အခန်း (၈၉၁)
Vol. 85 Ch. 891
အခန်း (၈၉၁) ဆင်ခြင်သုံးသပ်ခြင်းကို စတင်ခြင်း
ချမ်းသာသော မိသားစုကြီးမှ လာသူဖြစ်သည့် ကျူးကျစ်ယန်က လောကကို မမြင်ဖူး သောသူမျိုး လုံးဝ မဟုတ်ချေ။
အမျိုးမျိုးသော ကျင့်ကြံခြင်း အရင်းအမြစ်များကို သူမသည် ငယ်စဉ်ကတည်းက အဆက်မပြတ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်ကျောက်စိမ်းနှင့် တာအိုကျောက်စိမ်း ဆိုလျှင်လည်း တစ်ခါမျှ ပြတ်လတ်ဖူးခြင်း မရှိခဲ့ချေ။
မြင့်မြတ်နန်းတော် က မောင်လေးဖြစ်သူ ကျူးကျိယွီကို ခေါ်ဆောင်သွားစဉ်က ချန်ထားပေးခဲ့သည့် ရှန့်ထျန်း တာအိုကျောက်စိမ်း ငါးသန်းကျော်ဆိုလျှင်လည်း သူမ၏ လက်ထဲသို့ အရင် ရောက်ရှိလာပြီးမှသာ မိသားစု၏ လက်ထဲသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
သူမက ပိုက်ဆံကို မြင်ဖူးသည်။
ဒါပေမဲ့ သူမသည် ဤမျှအထိ များပြားလှသော တာအိုကျောက်စိမ်း ပမာဏမျိုးကိုတော့ တကယ်ပဲ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သိုလှောင်ကျောက်တုံး၏ အတွင်းပိုင်း နေရာလွတ်က သေးငယ်သည်တော့ မဟုတ်ပါ၊ အခန်းပေါင်း တစ်ဒါဇင် ခန့်အထိ ကြီးမားကျယ်ဝန်းလှသည်။
သို့သော်လည်း တောက်ပကြည်လင်သော အလင်းရောင်များ ဖြာထွက်နေသည့် ရှန့်ထျန်း တာအိုကျောက်စိမ်းများက ထိုနေရာလွတ်တစ်ခုလုံးကို ပြည့်နှက်နေအောင် နေရာယူထားခဲ့ကြခြင်းပင်။
ယခုအချိန်ကျမှသာ သူမက အရေအတွက် မကိုက်ညီဟု ရှောင်ယင် ပြောဆိုခဲ့ခြင်း၏ အဓိပ္ပာယ်ကို နားလည်သွားတော့သည်။
တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင် မပြည့်ခြင်း မဟုတ်ဘဲ တကယ်ကို များပြားလွန်းနေခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖျင်း တွက်ချက်ကြည့်ရုံမျှဖြင့်ပင် ဤကိန်းဂဏန်းက ဘီလီယံ နဲ့ ချီပြီး ရှိနေပေလိမ့်မည်။
ဘီလီယံ ပေါင်းများစွာ...
ကျင်းရှန် မြို့တစ်ခုလုံးကို ရောင်းချလိုက်ရင်တောင်မှ ဤစျေးနှုန်းမျိုး ရရှိရန် အလှမ်းဝေးလွန်းလှပေသည်။
"သခင်လေး... ရှင် တစ်ခုခု တကယ် မှားသွားတာ ထင်တယ်"
"နောက်တစ်ခါလောက် သေသေချာချာ ပြန်ကြည့်လိုက်ပါဦးလား"
ကျူးကျစ်ယန်က ဤမျှအထိ များပြားလှသော ရှန့်ထျန်း တာအိုကျောက်စိမ်းများကို လက်ခံရန် မဝံ့ရဲသဖြင့် သိုလှောင်ကျောက်တုံးကို ပြန်လည် တွန်းပို့လိုက်သည်။
ထန်ထျန်းကတော့ အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ပြော၏။ "ကြည့်ဖို့ ပျင်းတယ်"
"ဒီလို အသေးအဖွဲ လေး က ကြည့်နေဖို့ လိုလို့လား"
"ငါ မင်းတို့ကို ပြောပြီးပြီလေ၊ ပိုတဲ့ နည်းနည်းပါးပါးကို မုန့်ဖိုးလို့ပဲ သဘောထားလိုက်ပါ၊ ပစ္စည်းကောင်းလေးတွေ ဝယ်လိုက်ပေါ့"
"အနည်းဆုံးတော့ ဒီလို ဧည့်ခံပွဲမျိုးထဲမှာ အခြားသူတွေက မင်းတို့ကို နေရာသေးသေးလေးက လာတာလို့ တစ်ချက်ကြည့်ရုံနဲ့ မသိနိုင်တော့ဘူးပေါ့"
မိသားစုဝင် အချင်းချင်း တူညီကြသည်ဆိုသော်လည်း ကျူးကျစ်ယန်နှင့် ကျင်းရှန် မြို့၏ အထက်တန်းလွှာများကြားတွင် ကွာခြားချက် အချို့ ရှိနေဆဲပင်။
သာမန်လူများကတော့ သိပ်ပြီး မခွဲခြားနိုင်သော်လည်း ဤအသိုင်းအဝိုင်းထဲက လူများကမူ အလွယ်တကူပင် ခွဲခြားသိမြင်နိုင်ကြသည်။
မျက်နှာပန်း လှခြင်းဆိုသည့် အရာက အပေါ်ယံ သက်သက်မျှသာ ဖြစ်သည်ဆိုသော်လည်း ရှိသင့်သည့် အချိန်တွင်တော့ ရှိထားရပေမည်။
ထန်ထျန်း၏ စကားကို ကြားရသောအခါ ကျူးကျစ်ယန် နှုတ်ဆိတ်သွားရတော့သည်။
မုန့်ဖိုး...
ဘယ်လို လူ က ရှန့်ထျန်း တာအိုကျောက်စိမ်း ဘီလီယံ ပေါင်းများစွာကို မုန့်ဖိုးအဖြစ် ပေးတတ်လို့လဲ...
သို့သော်လည်း ထန်ထျန်း၏ ဂရုမစိုက်သော အမူအရာကို ကြည့်ခြင်းအားဖြင့် သူက တကယ်ပင် ထိုသို့ တွေးနေပုံရသည်။
ဒါက ကျူးကျစ်ယန်၏ စိတ်ထဲတွင် အစောပိုင်းက မေးခွန်းကို နောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာစေသည်။
ထန်ထျန်းက... အမှန်တကယ်ပဲ ဘယ်လို တည်ရှိမှုမျိုးပါလိမ့်...
နောက်ဆုံးတွင်တော့ ကျူးကျစ်ယန်က ရှန့်ထျန်း တာအိုကျောက်စိမ်းများ ပြည့်နှက်နေသည့် သိုလှောင်ကျောက်တုံးကို လက်ခံလိုက်ရုံ ရှိတော့သည်။
ယခုတစ်ကြိမ်တွင်တော့ သူမက ထိုအရာကို ရှောင်ယင်ထံ မပေးဝံ့တော့ချေ၊ ဤအရာက သူမတို့ နှစ်ဦးစလုံး၏ တန်ဖိုးထက် များစွာ သာလွန်လွန်းလှပေရာ ရှောင်ယင် ထံ တွင် ထားပါက ဘေးဒုက္ခများကိုသာ ဖိတ်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။
အမှန်တိုင်း ပြောရလျှင် ကျူးကျစ်ယန် ကိုယ်တိုင်ပင် ဤမျှအထိ ကြီးမားလှသော ငွေပုံကြီးကို စီမံ ရန် လုံလောက်သော ယုံကြည်ချက် မရှိချေ။
သူတို့သုံးဦး ထိုနေရာတွင် ခဏမျှ ထပ်မံ ထိုင်နေကြပြီးနောက် ကျန့်ဖုန်း လိုက် ရှာနေ ခဲ့သည်။
ဘာပဲပြောပြော ကျူးကျစ်ယန်က ယနေ့ ဧည့်ခံပွဲ၏ အဓိက ဇာတ်ဆောင်များထဲမှ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။
ထို့နောက် ကျူးကျစ်ယန်က ကျန့်ဖုန်းနှင့်အတူ ဧည့်ခံပွဲ ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ထန်ထျန်းနှင့် ရှောင်ယင် နှစ်ဦးကတော့ ဧည့်ခံပွဲ ပြီးဆုံးသည်အထိ ဤ တိတ်ဆိတ်သော နေရာတွင် ဆက်လက် စောင့်ဆိုင်းနေခဲ့ကြသည်။
ဤမျှအထိ ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ခံလိုက်ရပြီးနောက်တွင်တော့ ရှောင်ယင်သည်လည်း ဤမျှအထိ မျှော်လင့်နေခဲ့သော ဧည့်ခံပွဲအပေါ် စိတ်ဝင်စားမှု ကင်းမဲ့သွားပုံရသည်။
"အစ်ကိုထန်"
"ဒါက သခင်မလေးနဲ့ ကျွန်မအတွက် ပေးတဲ့ မုန့်ဖိုး တကယ်ပဲလားဟင်"
ယခုအချိန်အထိ သူမက ဖြစ်ပျက်သွားခဲ့သော အမှန်တရားကို မယုံကြည်နိုင်သေးချေ။
"မလောက်လို့လား"
"ဒါဆို ငါ နောက်ထပ် ပေးရမလား"
ထန်ထျန်းက ပြောလိုက်ပြီးနောက် ရှန့်ထျန်း တာအိုကျောက်စိမ်းများကို နောက်တစ်ကြိမ် ထပ်မံ နှိုက်ယူရန် ပြင်ဆင်လိုက်သည်။
ရှောင်ယင် ချက်ချင်းပင် လက်ကို အပြင်းအထန် ဝှေ့ယမ်းပြလိုက်ရာ လေထုထဲတွင် လက်ရိပ်များပင် ထင်ကျန်သွားရသည်။
"မလိုဘူး မလိုဘူး မလိုဘူး"
"လောက်ပါပြီ၊ ဒီလောက် ပိုက်ဆံအများကြီးကို ကျွန်မ..."
"ကျွန်မ တကယ် ရှိနေတယ်ဆိုတာကိုတောင် မယုံနိုင်တော့ဘူး"
"ဘုရားရေ... အစ်ကိုထန်၊ ရှင်က အမှန်တကယ်ပဲ ဘယ်လို သရုပ်မှန် မျိုး လဲဟင်"
ကျူးကျစ်ယန်က ဤကဲ့သို့သော မေးခွန်းမျိုးကို မမေးဝံ့သော်လည်း ရှောင်ယင်တွင်မူ ထိုမျှအထိ စိုးရိမ်ပူပန်မှုများ မရှိချေ။
ထန်ထျန်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြော သည်။ "မင်း ငါ့ကို..."
"ဒီ ခရစ်စတယ် သေတ္တာ ထဲက ခုနစ်ရောင်ခြယ် ပိုးပျံကောင်လို့ပဲ သဘောထားလိုက်ပါ"
ရှောင်ယင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ထန်ထျန်း၏ စကားထဲရှိ အဓိပ္ပာယ်ကို သူမ သိပ်ပြီး နားမလည်နိုင်ချေ။
.....
ဧည့်ခံပွဲ ပြီးဆုံးသွားပြီးနောက် ထန်ထျန်းက တည်းခိုခန်း၏ ခြံ ဝင်းထဲသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့သည်။
မိုးမခ ပင်ကြီးအောက်တွင် ထိုင်နေရင်းဖြင့် သူ့ရှေ့တွင် ရှိနေသည်ကတော့ ခုနစ်ရောင်ခြယ် ပိုးပျံကောင် ထည့်ထားသည့် ခရစ်စတယ် သေတ္တာပင် ဖြစ်သည်။
အတွင်းထဲတွင် အဆက်မပြတ် ပျံသန်းနေကြသော ပိုးပျံကောင်များကို ကြည့်ရင်း ထန်ထျန်း ငေးမှိုင်နေမိသည်။
ဤအရာကို အသုံးပြုပြီး လက်ရှိ ကမ္ဘာကြီး၏ လည်ပတ်မှုကို ပုံဖော်ရန်နှင့် ထိုမှတစ်ဆင့် ငါးမွေးသူ၏ စိတ်ဆန္ဒကို ခန့်မှန်းတွက်ချက်ရန် ဆိုသည်က လွယ်ကူသော ကိစ္စတစ်ခု လုံးဝ မဟုတ်ချေ။
ပထမဦးဆုံး အချက်အနေဖြင့် ပိုးပျံကောင်များ၏ အရေအတွက်က နည်းပါးလွန်းလှသည်။
အကောင်ရေ တစ်သန်း ဆိုသည်က လုံးဝ မလုံလောက်ပေ။ အနည်းဆုံး အဆပေါင်း တစ်သောင်းခန့်အထိ တိုးပွားရန် လိုအပ်ပေသည်။
ထို့နောက် ဒုတိယအချက်အနေဖြင့် ပိုးပျံကောင်များ၏ သက်တမ်းပင် ဖြစ်သည်၊ ဤ ခရစ်စတယ် သေတ္တာထဲရှိ ပိုးပျံကောင်များ၏ ပျမ်းမျှသက်တမ်းက လက်ဖက်ရည်တစ်ခွက်စာ ခန့်သာ ရှိရာ အလွန်တိုတောင်းလှသော အမျိုးအစား ဖြစ်သည်။
သို့သော်လည်း ထန်ထျန်း လုပ်ဆောင်လိုသော ကိစ္စအတွက် ဆိုလျှင်တော့ ဤသက်တမ်းက ရှည်လျားလွန်းနေသေးသည်။
အနည်းဆုံးတော့ အဆပေါင်း တစ်ထောင် ခန့်အထိ ထပ်မံ ကျုံ့လိုက်ရန် လိုအပ်ပေလိမ့်မည်။
နောက်ဆုံးအချက်အနေဖြင့် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ပင် ဖြစ်သည်။
ဆိုလိုသည်မှာ ဤ ကမ္ဘာငယ်လေးထဲရှိ "ပြောင်းလဲနိုင်သော ကိန်းရှင်" ပင် ဖြစ်သည်။
၎င်းကိုယ်တိုင်၌ပင် ထောင်ဂဏန်းချီသော ပြောင်းလဲမှုများ ရှိနေပြီး ကွဲပြားသော အချိန်၊ ကွဲပြားသော နေရာများတွင် သာမန် ပိုးပျံကောင် အရေအတွက်အပေါ် သက်ရောက်မှု ရှိစေခြင်းဖြင့် နောက်ဆုံး ရလဒ်အပေါ် မတူညီသော သက်ရောက်မှုများကို ဖြစ်ပေါ်စေလိမ့်မည်။
ဒါတင်မကသေးဘဲ ၎င်းက "အဓိက ကိန်းရှင်" မျှသာ ရှိသေးသည်၊ မတူညီသော လိုအပ်ချက်များအပေါ် မူတည်ပြီး အခြားသော ကိန်းရှင်များကိုလည်း ထပ်မံ ဖြည့်စွက်နိုင်ပါသေးသည်၊ ဥပမာအားဖြင့် ထန်ထျန်း ကိုယ်တိုင်က ပိုးပျံကောင်အချို့၏ သဘာဝနှင့် အပြုအမူများကို ပြောင်းလဲပစ်လိုက်ခြင်းမျိုးပင်။
ဤကဲ့သို့ တွက်ချက်ကြည့်မည်ဆိုလျှင် ဤ သေးငယ်လှသော ခရစ်စတယ် သေတ္တာထဲရှိ ပြောင်းလဲမှုများက တကယ်ပင် အဆုံးအစမဲ့လှပေသည်။
"ဟူး... ဖြည်းဖြည်းချင်းပဲ လုပ်ရမှာပေါ့"
ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်း ခန္ဓာကိုယ်ကို မတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ဖြစ်နိုင်ခြေရှိတဲ့ လမ်းစတစ်ခုကိုတော့ ရှာတွေ့ခဲ့ပြီပဲ"
"ဒီလိုနဲ့... မကြာခင်မှာပဲ မျှော်လင့်ထားတဲ့ ရလဒ် ထွက်ပေါ်လာနိုင်သလို"
"ဒါမှမဟုတ်လည်း..."
"အရင်တုန်းကလိုပဲ ဘာမှ ရမှာ မဟုတ်တာမျိုးလည်း ဖြစ်နိုင်တာပဲ"
ရလဒ်က ဘာပဲဖြစ်ဖြစ် သူကတော့ ဤခြေလှမ်းကို စတင် လှမ်းရပေမည်။
ထို့နောက်တွင် ထန်ထျန်းက ပထမဦးစွာ ပိုးပျံကောင် သေတ္တာ၏ အတွင်းပိုင်း နေရာလွတ် တည်ဆောက်ပုံကို ပြောင်းလဲပစ်လိုက်သည်။
သူက အတွင်းထဲရှိ နေရာလွတ်ကို အဆပေါင်း သိန်းဂဏန်းခန့်အထိ ချဲ့ထွင်လိုက်ရာ ပိုးပျံကောင်အားလုံး အေးအေးလူလူ ရှင်သန်နိုင်မည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် သူက သူ့ သွေးတစ်စက်ကို ညှစ်ထုတ်လိုက်ပြီး ၎င်းကို အဆပေါင်း မရေမတွက်နိုင်အောင် နည်းပါးသွားအောင် ပြုလုပ်ပြီးနောက် ပိုးပျံကောင် သေတ္တာထဲသို့ ထည့်သွင်းလိုက်သည်။
ထန်ထျန်း၏ သွေးဆိုသည်ကတော့ အထူးတလည် ပြောနေရန် မလိုပေ၊ ၎င်းက ကမ္ဘာတစ်ခုလုံးတွင် ရှာမရနိုင်သော ကျိကျွင်း နတ်ဘုရား ရတနာ ပင် ဖြစ်သည်။
မကြာခင်မှာပင် အတွင်းထဲရှိ ပိုးပျံကောင်များက လျင်မြန်စွာ ပွားများလာခဲ့ကြပြီး အချိန်အနည်းငယ် အတွင်းမှာတင် အဆပေါင်း သိန်း ဂဏန်းအထိ တိုးပွားလာကာ ထန်ထျန်း မျှော်လင့်ထားသည့် အရေအတွက်သို့ ရောက်ရှိလာခဲ့တော့သည်။
ထို့နောက်တွင်တော့ ထန်ထျန်းက သူတို့၏ သက်တမ်းကို ကျုံ့လိုက်ပြီး ဤ ကမ္ဘာငယ်လေး၏ လည်ပတ်မှုကို ပိုမို လျင်မြန်လာစေခဲ့သည်။
အကယ်၍ ပိုးပျံကောင်များကို လူသား အဖြစ် နှိုင်းယှဉ် ပြီး ပိုးပျံကောင် ကမ္ဘာ၏ အချိန်ကာလကို ပြင်ပ ကမ္ဘာကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်
ပြင်ပကမ္ဘာ၏ တစ်နာရီ က ပိုးပျံကောင် ကမ္ဘာ၏ နှစ်ပေါင်း ဆယ်သန်းနှင့် ညီမျှပေလိမ့်မည်။
ဤကဲ့သို့သော ထိတ်လန့်ဖွယ်ရာ အချိန်စီးဆင်းမှု နှုန်းက ထန်ထျန်းကို ပိုမိုများပြားသော ဆင်ခြင်သုံးသပ်မှု ရလဒ်များကို ရရှိစေနိုင်သည်။
သူ၏ အလွန် အစွမ်းထက် လှသော စိတ်ဝိညာဉ်ကြောင့်သာ အတွင်းပိုင်း၏ တိကျသော ပြောင်းလဲမှုများကို စောင့်ကြည့်နိုင်ခြင်း ဖြစ်ပြီး အကယ်၍ အခြားသူတစ်ဦးဦးသာ ဆိုလျှင်တော့ ကြာလှပြီ ဖြစ်ရာ မူးဝေ သတိလစ်သွားလောက်ပြီ ဖြစ်သည်။
ကျိကျွင်း အရှင်များပင် လျှင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။
နောက်ဆုံးတွင်တော့ ထန်ထျန်းက အရေးအကြီးဆုံး အဓိက ကိန်းရှင်ဖြစ်သည့် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။
ဤအရာအားလုံးကို လုပ်ပြီးနောက် ထန်ထျန်း အသက်ကို ခပ်ဖွဖွ ရှူလိုက်မိသည်။
"ကဲ... ဒါဆိုရင် နောက်ထပ် ဘယ်ကနေ စမလဲ"
"အရင်ဆုံး ကမ္ဘာကြီးရဲ့ လည်ပတ်မှုကို အတတ်နိုင်ဆုံး ပုံဖော်ကြည့်ရမှာပေါ့"
"ဘယ်လို အခြေအနေမျိုးအောက်မှာ သူတို့တွေက ပျက်စီးမသွားဘဲ..."
"အစဉ်အမြဲ ရှင်သန် သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရအောင်"