← Chapters

အခန်း (၈၉၁)

Vol. 85 Ch. 891

အခန်း (၈၉၁)

Vol. 85 Ch. 891

အခန်း (၈၉၁) ဆင်ခြင်သုံးသပ်ခြင်းကို စတင်ခြင်း

​ချမ်းသာသော မိသားစုကြီးမှ လာသူဖြစ်သည့် ကျူးကျစ်ယန်က လောကကို မမြင်ဖူး သောသူမျိုး လုံးဝ မဟုတ်ချေ။

​အမျိုးမျိုးသော ကျင့်ကြံခြင်း အရင်းအမြစ်များကို သူမသည် ငယ်စဉ်ကတည်းက အဆက်မပြတ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

​ဝိညာဉ်ကျောက်စိမ်းနှင့် တာအိုကျောက်စိမ်း ဆိုလျှင်လည်း တစ်ခါမျှ ပြတ်လတ်ဖူးခြင်း မရှိခဲ့ချေ။

​မြင့်မြတ်နန်းတော် က မောင်လေးဖြစ်သူ ကျူးကျိယွီကို ခေါ်ဆောင်သွားစဉ်က ချန်ထားပေးခဲ့သည့် ရှန့်ထျန်း တာအိုကျောက်စိမ်း ငါးသန်းကျော်ဆိုလျှင်လည်း သူမ၏ လက်ထဲသို့ အရင် ရောက်ရှိလာပြီးမှသာ မိသားစု၏ လက်ထဲသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

​သူမက ပိုက်ဆံကို မြင်ဖူးသည်။

​ဒါပေမဲ့ သူမသည် ဤမျှအထိ များပြားလှသော တာအိုကျောက်စိမ်း ပမာဏမျိုးကိုတော့ တကယ်ပဲ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

​သိုလှောင်ကျောက်တုံး၏ အတွင်းပိုင်း နေရာလွတ်က သေးငယ်သည်တော့ မဟုတ်ပါ၊ အခန်းပေါင်း တစ်ဒါဇင် ခန့်အထိ ကြီးမားကျယ်ဝန်းလှသည်။

​သို့သော်လည်း တောက်ပကြည်လင်သော အလင်းရောင်များ ဖြာထွက်နေသည့် ရှန့်ထျန်း တာအိုကျောက်စိမ်းများက ထိုနေရာလွတ်တစ်ခုလုံးကို ပြည့်နှက်နေအောင် နေရာယူထားခဲ့ကြခြင်းပင်။

​ယခုအချိန်ကျမှသာ သူမက အရေအတွက် မကိုက်ညီဟု ရှောင်ယင် ပြောဆိုခဲ့ခြင်း၏ အဓိပ္ပာယ်ကို နားလည်သွားတော့သည်။

​တာအိုကျောက်စိမ်း တစ်သောင်းတစ်ထောင် မပြည့်ခြင်း မဟုတ်ဘဲ တကယ်ကို များပြားလွန်းနေခဲ့ခြင်း ဖြစ်သည်။

​အကြမ်းဖျင်း တွက်ချက်ကြည့်ရုံမျှဖြင့်ပင် ဤကိန်းဂဏန်းက ဘီလီယံ နဲ့ ချီပြီး ရှိနေပေလိမ့်မည်။

​ဘီလီယံ ပေါင်းများစွာ...

​ကျင်းရှန် မြို့တစ်ခုလုံးကို ရောင်းချလိုက်ရင်တောင်မှ ဤစျေးနှုန်းမျိုး ရရှိရန် အလှမ်းဝေးလွန်းလှပေသည်။

​"သခင်လေး... ရှင် တစ်ခုခု တကယ် မှားသွားတာ ထင်တယ်"

​"နောက်တစ်ခါလောက် သေသေချာချာ ပြန်ကြည့်လိုက်ပါဦးလား"

​ကျူးကျစ်ယန်က ဤမျှအထိ များပြားလှသော ရှန့်ထျန်း တာအိုကျောက်စိမ်းများကို လက်ခံရန် မဝံ့ရဲသဖြင့် သိုလှောင်ကျောက်တုံးကို ပြန်လည် တွန်းပို့လိုက်သည်။

​ထန်ထျန်းကတော့ အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ပြော၏။ "ကြည့်ဖို့ ပျင်းတယ်"

​"ဒီလို အသေးအဖွဲ လေး က ကြည့်နေဖို့ လိုလို့လား"

​"ငါ မင်းတို့ကို ပြောပြီးပြီလေ၊ ပိုတဲ့ နည်းနည်းပါးပါးကို မုန့်ဖိုးလို့ပဲ သဘောထားလိုက်ပါ၊ ပစ္စည်းကောင်းလေးတွေ ဝယ်လိုက်ပေါ့"

​"အနည်းဆုံးတော့ ဒီလို ဧည့်ခံပွဲမျိုးထဲမှာ အခြားသူတွေက မင်းတို့ကို နေရာသေးသေးလေးက လာတာလို့ တစ်ချက်ကြည့်ရုံနဲ့ မသိနိုင်တော့ဘူးပေါ့"

​မိသားစုဝင် အချင်းချင်း တူညီကြသည်ဆိုသော်လည်း ကျူးကျစ်ယန်နှင့် ကျင်းရှန် မြို့၏ အထက်တန်းလွှာများကြားတွင် ကွာခြားချက် အချို့ ရှိနေဆဲပင်။

​သာမန်လူများကတော့ သိပ်ပြီး မခွဲခြားနိုင်သော်လည်း ဤအသိုင်းအဝိုင်းထဲက လူများကမူ အလွယ်တကူပင် ခွဲခြားသိမြင်နိုင်ကြသည်။

​မျက်နှာပန်း လှခြင်းဆိုသည့် အရာက အပေါ်ယံ သက်သက်မျှသာ ဖြစ်သည်ဆိုသော်လည်း ရှိသင့်သည့် အချိန်တွင်တော့ ရှိထားရပေမည်။

​ထန်ထျန်း၏ စကားကို ကြားရသောအခါ ကျူးကျစ်ယန် နှုတ်ဆိတ်သွားရတော့သည်။

​မုန့်ဖိုး...

​ဘယ်လို လူ က ရှန့်ထျန်း တာအိုကျောက်စိမ်း ဘီလီယံ ပေါင်းများစွာကို မုန့်ဖိုးအဖြစ် ပေးတတ်လို့လဲ...

​သို့သော်လည်း ထန်ထျန်း၏ ဂရုမစိုက်သော အမူအရာကို ကြည့်ခြင်းအားဖြင့် သူက တကယ်ပင် ထိုသို့ တွေးနေပုံရသည်။

​ဒါက ကျူးကျစ်ယန်၏ စိတ်ထဲတွင် အစောပိုင်းက မေးခွန်းကို နောက်တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာစေသည်။

​ထန်ထျန်းက... အမှန်တကယ်ပဲ ဘယ်လို တည်ရှိမှုမျိုးပါလိမ့်...

​နောက်ဆုံးတွင်တော့ ကျူးကျစ်ယန်က ရှန့်ထျန်း တာအိုကျောက်စိမ်းများ ပြည့်နှက်နေသည့် သိုလှောင်ကျောက်တုံးကို လက်ခံလိုက်ရုံ ရှိတော့သည်။

​ယခုတစ်ကြိမ်တွင်တော့ သူမက ထိုအရာကို ရှောင်ယင်ထံ မပေးဝံ့တော့ချေ၊ ဤအရာက သူမတို့ နှစ်ဦးစလုံး၏ တန်ဖိုးထက် များစွာ သာလွန်လွန်းလှပေရာ ရှောင်ယင် ထံ တွင် ထားပါက ဘေးဒုက္ခများကိုသာ ဖိတ်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။

​အမှန်တိုင်း ပြောရလျှင် ကျူးကျစ်ယန် ကိုယ်တိုင်ပင် ဤမျှအထိ ကြီးမားလှသော ငွေပုံကြီးကို စီမံ ရန် လုံလောက်သော ယုံကြည်ချက် မရှိချေ။

သူတို့​သုံးဦး ထိုနေရာတွင် ခဏမျှ ထပ်မံ ထိုင်နေကြပြီးနောက် ကျန့်ဖုန်း လိုက် ရှာနေ ခဲ့သည်။

​ဘာပဲပြောပြော ကျူးကျစ်ယန်က ယနေ့ ဧည့်ခံပွဲ၏ အဓိက ဇာတ်ဆောင်များထဲမှ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

​ထို့နောက် ကျူးကျစ်ယန်က ကျန့်ဖုန်းနှင့်အတူ ဧည့်ခံပွဲ ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ထန်ထျန်းနှင့် ရှောင်ယင် နှစ်ဦးကတော့ ဧည့်ခံပွဲ ပြီးဆုံးသည်အထိ ဤ တိတ်ဆိတ်သော နေရာတွင် ဆက်လက် စောင့်ဆိုင်းနေခဲ့ကြသည်။

​ဤမျှအထိ ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ခံလိုက်ရပြီးနောက်တွင်တော့ ရှောင်ယင်သည်လည်း ဤမျှအထိ မျှော်လင့်နေခဲ့သော ဧည့်ခံပွဲအပေါ် စိတ်ဝင်စားမှု ကင်းမဲ့သွားပုံရသည်။

​"အစ်ကိုထန်"

​"ဒါက သခင်မလေးနဲ့ ကျွန်မအတွက် ပေးတဲ့ မုန့်ဖိုး တကယ်ပဲလားဟင်"

​ယခုအချိန်အထိ သူမက ဖြစ်ပျက်သွားခဲ့သော အမှန်တရားကို မယုံကြည်နိုင်သေးချေ။

​"မလောက်လို့လား"

​"ဒါဆို ငါ နောက်ထပ် ပေးရမလား"

​ထန်ထျန်းက ပြောလိုက်ပြီးနောက် ရှန့်ထျန်း တာအိုကျောက်စိမ်းများကို နောက်တစ်ကြိမ် ထပ်မံ နှိုက်ယူရန် ပြင်ဆင်လိုက်သည်။

​ရှောင်ယင် ချက်ချင်းပင် လက်ကို အပြင်းအထန် ဝှေ့ယမ်းပြလိုက်ရာ လေထုထဲတွင် လက်ရိပ်များပင် ထင်ကျန်သွားရသည်။

​"မလိုဘူး မလိုဘူး မလိုဘူး"

​"လောက်ပါပြီ၊ ဒီလောက် ပိုက်ဆံအများကြီးကို ကျွန်မ..."

​"ကျွန်မ တကယ် ရှိနေတယ်ဆိုတာကိုတောင် မယုံနိုင်တော့ဘူး"

​"ဘုရားရေ... အစ်ကိုထန်၊ ရှင်က အမှန်တကယ်ပဲ ဘယ်လို သရုပ်မှန် မျိုး လဲဟင်"

​ကျူးကျစ်ယန်က ဤကဲ့သို့သော မေးခွန်းမျိုးကို မမေးဝံ့သော်လည်း ရှောင်ယင်တွင်မူ ထိုမျှအထိ စိုးရိမ်ပူပန်မှုများ မရှိချေ။

​ထန်ထျန်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြော သည်။ "မင်း ငါ့ကို..."

​"ဒီ ခရစ်စတယ် သေတ္တာ ထဲက ခုနစ်ရောင်ခြယ် ပိုးပျံကောင်လို့ပဲ သဘောထားလိုက်ပါ"

​ရှောင်ယင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

​ထန်ထျန်း၏ စကားထဲရှိ အဓိပ္ပာယ်ကို သူမ သိပ်ပြီး နားမလည်နိုင်ချေ။

.....

​ဧည့်ခံပွဲ ပြီးဆုံးသွားပြီးနောက် ထန်ထျန်းက တည်းခိုခန်း၏ ခြံ ဝင်းထဲသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့သည်။

​မိုးမခ ပင်ကြီးအောက်တွင် ထိုင်နေရင်းဖြင့် သူ့ရှေ့တွင် ရှိနေသည်ကတော့ ခုနစ်ရောင်ခြယ် ပိုးပျံကောင် ထည့်ထားသည့် ခရစ်စတယ် သေတ္တာပင် ဖြစ်သည်။

​အတွင်းထဲတွင် အဆက်မပြတ် ပျံသန်းနေကြသော ပိုးပျံကောင်များကို ကြည့်ရင်း ထန်ထျန်း ငေးမှိုင်နေမိသည်။

​ဤအရာကို အသုံးပြုပြီး လက်ရှိ ကမ္ဘာကြီး၏ လည်ပတ်မှုကို ပုံဖော်ရန်နှင့် ထိုမှတစ်ဆင့် ငါးမွေးသူ၏ စိတ်ဆန္ဒကို ခန့်မှန်းတွက်ချက်ရန် ဆိုသည်က လွယ်ကူသော ကိစ္စတစ်ခု လုံးဝ မဟုတ်ချေ။

​ပထမဦးဆုံး အချက်အနေဖြင့် ပိုးပျံကောင်များ၏ အရေအတွက်က နည်းပါးလွန်းလှသည်။

အ​ကောင်ရေ တစ်သန်း ဆိုသည်က လုံးဝ မလုံလောက်ပေ။ အနည်းဆုံး အဆပေါင်း တစ်သောင်းခန့်အထိ တိုးပွားရန် လိုအပ်ပေသည်။

​ထို့နောက် ဒုတိယအချက်အနေဖြင့် ပိုးပျံကောင်များ၏ သက်တမ်းပင် ဖြစ်သည်၊ ဤ ခရစ်စတယ် သေတ္တာထဲရှိ ပိုးပျံကောင်များ၏ ပျမ်းမျှသက်တမ်းက လက်ဖက်ရည်တစ်ခွက်စာ ခန့်သာ ရှိရာ အလွန်တိုတောင်းလှသော အမျိုးအစား ဖြစ်သည်။

​သို့သော်လည်း ထန်ထျန်း လုပ်ဆောင်လိုသော ကိစ္စအတွက် ဆိုလျှင်တော့ ဤသက်တမ်းက ရှည်လျားလွန်းနေသေးသည်။

​အနည်းဆုံးတော့ အဆပေါင်း တစ်ထောင် ခန့်အထိ ထပ်မံ ကျုံ့လိုက်ရန် လိုအပ်ပေလိမ့်မည်။

​နောက်ဆုံးအချက်အနေဖြင့် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ပင် ဖြစ်သည်။

​ဆိုလိုသည်မှာ ဤ ကမ္ဘာငယ်လေးထဲရှိ "ပြောင်းလဲနိုင်သော ကိန်းရှင်" ပင် ဖြစ်သည်။

​၎င်းကိုယ်တိုင်၌ပင် ထောင်ဂဏန်းချီသော ပြောင်းလဲမှုများ ရှိနေပြီး ကွဲပြားသော အချိန်၊ ကွဲပြားသော နေရာများတွင် သာမန် ပိုးပျံကောင် အရေအတွက်အပေါ် သက်ရောက်မှု ရှိစေခြင်းဖြင့် နောက်ဆုံး ရလဒ်အပေါ် မတူညီသော သက်ရောက်မှုများကို ဖြစ်ပေါ်စေလိမ့်မည်။

​ဒါတင်မကသေးဘဲ ၎င်းက "အဓိက ကိန်းရှင်" မျှသာ ရှိသေးသည်၊ မတူညီသော လိုအပ်ချက်များအပေါ် မူတည်ပြီး အခြားသော ကိန်းရှင်များကိုလည်း ထပ်မံ ဖြည့်စွက်နိုင်ပါသေးသည်၊ ဥပမာအားဖြင့် ထန်ထျန်း ကိုယ်တိုင်က ပိုးပျံကောင်အချို့၏ သဘာဝနှင့် အပြုအမူများကို ပြောင်းလဲပစ်လိုက်ခြင်းမျိုးပင်။

​ဤကဲ့သို့ တွက်ချက်ကြည့်မည်ဆိုလျှင် ဤ သေးငယ်လှသော ခရစ်စတယ် သေတ္တာထဲရှိ ပြောင်းလဲမှုများက တကယ်ပင် အဆုံးအစမဲ့လှပေသည်။

​"ဟူး... ဖြည်းဖြည်းချင်းပဲ လုပ်ရမှာပေါ့"

​ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်း ခန္ဓာကိုယ်ကို မတ်လိုက်သည်။

​"ဘာပဲဖြစ်ဖြစ်... ဖြစ်နိုင်ခြေရှိတဲ့ လမ်းစတစ်ခုကိုတော့ ရှာတွေ့ခဲ့ပြီပဲ"

​"ဒီလိုနဲ့... မကြာခင်မှာပဲ မျှော်လင့်ထားတဲ့ ရလဒ် ထွက်ပေါ်လာနိုင်သလို"

​"ဒါမှမဟုတ်လည်း..."

​"အရင်တုန်းကလိုပဲ ဘာမှ ရမှာ မဟုတ်တာမျိုးလည်း ဖြစ်နိုင်တာပဲ"

​ရလဒ်က ဘာပဲဖြစ်ဖြစ် သူကတော့ ဤခြေလှမ်းကို စတင် လှမ်းရပေမည်။

​ထို့နောက်တွင် ထန်ထျန်းက ပထမဦးစွာ ပိုးပျံကောင် သေတ္တာ၏ အတွင်းပိုင်း နေရာလွတ် တည်ဆောက်ပုံကို ပြောင်းလဲပစ်လိုက်သည်။

​သူက အတွင်းထဲရှိ နေရာလွတ်ကို အဆပေါင်း သိန်းဂဏန်းခန့်အထိ ချဲ့ထွင်လိုက်ရာ ပိုးပျံကောင်အားလုံး အေးအေးလူလူ ရှင်သန်နိုင်မည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

​ထို့နောက်တွင် သူက သူ့ သွေးတစ်စက်ကို ညှစ်ထုတ်လိုက်ပြီး ၎င်းကို အဆပေါင်း မရေမတွက်နိုင်အောင် နည်းပါးသွားအောင် ပြုလုပ်ပြီးနောက် ပိုးပျံကောင် သေတ္တာထဲသို့ ထည့်သွင်းလိုက်သည်။

​ထန်ထျန်း၏ သွေးဆိုသည်ကတော့ အထူးတလည် ပြောနေရန် မလိုပေ၊ ၎င်းက ကမ္ဘာတစ်ခုလုံးတွင် ရှာမရနိုင်သော ကျိကျွင်း နတ်ဘုရား ရတနာ ပင် ဖြစ်သည်။

​မကြာခင်မှာပင် အတွင်းထဲရှိ ပိုးပျံကောင်များက လျင်မြန်စွာ ပွားများလာခဲ့ကြပြီး အချိန်အနည်းငယ် အတွင်းမှာတင် အဆပေါင်း သိန်း ဂဏန်းအထိ တိုးပွားလာကာ ထန်ထျန်း မျှော်လင့်ထားသည့် အရေအတွက်သို့ ရောက်ရှိလာခဲ့တော့သည်။

​ထို့နောက်တွင်တော့ ထန်ထျန်းက သူတို့၏ သက်တမ်းကို ကျုံ့လိုက်ပြီး ဤ ကမ္ဘာငယ်လေး၏ လည်ပတ်မှုကို ပိုမို လျင်မြန်လာစေခဲ့သည်။

​အကယ်၍ ပိုးပျံကောင်များကို လူသား အဖြစ် နှိုင်းယှဉ် ပြီး ပိုးပျံကောင် ကမ္ဘာ၏ အချိန်ကာလကို ပြင်ပ ကမ္ဘာကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်

​ပြင်ပကမ္ဘာ၏ တစ်နာရီ က ပိုးပျံကောင် ကမ္ဘာ၏ နှစ်ပေါင်း ဆယ်သန်းနှင့် ညီမျှပေလိမ့်မည်။

​ဤကဲ့သို့သော ထိတ်လန့်ဖွယ်ရာ အချိန်စီးဆင်းမှု နှုန်းက ထန်ထျန်းကို ပိုမိုများပြားသော ဆင်ခြင်သုံးသပ်မှု ရလဒ်များကို ရရှိစေနိုင်သည်။

​သူ၏ အလွန် အစွမ်းထက် လှသော စိတ်ဝိညာဉ်ကြောင့်သာ အတွင်းပိုင်း၏ တိကျသော ပြောင်းလဲမှုများကို စောင့်ကြည့်နိုင်ခြင်း ဖြစ်ပြီး အကယ်၍ အခြားသူတစ်ဦးဦးသာ ဆိုလျှင်တော့ ကြာလှပြီ ဖြစ်ရာ မူးဝေ သတိလစ်သွားလောက်ပြီ ဖြစ်သည်။

​ကျိကျွင်း အရှင်များပင် လျှင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။

​နောက်ဆုံးတွင်တော့ ထန်ထျန်းက အရေးအကြီးဆုံး အဓိက ကိန်းရှင်ဖြစ်သည့် ခုနစ်ရောင်ခြယ် ပိုးပျံကောင်ကို အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။

​ဤအရာအားလုံးကို လုပ်ပြီးနောက် ထန်ထျန်း အသက်ကို ခပ်ဖွဖွ ရှူလိုက်မိသည်။

​"ကဲ... ဒါဆိုရင် နောက်ထပ် ဘယ်ကနေ စမလဲ"

​"အရင်ဆုံး ကမ္ဘာကြီးရဲ့ လည်ပတ်မှုကို အတတ်နိုင်ဆုံး ပုံဖော်ကြည့်ရမှာပေါ့"

​"ဘယ်လို အခြေအနေမျိုးအောက်မှာ သူတို့တွေက ပျက်စီးမသွားဘဲ..."

​"အစဉ်အမြဲ ရှင်သန် သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရအောင်"

All Chapters