← Chapters

အခန်း ၇၇၂

Vol. 73 Ch. 772

အခန်း ၇၇၂

Vol. 73 Ch. 772

အခန်း (၇၇၂) - အဆုံးမဲ့မိုးကြိုးပင်လယ် ဓမ္မသဏ္ဌာန်၊ အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ ဟွေကွမ်နတ်ဘုရားကြေးမုံ၊ မိုးကြိုးအင်မော်တယ်စံအိမ်တော်၏ အခွင့်အရေး(၂)။

"ငါတို့ကို သတ်ချင်တာလား... အဲဒီလောက် မလွယ်ဘူးနော်...”

"ငါတို့ ပူးပေါင်းကြမယ်...”

"ရုပ်သေးဓမ္မသဏ္ဌာန်... ငါ့အတွက် သတ်ပေးစမ်း...”

ရုပ်သေးမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသုံးဦးက ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

ယခုအခါတွင် ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတ်မြစ် ပေါ်လွင်သွားမည်ကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် ပူးပေါင်းလိုက်ကြ၏။

ဤသည်မှာ အမှန်တကယ်တွင် ရုပ်သေးမျိုးနွယ်စု၏ ထူးခြားသော စွမ်းရည်တစ်မျိုးပင် ဖြစ်ပေသည်။

၎င်းတို့ အချင်းချင်းကြားရှိ စွမ်းအားများမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားနိုင်ပြီး တိုက်ပွဲအစီအရင်တစ်ခုကို ဖန်တီးနိုင်၏။

ထို့ကြောင့် တစ်ပေါင်းတစ်က နှစ်ထက်ကြီးမားသော စွမ်းအားမျိုးကို ထုတ်ဖော်ပြသနိုင်ခြင်း ဖြစ်၏။

ရုပ်သေးမျိုးနွယ်စုမှ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသုံးဦး ပူးပေါင်းလိုက်သောအခါ ၎င်းတို့၏ ခန္ဓာကိုယ်ထက်ရှိ မှော်စွမ်းအင်များမှာ ချက်ချင်းဆိုသလို တစ်သားတည်း ပေါင်းစည်းသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်ကိုးလွှာနှင့် မြေကမ္ဘာဆယ်လွှာသို့တိုင် ရိုက်ခတ်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်အား ဆဋ္ဌမအဆင့် မဟာအစီအရင်၏ အကာအကွယ်ဖြင့် လွှမ်းခြုံထားခြင်း ဖြစ်၏။

ထိုသို့မဟုတ်ပါက ဤမျှ အံ့မခန်းဖွယ်ကောင်းသော အရှိန်အဝါနှင့် စွမ်းအားများက ဖုန်းရှီးမြို့တစ်မြို့လုံးကို တုန်လှုပ်သွားစေမည်မှာ သေချာလှပေသည်။

ဝုန်း...။

၎င်းတို့၏ ကျောဘက်၌ မီးခိုးရောင်သစ်ပင်ကြီးတစ်ပင် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့ရသည်။ ထိုသစ်ပင်ကြီးမှာ ကောင်းကင်နှင့်မြေကြီးကြား၌ မားမားမတ်မတ် ရပ်တည်နေပြီး သစ်ကိုင်းများမှာ မည်သည့်သစ်ရွက်မျှ မရှိဘဲ ညှိုးနွမ်းနေသည့်အသွင် ပေါ်လွင်နေပေ၏။

ပင်စည်ထက်၌မူ လူမျက်နှာပုံစံ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်နေ၏။

အမြစ်များမှာ လေဟာနယ်၏ နက်ရှိုင်းသောနေရာသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အဆုံးမဲ့သော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများကို စုပ်ယူနေသကဲ့သို့ပင်။

၎င်း၏ခန္ဓာကိုယ်ထက်၌ မိစ္ဆာဆန်မှု၊ အမှောင်ထု၊ ကျိန်စာ၊ ကပ်ပါးကောင် စသည့် အငွေ့အသက်များ ပျံ့နှံ့နေလေသည်။

သိပ်သည်းလှသော အမှောင်အက္ခရာများမှာလည်း ၎င်း၏ခန္ဓာကိုယ်ထက်၌ လှုပ်ရှားနေကြ၏။

ဤသည်မှာ ရုပ်သေးမိခင်သစ်ပင် ဓမ္မသဏ္ဌာန်ပင် ဖြစ်ချေသည်။

အခြေခံအားဖြင့် ရုပ်သေးမျိုးနွယ်စု လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတိုင်း၏ ကောင်းကင်နှင့်မြေကြီး ဓမ္မသဏ္ဌာန်မှာ ဤကဲ့သို့ပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အခြေခံသဘောသဘာဝအရ ၎င်းတို့နှင့် ရုပ်သေးမိခင်သစ်ပင်တို့မှာ တစ်သားတည်းဖြစ်နေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ၎င်းတို့အားလုံးသည် ရုပ်သေးမိခင်သစ်ပင်၏ စစ်သည်တော်များလည်း ဖြစ်ကြလေသည်။ ရုပ်သေးမိခင်သစ်ပင် သက်ရှိထင်ရှား ရှိနေသရွေ့ ၎င်းတို့သည် မိမိကိုယ်ကို စတေးရမည်ဆိုလျှင်ပင် အရာအားလုံးကို ပေးဆပ်နိုင်ကြ‌သည်။

ဘန်း… ဘန်း… ဘန်း…။

နောက်တစ်စက္ကန့်တွင် ကွေ့ဝူယီအစရှိသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက ဟိန်းဟောက်လိုက်ကြပြီး၊ ၎င်းတို့၏ ကျောဘက်ရှိ ရုပ်သေးမိခင်သစ်ပင် ဓမ္မသဏ္ဌာန်မှာ လှုပ်ရှားလာကာ ခန္ဓာကိုယ်ထက်ရှိ မီးခိုးရောင်သစ်ကိုင်းများမှာ လှံရှည်များအလား ကျိုးစွေ့ထံသို့ ပြင်းထန်စွာ ပစ်ခွင်းဝင်ရောက်သွားလေသည်။

လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ယောင်များ တန်းစီ၍ ထွက်ပေါ်လာခဲ့၏။

နတ်ဘုရားအာရုံဖြင့်ပင် အကဲခတ်၍ မရနိုင်တော့ချေ။

ဤတိုက်ကွက်တစ်ခုတည်းဖြင့်ပင် ပတ်လည်မိုင်တစ်သိန်းရှိ မြေပြင်ကို ဖျက်ဆီးပစ်နိုင်ကာ တောင်ကြီးတစ်တောင်ကို အပေါက်များ ဖြစ်သွားစေရန် လုံလောက်နေသကဲ့သို့ပင်။

"သတ်...”

ကျိုးစွေ့၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပေ။ 'မိုးကြိုးကပ်ဘေးကူ' ၏ စွမ်းအားအားလုံးကို အသက်သွင်းလိုက်ပြီးနောက်၊ ဤအချိန်၌ သူသည် မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အနှံ့အပြားတွင် အဆုံးမဲ့သော စွမ်းအားများ ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ မိုးကြိုးစွမ်းအားများကို အလွယ်တကူ ကြိုးကိုင်ခြယ်လှယ်နိုင်သကဲ့သို့ပင် ဖြစ်၏။

တန်ခိုးစွမ်းရည် - ဧကရာဇ်မိုးကြိုးလက်ဝါး။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူသုံးဦးထံသို့ လက်ဝါးတစ်ချက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်လက်ဝါးကြီးတစ်ဖက်က ထွက်ပေါ်လာပြီး ထိုလက်ဝါးပြင်ထဲတွင် မိုးကြိုးပင်လယ်ကြီးတစ်ခု ပါဝင်နေသကဲ့သို့ ဖြစ်နေကာ လက်ချောင်းတစ်ချောင်းစီကိုလည်း မိုးကြိုးစွမ်းအင်များဖြင့် စုစည်းဖွဲ့တည်ထားပေသည်။

လက်ဝါးပေါ်ရှိ လက်ဝါးအရေးအကြောင်းများမှာလည်း ထူထပ်ရှုပ်ထွေးပြီး ကွေ့ကောက်နေသော မိုးကြိုးအမှတ်အသားများ ဖြစ်နေချေသည်။

ဤလက်ဝါးကြီးသည် မိုးကြိုးနတ်ဘုရား၏ လက်ဝါးကြီးတစ်ဖက်သဖွယ် ကောင်းကင်ထက်မှ ကျဆင်းလာကာ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော ဧကရာဇ်အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။

ဤလက်ဝါး ရိုက်ချလိုက်သည်နှင့် မရေမတွက်နိုင်သော သက်ရှိများ၏ အသက်ကို ချုပ်ကိုင်လိုက်ပြီး မရေမတွက်နိုင်သော သက်ရှိများ၏လည်ပင်းကို ညှစ်ထားလိုက်သည့်အလား ထင်မှတ်ရပေ၏။

ပတ်ဝန်းကျင်ရှိ ရောင်ဝါများမှာလည်း ဤအချိန်၌ လုံးဝအေးခဲသွားသကဲ့သို့ ဖြစ်သွားချေပြီ။

ဝုန်း... ဝုန်း... ဝုန်း...။

ချက်ချင်းပင် စွမ်းအားနှစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ရိုက်ခတ်သွားပြီး ဂြိုဟ်ကြီးနှစ်လုံး ဝင်တိုက်မိသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုလှိုင်းများ ထွက်ပေါ်လာကာ အရပ်ဆယ်မျက်နှာသို့ လွှမ်းခြုံသွားတော့သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများမှာလည်း ပင်လယ်လှိုင်းတံပိုးများအလား အရပ်ရှစ်မျက်နှာသို့ ရိုက်ခတ်သွားပြီး ဒြပ်ရှိသဖွယ် ဖြစ်ပေါ်လာသော အသံလှိုင်းများအဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်ရှိ အစီအရင်အတားအဆီးများကို အဆက်မပြတ် ရိုက်ခတ်နေချေသည်။

ကံကောင်းထောက်မစွာဖြင့် ဤသည်ကား ဆဋ္ဌမအဆင့် အထွတ်အထိပ်အစီအရင်၏ အတားအဆီးဖြစ်ကာ ကိုယ်ပိုင်လေဟာနယ်တစ်ခုအဖြစ် ဖွဲ့တည်ထားပြီး အလွန်တရာ ခိုင်မာလှ၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်လှိုင်းများနှင့် ဖျက်ဆီးနိုင်စွမ်းများ ရှိနေသည့်တိုင် ဆဋ္ဌမအဆင့်အစီအရင်ကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်း မရှိချေ။

ထွက်ပေါ်လာသော ရိုက်ခတ်မှုလှိုင်းများနှင့် အသံများကိုပင် အလွှာလေးထပ် အတားအဆီးက ဝါးမျိုစုပ်ယူသွားပြီး ပုံသဏ္ဌာန်မဲ့စွာ ပျောက်ကွယ်သွားစေလေသည်။

"ဒုက္ခပဲ...”

ကွေ့ဝူယီ အစရှိသည့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတို့၏ မျက်နှာများမှာ ကြီးစွာပြောင်းလဲသွားပြီး သေရေးရှင်ရေး အကျပ်အတည်းကို ခံစားလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် ဤတိုက်ခိုက်မှု၏ ဖျက်ဆီးနိုင်စွမ်းမှာ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်ကို သိရှိလိုက်သောကြောင့်ပင်။

ဤသည်က သာမန်မိုးကြိုး မဟုတ်ဘဲ ကပ်ဘေးမိုးကြိုး ဖြစ်နေချေသည်။

ဤစွမ်းအားသည် ရုပ်သေးမျိုးနွယ်များအတွက် အလွန်အမင်း ဖိနှိပ်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်ပေသည်။

ဝုန်းခနဲ အသံနှင့်အတူ သူတို့၏ ရုပ်သေးမိခင်သစ်ပင် ဓမ္မသဏ္ဌာန်ကြီးမှာ လက်ဝါးတစ်ချက်ဖြင့် ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ထိုလက်ဝါးက သူတို့၏ ခန္ဓာကိုယ်ပေါ်သို့လည်း အပြင်းအထန် ရိုက်ခတ်သွားချေပြီ။

ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးများက သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကာ ကလီစာများနှင့် ဝိညာဉ်အတွင်းသို့ပါ ထိုးဖောက်ဝင်ရောက်သွားသည်။

"ပြီးသွားပြီပဲ...”

ကွေ့ဝူယီ အစရှိသည့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတို့၏ မျက်နှာများမှာ သေမင်းတမန်ကဲ့သို့ ဖြူလျော့သွားရပြီး၊ ထိုဖျက်ဆီးခြင်းစွမ်းအားက သူတို့၏ သက်စောင့်အင်အားကို အပြည့်အဝဖျက်ဆီးသွားကာ ဝိညာဉ်မှာလည်း တစ်လက်မချင်းစီ ဖျက်ဆီးခံနေရသည်ကို ခံစားလိုက်ရသည်။

ဤသည်က မိမိတို့ကိုယ်တိုင် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ကြုံတွေ့လိုက်ရသကဲ့သို့ ဖြစ်နေပြီး၊ မိုးကြိုးကပ်ဘေးအောက်တွင် သနားစဖွယ်ကောင်းလောက်အောင် သေဆုံးသွားရသည့်အလားပင်။

အမှန်တကယ်ဆိုရလျှင် ဤကဲ့သို့သောကိစ္စမျိုး ဖြစ်လာမည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

သူတို့သည် ဤလူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို လာရောက်လုပ်ကြံခြင်း ဖြစ်ပေသည်။

သို့သော် သူတို့ စတင်မလှုပ်ရှားရသေးမီ ရန်သူက အရင်ဦးအောင် လာရောက်သတ်ဖြတ်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

ဤသည်ကား ကြိုတင်ဟောကိန်းထုတ်နိုင်သည့်အလား သူတို့၏ လှုပ်ရှားမှုကို ကြိုတင်သိရှိနေပြီး အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုက်ခြင်းပင် ဖြစ်၏။

သူတို့ မည်သည့်အချိန်က ပေါ်သွားသနည်းဆိုသည်ကို သေသည့်တိုင်အောင် တွေးမိမည် မဟုတ်ချေ။

ယခုအခါတွင်မူ သူတို့ခမျာ အူများပင် စိမ်းဖန်မတတ် နောင်တရနေကြလေပြီ။

ဤလူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူက ဤမျှ ကြောက်မက်ဖွယ်ကောင်းမှန်း စောစောကတည်းက သိခဲ့လျှင် သူတို့အနေဖြင့် ပြဿနာလာရှာမည် မဟုတ်ပေ။

သို့သော် ယခုတွင်မူ ဘာပြောပြော နောက်ကျသွားခဲ့ချေပြီ။

'မဆိုးဘူး၊ အကုန်သေသွားပြီပဲ...’

'ဒါက တန်ခိုးစွမ်းရည် ဧကရာဇ်မိုးကြိုးလက်ဝါးလား။ အစွမ်းက တကယ်ကို သာမန်ထက် သာလွန်တာပဲ...’

'လက်ဝါးတစ်ချက်တည်းနဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်း သုံးယောက်ကို သတ်ပစ်နိုင်တယ်ပေါ့...’

ကျိုးစွေ့က စိတ်ထဲ၌ တွေးလိုက်မိလေသည်။

သူ၏ကိုယ်ပေါ်ရှိ 'အိပ်မက်ဝိညာဉ်ကူ' ကလည်း ချက်ချင်း လှုပ်ရှားလိုက်ပြီး ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသုံးဦး၏ ဝိညာဉ်အပိုင်းအစများကို ဝါးမျိုလိုက်၏။ သူတို့သည် မိမိ၏ လက်ဝါးတစ်ချက်ဖြင့် သေဆုံးသွားခဲ့သည်မှာ ထင်ရှားပြီး ဟန်ဆောင်သေနေရန်ပင် မဖြစ်နိုင်တော့ချေ။

အမှန်တကယ်ဆိုရလျှင် ဤသည်မှာ သူကိုယ်တိုင် ထိုတန်ခိုးစွမ်းရည်ကို ပထမဆုံးအကြိမ် ထုတ်ဖော်အသုံးပြုခြင်းပင် ဖြစ်၏။

ပထမဆုံးအကြိမ် အသုံးပြုခြင်းမျှဖြင့် ဤမျှ အံ့မခန်းသော အကျိုးသက်ရောက်မှုနှင့် အစွမ်းသတ္တိများကို ဖြစ်ပေါ်စေခဲ့လေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံခြင်းစွမ်းရည်ဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။

အကယ်၍ ဤကိစ္စသာ သတင်းပျံ့နှံ့သွားပါက လူသားမျိုးနွယ်တစ်ခုလုံး တုန်လှုပ်သွားမည်မှာ အသေအချာပင် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ ဤကဲ့သို့ အဆင့်ကျော်လွန် စိန်ခေါ်နိုင်ခြင်းမှာ အလွန်တရာ ရှားပါးလှ၏။

ပြိုင်ဘက်ကင်း ပါရမီရှင်များသာ မဟုတ်ပါက ဤကဲ့သို့သော ကိစ္စမျိုးကို မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ဤမျှ ထင်ရှားသော တိုက်ပွဲရလဒ်များကို ရရှိစေခဲ့ခြင်းက 'မိုးကြိုးကပ်ဘေးကူ' ၏ အစွမ်းထက်မှုကို သက်သေပြရန် လုံလောက်သည်မှာ ထင်ရှားလှပေသည်။

မည်သို့ပင်ဆိုစေ ဧကရာဇ်မိုးကြိုးလက်ဝါး၏ အစွမ်းတွင် ကပ်ဘေးမိုးကြိုး၏ စွမ်းအားများလည်း ပါဝင်နေသည်။

လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်နှင့် ကပ်ဘေးမိုးကြိုးများ ကျဆင်းလာသကဲ့သို့ပင် ဖြစ်၏။

ကျင့်ကြံသူများအတွက်မူ ဤသည်မှာ အသက်အန္တရာယ်ရှိသော စွမ်းအားဖြစ်ပြီး ခုခံရန် အလွန်ခက်ခဲလှ‌သည်။

သူတို့သည် ကောင်းကင်ဘုံကပ်ဘေးအောက်တွင် သေဆုံးသွားရသည်နှင့် အတူတူပင် ဖြစ်သည်ဟု ဆိုနိုင်လေသည်။

'ဟမ်၊ လူသားကျင့်ကြံသူတွေ မဟုတ်ဘူးလား...’

'ဒါ့အပြင် ရုပ်သေးမျိုးနွယ်က လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေလား...'

'သူတို့က ဝိညာဉ်ရုပ်သေးပေါင်းစည်းခြင်းပညာရပ်ကို သုံးပြီး လူသား လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ အပေါ်မှာ ကပ်ပါးအဖြစ် နေထိုင်ခဲ့ကြတာပဲ...'

'ဒီလိုနဲ့ သူတို့က လူသားသစ္စာဖောက်တွေ ဖြစ်လာပြီး လူသားမျိုးနွယ်အတွင်းမှာ ပုန်းကွယ်လို့ ဖျက်ဆီးမှုတွေ လုပ်နေခဲ့ကြတာပဲ...'

ကျိုးစွေ့၏ မျက်လုံးများ၌ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။

သူ၏သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာတွင် ဧရာမ ဝိညာဉ်မှတ်ဉာဏ် အချက်အလက်များကို ချက်ချင်း ခံစားလိုက်ရပြီး၊ ထိုအရာများမှာ စောစောက သတ်ဖြတ်ခံလိုက်ရသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသုံးဦးထံမှ လာသော မှတ်ဉာဏ်များပင် ဖြစ်၏။

ဤအချိန်ရောက်မှသာ သူသည် ဤလုပ်ကြံသူသုံးဦး၏ ဇာတ်မြစ်ကို နောက်ဆုံး၌ သိရှိသွားခဲ့လေသည်။

မူလက သူတို့သည် ရုပ်သေးမျိုးနွယ်များထံမှ လာခြင်းပင် ဖြစ်ချေသည်။

သူတို့သည် လူသားမျိုးနွယ်၏ နယ်မြေအတွင်း ပုန်းကွယ်နေပြီး လူသားပါရမီရှင်များကို အချိန်တိုင်း လုပ်ကြံရန် ကြံရွယ်နေကြခြင်း ဖြစ်၏။

ယခင်က လူသားပါရမီရှင် အများအပြားမှာလည်း ရုပ်သေးမျိုးနွယ် လူသတ်သမားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်။

'သောက်ကျိုးနည်း၊ နာမည်နည်းနည်းလေး ကြီးတာကိုများ ဘယ်ကဘယ်လို လုပ်ကြံရေးစာရင်းဆိုတာထဲကို ရောက်သွားရတာလဲ...'

ကျိုးစွေ့မှာ အလွန် စိတ်ပျက်သွားလေသည်။

အမှန်တကယ်ဆိုရလျှင် ဖုန်းရှီးမြို့တော်တွင် နေထိုင်ခဲ့စဉ်က သူသည် လွန်စွာ သိုသိုသိပ်သိပ်နေထိုင်ခဲ့ပြီး လှပသော တာအိုလက်တွဲဖော်တစ်ဦး ပိုနေရုံသာ ရှိပေသည်။

ဤနှစ်များတစ်လျှောက်လုံး သူသည် လူတိုင်းနှင့် သင့်မြတ်အောင် နေထိုင်ခဲ့ပြီး မည်သည့် ပဋိပက္ခကိုမျှ မဖန်တီးခဲ့ချေ။

သို့သော် ရုပ်သေးမျိုးနွယ်၏ ပစ်မှတ်ထားခြင်းကို ခံရကာ လူသားပါရမီရှင်အဖြစ် သတ်မှတ်ခံရပြီး လုပ်ကြံရေးစာရင်းထဲ ပါသွားလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

All Chapters