အခန်း ၁၇၉၃
Vol. 120 Ch. 1793
အခန်း (၁၇၉၃)
နတ်သခင်အဆင့်ကို မတက်လှမ်းချင်ဘူးလား
အေးစိမ့်လှသော ရေခဲနန်းဆောင်အတွင်း၌။
လူရိပ်နှစ်ခုသည် တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ ပွေ့ဖက်ထားကြ၏။ ပတ်ဝန်းကျင်မှ အအေးဒဏ်ကို သူတို့နှစ်ဦး အမှုထားပုံမရပေ။
ထိုအခိုက်အတန့်တွင် အိပ်မက်ထဲမှ ယွမ်ယုတိ ရုတ်တရက် နိုးလာ၏။ သူမကို နာကျင်အောင် လုချန်း ဆက်လက်ပြုမူနေဆဲဖြစ်သည်ကို မြင်လျှင် သူမ ရုတ်ချည်းပင် ဒေါသအဟုန် ပြင်းထန်သွားသည်။
ယွမ်ယုတိက
“ဒီလူယုတ်မာ...”
‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို သူမ ရပ်တန့်လိုက်သည်နှင့် ထိုဝေဝါးလှသော အခြေအနေမှ လုချန်း၏ အသိစိတ်လည်း လျင်မြန်စွာ ပြန်လည်နိုးထလာရ၏။
သူ၏ ကိုယ်အပေါ်ပိုင်းကို လုချန်း ကြွလိုက်ပြီးနောက် စူးစိုက်ကြည့်နေသည့် အေးစက်သောနတ်သမီး၏ မျက်ဝန်းအစုံကို လှမ်းကြည့်လိုက်၏။ ဖြူဝင်းလှသော သူမ၏ ပါးပြင်ထက်တွင်တော့ ရှက်ရွံ့ခြင်းနှင့် ဒေါသတို့ ရောယှက်ကာ နီမြန်းလျက်ရှိသည်။
ထိုအခါ သိမ်းပိုက်လိုသည့် စိတ်ဆန္ဒတို့လည်း လုချန်း၏ ရင်ထဲတွင် တစ်ဖန်ပြန်၍ တိုးဝှေ့လာပြန်၏။
လုချန်းက ယွမ်ယုတိကို
“ဆရာရဲ့ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ က ဒီလောက်ထိ ထိရောက်လိမ့်မယ်လို့ ကျုပ်မထင်ထားဘူး။”
‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ၏ စစ်မှန်သော ရည်ရွယ်ချက်ကို လုချန်းရော ယွမ်ယုတိပါ တကယ် နားမလည်ကြပေ။ သို့သော် ယွမ်ယုတိက ထိုကျင့်စဉ်ကို လှည့်ပတ်လိုက်သည်နှင့် သူတို့၏ အသိစိတ်များသည် အိပ်မက်မက်နေသကဲ့သို့ လွင့်မျောသွားပြီး အသိစိတ်အချင်းချင်း တိုက်ရိုက်ထိတွေ့မှုက ခံစားချက်အားလုံးကို ပိုမိုပြင်းထန်လာစေ၏။
ထိုသာယာကြည်နူးဖွယ် ခံစားချက်ကြောင့်ပင် သူတို့နှစ်ဦးသည် အိပ်မက်ထဲတွင် ပို၍နစ်မြောသွားကာ ထိုအခြေအနေမှ မရုန်းထွက်နိုင် ဖြစ်နေကြတော့သည်။
ခန္ဓာကိုယ်၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန် ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ ကို လုချန်းက ကျင့်ကြံသကဲ့သို့ နတ်အာရုံစွမ်းအား မြင့်မားလာစေရန် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ယွမ်ယုတိက လှည့်ပတ်၏။ ထို နတ်နိယာမ နှစ်ခုစလုံးသည် များစွာ အရေးပါလှသည်။
ဤအရာကြောင့်ပင် ယွမ်ယုတိ၏ နတ်အာရုံနှင့် ခန္ဓာကိုယ်စွမ်းအား သိသိသာသာ တိုးတက်လာပြီး နတ်သခင်အဆင့်သို့ တက်လှမ်းရန် ပိုနီးစပ်လာခဲ့သည်။
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိလည်း သူဆိုလိုသည်ကို နားလည်သွား၏။ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ က ထိုခံစားချက်ကို ပိုအားကောင်းစေ၏။ ဘယ်လောက်အထိတောင် သာယာကောင်းမွန်ကြောင်းကိုတော့ လုချန်း တစ်ယောက်သာ သိပေလိမ့်မည်။
လုချန်း၏ နှိပ်စက်မှုကို ခံနေရသည်ဟု တွေးမိတိုင်း ယွမ်ယုတိ၏ ရင်ထဲ အလွန် ဒေါသထွက်မိ၏။ သူမသည် နတ်ဘုရင်တစ်ပါး ဖြစ်သော်လည်း ယခုတော့ ဤလူယုတ်မာ၏ ကစားစရာ ဖြစ်နေရပေပြီ။
သို့သော် အမှန်အတိုင်းဆိုရလျှင် သူမ နတ်သခင်နယ်ပယ်သို့ တက်လှမ်းရန် နီးစပ်လာနေကြောင်း ယွမ်ယုတိ ခံစားနေရ၏။ ဤအတိုင်းသာ ဆက်လက်ကျင့်ကြံပါက နှစ်တစ်ရာမပြည့်မီမှာပင် သူမ နတ်သခင်တစ်ပါး ဖြစ်လာနိုင်သည်။
နတ်ဘုရင်တစ်ပါးအတွက် နှစ်တစ်ရာဆိုသည်မှာ အလွန်တိုတောင်းလှ၏။ နတ်ဘုရင်အများစုသည် နတ်သခင်အဆင့်သို့ တက်လှမ်းရန်အတွက် နှစ်သန်းပေါင်း၊ ကုဋေပေါင်းများစွာအထိ တံခါးပိတ်ကျင့်စဉ် စခန်းဝင်လေ့ရှိကြသည်။ သူတို့အတွက် နှစ်တစ်ရာဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည့် အချိန်ကာလ တစ်ခုမျှသာ ဖြစ်သည်။
သို့သော် ထိုအရာက သာမန်ကျင့်ကြံမှု အခြေအနေတွင်သာ ဖြစ်၏။ ယခုကဲ့သို့ လုချန်းနှင့်အတူ နှစ်တစ်ရာပတ်လုံး နေထိုင်ရခြင်းက ယွမ်ယုတိအတွက်တော့ အလွန်အရှက်ရစရာပင် ဖြစ်သည်။
လုချန်း၏ စော်ကားမှုကို ဤအတိုင်းသာ ဆက်လက်ခံနေရမည်ဆိုပါက နတ်ဘုရင်တစ်ပါးအနေနှင့် သူမတွင် သိက္ခာဟူ၍ မည်သို့ကျန်ရှိပါဦးမည်နည်း။
သူကို လူသတ်လိုသော အငွေ့အသက်များဖြင့် စိုက်ကြည့်ကာ တိတ်ဆိတ်နေသည့် အေးစက်သောနတ်သမီးကို လုချန်း လှမ်းကြည့်လိုက်၏။
လုချန်းက
“ဆရာရဲ့ ကျင့်စဉ်အဆင့် တိုးတက်အောင် ကျုပ်က ကူညီပေးတာလေ။ ဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ။”
“ဆရာက နတ်သခင်အဆင့်ကို မတက်လှမ်းချင်ဘူးလား။”
ယွမ်ယုတိကတော့ ဇဝေဇဝါဖြစ်စွာ ဆက်လက်၍ တိတ်ဆိတ်နေမြဲဖြစ်၏။ ဤအတိုင်းသာ ဆက်လက်နစ်မျောနေပါက နှစ်တစ်ရာမပြည့်မီမှာပင် နတ်သခင်အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း သူမ ကြိုတင်ခံစားနေရသည်။
နတ်သခင်ဖြစ်လာဖို့ဆိုသည်မှာ သူမအပါအဝင် နတ်ဘုရင်တိုင်း၏ ဆန္ဒပင်ဖြစ်၏။ သူမသည် နတ်ဘုရင်အဆင့်တွင် နှစ်ကုဋေပေါင်းများစွာ ကြာအောင် ပိတ်မိနေခဲ့သည် မဟုတ်ပါလား။
သို့သော် လုချန်း ပျော်မြူးနေသည်ကို တွေးမိသောအခါ ယွမ်ယုတိ၏ ရင်ထဲ အလွန်ပင် မကျေမနပ် ဖြစ်ရပြန်၏။
ထိုအခိုက်အတန့်တွင် လုချန်းက သူမ၏ ခါးကို ရုတ်တရက် ဖက်လိုက်ပြီးနောက် သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
လုချန်းက
“ဆရာ ထွက်သွားချင်တယ်ဆိုရင် ကျုပ်မတားပါဘူး။”
ဤစကားကြောင့် ယွမ်ယုတိ ခဏခန့် မှင်တက်သွားရသည်။
နှစ်ပေါင်းများစွာ သူမကို နှိပ်စက်ခဲ့သည့် လုချန်းက ယနေ့တွင် သူမကို တကယ် လွှတ်ပေးမယ်တဲ့လား။
ဤအရာက အမှန်ပဲလား။
ထိုလူယုတ်မာက တစ်ခုခု ကြံစည်နေပြန်ပြီလား။
သို့သော် လုချန်းကို ကြည့်ရသည်မှာ တစ်ခုခု ကြံစည်ထားပုံမရပဲ တကယ် လွှတ်ပေးရန် ပြင်ဆင်ထားပုံပေါ်၏။ ယခု သူမ အချိန်မရွေး ထရပ်ကာ ထွက်သွားနိုင်ပြီဖြစ်၏။
သို့သော် ယွမ်ယုတိ တွန့်ဆုတ်နေမိ၏။ မြင့်မားသော အဆင့်အတန်းသို့ မတက်လှမ်းလိုသည့် နတ်ဟူ၍ မရှိပေ။ အထူးသဖြင့် နတ်သခင်အဆင့်သို့ ဖြစ်သည်။
ထျန်းရန်နတ်ဘုရားနယ်မြေတွင် နတ်ဘုရင် အမြောက်အမြား ရှိသော်လည်း နတ်သခင်ကတော့ အနည်းငယ်မျှသာ ရှိသည်။ နတ်ဘုရင် အမြောက်အမြားသည် နတ်သခင်ဖြစ်လာမည့် အခွင့်အရေးအတွက် အပြင်းအထန် တိုက်ခိုက်နေကြရသည် မဟုတ်ပါလား။
ယခုတော့ လုချန်းသည် သူမအတွက် အခွင့်အရေးတစ်ခု ဖြစ်နေပေပြီ။ ဤကဲ့သို့သော အဆင့်တက်မည့် အခွင့်အရေးကို သူမ စွန့်လွှတ်သင့်ပါသလား။
စကားလည်းမပြော ထွက်လည်းမသွားသည့် ယွမ်ယုတိကို ကြည့်ကာ သူမ ဘာတွေးနေသည်ကို လုချန်း ခန့်မှန်းမိ၏။ ဤအခွင့်အရေးကို လက်လွတ်မခံချင်ကြောင်း ယွမ်ယုတိ ထင်ထင်ရှားရှား ပြသနေသည်။
အကယ်၍ ဤအခွင့်အရေးကို လက်လွတ်လိုက်ပါက နတ်သခင်အဆင့်သို့ တက်လှမ်းရန် မည်မျှအထိ ထပ်စောင့်ရမည်ကို သူမ မသိနိုင်ပေ။
လုချန်းက ယွမ်ယုတိကို
“ဆရာအနေနဲ့ နတ်သခင်ဖြစ်မယ့် အခွင့်အရေးကို လက်မလွှတ်ချင်ဘူးဆိုရင် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ဆက်လုပ်ပါ။”
‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ က သူ၏ နတ်အာရုံကို ပိုအားကောင်းစေကြောင်း လုချန်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်၏။ ယခု ပို၍များပြားသော အဆင့် နယ်ပယ်တူ ကိုယ်ပွားများကို သူ ထိန်းချုပ်နိုင်လာပြီဖြစ်သည်။
ဤအရာက သူ့အတွက် သတင်းကောင်းတစ်ခု ဖြစ်သည်။
နောင်တစ်ချိန်တွင် သူ နတ်သခင်အဆင့်သို့ တက်လှမ်းခဲ့ပါက နတ်သခင်ကိုယ်ထည် အမြောက်အမြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်လိမ့်မည်။ ထိုအခါ ထျန်းရန်နတ်ဘုရားနယ်မြေရှိ မည်သည့်နတ်သခင်မှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
နတ်ဧကရာဇ် တစ်ပါး မဖြစ်လာခဲ့လျှင်ပင် မည်သူကမှ သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် နတ်အာရုံစွမ်းအားကို မြှင့်တင်ရန်က အလွန်ပင် အရေးကြီးလှ၏။ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ က နတ်အာရုံကို မြှင့်တင်ပေးနိုင်သဖြင့် ဤနည်းလမ်းအတိုင်း သူတို့ ဆက်လက်ကျင့်ကြံရလိမ့်မည်။
ထို့ပြင် အသိစိတ်အချင်းချင်း တိုက်ရိုက်ထိတွေ့မှုကလည်း ဖော်ပြ၍မရနိုင်လောက်အောင်ပင် ထူးခြားလှသည်။
စကားဆုံးသွားပြီး လုချန်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ယွမ်ယုတိလည်း ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကိုသာ ရွေးချယ်လိုက်ရတော့၏။
‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ယွမ်ယုတိ လှည့်ပတ်လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ် ပျော့ပြောင်းသွားပြီး လုချန်း၏ ရင်ခွင်ထဲသို့ မှီတွယ်သွား၏။ သူတို့၏ အသိစိတ်များမှာလည်း တစ်ဖန်ပြန်၍ တိုက်ရိုက်ထိတွေ့သွားကြပြန်၏။
ဤကဲ့သို့သော ကိစ္စများတွင် နစ်မျောနေရသည်ကို တွေးမိသောအခါ ယွမ်ယုတိ အလွန်ပင် အရှက်ရမိသော်လည်း နတ်သခင်ဖြစ်လာဖို့အတွက်တော့ ထိုအရှက်တရားက ပြောပလောက်စရာ မဟုတ်တော့ပေ။
ထိုသို့ဖြင့် နေ့ရက်များ ကုန်လွန်လာခဲ့တော့သည်။
လုချန်းနှင့် ယွမ်ယုတိတို့သည် အိပ်ဆောင်အတွင်း၌သာ ရှိနေကြသော်လည်း လက်ရှိ လျှို့ဝှက်လဝန်းနန်းတော်ကတော့ တဖြည်းဖြည်းနှင့် လည်ပတ်မှု မှန်ကန်လာနေပြီ ဖြစ်၏။
နတ်ဘုရင် လင်ရင်၏ ကြီးကြပ်မှုအောက်တွင် လျှို့ဝှက်လဝန်းနန်းတော်တွင် အပြင်စည်း ဂိုဏ်းအကြီးအကဲ အမြောက်အမြားကို ခန့်အပ်ထားရာ ယွမ်ယုတိ မရှိသော်လည်း လုပ်ငန်းဆောင်တာများ ချောမွေ့စွာ လည်ပတ်လျက် ရှိသည်။
……
ထိုအတောအတွင်း။
စံအိမ်တစ်ခု၏ အတွင်း၌...
စိမ်းလန်းသော အပင်မျိုးစုံ၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် စံအိမ်အလယ်ရှိ ကျောက်သားစင်မြင့်ထက်တွင် ယဲ့ချူယောင် ထိုင်နေ၏။
ယခု သူမ မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် မျက်ဝန်းအစုံတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း သူမ၏ စိတ်ကို ငြိမ်သက်အောင်ထားကာ ကျင့်ကြံ၍ မရနိုင်သေးပေ။
ကျင့်စဉ်ကို ကျင့်ကြံသည့် အချိန်တိုင်းတွင် လုချန်းနှင့် အတူရှိခဲ့သည့် မှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာတတ်၏။ သူမ အပေါ် လုချန်း ပြုမူခဲ့သည့် အရာများကို တွေးမိသောအခါ သူမ၏ နတ်စွမ်းအားများသည် ကိုယ်တွင်း၌ လှုပ်ခတ်လာတတ်သည်။
လုချန်းအပေါ်တွင် သံယောဇဉ်များ တွယ်ညိနေပြီဖြစ်ကြောင်း ယဲ့ချူယောင် သိသော်လည်း ဝူကျန်းဝမ်တစ်ယောက် လုချန်း၏ လက်ထဲသို့ ကျရောက်သွားသည်ကို တွေးမိသောအခါ သူမ၏ စိတ်နှလုံးထဲ များစွာ ရှုပ်ထွေးရပြန်သည်။
သူမကိုယ်သူမ ဆုံးရှုံးခဲ့ရခြင်းအတွက် လုချန်းကို အပြည့်အဝ အပြစ်တင်၍ မရနိုင်ကြောင်း သူမ ကောင်းစွာ နားလည်ထား၏။ အထူးသဖြင့် သူမသည် သူ့ကို လုချန်းအဖြစ် အမြဲတစေ မှတ်ယူထားခဲ့ရာ ယခုတော့ သူ၏ သရုပ်မှန်ကို အတည်ပြုလိုက်ရခြင်းမျှသာ ဖြစ်သည်။
သို့သော် လုချန်းက သူမကို လိမ်ညာခဲ့သည်ဟု တွေးမိသောအခါ သူမ အလွန် နာကျင်ရသည်။
ယဲ့ချူယောင်သည် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ရာ ခန္ဓာကိုယ်မှ နတ်စွမ်းအားများမှာ အဆက်မပြတ် ထွက်ပေါ်လာ၏။
သူမ အံကြိတ်ကာ
“ဒီလူယုတ်မာ...”
ဟုရေရွတ်မိလိုက်၏။
လျှို့ဝှက်လဝန်းနန်းတော် အရိုင်းနယ်မြေသို့ ပြောင်းရွှေ့ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ ယဲ့ချူယောင်သည် စံအိမ်အတွင်း၌သာ တံခါးပိတ်ကျင့်ကြံနေခဲ့သော်လည်း လုချန်းကတော့ သူမကို တစ်ခေါက်မှပင် လာမတွေ့ခဲ့ပေ။
သူမကို နှစ်သက်သည်ဟု သူ ပြောခဲ့ဖူးသော်လည်း သူ၏ နှစ်သက်မှု ဆိုတာက ယခုလို အခြေအနေလား။
--
………..