အခန်း ၁၇၈၈
Vol. 120 Ch. 1788
အခန်း (၁၇၈၈)
အတွင်းစည်း အကြီးအကဲလုချန်း
နတ်ဘုရင်ခံ ရွှမ်ဟူ၏ ခေါ်ဆိုပုံကို ကြားလျှင် လုချန်းက
“ကျုပ်က လဝန်းနန်းတော်ရဲ့ တပည့်တစ်ယောက်ပါပဲ။ အခုကစပြီး ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်သွားပြီဆိုတော့ ကျုပ်ကို ‘သခင်ကြီး’ လို့ ခေါ်ဖို့ မလိုပါဘူး။”
နတ်ဘုရင်ခံ ရွှမ်ဟူက ပြုံးရွှင်စွာဖြင့် လုချန်းကို
“ မိန့်ကြားတဲ့အတိုင်းပါပဲ”
သူသည် လူအ မဟုတ်ပေ။
မိစ္ဆာနတ်ဘုရင် သုံးပါးကို တစ်ဦးတည်း ဖိနှိပ်နိုင်သူမှာ သာမန်တပည့်တစ်ဦး မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ နားလည်၏။
လုချန်းက ထိုသို့ ဆိုသော်လည်း ပြသင့်ပြထိုက်သော ရိုသေမှုကိုတော့ သူတို့ ပြသရမည်ပင်။
လုချန်းက ခပ်အေးအေးပင်
“စစ်ဆေးပြီးရင် ဘေးမှာ ခဏသွားရပ်နေပါ။ နောက်ပိုင်းကျရင် ခင်ဗျား အကူအညီ လိုကောင်း လိုလိမ့်မယ်။”
ထိုစကားများကို ကြားလျှင် နတ်ဘုရင်ခံ ရွှမ်ဟူ၏ စိတ်ထဲ၌ ဝမ်းသာအားရ ဖြစ်သွားသည်။
တစ်စုံတစ်ခုအတွက် အကူအညီ လိုမည်တဲ့လား။
လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်းပင် သူ အကျိုးဆောင်ခွင့် ရတော့မည် ဖြစ်၏။
“ဟုတ်ကဲ့”
ဟု ပြန်ဖြေပြီးနောက် နတ်ဘုရင်ခံ ရွှမ်ဟူလည်း ဘေးသို့ ချက်ချင်းပင် ထွက်ရပ်လိုက်၏။
သူ ထွက်သွားလျှင် အခြား နတ်ဘုရင်ခံတစ်ဦးသည် လုချန်း၏ အနားသို့ တိုးကပ်လာသည်။
ထိုသူကိုလည်း လုချန်းက တစ်ချက်ကြည့်ရုံသာ ကြည့်လိုက်ပြီး ဘေးသို့ သွားရပ်ခိုင်း၏။
ခဏချင်းအတွင်းမှာပင် ရင်ပြင်အတွင်း၌ နတ်ဘုရင်ခံ ငါးဦးသာ ကျန်ရှိတော့ရာ ကျန်ရှိနေသူများလည်း လျှို့ဝှက်လဝန်းနန်းတော်က ဟန်ရေးပြနေခြင်းလားဟု ပို၍ သံသယဝင်လာကြသည်။
တစ်ချက်ကြည့်ရုံမျှဖြင့် လျှို့ဝှက်လဝန်းနန်းတော်အပေါ် သစ္စာဖောက်ခြင်း ရှိ မရှိကို မည်သို့ သိနိုင်ပါမည်နည်း။
တွက်ချက်ခြင်း လမ်းစဉ်တွင် ကျွမ်းကျင်သော နတ်များပင်လျှင် အနည်းဆုံး တွက်ချက်မှုအချို့တော့ ပြုလုပ်ရမည် မဟုတ်ပါလား။
အကယ်၍ လုချန်းတွင် နတ်ရတနာများ ရှိပါကလည်း ဧကန်မုချ ထုတ်ဖော်အသုံးပြုပေလိမ့်မည်။
သို့သော် လုချန်းကတော့ တွက်ချက်ခြင်း ပညာရပ်ဖြစ်စေ၊ နတ်ရတနာဖြစ်စေ တစ်စုံတစ်ရာကို အသုံးမပြုပဲ တစ်ချက်မျှ ကြည့်ရုံသာ ကြည့်နေခြင်း ဖြစ်၏။
သူသည် သစ္စာဖောက်သူကို တကယ်ပင် ခွဲခြားနိုင်စွမ်း ရှိပါသလား။
လူများ တွေးတောနေကြစဉ်မှာပင် မီးခိုးရောင် ဝတ်စုံဝတ် နတ်ဘုရင်ခံတစ်ဦး လုချန်း၏ ရှေ့သို့ ရောက်ရှိလာ၏။
ထိုသူကို လုချန်း တစ်ချက်ကြည့်လိုက်ပြီး ဘေးနားရှိ နတ်ဘုရင်ခံ လင်ရင်ကို
“သွေးလင်းယုန်ခန်းမရဲ့ သူလျှိုပဲ... ကွပ်မျက်လိုက်လို့ ရပြီ။”
ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် လူအားလုံး မှင်တက်သွားကြ၏။
လုချန်း ဟန်ရေးပြနေခြင်းသာ ဖြစ်ပြီး သစ္စာဖောက်ကို ခွဲခြားနိုင်စွမ်း မရှိသဖြင့် အားလုံးပင် စမ်းသပ်မှုကို အောင်မြင်လိမ့်မည်ဟု သူတို့ ယူဆထားကြခြင်း ဖြစ်၏။
သို့သော် ယခုတော့ တစ်စုံတစ်ယောက်က မအောင်မြင်ပဲ ကျန်ရစ်ခဲ့ပေပြီ။
လုချန်း၏ စကားကို ကြားလျှင် ထိုနတ်ဘုရင်ခံလည်း ပြဿနာရှာရန် ကြံစည်တော့၏။
ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ဖိအားကို အသုံးချကာ လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် သူ့ကို အရေးယူရန် ဝန်လေးသွားစေရန် ကြိုးပမ်းခြင်း ဖြစ်သည်။
အဆုံးတွင်တော့ သူသည် လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်ရန် လာရောက်သူ ဖြစ်ပြီး ထိုသို့ဝင်ရောက်လာသူကလည်း သူတစ်ဦးတည်းလည်း မဟုတ်ပေ။
လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် လူတိုင်းကို သစ္စာဖောက်ဟု စွပ်စွဲ၍ မရနိုင်ပေ။
အကယ်၍ ထိုသို့သာ ဖြစ်ပါက နောင်တစ်ချိန်တွင် မည်သူ့ကိုမဆို အခြားအင်အားစုမှ သူလျှိုဟု စွပ်စွဲနိုင်မည်ဖြစ်ရာ လူတိုင်း ထိတ်လန့်နေကြပေလိမ့်မည်။
သို့သော် ထိုနတ်ဘုရင်ခံ ထင်မှတ်မထားသည်မှာ သူ စကားမစရသေးမီမှာပင် နတ်ဘုရင် လင်ရင်ထံမှ ကြောက်မက်ဖွယ် ဖိအားများ ကျရောက်လာခြင်း ဖြစ်၏။
နတ်ဘုရင် လင်ရင်သည် သူ့ကို အပြစ်မရှိကြောင်း ရှင်းပြရန် အခွင့်အရေး လုံးဝမပေးပဲ ဗျပ်စောင်းကို ထုတ်ကာ အကြိမ်အနည်းငယ် တီးခတ်လိုက်၏။
ထိုအခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများသည် မျက်စီဖြင့်မြင်တွေ့နိုင်သည့် ဓားအငွေ့အသက်များအဖြစ် ပြောင်းလဲကာ ထိုနတ်ဘုရင်ခံထံသို့ တိုးဝင်သွားသည်။
လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို မဆိုင်းမတွ တိုက်ခိုက်လာသည်ကို မြင်လျှင် အခြေအနေကို လှည့်စားရန် အခွင့်အရေး မရှိတော့ကြောင်း ထိုနတ်ဘုရင်ခံ သိသွား၏။
ထို့ကြောင့် သူလည်း တွန့်ဆုတ်မနေတော့ပဲ အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ပြေးရန် ကြိုးစားလေတော့၏။
ထိုသူ ထွက်ပြေးရန် ကြိုးစားသည်ကို မြင်လျှင် လူအားလုံး အံ့အားသင့်သွားကြ၏။
ထိုသူက တကယ်ပဲ သွေးလင်းယုန်ခန်းမမှ သူလျှို ဖြစ်နေပါသလား။
လူများ တွေးတော၍ မဆုံးမီမှာပင် နတ်ဘုရင် လင်ရင်၏ ခန္ဓာကိုယ်သည် နေရာမှ ပျောက်ကွယ်သွားပြီး ထွက်ပြေးသွားသော နတ်ဘုရင်ခံနောက်သို့ တိုက်ရိုက် လိုက်လံဖမ်းဆီးလေတော့၏။
သူတို့ ထွက်ခွာသွားပြီးနောက် လုချန်း၏ အကြည့်က ကျန်ရှိနေသော နတ်ဘုရင်ခံများထံသို့ ကျရောက်သွား၏။
“ဆက်လုပ်ကြပါ”
ထိုစကားကို ကြားလျှင် ကျန်ရှိနေသော နတ်ဘုရင်ခံများ ခဏခန့် မှင်တက်သွားကြသည်။
ထိုစဉ် အခြားသော နတ်ဘုရင်ခံတစ်ဦးက ပျာပျာသလဲဖြင့် လုချန်း၏ အနားသို့ တိုးကပ်လာ၏။
လုချန်းက ထိုသူကိုလည်း
“သွေးလင်းယုန်ခန်းမက လူတစ်ယောက်ပဲ... ကွပ်မျက်လိုက်လို့ ရပြီ”
လုချန်း စကားဆုံးသည်နှင့် နတ်ဘုရင်ခံ ရွှမ်ဟူက ချက်ချင်းပင် လှုပ်ရှားလေတော့၏။
အဘယ်ကြောင့် လုချန်းက သူ၏ အကူအညီ လိုလိမ့်မည်ဟု ကြိုတင်ပြောခဲ့ကြောင်း သူ ယခုမှပင် နားလည်သွားသည်။
ဤသစ္စာဖောက်ကို သတ်ဖြတ်ရာတွင် လျှို့ဝှက်လဝန်းနန်းတော်ကို ကူညီပေးပါက သူသည် နန်းတော်အတွက် အကျိုးပြုသူ ဖြစ်လာမည် မဟုတ်ပါလား။
နတ်ဘုရင်ခံ ရွှမ်ဟူက တိုက်ရိုက် တိုက်ခိုက်လာသည်ကို မြင်လျှင် ထိုနတ်ဘုရင်ခံသည် ယခင်ထွက်ပြေးသွားသူကဲ့သို့ပင် ခုခံရန် မကြိုးစားတော့ပေ။
လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် သူတို့ သစ္စာဖောက်နေသည်ကို အစောကတည်းက သိထားပြီး ဖြစ်ကာ ယခုကိစ္စမှာ အခြားသူများကို သတိပေးရန်အတွက် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်ဟု သူ တွေးတောမိ၏။
ထိုသို့ ပြုလုပ်ခြင်းမှာ ချန်းလုသည် သစ္စာဖောက်များကို တကယ် ခွဲခြားနိုင်စွမ်း ရှိကြောင်း အားလုံးကို သိစေလိုခြင်းပင် ဖြစ်သည်။
ထိုအခါမှ ကျန်ရှိနေသော နတ်ဘုရင်ခံများလည်း သူတို့၏ သစ္စာဖောက်မှု ပေါ်ပေါက်သွားပြီဖြစ်ကြောင်း သိသွားကြ၏။
ဤအခြေအနေတွင် သူတို့ မည်သို့ပင် ဆင်ခြေပေးပါစေ လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို ဧကန်မုချ သတ်ဖြတ်ပေလိမ့်မည်။
နောက်တစ်ခဏ၌ ကျန်ရှိနေသော နတ်ဘုရင်ခံများသည် တွန့်ဆုတ်မနေတော့ပဲ အရိပ်များအဖြစ် ပြောင်းလဲကာ ကျင့်စဉ်ရင်ပြင်မှ ပျောက်ကွယ်သွားကြ၏။
ထိုသူများ ထွက်ပြေးသည်ကို မြင်လျှင် ပြင်ပနန်းဆောင်တွင် ရောက်နေကြသော နတ်ဘုရင်ခံများက လျင်မြန်စွာပင် နောက်မှ လိုက်လံဖမ်းဆီးကြလေတော့၏။
ထွက်ပြေးခြင်းက သူတို့၌ အပြစ်ရှိကြောင်းကို ထင်ရှားစေသည် မဟုတ်ပါလား။
နတ်ဘုရင် လင်ရင်နှင့် အသစ်ဝင်ရောက်လာသော အပြင်စည်း နတ်ဘုရင်ခံများ၏ စုပေါင်းအားထုတ်မှုကြောင့် ထိုသစ္စာဖောက်များကို သတ်ဖြတ်ရန် အချိန်များစွာ မကြာလိုက်ပေ။
သစ္စာဖောက်များကို ရှင်းလင်းပြီးနောက် နတ်ဘုရင် လင်ရင်နှင့် ကျန်ရှိသော နတ်ဘုရင်ခံများသည် လုချန်း၏ အနားသို့ ပြန်လည်ရောက်ရှိလာကြ၏။
လုချန်းက နတ်ဘုရင်ခံ ရွှမ်ဟူနှင့် အခြားသူများကို ပြုံးလျက်
“ဂုဏ်ယူပါတယ်။ ဒီနေ့ကစပြီး ခင်ဗျားတို့ဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အပြင်စည်း အကြီးအကဲတွေ ဖြစ်သွားပါပြီ။”
“ဘယ်အချိန်မှာ အတွင်းစည်း အကြီးအကဲ ဖြစ်မလဲဆိုတာကတော့ ခင်ဗျားတို့ရဲ့ အကျိုးဆောင်မှုတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဒါပါပဲ။”
ထိုသို့ ပြောကြားပြီးနောက် လုချန်း လှည့်ထွက်သွား၏။
နတ်ဘုရင် လင်ရင်ကတော့ နတ်ဘုရင်ခံ ရွှမ်ဟူနှင့် အခြားသူများကို နန်းတော်၏ စည်းကမ်းချက်များ ရှင်းပြရန် ကျန်ရစ်ခဲ့သည်။
လုချန်း သူ၏ အဆောင်သို့ ပြန်ရောက်လျှင် သူ့ကို အသင့်စောင့်ဆိုင်းနေသော ယွမ်ယုတိကို တွေ့လိုက်ရ၏။
ယွမ်ယုတိက ဤမျှအထိ လောနေပါလားဟု လုချန်း တွေးလိုက်၏။
လုပ်ဆောင်ရန် ကိစ္စရပ်များစွာ ကျန်ရှိနေသေးရာ ယောက်ျားတစ်ယောက်ဖြစ်သော သူပင်လျှင် ဤမျှအထိ စိတ်မလောပေ။
ယွမ်ယုတိသည် ကတိကဝတ်အတိုင်း လုပ်ဆောင်ရန် ရောက်ရှိလာခြင်း ဖြစ်လိမ့်မည်ဟု လုချန်း ယူဆမိသော်လည်း သူမကတော့
“ဒီနေ့ကစပြီး ရှင်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အတွင်းစည်းအကြီးအကဲတစ်ယောက် ဖြစ်သွားပြီ။”
လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်ကို ကယ်တင်ခဲ့သူဖြစ်သလို စွမ်းအားကြီးမားသူတစ်ဦးလည်း ဖြစ်ရာ သူ့ကို တပည့်တစ်ယောက်အဖြစ်သာ ဆက်လက်ထားရှိရန် မဖြစ်နိုင်တော့ပေ။
သူ့အတွက် သင့်တော်သော အဆင့်အတန်းတစ်ခု ရှိရန် လိုအပ်သည် မဟုတ်ပါလား။
ယွမ်ယုတိ၏ စကားကြောင့် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။
သူမသည် ထိုကိစ္စအတွက် လာရောက်ခြင်းဖြစ်ကြောင်း သူ ယခုမှ သိရခြင်း ဖြစ်သည်။
သူမ ရောက်လာခြင်းမှာ ကတိကဝတ်အတွက်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
လုချန်းက ငြင်းပယ်ခြင်း မပြုပေ။
လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ သူ၏ အဆင့်အတန်းက သူ့အတွက် အရေးမကြီးတော့ပေ။
ယွမ်ယုတိ၏ အမူအရာကို ကြည့်ရသည်မှာ လုချန်းအပေါ် အန္တရာယ်ပြုမည့်ပုံ မပေါ်ပေ။
အထူးသဖြင့် သူမ အစ်မ၏ အခြေအနေနှင့် သူမ ပြုလုပ်ထားသော ကောင်းကင်ဘုံ လမ်းစဉ် ကျိန်ဆိုချက်တို့ကြောင့်လည်း ဖြစ်လိမ့်မည်။
လုချန်းက
“ကောင်းပြီလေ”
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက သူမ၏ အာကာသလက်စွပ်အတွင်းမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ကာ လုချန်းထံသို့ လွှင့်ပစ်လိုက်၏။
“ဒါက ရှင့်ရဲ့ အမှတ်အသားပဲ”
လုချန်းက ထိုဆွဲပြားကို ချက်ချင်းပင် ဖမ်းယူလိုက်ပြီး တစ်ချက် ကြည့်လိုက်၏။
ဆွဲပြားပေါ်တွင် “ချန်း” ဟူသော စာလုံး ရေးထိုးထားရာ ယွမ်ယုတိသည် သူ့ကို ချန်းလုအဖြစ်သာ ဆက်လက်ထားရှိလိုပြီး သူ၏ သရုပ်မှန်ကို လူတိုင်းအား ထုတ်ဖော်ပြောပြရန် အစီအစဉ်မရှိကြောင်း သိသာလှသည်။
သူ၏ ကိုယ်ပွားများစွာ ရှိနေသဖြင့် သူ့ကို သတ်ရန်မှာ မလွယ်ကူလှရာ သူ၏ သရုပ်မှန် ပေါ်ပေါက်သွားမည်ကိုလည်း ယခု လုချန်း အထူးတလည် စိုးရိမ်မနေတော့ပေ။
ယွမ်ယုတိလည်း ဘာမှထပ်မပြောတော့ပဲ ကျောက်စိမ်းဆွဲပြားကို ပေးအပ်ပြီးနောက် ပျောက်ကွယ်သွားသည်။
--
……….