အခန်း ၁၇၉၁
Vol. 120 Ch. 1791
အခန်း (၁၇၉၁ )
ထိုအတွေးကို စွန့်လွှတ်ပါ
လုချန်းသည် သူ၏ နတ်စွမ်းအားကို တက်ကြွစွာ လှည့်ပတ်ထား၏။ ထို့နောက် သူ့အပေါ်သို့ ယွမ်ယုတိ ကိုင်းညွှတ်လာသည့်အခိုက်တွင် သူမ၏ အေးစက်လှပသော မျက်နှာထက်၌ နာကျင်မှုအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ သို့သော် ထိုနာကျင်မှုမှာ ခဏချင်းပင် ပျောက်ကွယ်သွားခဲ့၏။
ခန္ဓာကိုယ်၏ နာကျင်မှုကို လျော့ပါးစေရန် သူမ၏ ကိုယ်တွင်းရှိ နတ်စွမ်းအားကို ယွမ်ယုတိ ချက်ချင်းပင် လှည့်ပတ်လိုက်သည်။
သူမကို ကျေနပ်သည့်အမူအရာဖြင့် လုချန်း ကြည့်နေသည်ကို မြင်လျှင် သူမ၏ ရင်ထဲ၌ အမည်မသိ ဒေါသတစ်ခု ဝုန်းခနဲ ပေါ်ပေါက်လာခဲ့၏။ သူ့ကို ဘာလုပ်ဆောင်ချက်မှ မရှိပဲ စိုက်ကြည့်နေသော ယွမ်ယုတိကိုမြင်ကာ လုချန်း ရယ်မောလိုက်ပြီး
“ဆရာ... ဒီလိုမျိုးနဲ့တော့ မရဘူးလေ”
ယွမ်ယုတိသည် မည်သည့်တုံ့ပြန်မှုမျှမရှိပဲ တိတ်ဆိတ်နေပြီးမှ အချို့သော လှုပ်ရှားမှုများကို စတင်လုပ်ဆောင်လာခဲ့သည်။
ထိုအချိန်တွင် ယွမ်ယုတိက
“ရှင် နတ်ဘုရား နိုင်ငံတော် တည်ထောင်တာကို ကျွန်မ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ရှင့်ရဲ့ နိုင်ငံက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်မှာတော့ ရှိလို့မရဘူး။”
လျှို့ဝှက်လဝန်းနန်းတော်အောက်ရှိ နယ်မြေများကို သိမ်းပိုက်ထားပြီး ဖြစ်ရာ ထိုအကျိုးအမြတ်များကို လုချန်းက ဝင်ရောက်ရယူခြင်းကို ယွမ်ယုတိ မလိုလားပေ။ အကယ်၍ နတ်ဘုရား နိုင်ငံတော် တည်ထောင်လိုပါက နယ်မြေအသစ်များကို လုချန်း ကိုယ်တိုင် ရှာဖွေရမည် ဖြစ်၏။
အရိုင်းနယ်မြေသည် ကျယ်ပြောလှသလို ထိပ်တန်းအင်အားစုများလည်း များစွာမရှိရာ လုချန်း စိတ်ကြိုက် လုပ်ဆောင်နိုင်သည်။
လှုပ်ရှားနေရင်းဖြင့်ပင် သူနှင့် အကျိုးစီးပွားကိစ္စများကို ပြောဆိုနေသော ယွမ်ယုတိကို ကြည့်ကာ လုချန်း ခပ်တိုးတိုး ရယ်မောလိုက်၏။ ယွမ်ယုတိသည် သူ့အပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသေးကြောင်း သူ သတိပြုမိလိုက်သည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိ၏ ခန္ဓာကိုယ်အတွင်းသို့ နတ်စွမ်းအား အစအနတစ်ခုဖြင့် လုချန်း စမ်းသပ်ကြည့်လိုက်ရာ အခြေအနေကို ချက်ချင်းပင် နားလည်သွားခဲ့၏။ ယွမ်ယုတိသည် သူ့ကို တာဝန်တစ်ခုကဲ့သို့ ဆောင်ရွက်ပေးနေသော်လည်း သူမ၏ အာရုံများကိုတော့ နတ်စွမ်းအားဖြင့် ချိပ်ပိတ်ထားခြင်းဖြစ်၏။
ယခု သူမ မည်သို့မှ ခံစားရမည် မဟုတ်ပေ။
ဒါကတော့ တော်တော်လေးကို မတရားတာပဲ။
ယွမ်ယုတိ၏ လှည့်ကွက်ကလေးကို လုချန်း ဖွင့်မပြောတော့ပဲ ခပ်အေးအေးပင်
“အင်း... ကောင်းပြီလေ။ လုကျန့်ကျီတို့လူစုကို သတိထားဖို့ ကျုပ် ပြောလိုက်ပါ့မယ်။”
နတ်ဘုရား နိုင်ငံတော် မတည်ထောင်တော့ဟု လုချန်း မပြောခဲ့ပေ။ သူကိုယ်တိုင်လည်း တည်ထောင်သင့်လား မတည်ထောင်သင့်လား မဆုံးဖြတ်ရသေးသောကြောင့် ဖြစ်၏။
ယွမ်ယုတိက ဆက်လက်၍
“ရှင်က ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ကျင့်ကြံထားတာလား။”
ပြီးခဲ့သည့်အကြိမ်က လုချန်း၏ သိစိတ်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ မရှိပဲ ပိုမြင့်မားသော အာကာသ နယ်ပယ်တစ်ခုတွင် လှည့်လည်နေသည်ကို သူမ ခံစားမိခဲ့ကတည်းက ဤမေးခွန်းကို မေးမြန်းလိုနေခြင်း ဖြစ်သည်။
လုချန်း၏ နတ်ဝိညာဉ်သည် လွတ်မြောက်နေသော အခြေအနေတွင် ရှိနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကတော့ ထိန်းချုပ်ခံထားရသော ရုပ်သေးရုပ်ကဲ့သို့ ဖြစ်နေရာ သူ၏ နတ်ဝိညာဉ် မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကို ယွမ်ယုတိ အလွန်ပင် စိတ်ဝင်စားနေခဲ့၏။
လုချန်းက
“မကျင့်ပါဘူး။ ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သူတော်စင်မမှ မဟုတ်တာ။ ဒီလိုမျိုး နတ်နိယာမကို ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ။”
လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ယုတိက ချက်ချင်းပင်
“ဒီကျင့်စဉ်ကို သူတော်စင်မပဲ ကျင့်နိုင်တယ်ဆိုတာ ရှင် ဘယ်လိုသိတာလဲ။ ချင်းရှုက ရှင့်ကို ပြောပြတာလား။”
လုချန်းက
“အဲ့ဒီလိုပဲ ဆိုပါတော့”
“ဒါ့အပြင် ကျုပ်မှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သူတော်စင်မ ဖြစ်လာဖို့ အရည်အချင်းမှ မရှိတာ။ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ကျုပ်ကို ပေးရင်တောင် ကျင့်ကြံဖြစ်မှာ မဟုတ်ပါဘူး.....”
ထိုသို့ပြောရင်း လုချန်း လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ ယွမ်ယုတိသည် သူမ၏ အာရုံများကို ချိပ်ပိတ်ထားသဖြင့် ဘာမှ မခံစားရသော်လည်း လုချန်းကတော့ ဤအခိုက်အတန့်တွင် အလွန်ပင် စိတ်ကျေနပ်မှု ရရှိနေ၏။
ယွမ်ယုတိ၏ အပြင်ပန်းမှာ အေးစက်နေပြီး သူမ၏ ကိုယ်မှ အအေးဓာတ်များ ထွက်ပေါ်နေသော်လည်း သူမ၏ အတွင်းစိတ်ကတော့ လုံးဝကို ကွဲပြားနေလိမ့်မည်ဟု လုချန်း မမျှော်လင့်ထားခဲ့ပေ။
လုချန်း ဤမျှ သက်သောင့်သက်သာ ရှိနေသည်ကို မြင်လျှင် ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ်တွန့် သွားခဲ့၏။ ဤအခြေအနေက သူမကိုယ်သူမ သခင်ကို ပြုစုနေရသော အစေခံမိန်းကလေးတစ်ဦးအလား ထင်ယောင်ထင်မှား ဖြစ်သွားစေသည်။
ထိုအတွေးကို ယွမ်ယုတိ ချက်ချင်းပင် မောင်းထုတ်လိုက်၏။ သူမ အသာစည်း ရယူရမည် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ် အိပ်မက်ကမ္ဘာအတွင်း လုချန်း အသုံးပြုခဲ့သော နည်းလမ်းများကို သူမ သတိရနေသဖြင့် လုချန်းက သူမကို အနိုင်ကျင့် ဦးဆောင်သွားမည်ကို သူမ လက်မခံနိုင်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းက
“ဆရာ။ တကယ်လို့ ဆရာ့မှာ ကျုပ်ရဲ့ ရင်သွေးလေး ရလာခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖူးလား။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ ခဏခန့် မှင်တက်သွားသော်လည်း မကြာမီပင် ပြန်လည်တည်ငြိမ်သွားကာ ခပ်အေးအေးပင်
“မဖြစ်နိုင်ဘူး”
ကိစ္စများ ပြီးဆုံးသွားပါက မရှိသင့်မရှိထိုက်သော အရာမှန်သမျှကို ဖယ်ရှားရန် သူမ၏ စွမ်းအားကို ဧကန်မုချ လှည့်ပတ်လိုက်မည် ဖြစ်၏။ သို့သော်လည်း လုချန်းက ဤမေးခွန်းကို မေးမြန်းလာသဖြင့် သူ့တွင် ထိုသို့သော အတွေးမျိုး ရှိနေရမည် ဖြစ်သည်။
ယွမ်ယုတိက လုချန်း၏ နက်ရှိုင်းသော မျက်လုံးများကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး
“ရှင့် အဲဒီအတွေးကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်”
ဟု သတိပေးလိုက်သည်။
လုချန်း၏ အကြံအစည်လေးများကို သူမ ဘယ်လိုလုပ် နားမလည်ပဲ နေမည်နည်း။
ထိုလူယုတ်မာသည် သူမကို ယွမ်ချင်းရှုကဲ့သို့ ဖြစ်စေလိုခြင်း ဖြစ်၏။ ကလေးကို အသုံးပြု၍ သူမအား နောက်နောင်တွင်လည်း သူနှင့်အတူ ထိုသို့သော ကိစ္စများကို ဆက်လက်လုပ်ဆောင်ရန် ခြိမ်းခြောက်လိုခြင်းသာ ဖြစ်သည်။ သူ၏ အကြံအစည်က ကောင်းမွန်သော်လည်း သူမကတော့ အဖြစ်ခံမည် မဟုတ်ပေ။
လုချန်းက ပြုံးလျက်
“အကယ်၍ ရလာခဲ့ရင်ကော”
ယွမ်ယုတိက ခပ်အေးအေးပင်
“အကယ်၍ဆိုတာ မရှိဘူး”
အေးစက်လှပသော နတ်မိမယ်၏ ပြတ်သားသော အမူအရာကို မြင်လျှင် လုချန်း၏ အောင်နိုင်လိုစိတ်များ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။ သူမကို ဧကန်မုချ အမိအရ ဖမ်းဆုပ်ရပေမည်။
ယွမ်ယုတိက ဆက်လက်၍
“ဒါ့အပြင် ရှင်က အခု လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေပေမဲ့လည်း ချူယောင်နဲ့ နီးစပ်ဖို့တော့ စိတ်မကူးနဲ့။ ရှင် သူနဲ့ အတူရှိတာကို ကျွန်မ သဘောမတူဘူး။”
လုချန်းက ဂရုမစိုက်ပုံဖြင့်
“စီနီယာအစ်မနဲ့ ကျုပ်နဲ့က တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်ရှိကြတာလေ။ ဆရာကိုယ်တိုင်က ကျုပ်နဲ့ အခုလိုတွေ ဖြစ်နေပြီးတော့ စီနီယာအစ်မနဲ့ကျမှ ကန့်ကွက်နေတာက နည်းနည်းတော့ ကျိုးကြောင်းမဆီလျော်ဘူး မဟုတ်လား။”
“တကယ်လို့ ကျုပ်နဲ့ ဆရာနဲ့က အတူရှိနေပြီဆိုတာကို စီနီယာအစ်မ သိသွားပြီးတော့မှ ဆရာက ဆက်ပြီး ကန့်ကွက်နေဦးမယ်ဆိုရင် ဆရာက ကျုပ်ကိုတစ်ယောက်တည်း သိမ်းပိုက်ထားချင်ပြီး သဝန်တိုနေတယ်လို့ သူ မထင်သွားနိုင်ဘူးလား။”
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ တိတ်ဆိတ်သွားခဲ့၏။ အကယ်၍ ယဲ့ချူယောင်သာ သူမနှင့် လုချန်း၏ကြားမှ ဖြစ်ပျက်သမျှကို သိသွားခဲ့လျှင် တကယ်ပင် ထိုသို့ ထင်မြင်သွားနိုင်သည်။
သို့သော်ငြားလည်း သူမ၏ တပည့်ရင်း လုချန်း၏ လက်ထဲသို့ ကျရောက်သွားသည်ကို သူမ ကြည့်မနေနိုင်ပေ။
ယွမ်ယုတိက ချက်ချင်းပင်
“သူ ဘယ်လိုထင်ထင် ကျွန်မ ဂရုမစိုက်ဘူး”
လုချန်းက ပြုံးလျက်
“ကျုပ်က သူ ကျုပ်ရဲ့ အမျိုးသမီး ဖြစ်အောင် လုပ်မယ်လို့ ပြောရင်ကော။”
ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ်တွန့် သွား၏။ သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားကာ သူမ၏ ကိုယ်မှ အအေးဓာတ်များ ပေါက်ကွဲထွက်လာခဲ့၏။ ယွမ်ယုတိ ဒေါသထွက်နေသည်ကို မြင်သော်လည်း လုချန်းက မည်သို့မှ မတုန်လှုပ်ပဲ ဆက်လက်၍
“ဘာပဲဖြစ်ဖြစ်...ကျုပ်နဲ့ စုံတွဲကျင့်စဉ် ကျင့်ကြံထားတဲ့ အမျိုးသမီးမှန်သမျှကို ကျုပ်က တာဝန်ယူမှာပဲ သူတို့တွေက ထာဝရ ကျုပ်ရဲ့ အမျိုးသမီးတွေပဲ ဖြစ်ရမယ်။”
လုချန်း၏ အာဏာသံပါသော စကားများကို ကြားလျှင် ယွမ်ယုတိ၏ ကိုယ်မှ ထွက်ပေါ်နေသော အအေးဓာတ်များ ပိုမိုများပြားလာခဲ့သည်။ လုချန်း၏ စကားထဲမှ အခြားသော အဓိပ္ပာယ်တစ်ခုကိုလည်း သူမ ရိပ်မိလိုက်၏။
ယခု သူမသည် သူနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေပြီ ဖြစ်ရာ သူမသည်လည်း တစ်သက်လုံး သူ၏ ကစားစရာ အမျိုးသမီးအဖြစ် နေထိုင်သွားရမည်ဟု ဆိုလိုခြင်းလား။
သူ့ရဲ့ အိပ်မက်က တော်တော်လှတာပဲ။
ဒေါသထွက်နေသော်လည်း စွဲဆောင်မှုရှိသော ယွမ်ယုတိ၏ အသွင်အပြင်က အလွန်ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု လုချန်း ယူဆလိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“ဆရာ ခဏ လှဲလိုက်ပါဦး...ဆရာ့ကို မပြောရသေးတဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ကျုပ် သတိရလာလို့။”
ယွမ်ယုတိက ခပ်အေးအေးပင်
“ဘာကိစ္စလဲ”
လုချန်းက
“အရင် လှဲလိုက်ပါဦး။ အခြားလူတွေ ကြားသွားမှာ စိုးလို့ ဆရာရဲ့ နားနားမှာပဲ ကပ်ပြောမယ်။”
ယွမ်ယုတိက လုချန်းကို သံသယဖြင့် ကြည့်လိုက်သည်။ သူမ၏ အိပ်ဆောင်တွင် အသံလုံ နည်းဗျူဟာ ပုံစံ ရှိထားပြီး ဖြစ်ရာ အတွင်းမှ အသံများ အပြင်သို့ မထွက်နိုင်ပေ။
ထို့ပြင် အသံလွှင့်ခြင်းကို တိုက်ရိုက် အသုံးပြုနိုင်ပါလျက်နှင့် အဘယ်ကြောင့် တိုးတိုးလေး ပြောလိုရသနည်း။
သူ့၌ မကောင်းသော ရည်ရွယ်ချက် ရှိနေတာ ထင်ရှားလှ၏။ သို့သော်ငြားလည်း လုချန်း ဘာလုပ်မည်ကို သိလိုသဖြင့် ယွမ်ယုတိ ကိုင်းညွှတ်လိုက်သည်။
သူမ ကိုင်းညွှတ်လိုက်သည်နှင့် လုချန်းက သူမ၏ လည်တိုင်ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ကာ သူမ၏ နှုတ်ခမ်းများကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
“အင်း”
ယွမ်ယုတိ၏ ပတ်ဝန်းကျင်ရှိ အအေးဓာတ်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သော်လည်း လုချန်းကို အန္တရာယ်မပြုရန် သူမ ကတိပြုထားခဲ့သည်ကို သတိရသွားသဖြင့် သူ့ကို ရိုက်နှက်လိုသော စိတ်ဆန္ဒကို အတင်းအကျပ် ဖိနှိပ်လိုက်ရ၏။
ဒီလူယုတ်မာမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ တကယ် ရှိတာပဲ။
ပြန်လည်တည်ငြိမ်သွားပြီးနောက် ယွမ်ယုတိလည်း သိပ်ပြီး ဂရုမစိုက်တော့ပေ။ ၎င်းသည် နမ်းရှုံ့ခြင်းတစ်ခုသာ ဖြစ်ပြီး အရေးကြီးသော ကိစ္စမဟုတ်ပေ။
အထူးသဖြင့် သူတို့နှစ်ဦးသည် အနီးကပ်ဆုံး ထိတွေ့မှုမျိုး ရှိထားပြီး ဖြစ်နေခြင်း ကြောင့်ဖြစ်၏။
--
…………