← Chapters

အခန်း (၈၈၉)

Vol. 85 Ch. 889

အခန်း (၈၈၉)

Vol. 85 Ch. 889

အခန်း (၈၈၉) ကျူကျင်းချန်ကို ဖိနှိပ်ခြင်း

​ရုတ်တရက် ထွက်ပေါ်လာသော စျေး ပြိုင်မှု က အမှန်အတိုင်း ပြောရလျှင် အနည်းငယ်တော့ ထူးဆန်းနေခဲ့သည်။

​မူလက ရှန့်ထျန်း တာအိုကျောက်စိမ်း ၁၅၀၀ ဟူသော အလွန်မြင့်မားသည့် ဈေးနှုန်းကြောင့် မည်သူမျှ ဤ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဝယ်ယူသွားရန် အလိုမရှိကြဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

​သို့သော်လည်း လူတိုင်း ထင်မှတ်မထားခဲ့ကြသည်ကတော့ ကူမွေးမြူခြင်း ပညာရပ်တွင် ကျွမ်းကျင်ပုံမရသော ကျူးကျစ်ယန်က ဤမျှအထိ များပြား လှသော ပိုက်ဆံကို အကုန်ခံကာ ဝယ်ယူရန် ဆန္ဒရှိနေခဲ့ခြင်းပင်။

အမြဲတမ်း အတ္တကြီးပြီး ကိုယ်ကျိုးသာ ကြည့်တတ်သော ကျူကျင်းချန်က ရုတ်တရက် စိတ်ကောင်းဝင်လာကာ ကျူးကျစ်ယန်အတွက် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဝယ်ယူပြီး လက်ဆောင်အဖြစ် ပေးမည်ဟု ပြောလာခြင်းကလည်း လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပြန်သည်။

​ဒါတင်မကသေးဘဲ အစောပိုင်းက ဖြစ်ပွားခဲ့သော မပြေလည်မှုများအတွက် တောင်းပန်ခြင်း လက်ဆောင်ဟုလည်း ဆိုသေးသည်။

​မင်းတို့ ကျူကျင်းချန် တောင်းပန်တာမျိုး တစ်ခါမှ မြင်ဖူးကြလို့လား

​ဤကဲ့သို့သော ကိစ္စ၏ မရေရာ မသေချာနိုင်မှု အတိုင်းအတာက ဈေးနှုန်း ၁၅၀၀ သတ်မှတ်ထားသော ခုနစ်ရောင်ခြယ် ပိုးပျံကောင်ထက်ပင် ပိုမို၍ အဓိပ္ပာယ်မရှိနိုင်အောင် ဖြစ်နေခဲ့ရသည်။

​သို့သော်လည်း သူတို့ ထင်မှတ်မထားခဲ့ကြသည်ကတော့ အဓိပ္ပာယ်မရှိသော ကိစ္စများက ယခုမှ စတင်ရုံမျှသာ ရှိသေးခြင်းပင်။

​မြို့ငယ်လေးက လာသော ကျူးကျစ်ယန်က ကျူကျင်းချန်၏ စေတနာကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။

​ထို့နောက်တွင်တော့ သူတို့နှစ်ဦးက ဆန်းကြယ်လှသော စျေးပြိုင်ပွဲ တစ်ခုကို စတင်လိုက်ကြတော့သည်။

​တစ်ယောက်က စေတနာကို အဆက်မပြတ် ဖော်ပြနေပြီး တစ်ယောက်ကတော့ ထိုစေတနာကို အဆက်မပြတ် ငြင်းပယ်နေခဲ့သည်။

​ဤကဲ့သို့သော ဖြစ်စဉ်အတွင်းမှာပင် ခုနစ်ရောင်ခြယ် ပိုးပျံကောင်၏ ဈေးနှုန်းက ပိုမို၍ အဓိပ္ပာယ်မရှိနိုင်လောက်အောင် မြင့်တက်လာခဲ့တော့သည်။

​"တာအိုကျောက်စိမ်း ၈၅၀၀"

​ကျူကျင်းချန်က ကျူးကျစ်ယန်ကို သေချာပေါက် စိုက်ကြည့်နေခဲ့သည်၊ အစောပိုင်းက တည်ငြိမ်အေးဆေးနေသော အမူအရာမျိုးကတော့ ကြာလှပြီ ဖြစ်ရာ ကွယ်ပျောက်နေခဲ့ပြီ ဖြစ်သည်။

​သူက မူလက ကျူးကျစ်ယန်၏ ငွေကြေး အင်အားအရဆိုလျှင် သူမကို အနိုင်ယူရန်အတွက် အလွန် လွယ်ကူသော ကိစ္စတစ်ခုဟု ထင်မှတ်ခဲ့ခြင်းပင်။

​ဘာပဲပြောပြော မြို့ငယ်လေးက လာသူ ဖြစ်ရာ ကျူကျင်းချန်အနေဖြင့် ထိုသို့သောသူများ၏ ဆင်းရဲနွမ်းပါးမှုကို အကြိမ်ကြိမ် မြင်တွေ့ဖူးခဲ့သည်။

​ဤသို့သာ မဟုတ်ပါက ထိုစဉ်က သူက ရှန့်ထျန်း တာအိုကျောက်စိမ်း တစ်တုံးကို ပစ်ပေးပြီး ကျူးကျစ်ယန်ကို သူ့ မယားငယ်အဖြစ် လိုက်ပါရန် ပြောဆိုခဲ့လိမ့်မည် မဟုတ်ချေ။

​နောက်ပိုင်းတွင်မှ သူက ကျူးကျစ်ယန် ရှိနေသည့် ကျူးမိသားစုက ထိုဒေသတွင် အင်အား တော်တော်လေး ကောင်းမွန်သော အမွေအနှစ် မိသားစုတစ်ခု ဖြစ်ပြီး အနည်းငယ်တော့ အခြေခံ အုတ်မြစ် ရှိကြောင်း စုံစမ်းသိရှိခဲ့ရခြင်း ဖြစ်သည်။

​သို့သော်လည်း ဤသို့ဆိုလျှင်ပင် သူက ကျူးကျစ်ယန်ကို မျက်စိထဲ ထည့်ခဲ့ခြင်း မရှိချေ။

​တာအိုကျောက်စိမ်း တစ်တုံးနဲ့ မရရင် တစ်ထောင်ဆိုရင်ကော

​တစ်ထောင်နဲ့ မရရင် နှစ်ထောင်၊ သုံးထောင်၊ နောက်ဆုံးတော့ ရသွားရမည် မဟုတ်ပါလော။

​သို့သော်လည်း သူ့ကို လုံးဝ ထင်မှတ်မထားစေခဲ့သည်ကတော့ ကျူးကျစ်ယန်၏ ငွေကြေး အင်အားက သူ့ခန့်မှန်းချက်ထက် များစွာ ပိုမို လွန်ကဲနေခဲ့ခြင်းပင်။

​ခုနစ်ရောင်ခြယ် ပိုးပျံကောင်၏ ဈေးနှုန်းက တာအိုကျောက်စိမ်း တစ်သောင်း နီးပါးအထိ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီ ဖြစ်သော်လည်း ကျူးကျစ်ယန်ကမူ သူ့နောက်သို့ ကပ်လျက် လိုက်ပါနေဆဲ ဖြစ်ပြီး အနည်းငယ်မျှပင် နောက်ဆုတ်မည့် အရိပ်အယောင် မရှိချေ။

​ကျူမိသားစု၏ ငွေကြေး အင်အားက နက်ရှိုင်းလှသည် ဆိုသော်လည်း သူက ကျူမိသားစု၏ သခင်လေးတစ်ယောက်မျှသာ ဖြစ်ရကား အသုံးပြုနိုင်သည့် အတိုင်းအတာက အကန့်အသတ် ရှိပေသည်။

​တစ်သောင်း... ဒါက အမြင့်ဆုံးပဲ။

​"တော်လောက်ပြီ မဟုတ်လား... မိန်းကလေး ကျစ်ယန်"

​ကျူကျင်းချန်က အသံကို နှိမ့်ကာ ပြော၏။ "ဒီလောက် တာအိုကျောက်စိမ်း အမြောက်အမြားက မိန်းကလေးအတွက်တော့ တကယ့်ကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေရပြီ"

​"ငါ့ရဲ့ စေတနာကို ငြင်းပယ်ချင်တယ် ဆိုရင်တောင်မှ ဒီလောက် ကြီးမားတဲ့ စျေးနှုန်း မျိုး ပေးဖို့ မလိုပါဘူး"

​"ငါ မိန်းကလေးကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး"

​သူက ယခုအချိန်တွင်တော့ တည်ငြိမ်မှုကို လုံးဝ ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။

​လက်ရှိအချိန်အထိ ရောက်ရှိလာသောအခါ ဘေးတွင် ရှိနေကြသော လူအုပ်ကြီးကလည်း ဘာကိစ္စလဲဆိုတာကို အခြေခံအားဖြင့် ခန့်မှန်းမိသွားကြပြီ ဖြစ်သည်။

​တကယ်တော့... သူက နတ်သမီးကျစ်ယန်ရဲ့ ခန္ဓာကိုယ်ကိုပဲ မက်မောနေကြတုန်းပဲကိုး။

​ထားလိုက်ပါတော့၊ သူ့အပေါ် ထားတဲ့ အမြင်ကတော့ ဒီအတိုင်းပဲမို့ ပြန်ပြီး သုံးသပ်နေဖို့ မလိုတော့ပါဘူး။

​သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ကျူကျင်းချန်က သံမဏိပြားကို ကန်မိသွားပုံရသည်၊ သွေးအန်အောင် ပိုက်ဆံအကုန်မခံဘဲ ဖြစ်နိုင်ခြေ မရှိတော့ချေ။

​သို့သော် ကျူးကျစ်ယန်၏ ငွေကြေး အင်အားက သူတို့ ထင်မှတ်ထားသည်ထက် ပိုမို၍ နက်ရှိုင်းနေဆဲပင်။

​"အော်..."

​သူမက မျက်ခုံးကို ပင့်လိုက်ရင်း ပြော သည်။ "ဒီစျေးနှုန်း က... ကြီးမားလို့လား"

​"အဲ့လောက်လည်း မဟုတ်ပါဘူး၊ ကျွန်မကတော့ အဆင်ပြေတယ်လို့ ခံစားရတယ်"

​"သခင်လေး ကျူနဲ့တော့ နှိုင်းယှဉ်လို့ မရနိုင်ပေမဲ့ ဆက်ပြီး ဈေးပြိုင်ပေးဖို့ကတော့ ရှိပါသေးတယ်"

​"တာအိုကျောက်စိမ်း ၉၀၀၀"

​သူမက ကျူကျင်းချန်နှင့် အပြတ်အသတ် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ကို ရေထဲ ဆွဲချရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

​နင် ငါ့ကို အဆင်မပြေအောင် လုပ်နေမှတော့ ငါက နင့်ကို အဆင်ပြေအောင် လွှတ်ထားပေးလိမ့်မယ်လို့ မျှော်လင့်နေတာလား

​ယခုအချိန်တွင် ခုနစ်ရောင်ခြယ် ပိုးပျံကောင်၏ ဘေးပတ်ပတ်လည်တွင် ပွဲကြည့်လိုကြသော လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

​သူတို့အားလုံးက ကျင်းရှန် မြို့တွင် မျက်နှာပန်း လှကြသူများ ဖြစ်ကြသည်။

​အကယ်၍ ကျူကျင်းချန်က နောက်ဆုံးတွင် လက်လျှော့လိုက်ပါက သူ့မျက်နှာကတော့ ကျင်းရှန် မြို့ထဲတွင် တော်တော်လေး ပျက်ယွင်းသွားရပေလိမ့်မည်။

​ရှောင်ယင်လည်း အစောကြီးကတည်းက ပြေးလာခဲ့ပြီး နှစ်ဦးသား ဈေးပြိုင်ပေးနေသည်ကို ကြည့်ကာ တစ်ဖက်မှလည်း အေးအေးလူလူပင် နေကြာ စေ့များကို ဝါးစားနေခဲ့သည်။

​ထန်ထျန်းလည်း တကယ်ကို အံ့ဩနေခဲ့သည်၊ ဤ သခင်နှင့် အစေခံ နှစ်ဦးက ကျင်းရှန် မြို့သို့ ရောက်ရှိလာပြီးနောက် ပိုက်ဆံ နည်းနည်းနောနော သုံးစွဲခဲ့ကြသည် မဟုတ်ရာ သူတို့၏ ငွေကြေး အင်အားက ဤမျှအထိ ထူးခြားလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

​"မင်း မစိုးရိမ်ဘူးလား"

​ထန်ထျန်းက မေးမြန်းလိုက်သည်။

​ရှောင်ယင် ချက်ချင်းပင် ဆွံ့အသွားကာ "ဘာကို စိုးရိမ်ရမှာလဲ"

​ထန်ထျန်းက ပြော၏။ "မင်းတို့ သခင်မလေးက... ကျူကျင်းချန်ကို ဖိနှိပ်နိုင်ပါ့မလား"

​ရှောင်ယင်က အော် ဟု ရေရွတ်လိုက်ပြီးနောက် တဟီးဟီးရယ်ကာ ပြောသည်။ "ပြဿနာ သိပ်မရှိနိုင်ပါဘူး"

​"ကျွန်မတို့ဆီမှာ အခြားအရာတွေ မရှိရင်တောင်မှ တာအိုကျောက်စိမ်းလို အရာမျိုးကတော့ သိပ်ပြီး မပြတ်လတ်ပါဘူး"

​"မြင့်မြတ်နန်းတော် က သခင်လေး ကျိယွီ ကို ခေါ်သွားတုန်းက ရှန့်ထျန်း တာအိုကျောက်စိမ်း အမြောက်အမြား ချန်ထားပေးခဲ့တာ"

​"အဲ့ဒီထဲက မိသားစုက ရှစ်ဆယ် ရာခိုင်နှုန်း ကို ယူသွားပြီး ကျန်တဲ့ နှစ်ဆယ် ရာခိုင်နှုန်း ကတော့ ကျွန်မတို့ သခင်မလေး မှာ ရှိနေတာ"

​ထန်ထျန်းက မျက်ခုံးကို အသာအယာ ပင့်လိုက်ရင်း "ဘယ်လောက်တောင် ရှိလဲ"

​ရှောင်ယင် ခဏမျှ စဉ်းစားပြီးနောက် ပြော၏။ "တစ်သန်း နီးပါးလောက် ရှိမယ် ထင်တယ်"

​ထန်ထျန်း အနည်းငယ် အံ့ဩသွားခဲ့သည်။

​ဆိုလိုသည်မှာ မြင့်မြတ်နန်းတော် က ကျူးကျိယွီကို ခေါ်ဆောင်သွားရန်အတွက် ရှန့်ထျန်း တာအိုကျောက်စိမ်း ငါးသန်းကျော်အထိ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

​ အရင်းအမြစ်များ ရှားပါးလှသော ယခုခေတ်ကာလတွင် တာအိုကျောက်စိမ်း ငါးသန်းဆိုသည်က အလွန် မက်လောက်စရာကောင်းသော ပမာဏ ဖြစ်သည်။

​ဘာပဲပြောပြော ကျူးကျိယွီက အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ရှိသေးသည် မဟုတ်ပါလော။

​သဘာဝကျစွာပင် ကျူးကျိယွီ၏ ပါရမီက အဓိက အကြောင်းပြချက် ဖြစ်ပေလိမ့်မည်။

​သို့သော်လည်း ဤမျှလောက်ဆိုလျှင်ပင် အလွန် များပြားလှပေသည်။

​ဒါက ထန်ထျန်းကို ဤ လျှို့ဝှက်ဆန်းကြယ်လှသော မြင့်မြတ်နန်းတော် အပေါ် စိတ်ဝင်စားမှု ပိုမို တိုးပွားလာစေသည်။

​"သခင်လေး ကျိယွီ ရဲ့ ကိစ္စအတွက် ကျွန်မတို့ စုစုပေါင်း တာအိုကျောက်စိမ်း သိန်း ဂဏန်းလောက် သုံးခဲ့ပြီးပြီ"

​"အခုလည်း သိန်း ဂဏန်းလောက် ရှိနေသေးတာပဲ"

​"ပြဿနာ မရှိပါဘူး၊ စိတ်ချပါ"

​ရှောင်ယင်က ပြောလိုက်သည်။

​ထန်ထျန်း ခေါင်းညိတ်ပြလိုက်၏။

​ဤသို့ဆိုလျှင်တော့ တကယ်ပင် ပြဿနာ မရှိနိုင်ချေ၊ အဘယ်ကြောင့်ဆိုသော် ကျူကျင်းချန်က သူ့ရဲ့ အကန့်အသတ်ကို ရောက်ရှိလုနီးပါး ဖြစ်နေပုံရသောကြောင့်ပင်။

​သို့သော်လည်း ထန်ထျန်းတွင် အခြားသူများကို ပိုက်ဆံအကုန်ခံခိုင်းသည့် အကျင့်မျိုး မရှိချေ။

​သူက သူကိုယ်တိုင် ရှေ့ထွက်၍ မရှင်းချင်ခြင်းကြောင့်သာ ဖြစ်သည်။

​ကိစ္စများ ပြီးဆုံးသွားသည့်အခါ တာအိုကျောက်စိမ်းများကို ကျူးကျစ်ယန်ထံ ပြန်လည် ပေးလိုက်လျှင် ရပေသည်၊ ထိုအရာက သူ့အတွက်တော့ အသုံးမဝင်ချေ။

​ထို့နောက် သူက ဆက်လက်၍ စောင့်ကြည့်နေခဲ့သည်။

​ကျူးကျစ်ယန်က နောက်တစ်ကြိမ် ထပ်မံ ဈေးပေးလိုက်သည်ကို မြင်ရသောအခါ ကျူကျင်းချန်၏ မျက်နှာပေါ်ရှိ ကြွက်သားများက အနည်းငယ် တုန်ခါသွားခဲ့ကြသည်။

​တာအိုကျောက်စိမ်း ၉၀၀၀...

​ဒါက သူ့ရဲ့ အကန့်အသတ် ဖြစ်နေပြီ။

​သို့သော်လည်း ယခုအချိန်တွင် လူအများ၏ စောင့်ကြည့်ခြင်း ခံနေရသည့် အခြေအနေအောက်တွင် အကယ်၍ သူက ဆက်လက် ဈေးမပြိုင်ပါက ကျင်းရှန် မြို့ထဲတွင် နောက်ပိုင်းကာလ၌ ရေပန်းစားလှသော ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။

​နောက်ဆုံးတွင်တော့ သူက သွားကို တင်းတင်းကြိတ်ကာ ခုနစ်ရောင်ခြယ် ပိုးပျံကောင်၏ ဈေးနှုန်းကို နောက်တစ်ဆင့် မြှင့်တင်လိုက်တော့သည်။

​"တာအိုကျောက်စိမ်း တစ်သောင်း"

​ထို့နောက် သူက ကျူးကျစ်ယန်ကို စိုက်ကြည့်ကာ သတိပေးသည့် လေသံဖြင့် ပြော လိုက်၏။ "မိန်းကလေး ကျစ်ယန်... တကယ် တော်လောက်ပြီ"

​သို့သော်လည်း ကျူးကျစ်ယန်ကမူ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့် အခြား ဈေးနှုန်းတစ်ခုကို ခေါ် လိုက်သည်။

​"တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင်"

​ကျူကျင်းချန် သွားကို တင်းတင်းကြိတ်ထားမိသည်၊ မျက်လုံးထဲတွင် သွေးကြောမျှင်များပင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

​"ကျူးကျစ်ယန်"

​"မင်းက တကယ်ပဲ ငါနဲ့ ဆန့်ကျင် ဖို့ ဆုံးဖြတ်ထားတာလား"

​သူက အေးစက်စွာ အော်ဟစ်လိုက်သည်။

​သူ့ခန္ဓာကိုယ်ပေါ်ရှိ ထို ယုတ်မာညစ်ထေးလှသော သတ်ဖြတ်ခြင်း အရှိန်အဝါက မထိန်းချုပ်နိုင်အောင်ပင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

​သို့သော် ကျူးကျစ်ယန်ကမူ အစအဆုံး တည်ငြိမ်နေဆဲ ဖြစ်ပြီး အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။

​"သခင်လေး ကျူ... ရှင် အခုထိ မသိသေးဘူးလား"

​"ရှင် ကျွန်မရဲ့ လူတွေကို အန္တရာယ်ပြုဖို့ ကြံစည်ခဲ့တဲ့ အချိန်ကတည်းက ကျွန်မတို့က ဆန့်ကျင်ဘက် နေရာမှာ ရပ်တည်ဖို့ သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပြီ"

​"ပါရမီရှင် ရွေးချယ်ပွဲ မှာ ကျွန်မတို့ကြား တိုက်ပွဲတစ်ခု ရှိလာမှာ သေချာတယ်"

​"ဒါပေမဲ့ ရှင်က ဒီတိုက်ပွဲကို ကြိုတင်ပြီး စချင်တယ် ဆိုရင်လည်း ကျွန်မ ငြင်းမှာ မဟုတ်ပါဘူး"

​ပြောပြီးနောက် နတ်ဘုရား အဖြစ် ပြောင်းလဲ ခြင်း တတိယအဆင့် ကျင့်ကြံခြင်း အော်ရာ က သူမ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။

​ကျူကျင်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ပြီး အနည်းငယ်မျှ နောက်ဆုတ်ခြင်း မရှိချေ။

​ဘေးပတ်ပတ်လည်ရှိ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် အံ့ဩသွားသော အမူအရာများ ဖော်ပြလိုက်ကြတော့သည်။

​"ထပ်ပြီး အဆင့်တက်ပြန်ပြီ"

​"နတ်သမီးကျစ်ယန် ရဲ့ ပါရမီက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်"

​"သူမရဲ့ ငွေကြေး အင်အားကလည်း ဤမျှအထိ နက်ရှိုင်းနေတာ၊ ကြည့်ရတာ ကျူကျင်းချန်က ယခုတစ်ကြိမ်တော့ သံမဏိပြားကို အမှန်အကန် ကန်မိသွားတာပဲ"

​ကျူးကျစ်ယန်၏ ခန္ဓာကိုယ်ပေါ်မှ အော်ရာ ကို ခံစားမိရသောအခါ ကျူကျင်းချန် ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

​သို့သော်လည်း နောက်ဆုံးတွင်တော့ သူက သူ့ ဒေါသကို အတင်းအကြပ် ပြန်လည် ဖိနှိပ်လိုက်ရုံသာ ရှိတော့သည်။

​"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်"

​သူက အေးစက်စွာ ပြော၏။ "ငါ တကယ်ပဲ မင်းကို ပိုပြီး သဘောကျလာပြီ"

​"ပါရမီရှင် ရွေးချယ်ပွဲ မစတင်ခင်မှာ မင်းကိုယ်မင်း သေသေချာချာ ဂရုစိုက်ထားနိုင်ဖို့ မျှော်လင့်ပါတယ်"

​"မင်းနဲ့ ငါ့ကြားက တိုက်ပွဲကို ငါ တကယ် မျှော်လင့်နေတယ်၊ အဲ့ဒီအချိန်ကျရင် မင်းကို မတွေ့ရတော့တာမျိုး မဖြစ်ပါစေနဲ့"

​ပြောပြီးနောက် သူက အင်္ကျီ လက်စ ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။

​သို့သော်လည်း မထွက်ခွာမီတွင် သူ့အကြည့်က ထန်ထျန်း၏ ကိုယ်ပေါ်၌ ခဏမျှ ရပ်တန့်သွားခဲ့သည်။

​ထန်ထျန်းကတော့ မေးစေ့ကို ပွတ်နေခဲ့သည်။

​ဒီလိုဆိုမှတော့...

​မင်းတို့ကို ဖြည့်ဆည်းပေးလိုက်ရင် ကောင်းမလား

​ကျူမိသားစုမှာ ကျူကျင်းချန် တစ်ယောက်တည်းပဲ ကျန်အောင် လုပ်ပေးလိုက်ရင်လည်း ရတာပဲလေ

All Chapters