← Chapters

အခန်း (၈၉၀)

Vol. 85 Ch. 890

အခန်း (၈၉၀)

Vol. 85 Ch. 890

အခန်း (၈၉၀) တုန်လှုပ်ချောက်ချားသွားသော သခင်နှင့် အစေခံ

​ကျူကျင်းချန်၏ မျက်နှာကတော့ ယခုအကြိမ် ဧည့်ခံပွဲတွင် တကယ့်ကို အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်သည်။

​ဘေးပတ်ပတ်လည်တွင် ရှိနေကြသူများအားလုံးက ကျင်းရှန် မြို့၏ အာဏာရှိ၊ အရှိန်အဝါရှိသော အထက်တန်းလွှာ လူကြီးလူကောင်းများ ဖြစ်ကြရာ ဤကိစ္စက မြို့တစ်ခုလုံးဆီသို့ အလျင်အမြန်ပင် ပြန့်နှံ့သွားတော့မည်မှာ သေချာပေသည်။

​ဒုတိယအကြီးဆုံး အင်အားစုအဖြစ် သတ်မှတ်ခံထားရသော ကျူမိသားစု၏ သခင်လေး က ငွေကြေး အင်အားအပိုင်းတွင် မြို့ငယ်လေးတစ်ခုမှ လာသော မိန်းကလေးတစ်ဦးကို ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလော။

​ဒါ့အပြင် အကဲခတ်တတ်သူတိုင်းက ကျူကျင်းချန်၏ ရည်ရွယ်ချက်ကို မြင်တွေ့နိုင်ကြသည်၊ သူက ဤအရာမှတစ်ဆင့် ကျူးကျစ်ယန်ကို သူ့လက်ခုပ်ထဲက ရေကဲ့သို့ ချုပ်ကိုင်ထားချင်ခြင်း ဖြစ်သည်။

​ရလဒ်အနေဖြင့် ရည်ရွယ်ချက် မအောင်မြင်ခဲ့ရုံသာမကဘဲ အရှုံးကြီး ရှုံးနိမ့်သွားခဲ့ရသည်။

​ကျူးကျစ်ယန်ကို ပြန်ကြည့်လျှင်တော့ သူမက ကိစ္စကို အလွန် လှပပြေပြစ်စွာ ကိုင်တွယ်ဖြေရှင်းသွားခဲ့သည်။

​ပထမဦးစွာ သူမက သူမ၏ ငွေကြေး အင်အားကို ပြသခဲ့သည်၊ ဤသည်က အခြားလူများ ထင်မှတ်ထားသလို ကျင်းရှန် မြို့နှင့် အဆင့်အတန်း အများကြီး ကွာခြားနေပြီး ရှန့်ထျန်း တာအိုကျောက်စိမ်း တစ်တုံးလောက်နှင့် နှင်ထုတ်၍ရသော အဆင့်မျိုး မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

​ဒုတိယအနေဖြင့် သူမက သူမ၏ အလွန် ကြောက်စရာကောင်းသော ပါရမီကို နောက်တစ်ကြိမ် ထပ်မံ ပြသလိုက်ပြန်သည်၊ တိုတောင်းလှသော ရက်ပိုင်းအတွင်းမှာတင် နတ်ဘုရား အဖြစ် ပြောင်းလဲခြင်း အဆင့်သို့ စတင်ခြေချရာ မှ နတ်ဘုရား အဖြစ် ပြောင်းလဲခြင်း တတိယအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

​ဤကဲ့သို့သော ထိတ်လန့်ဖွယ်ရာ အဆင့်တက်လှမ်းမှု အမြန်နှုန်း က လူတိုင်းကို တကယ့်ကို အံ့မခန်း ဖြစ်ရပ်တစ်ခုအဖြစ် ရေရွတ်မိစေသည်။

​နောက်ဆုံးအနေဖြင့် ကျူးကျစ်ယန်က ဤအရာမှတစ်ဆင့် သူ့ ရပ်တည်ချက်ကိုလည်း ဖော်ပြလိုက်သေးသည်။

​ထိုအရာကတော့ သူမ၏ လူများ ပင် ဖြစ်သည်။

​ဆိုလိုသည်မှာ သူမဘေးရှိ ရှောင်ယင်နှင့် ယနေ့ ပထမဆုံးအကြိမ် မြင်တွေ့ရသော သူစိမ်းအမျိုးသား ထန်ထျန်း တို့ ဖြစ်ကြသည်။

​ထိုသူများက သူမ၏ တန်ပြန်ကြေးခွံ များ ဖြစ်ကြသည်။

​အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို လက်ဖျားနှင့်ပင် တို့ဝံ့ပါက နင်က ကျူမိသားစုရဲ့ သခင်လေး ဖြစ်နေပါစေဦးတော့၊ ကျူးကျစ်ယန်ကလည်း နောက်ဆုတ်ခြင်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်ရန် တုံ့ဆိုင်းနေမည် မဟုတ်ချေ။

​ဤ ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို အကဲဖြတ်သည့်ပွဲတွင် သူမ၏ ကိုင်တွယ်ပုံက ပြီးပြည့်စုံလုနီးပါး ရှိခဲ့သည်ဟု ဆိုရပေမည်။

​တစ်ချက် ရှိတာကတော့ ... စျေးနှုန်းက တကယ့်ကို ကြီးမားလွန်းလှပေသည်။

​ကျူကျင်းချန် ထွက်ခွာသွားပြီးနောက် ကျန့်ဖုန်း လျှောက်လာခဲ့ပြီး မူလ စျေးနှုန်း အတိုင်းပင် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ကျူးကျစ်ယန်ထံ ရောင်းချပေးနိုင်ကြောင်း ပြောလာခဲ့သည်။

​ဘာပဲပြောပြော ကျူးကျစ်ယန်၏ လက်ရှိ စွမ်းဆောင်ရည်အရဆိုလျှင် သူမအပေါ် ရင်းနှီးမြှုပ်နှံခြင်းက သေချာပေါက် တွက်ခြေကိုက်မည့် ကိစ္စတစ်ခု ဖြစ်သည်။

​သို့သော်လည်း ကျူးကျစ်ယန်က ဤစေတနာကို ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။

​ကျူကျင်းချန်က ဤကဲ့သို့သော ကျေးဇူးတရားကို အသုံးပြုပြီး သူမကို ချုပ်ကိုင်ချင်နေတာ၊ ကျန့်ဖုန်းကကော ထိုသို့ မလုပ်ဘူးလို့ ပြောနိုင်မလား

​တစ်ကိုယ်တည်း အပြင်ထွက်လာသူ ဖြစ်ရာ သူမတွင် အမှီသဟဲပြုစရာ လုံလောက်သော အာဏာမရှိချေ၊ ဤကဲ့သို့သော အာဏာရှိ၊ အရှိန်အဝါရှိသူများ ပြည့်နှက်နေသည့် အထက်တန်းလွှာ လောကထဲတွင် လှုပ်ရှားရသည့်အခါ သတိကြီးကြီးထားခြင်းက ပိုမို ကောင်းမွန်ပေသည်။

​ကျန့်ဖုန်းကလည်း ကျူကျင်းချန်ကဲ့သို့ အာဏာပြတတ်သူ မဟုတ်ရာ ကျူးကျစ်ယန်က ငြင်းပယ်သည်ကို မြင်သောအခါ အတင်းအကြပ် တောင်းဆိုခြင်း မပြုတော့ချေ။

​ထို့ကြောင့် နောက်ဆုံးတွင် ကျူးကျစ်ယန်က ရှန့်ထျန်း တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင် ဟူသော အလွန်မြင့်မားသည့် စျေးနှုန်းဖြင့် ခုနစ်ရောင်ခြယ် ပိုးပျံကောင်နှင့် သာမန် ပိုးပျံကောင်များ ပြည့်နှက်နေသော ခရစ်စတယ် သေတ္တာကို လက်ဝယ် ရရှိသွားခဲ့တော့သည်။

​ခဏအကြာတွင် ထန်ထျန်း၊ ကျူးကျစ်ယန်၊ ရှောင်ယင်တို့ သုံးဦးက မည်သူမျှ မနှောင့်ယှက်နိုင်သော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။

​ထို့နောက် ကျူးကျစ်ယန်က ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ထန်ထျန်းထံ ကမ်းပေးလိုက်သည်။

​"ကျေးဇူးပဲ"

​ထန်ထျန်းက ထိုအရာကို သိမ်းဆည်းလိုက်သည်။

​ကျူးကျစ်ယန်က ပြုံးလျက် ပြော၏။ "ကျွန်မအပေါ် ထားတဲ့ သခင်လေးရဲ့ ကျေးဇူးတရားနဲ့ နှိုင်းယှဉ်ရင် ဒါတွေက ဘာမှ မဟုတ်ပါဘူး"

​" သခင်လေး လိုအပ်တာ တခြား ရှိသေးရင်လည်း ကျွန်မကို တိုက်ရိုက် ပြောလို့ ရပါတယ်"

​"ကျစ်ယန် အနေနဲ့ သခင်လေးအတွက် အစွမ်းကုန် အရ ယူပေးပါ့မယ်"

​ထန်ထျန်းက လက်ကို ဝှေ့ယမ်းပြကာ "တခြားတော့ မရှိပါဘူး၊ ဒါပါပဲ"

​"တကယ်တော့ ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်အပေါ် ငါက ရုတ်တရက် စိတ်ဝင်စားမှု နည်းနည်း ရှိသွားရုံသက်သက်ပါ၊ မင်း ငါ့ကိစ္စကို သိပ်ပြီး စိတ်ထဲ ထားမနေပါနဲ့၊ မင်းကိုယ်မင်းပဲ သေသေချာချာ ဂရုစိုက်ပါ"

​"ဒါ့အပြင်..."

​ပြောရင်းဖြင့် ထန်ထျန်းက သူ့ သိုလှောင် နေရာလွတ် ထဲသို့ လှမ်းကြည့်လိုက်သည်၊ ထိုနေရာတွင် တောင်တန်းတစ်ခုကဲ့သို့ ပုံနေသော ရှန့်ထျန်း တာအိုကျောက်စိမ်းများထဲမှ တစ်ဆုပ်စာခန့်ကို အမှတ်မထင် နှိုက်ယူလိုက်ပြီး သိုလှောင်ကျောက်တုံး တစ်တုံးထဲသို့ ထည့်ကာ ကျူးကျစ်ယန်၏ ရှေ့သို့ ချပေးလိုက်သည်။

​"တာအိုကျောက်စိမ်း တစ်သောင်းကျော်ဆိုတာ မင်းအတွက်တော့ နည်းတဲ့ ပမာဏ မဟုတ်ဘူး"

​"အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်မှာလည်း အထောက်အကူအဖြစ် မင်း ဒါတွေကို လိုအပ်လိမ့်မယ်"

​"နောက်ဆိုရင် ပိုက်ဆံကို လျှောက်မသုံးနဲ့"

​ရှေ့ရှိ သိုလှောင်ကျောက်တုံးကို ကြည့်ကာ ကျူးကျစ်ယန်ကတော့ အတွင်းထဲတွင် ဘာရှိနေမည်ကို သဘာဝကျစွာ ခန့်မှန်းမိပေသည်။

​သူမက အမြန် ပြုံးလျက် ပြော၏။ "သခင်လေးက တကယ့်ကို အားနာစရာပဲ"

​"ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ"

​"သခင်လေး ပိုက်ဆံအကုန်ခံဖို့ မလိုပါဘူး၊ ကျွန်မမှာ ရှိတဲ့ တာအိုကျောက်စိမ်းက လက်ရှိအဆင့်အတွက် လုံလောက်ပါသေးတယ်"

​ထန်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းပြကာ "ငါ့မှာ အခြားသူတွေကို ပိုက်ဆံအကုန်ခံခိုင်းတဲ့ အကျင့်မရှိဘူး"

​"မင်းကို ရှေ့ထွက်ပြီး ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို ဝယ်ခိုင်းတာကလည်း လူအများရဲ့ အာရုံစိုက်တာ ကို မခံချင်လို့ပဲ"

​"ယူခိုင်းရင် ယူထားလိုက်"

​"ပိုတဲ့ တာအိုကျောက်စိမ်း နည်းနည်းပါးပါးကတော့ မင်းနဲ့ ရှောင်ယင်အတွက် မုန့်ဖိုးလို့ပဲ သဘောထားလိုက်ပါ"

​"ရှောင်ယင်ရဲ့ ကျင့်ကြံခြင်း ပါရမီကလည်း မဆိုးပါဘူး၊ ဒါကို ဒီအတိုင်း ဖြုန်းတီးမပစ်လိုက်နဲ့"

​"ဒါ့အပြင် ပါရမီရှင် ရွေးချယ်ပွဲ ကလည်း မကြာခင် စတော့မှာ ဆိုတော့ ကိုယ့်ကိုယ်ကိုအတွက် လိုအပ်တာလေးတွေ သေသေချာချာ ပြင်ဆင်ထားဦး"

​ထန်ထျန်း၏ ငြင်းပယ်ရန် မပြတ်သားသော လေသံကို ကြားရသောအခါ ကျူးကျစ်ယန်၏ အမူအရာက အနည်းငယ် ကူကယ်ရာမဲ့သွားရသည်။

​သူမက မူလက သူမ၏ စေတနာကို ဖော်ပြရန် အခွင့်အရေး ရပြီဟု တွေးထားခဲ့ခြင်းပင်။

​သို့သော်လည်း ဆက်ပြီး လက်မခံပါက ထန်ထျန်းက သေချာပေါက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရပေလိမ့်မည်။

​"ဒါဆိုရင်တော့ သခင်လေးကို တကယ် ကျေးဇူးတင်ပါတယ်"

​ကျူးကျစ်ယန် ကူကယ်ရာမဲ့နေသော်လည်း သိုလှောင်ကျောက်တုံးကိုသာ လက်ခံလိုက်ရုံ ရှိတော့သည်။

​ထို့နောက် သိုလှောင်ကျောက်တုံးကို ဘေးရှိ ရှောင်ယင်ထံ ကမ်းပေးလိုက်သည်။

​သူတို့၏ ငွေကြေး စီမံမှုကတော့ အမြဲတမ်း ရှောင်ယင်ကသာ တာဝန်ယူ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

​"သခင်လေးက ဒီလိုဆိုတော့ ကျွန်မအနေနဲ့ သခင်လေးရဲ့ ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး"

​" သခင်လေးသာ မရှိရင် ကျွန်မနဲ့ ရှောင်ယင်က ကျင်းရှန် မြို့ကနေ အတင်း ထွက်သွားရလောက်ပြီ ထင်တယ်"

​ကျူးကျစ်ယန်က အနည်းငယ် နေမထိထိုင်မသာဖြစ်စွာ ပြောလိုက်သည်။

​လူမှုရေး ကျေးဇူးတရား အပိုင်းတွင် သူမက တော်တော်လေး အလေးအနက် ထားတတ်သူ ဖြစ်သည်။

​ထန်ထျန်းကတော့ လက်ကို ဝှေ့ယမ်းပြကာ ပြော၏။ "ဒီလို ကိစ္စတွေကို စိတ်ထဲ သိပ်မထားပါနဲ့"

​"မင်းတို့က ငါ့ကို လွင်ပြင်ကျယ်ကြီးထဲကနေ ကျင်းရှန် မြို့ဆီ ခေါ်လာပေးကတည်းက ကျေးဇူးဆပ်ပြီးသား ဖြစ်နေပါပြီ"

​" မင်းတို့သာ မရှိရင်..."

​"ငါ ဘယ်အချိန်မှ နိုးလာမလဲဆိုတာ မသိနိုင်ဘူး"

​ကျူးကျစ်ယန် ခဏမျှ ဆွံ့အသွားသည်၊ ထန်ထျန်း၏ စကားထဲရှိ အဓိပ္ပာယ်ကို သူမ သိပ်ပြီး နားမလည်ချေ။

​ထန်ထျန်း၏ အစွမ်းဖြင့်ဆိုလျှင် ကျင်းရှန် မြို့သို့ လာရန်အတွက် သူမတို့၏ အကူအညီကို ဘယ်လိုလုပ်ပြီး လိုအပ်ပါ့မလဲ

​သို့သော်လည်း သူမ စဉ်းစားနေစဉ်အတွင်းမှာပင် ဘေးရှိ ရှောင်ယင်က ရုတ်တရက် အော်ဟစ်လိုက်တော့သည်။

​"အား"

​သူမက ထိတ်လန့်သွားသော ယုန်သူငယ်လေးတစ်ကောင်ကဲ့သို့ ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်သည်။

​လက်နှစ်ဖက်က ထန်ထျန်း စောစောတုန်းက ပေးခဲ့သော သိုလှောင်ကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်လုံးများ ပြူးလျက် မျက်နှာထက်တွင် လုံးဝ မယုံကြည်နိုင်သော အမူအရာများ ပြည့် နှက်နေခဲ့ပြီ ဖြစ်သည်။

​"ဘာဖြစ်လို့လဲ"

​"လန့် သွားတာပဲ"

​ကျူးကျစ်ယန်က မေးမြန်းလိုက်သည်။

​ရှောင်ယင်၏ အမူအရာက ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်၊ ကျူးကျစ်ယန်ကို ကြည့်လိုက်ပြီးနောက် အခြားတစ်ဖက်တွင် ထိုင်နေသော ထန်ထျန်းကို ပြန်ကြည့်လိုက်သည်။

​"အစ်ကိုထန်..."

​"ရှင်... တစ်ခုခု မှားသွားတာလား..."

​"အဲ့ဒီ ခုနစ်ရောင်ခြယ် ပိုးပျံကောင်က တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင် လေ..."

​သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ကျူးကျစ်ယန် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိတော့သည်။

​"ရှောင်ယင်"

​"လျှောက်မပြောနဲ့"

​"ခုနစ်ရောင်ခြယ် ပိုးပျံကောင်က မူလကတည်းက သခင်လေးကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာ၊ သူ ငါ တို့ကို ဘယ်လောက်ပေးပေး အဲ့လောက်ပဲ၊ အဲ့လောက်အထိ တွက်ကပ်မနေနဲ့"

​သူမက သိုလှောင်ကျောက်တုံးထဲရှိ တာအိုကျောက်စိမ်း ပမာဏက တစ်သောင်းတစ်ထောင် မပြည့်ဟု ထင်မှတ်သွားပုံရပြီး ရှောင်ယင်ကို အမြန်ပင် ပြစ်တင်ဆူပူ လိုက်ခြင်း ဖြစ်သည်။

​ရှောင်ယင်ကတော့ မျက်တောင်တဖျတ်ဖျတ် ခတ်လျက် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။

​"အာ..."

​"ဒါပေမဲ့..."

​"ဒီထဲက တာအိုကျောက်စိမ်း အရေအတွက်က တကယ်ကို ကွာခြားချက် ကြီးမားလွန်းလို့ပါ..."

​"သခင်မလေး ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ..."

​ပြောပြီးနောက် သိုလှောင်ကျောက်တုံးကို ကျူးကျစ်ယန်ထံ ကမ်းပေးလိုက်သည်။

​ကျူးကျစ်ယန်၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်သွားရသည်၊ ဤမိန်းကလေးက အမြဲတမ်း ထက်မြက်လှသော်လည်း ဘာဖြစ်လို့ ယခုအချိန်ကျမှ ရုတ်တရက် မိုက်မဲသွားရတာလဲ

​အတွင်းထဲတွင် တာအိုကျောက်စိမ်း တစ်တုံးတည်း ရှိနေရင်တောင်မှ မင်းက လူရှေ့ မှာ ဒီလို တုံ့ပြန်မှုမျိုး မလုပ်သင့်ဘူးလေ။

​ဒါက ထန်ထျန်းရဲ့ မျက်နှာကို ဘယ်နား သွားထားခိုင်းတာလဲ

​သိုလှောင်ကျောက်တုံးကို လှမ်းယူလိုက်ပြီးနောက် သူမက အမှတ်မထင် ကြည့်လိုက်ရင်း ဤကဲ့သို့သော ကိစ္စကို ဖုံးဖိရန် ပြင်ဆင်လိုက်သည်။

​သို့သော်လည်း သူမ၏ စိတ်ဝိညာဉ်က သိုလှောင်ကျောက်တုံး၏ အတွင်းပိုင်းကို ကြည့်လိုက်သည့်အခါတွင်မူ တိုက်ရိုက်ပင် အေးစက်သော လေထုကို တရှူးရှူး ရှူသွင်းလိုက်မိပြီး တစ်ကိုယ်လုံးလည်း နေရာတွင်တင် တောင့်တင်းအေးခဲသွားရတော့သည်။

​အချိန်တော်တော်ကြာ သွားပြီးနောက်တွင်မှ သူမက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ထန်ထျန်းကို ကြည့်ကာ အလေးအနက် ပြောလိုက်တော့သည်။ "သခင်လေး..."

​"ရှင်... တစ်ခုခု တကယ် မှားသွားတာလား..."

All Chapters