← Chapters

ရင်းမြစ်ကို ပိတ်ဆို့ခြင်း

Vol. 11 Ch. 135

ရင်းမြစ်ကို ပိတ်ဆို့ခြင်း

Vol. 11 Ch. 135

ငွေကြေး ပြတ်လပ်နေသော ကာလ၌ လီယွမ်သည် ငွေမက်သူ တစ်ဦး အဖြစ် နာမည်ကျော် လှသည်။ သူသည် မိမိကိုယ်ကိုယ် တရားမျှတမှု ဘက်မှ ရပ်တည်သူ တစ်ဦး အလား ဟန်ပန် ဖမ်းယူ လိုက်ပြီးနောက် မကောင်းဆိုးဝါး စွမ်းအားများ ကြောင့် အဖိုးတန် ရတနာများ ပျက်စီး ဆုံးရှုံး သွားမည်ကို လုံးဝ လက်မခံ နိုင်ကြောင်း တွေးတော လိုက်မိ၏။

“မကြောက်ကြနဲ့.. ငါ့ရဲ့ အဖိုးတန်လေးတွေ.. မင်းတို့ကို ငါ ကာကွယ် ပေးမယ်”

လီယွမ်၏ အမိန့်ပေးသံ အဆုံးတွင် ဉာဏ်ရည် ထက်မြက်လှသော ရှောင်ချိုက်သည် ချက်ချင်းပင် နားလည် သဘောပေါက် သွားခဲ့သည်။ သူမ၏ နဖူးထက်တွင် သေးငယ်သော ဦးချို နှစ်ခု ထိုးထွက် လာခဲ့ပြီး လျှပ်စီးကြောင်းများကို ဖန်တီးကာ ဟင်းလင်းပြင် အတွင်းရှိ နေရာ တစ်ခုဆီသို့ ပစ်လွှတ် လိုက်ရာ အနက်ရောင် အစက်အပြောက်လေး တစ်ခု ပေါ်ပေါက် လာခဲ့၏။ ထိုအစက်လေးမှာ တဖြည်းဖြည်း ကြီးထွား လာခဲ့ပြီး စိတ်ကူးယဉ် အရောင်စုံ နတ်မိမယ်၏ သီးသန့် ရတနာ နယ်မြေကို ဖွင့်လှစ် ပေးလိုက် သည်။

“ဝူမေ့.. မင်း အလှည့်ပဲ”

ဝူမေ့သည်လည်း ချက်ချင်းပင် ပင့်ကူမျှင် အမြောက်အမြားကို မှုတ်ထုတ် လိုက်ပြီး စင်ပေါ်ရှိ မပျက်စီး သေးသော ရတနာများ အားလုံးကို ရစ်ပတ်ကာ ရတနာ သိုလှောင်ရာ နေရာလွတ် ထဲသို့ ကျွမ်းကျင်စွာ ထည့်သွင်း လိုက်၏။ လီယွမ်က ဆက်လက်၍ မှာကြား လိုက်သည်။

“ဆက်ပြီး ကာကွယ် ထားကြ”

သူသည် အညစ်အကြေး ကင်းစင်သည့် ဓားကြီးကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လျက် အာဏာရှင် တစ်ဦး အလား အပေါ်ထပ်သို့ ပြေးတက် သွားကာ ထူထပ်သော မြူခိုးများကို ခုတ်ပိုင်းပြီး စင်ပေါ်ရှိ ရတနာများကို အတင်း အဓမ္မ လုယူ နေတော့၏။ ဤအခွင့်အရေးကို လက်လွှတ် လိုက်ပါက ကျန်ရှိသော ရတနာများကို ဂိုဏ်းထံ အပ်နှံ ရတော့မည် ဖြစ်ရာ သူက ကြိုက်နှစ်သက်ရာ များကို သိမ်းကျုံး ယူငင် နေခဲ့သည်။ တစ်ခါတစ်ရံတွင် စီနီယာ အစ်မကြီးနှင့် လိုက်ဖက်မည့် ရတနာများကို တွေ့ရှိ ပါကလည်း ရှောင်ချိုက်အား သိမ်းဆည်း ခိုင်းပြီး အိတ်အတွင်း ထည့်ကာ လက်ဆောင် ပေးရန် ပြင်ဆင် ထားလိုက် သေး၏။

“ဒီကို လာခဲ့တာက တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ”

လီယွမ်သည် စိတ်ထဲမှ ကြိတ်၍ ဝမ်းသာ နေမိသည်။

ဤခရီးစဉ် ကြောင့် ညဇီးကွက် ဘုရင်နှင့် တွေ့ဆုံ နိုင်ခြေကို ရှောင်ရှား နိုင်ရုံ တင်မကဘဲ ကမောက်ကမ အခြေအနေများ ကြားမှ ရတနာ အမြောက်အမြားကိုပါ ပိုင်ဆိုင် ခွင့် ရရှိ ခဲ့ခြင်းပင် ဖြစ်တော့သည်။

အချိန် အတော်ကြာ ဖြတ်သန်း ပြီးနောက်တွင်မူ ရတနာသိုက်ကြီး အတွင်းရှိ ထူထပ်သော မြူခိုးများမှာ တဖြည်းဖြည်း ပါးလွှာ လာခဲ့သည်။ မြူခိုးမည်းများမှာ မြစ်တစ်စင်း ပင်လယ်ထဲ ပြန်စီးဝင် သကဲ့သို့ တစ်နေရာ တည်းသို့ စုပြုံ စီးဆင်း သွားသည်ကို လီယွမ် သတိပြုမိ လိုက်ရာ ရှောင်ချိုက် နှင့် ဝူမေ့ ကို သတိပေး လိုက်ရ၏။

“ရှောင်ချိုက်.. ဝူမေ့.. မြန်မြန် ပုန်းကြတော့”

ရင်းမြစ်ကို ပိတ်ဆို့ရန် တာဝန် ယူခဲ့သည့် ဒုတိယ နန်းတော်သခင် ချီယန်မှာ အောင်မြင် သွားခဲ့ပြီ ဖြစ်ရာ မြူခိုးများမှာ လုံးဝ ပျောက်ကွယ် သွားပြီး ရတနာသိုက်ကြီးမှာ ပြန်လည် ရှင်းလင်း သွားခဲ့သည်။ လီယွမ်သည် သတ္တမထပ်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး တတိယထပ်မှ စတင်ကာ ရတနာ စုစုပေါင်း၏ သုံးဆယ် ရာခိုင်နှုန်း ခန့်ကို ရိတ်သိမ်း ပြီးစီး ခဲ့ပြီ ဖြစ်သည်။ ထိုစဉ် နင်ဟုန်ယွီသည် သတ္တမထပ်သို့ ခုန်တက် လာခဲ့ပြီး လီယွမ် ဘေးကင်း နေသည်ကို မြင်တွေ့ ရမှသာ သက်ပြင်း ချနိုင် ပါတော့သည်။

“မင်း အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်.. စီနီယာ အစ်မကြီးရော အဆင်ပြေရဲ့လား”

နင်ဟုန်ယွီ မှာမူ လီယွမ်၏ အဆင်အခြင်မဲ့ လုပ်ရပ် ကြောင့် ဒေါသ ထွက်နေဆဲပင်.. ။

သူမက လီယွမ်အား မျက်စောင်း ထိုးလျက် ဆူပူလိုက်၏။

“ငါ ..မင်းကို သတ်ပစ်ချင်နေတာ..

ဘယ်သူက မင်းကို အဲဒီလောက် အလောတကြီးနဲ့ မြူခိုးတွေထဲ ခုန်ဆင်း သွားဖို့ ပြောလို့လဲ”

ထိုအခါ လီယွမ်က ပြုံးဖြီးဖြီး လုပ်လိုက်ပြီး စကား လမ်းကြောင်း လွှဲကာ အိတ်တစ်လုံးကို သယ်ဆောင် လာခဲ့၏။

“စီနီယာ အစ်မကြီး ကြည့်ပါဦး.. ဒါက အစ်မကြီး အတွက် ကျွန်တော် ရွေးထားတဲ့ လက်ဆောင်ပဲ.. အသက် စွန့်ပြီး ကာကွယ် ထားရတာနော်”

နင်ဟုန်ယွီမှာ ရယ်ရမလို ငိုရမလို ခံစားချက်ဖြင့် မရယ်ဘဲ မနေနိုင် တော့ချေ။

ထို့နောက် သူတို့ နှစ်ဦးမှာ မြေအောက် ရတနာသိုက်ရှိ ချီယန်ထံသို့ သွားရောက် ခဲ့ကြသည်။

သတ္တမ နန်းတော်သခင် ရွှီရွှမ်းမှာ အရင် ရောက်ရှိ နေပြီ ဖြစ်ပြီး ချီယန်၏ ဘေးတွင် ထိုင်ကာ သူ၏ ပင်မ ကူ (ကူ) ကောင် ဖြစ်သော အပြာရောင် မြွေလေးအား ကြင်နာစွာ ပွတ်သပ် နေသည်ကို မြင်တွေ့ လိုက်ရ၏။

“ဦးလေးတို့ နှစ်ယောက် အခြေအနေ ဘယ်လိုလဲ ”

“ငါ ထင်ထားတာထက် နည်းနည်း ပိုရှုပ်ထွေး နေတယ်”

ချီယန်က ပြန်လည် ဖြေကြား လိုက်သည်။

သူသည် ထူးခြား ကူ (ကူ) ကောင် အန်းရွှမင်၏ စွမ်းရည်ဖြင့် မြူခိုး ရင်းမြစ်ကို အတင်း အဓမ္မ ပိတ်ဆို့ ထားရခြင်း ဖြစ်ပြီး ထိုနေရာ တွင်ပင် အချိန် အကန့်အသတ် မရှိ ဆက်လက် နေထိုင် စောင့်ကြပ် ရတော့မည် ဖြစ်သည်။

ချီယန်က အခြေအနေများကို ရှင်းပြပြီးနောက် ညွှန်ကြား လိုက်၏။

“ဟုန်ယွီ.. လီယွမ်.. မင်းတို့ နှစ်ယောက် ပြန်သွားပြီး ဒီသတင်းကို အဘိုးကြီးကို ပြောပြလိုက်.. ဒီရတနာတွေ အားလုံးကို သယ်ဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်ပေးဖို့ ပေါ့”

သူသည် ရတနာ အမြောက်အမြား ပျက်စီး သွားခြင်း အတွက်လည်း နှမြော တသစွာ သက်ပြင်း ချလိုက်မိ၏။

ထိုစဉ် ရွှီရွှမ်းက ရုတ်တရက် ဝင်ပြော လိုက်သော်လည်း ချီယန်က တားဆီး လိုက်သဖြင့် ပြန်လည် တိတ်ဆိတ် သွားခဲ့ရသည်။

“စီနီယာ အစ်ကို.. ဒီနေရာက မလုံခြုံ ဘူး.. ကျွန်တော်.. သူတို့ကို သွားပို့ ပေးရမလား”

“မလို ဘူး ..မင်း ငါ့ဘေးမှာပဲ နေ ..ဘယ်မှ မသွားနဲ့”

လီယွမ် နှင့် နင်ဟုန်ယွီတို့ ရတနာသိုက် အတွင်းမှ ထွက်ခွာ လာခဲ့ပြီး အတော် ဝေးဝေးသို့ ရောက်သော အခါမှ လီယွမ်က မေးမြန်း လိုက်၏။

“စီနီယာ အစ်မကြီး.. ဦးလေး ရွှီရဲ့ အပြုအမူတွေက ထူးဆန်း နေတယ်လို့ မထင်ဘူး လား ”

နင်ဟုန်ယွီကလည်း ရွှီရွှမ်း၏ အပြုအမူမှာ ထူးခြား နေကြောင်း ဝန်ခံ ခဲ့သော်လည်း အဆက်အသွယ် မလုပ်ဘဲ နေလိုက်ရန် သာ အကြံပြု ခဲ့၏။

တစ်ချိန် တည်းမှာပင် ခွန်လွန် တောင်ထိပ် ထက်၌ ထိုင်နေသော လူငယ်လေးမှာ ကောင်းကင်ယံမှ ကံကြမ္မာ ရေစီးကြောင်း များကို စောင့်ကြည့် နေခဲ့သည်။

အရှေ့တောင် ဘက်ရှိ ပြတ်လုနီးပါး ဖြစ်နေသော သံကြိုးကြီးမှာ ပြန်လည် ပြင်ဆင် ခံရပြီး ပုံမှန် အတိုင်း ဖြစ်သွားသည် နှင့်အမျှ သူ၏ ကိုယ်တွင်းရှိ သွေးကြော တစ်ခုမှာလည်း ထိုသံကြိုး နှင့် တစ်သားတည်း ဖြစ်သွား သကဲ့သို့ ခံစား လိုက်ရ၏။

သူသည် တာ့ယန် အင်ပါယာ အပေါ် မွေးရာပါ တာဝန် တစ်ခု ရှိနေ သကဲ့သို့ ခံစား လိုက်ရ သော်လည်း သူ၏ စိတ်နှလုံး ထဲတွင်မူ လွတ်လပ်မှုကို သာ တောင့်တ နေဆဲ ဖြစ်သည်။

“ငါ မလိုချင်ဘူး”

သူက ရေရွတ် လိုက်သော်လည်း သူ၏ စိတ်ထဲ တွင်မူ မှုန်ဝါးဝါး ပုံရိပ် တစ်ခုမှာ စွဲထင်နေခဲ့လေတော့သည်။

Thank For Reading.

All Chapters