အခန်း ၁၁၅၄
Vol. 116 Ch. 1154
အခန်း (၁၁၅၄) ရှန်းယီကိုတွေ့ရှိခြင်း
ဤရှုထောင့်မှကြည့်လျှင်၊ လူသားဧကရာဇ်က ဆင်ခြင်တုံတရားကင်းမဲ့ပြီး စိတ်လိုက်မာန်ပါလုပ်တတ်သူဟု မဆိုနိုင်ဘဲ၊ သူက ပိုမိုရေရှည်ကျသော အမြင်တစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းသာဖြစ်သည်။
"နင် မဟာတောင်ပိုင်းတိုက်ကြီးဆီ မြန်မြန်ပြန်သွားသင့်တယ်။ ငါကတော့ မသေမျိုးဌာနက ရွှေရောင်ဆေးလုံးတွေပြင်ဆင်တာကို စောင့်ရင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကလစာစုဆောင်းဖို့ ဒီမှာ ခဏလောက် ဆက်နေရဦးမယ်"
ဖုန်းရှီ လက်များကိုဆုပ်ကာ အရိုအသေပေးလိုက်၏။ လက်ရှိ အခြေအနေသည် အရေးပေါ် ဖြစ်နေသဖြင့်၊အကျိုးမဲ့စကားပြောနေရန် အချိန် သိပ်မရှိတော့ပေ။
သူမက သူ၏ခရီးစဉ်တွင် ဂရုစိုက်ရန် သူ့ကို တမင်တကာ သတိပေးနေခြင်းမပြုခဲ့ပေ။
ဤလူငယ်က ကောင်းကင်ပါရမီရှင်များနှင့် မဟာအာဟတ်များအကြားမှ အစစ်အမှန်ကျမ်းစာကို လုယူနိုင်ခဲ့သူ ဖြစ်ရာ၊ အတွေ့အကြုံရော စွမ်းအားပါ သာမန်လူများထက်များစွာ သာလွန်နေသည်။ ယခုအခါ သူ့တွင်ကာကွယ်ရန်အတွက် တတိယအဆင့်နတ်ဆိုးသုတ်သင်ရေး အမိန့်ပြားလည်း ရှိနေပြီဖြစ်သည်။
ဤကဲ့သို့သော တည်ရှိမှုမျိုးက နတ်ဘုရားမင်းဆက်အတွင်း၌ပြဿနာ ကြုံတွေ့ရမည် ဆိုပါက၊ ၎င်းက အမှန်တကယ်ပင်ကျဆုံးရန် ကံကြမ္မာဖန်လာခြင်းသာဖြစ်နိုင်၏။
"နှုတ်ဆက်ခဲ့ပါတယ်" ရှန်းယီ လှည့်ကာရှည်လျားသောလမ်းမကြီးထဲသို့ ဝင်ရောက်သွားပြီး လူအုပ်ကြားတွင်တိုးဝှေ့သွားခဲ့ကာ၊ အင်ပါယာမြို့တော်မှ ထွက်ခွာပြီးနောက်တွင်မှ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီးလျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
လောလောဆယ်တွင်မူ၊ သူက မဟာတောင်ပိုင်းတိုက်ကြီး၌ပြဿနာများ ဖြစ်ပွားမည်ကို စိုးရိမ်မနေခဲ့ပေ။
မည်သို့ပင်ဆိုစေ နတ်ဆိုးမျိုးနွယ်က ယခုလေးတင် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ၊ နတ်ဆိုးကျောက်တုံးများစွာက ကာကွယ်ပေးထားသဖြင့် လောလောဆယ်တွင်ကြီးကြီးမားမားပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ပေ။
မသေမျိုးသုံးပါးဂိုဏ်းက ကြီးမားသော ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရပြီး၊ ဗောဓိဂိုဏ်း နှင့် အကြွေးရှင်းရန် အလုပ်ရှုပ်နေလောက်ပါသည်။
ထို ဘုန်းကြီးတစ်စုနှင့် ပတ်သက်၍ကား...
ရှန်းယီ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး သူ၏အတွင်းစိတ်ထဲသို့ အာရုံစိုက်လိုက်၏။
မှိန်ဖျော့သော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ဗောဓိသတ္တအသီးအပွင့်အတွင်းရှိ ပယင်းလုံး၏နှလုံးသား နေရာတွင်၊ ရွှေရောင်ချည်မျှင်အစအနလေးတစ်ခုက အမာရွက်တစ်ခုကဲ့သို့လွင့်မျောနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဤအခိုက်အတန့်တွင်၊ ထိုရွှေရောင်ချည်မျှင်က တိတ်ဆိတ်စွာ တောက်ပနေခဲ့၏။
နှလုံးသားထဲရှိအမာရွတ်ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုးပင်။
စိတ်ပိုင်းဆိုင်ရာရောဂါရှိနေပါက၊ ၎င်းကို သေချာစွာကုသပေးရပါမည်။
အင်ပါယာမြို့တော်မှ ထွက်ခွာပြီးနောက်၊ ရှန်းယီလမ်းမကြီးမှ မသွားတော့ဘဲ၊တောင်တန်းများနှင့် သစ်တောများဆီသို့ တည့်တည့်ဦးတည်သွားခဲ့၏။
သူသည် ညီညာသောတောင်ကမ်းပါးယံ တစ်ခုကို ရှာတွေ့ခဲ့သည်။
သူက ဆေးမီးဖိုကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်ရာ၊ ဧရာမဆေးမီးဖိုကြီးဆယ်လုံးက မြေကြီးပေါ်သို့ကျလာပြီး၊ ပြင်းထန်သော ဆေးမီးတောက်များက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
ကပ်ဘေးသုံးသောင်းနှစ်ထောင် တန်ဖိုးရှိသော ဧကရာဇ်ချီ ရွှေရောင်ဆေးလုံးများက လျင်မြန်စွာ စတင် အသွင်ပြောင်းလာခဲ့၏။
ဆေးလုံးများတစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကာ ရှန်းယီ၏ပါးစပ်ထဲသို့ ဝင်ရောက်သွားကာ၊ သူ၏အမြင်အာရုံထဲတွင် ထူထပ်သောအဝါရောင် မြူခိုးများက လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသကဲ့သို့ဖြစ်နေကာ အချိန်အတော်ကြာ တည်ရှိနေခဲ့လေသည်။
သူက ၎င်းထဲမှနေ၍ရွှေရောင်ချည်မျှင် အစအနများကိုတစ်ခုပြီးတစ်ခုကျွမ်းကျင်စွာ ရှာဖွေတွေ့ရှိခဲ့၏။
တစ်ခါတစ်ရံတွင် သူကျရှုံးတတ်သော်လည်း၊ စနစ်မျက်နှာပြင်၏နတ်ဆိုးအသက်တမ်း သရုပ်ဖော်မှုအကူအညီဖြင့်၊ အခြားကျင့်ကြံသူများအတွက် မျက်တောင်တစ်ခတ်စာသာ ရရှိနိုင်မည့် အခွင့်အရေးက ရှန်းယီအတွက်မူ အလွယ်တကူရသည့်အတိုင်းအတာတစ်ခုအထိ ရှိနေသည်။
တောင်ပေါ်တွင် အချိန်က မသိမသာဖြင့်ကုန်ဆုံးသွားခဲ့သည်။
ရှန်းယီ သူ၏ကိုယ်တွင်းရှိ ထပ်တိုးလာသော ရွှေရောင်ချည်မျှင်များကို ရေတွက်နေရင်း၊ တံဆိပ်ပြားမှတစ်ဆင့် မဟာတောင်ပိုင်းတိုက်ကြီး ကို စောင့်ကြည့်နေခဲ့၏။
ချည်မျှင်အရေအတွက် တိတိကျကျသုံးဆယ့်နှစ်ချောင်းသို့ ရောက်ရှိသွားသောအခါ၊ သူဆေးလုံးများစားသုံးခြင်းကို မဆိုင်းမတွပင်ရပ်တန့်လိုက်၏။
"ဟူး" ရှန်းယီ သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်သည်။ ၎င်းသည် သူ၏အနာဂတ်နှင့် သက်ဆိုင်နေပြီး၊သူ့တွင် ကျောထောက်နောက်ခံအဖြစ် ထိုက်ရွှီဆေးတာအိုရှိနေသော်လည်း၊ သူက အနည်းငယ်စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ပေ။
တိတိကျကျပြောရလျှင်၊ သူသည် မဟာဂိုဏ်းကြီးတစ်ခု၏တိုက်ရိုက် တပည့်တစ်ဦး၏အခွင့်အရေးကို ခံစားနေရခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ အာဟတ် တိုင်းက ဗောဓိသတ္တချီးမြှင့်ထားသော ရွှေရောင်ချည်မျှင်ကို ရရှိနိုင်စွမ်း မရှိသောကြောင့်ပင်။
ဤရွှေရောင်ချည်မျှင်က လမ်းပြအလင်းရောင် တစ်ခုနှင့် တူပြီး၊ ရှန်းယီ၏လမ်းစဉ်ကို သိမ်မွေ့စွာ လင်းထိန်ပေးနေသည်။ အနည်းဆုံးတော့ သုံးနဲ့သုံး အရေအတွက် နှင့် ပတ်သက်၍၊ ရှန်းယီက ဤလမ်းကြောင်းကိုပုံတူကူးရန်သာ လိုအပ်ပါသည်။
ထူထပ်စွာစုစည်းနေသော ရွှေရောင်ချည်မျှင်များက နတ်ဘုရားအပ်တစ်ချောင်းဖြင့် ဆွဲယူခံရကာ စတင်ယက်လုပ်ကြ၏။
ပထမဦးစွာ၊၎င်းက ပါးလွှာနေသော ရွှေရောင်ခန္ဓာ ကိုပြီးပြည့်စုံသွားစေပြီး ပိုမိုခိုင်မာသည့် အသွင်ပေါ်လာစေသည်။
ထို့နောက်၊ ရှန်းယီက ကျားနဂါး၏လမ်းစဉ်ကို ဆက်လက်မလျှောက်လှမ်းတော့ဘဲ၊ လက်တစ်ထောင် ဗောဓိသတ္တကို အတုယူလိုခဲ့သည်။ ကံမကောင်းစွာဖြင့်၊ထို ရွှေရောင်ချည်မျှင်မှတစ်ဆင့် လက်တစ်ထောင် ဗောဓိသတ္တ၏နတ်ဘုရားစွမ်းရည်များ၏တစ်စိတ်တစ်ပိုင်းကိုသာ သူ မြင်တွေ့နိုင်ခဲ့ပြီး၊၎င်းကို ပြီးပြည့်စုံစွာ ပုံတူမကူးနိုင်ခဲ့ပေ။
အနည်းငယ်တုံ့ဆိုင်းပြီးနောက်၊ သူက ဒုတိယ အကောင်းဆုံးကိုသာ ရွေးချယ်လိုက်ပြီး၊ ရွှေရောင်ချည်မျှင်ဖြင့် လက်မောင်းလေးဖက်ကိုသာ ပုံဖော်ရန် ရွေးချယ်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ ရှန်းယီ မသေမျိုးဆေးလုံးကို ထပ်မံမျိုချလိုက်ပြီး၊ အဝါရောင်မြူခိုးများထဲမှ နောက်ဆုံး ရွှေရောင်ချည်မျှင်ကို ဖမ်းဆုပ်လိုက်ရာ၊ ကျဆင်းလာသော အလင်းရောင်အနှစ်သာရက ကျန်ရှိနေသောလက်ဖဝါးကို အပြည့်အဝပြီးပြည့်စုံသွားစေခဲ့သည်။
[သုံးနဲ့သုံး အရေအတွက်ပြီးပြည့်စုံခြင်း]
[တတိယအဆင့်၊ဝိညာဉ်စွမ်းအားအကာအကွယ်ကျမ်းစာ (မပြီးပြည့်စုံ) - အသေးစားအောင်မြင်မှု]
စနစ်မျက်နှာပြင်အချက်ပြမှု ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊လွန်ခဲ့သော အခိုက်အတန့်လေးကမှတည်ငြိမ်နေပုံရသော ရှန်းယီက ရုတ်တရက် ချွေးများရွှဲနစ်သွားသည်ကို တွေ့လိုက်ရပါသည်။
ကောင်းကင်တာအိုမြစ်ဖျားခံရာကို ဆွဲယူပြီး ချည်မျှင်ယက်လုပ်ခြင်းကို ပြုလုပ်ရခြင်းက လောကတွင်အသေးစိတ်အကျဆုံးသော အလုပ် ဖြစ်နိုင်သည်။
စနစ်မျက်နှာပြင်၏တွက်ချက်မှုဖြင့် ဤလုပ်ငန်းစဉ်ကို သက်တမ်းများဖြင့်မရေမတွက်နိုင်အောင် အကြိမ်များစွာတိုးခဲ့သော်လည်း၊ ၎င်းက ရှန်းယီ၏စိတ်စွမ်းအင်အားလုံးကို ကုန်ဆုံးသွားစေခဲ့၏။
သူ၏လက်ထဲတွင် ကျန်ရှိနေသော ကပ်ဘေး ငါးထောင်တန်ဖိုးရှိ ဧကရာဇ်ချီရွှေရောင်ဆေးလုံး များကို ကြည့်ရင်း၊ သူတောင်အောက်သို့ ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သည်။
ထွက်ခွာရန် မရည်ရွယ်ထားဘဲ၊ အနည်းငယ် အနားယူပြီးနောက်၊ဆေးဖော်စပ်ခြင်းကို ပြန်လည် စတင်ရန် သူ ဆေးမီးဖိုကိုအပူပေးလိုက်လေ၏။
...
ကမ္ဘာကြီးကို ခြေထောက်ဖြင့်တိုင်းတာခြင်းက လောကခရီးသည်များ၏အခြေခံ စွမ်းရည်တစ်ခုပင်။
နှလုံးသားကပ်ဘေးများကို မရင်ဆိုင်ရမီတွင်၊ သူတို့က မဟာတာအိုကို သိမြင်နားလည်နိုင်ရန် အဆင့်ဆင့်သော ခန္ဓာအတားအဆီးများကို အားကိုးကာ၊အမြင့်မြတ်ဆုံးသော အသီးအပွင့်ကို ဆုပ်ကိုင်နိုင်ရန်အထက်သို့ တက်လှမ်းကြသည်။
ညင်သာစွာလွင့်မျောနေသော အဝါရောင် သင်္ကန်းနှင့် ဘုန်းကြီးက မျက်လုံးများကိုတိတ်ဆိတ်စွာ မှိတ်လိုက်ပြီး၊တမင်တကာ ဖုံးကွယ်ထားသော ထို အရှိန်အဝါအရိပ်အယောင်နောက်သို့ လိုက်ကာ၊ခြေလှမ်းလှမ်းရင်း ရှေ့သို့သက်သောင့်သက်သာ လျှောက်လှမ်းသွားခဲ့သည်။
သူသည် လမ်းမကြီးမှတဖြည်းဖြည်း သွေဖည်သွားသည့်အထိပင်။
သူ တောတောင်တစ်ခု၏ရှေ့တွင် ရပ်လိုက်ပြီး မျက်လုံးများကိုဖြည်းညှင်းစွာ ဖွင့်လိုက်၏။
မျက်တောင်တစ်ခတ်အတွင်း၊ ဘုန်းကြီး၏ခြေအောက်ရှိခွေးနက်က မြေကြီးပေါ်သို့ဝပ်ဆင်းသွားပြီး၊ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မထိန်းချုပ်နိုင်စွာ အနည်းငယ်တုန်ယင်နေခဲ့ပါသည်။
"မင်းကို ငါ ရှာတွေ့ပြီ" လက်တစ်ထောင် ဗောဓိသတ္တ၏နှုတ်ခမ်းထောင့်များက ဖြည်းညှင်းစွာ ကွေးတက်သွားပြီးအပြုံးတစ်ခုကို ထုတ်ဖော်နေသည်မှာရှင်းလင်းသော်လည်း၊ မည်သည့် လှိုင်းဂယက်မှမရှိသောနက်ရှိုင်းသည့် ထိုမျက်လုံးတစ်စုံက အပြုံးကိုအနည်းငယ် ထိတ်လန့်စရာကောင်းနေစေသည်။
သူ့ရှေ့ရှိ လူမိုက်ကို အနှောင့်အယှက်ပေးမည်ကို ကြောက်ရွံ့သည့်အလား ကြာပန်းပလ္လင်ကို မဆင့်ခေါ်ဘဲ တောတောင်ထဲသို့ခြေလှမ်းဝင်ရောက်သွားခဲ့၏။
ထိုစကားတစ်ခွန်းတည်းကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေခဲ့၏။
သူတောင်ထိပ်သို့ တက်ရောက်သွားပြီး ရှေ့ရှိ မြေပြင်ညီကို မြင်တွေ့ရသည်အထိပင်။
လက်တစ်ထောင် ဗောဓိသတ္တက လက်ဖဝါးနှစ်ဖက်ကိုပူးကပ်လိုက်ပြီး ရှေ့သို့ကြည့်လိုက်ရာ၊ သူ၏အပြုံးက တဖြည်းဖြည်းပေါ်လွင်လာခဲ့၏။
"နောက်ဆုံးတော့ မင်းကို ငါ ရှာတွေ့ပြီ" သူ၏ခြေအောက်ရှိအဆုံးအစမဲ့သော လောကကြီးက အလွန်သေးငယ်လွန်းလှပါသည်။
ဤကျယ်ပြန့်လှသောလောကကြီးတွင် တစ်ဖက်လူအတွက်ပုန်းအောင်းစရာ နေရာဟူ၍မရှိနိုင်ပေ။
သူတို့၏ပထမဆုံး တွေ့ဆုံမှုကိုပြန်လည်တွေးကြည့်လျှင်၊ ဤလူကမြေကြီးပေါ်သို့ နှိမ့်ချစွာဖိချခံထားရပြီး၊ ခုခံမှုအရိပ်အယောင် အနည်းငယ်မျှမရှိဘဲ အပြည့်အဝအညံ့ခံမှုကိုပြသကာ သူ့ကိုပင်လှည့်စားခဲ့သေးသည်။
သို့သော် ဤအခိုက်အတန့်တွင်ကား..
မြေပြင်ညီပေါ်တွင် ဆေးမီးဖိုဆယ်လုံး မားမားမတ်မတ်ရပ်တည်နေခဲ့၏။