အခန်း ၁၁၅၇
Vol. 116 Ch. 1157
အခန်း (၁၁၅၇) အရင်ဆုံး ငါ့ရဲ့ကပ်ဘေးကို ကျော်ဖြတ်လိုက်စမ်း ၂
လက်တစ်ထောင် ဗောဓိသတ္တ၏မျက်နှာပေါ်တွင် ကြမ်းကြုတ်သောအမူအရာ ရှိနေသော်လည်း၊ တစ်ဖက်လူထံမှ မည်သည့် တုံ့ပြန်မှုမျှမတွေ့ရဘဲ၊ ရှန်းယီ၏ဖျော့တော့သော မျက်နှာပေါ်တွင် တိတ်ဆိတ်စွာပေါ်ထွက်လာသော အနည်းငယ် လှောင်ပြောင်သည့် အပြုံးတစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။
ယင်းကို မြင်သောအခါ၊ သူ၏မျက်နှာအမူအရာ အနည်းငယ် မှောင်မိုက်သွားပြီး၊ သူ၏ခြေအောက်ရှိ ကြာပန်းပလ္လင်ကအမြန်နှုန်းအပြည့်ဖြင့် ရုတ်တရက်နောက်ဆုတ်သွားကာ၊ ကောင်းကင်ရှိ ပုံရိပ်ယောင်ကြီးက ၎င်း၏ပြင်းထန်သော တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်လိုက်သည်။
ရှန်းယီ ဤအရာကိုကြိုတင် မျှော်လင့်ထားပုံပေါ်သည်။ သူ ဆုတ်ခွာသွားသည့် အခိုက်အတန့်တွင်၊ သူ ဗောဓိသတ္တ၏ဓမ္မခန္ဓာကိုယ်ကို ထိန်းချုပ်ကာ၊ ကောင်းကင်ရှိပုံရိပ်ယောင်ကြီး၏လက်မောင်းများကို ရုတ်တရက်ဆုပ်ကိုင်လိုက်၏။
"အတင့်ရဲတယ်" လက်တစ်ထောင် ဗောဓိသတ္တက ခက်ထန်စွာအော်ဟစ်လိုက်သော်လည်း၊ သူ နင်းထားသောကြာပန်းပလ္လင်က မမြင်နိုင်သော ဧရာမ လက်ကြီးတစ်ခုဖြင့် ဆုပ်ကိုင်ခံထားရသကဲ့သို့ ဖြစ်နေပြီး၊လုံးဝ ထွက်ပြေး၍မရနိုင်ကြောင်းကို တွေ့လိုက်ရသည်။
ရှန်းယီ ဗုဒ္ဓအလင်းရောင်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက်၊ သူဆုတ်ခွာရန် စဉ်းစားပြီးဖြစ်ကာ၊တစ်ဖက်လူကို နောက်ဆုတ်သွားစေရန်သာ ကြမ်းကြုတ်ဟန်ဆောင်ပြီး၊သူ့ကိုယ်သူ အဆင်ပြေပြေဆုတ်ခွာနိုင်ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဤကောင်လေးက မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက်လုပ်ဆောင်ခဲ့သဖြင့် သူ့ကို အတော်လေး နားမလည်နိုင်ဖြစ်သွားစေခဲ့၏။
"ခင်ဗျားရဲ့ဒဏ်ရာ ပျောက်သွားပြီလား" ရှန်းယီ ပေါ့ပေါ့ပါးပါးခုန်တက်လိုက်ပြီး၊ လက်ဟန်တစ်ခုကိုလည်း ဖန်တီးလိုက်၏။ မျက်တောင်တစ်ခတ်အတွင်း၊ လက်မောင်းခြောက်ဖက်က ကောင်းကင်ယံကို ဖြတ်၍တစ်ပြိုင်နက်တည်း ရမ်းခါလိုက်ရာ၊ အဝတ်စကိုဆွဲဖြဲလိုက်သကဲ့သို့ လက်တစ်ထောင် ဗောဓိသတ္တ၏ဓမ္မခန္ဓာကိုယ်တွင် ရှည်လျားသော အက်ကြောင်းတစ်ခုကို ဆွဲဖြဲပစ်လိုက်သည်။
"..."
သူ၏အသီးအပွင့် ထိခိုက်ပျက်စီးမှုကြောင့် လက်တစ်ထောင် ဗောဓိသတ္တ၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး၊ သူ၏မျက်နှာနီရဲသွားခဲ့သည်။
သူ မယုံကြည်နိုင်စွာဖြင့်လှမ်းကြည့်လိုက်၏။ "မင်း ဘယ်လိုလုပ် သိတာလဲ"
သူ၏တကယ့်အခြေအနေကို အနောက်တောင်စီရင်စု၏ခန်းမကြီးထဲရှိ လူနှစ်ဦးနှင့် သူ ဆွဲလာသော ခွေးနက်တို့သာ သိရှိကြသည်။
ဗောဓိသတ္တ၏အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ၊ ရှန်းယီ၏မျက်လုံးများတွင် ကြမ်းတမ်းသောအရိပ်အရောင်တစ်ခု နောက်ဆုံးတွင် ပေါ်လွင်လာခဲ့၏။
ကျင့်ကြံခြင်းကို ရိုးရှင်းစွာပေါင်းထည့်၍ မရနိုင်ပေ။
ဧကရာဇ်ချီ ရွှေရောင်ဆေးလုံး များအားလုံးကို အသုံးပြုပြီးနောက်၊ ဆုံးရှုံးမှုများနှင့် အမှားအယွင်းများကိုဖယ်ရှားလိုက်လျှင်၊ ရှန်းယီ၏ဗောဓိသတ္တ အသီးအပွင့်က သုံးဆယ့်ခြောက်ခုအရေအတွက်သို့ ရောက်ရှိသွားသော်လည်း၊ ၎င်းက နတ်ဆိုးသုတ်သင်ရေးအမိန့်ပြားကိုထိန်းချုပ်လိုက်ယုံဖြင့် နောက်ထပ် မူလရင်းမြစ်သုံးဆယ့်သုံးချောင်းကို တိုက်ရိုက်ပေါင်းထည့်နိုင်သည်ဟု မဆိုလိုပေ။
မည်သို့ပင်ဆိုစေ၊ ၎င်းက ပြင်ပ အရာဝတ္ထုတစ်ခုမျှသာဖြစ်သည်။
၎င်း၏ပြီးပြည့်စုံသည့် အလားအလာကို အကောင်အထည်ဖော်နိုင်လျှင်ပင် ရှန်းယီက အများဆုံး ဤလက်တစ်ထောင် ဗောဓိသတ္တ နှင့်သာ အကြိတ်အနယ်ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
၎င်းမှာ ဗောဓိသတ္တတွင် မည်သည့်ဝှက်ဖဲများရှိနေနိုင်သည်ကို ထည့်မတွက်သေးပေ။
တစ်ဖက်လူက ထွက်ပြေးချင်နေကြောင်း ရှန်းယီ အလွန် သေချာနေရသည့် အကြောင်းရင်းမှာ၊ အနောက်တောင်စီရင်စုတွင် စစ်သူကြီးယန်လန်ထင် ပြောခဲ့သော စကားကြောင့် ဖြစ်သည်။
သူ အနိုင်ရခဲ့ကြောင်း တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်နှစ်ဦးကို သူ ပြောခဲ့၏။
စစ်သူကြီးယန် အနိုင်ရခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ကုသရန်ဆုတ်ခွာနိုင်ဆဲဖြစ်သောကြောင့်၊ သူ၏ရှေ့ရှိ ဤဗောဓိသတ္တက အပြင်ပန်းအားဖြင့်သာ သန်မာပြီးအတွင်း၌အားနည်းနေနိုင်ခြေ အလွန်များပါသည်။
ဤအကြောင်းကြောင့်ပင် ရှန်းယီက အန္တရာယ်အကျခံကာ လက်တစ်ထောင် ဗောဓိသတ္တကို စောင့်ဆိုင်းရန် ဤနေရာတွင်နေခဲ့ခြင်းဖြစ်သည်။
အကယ်၍ အခြေအနေပိုမိုဆိုးရွားလာပါက၊ တစ်ဖက်လူက ဒဏ်ရာများမသက်သာမီ တစ်စုံတစ်ယောက်ကို ရှာဖွေရန် နတ်ဘုရားမင်းဆက်အတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်လာရဲမည် မဟုတ်ပေ။
"အဲဒီတုန်းက ငါ့ကိုရှာဖို့အနောက်တောင်စီရင်စုကို ခင်ဗျား လာခဲ့တယ်၊အခု ငါတို့ တွေ့နေပြီဆိုတော့ ခင်ဗျားဘာလို့ ထွက်သွားချင်ရတာလဲ" သူ၏စကားနှင့်အတူ၊ ရှန်းယီ၏ဗောဓိသတ္တဓမ္မခန္ဓာကိုယ်က မြေပြင်မှထလာပြီး၊ နတ်ဆိုးသုတ်သင်ရေးအမိန့်ပြားအတွင်းရှိ ဧကရာဇ်ချီ က သူ၏ခန္ဓာကိုယ်ကို ထူထပ်သည့် အဝါရောင်တိမ်တိုက်တစ်ခုအဖြစ်ခြုံလွှမ်းထားကာ မမြင်နိုင်သောသံချပ်ကာတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
လက်သီးချက် ရာဂဏန်းခန့် ဆက်တိုက် ကျရောက်လာပြီး၊ယခင်က ကြောက်ရွံ့လေးစားဖွယ်ကောင်းပြီးအားကောင်းလှသော လက်တစ်ထောင် ဓမ္မခန္ဓာကိုယ်က ယခုအခါပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ဘဲ နောက်ဆုတ်အောင် ထိုးကြိတ်ခံနေရသည်။
"ဖူး.." လက်တစ်ထောင် ဗောဓိသတ္တ ခုခံရန်ရုန်းကန်နေရပြီး၊ သူ၏မျက်နှာက ဝက်မျက်နှာကဲ့သို့ရောင်ကိုင်းနေ၏။
သူ၏နားထဲရှိ အသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်နေပြီး၊ တစ်ဖက်လူကိုရည်မှန်းချက်ကြီးမားသော သစ္စာဖောက်တစ်ဦး၊ဂိုဏ်းကို စွန့်ခွာပြီး အင်ပါယာခုံရုံးဘက်သို့ ပါသွားသူတစ်ဦးဟု ထင်မှတ်ကာ၊ ကျိန်ဆဲချင်စိတ်များဖြစ်ပေါ်လာစေသည်။
ယခု ဤစကားများကို ကြားသောအခါ၊ တစ်ဖက်လူက အမှန်တကယ်တော့ အစကတည်းက အင်ပါယာခုံရုံးမှ ဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့၏။
သူ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက်၊ ရွှေရောင်သွေးများတစ်လုပ်စာထွေးထုတ်မိ၏။
လက်တစ်ထောင် ဗောဓိသတ္တက ဝင်ရောက်လာသော ဧရာမလက်သီးခြောက်လုံးကို ကာကွယ်ရန် သူ၏ဓမ္မခန္ဓာကိုယ်ကို အစွမ်းကုန်လှုံ့ဆော်လိုက်ရပြီး၊ ထို့နောက်အသက်ရှူရန် အခွင့်အရေးကို အသုံးချကာဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ငါ မင်းကိုနတ်ဘုရားစွမ်းရည်တွေ သင်ပေးခဲ့တယ်၊မဟာကျမ်းစာတွေကို သင်ပေးခဲ့တယ်၊ ပြီးတော့ဂိုဏ်းထဲကို ဝင်ရောက်ခွင့်ပေးခဲ့တယ်။ ဆရာနဲ့ တပည့်ဆိုတဲ့ နာမည်မရှိပေမယ့်၊ ငါတို့က အမှန်တကယ် ဆရာနဲ့ တပည့်တွေပဲ"
"မင်း ငါ့ကို သတ်ရင်၊ မင်းဟာ ကောင်းကင်ကို လှည့်စားပြီးဘိုးဘေးတွေကို ဖျက်ဆီးတဲ့ အပြစ်ကို ကျူးလွန်ရာရောက်လိမ့်မယ်၊ လူ့ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး လောကကြီးရဲ့ပြစ်တင်ရှုတ်ချမှုကို ခံရ၊ထာဝရကပ်ဘေးခံစားရမှာ"
"..." ဤစကားကိုကြားသောအခါ၊ ရှန်းယီက အောက်ဘက်ရှိ မိုးကြိုးပစ်ခံရသကဲ့သို့တုန်ယင်နေသော ခွေးနက်ကို ဖျော့တော့စွာတစ်ချက်ကြည့်လိုက်သည်။
နတ်ဘုရားနယ်မြေသို့ သူ ပထမဆုံး ရောက်လာစဉ်က ကျမ်းစာသင်ကြားပေးခဲ့သော ကျေးဇူးအပြင်၊ ယနေ့တွင်လည်း သူက ဆရာတော် ကျစ်ခုန်း၏ကျေးဇူးကို နောက်တစ်ကြိမ်တင်ရှိနေပြန်ကြောင်းသူ ဝန်ခံရပါလိမ့်မည်။
တစ်ဖက်လူထံမှ ရရှိခဲ့သော သင်ခန်းစာသာ မရှိပါက၊ ရှန်းယီက သေနိုင်သောခြိမ်းခြောက်မှုအောက်တွင် အညံ့ခံသွားနိုင်ပြီး၊သူ့ဘာသာ အခွင့်အရေးများကို ခက်ခဲစွာရှာဖွေနေမည့်အစား၊ ရှန်းရွှီဘိုးဘေးကို တိုက်ခိုက်ရန် ဗောဓိဂိုဏ်းသို့ အမှန်တကယ် ဝင်ရောက်သွားနိုင်ပါသည်။
ဤကဲ့သို့သက်ဝင်ယုံကြည်သော ဂိုဏ်းဝင် တပည့်တစ်ဦးပင်လျှင် နောက်ဆုံးတွင် သားရဲတစ်ကောင်ဖြစ်သွားခဲ့ရသည်။
ဤကဲ့သို့သော မဟာဂိုဏ်းကြီးတစ်ခုက ဝင်ရောက်ရန် မထိုက်တန်ပေ။
ရှန်းယီ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး၊ လက်ကိုဆန့်ထုတ်ကာ သူ၏လက်ချောင်းငါးချောင်းကို ရုတ်တရက် တင်းကျပ်လိုက်၏။
သူ၏လှုပ်ရှားမှုနှင့်အတူ၊ ဗောဓိသတ္တ၏ဓမ္မခန္ဓာကိုယ်ကလည်း လက်သီးကိုဆုပ်လိုက်ရာ၊ မျက်တောင်တစ်ခတ်အတွင်းလေများ ရပ်တန့်သွားပြီး တိမ်များငြိမ်သက်သွားစေခဲ့သည်။
ခမ်းနားထည်ဝါသော ပုံရိပ်ယောင်ကြီးက လက်သီးတစ်ချက်ထိုးချလိုက်၏။
ပတ်ဝန်းကျင်ရှိ အဝါရောင်တိမ်တိုက်များက နဂါးတစ်ကောင်ကဲ့သို့စုစည်းသွားပြီး၊ ၎င်း၏လက်မောင်းနှင့်အတူ ရစ်ခွေထွက်ပေါ်လာကာ၊လေးကြိုးမှ ထွက်ခွာသွားသော မြားတစ်စင်းကဲ့သို့ ကောင်းကင်ကန့်လန့်ကာကို ဖြတ်သန်းကာ အဟးရှိန်အဟုန်ပြင်းထန်သော သက်တံ့ခြောက်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရွှစ်....ရွှစ်
သက်တံ့ခြောက်စင်းက ကောင်းကင်ရှိ လက်တစ်ထောင်ဓမ္မခန္ဓာကိုယ်ကို ဖောက်ထွင်းသွားရာ၊ မိုးကောင်းကင်နှင့် နေမင်းကို ကွယ်ဝှက်ထားသော ဧရာမပုံရိပ်ယောင်ကြီးက လုံးဝရပ်တန့်သွားပြီး၊ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အပေါက်ကြီးများက တဖြည်းဖြည်း ကြီးမားလာကာ ထိန်းချုပ်နိုင်စွမ်းမဲ့စွာဖြင့် မိုးကောင်းကင်နှင့် မြေပြင်ကြားထဲ တိတ်ဆိတ်စွာပျောက်ကွယ်သွားခဲ့သည်။
"ခင်ဗျား ထာဝရကပ်ဘေးကို ခံစားစရာ မလိုပါဘူး" ရှင်းလင်းသောအသံက ထာဝရကဲ့သို့ ကောင်းကင်ယံမှ ပဲ့တင်ထပ်လာခဲ့သည်။
သူ၏အသီးအပွင့်ပြိုကျလုနီးပါးဖြစ်နေသည်ကို ခံစားလိုက်ရပြီးနောက် လက်တစ်ထောင် ဗောဓိသတ္တ၏ခြေအောက်ရှိ ကြာပန်းပလ္လင်က အက်ကွဲသွားကာပန်းပွင့်ဖတ်များအဖြစ်ပြန့်ကျဲသွားပြီး၊သူ၏ပင်ပန်းနွမ်းနယ်နေသော တစ်ကိုယ်လုံးက တောင်ထိပ်ဆီသို့ ပြုတ်ကျသွားခဲ့သည်။
သူ၏လက်နှစ်ဖက်ကသာ သူ၏ရင်ဘတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး၊ ဤနည်းဖြင့် သူ၏အသီးအပွင့်ကို ကာကွယ်နိုင်ရန်မျှော်လင့်နေပုံရပါသည်။
သူမြေကြီးပေါ်သို့ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပြုတ်ကျသွားပြီး၊ ကြမ်းတမ်းသောစကားတစ်ခွန်းမျှပင် မဆိုထားနှင့်၊ ထပင်မထနိုင်တော့ဘဲ တုန်ယင်နေသော ခြေလက်များဖြင့်တောင်အောက်သို့ တွားသွားရန် ရုန်းကန်နေခဲ့၏။
သူ၏အနောက်တွင် ရွှေရောင်ကြာပန်းပလ္လင်တစ်ခု လွင့်မျောနေခဲ့သည်။
"ခင်ဗျား ငါ့ရဲ့ဒီကပ်ဘေးကိုပဲ ကျော်ဖြတ်ဖို့လိုအပ်တာ"
အနက်ရောင်ဝတ်ရုံနှင့် လူငယ်က အထက်တွင် ရပ်နေပြီး၊ သူ၏လက်များပ တွဲကျနေကာ၊အထက်မှ နတ်ဘုရား သို့မဟုတ် ဗုဒ္ဓတစ်ပါးကဲ့သို့ပင်။
သူ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ရာ၊ သူ၏ဖိနပ်အောက်တွင် ခြေလှမ်းတိုင်း၌တိမ်တိုက်လှေကား တစ်ခုဖြစ်ပေါ်လာပြီး၊ လက်တစ်ထောင် ဗောဓိသတ္တ၏ကျောဘက်သို့ သက်သောင့်သက်သာ လျှောက်သွားကာ၊ ဘုန်းကြီး၏ကျောရိုးကို ရုတ်တရက် နင်းချလိုက်ပြီး၊ တွားသွားနေသော သူ၏ပုံရိပ်ကိုမြေကြီးပေါ်သို့ ခိုင်မြဲစွာ ဖိချထားလိုက်၏။
လက်တစ်ထောင် ဗောဓိသတ္တက ထိတ်လန့်တကြား ခေါင်းလှည့်လိုက်ရာ၊ ရှန်းယီ၏တည်ငြိမ်စွာ ငုံ့ကြည့်နေသောမျက်လုံးများနှင့်သာ ဆုံတွေ့လိုက်၏။
တစ်ဖက်လူက သူ၏နှုတ်ခမ်းကို အနည်းငယ်ကွေးလိုက်၏။ "ခင်ဗျားအဲဒါကို ကျော်ဖြတ်နိုင်မလား"
ဂရုမစိုက်သည့်ဟန်ရှိသော မေးခွန်းက သေဒဏ်ပေးသည့်စကားတစ်ခွန်းကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
အဖြေမှာ ရှင်းလင်းပြီးသားပင်။
လက်တစ်ထောင် ဗောဓိသတ္တက တစ်ကိုယ်လုံး မှအရိုးများကျိုးကြေသွားသည့် ပူလောင်သော နာကျင်မှုကိုခံစားနေရပြီး၊ သူ၏စိတ်ထဲတွင် အက်ကွဲသံများ ပဲ့တင်ထပ်နေကာ၊ တောင်းပန်လိုသော်လည်းဇက်ပိုးကို ဆုပ်ကိုင်ခံလိုက်ရ၏။
ဂျွတ်..
ရှန်းယီက ငုံ့လိုက်ပြီး၊ ရုတ်တရက် အားစိုက်လိုက်ကာ၊သူ ပြန်လည် မတ်တပ်ရပ်လိုက်ချိန်တွင် သူ၏လက်ထဲတွင် ပြောင်လတ်နေသော ခေါင်းတစ်လုံး အပိုပါလာခဲ့သည်။
သူက ခွေးနက်၏အနားသို့ ပြန်သွားပြီး၊ ခေါင်းကို မြေကြီးပေါ် တင်လိုက်ကာ ၎င်း၏ဘေးတွင် ထိုင်လိုက်၏။ "ဒီထူးဆန်းတဲ့နည်းစနစ်တွေကို ငါ မသိဘူး။မင်းကို မူလပုံစံရောက်အောင် ငါ ပြန်မလုပ်ပေးနိုင်သေးဘူး"
အမှန်အတိုင်းပြောရလျှင်၊ ဂိုဏ်းများ၏ကျင့်ကြံခြင်းအကြောင်းကို ကျားနဂါးကျမ်းစာမှလွဲ၍၊ ရှန်းယီက အခြားမည်သည့် ကျမ်းစာများကိုမျှ အမှန်တကယ်ဖတ်ရှုဖူးခဲ့ခြင်း မရှိပေ။
"..."
ခွေးနက်၏စိတ်က ပြန့်ကျဲနေသော အခြေအနေမှ နောက်ဆုံးတွင် ပြန်လည် စုစည်းမိသွားခဲ့သည်။
၎င်းက ရှန်းယီကိုမှင်တက်စွာ စိုက်ကြည့်နေပြီး၊ သူ့ကို ၎င်း၏မှတ်ဉာဏ်ထဲရှိ မျက်နှာနှင့် ချိန်ညှိရန် ကြိုးစားနေခဲ့သည်။
သူတို့ ပထမဆုံး တွေ့ဆုံစဉ်က၊ တစ်ဖက်လူက နတ်ဘုရားမင်းဆက်သို့ ယခုလေးတင် ဝင်ရောက်လာပြီး မြေစောင့်ဘုရားကျောင်းတွင် သတင်းပို့ရန် လိုအပ်နေသော လေလွင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး၊ ၎င်းကဲ့သို့ ပထမဆုံးအကြိမ် တောင်ဆင်းလာသော ဘုန်းကြီးငယ်လေးတစ်ပါးနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ခဲ့ပေ။
သို့သော် နောက်ဆက်တွဲတွေ့ဆုံမှုတိုင်းက သတ်ဖြတ်ခြင်းများနှင့် ဆက်စပ်နေခဲ့သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ သူ သတ်ဖြတ်နေသောပစ်မှတ်က လောကခရီးသည်တစ်ဦးမှသည် အာဟတ်တစ်ပါးအထိ၊ ထို့နောက် ယခု ဗောဓိသတ္တတစ်ပါးအထိ မြင့်တက်လာခြင်းသာ ဖြစ်သည်။
အစမှအဆုံးထိ... နှစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။
ဘုန်းကြီးလေး ကျစ်ခုန်း အတွက်၊ ဤအဖြစ်အပျက်များကို မျက်မြင်တွေ့ရှိရခြင်းက ဗုဒ္ဓကိုတွေ့မြင်ရန် နိုးထလာခြင်းထက်မနည်းအံ့သြစရာ ကောင်းလှပေသည်။
သို့သော်၊ ယခုလေးတင် တွေ့မြင်ခဲ့ရသော မှော်ဆန်သည့် တိုက်ပွဲက အလွန်ပင်လက်တွေ့ကျပြီး၊ ဤအခိုက်အတန့်အထိရှင်းလင်းစွာ မြင်ယောင်နေဆဲပင်။
"သူ... သူ့ရဲ့အသီးအပွင့်က လေ့လာလို့ ရတယ်..." ခွေးနက်က လက်တစ်ထောင် ဗောဓိသတ္တ၏အလောင်းကို ၎င်း၏လက်ဖဝါးဖြင့် ထိုးပြကာ စူးစမ်းလိုက်၏။
ဗောဓိဂိုဏ်း၏တပည့်တစ်ဦးအတွက်၊ ဗောဓိသတ္တ တစ်ပါးက တစ်ဘဝစာလုံးရိုသေလေးစားရမည့် တည်ရှိမှုတစ်ခုဖြစ်ပြီး၊ နိဗ္ဗာနားသို့ ရောက်ရှိပြီးနောက်တွင်ပင်၊ သူတို့၏အသီးအပွင့်က ချိုးဖောက်၍မရနိုင်သော အရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။
အထူးသဖြင့် သူကိုင်ဆောင်ထားသော ကျားနဂါးကျမ်းစာကိုပင် ခိုးမကြည့်ခဲ့သော ဘုန်းကြီးလေး ကျစ်ခုန်းကဲ့သို့စည်းမျဉ်းကို လိုက်နာသူ တစ်ဦးအတွက် ပို၍ပင်မှန်ကန်ပါသည်။
သို့သော် ယခုအခါတွင် ၎င်းက ရှန်းယီကို တက်ကြွစွာ သတိပေးနေခဲ့သည်။
လက်တစ်ထောင် ဗောဓိသတ္တ၏နောက်သို့ လိုက်ပါစဉ် ခံစားခဲ့ရသော စမ်းသပ်မှုများက ၎င်းကို ဗောဓိဂိုဏ်းအပေါ် ပိုမိုနက်ရှိုင်းသော နားလည်မှုတစ်ခု ပေးစွမ်းခဲ့ကြောင်း ထင်ရှားသည်။
"ဒါဆိုရင် ဆရာတော်ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါဦး"
ရှန်းယီကလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူလူသိနည်းစဉ်ကပင်၊ ကျင့်ကြံသူများက သူတို့၏ကျင့်ကြံခြင်း နည်းစနစ်များကို သူတို့နှင့်အတူ သယ်ဆောင်သွားလေ့ မရှိပေ။
ထို့ကြောင့် တစ်ဖက်လူက ဝိညာဉ်များကို ပြန်လည်ပုံဖော်နိုင်သော နတ်ဆိုးတစ်ကောင်မဟုတ်လျှင်၊ သူက ယေဘုယျအားဖြင့်မျှော်လင့်ချက် မထားတတ်ပေ။
ဤစကားကို ကြားသောအခါတွင်..
သူ ဆက်လက်အနားမယူတော့ဘဲ၊ လက်တစ်ထောင် ဗောဓိသတ္တ၏အလောင်းဆီသို့ ပြန်သွားကာ၊ ပေါ့ပေါ့ပါးပါးလက်ယပ်ခေါ်လိုက်ရာ၊ မှေးမှိန်ပြီးအက်ကွဲနေသော်လည်း ကျောက်စိမ်းကဲ့သို့သော လက်တစ်ထောင်ရုပ်တုငယ်လေး တစ်ခုက သူ၏လက်ဖဝါးထဲသို့ ကျရောက်လာခဲ့သည်။
၎င်းအတွင်းရှိ မူလရင်းမြစ်က ပျောက်ကွယ်သွားပြီဖြစ်ပြီး၊ကျန်ရှိနေသည်မှာ ဤဗောဓိသတ္တ၏ထိုးထွင်းသိမြင်မှုများသာ ဖြစ်သည်။
အကယ်၍ ၎င်းအတွင်းရှိ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်နိုင်ပါက၊ ၎င်းက သူ၏လိုအပ်နေသော နည်းစနစ်များဟာကွက်ကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။
(ဒီဝတ္ထုကိုဘာသာပြန်ရတာလည်း စိတ်မသက်မသာစရာပဲ ကံကောင်းလို့ ဘုန်းကြီးလေးကျစ်ခုန်းရှိနေလို့၊မဟုတ်ရင် ဘုန်းကြီးတွေအကုန်လုံးက ဗီလိန်တွေဖြစ်တော့မယ်)