← Chapters

အခန်း ၇၇၇

Vol. 73 Ch. 777

အခန်း ၇၇၇

Vol. 73 Ch. 777

အခန်း (၇၇၇) - မြေကမ္ဘာအင်မော်တယ်တာအိုအသီးကို ရရှိခြင်း၊ အင်မော်တယ်ဝိညာဉ်အကြွင်းအကျန်ကို ဝါးမျိုခြင်း၊ ကံကြမ္မာသားတော်၏ အခွင့်အလမ်း(၂)။

မိုးကြိုးအင်မော်တယ်စံအိမ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို ကျိုးစွေ့အနေဖြင့် သဘာဝကျကျ အလွန်ရှင်းလင်းစွာ နားလည်ထားသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပွားများစွာသည်လည်း နေရာအနှံ့တွင် ပုန်းကွယ်နေပြီး မိုးကြိုးအင်မော်တယ်စံအိမ်၏ လှုပ်ရှားမှုတိုင်းကို အချိန်ပြည့် စောင့်ကြည့်နေသောကြောင့်ပင်။

သို့သော် မိုးကြိုးအင်မော်တယ်စံအိမ်၌ ဤကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။

အင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်ရန် လုံးဝမလိုအပ်ဘဲ အတွင်းရှိရတနာများက သူ့အလိုလို လွင့်စင်ထွက်လာကာ နေရာအနှံ့သို့ ပြန့်ကျဲသွားခြင်း ဖြစ်လေသည်။

အင်မော်တယ်စံအိမ်အတွင်း၌ ရှိနေသော ကျင့်ကြံသူများမှာမူ သနားစရာကောင်းလှသည်။

အင်မော်တယ်စံအိမ် ပြိုကျသွားမှုကြောင့် ကျင့်ကြံသူများစွာမှာ မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရကာ ပွဲချင်းပြီး သေဆုံးသွားကြရ၏။

"ကံကောင်းလို့ မိုးကြိုးအင်မော်တယ်စံအိမ်ထဲကို မဝင်ခဲ့တာ။ မဟုတ်ရင် ပြဿနာတော့ ကြီးပြီပဲ...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။

ထင်ရှားစွာပင် ‘ကံကြမ္မာကူ’ ၏ စွမ်းအားမှာ အလွန်ယုံကြည်စိတ်ချရပေသည်။

မိုးကြိုးအင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်ပါက ကြီးမားသောအန္တရာယ်ကြီးနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး၊ ထိုအန္တရာယ်မှာ အသက်သေဆုံးနိုင်သည့်အထိ ကြီးမားကြောင်းကို သိမြင်နိုင်ခဲ့၏။

ထို့ကြောင့်ပင် သူ့ကို အထဲသို့မဝင်ရန် တားဆီးခဲ့ခြင်း ဖြစ်လေသည်။

ရွှစ်...။

နောက်တစ်စက္ကန့်တွင် သူ မော့ကြည့်လိုက်ရာ ကောင်းကင်ယံ၌ လှပသော လေးကိုင်းပုံစံ လမ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး၊ ရွှေရောင်အလင်းတန်းတစ်ခုက လေဟာနယ်ကို ခွဲထုတ်ကာ မိုးကြိုးပစ်ချလိုက်သကဲ့သို့သော အမြန်နှုန်းဖြင့် သူရှိနေသော တောင်ကြားအတွင်းသို့ ရုတ်ချည်းဆိုသလို ပြုတ်ကျလာလေသည်။

ထိုအရာက သူ၏အရှေ့သို့ ကွက်တိ ကျရောက်လာခြင်း ဖြစ်၏။

တစ်ခဏအတွင်း မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး မြေစမြေနများ လွင့်စဉ်ကာ ဖုန်တလုံးလုံး ထသွားလေသည်။

ပတ်ဝန်းကျင်တစ်ခွင်တွင်လည်း ပူပြင်းသော အငွေ့အသက်များ ဖုံးလွှမ်းသွားလေသည်။

များမကြာမီ ဖုန်မှုန့်များ ကင်းစင်သွားသောအခါ မြေကြီးပေါ်တွင် ခရမ်းရောင်အလုံးသဏ္ဌာန် ပုံဆောင်ခဲတစ်ခု ပေါ်လာ၏။ ထိုအလုံး၏ မျက်နှာပြင်ပေါ်တွင် အင်မော်တယ်အဆောင်စာလုံးများ ပြည့်နှက်နေပြီး နက်နဲလှသော အငွေ့အသက်များ လျှံထွက်နေသည်။

ထိုခရမ်းရောင်ပုံဆောင်ခဲမှ အင်မော်တယ်ဝိညာဉ်ချီများ တငြီးငြီး ထွက်ပေါ်နေပုံကို ထောက်ရှုပါက သာမန်မဟုတ်ကြောင်း လွန်စွာ ထင်ရှားလှပေသည်။

"ဒါက..."

ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်မိ၏။ သူက အခွင့်အလမ်းကို တမင်တကာ သွားရောက်ရှာဖွေခြင်း မရှိခဲ့သော်လည်း၊ အခွင့်အလမ်းက သူ၏ရှေ့သို့ ဤကဲ့သို့ ကျရောက်လာခြင်းမှာ ကောင်းကင်ပေါ်မှ ရတနာကျလာသကဲ့သို့ပင် ဖြစ်နေတော့သည်။

ဤအခွင့်အလမ်းကို ကိုယ်တိုင်မရယူပါက အခြားသူများ လုယူသွားမည်ဖြစ်ပြီး ၎င်း၏ကံကြမ္မာကို လျော့ကျစေမည်မှာ အံ့ဩစရာမရှိပေ။ ဤမျှ လွယ်လွယ်ကူကူ ရနိုင်သော အခွင့်အလမ်းကိုမှ မယူပါက လုံးဝ ခံစားရမည်မှာ ထိုက်တန်လှ၏။

ကောင်းကင်ဘုံက သူ့ကို ထမင်းခွံ့ကျွေးနေပါလျက် သူ ပြန်အန်ထုတ်လိုက်မည်ဆိုလျှင် ငတ်သေရခြင်းမှာ သဘာဝပင် မဟုတ်ပါလော။

ထို့ကြောင့် တစ်ခါတစ်ရံတွင် အခွင့်အလမ်းများကို ကိုယ်တိုင် သွားရောက်လုယူရန် လိုအပ်ပေသည်။

ဤကဲ့သို့သော အခွင့်အလမ်းမျိုးကို သွားမလုပါက မည်သည့်အရာမှ ရရှိတော့မည် မဟုတ်ပေ။

"ဒါပေမဲ့ ဒါက တကယ်တမ်း ဘာပစ္စည်းကြီးလဲ...”

ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်၏။

‘ကံကြမ္မာကူ’ ၏ အချက်အလက်များအရ ဤအခွင့်အလမ်းသည် အကြီးမားဆုံးသော အခွင့်အလမ်းများထဲမှ တစ်ခုဟု ဆိုနိုင်ကြောင်း ထင်ရှားလှပြီး၊ မိုးကြိုးအင်မော်တယ်စံအိမ်မှ လွင့်စင်သွားသော အင်မော်တယ်လက်နက်ပင်လျှင် ဤအခွင့်အလမ်းကို လုံးဝ ယှဉ်နိုင်မည်မဟုတ်ပေ။

၎င်းအပြင် ထိုအင်မော်တယ်လက်နက်သည် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သော်လည်း၊ တစ်ချိန်တည်းမှာပင် အဆုံးမရှိသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ကိန်းအောင်းနေ၏။

အကယ်၍ အခြားသူများနှင့် လုယူယှဉ်ပြိုင်ရမည်ဆိုပါက ရယူနိုင်ခြင်း ရှိ၊မရှိက မသေချာလှ။ ရရှိခဲ့လျှင်ပင် ထိုအရာက အဆုံးမရှိသော ဘေးဒုက္ခများကို သယ်ဆောင်လာပြီး လူအများ၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။

ထို့အပြင် အစစ်အမှန်ဝိညာဉ်သတ္တဝါများ၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်မိနိုင်ချေ ရှိ၏။

သို့သော် ဤခရမ်းရောင်ပုံဆောင်ခဲကမူ မတူညီပေ။

ဤသည်မှာ မိုးကြိုးအင်မော်တယ်စံအိမ်မှ လွင့်စင်လာသော ရတနာပေါင်း ထောင်သောင်းချီထဲမှ တစ်ခုမျှသာ ဖြစ်သဖြင့် လုံးဝ သတိမထားမိနိုင်လောက်အောင် သေးနုပ်လွန်းလှ၏။ ဤအခွင့်အလမ်းကို ရရှိခဲ့လျှင်ပင် မည်သည့်ကပ်ဘေးနှင့် နောက်ဆက်တွဲ ပြဿနာကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ပေ။

ဝုန်း...။

ထိုသို့ တွေးတောမိသည်နှင့် သူသည် တွေဝေမနေတော့ဘဲ နှလုံးသားမျက်လုံးထိုးထွင်းသိမြင်ခြင်းကို ချက်ချင်း အသုံးပြုလိုက်၏။ ဤနှလုံးသားမျက်လုံး၏ စွမ်းအားသည် ပစ္စည်းတစ်ခုကို စစ်ဆေးသည့် အတတ်ပညာကဲ့သို့ပင် လောကရှိ အရာအားလုံးကို စစ်ဆေးဖော်ထုတ်နိုင်ပေသည်။

တစ်ခါမျှ မမြင်ဖူးသော ရတနာဖြစ်စေကာမူ ၎င်း၏ အချက်အလက်များကို သိရှိနိုင်၏။

ချက်ချင်းပင် များပြားလှသော သတင်းအချက်အလက်များက သူ၏ သိစိတ်ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။

[ 'မြေကမ္ဘာအင်မော်တယ် တာအိုအသီး (ချို့ယွင်းချက်ရှိ)' ၊ ဖော်ပြချက် - ဤသည်မှာ မြေကမ္ဘာအင်မော်တယ်တစ်ဦး၏ တာအိုအသီးဖြစ်ပြီး ၎င်းအတွင်း၌ ထိုအင်မော်တယ်၏ တစ်သက်တာကျင့်ကြံမှုနှင့် စွမ်းအင်များ ကိန်းအောင်းနေ၏။ ဤလောက၏ တန်ဖိုးမဖြတ်နိုင်သော ရတနာများထဲမှ တစ်ခုပင် ဖြစ်သည်။ ]

[ အကယ်၍ ဤမြေကမ္ဘာအင်မော်တယ် တာအိုအသီးကို စားသုံးလိုက်ပါက ထိုအင်မော်တယ်၏ ကျင့်ကြံမှုကို လျင်မြန်စွာ ရရှိနိုင်မည် ဖြစ်ပြီး၊ မဟာယာနအဆင့်သို့ ရောက်သည်အထိ မည်သည့်အတားအဆီးမျှ ရှိမည် မဟုတ်သည့်အပြင် ကျင့်ကြံမှု တိုးတက်နှုန်းမှာလည်း အလွန် လျင်မြန်ပေလိမ့်မည်။ ]

[ အားနည်းချက် - ဤမြေကမ္ဘာအင်မော်တယ် တာအိုအသီးကို စားသုံးလိုက်ပါက အင်မော်တယ်ဖြစ်ရန် သေချာသလောက် ရှိသော်လည်း ကျင့်ကြံမှု အထက်ကန့်သတ်ချက်မှာ ပိတ်ဆို့ခံရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တာအိုအသီး၏ နက်ရှိုင်းသော နေရာ၌ ချို့ယွင်းချက်ရှိသော အင်မော်တယ်ဝိညာဉ် တစ်ခု ကိန်းအောင်းနေသဖြင့် ကိုယ်စားပြု သိမ်းပိုက်ခံရနိုင်သည့် အန္တရာယ် ရှိပေသည်။ ]

“ဒါက...”

ကျိုးစွေ့၏ သူငယ်အိမ်များ ကျုံ့သွားလေ၏။ ဤအခွင့်အလမ်းသည် သာမန်မဟုတ်မှန်း သူသိထားသော်လည်း နှလုံးသားမျက်လုံးမှတစ်ဆင့် ရရှိလာသော အချက်အလက်များကြောင့် သူ၏ စိတ်ထဲ၌ လှိုင်းတံပိုးများ ထန်သွားရပြန်သည်။

ဤခရမ်းရောင်ပုံဆောင်ခဲက မြေကမ္ဘာအင်မော်တယ် တာအိုအသီး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။ ဤသည်မှာ အမှန်တကယ်ပင် အံ့ဩမှင်သက်ဖွယ် ကောင်းလှ၏။

အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက တစ်လောကလုံးကို တုန်လှုပ်သွားစေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။ အစစ်အမှန်ဝိညာဉ်သတ္တဝါများပင် လိုက်လံသတ်ဖြတ်လာနိုင်ပေသည်။

ဤမြေကမ္ဘာအင်မော်တယ် တာအိုအသီးကို စားသုံးခြင်းက မိမိ၏ကျင့်ကြံမှု အထက်ကန့်သတ်ချက်ကို ပိတ်ဆို့သွားစေနိုင်သော်လည်း ထိုအရာက ဘာဖြစ်သနည်း။

သာမန်ကျင့်ကြံသူများအတွက်မူ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန်ပင် ခဲယဉ်းလှသော ကိစ္စရပ်တစ်ခု ဖြစ်၏။ ခန္ဓာပေါင်းစည်းခြင်းအဆင့် သို့မဟုတ် မဟာယာနအဆင့်ရှိ အင်မော်တယ်များ ဖြစ်လာရန်ဆိုသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် အကယ်၍ အင်မော်တယ်တစ်ဦး ဖြစ်လာရန် သေချာသလောက်ရှိသော ဤကဲ့သို့သော အခွင့်အလမ်းမျိုးကို မည်သည့်ကျင့်ကြံသူကမျှ လက်လွှတ်လိုမည် မဟုတ်ပေ။

အဆုံးတွင် အထက်ကန့်သတ်ချက် ပိတ်ဆို့ခံရသည်ဆိုဦးတော့၊ အင်မော်တယ်သည် အင်မော်တယ်ပင် ဖြစ်ရာ အခြားကျင့်ကြံသူများနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သို့သော် နှလုံးသားမျက်လုံးမှတစ်ဆင့် ရရှိလာသော အချက်အလက်များအရ ဤမြေကမ္ဘာအင်မော်တယ် တာအိုအသီးသည် အခွင့်အလမ်းတစ်ခု မဟုတ်ဘဲ ကြီးမားသော အန္တရာယ်နှင့် ဘေးဒုက္ခများလည်း ကိန်းအောင်းနေနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းအတွင်း၌ အင်မော်တယ်ဝိညာဉ် တစ်စိတ်တစ်ပိုင်း ကျန်ရှိနေသောကြောင့် ဖြစ်၏။

မိုးကြိုးအင်မော်တယ်စံအိမ်၏ သခင်သည် ပြင်းထန်သော ဒဏ်ရာဖြင့် သေလုမျောပါး ဖြစ်နေသော်လည်း အသက်ရှင်သန်ရန် မျှော်လင့်ချက် တစ်စွန်းတစ်စကိုမူ ချန်ထားခဲ့ပုံရ၏။

အကယ်၍ အခွင့်အလမ်းရခဲ့လျှင် သူသည် အခြားသူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်၍ ပြန်လည်မွေးဖွားရန် ကြိုးစားပေလိမ့်မည်။

အကယ်၍ စစ်မှန်သော ကံကြမ္မာရှင်တစ်ဦးက ရရှိသွားပါက ဤမြေကမ္ဘာအင်မော်တယ်၏ တစ်သက်တာကျင့်ကြံမှုများသည် ထိုကံကြမ္မာရှင်၏ သိမ်းပိုက်ခြင်းကို ခံရမည်မှာ သေချာပြီး သူ၏ တစ်သက်တာကျင့်ကြံမှုများမှာလည်း သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

သို့သော်ငြား ဤမြေကမ္ဘာအင်မော်တယ်သည် မည်သည့်ကပ်ဘေးနှင့် ကြုံတွေ့ခဲ့ရသည်မသိဘဲ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်ရာ အသက်ရှင်ရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှ၏။

ဝိညာဉ်လောကသို့ ကျဆင်းလာပြီး ခန္ဓာကိုယ်သိမ်းပိုက်၍ ပြန်လည်မွေးဖွားနိုင်ရန်မှာ အခွင့်အလမ်း အလွန်နည်းပါးလှသော ကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤမိုးကြိုးအင်မော်တယ်စံအိမ်၏ သခင်သည် အမှန်တကယ်ပင် သေဆုံးသွားခဲ့လျှင်ပင် သဘာဝကျပေသည်။

'ဆိုတော့ ဒီမြေကမ္ဘာအင်မော်တယ် တာအိုအသီးရဲ့ အကျိုးကျေးဇူးကို ရဖို့ဆိုတာ မလွယ်ကူဘူးပဲ။ အတွင်းထဲမှာ ကျန်နေတဲ့ အင်မော်တယ်ဝိညာဉ်အကြွင်းအကျန်ကို အရင်ဆုံး သတ်ပစ်မှ ဖြစ်မယ်...’

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။

မှန်ပေ၏၊ ဤသည်မှာ အဆိပ်ခတ်ထားသော သကြားလုံးတစ်ခုကဲ့သို့ပင် အပေါ်ယံတွင် အလွန်အရသာရှိလှပေသည်။ သို့သော် လုံလောက်သော ကံကြမ္မာနှင့် အင်အားမရှိပါက ဤလျှို့ဝှက်ဆန်းကြယ်သော မြေကမ္ဘာအင်မော်တယ် ပြန်လည်မွေးဖွားရန်အတွက် ကိုယ်စားခန္ဓာကိုယ်တစ်ခုမျှသာ ဖြစ်သွားပြီး တစ်ဖက်လူ၏ သိမ်းပိုက်ခြင်းကို ခံရပေလိမ့်မည်။

'နေပါဦး။ မိုးကြိုးအင်မော်တယ်စံအိမ်ရဲ့ အရင်က တားမြစ်ချက်အစီအရင်တွေဟာ နတ်ဘုရားအသွင်ပြောင်းအဆင့်ထက် ကျော်လွန်တဲ့ ကျင့်ကြံသူတွေကို ဝင်ခွင့်မပြုတာပဲ။ ဒါဟာ ဒီမြေကမ္ဘာအင်မော်တယ်က သူ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ သင့်တော်တဲ့ ကျင့်ကြံသူကို ရွေးချယ်နေတာများလား...’

'ဒါပေမဲ့ သင့်တော်တဲ့သူကို ရှာမတွေ့ဘဲ မိုးကြိုးအင်မော်တယ်စံအိမ်ကလည်း ဆက်ပြီး တောင့်မခံနိုင်တော့တဲ့အခါမှာတော့ အင်မော်တယ် တာအိုအသီးကို အပြင်ကို လွှတ်လိုက်တာ ဖြစ်နိုင်တယ်။ မဟုတ်ရင် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်သူတွေရဲ့ လက်ထဲ ရောက်သွားရင်တော့ သူ သေချာပေါက် သေရမှာပဲ...’

ကျိုးစွေ့က ထိုအချက်ကို မတွေးဘဲ မနေနိုင်တော့ပေ။

မှန်ပေသည်၊ ဤအရာများအားလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ မည်သူမျှ မသေလိုကြပေ။ အင်မော်တယ်များပင် ထိုနည်းတူဖြစ်၏။

အင်မော်တယ်တစ်ဦးအနေဖြင့် ရှည်လျားသော သက်တမ်း၏ အကျိုးကျေးဇူးကို ခံစားဖူးသည်ဖြစ်ရာ မည်သို့လျှင် အလွယ်တကူ သေဆုံးလိုပါမည်နည်း။

သူတို့သည် ပြန်လည်မွေးဖွားရန်အတွက် ရှိသမျှခွန်အားကို အသုံးပြုကာ အဖိုးအခအားလုံးကို ပေးဆပ်ရန် ကြိုးစားကြမည်မှာ အသေအချာပင် ဖြစ်၏။

All Chapters