← Chapters

အခန်း ၁၁၅၂

Vol. 116 Ch. 1152

အခန်း ၁၁၅၂

Vol. 116 Ch. 1152

အခန်း (၁၁၅၂) အရည်အချင်းမရှိတဲ့ အုပ်စိုးသူ အာဏာရှင် ၂

နတ်ဆိုးသုတ်သင်ရေးဌာန၏စွမ်းအားက သိသိသာသာ တိုးတက်လာခဲ့သည်။

သာမန်ဆုံးဖြစ်သော အမည်ခံစစ်သူကြီး တစ်ဦးပင်လျှင် ကောင်းကင်ပါရမီရှင် အဆင့်အတန်းရှိသူများနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်းရှိသည်။

သူတို့အတွက်မူ ထိုဗောဓိသတ္တ များနှင့် တာ့လော်မသေမျိုးအရှင်များကို ကြောက်ရွံ့နေရန် မလိုအပ်တော့ပေ။ နတ်ဘုရားမင်းဆက်ကို စွန့်ခွာသွားလျှင်ပင်မှ သူတို့တွင်တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။

သို့သော် အကြောင်းတစ်ခုခုကြောင့် သူတို့က သက်သာရာရသွားပုံမပေါ်ဘဲ၊ သူတို့၏စိတ်များ ပိုမို လေးလံလာကြ၏။

"မင်းရဲ့ဆုလာဘ်က အဆင်သင့်ဖြစ်နေပါပြီ၊ မကြာခင်မှာ တစ်ယောက်ယောက် လာပို့ပေးပါလိမ့်မယ်"

နန်းတွင်းအရာရှိက ရှန်းယီကိုကြည့်ကာ၊ ရှားရှားပါးပါး ဖျော့တော့သော အပြုံးတစ်ခုကို ပြသလိုက်ပြီး၊ အစောပိုင်းက သူ၏တံဆိပ်ပြားကို သိမ်းဆည်းထားခဲ့သည့် သူ၏လုပ်ရပ်ကို ကျေနပ်နေပုံရသည်။

မည်သို့ပင်ဆိုစေ လက်ရှိ လူသားဧကရာဇ်၏အသွင်အပြင်က မည်သူ့ကိုမဆို ယုံကြည်အောင်ပြောဆိုရန် အမှန်တကယ် ခက်ခဲလှပါသည်။

"ဒီလူက မသေမျိုးဌာနရဲ့အကြီးအကဲ ဝန်ကြီးလင် ဖြစ်တဲ့ လင်ရှူးယာ ပါ" ဖုန်းရှီက ရိုးရှင်းသော မိတ်ဆက်မှုတစ်ခု ပြုလုပ်ပေးလိုက်သည်။

နတ်ဆိုးသုတ်သင်ရေးဌာနပ သီးခြားလွတ်လပ်စွာ လှုပ်ရှားနေသော်လည်း၊ ၎င်းက မသေမျိုးဌာန၏အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲဖြစ်ရာ၊ ဤသူက သူတို့၏အထက်လူကြီး တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီးလင်" ရှန်းယီ လက်များကို ယဆုပ်ကာ အရိုအသေပေးလိုက်ပြီး၊ ထို့နောက်လှည့်ကာ ဖုန်းရှီနှင့်အတူ နက်ရှိုင်းသော ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့သည်။

လူတိုင်းထွက်ခွာသွားပြီးနောက်တွင်.

လင်ရှူးယာ လှည့်ကာရေကန်ဘေးသို့ ပြန်လျှောက်သွားပြီး၊ ထိုလူ၏အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊သူညင်သာစွာ သက်ပြင်းချလိုက်၏။ "အရှင်မင်းကြီး အရက်မူးနေပါပြီ"

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဤတိုင်းပြည်စစ်သူကြီးများ၏စိတ်ကို အနှောင့်အယှက်ပေးရန် အမှန်တကယ် မလိုအပ်ပေ။

သူတို့ကို ကျောက်စိမ်းအမိန့်စာယူသွားခွင့်ပြုပြီး တိုက်ကြီးလေးခုကို ကောင်းစွာ စောင့်ကြပ်ခိုင်းလိုက်ရုံသာ ဖြစ်သည်။

ထိုလူ၏မျက်နှာက ထုံကျဉ်နေပြီး၊ ကောင်းကင်ကို ငေးကြည့်နေစဉ် သူ၏မျက်လုံးများမှာ မှိုင်းညို့နေသည်။ မည်မျှအချိန်ကြာသွားသည်ကို မသိရချိန်တွင် သူ၏မျက်နှာပေါ်ရှိ နီမြန်းမှု တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။ "သတိရှိနေဖို့က မဖြစ်နိုင်ဘူး... နာကျင်တယ်..."

ခေတ်အဆက်ဆက်၊နတ်ဘုရားမင်းဆက်၏ လူသားဧကရာဇ်များက ဧကရာဇ်ချီကို သိမ်းဆည်းစုဆောင်းခဲ့ကြပြီး၊ မရေမတွက်နိုင်သော နှစ်များအကြာတွင် ၎င်းက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသောပမာဏသို့ ရောက်ရှိလာခဲ့သည်။

၎င်းကို မူလက နယ်ခြားရန်သူများကို ဟန့်တားရန်နှင့် နတ်ဘုရားမင်းဆက်၏အခြေခံအုတ်မြစ်ကို ကာကွယ်ရန်အတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့သော် နှစ်ပေါင်းများစွာက အဖြစ်အပျက်တစ်ခု ဖြစ်ပွားပြီးနောက်၊ ထိုအချိန်က ပညာရှိအုပ်စိုးသူတစ်ဦးဟု ယူဆခံခဲ့ရသော လူသားဧကရာဇ်က ဤ ဘိုးဘေးများထံမှအမွေအနှစ်ဖြင့် တစ်စုံတစ်ခုကို ရုတ်တရက် လုပ်ဆောင်လိုလာခဲ့သည်။

နတ်ဘုရားများ မသိနိုင်သော... တစ်စုံတစ်ခုကို လုပ်ဆောင်ရန်ဖြစ်သည်။

သို့သော် ဤမျှကျယ်ပြန့်သော ဧကရာဇ်ချီကို လှုံ့ဆော်ကာ ၎င်းကို ရစ်ခွေနေသည့် နဂါးတိုင်လုံး ဖြင့်နက်ရှိုင်းသော ရေကန်၏အောက်ခြေတွင် ဖိနှိပ်ထားလျှင်ပင် အကယ်၍နတ်ဘုရားများ သတိထားနေပါက သူတို့ သတိပြုမိနိုင်ဆဲပင်။

လူသားဧကရာဇ်ကိုယ်တိုင် ဤနေရာတွင် ရှိနေခြင်းမှလွဲ၍သာဖြစ်လိမ့်မည်။

သေမျိုးလောက၏ကံကြမ္မာများကို စုစည်းပေးသော အုပ်စိုးသူတစ်ပါးအနေဖြင့်၊ သူရှိနေသော မည်သည့်နေရာတွင်မဆို ဧကရာဇ်ချီအနည်းငယ် ပိုမို ထူထပ်နေခြင်းမှာ ပုံမှန်သာဖြစ်သည်။

ဤအကြောင်းကြောင့်ပင် ဤဧကရာဇ်ချီ ကို ကုန်ဆုံးစေရန် သူအချိန်ယူခဲ့သော နှစ်များအတွင်း၊ ၎င်းကို လုံလောက်အောင် တိတ်ဆိတ်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ မကြာသေးမီ နှစ်များအတွင်းမှသာ လမ်းစဉ်သုံးသွယ်က စတင်တုံ့ပြန်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤဧရာမဧကရာဇ်ချီက လူသားဧကရာဇ် ပင်လျှင် မနည်းထိန်းသိမ်းထားရသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အကယ်၍ ဝိညာဉ်စွမ်းအင် အလွန်အမင်းများပြားနေပါက၊ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲကာ သေဆုံးရနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရသောကျင့်ကြံသူများနှင့် အလွန် တူညီနေသည်။

နာတာရှည်စွာနာကျင်မှုက ရှင်းလင်းသော စိတ်အခြေအနေရှိသူတစ်ဦးကိုပင် တဖြည်းဖြည်း ရူးသွပ်သွားစေလိမ့်မည်။

ပင်လယ်ရှစ်စင်း၏အနှစ်သာရဖြင့် ဖွဲ့စည်းထားသော ကျောက်စိမ်းရည်ကို အသုံးပြု၍ သတိလွတ်သွားအောင်ယာယီထုံကျဉ်စေခြင်းကိုသာ နောက်ဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ထားရသည်။

လူသားဧကရာဇ်က အင်ပါယာခုံရုံး၏ကိစ္စရပ်များကို ကျွမ်းကျင်စွာစီမံခန့်ခွဲပြီး မည်မျှပင် ကြိုးစားပမ်းစားအုပ်ချုပ်နေစေကာမူ၊ ကောင်းကင်ယံရှိ မသေမျိုးနန်းတော် တည်ရှိနေသရွေ့ အားထုတ်မှုအားလုံးက အဓိပ္ပါယ်မဲ့ကြောင်း ကြာမြင့်စွာကတည်းက နားလည်ထားခဲ့၏။

"ရှူးယာ ဒီ ကောင်းကင်ကို ကြည့်စမ်း" ထိုလူက ခေါင်းမော့လာပြီး၊ အရက်နှင့်ရူးသွပ်မှု၏လွှမ်းမိုးမှု မရှိတော့သောအခါ သူ၏မျက်နှာက ရုတ်တရက် ပိုမို အိုမင်းသွားပုံရသည်။

ထို ရှင်းလင်းသော မျက်လုံးများကသာ ခြိမ်းခြောက်နိုင်လောက်အောင် အေးစက်ပြီး ထူးခြားသောထိုးထွင်းသိမြင်မှု အနည်းငယ်ကို ရှိနေသည်။

သေခါနီး ဧကရာဇ်တစ်ပါးက အမြဲတစေရူးသွပ်နေမည် မဟုတ်ပေ။

တစ်ခါတစ်ရံတွင်၊ ကြီးမားသော ရည်မှန်းချက် ရှိသူ တစ်ဦးက သာမန်လူများအတွက် ယုတ္တိမတန်ဟု ထင်ရသောအရာကို လုပ်ဆောင်တတ်သော်လည်း၊ သူတို့၏စိတ်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှင်းလင်းနေတတ်သည်။

သူ အနည်းငယ်လွမ်းဆွတ်နေသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ "အဲဒါ လှတယ်လို့ ခင်ဗျားထင်လား"

လင်ရှူးယာ သည် ကောင်းကင်သို့မျက်လုံးများ မော့ကြည့်လိုက်ရာ၊ ကြာရှည်စွာကြည့်ရှုပြီးနောက်တွင် ငြီးငွေ့ဖွယ်ကောင်းသော ထိုနက်ရှိုင်းပြီး ထာဝရမိုးပြာရောင်ပင်ဖြစ်နေဆဲဖြစ်သည်။

သူအကြည့်ကို ရုပ်သိမ်းလိုက်ပြီး ခေါင်းညိတ်လိုက်၏။ "ဒါက လှပနေဆဲပါပဲ"

ထိုလူက သူ၏လက်ကိုဆန့်ထုတ်ကာ အဆုံးအစမဲ့သော ကောင်းကင်ကြီးကိုလက်ချောင်းငါးချောင်းဖြင့် တိုင်းတာလိုက်ပြီး၊ သူ၏အကြည့်များက နေရာလွတ်များကိုဖောက်ထွင်းကာ၊ တိမ်များကို ဖောက်ထွင်းပြီး ကောင်းကင်နန်းတော်ဆီသို့ တည့်တည့် ရောက်ရှိသွားသကဲ့သို့ပင်။ "အဲဒါ လှတယ်၊ ဒါပေမယ့် တစ်ခုခု လိုနေတယ်"

"ဘာလိုနေတာလဲ" လင်ရှူးယာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

"သော့ခလောက် တစ်ခုလိုနေတာ"

ထိုလူက အသံတိတ်ရယ်မောရင်း ရုတ်တရက် ပါးစပ်ကို ဟလိုက်ရာ၊ ရှေ့သွားတစ်ချောင်းကျိုးနေသဖြင့် အနည်းငယ်ရယ်စရာကောင်းနေပုံရ၏။

"ရှေးဟောင်းအစစ်အမှန်နတ်ဘုရားဟာ ဖရိုဖရဲဖြစ်မှုကိုခွဲခြမ်းဖို့ အမြင့်မြတ်ဆုံးစွမ်းအားကို အသုံးပြုပြီး၊ ရှင်းလင်းမှုနဲ့နောက်ကျိမှုကို ခွဲခြားကာ မိုးကောင်းကင်နဲ့မြေပြင်ကို ဖန်တီးခဲ့တယ်လို့ ကောလာဟလ ထွက်နေတယ်"

"ဒါပေမယ့် ငါက ဧကရာဇ်တစ်ပါးအနေနဲ့ အဲဒါ လုံလောက်အောင် ရှင်းရှင်းလင်းလင်းမခွဲခြားထားဘူးလို့ ခံစားရတယ်"

"ဒီ ကောင်းကင်တံခါးကို ငါသော့ခတ်ကြည့်ချင်တယ်"

ထိုသို့ပြောရင်း ထိုလူက ရေကန်၏မျက်နှာပြင်ကို ပြင်းထန်စွာရိုက်ချလိုက်ရာ၊ရေစက်များ လွင့်စဉ်သွားပြီး၊ ချောက်ကမ်းပါးမှနေ၍ ထူထပ်သော အဝါရောင်မြူခိုးများ တက်လာကာ၊ ရေကန်ကို ရွှေရောင်နှင့်အလင်းပြန်နေသော ‌အခြေအနေသို့ ပြောင်းလဲသွားစေသည်။

သူက နတ်ဘုရားများ၏ကရုဏာကို မလိုအပ်သကဲ့သို့ မသေမျိုးများ၏ကာကွယ်မှုကိုလည်း မလိုအပ်ပေ။

သူ အလိုရှိသသည်မှာ မိုးကောင်းကင်နှင့် မြေပြင်ကြားရှိဆက်သွယ်မှုကို ဖြတ်တောက်ရန်သာ ဖြစ်သည်။

"အရှင်ရဲ့လက်ထဲမှာ ဒီသော့ခလောက်ကိုကိုင်ထားပြီးသားပဲ" လင်ရှူးယာ ရွှေရောင်ရေကန် မျက်နှာပြင်ကိုကြည့်လိုက်ရာ၊ ဤသည်မှာ နတ်ဘုရားမင်းဆက်တည်ရှိကတည်းက လက်ဆင့်ကမ်းလာခဲ့သော အခြေခံအုတ်မြစ်ပင်။

"မလုံလောက်သေးဘူး" ထိုလူက သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး၊ တည်ငြိမ်မှုနှင့် အကြောင်းပြချက်အချို့အပြင်၊ သူ၏မျက်လုံးများထဲတွင် ဧကရာဇ်တစ်ပါးအတွက်သာ သီးသန့်ဖြစ်သောရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်တစ်ခုလည်း ရှိနေ၏။ "ငါ ကောင်းကင်တံခါးကို သော့ခတ်လိုက်ရင်တောင်မှ၊ မြေကြီးပေါ်မှာ မရေမတွက်နိုင်အောင်များပြားတဲ့ မသေမျိုးဂိုဏ်း တွေ ရှိနေသေးတယ်"

"ငါ သေပြီးတဲ့နောက်၊ သူတို့က အထက်ဘုံကို တက်လှမ်းဖို့မျှော်လင့်ချက်နဲ့ ဆက်ပြီး ကျင့်ကြံနေကြလိမ့်မယ်။ သူတို့က ဒီ သော့ခလောက်ကို ဖျက်ဆီးဖို့ အသည်းအသန်ကြိုးစားနေတဲ့ ဆာလောင်မွတ်သိပ်နေတဲ့ သားရဲတွေလို ဖြစ်နေလိမ့်မယ်"

"လမ်းစဉ်သုံးသွယ် နဲ့ မဟာနတ်ဆိုးကြီးအုပ်စု ကြားက အတွင်းရေးပဋိပက္ခတွေနဲ့အတူ၊ သူတို့ကို ပျက်စီးသွားတဲ့အထိ အချင်းချင်းသတ်ဖြတ်ခွင့် ပေးလိုက်။တံခါးကို သော့ခတ်ပြီးမှသာ သူတို့ကို ရင်ဆိုင်ဖို့အရင်းအမြစ်တွေ ငါ ရရှိမှာ"

ထိုလူ၏အရေပြားအောက်ရှိ သွေးကြောများက ပေါက်ကွဲထွက်တော့မည့်အလား ဖောင်းကြွလာခဲ့၏။ သူသည် သူ၏ခေါင်းကို ရေကန်ထဲသို့ နှစ်လိုက်ပြီး၊ မည်မျှအချိန်ကြာသွားမှန်းမသိပြီးနောက် သူ ရုတ်တရက်ပေါ်လာကာ၊ အသက်ကို ပြင်းပြင်းရှူရင်း၊ သူ၏မူးယစ်နေသော အမူအရာအဖြစ်ပြန်လည်ပြောင်းသွာသည်။

"ငါ့မှာ အသက်ရှင်ဖို့အချိန် သိပ်မကျန်တော့ဘူး... ပုန်ကန်မဲ့သူတွေအများကြီးကို မရင်ဆိုင်နိုင်ဘူး... ဒါကြောင့် ငါပြင်းပြင်းထန်ထန် သတ်ဖြတ်ဖို့ လိုတယ်..."

"နတ်ဘုရားမင်းဆက် မှာ လူအများကြီး သေကြလိမ့်မယ်" လင်ရှူးယာ ငရဲပြည်ကဲ့သို့သော မြင်ကွင်းကို အားလုံးနီးပါးမြင်ယောင်နေနိုင်ပြီ ဖြစ်သည်။

"ခင်ဗျားမှာ တခြားနည်းလမ်းတွေ ရှိသေးလို့လား" ထိုလူက ခေါင်းကိုအနည်းငယ် လှည့်ကာ ကြည့်လိုက်သည်။

လင်ရှူးယာ တစ်ခဏတာ တိတ်ဆိတ်သွားသော်လည်း၊ သူက အခိုင်အမာ ပြောဆိုလိုက်၏။ "ဗောဓိဂိုဏ်းမှာ အတိတ် ဗုဒ္ဓ၊ လက်ရှိ ဗုဒ္ဓ နဲ့ အနာဂတ် ဗုဒ္ဓ ဆိုပြီး ခေါင်းဆောင် သုံးပါး ရှိပြီး၊ လက်ရှိ ဗုဒ္ဓ က အလေးစားရဆုံးဖြစ်တယ်။ မသေမျိုးသုံးပါးဂိုဏ်း မှာ ထိုက်ချင်း၊ ယွီချင်း နဲ့ ရှန်ချင်း ဆိုပြီး ခေါင်းဆောင်သုံးပါး ရှိပြီး၊ ယွီချင်း ဂိုဏ်းချုပ်က စီနီယာအကျဆုံး ဖြစ်တယ်"

"အဖွဲ့နှစ်ခုစလုံးဟာ ပထမအဆင့် လွတ်မြောက်ခြင်းရဲ့အမြင့်ဆုံး နေရာမှာရှိနေကြတယ်"

"အကယ်၍ အရှင်မင်းကြီးက ဒီ နတ်ဘုရားမင်းဆက်ရဲ့အခြေခံအုတ်မြစ်ကို ကိုယ်ကျိုးအတွက်အသုံးပြုဖို့ ပြောင်းလဲလိုက်မယ်ဆိုရင်၊ အရှင်မင်းကြီးလည်း လွတ်မြောက်ခြင်းအတွက် အခွင့်အရေးတစ်ခု ရရှိမှာပါ။ အဲဒီအချိန်ကျရင် အရှင်မင်းကြီးက အဲဒီဂိုဏ်းနှစ်ခုနဲ့ တန်းတူ ရပ်တည်နိုင်ပြီး၊အရှင်မင်းကြီးကို ပထမဆုံးသော ထာဝရ လူသားဧကရာဇ် ဖြစ်လာစေမှာပါ"

"ဖြစ်နိုင်တာက အဲဒါကရေကန်အောက်က ပစ္စည်းကိုအကောင်းဆုံး အသုံးပြုနည်းဖြစ်မှာပါ"

လင်ရှူးယာ စကားပြောပြီးနောက်၊ သူက လူသားဧကရာဇ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။

ထိုလူ၏နှုတ်ခမ်းများတွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း၊ သွေးကြောများအနည်းငယ် ယှက်သန်းနေသော ထိုမျက်လုံးများထဲတွင်၊ ထူထဲသောသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

ဧကရာဇ်တစ်ပါး၏ဒေါသက သန်းပေါင်းများစွာကို သတ်ဖြတ်ရန် လုံလောက်ပါသည်။

မသေမျိုးဌာနဝန်ကြီး တစ်ဦးကတော့ ပြောစရာပင် မလိုတော့ပေ။

ပြင်းထန်သော ကျားတစ်ကောင်၏စိုက်ကြည့်ခြင်းကို ခံရသောသေမျိုးတစ်ဦးကဲ့သို့ လင်ရှူးယာ ချက်ချင်းပင်ချွေးစေးများ ထွက်လာခဲ့၏။

ကံကောင်းထောက်မစွာဖြင့်၊ ထိုလူ မကြာမီ လှည့်ထွက်သွားခဲ့၏။ "ဒါကြောင့်ပဲ သူတို့အချင်းချင်း အပြတ်အသတ်သတ်ဖြတ်ဖို့ သေချာအောင် နတ်ဘုရားမင်းဆက်ကို လောင်းကြေးထပ်ရဲတာ။ ငါ အကြောက်ဆုံးက ငါသေပြီးတဲ့နောက်၊ ထာဝရ မသေနိုင်ခြင်းဆိုတာကို လိုချင်တပ်မက်ဖို့ မင်းတို့ရဲ့ ဖြားယောင်းသွေးဆောင်တဲ့စကားတွေနဲ့ ငါ အလိမ်ခံရမှာကို ကြောက်လို့ မင်းတို့ အားလုံး တွန့်ဆုတ်မနေဘဲအလျင်အမြန်အလျှော့ပေးလိုက်ကြမှာကိုပဲ..."

သူ အနည်းငယ်ပင်ပန်းနေပုံရပြီး၊ ရေကန်အစွန်းတွင် သူ၏လည်ပင်းကို ပြန်လည် မှီထားကာ သက်ပြင်းချလိုက်၏။ "ရှူးယာ မိုးရေရဲ့ကျေးဇူးက သက်ရှိအားလုံးကိုအာဟာရဖြစ်စေတယ်၊ ဒါက သဘာဝရဲ့နိယာမပဲ"

"ဒါပေမယ့် ဒီနိယာမ ကိုတောင် သူတို့က သူတို့ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားချင်ကြတယ်"

မသေမျိုးခုံရုံးတွင် တာဝန်ထမ်းဆောင်နေသော တာ့လော်မသေမျိုးအရှင်မြတ်တစ်ပါးကို စော်ကားမိသောကြောင့်၊ပြည်နယ်တစ်ခုလုံး နေရပ်စွန့်ခွာရခြင်းနှင့် လမ်းမများပေါ်တွင် သေဆုံးရခြင်းတို့ကို ရင်ဆိုင်ခဲ့ရပြီး၊ထိုနေရာကို လူသူကင်းမဲ့သော လွင်တီးခေါင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ထိုအချိန်မှစ၍ မသေမျိုးဌာနကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

"ခန္ဓာကပ်ဘေးက စိတ်ကပ်ဘေးအဖြစ် ပြောင်းလဲသွားတာနဲ့အမျှ၊ လမ်းစဉ်သုံးသွယ်ဟာ တပည့်တွေ ပိုများလာပြီး ဝါးမြိုချင်စိတ်လည်းတိုးလာကာ ပိုမို အားကောင်းလာခဲ့တယ်"

"တစ်နေ့ကျရင်၊တိုက်ကြီးလေးခုက လူတွေက ဒီ မသေမျိုးတွေနဲ့ နတ်ဘုရားတွေအုပ်စုကို ကျေနပ်အောင်လုပ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီနေ့ ရောက်လာလို့ သူတို့ကိုယ်သူတို့သတ်ဖြတ်ခံရမယ့် သိုးတွေဆိုတာ သဘောပေါက်ပြီးခုခံဖို့ ကြိုးစားကြတဲ့အခါ နောက်ကျသွားပြီ"

"အရှင်လတ်လတ်ပြုတ်ခံရဖို့ စောင့်နေမယ့်အစား၊ ...တာ ပိုကောင်းတယ်"

ထိုလူက မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ၏ကျိုးနေသောသွားကို နောက်တစ်ကြိမ် ဖော်ပြလိုက်ရာ၊ ချွန်ထက်သောအစွယ်များ ကင်းမဲ့နေသော်လည်း၊ ယခင်ကရယ်စရာကောင်းမှုမရှိတော့ဘဲ ကြမ်းကြုတ်သောကျားတစ်ကောင်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းနေ၏။

"အသည်းအသန် ရုန်းကန်မှု၊ အဆုံးတိုင်အောင် တိုက်ပွဲဝင်မှု"

"ငါက နတ်ဘုရားမင်းဆက်ရဲ့ ပြည်သူတွေနဲ့အတူ သေခြင်းတရားကို ရင်ဆိုင်မယ်"

"..."

လင်ရှူးယာ တိတ်ဆိတ်စွာ နေခဲ့ပြီး၊ သူ၏နားထဲတွင် မိုးကြိုးကဲ့သို့သော ဟိန်းဟောက်သံများ ပြည့်နှက်နေသည်။

သို့သော် သူက တုန်လှုပ်မှုကို မခံစားရပေ။

တစ်ချိန်က ထိုပြည်နယ်တစ်ခုတည်းအတွက် ငိုကြွေးခဲ့ပြီး လောကကြီးအပေါ်ကရုဏာသက်ခဲ့သော ပညာရှိဧကရာဇ်က ယခုအခါ သာမန်ပြည်သူများ၏အသက်များကို ဂရုမစိုက်တော့ပေ။

နတ်ဘုရားနယ်မြေတစ်ခုလုံးက စိတ်ကူးယဉ် အနာဂတ်တစ်ခု၏အခွင့်အရေးအတွက် သူ၏ရွေးချယ်မှုဖြင့် လောင်းကစားဝိုင်းပေါ်သို့ ရက်စက်စွာ တင်ခံလိုက်ရသည်။

အခြားသူများ ခန့်မှန်းချက် မှန်ကန်ကောင်း မှန်ကန်ပေလိမ့်မည်။

နှစ်ပေါင်းများစွာနာကျင်စွာ နှိပ်စက်ခံရမှုအောက်တွင်၊ လူသားဧကရာဇ်က ကြာမြင့်စွာကတည်းက ရူးသွပ်သွားခဲ့ပြီး၊ ပြန်လည် အသက်ဝင်သော အုပ်စိုးသူဟူသော ဘွဲ့အမည်နှင့် မထိုက်တန်တော့ပေ။

အာဏာရှင်က အာဏာရှင်ပင်။

All Chapters