အခန်း ၁၇၉၀
Vol. 120 Ch. 1790
အခန်း (၁၇၉၀ )
ကတိကို ဖြည့်ဆည်းပေးသင့်ပြီ
တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီးက သူ့ကို လိုက်လံရှာဖွေနေခြင်းအား လုချန်း မသိခဲ့ပေ။ နေဝင်တောင်တန်းသည် တောင်ပိုင်းနယ်နှင့် နီးကပ်နေသော်လည်း ဖြတ်ကျော်ရန် အချိန်အတော်အတန်ယူရ၏။
ထို့ပြင် တောင်ပိုင်းနယ်မှ နတ်များမှာလည်း အရိုင်းနယ်မြေများသို့ ခရီးသွားလေ့မရှိရာ ထိုအရပ်မှ သတင်းစကားများက အရိုင်းနယ်မြေသို့ လျင်လျင်မြန်မြန် မရောက်ရှိနိုင်ပေ။
နတ်ဘုရား နိုင်ငံတော်တစ်ခု ထူထောင်ရန် လိုအပ်ခြင်း ရှိ၊ မရှိကို လုချန်း အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။ သူသည် အလုပ်ရှုပ်ရသည်ကို နှစ်သက်သူတစ်ဦး မဟုတ်ပေ။
အကယ်၍ နတ်ဘုရား နိုင်ငံတော်ကိုသာ ထူထောင်ဖြစ်ခဲ့လျှင် နေ့စဉ်နှင့်အမျှ များပြားလှသော အရေးအရာများကို ဖြေရှင်းရပေလိမ့်မည်။ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း ဧကရာဇ်အဖြစ် နေထိုင်ရခဲ့ရသည်ကပင် သူ့အတွက် လုံလောက်နေပြီ ဖြစ်၏။
ယခု သူသည် တစ်ချိန်တည်း လုပ်ငန်း ဆောင်တာများစွာကို လုပ်နိုင်စွမ်းရှိသော်လည်း အခြားသော ပျော်ပါးနေချိန်တွင် အုပ်ချုပ်ရေးကိစ္စရပ်များကို ဖြေရှင်းရန် ထိုကိုယ်ပွားများအပေါ် စိတ်စွမ်းအား အချို့ကို ခွဲဝေသုံးစွဲရမည်ဖြစ်ရာ သာယာသော အခိုက်အတန့်များကို အပြည့်အဝ ခံစားနိုင်တော့မည် မဟုတ်ပေ။
သူ ထိုသို့ စဉ်းစားရခြင်းမှာ လုကျန့်ကျီနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများကို လျှို့ဝှက်လဝန်းနန်းတော်သို့ တည်နေရာရွှေ့ပြောင်းပေးပြီးနောက် ဖြစ်၏။ အရိုင်းနယ်မြေတွင် နတ်ဘုရား နိုင်ငံတော်အချို့ ရှိသော်လည်း အင်အားမကြီးမားကြောင်းနှင့် အနီးအနားတွင် အင်အားကြီးမားသော နတ်ဂိုဏ်းများ မရှိကြောင်းကို လုကျန့်ကျီတို့လူစု သတိပြုမိသွားကြသည်။
ထို့ကြောင့် ဤနေရာတွင် နတ်ဘုရား နိုင်ငံတော်တစ်ခု တည်ထောင်ကာ ပတ်ဝန်းကျင်ဒေသများကို သိမ်းပိုက်သင့်ကြောင်း သူတို့က ယူဆခဲ့ကြ၏။
သူသာ နတ်ဘုရား နိုင်ငံတော်ကို တည်ထောင်ပြီး နတ်ဧကရာဇ်တစ်ပါး ဖြစ်လာပါက နိုင်ငံ၏ ကံစွမ်းအားများကို စုစည်းပြီး သူ၏ ကျင့်စဉ်အဆင့်ကို ပို၍မြန်ဆန်စွာ ပြန်လည်ရရှိနိုင်ပေမည်။ သူ၏ ပါရမီနှင့်ဆိုလျှင် လျင်လျင်မြန်မြန် ပြန်လည် အဆင့်တက်လာရုံသာမက မကြာမီပင် နတ်သခင်တစ်ဦး ဖြစ်လာနိုင်ခြေရှိ၏။
သူသာ နတ်သခင်အဆင့်သို့ ရောက်ရှိသွားပါက ထျန်းရန် နတ်ဘုရား နယ်မြေ၏ ထိပ်တန်းအင်အားစုများ ဝိုင်းရံတိုက်ခိုက်ခြင်း မခံရသေးသရွေ့ ဤနယ်မြေတွင် ခိုင်မာစွာ ခြေကုပ်ယူနိုင်မည် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ အရိုင်းနယ်မြေ၌ နတ်အငွေ့အသက် အလွန်ရှားပါးလှခြင်းဖြစ်၏။ ထိုနေရာ၌ ထိပ်တန်းအင်အားစုများ များစွာမရှိသလို အင်အားလည်း မတောင့်တင်းလှချေ။
အကယ်၍ သူတို့ တည်ထောင်မည့် နတ်ဘုရား နိုင်ငံတော်က အရိုင်းနယ်မြေ တစ်ခုလုံးကို စည်းလုံးစေနိုင်ခဲ့ပါက နိုင်ငံတော်၏ ကံစွမ်းအား အရှိန်အဟုန်ဖြင့် မြင့်တက်လာပေလိမ့်မည်။ အရိုင်းနယ်မြေ တစ်ခုလုံး၏ ကံစွမ်းအား ထောက်ပံ့မှုဖြင့်ဆိုလျှင် နတ်ဧကရာဇ်အဖြစ်သို့ လုချန်း ရောက်ရှိနိုင်ရန် အခွင့်အလမ်း ပိုများလာလိမ့်မည်။
လျှို့ဝှက်လဝန်းနန်းတော်ကို အသုံးပြု၍ နတ်ဘုရား နိုင်ငံတော်တစ်ခု တည်ထောင်ရန် လုချန်း စဉ်းစားနေစဉ်မှာပင် အာကာသစွမ်းအားများ ရုတ်တရက် လှုပ်ခတ်လာခြင်းကို သူ ခံစားလိုက်ရသည်။ ထို့နောက်တွင် သူ၏ အမြင်အာရုံ မှောင်အတိ ကျသွားခဲ့ပြီး အလင်းရောင် ပြန်လည် မြင်တွေ့ရချိန်တွင် မွှေးပျံ့သော ရနံ့တစ်ခု လုချန်း၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့၏။
ပတ်ဝန်းကျင်ကို လုချန်း ဝေ့ကြည့်လိုက်လျှင် ရေခဲပြာရောင် ရေခဲလိပ်ပြာများဖြင့် တန်ဆာဆင်ထားသော ယွမ်ယုတိ၏ အိပ်ဆောင်သို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ အခန်းတစ်ခန်းလုံးမှာလည်း ဆန်းကြယ်သော အအေးဓာတ် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေ၏။
ယွမ်ယုတိကို လုချန်း ကြည့်လိုက်ပြီး ပြုံးလျက်
“နန်းတော်သခင်က ကျုပ်ကို ဘာအတွက် ခေါ်လိုက်တာလဲ မသိဘူး။”
ယွမ်ယုတိက ခပ်အေးအေးပင်
“ရှင့်ရဲ့ လက်အောက်ငယ်သားတွေ အခုတလော တော်တော်လေး လှုပ်ရှားနေကြတယ်လို့ ကြားတယ်။”
လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်လာကြောင်းကို လုကျန့်ကျီတို့လူစု သိသွားကြပြီဖြစ်သည်။ ထို့ပြင် နေဝင်တောင်တန်း အနီးအနားတွင် အင်အားကြီးမားသော နတ်ဂိုဏ်းများ မရှိသည်ကို လုကျန့်ကျီတို့ သတိပြုမိကြ သောအခါ ဤနေရာသည် နတ်ဘုရား နိုင်ငံတော် တည်ထောင်ရန် အကောင်းဆုံးနေရာ ဖြစ်ကြောင်း သူတို့ သိမြင်လိုက်ကြ၏။
ထို့ကြောင့် လုချန်း၏ သြဇာအာဏာကို အသုံးပြုကာ ထိုလုပ်ငန်းစဉ်အတွက် လျှို့ဝှက်စွာ စတင်စီစဉ်ခဲ့ကြသည်။ ထိုကဲ့သို့သော လှုပ်ရှားမှုများကို ယွမ်ယုတိအားဖုံးကွယ်ထား၍ မရနိုင်ပေ။ လုကျန့်ကျီတို့လူစု၏ အကြံအစည်များကို သူမ မကြာမီပင် သတိပြုမိသွားခဲ့သည်။
ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“ဆရာက ကျုပ်ကို ကတိဖြည့်ဆည်းဖို့ ခေါ်တယ်လို့ ထင်နေတာ။ အခုတော့ ကျုပ်ရဲ့ အပြစ်တွေကို မေးမြန်းဖို့ပဲ ဖြစ်နေပါလား။”
သူမ၏ မေးခွန်းကို တိုက်ရိုက်အဖြေမရသဖြင့် ယွမ်ယုတိက ဆက်လက်၍
“ရှင် အရိုင်းနယ်မြေမှာ နတ်ဘုရား နိုင်ငံတော်တစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတာလား။”
ထိုအခိုက်အတန့်တွင် လုချန်းက “လောလောဆယ်တော့ ကျုပ်မှာ အဲ့ဒီလို အစီအစဉ်မျိုး မရှိသေးပါဘူး။ ဒါတွေကို ခဏထားလိုက်ပါဦး။ အခုဆို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နည်းဗျူဟာ ပုံစံတွေကိုလည်း ပြင်ဆင်ပြီးပြီ။ ပတ်ဝန်းကျင်က ဂိုဏ်းတွေကိုလည်း သိမ်းပိုက်ပြီး ခြေကုပ်ယူနိုင်ပြီဆိုတော့ ဆရာ့ဘက်က ကတိပေးထားတာကို ဖြည့်ဆည်းပေးသင့်ပြီ မဟုတ်လား။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွားခဲ့ပြီး သူမ၏ ကိုယ်မှ ထွက်ပေါ်နေသော အအေးဓာတ် အငွေ့အသက်များလည်း အလိုအလျောက် ပိုမိုပြင်းထန်လာခဲ့၏။ သို့သော်လည်း သူမသည် မကြာမီပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤကိစ္စကို တစ်နေ့မဟုတ် တစ်နေ့ လုပ်ဆောင်ရမည်သာ ဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ကြိမ်တည်းမို့ ကတိကို စောစောဖြည့်ဆည်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ထိုသို့ တွေးတောပြီးနောက် ယွမ်ယုတိလည်း စကားအများကြီး မပြောတော့ပဲ ကုတင်ဆီသို့ လျှောက်လှမ်းသွားကာ ခေါင်းကို တစ်ဖက်သို့ လွှဲလျက် လှဲလျောင်းလိုက်၏။ ထိုမြင်ကွင်းကို မြင်လျှင် လုချန်းက ခပ်တိုးတိုး ရယ်မောလျက် ကုတင်အနီးသို့ ချဉ်းကပ်သွားကာ ဝင်ထိုင်လိုက်သည်။
သူ၏ ရှေ့မှ အေးစက်လှပသော နတ်မိမယ်ကို သူ သေချာစွာ ကြည့်ရှုလိုက်သည်။ သူမသည် အေးစက်ပြီး ခပ်တန်းတန်း နေတတ်သော အသွင်ရှိကာ ဆီးနှင်းကဲ့သို့ ဖြူဝင်းသော အသားအရေနှင့် ရေခဲပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ချမ်းစိမ့်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
လုချန်း စတင်လှုပ်ရှားတော့မည့် အချိန်တွင် ယွမ်ယုတိက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ကုတင်ပေါ်မှ ချက်ချင်း ထထိုင်လိုက်သည်။
ယွမ်ယုတိ ထထိုင်လိုက်သည်ကို မြင်လျှင် လုချန်း ခဏခန့် မှင်တက်သွားပြီး
“ဆရာက နောင်တရနေတာလား”
ယွမ်ယုတိ၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ ဖော်ပြခြင်းမရှိပဲ ခပ်အေးအေးပင်
“လှဲလိုက်”
အိပ်မက်ကမ္ဘာအတွင်း လုချန်း အသုံးပြုခဲ့သော နည်းလမ်းများကို သူမ သတိရနေ၏။ ထိုစဉ်က လုချန်းသည် ဦးဆောင်သူအဖြစ် နည်းလမ်းအမျိုးမျိုးကို ထပ်တလဲလဲ အသုံးပြုခဲ့ပြီး သူမကို ကစားစရာ သတ္တဝါလေးတစ်ကောင်ကဲ့သို့ ပြုမူခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ လုချန်းကို အသာစည်းယူခွင့် မပေးနိုင်ပေ။
အကယ်၍ လုချန်းသာ ဦးဆောင်ခွင့်ရသွားပါက ထိုနည်းလမ်းများကို ထပ်မံ အသုံးပြုလာမည်မှာ ဧကန်မုချ ဖြစ်၏။
စုံတွဲကျင့်စဉ် ကျင့်ကြံရန် သူမ သဘောတူခဲ့သော်လည်း မည်သူက ဦးဆောင်ရမည်ဟု ပြောဆိုထားခြင်း မရှိချေ။ ယွမ်ယုတိ၏ အတွေးများကို လုချန်း ချက်ချင်းပင် ရိပ်မိလိုက်သော်လည်း သူ နည်းနည်းမှ မတုန်လှုပ်ပေ။
မည်သူက ဦးဆောင်သည်ဖြစ်စေ သူ့အတွက် ထူးခြားမှု မရှိပေ။ အကြောင်းမှာ စတင်လိုက်သည်နှင့် သူမသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းကို မကြာမီပင် ဆုံးရှုံးသွားလိမ့်မည် ဖြစ်သောကြောင့်ပင်။
သူ၏ ဇနီးများထဲမှ အချို့မှာ အတန်ငယ် ခေါင်းမာတတ်ကြပြီး ဦးဆောင်လိုစိတ် ရှိကြသော်လည်း မကြာမီမှာပင် လက်လျှော့သွားတတ်ကြသည်။ နောက်ဆုံးတွင်တော့ သူ့ကိုသာ ဦးဆောင်ခွင့်ပေးလိုက်ရပြီး သူ၏ နည်းလမ်းအသွယ်သွယ်ကို ခံယူကြရစမြဲ ဖြစ်၏။
ထို့နောက် ယွမ်ယုတိ၏ ကုတင်ပေါ်တွင် လုချန်း လှဲလျောင်းလိုက်သည်။ လုချန်း လှဲလိုက်သည်ကို မြင်လျှင် ယွမ်ယုတိ အမှန်တကယ်ပင် မှင်တက်သွားပြီး နောက်ထပ် ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေ၏။
ယွမ်ယုတိ တွန့်ဆုတ်နေသည်ကို လုချန်း မြင်လျှင် ပြုံးလျက်
“ဆရာက အတွေ့အကြုံ မရှိသေးဘူး ထင်တယ်။ ကျုပ်ပဲ ဦးဆောင်ပေးရမလား။”
ယွမ်ယုတိက မျက်နှာသေဖြင့်
“မလိုဘူး”
ထိုသို့ပြောပြီးနောက် ယွမ်ယုတိသည် နတ်စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်ရာ လုချန်း၏ အဝတ်အစားများ ခဏချင်းပင် အမှုန့်အဖြစ် ကြေမွသွားခဲ့၏။
လုချန်း အနည်းငယ် အံ့အားသင့်သွားပြီး
“ဒါကတော့ တော်တော်လေးကို ရိုးရှင်းပြီး ကြမ်းတမ်းတာပဲ။”
ဟုရေရွတ်လိုက်၏။
အဝတ်အစားများ မရှိတော့သော လုချန်းကို ကြည့်ရင်း ယွမ်ယုတိ၏ မျက်ခုံးများ အလိုအလျောက် တွန့်သွားခဲ့ပြီး သူမ၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။ စိတ်ကို တင်းထားသော်လည်း လက်တွေ့ အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင်တော့ တွန့်ဆုတ်မှုအချို့ ရှိနေဆဲ ဖြစ်၏။
အထူးသဖြင့် ဤလူယုတ်မာသည် သူမကို လိုလားနေပြီး မာနထောင်လွှားနေသော အမူအရာကို တွေ့လိုက်ရလျှင် သူမ၏ စိတ်ထဲတွင် နောက်ဆုတ်လိုသော အတွေးများ ပေါ်ပေါက်လာခဲ့သည်။
လုချန်းက
“ဒါဆိုလည်း...”
လုချန်း စကားမဆုံးခင်မှာပင် နတ်စွမ်းအားကို ယွမ်ယုတိ ထပ်မံ အသုံးပြုလိုက်ရာ သူမ၏ ရေခဲပြာရောင် ဝတ်စုံလည်း ပျောက်ကွယ်သွားခဲ့၏။ ယခု နှစ်ဦးစလုံး အဝတ်ဗလာ ဖြစ်သွားကြပြီ ဖြစ်သည်။
ယွမ်ယုတိ စတင် လှုပ်ရှားလာသည်ကို မြင်လျှင် လုချန်းလည်း စကားဆက်မပြောတော့ပဲ လက်နှစ်ဖက်ကို ခေါင်းခုလျက် သူ၏ ရှေ့မှ အလှတရားကို တိတ်ဆိတ်စွာ ကြည့်ရှုနေလိုက်သည်။
သို့သော် ပြဿနာတစ်ခုကို လုချန်း လျင်မြန်စွာ သတိပြုမိသွားသည်။ ယွမ်ယုတိသည် ပြတ်သားစွာ လုပ်ဆောင်နေသော်လည်း သူမ၏ စိတ်ခံစားချက်များ သူ့အပေါ်တွင် စီးမျောပါဝင်လာခြင်း မရှိသေးပေ။
စိတ်ခံစားချက် ပါဝင်မှုမရှိပဲ စုံတွဲကျင့်စဉ်ကို စတင်ခြင်းက သူမအတွက် သက်သောင့်သက်သာ မရှိပဲ ဖြစ်နေစေလိမ့်မည်။ ထို့ကြောင့် သူ၏ ကိုယ်တွင်းမှ နတ်စွမ်းအားများကို လုချန်း နှိုးဆွလိုက်ပြီး သူ့ကိုယ်သူ လွှမ်းခြုံထားစေကာ ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကို ပြေလျော့စေရန် လုပ်ဆောင်လိုက်၏။
--
………….