← Chapters

အခန်း (၈၈၈)

Vol. 85 Ch. 888

အခန်း (၈၈၈)

Vol. 85 Ch. 888

အခန်း (၈၈၈) ချမ်းသာ ပြီဟေ့

​ကျန့်မိသားစု တာဝန်ခံက ခုနစ်ရောင်ခြယ် ပိုးပျံကောင်၏ ဈေးနှုန်းကို ကြေညာပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါယမ်းနေကြသော လူအုပ်ကြီးကို ကြည့်ကာ သူကိုယ်တိုင်လည်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

​ရှန့်ထျန်း တာအိုကျောက်စိမ်း ၁၅၀၀ ဆိုသည်က တကယ်ကို ဈေးကြီးလွန်းလှပေသည်။

​အကယ်၍ တာအိုကျောက်စိမ်း ၁၀၀၀ သာဆိုလျှင် တစ်ယောက်ယောက်က ဝယ်ယူသွားနိုင်ခြေ ရှိသေးပြီး ဤသို့ဆိုပါက သူလည်း ထိုထဲမှနေ၍ အလွန် မက်လောက်စရာကောင်းသော ကော်မရှင်ခကို ရရှိနိုင်မည် ဖြစ်သည်။

​သို့သော်လည်း လက်ရှိ အခြေအနေအရ ကြည့်ရလျှင်တော့ ဖြစ်နိုင်ခြေ လုံးဝ မရှိတော့ဟု ဆိုရပေမည်။

​သို့သော်လည်း ထိုအချိန်တွင် လူအုပ်ကြီး၏ အပြင်ဘက် နေရာတစ်ခုဆီမှ စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

​"တာအိုကျောက်စိမ်း ၁၅၀၀ ... ကျွန်မ ယူမယ်"

​ဤသည်က အေးစက်တည်ငြိမ်သော်လည်း အဆင့်အတန်းရှိမှု မပျောက်ပျက်သော အသံတစ်ခု ဖြစ်သည်။

​တာဝန်ခံက အမြန် လှမ်းကြည့်လိုက်ရာ ဈေးပေးလိုက်သောသူကို မြင်တွေ့ရသည့်အခါ သူ့မျက်လုံးထဲတွင် အံ့ဩသွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

​သို့သော်လည်း သူက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားပြီး မျက်နှာထက်တွင် အပြုံးများ အပြည့်အဝ ပေါ်လာ တော့သည်။

​"နတ်သမီးကျစ်ယန် ရဲ့ အမြင်က တကယ့်ကို သာမန်ထက် ထူးခြားတာပဲ"

​"ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်က နတ်သမီး တောက်ပနေတဲ့ အလင်းရောင်လိုပဲ လူတွေကို လျစ်လျူရှုထားလို့ မရအောင် ဆွဲဆောင်နိုင်လွန်းတယ်"

​"ကျွန်တော် က တကယ့်ကို အူတူတူ နိုင်လွန်းပါတယ်၊ အစောကြီးကတည်းက နတ်သမီးကို ဒီဘက် လာခဲ့ဖို့ သီးသန့် ဖိတ်ကြားသင့်တာ"

​သူ့စကားလုံးများထဲတွင် မြှောက်ပင့်လိုခြင်း များ အပြည့်အဝ ပါဝင်နေခဲ့သည်။

​အလွန် ရှားပါးလှသော လက်ဖွာ မည့်သူတစ်ယောက်ပေါ်ထွက်လာပြီ ဖြစ်ရာ သူက ဒါကို အမိအရ ဆုပ်ကိုင်ထားရမည် မဟုတ်ပါလော။

​အခြားလူများ၏ အကြည့်များကလည်း တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လာကြသည်။

​တာဝန်ခံကဲ့သို့ပင် သူတို့၏ မျက်နှာများထက်တွင်လည်း အံ့ဩသွားသော အမူအရာများ ပေါ်ထွက်နေခဲ့ကြသည်။

​ကျူးကျစ်ယန် ၏ နာမည်က မကြာသေးမီကပင် ကျင်းရှန် မြို့ ၏ အထက်တန်းလွှာ လောကထဲတွင် လူတိုင်းမသိသူမရှိ၊ မကြားဖူးသူမရှိ အောင်ပင် ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။

​သူမက ပါရမီရှင် ရွေးချယ်ပွဲ စာရင်းသွင်း သည့် နေရာမှစတင်ကာ ရုတ်တရက် အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာခဲ့ပြီး နတ်ဘုရား ဆန်ဆန် အဆင့်တက်လှမ်း ကာ တိုတောင်းလှသော နှစ်လအတွင်းမှာပင် ယခုအကြိမ် ပါရမီရှင် ရွေးချယ်ပွဲ ၏ ပါရီရှင် အဆင့်သတ်မှတ်ခံရသူ ဖြစ်လာခဲ့သလို ကျင်းရှန် မြို့၏ စိတ်ဝင်စားမှု အခံရဆုံးသော ပါရမီရှင်များထဲမှ တစ်ဦးလည်း ဖြစ်လာခဲ့သည်။

​သို့သော်လည်း လူတိုင်း အဓိက ဆွေးနွေးကြသည်က သူမ၏ ကျင့်ကြံခြင်း ပါရမီနှင့် တောက်ပသော အနာဂတ်အကြောင်း သာ ဖြစ်သည်။

​ကျူးကျစ်ယန်က မြို့ငယ်လေးတစ်ခုမှ လာခြင်းဖြစ်ကြောင်း လူတိုင်း သိကြသည်။

​ထို့ကြောင့် သူမ၏ ငွေကြေး အင်အားကပါ ဤမျှအထိ နက်ရှိုင်းလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

​ ရှန့်ထျန်း တာအိုကျောက်စိမ်း ၁၅၀၀ သတ်မှတ်ထားသော ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ချက်ချင်းပင် ဝယ်ယူမည်ဟု ပြောလိုက်သည် မဟုတ်ပါလော။

​လူတိုင်း၏ အံ့ဩနေသော အကြည့်များကို ရင်ဆိုင်ရသော်လည်း ကျူးကျစ်ယန်ကမူ အစအဆုံး တည်ငြိမ်နေခဲ့သည်။

​"ကျွန်မက ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်နဲ့ ကံပါတယ် လို့ ခံစားရလို့ပါ"

​သူမက အေးစက်စွာ ပြောလိုက်ရာ လူများကို အမှန်အကန် ခန့်မှန်းရ ခက်ခဲသော ခံစားချက်မျိုး ပေးစွမ်းလိုက်သည်။

​တာဝန်ခံက အမြန် ပြုံးလျက် "ဟုတ်... ဟုတ်တာပေါ့"

​"ရှေးအစဉ်အဆက်ကတည်းက ထူးခြားတဲ့ ရတနာတွေက ကံပါတဲ့သူနဲ့ပဲ ထိုက်တန်တာပါ"

​"ခုနစ်ရောင်ခြယ် ပိုးပျံကောင်က နတ်သမီးလို ပါရမီရှင်နောက်ကို လိုက်ပါခွင့်ရတာက သူ့ရဲ့ ကံကောင်းခြင်းပဲ ဖြစ်မှာပါ"

​"ဒီလိုဆိုရင်တော့..."

​သို့သော်လည်း သူ့စကား မဆုံးသေးခင်မှာပင် အခြား စကားသံတစ်ခုက ဖြတ်တောက်လိုက်တော့သည်။

​"ခဏ"

​စကားပြောလိုက်သောသူမှာ အခြားတစ်ဖက်တွင် မတ်တတ်ရပ်နေသော ကျူကျင်းချန် ပင် ဖြစ်သည်။

​သူကိုယ်တိုင်က ကူမွေးမြူခြင်း မိသားစု မှ လာသူ ဖြစ်ရာ ထန်ထျန်းထက်ပင် စောစီးစွာ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

​လူတိုင်း ဝေဖန်ဆွေးနွေးနေကြစဉ်အတွင်း သူက အစအဆုံး စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။

​ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို စတင် ရောင်းချချိန်တွင်လည်း ဈေးပြိုင်ပေးရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။

​သို့သော်လည်း ကျူးကျစ်ယန် စတင် ဈေးပေးလိုက်ပြီးနောက်တွင်မူ သူ့အကြည့်က တိုက်ရိုက် လှမ်းကြည့်လာခဲ့တော့သည်။

​"ဟဟ... တကယ် မထင်မှတ်ထားဘူးပဲ၊ မိန်းကလေး ကျစ်ယန် ကလည်း ဒီ ကူမွေးမြူခြင်း ပညာရပ်အပေါ် စိတ်ဝင်စားလိမ့်မယ်လို့"

​"ဒါပေမဲ့ ငါ မိန်းကလေးအပေါ် နားလည်ထားသလောက်ဆိုရင်တော့ ဒီလမ်းစဉ်မှာ ကျွမ်းကျင်ပုံမရဘူး မဟုတ်လား"

​ကျူကျင်းချန်က စကားဆိုလိုက်သည်။

​ကျူးကျစ်ယန်က မျက်လုံးကို အနည်းငယ် စေ့လိုက်သည်၊ ကျူကျင်းချန် ယခုအချိန်တွင် ထွက်ပေါ်လာခြင်းက ကောင်းသော ကိစ္စမဟုတ်ကြောင်း သူမ သဘာဝကျစွာပင် သိရှိပေသည်။

​"ဒီအချက်ကတော့ သခင်လေး ကျူ စိတ်ပူပေးဖို့ မလိုပါဘူး"

​"ဒါ့အပြင် ဒီလမ်းစဉ်မှာ မကျွမ်းကျင်ရင်ပဲ ဒါကို ဝယ်လို့မရဘူးလား"

​သူမက အေးစက်စွာ ပြောလိုက်သည်။

​ကျူကျင်းချန်က လက်ကို ဝှေ့ယမ်းပြလျက် ရယ်မောကာ "အဲ့လိုတော့လည်း မဟုတ်ပါဘူး"

​"မိန်းကလေး ကျစ်ယန် သဘောကျနေသရွေ့တော့ ဘာပဲလုပ်လုပ် ရတာပေါ့"

​"ဒါပေမဲ့ မိန်းကလေးက မိုင်ပေါင်းသောင်းချီ ဝေးကွာတဲ့ နေရာကနေ ကျင်းရှန် မြို့ကို လာခဲ့တာ၊ ဘယ်လိုလုပ်ပြီး မိန်းကလေးကို ပိုက်ဆံအကုန်ခံခိုင်းလို့ ဖြစ်မှာလဲ"

​"ငါကပဲ မိန်းကလေးအတွက် ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဝယ်ပေးပါရစေ၊ ဒါကို စော စောတုန်း က မိန်းကလေးရဲ့ လူတွေနဲ့ ဖြစ်ပွားခဲ့တဲ့ မပြေလည်မှုတွေအတွက် တောင်းပန် တယ်လို့ပဲ သဘောထားလိုက်ပါ"

​သူက ညင်သာစွာ ပြောလိုက်သည်။

​ဤစကား ထွက်လာသည်နှင့် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြတော့သည်။

​ကျူကျင်းချန်၏ အကျင့်စရိုက်ကို သူတို့ တော်တော်လေး နားလည်ကြပေသည်။

​သူက ဤမျှအထိ လက်ဖွာ သည်ကို တစ်ခါမှ မမြင်ဖူးချေ၊ အဲ့ဒါက ရှန့်ထျန်း တာအိုကျောက်စိမ်း ၁၅၀၀ လေ၊ သာမန် ကျောက်စိမ်း မဟုတ်ဘူး။

​ဒါကို ဒီအတိုင်း သာမန်ကာလျှံကာ လက်ဆောင်ပေးလိုက်တာလား။

​ကြည့်ရလျှင် သူတို့အနေဖြင့် ကျူကျင်းချန်အပေါ် ထားရှိသော အမြင်ကို ပြန်လည် သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်သည်။

​သို့သော်လည်း ကျူးကျစ်ယန်ကမူ ကိစ္စများက ဤမျှ မရိုးရှင်းကြောင်း သဘာဝကျစွာပင် သိရှိသည်။

​ကျူကျင်းချန်က ဦးဆောင်ပြီး တောင်းပန်တာလား။

​ပြောရုံပဲ၊ အတည်မယူနဲ့။

​သူက ပိုက်ဆံအကုန်ခံပြီး ဤ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဝယ်ယူကာ သူ့ကို လက်ဆောင်ပေးလိုခြင်းက ထိုအရာမှတစ်ဆင့် ပိုမိုများပြားသော ရည်ရွယ်ချက်များကို ရရှိလိုခြင်းကြောင့်သာ ဖြစ်သည်။

​ဘယ်လို ရည်ရွယ်ချက်မျိုးလဲ ဆိုသည်ကိုတော့ ကျူးကျစ်ယန် စဉ်းစားမနေချေ။

​သူမက ကျူကျင်းချန်ကဲ့သို့သော လူမျိုးနှင့် မည်သည့် ပတ်သက်မှုမျှ ရှိရန် အလိုမရှိပေ။

​"သခင်လေး ကျူ ရဲ့ စေတနာကို ကျွန်မ စိတ်ထဲကပဲ လက်ခံလိုက်ပါ့မယ်"

​"ဒါပေမဲ့ ဒီလို ကိစ္စမျိုးက သခင်လေးကို အ​နှောင့်အယှက်ပေး ဖို့ မလိုပါဘူး"

​"ကျွန်မဘာသာ ရှင်းလိုက်မယ်"

​သူမက မညှာမတာပင် ကျူကျင်းချန်ကို ငြင်းပယ်လိုက်သည်။

​သို့သော်လည်း ကျူကျင်းချန်က ဤအခွင့်အရေးကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လွှတ်ခံပါ့မလဲ။

​သူက မျက်လုံးကို အနည်းငယ် ကျဉ်း လိုက်ရင်း ပြုံးကာ "ငါ ပြောလိုက်တဲ့ စကားက ဘယ်တုန်းကမှ ပြန်ရုပ်သိမ်းတယ်လို့ မရှိဘူး"

​"မိန်းကလေးအတွက် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဝယ်ပေးမယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ နောင်တရမှာ မဟုတ်ဘူး"

​ထို့နောက် သူက ကျန့်မိသားစု တာဝန်ခံကို တိုက်ရိုက် လှမ်းကြည့်ကာ ပြော လိုက်သည်။ "ငါ ရှန့်ထျန်း တာအိုကျောက်စိမ်း ၁၆၀၀ ပေးမယ်"

​ရုတ်တရက် ထွက်ပေါ်လာသော အလှည့်အပြောင်းက ကျန့်မိသားစု တာဝန်ခံကိုပင် အနည်းငယ် အငိုက်မိသွားစေသည်။

​သို့သော်လည်း ဈေးနှုန်း မြင့်တက်လာခြင်းက သူ့အတွက်တော့ ဘာပဲပြောပြော ကောင်းသော ကိစ္စတစ်ခု ဖြစ်သည်။

​သူက ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားပြီး ပြုံးလျက် ပြော၏။ "သခင်လေး ကျူ က တကယ့်ကို သဘောထား ကြီးမားတာပဲ"

​"အလှလေး အတွက် ငွေကို ရေလိုသုံးနိုင်တာ၊ ကျင်းရှန် မြို့တစ်ခုလုံးမှာ သခင်လေးထက် ပိုပြီး ရက်ရောတဲ့သူ ရှိလိမ့်မယ်လို့ ကျွန်တော် မယုံဘူး"

​"သခင်လေးနဲ့ နတ်သမီးကျစ်ယန် တို့ရဲ့ ပုံပြင်က ယခုအကြိမ် ဧည့်ခံပွဲရဲ့ အမှတ်တရ အဖြစ်အပျက်တစ်ခု ဖြစ်လာမှာ သေချာတယ်"

​ကျူကျင်းချန်က လက်ကို ဝှေ့ယမ်းပြကာ "အဲ့လိုလည်း မဟုတ်ပါဘူး"

​"ငါက မိန်းကလေး ကျစ်ယန် ရဲ့ ပါရမီကို လေးစားရုံသက်သက်ပါ"

​"အိမ်ရှင်တစ်ယောက်အနေနဲ့ မိန်းကလေး ကျစ်ယန် ရောက်လာတာကို ကြိုဆိုတဲ့ သဘောလို့ပဲ သတ်မှတ်လို့ ရပါတယ်"

​သူတို့နှစ်ဦးက လူမှုရေးအရ စကားများ ပြောလိုက်ကြသည်။

​သို့သော်လည်း ကျူးကျစ်ယန်၏ မျက်နှာကမူ အနည်းငယ် ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။

​သူမအနေဖြင့် ကျူကျင်းချန်၏ ဤကဲ့သို့သော ကျေးဇူးတရားကို လက်ခံရန် လုံးဝ မဖြစ်နိုင်ချေ။

​"သခင်လေး ကျူ ကို တကယ် အနှောင့်အယှက် မပေး ချင်တော့ပါဘူး"

​"ကျွန်မက မြို့ငယ်လေးက လာတာ ဖြစ်ပေမဲ့ ဒီလောက် တာအိုကျောက်စိမ်းကတော့ ပေးနိုင်ပါသေးတယ်"

​"တာအိုကျောက်စိမ်း ၁၇၀၀"

​သူမက တိုက်ရိုက်ပင် ဈေးမြှင့်လိုက်သည်။

​ကျန့်မိသားစု တာဝန်ခံ ချက်ချင်းပင် ဆွံ့အသွားခဲ့သည်။

​ အခြေအနေက သူ ထင်မှတ်ထားသည့်အရာနှင့် အနည်းငယ် ကွာခြားနေကြောင်း ရိပ်မိလိုက်သည်။

​သို့သော်လည်း... ဒါက သူ့အတွက်တော့ ကြီးကြီးမားမား ပတ်သက်မှု မရှိချေ၊ ခုနစ်ရောင်ခြယ် ပိုးပျံကောင်သာ ရောင်းထွက်သွားလျှင် ရပြီ ဖြစ်ပြီး ဈေးနှုန်း ပိုမြင့်လေ ပိုကောင်းလေပင်။

​ထို့ကြောင့် သူက ကျူးကျစ်ယန်ကို ကြည့်ကာ မြှောက်ပင့်သော စကားအချို့ကို ဆက်လက် ပြောဆိုရန် ပြင်ဆင်လိုက်သည်။

​သို့သော်လည်း ကျူကျင်းချန်က သူ့ကို ထိုအခွင့်အရေး မပေးခဲ့ချေ။

​"မိန်းကလေး ကျစ်ယန် က တကယ့်ကို အဲ့လို စရိုက်ရှိတာပဲ"

​"ဒါပေမဲ့ မိန်းကလေးက ဒီလိုဖြစ်လေ၊ ငါက ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို မိန်းကလေးဆီ ပိုပြီး လက်ဆောင်ပေးချင်လေပဲ"

​"ငါ ရှန့်ထျန်း တာအိုကျောက်စိမ်း ၂၀၀၀ ပေးတယ်"

​သူက ပြုံးရွှင်စွာဖြင့် ကျူးကျစ်ယန်ကို ကြည့်လိုက်ရာ မျက်လုံးထဲရှိ အဓိပ္ပာယ်က အလွန် ထင်ရှားနေခဲ့ပြီ ဖြစ်သည်။

​ဒီကျေးဇူးတရားကို မင်း လက်ခံချင်လည်း လက်ခံရမယ်။

​လက်မခံချင်လည်း လက်ခံရမယ်။

​ဒါကို မြင်ရသောအခါ ထန်ထျန်းက ကျူးကျစ်ယန်ကို အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။ "ထားလိုက်ပါတော့"

​"အဲ့ဒီအရာက ငါ့အတွက် အဲ့လောက်အထိ အရေးမကြီးပါဘူး"

​သူက ကျူကျင်းချန်ကဲ့သို့သော လူစားမျိုးနှင့် ဆက်ပြီး အချိန်ကုန်မခံချင်ခြင်းကြောင့်သာ ဖြစ်သည်။

​မကြာခင် သေတော့မည့် လူတစ်ယောက်မျှသာ ဖြစ်ရာ မလိုတော့ ချေ။

​သို့သော်လည်း ကျူးကျစ်ယန်ကမူ ထန်ထျန်း၏ အဓိပ္ပာယ်ကို လွဲမှားစွာ နားလည်သွားခဲ့ပြီး သူက သူ့ကို ပိုက်ဆံအကုန်ခံရမှာ စိုးရိမ်နေသည်ဟု ထင်မှတ်သွားခဲ့သည်။

​"သခင်လေး စိတ်မပူပါနဲ့"

​"ငွေကြေး အင်အားချင်း နှိုင်းယှဉ်ရင် ကျွန်မတို့ ကျူးမိသားစုက သူတို့ ကျူမိသားစုကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

​"ဒါပေမဲ့ ကျွန်မကတော့ သူ့ကို ရှုံးချင်မှ ရှုံးမှာပါ"

​"ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ကျွန်မ သခင်လေးအတွက် အရ ယူပေးမယ်"

​ပြောပြီးနောက် ထန်ထျန်း ဆက်လက် စကားပြောရန် အခွင့်အရေး မပေးတော့ဘဲ သူမက တစ်ဖန် ပြန်လည်၍ ဈေးပြိုင်ပေးလိုက်တော့သည်။

​"တာအိုကျောက်စိမ်း ၂၅၀၀"

​ထိုအချိန်တွင် ကျန့်မိသားစု တာဝန်ခံမှာမူ သွားအကုန်ပေါ်သည်အထိ ပြုံးဖြီးနေခဲ့ပြီ ဖြစ်သည်။

​အခြေအနေအရဆိုလျှင် တကယ့်ကို ချမ်းသာ ပြီဟေ့။

All Chapters