝိုင်လုပ်ငန်းလို စျေးမသတ်မှတ်ရသေးခင် ကုန်သည်ဆီအရင်ပေးထားရင် ကုန်သည်က အလောတကြီးတောင်းဆိုရတာမျိုးရှားသည်။

ဒါကလည်း ချင်းလင်ဝိုင်လုပ်ငန်း၏ပုံမှန်မဟုတ်သောစီမံခန့်ခွဲမှုစနစ်ပင်။

ချင်းလင်ဝိုင်လုပ်ငန်းမှာ ချင်းလင်စံအိမ်လက်အောက်တွင်ရှိပြီး ဝိုင်ထုတ်လုပ်နိုင်သည့်အတိုင်းအတာမများသော်လည်း အရည်အသွေးမြင့်သည်။

ချင်းလင်ဆန်နှင့်ချင်းလင်ဝိုင်ထုတ်ပြီးနောက်ပိုင်း အားလုံးကိုပိုအာရုံစိုက်လာရသည်။

ဆရာကျန်းက အစီရင်ခံပြီးပြန်သွား၏။

ဒီနေ့ အတော်အလုပ်များနေကြပုံရှိသည်။ လင်းလန်ဇီလည်း မကြာမီရောက်လာပြီး အစီရင်ခံသည်_

"သူဌေး.. Optimus Prime နဲ့ Megatron ပုံမူပိုင်ခွင့်ဝယ်ပြီးပါပြီ... သူတို့က ချင်းလင်ရှုမျှော်ခင်းမှာ Optimus Prime နဲ့ Megatron စက်ရုပ်ပုံထားမယ်ထင်ပြီး ချက်ချင်းရောင်းပေးလိုက်ပါတယ်''

ချင်လင်ပြုံးလိုက်သည်။

ဒီအတွက် သူစိတ်မပူ။

Universal Pictures ၏ဝင်ငွေအများစုကို ရုပ်ရှင်မှရပြီး ရုပ်ရှင်ဇာတ်ကောင်ပုံကလည်း အဓိကဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်သည်။

ဒါသူတို့ပိုက်ဆံရမည့်အရေးပင်။

ဒါပေမဲ့ Optimus Prime နဲ့ Megatron ထွက်လာရင် သူတို့ဆုံးဖြတ်ချက်ကိုနောင်တရလေမလား မပြောတတ်။

ချင်လင်က ဝိုင်လုပ်ငန်းကိုတွေးမိပြီး_

"အစ်မလင်း.. ဝိုင်လုပ်ငန်းကို ချင်းလင်စံအိမ်အောက်မှာထားထားတာ... အခုဝိုင်လုပ်ငန်းက ဖွံ့ဖြိုးလာပြီ... တလောက ဆေးဖက်ဝင်ဝိုင်အသစ်တစ်မျိုးထုတ်ထားတာဆိုတော့ ဝိုင်လုပ်ငန်းကိုကြည့်နိုင်မယ့်တစ်ယောက်ယောက်ခန့်ထားသင့်တယ်... ဝိုင်အကြောင်းနားလည်ရင် အကောင်းဆုံးပဲ... နားမလည်တဲ့သူဆိုရင် အရင်လေ့လာခိုင်းပါ''

"ကောင်းပါပြီ သူဌေး!''

လင်းလန်ဇီခေါင်းညိမ့်လိုက်သည်။

ဝိုင်လုပ်ငန်းက ချင်းလင်စံအိမ်အောက်မှာရှိမှန်းသိသော်လည်း သူမဝိုင်အကြောင်းသိပ်မသိ၍ ဂရုမစိုက်မိချေ။

အခု သူဌေးကဒီလိုပြောလာမှတော့ ဝိုင်လုပ်ငန်းကိုသွားကြည့်ရတော့မည်။

လင်းလန်ဇီထွက်သွားပြီးနောက် ချင်လင်လည်း သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များအပြီးသတ်စေသည်။

ဖြစ်ချင်တော့ သူဒီနေ့ကံမကောင်း၊ ဘာမှမရ။

ဇာတ်ကောင်အဆင့်ကြောင့်လား၊ ဒါမှမဟုတ် ငါးဖမ်း၊ သစ်ပင်ခုတ်၊ တောင်ပေါ်ထွက်ကုန်ပစ္စည်းများကိုကန့်သတ်ထားခြင်းကြောင့်လား သူမသိသော်လည်း ပစ္စည်းအသစ်မရတာ အတော်ကြာနေပြီဖြစ်သည်။

ထို့နောက် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားတူးစေသည်။

နှစ်လွှာတူးပြီးနောက် ရွှေ၊ ငွေ၊ ကြေးနီ၊ အထူးမြေကြီးများသာရသည်။

ထူးထူးခြားခြား ဘာမှမရ။

ထို့ကြောင့် ဆက်မတူးရန် ချင်လင်ဆုံးဖြတ်လိုက်သည်။

ဒီစိုက်ပျိုးမွေးမြူရေးဂိမ်းက ဘယ်လိုလဲ? ကံအားကိုးရတဲ့ဂိမ်းဖြစ်နေပြီ။ ကံကောင်းရင် ကောင်းတာတွေဆက်တိုက်ရပြီး ကံမကောင်းရင် ဘာမှမရတော့။

နောက်ရက်များတွင် ချင်းလင်ရှုမျှော်ခင်းနေရာမှာ အစီအစဉ်တကျဆက်လက်လည်ပတ်နေသည်။ ညပိုင်းတွင် စီးပွားရေးနှင့်ဘဏ္ဍာရေးဌာနမှစပ်စုတတ်သူတချို့က ချင်းလင်အစားအသောက်ကုမ္ပဏီ၊ ချင်းလင်အိမ်မွေးတိရစ္ဆာန်အစာကုမ္ပဏီ၊ ချင်းလင်ဓာတ်ခွဲခန်းနှင့်ချင်းလင်ဆေးဝါးကုမ္ပဏီအပါအဝင် 'ချင်းလင် Group' အောက်တွင်ရှိသောကုမ္ပဏီခွဲများအကြောင်းကို စိတ်ဝင်တစားဝိုင်းဖွဲ့ဆွေးနွေးကြသည်။

ဘဏ္ဍာရေးပညာရှင်များက ထိုကုမ္ပဏီတစ်ခုချင်းစီ၏စီးပွားရေးအခြေအနေ၊ ထုတ်ကုန်ပစ္စည်းများ၊ ဖြန့်ဖြူးရေးလမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာကြည့်ကြသည်။ သူတို့၏သုံးသပ်ချက်အရ ချင်းလင် Group မှကုမ္ပဏီအားလုံးသာ အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာဈေးကွက်ထဲဝင်ရောက်မည်ဆိုပါက ပြည်တွင်းထိပ်တန်းကုမ္ပဏီကြီး ၁၀၀ ထဲဝင်နိုင်သည်ဟု သုံးသပ်ထားကြသည်။

အစုရှယ်ယာဈေးကွက်စာရင်းမဝင်ရင်တောင် ချင်းလင်ကုမ္ပဏီရှယ်ယာအများစုကို ချင်းလင်ကုမ္ပဏီသူဌေးကပိုင်ဆိုင်ထားသောကြောင့် ကျိကျိတက်ချမ်းသာကြွယ်ဝနိုင်သည်ဟုခန့်မှန်းကြသည်။

သို့သော် လူတိုင်းက ချင်းလင်သူဌေးကို အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဟုသာသိထားသည်။ ဒီအချက်ကိုလည်း အင်တာနက်၊ Encyclopedia နှင့် ဓာတ်ပုံသက်သေများအရ အများပြည်သူက အသိအမှတ်ပြုထားသည်။

သို့သော် သူဌေးချင်ကိုဘယ်သူမှကိုယ်တိုင်မမြင်ဖူးကြ။ အလွန်လျှို့ဝှက်နက်နဲသူဖြစ်ပြီး လိုင်းပေါ်မှာတောင် သူ့သတင်းမထွက်အောင်ဖုံးဖိနိုင်သောထူးထူးခြားခြားအင်အားရှိသူလိုထင်ရသည်။

သို့သော်လည်း ဘဏ္ဍာရေးပညာရှင်များ၏သုံးသပ်ချက်ကို အွန်လိုင်းအသုံးပြုသူများက အလွန်စိတ်ဝင်စားကြသည်။

ချင်းလင်ကုမ္ပဏီ၏ကြွယ်ဝချမ်းသာမှုကို လိုင်းပေါ်မှာဘယ်သူမှ အဆင့်သတ်မှတ်တာမျိုးမလုပ်ဖူးသလို ချင်းလင်ကုမ္ပဏီကလည်း အများပိုင်အဖြစ်စာရင်းသွင်းမည့်အစီအစဉ်လုံးဝမရှိပေ။ သို့သော် ချင်းလင်ကုမ္ပဏီမှာ Penguin လိုထိပ်တန်းကုမ္ပဏီကြီးများနှင့်ရင်ဘောင်တန်းနိုင်သောအင်အားကြီးကုမ္ပဏီတစ်ခုဖြစ်နေပြီဟု လူတိုင်းကယူဆထားကြသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီထုတ်ကုန်အားလုံးလိုလိုက လုပ်ငန်းတိုင်းမှာအကောင်းဆုံးဖြစ်သည်။ ချင်းလင်ကုမ္ပဏီက ထုတ်ကုန်တစ်ခုခုထုတ်လိုက်ရင် ထိုလုပ်ငန်းလုပ်နေသောကုမ္ပဏီများမှာ သူတို့လက်အောက်ခံအဖြစ်အကျိုးတူပူးပေါင်းလိုက်ရုံသာရှိသည်။ မဟုတ်ရင် လုပ်ငန်းရပ်ဆိုင်းရလိမ့်မည်။

လေအေးပေးစက်ကုမ္ပဏီများမှာ အကောင်းဆုံးဥပမာပင်။

ဟွရှင်းလေအေးပေးစက်က ချင်းလင်ကုမ္ပဏီကိုအနှောင့်အယှက်ပေးခဲ့သောကြောင့် လုပ်ငန်းပျက်သုဉ်းလုနီးပါးဖြစ်ခဲ့ရသည်။ တခြားလေအေးပေးစက်ကုမ္ပဏီများလည်း သူတို့လုပ်ငန်းကို ဖြည်းဖြည်းချင်းအပြောင်းအလဲလုပ်ရသည်။ ထိုလေအေးပေးစက်ကုမ္ပဏီများမှာ မြေကွက်ငှားရမ်းပြီး အပူချိန်ထိန်းမြက်ကိုအကြီးအကျယ်စိုက်ပျိုးတော့မည်ဆိုသောသတင်းများတောင်ထွက်နေသည်။

ချင်းလင်ဓာတ်ခွဲခန်းနှင့်သဘောတူညီချက်ယူထားသည့်သဘောပင်။

ချွမ်ကျင်းဥပဒေကုမ္ပဏီကလည်း သတင်းရပြီး အထူးအစည်းအဝေးတောင်လုပ်ထားသည်။

သူတို့ ဒီကိစ္စကိုဒီလောက်အထူးတလည် အာရုံစိုက်ရသည့်အကြောင်းရင်းမှာ ချင်းလင်၏ဥပဒေရေးရာက သူတို့ရုံးခန်းထဲရှိသောကြောင့်ပင်။

သို့သော် အရင်က ချူဖုန်းနှင့်ဥက္ကဌချင်၏ရင်းနှီးမှုကြောင့်သာ ဒီလုပ်ငန်းသဘောတူညီချက်ကိုရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အရင်ကလက်မှတ်ထိုးခဲ့သောလုပ်ငန်းအခြေအနေနှင့်လက်ရှိ အခြေအနေမှာ လုံးဝကွာခြားသွားပြီဖြစ်သည်။

အခန်း ၁၃၉၂: ကြီးကြီးမားမားလှုပ်ရှားမှု! ၂

ချင်းလင်ကုမ္ပဏီဖွံ့ဖြိုးလာသည်နှင့် လုပ်ငန်းအတိုင်းအတာက အဆပေါင်းများစွာတိုးတက်လာသည်။

လက်ရှိချင်းလင်ကုမ္ပဏီအရေးပါပုံက Penguin နှင့်တူသည်ဟုတောင်ဆိုနိုင်သည်။

ထို့ကြောင့် ချင်းလင်ဥပဒေလုပ်ငန်းကို ဥပဒေကုမ္ပဏီများကစောင့်ကြည့်နေကြမည်။ ချူဖုန်းနှင့်ရင်းနှီးသောကြောင့် အားသာချက်ရှိသော်လည်း အာရုံအပြည့်အဝစိုက်ထားရသည်။

ဥပဒေကုမ္ပဏီဥက္ကဌ Robin ကိုယ်တိုင်သဘာပတိအဖြစ်ဆောင်ရွက်ပြီး အစည်းအဝေးကျင်းပသည်။ သူကထိုင်လိုက်ပြီးနောက်_

"ချူဖုန်း လီနာနဲ့ငါနဲ့အတူ အကောင်းဆုံးရှေ့နေတွေ ချင်းလင်ကိုခေါ်သွားမယ်''

"ကောင်းပါပြီ ဒါရိုက်တာ''

ချူဖုန်းခေါင်းညိမ့်လိုက်သည်။ သူက ဥပဒေကုမ္ပဏီစီးပွားဖက်ဖြစ်သောကြောင့် ဒါရိုက်တာ Robin ပြောတာသဘောပေါက်သည်။

ချင်းလင်ဥပဒေလုပ်ငန်းကို စောင့်ကြည့်နေသူတွေအမှန်ပင်ရှိသည်။ ညီလေးချင်၏ယုံကြည်မှုရအောင် ဒါရိုက်တာ Robin က ချွမ်ကျင်းဥပဒေကုမ္ပဏီအစွမ်းကိုပြချင်နေသည်။

နောက်ပြီး ဒါရိုက်တာ Robin က အာရှမှာနံပါတ်တစ်ဥပဒေလုပ်ငန်းရှင်ဖြစ်သည်။ သူ့မှာအာဏာအများကြီးရှိသည်။ သူကလှုပ်ရှားခဲသော်လည်း လှုပ်ရှားပြီဆိုရင် မရှုံးနိုင်။

မကြာမီ ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်ဆွဲဆောင်မှုရှိသောအမျိုးသမီးတစ်ယောက်ဝင်လာ၏။ သူမက လီနာပင်။ ဥပဒေကုမ္ပဏီတစ်ခုလုံး၏ဝန်ထမ်းရေးရာနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များကို အဓိကတာဝန်ယူကြီးကြပ်ရသည်။

သူမကစာဖိုင်တချို့ချပြီးနောက်_

"လေယာဉ်လက်မှတ်ယူပြီးပါပြီ... ချင်းလင်ဥပဒေလုပ်ငန်းကိုအမြန်ဆုံးဆွေးနွေးနိုင်ရင် အကောင်းဆုံးပါပဲ... တခြားဥပဒေကုမ္ပဏီတွေက ချင်းလင်ကုမ္ပဏီနဲ့ကျွန်မတို့စာချုပ်ချုပ်ထားတာ ဘယ်လောက်သက်တမ်းရှိမှန်းမသိကြသေးဘူး... မဟုတ်ရင် သူတို့ချင်းလင်ကုမ္ပဏီကိုဆက်သွယ်ပြီးလောက်ပြီ''

ချူဖုန်းနှင့် Robin ၏သဘောတူခွင့်ပြုချက်ကိုရရပြီးနောက် ချူဖုန်းနှင့်Robin၊ လီနာနှင့်ထိပ်တန်းရှေ့နေတချို့က စတင်ထွက်ခွာခဲ့ကြသည်။

ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်း_

ချင်လင်က ငှက်ပေါက်စအစာအိတ်ကိုင်ထားပြီး ငှက်စာတစ်ခုကို သားဖောက်စက်ထဲရှိကြက်တူရွေးပေါက်စအား ခွံ့ကျွေးနေသည်။

"သခင်.. အာ့ပေါင်.. အာ့ပေါင်လည်းစားချင်တယ်တဲ့!''

သော*က်ကြက်တူရွေးရှောင်ဝူသံက ဘေးမှထွက်လာသည်။

သူကနောက်တစ်ခုယူပြီး ကြက်တူရွေးပေါက်စနောက်တစ်ကောင်ကိုကျွေးလိုက်သည်။

ကြက်တူရွေးပေါက်စနှစ်ကောင်မြူးတူးပြီးစားသောက်နေမှ ရှောင်ဝူလည်းကျေနပ်သွားကာ တောင်ပံတဖျတ်ဖျတ်ခတ်သည်။

မပျော်သူက ချင်လင်တစ်ယောက်တည်း။ သူ့ကိုယ်သူအချိန်ပြည့်ကြက်တူရွေးထိန်းလိုခံစားရသည်။

ရှောင်ဝူနှင့်ရှောင်ပေါင် ဒီနှစ်ကောင်က သူတို့ကလေးနား ဘယ်သူမှအကပ်မခံ။ သူတို့သခင်ဖြစ်သောသူသာ ကပ်နိုင်သည်။

ဂုဏ်ယူရမလား၊ ကံဆိုးတာလား မပြောတတ်။

"သခင်.. တပေါင်နဲ့အာ့ပေါင်က စားချင်သေးတယ်တဲ့''

ရှောင်ဝူက ကြက်တူရွေးပေါက်စနှစ်ကောင်ပါးစပ်ဟတာမြင်ပြီး ချက်ချင်းအော်ပြန်သည်။

ချင်လင်မှာမတတ်သာဘဲ နာနီဆက်လုပ်နေရသည်။

တပေါင်နှင့်အာ့ပေါင်က ကြက်တူရွေးပေါက်စနှစ်ကောင်နာမည်ဖြစ်ပြီး ဟိုကောင်ရှောင်ဝူပေးထားခြင်းပင်။

ဒီကောင် ဒီလောက်ဉာဏ်ကောင်းနေတာ ဘယ်တားနိုင်မလဲ?

ချင်လင် ကြက်တူရွေးအစာကျွေးနေစဉ် အစ်ကိုချုဖုန်းဆက်လာသည်။ သူကချက်ချင်းဖုန်းကိုင်ပြီး_

"စီနီယာအစ်ကိုချူ.. ရောက်နေပြီလား? ဟုတ်ပြီ.. ကျွန်တော်လာခေါ်ခိုင်းလိုက်မယ်...''

ချင်လင်ကဖုန်းချပြီးနောက် ကောင်းယောင်ယောင်ကိုလှမ်းခေါ်ပြီး ဧည့်သည်များကြိုခိုင်းသည်။ စီနီယာအစ်ကိုချူဖြစ်ကြောင်း သူမကိုအသိပေးထား၏။

ချင်းလင်အပန်းဖြေစံအိမ်တွင်မူ ဝန်ထမ်းကတ်များမရှိကြသလို၊ လီရှင်းနှင့်ချန်ရှန်းဖေတို့လိုလူများကို ကိုယ်ရေးအချက်အလက်များမှတ်တမ်းတင်ထားတာမျိုးလည်းမရှိ။ လုံခြုံရေးဝန်ထမ်းများက သူတို့ကိုလွတ်လပ်စွာဝင်ခွင့်ပြုထားသည်။

ချင်လင်ကအစာအိတ်ချပြီး သူ့ရုံးခန်းထဲပြန်လာသည်။

ချင်းလင်အပန်းဖြေစံအိမ်အပြင်ဘက်၌_

ချူဖုန်းကဖုန်းချပြီး သူ့ဘေးမှ Robin၊ လီနာနှင့်ထိပ်တန်းရှေ့နေများအား_

"အခုလာကြိုလိမ့်မယ်... ဒါ ချင်းလင်အပန်းဖြေစံအိမ်ရဲ့စည်းကမ်းပဲ''

"စောင့်မယ်လေ''

Robin ခေါင်းညိမ့်လိုက်သည်။

ချင်းလင်အပန်းဖြေစံအိမ်အကြောင်း သူကြားဖူးသည်။ ဒီနေရာမှာ တော်ဝင်ပညာရှင်များအနားယူအပန်းဖြေလေ့ရှိသောကြောင့် စည်းကမ်းများတာသဘာဝပင်။

ကောင်းယောင်ယောင်က အမြန်ထွက်လာပြီး ချူဖုန်းကိုမြင်လျှင်_

"လူကြီးမင်းချူ.. သူဌေးက လာခေါ်ခိုင်းလို့ပါ''

"ဒုက္ခပေးရတာအားနာပါတယ်''

ချူဖုန်းကတန်းပြောသည်။

Robin နှင့်လီနာတို့လည်း ချင်းလင်အပန်းဖြေစံအိမ်ထဲလိုက်ဝင်လာကြသည်။

ဒီအပန်းဖြေစံအိမ်ကို တစ်ဖွဲ့လုံးစိတ်ဝင်စားနေကြသည်။ လိုင်းပေါ်မှာ ဒီအပန်းဖြေစံအိမ်အကြောင်းဒဏ္ဍာရီများစွာရှိသော်လည်း တရားဝင်ဗီဒီယိုများထွက်ထားသည်။ အလွန်ဆန်းကြယ်သည်။

ထိုတရားဝင်ဗီဒီယိုများကတင် အလွန်ဆွဲဆောင်မှုရှိပြီးလှပသလို ရင်သပ်ရှုမောစရာလည်းကောင်းသည်။

တိုတိုပြောရရင် လျှို့ဝှက်ဆန်းကြယ်လေလေ သိချင်လေလေပင်။

ချင်းလင်အပန်းဖြေစံအိမ်မှာအနားယူဖို့ သူတို့မှာအခွင့်အရေးမရကြ။ သူတို့လျှောက်လွှာတင်ဖူးသော်လည်း ဘာသတင်းမှထွက်မလာချေ။

စံအိမ်ထဲဝင်လာပြီးနောက် လှပသောရှုခင်းကို Robin နှင့်လီနာတို့ချက်ချင်းစိတ်ဝင်စားသွားသည်။

အပန်းဖြေစံအိမ်တစ်ခုလုံးက သူတို့ထင်ထားတာထက်ပိုပြီး ဆွဲဆောင်မှုရှိသည်၊ အံ့ဩစရာကောင်းသည်။

ချက်ချင်း အပန်းဖြေစံအိမ်ကိုလျှောက်ပတ်သွားလိုက်ချင်သည်။ သို့သော် ဒီလိုလုပ်ခွင့်မရှိသောကြောင့် နောက်ကလိုက်သွားရ၏။

မကြာမီ Robin တို့ ချင်လင်ရုံးခန်းထဲရောက်သွားသည်။

ချင်လင်နှင့်တွေ့ရန် သူတို့သေချာပြင်ဆင်ထားသည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီလုပ်ငန်းက သူတို့လက်ထဲရောက်လာပြီ။ ချင်းလင်သူဌေးက ရှောင်ချင်ဖြစ်ကြောင်း ချူဖုန်းဆီမှသူတို့သိထားသည်။

ဘယ်လောက်ပြင်ဆင်ထားသော်လည်း သူဌေး၏ငယ်ရွယ်သောမျက်နှာကိုမြင်ပြီး သူတို့ရင်ထဲလှုပ်ခတ်သွားသည်။

ဒီလူငယ်က သူဌေးကြီးမာလိုနာမည်ကြီးဖြစ်နေပြီ။

ဒါပေမဲ့ သူဌေးကြီးမာက ဒီလူငယ်လောက်မတော်။

သူက တော်ဝင်ပညာရှင်တစ်ဦးဖြစ်ပြီး သူလုပ်ထားသမျှသုတေသနက လူအတော်များများမော့သာကြည့်နိုင်သောတောင်ကြီးသဖွယ်ဖြစ်သည်။

"အစ်ကိုချူ ပြန်ဆုံပြီနော်... အားလုံးပဲထိုင်ကြပါ''

ချူဖုန်းကိုမြင်ပြီး ချင်လင်ဝမ်းသာနေသည်။

"ချင်လင် မိတ်ဆက်ပေးဦးမယ်... ဒါငါတို့ဥပဒေကုမ္ပဏီဒါရိုက်တာ Robin.. မန်နေဂျာလီနာနဲ့ ကုမ္ပဏီက ထိပ်တန်းရှေ့နေတွေပဲ''

"ဥပဒေပညာရှင် Robin ပေါ့... နာမည်ကြားဖူးတာကြာပါပြီ!''

ချင်လင်လည်းပြုံးပြီး ဝတ်စုံပြည့်နှင့်ဆံပင်သပ်သပ်ရပ်ရပ်ဖြီးထားသော Robin ကိုကြည့်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

သူ့ကိုသိသည်။ အစ်ကိုချူကိုရှေ့နေအလုပ်ပေးထားသောဥပဒေကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီအကြောင်းဖတ်ထားသည်။

အာရှမှာပထမရှေ့နေ Robin ပင်။

"လူကြီးမင်းချင်.. ဒီတစ်ခါအနှောင့်အယှက်လာပေးရတာ အားနာပါတယ်''

Robin က နှိမ့်ချပြောသည်_

"ကျွန်တော်တို့ဥပဒေကုမ္ပဏီက ဥပဒေလုပ်ငန်းအထူးအစီရင်ခံစာတင်ထားပါတယ်... ရှေ့လျှောက် ချင်းလင်ကုမ္ပဏီကိုဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မယ်ထင်ပါတယ်''

"ရှေ့နေ Robin.. ဥပဒေလုပ်ငန်းနဲ့ပတ်သက်တယ်ဆိုရင် ချင်းလင်ရှုမျှော်ခင်း ချင်းလင်ဓာတ်ခွဲခန်းနဲ့ ချင်းလင်ကုမ္ပဏီအသီးသီးကတာဝန်ခံတွေကို ကျွန်တော်ခေါ်လိုက်ပါမယ်... ကုမ္ပဏီတစ်ခုချင်းရဲ့ဥပဒေပိုင်းကကွာခြားပါလိမ့်မယ်... ခင်ဗျားကိုယ်တိုင်အစည်းအဝေးလုပ်ပြီး လေ့လာနိုင်ပါတယ်... ကျွန်​တော်က ဒီကိစ္စတွေဝင်ပါလေ့မရှိပါဘူး''

ဒီလူတွေဘာကြောင့်ရောက်လာလဲ ချင်လင်ကောင်းကောင်းသိသည်။

အမှန်အတိုင်းပြောရရင် ချွမ်ကျင်းဥပဒေကုမ္ပဏီနှင့်ဆက်ဆံရေး၊ အစ်ကိုချူနှင့်ဆက်ဆံရေးအရ ဒီဥပဒေကိစ္စတွေလွှဲပေးထားနိုင်သည်။

သို့သော် ကုမ္ပဏီတိုင်းက သူ့ဝင်ငွေနှင့်သူရှိပြီး တာဝန်ခံတိုင်းမှာ သူတို့ကိုယ်ပိုင်အတွေးအခေါ်နှင့်အယူအဆရှိသည်။ ဒီကိစ္စတွေ သူဝင်မပါချင်။

အစ်ကိုချူနှင့်ရင်းနှီးရင်တောင် ဒါသူနှင့်အစ်ကိုချူကြားဆက်ဆံရေးသာဖြစ်ပြီး ချွမ်ကျင်းဥပဒေကုမ္ပဏီတစ်ခုလုံးနှင့်မဟုတ်သောကြောင့် ကုမ္ပဏီတစ်ခုချင်း၏တာဝန်ခံနှင့်ပေးတွေ့ကာ ရှန်လီ၊ တန့်ကွမ်းတို့ကိုစည်းရုံးခိုင်းရမည်။

"ဒါဆိုဒုက္ခပေးရဦးမယ် ဥက္ကဌချင်''

Robin ကချက်ချင်း ကျေးဇူးတင်စကားပြောလိုက်သည်။ သူ့အမြင်မှာ ဒါသူ့အတွက်အခွင့်အရေးပင်။

ဒီအခွင့်အရေးကြောင့် ချင်းလင်ကုမ္ပဏီဥပဒေလုပ်ငန်းမှာ ပိုအခွင့်အရေးရလာမည်။

ချင်လင်က Robin တို့ကိုဧည့်ခံနေစဉ် ချင်းလင်နတ်သမီးပုံပြင်တောင်ပေါ်တွင် နေရာအတော်များများ၌ တစုံတစ်ခုတပ်ဆင်နေသောလူများကို ခရီးသည်များသတိထားမိသည်။

အဆင့်မြင့်အထူးစက်ပစ္စည်းတမျိုးဖြစ်ပုံရသည်။

ဒါပေမဲ့ ဘာတွေမှန်း သူတို့မသိ။

ထို့ကြောင့် သူတို့ဖုန်းနှင့်မှတ်တမ်းယူကာ လိုင်းပေါ်ဗီဒီယိုတက်ကြသည်။

နတ်သမီးပုံပြင်တောင်မှာ ပြည်တွင်း၌အလှဆုံး၊ ရေပန်းအစားဆုံးရှုမျှော်ခင်းနေရာဖြစ်သည်။ ထို့ကြောင့် သူတို့ဗီဒီယိုတင်လိုက်သောအခါ အလွန်အာရုံစိုက်ခံရသည်။

ဘာပဲဖြစ်ဖြစ် နတ်သမီးပုံပြင်တောင်ကလုံးဝပြီးပြည့်စုံသည်။ ရုတ်တရက် နေရာအနှံ့စက်ပစ္စည်းကိရိယာများတပ်ဆင်နေခြင်းကို စိတ်မဝင်စားဘဲနေဖို့မဖြစ်နိုင်။

ဒီလိုကြီးကြီးမားမားလုပ်နေရတဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိရမယ် ဟုတ်တယ်မလား?

အရင်က ချင်းလင်စံအိမ်ပွဲများကိုတွေးမိပြီး ချင်းလင်ရှုမျှော်ခင်းမှာ ကြီးကြီးမားမားလုပ်တော့မည်ဟု အားလုံးခံစားမိနေကြသည်။

All Chapters