အခန်း ၁၇၉၅
Vol. 120 Ch. 1795
အခန်း (၁၇၉၅)
ယွမ်ယုတိ အဆင့်တက်ခြင်း
ကောက်ရှီယွမ်၏ စကားကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် တွန့်ဆုတ်နေမိသော်လည်း နောက်ဆုံးတွင်တော့ သူမရှေ့ရှိ ဂူဆီသို့ လျှောက်လှမ်းသွား၏။
ဂူအတွင်းသို့ ဝင်လိုက်သည်နှင့် ကျောက်သားစင်မြင့်ထက်တွင် ထိုင်နေသည့် လုချန်းကို သူမ မြင်လိုက်ရ၏။ သူ၏ မျက်ဝန်းများမှာ နီမြန်းနေပြီး ပြင်းပြသော ရမ္မက်ဆန္ဒတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
ထိုမြင်ကွင်းကြောင့် ယဲ့ချူယောင် ခဏခန့် မှင်တက်သွား၏။
စကားပြောရန် ယဲ့ချူယောင် ပြင်လိုက်စဉ်မှာပင် လုချန်းက သူမအနားသို့ ရုတ်တရက် ချဉ်းကပ်လာပြီးနောက် သူမကို လဲကျအောင် ပြုလုပ်လိုက်သည်။
ယဲ့ချူယောင်၏ ဦးနှောက် လုံးဝ ရပ်တန့်သွားကာ သူမ၏ မျက်နှာထက်တွင်လည်း ရှက်ရွံ့ခြင်းနှင့် ဒေါသတို့ ချက်ချင်းပင် ပေါ်ပေါက်လာ၏။
ယဲ့ချူယောင်က လုချန်းကို
“ရှင်... ရှင် ဘာလုပ်... အွန်း... အွန်း”
စကားမဆုံးမီမှာပင် လုချန်းက သူမ၏ နှုတ်ခမ်းကို ပိတ်ဆို့လိုက်ပေပြီ။ လုချန်းနှင့် ယွမ်ယုတိတို့၏ အသိစိတ်သည် တစ်ထပ်တည်း ကျနေသည့် အခြေအနေဖြစ်နေရာ သူ၏ နတ်အာရုံ အစိတ်အပိုင်းတစ်ခု ဤခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသဖြင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
လုချန်းကို လာရှာချိန်တွင် သူက စကားတစ်ခွန်းမှပင် မပြောပဲ ဤကဲ့သို့ ရုတ်တရက် ပြုမူလာလိမ့်မည်ဟု ယဲ့ချူယောင် မမျှော်လင့်ထားခဲ့ပေ။
ဤလူယုတ်မာက... သူမကို ဘာမှတ်နေတာလဲ။
လုချန်းကို တွန်းဖယ်ရန် ယဲ့ချူယောင် ပြင်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ လှုပ်ခတ်လာသဖြင့် သူမ တွန့်ဆုတ်သွား၏။
လုချန်းကို တွန်းဖယ်လိုက်လျှင်ပင် သူတို့အချင်းချင်း ဘာစကားများ ပြောကြရမည်နည်း။
ဘာပြောသင့်သနည်း။
လုချန်းနှင့် စကားပြောရန် လာခဲ့ခြင်း ဖြစ်သော်လည်း ဘာပြောရမည်မှန်း သူမ မသိပေ။ လုချန်းကို တွန်းဖယ်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေမည့်အစား သူမ ပြောလိုသည်များကို အပြုအမူအဖြစ်သာ ပြောင်းလဲလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ဘယ်လိုပဲဖြစ်ဖြစ် ဤလူယုတ်မာ၏ စားသုံးခြင်းကို သူမ ခံခဲ့ရပြီးဖြစ်ရာ သူမအပေါ် သူ အမှားလုပ်သည်မှာလည်း အထူးအဆန်း မဟုတ်တော့ပေ။
ထိုသို့တွေးတောရင်း သူမ၏ သွယ်လျသော လက်အစုံကို ယဲ့ချူယောင် မြှောက်လိုက်ကာ လုချန်း၏ လည်ပင်းကို ပြန်လည်ဖက်တွယ်လိုက်ပြီးနောက် သူ၏ အနမ်းများကို တက်ကြွစွာ တုံ့ပြန်လိုက်တော့၏။
မကြာမီမှာပင် သူတို့နှစ်ဦးလည်း ထိုခံစားချက်အတွင်းသို့ အလုံးစုံ နစ်မြောသွားကြပြီး ဂူအတွင်း၌ ချစ်တင်းနှောခြင်းကို စတင်လိုက်ကြတော့၏။
ထိုအတောအတွင်း ဂူအပြင်ဘက်၌ လုကျင်ယွီ၏ မျက်လုံးအစုံကို ရုတ်တရက် ပြူးကျယ်သွားကာ ဂူအတွင်း၌ ဖြစ်ပျက်နေသည့် အရာများကို ကြည့်နေမိ၏။ တကယ် တော့ ဂူအပြင်ဘက်တွင် အတားအဆီးတစ်ခုဖြင့် ဖုံးထားသဖြင့် အပြင်ဘက်မှ အတွင်းကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် လုကျင်ယွီတွင်တော့ အာကာသ နတ်မျက်စိ ရှိနေသဖြင့် ထိုအတားအဆီးကို ဖြတ်ကျော်ကာ ဂူအတွင်း ဖြစ်ပျက်နေသည့် အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ ဂူအတွင်းမှ မြင်ကွင်းကို ကြည့်ကာ လုကျင်ယွီက ကောက်ရှီယွမ်ကို ဇဝေဇဝါဖြစ်လျက်
“မေမေ... ဖေဖေ ဘာလုပ်နေတာလဲ။ ဒေါ်လေးက ဘာလို့ ငိုနေတာလဲ။”
ထိုအရာကို ကြားလျှင် ကောက်ရှီယွမ် ခဏခန့် မှင်တက်သွား၏။ သတိပြန်ဝင်လာပြီးနောက် လုကျင်ယွီ၏ အနားသို့ သူမ ချက်ချင်းသွားကာ လက်နှစ်ဖက်ဖြင့် ကလေး၏ မျက်လုံးများကို ဖုံးအုပ်လိုက်၏။
ကောက်ရှီယွမ်က လုကျင်ယွီကို
“ယွီလေး... ကလေးတွေက လူကြီးတွေရဲ့ ကိစ္စကို ချောင်းမကြည့်ရဘူးလေ။”
လက်ဖြင့် လုကျင်ယွီ၏ မျက်လုံးများကို ဖုံးအုပ်ထားသော်လည်း သူမ၏ အာကာသ နတ်မျက်စိက အရာဝတ္ထုအများစုနှင့် နည်းဗျူဟာ အတားအဆီးများကို ဖြတ်ကျော်၍ မြင်နိုင်သဖြင့် လက်ဖြင့် ဖုံးအုပ်ရုံမျှနှင့် မရနိုင်ကြောင်း ကောက်ရှီယွမ် ချက်ချင်းပင် သတိပြုမိလိုက်၏။
ကလေး၏ စိတ်ကျန်းမာရေးအတွက် ကောက်ရှီယွမ်လည်း တွန့်ဆုတ်မနေပဲ လုကျင်ယွီကို ကိုယ်တွင်းကမ္ဘာအတွင်းသို့ ပို့ဆောင်လိုက် တော့သည်။
နောက်ထပ် နှစ်အနည်းငယ်ကြာအောင် ကောက်ရှီယွမ်နှင့် လုကျင်ယွီတို့ ကိုယ်တွင်းကမ္ဘာအတွင်း နေထိုင်ခဲ့ကြ၏။ တကယ်တော့ လုကျင်ယွီ၌ အာကာသ နတ်မျက်စိ ရှိနေသဖြင့် ဤရင်သွေးကမ္ဘာက သူမကို တကယ် ပိတ်လှောင်ထားနိုင်ခြင်း မရှိပေ။
ကောက်ရှီယွမ်၏ အကူအညီ မပါလျှင်ပင် ကိုယ်တွင်းကမ္ဘာမှ သူမ အချိန်မရွေး ထွက်ခွာနိုင်ပေသည်။ သို့သော် မိခင်ဖြစ်သူကို စိတ်မဆိုးစေချင်သဖြင့် ထိုနှစ်များအတွင်း ကိုယ်တွင်းကမ္ဘာမှ သူမသဘောနှင့်သူမ ထွက်ခွာခြင်း မပြုခဲ့ပေ။ သူမသည် ပြင်ပကမ္ဘာကိုလည်း တကယ် စိတ်ဝင်စားခြင်း မရှိပေ။
အပြင်သို့ ထွက်မသွားသော်လည်း သူမ၏ အာကာသ နတ်မျက်စိကို အသုံးပြုကာ လျှို့ဝှက်လဝန်းနန်းတော်အတွင်း ဖြစ်ပျက်သမျှကို သူမ စောင့်ကြည့်နိုင်၏။ ထို့ကြောင့်ပင် လုကျင်ယွီ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု အလွန်ပင် လျင်မြန်လာခဲ့သည်။
……
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။
ကိုယ်တွင်းကမ္ဘာအတွင်း။
ကျောက်သားခုံတန်းပေါ်တွင် ကောက်ရှီယွမ် ထိုင်နေပြီး အနီးအနား၌ ကျင့်ကြံနေသည့် လုကျင်ယွီကို ကြည့်နေ၏။ ယခု လုကျင်ယွီသည် ဆယ်ကျော်သက်အရွယ်ခန့် ရှိနေပြီဖြစ်ကာ ဆံပင်ကို မြင်းမြီးပုံစံ စည်းထား၏။
သူမ၏ အသွင်အပြင်မှာ ရဲရင့်သော အငွေ့အသက်များ လွှမ်းခြုံနေပြီး ဆွဲဆောင်မှုရှိကာ တက်ကြွလှပနေလျက်ရှိသည်။
သူမ သမီး၏ လှပသော မျက်နှာလေးကို ကြည့်ကာ ကောက်ရှီယွမ် မပြုံးပဲ မနေနိုင်တော့ပေ။ လုကျင်ယွီနှင့် လုချန်းတို့ အလွန်ပင် ဆင်တူကြ၏။
သို့သော် အသွင်အပြင်အားဖြင့်သာ တူခြင်း ဖြစ်သည်။
လုကျင်ယွီကို သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သဖြင့် မိန်းမရှုပ်သည့် လုချန်း၏ လွှမ်းမိုးမှုကို မခံရခြင်းအပေါ် ကောက်ရှီယွမ် ကျေနပ်မိ၏။ လုကျင်ယွီ၏ စိတ်နေစိတ်ထားသည် သူမ၏ မိခင်နှင့်သာ ပို၍ ဆင်တူသည်။
ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအား လှိုင်းတစ်ခု ရင်သွေးကမ္ဘာတစ်ခုလုံးကို ဖြတ်သန်းသွား၏။ ရင်သွေးကမ္ဘာတစ်ခုလုံး အေးခဲသွားသဖြင့် ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့ ခဏခန့် မှင်တက်သွားသည်။
ထိုအတောအတွင်း ဂူအတွင်း၌ လုချန်း၏ သိမ်းပိုက်ခြင်းကို ခံနေရသည့် ယဲ့ချူယောင်လည်း ထိုအအေးလှိုင်းကြောင့် သတိဝင်လာ၏။ လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်နိုင်သူမှာ သူမ၏ ဆရာ တစ်ဦးတည်းသာ ရှိသဖြင့် ယဲ့ချူယောင်၏ ရင်ထဲ အလွန် ထိတ်လန့်သွား၏။
သူမ၏ ဆရာ တံခါးပိတ်ကျင့်စဉ်မှ ထွက်လာခဲ့ပြီလား။
လုချန်းနှင့် ဤကဲ့သို့ ပြုမူနေသည်ကို သူမ ချက်ချင်းပင် အမိဖမ်းခံရတော့မည် ဖြစ်၏။ ထိုအချိန်တွင် သူမတစ်ဦးတည်းသာမက ယွမ်ယုတိသည်လည်း လုချန်းနှင့်အတူ ရင်းနှီးကျွမ်းဝင်စွာ ရှိနေသည်ကို ယဲ့ချူယောင် မသိသေးပေ။
ယဲ့ချူယောင်သည် လုချန်းကို ချက်ချင်းပင် တွန်းထုတ်လိုက်၏။
ယဲ့ချူယောင်က လုချန်းကို
“ရှင်... အမြန်ထ”
လုချန်းကတော့ ယဲ့ချူယောင်၏ စကားကို နားမဝင်ပဲ မထူးခြားသလိုပင် ဆက်လက်၍ ပြုမူနေဆဲဖြစ်၏။
……
ထိုအတောအတွင်း။
ယွမ်ယုတိ၏ အဆောင်။
ယခု ယွမ်ယုတိ၏ အဆောင်သည် နေရာတိုင်း အေးခဲနေသည့် ရေခဲဂူတစ်ခု ဖြစ်နေပြီဖြစ်၏။ သို့သော် ကုတင်ထက်ရှိ လုချန်းနှင့် ယွမ်ယုတိတို့၏ ခန္ဓာကိုယ်များမှာတော့ နွေးထွေးသော နတ်စွမ်းအားများဖြင့် ဝန်းရံထားသဖြင့် မည်သည့်သက်ရောက်မှုမှ မရှိပေ။
ယွမ်ယုတိ၏ အဆင့်တက်လှမ်းမှုနှင့်အတူ သူတို့နှစ်ဦး အိပ်မက်ကမ္ဘာမှ တဖြည်းဖြည်း နိုးထလာကြ၏။ လုချန်း၏ ရင်ဘတ်ကို မှီထားရင်း သူ၏ မျက်ဝန်းများကို ယွမ်ယုတိ တည့်တည့် စိုက်ကြည့်လိုက်၏။
သူမ နတ်သခင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ဤလူယုတ်မာက သူမအတွက် အသုံးမဝင်တော့ပေ။
ယွမ်ယုတိက လုချန်းကို အေးစက်စွာဖြင့်
“ဒီမှာတင် ရပ်လိုက်ရအောင်”
လုချန်းက ပြုံးလိုက်ကာ ယွမ်ယုတိကို
“ဆရာ... ဒါက နည်းနည်းတော့ မလွန်ဘူးလား။ ကျုပ်က ဆရာ့ကို နတ်သခင်အဆင့်ရောက်အောင် ကူညီပေးခဲ့တာလေ။ အခုတော့ ကျုပ်ကို ကျောခိုင်းတော့မလို့လား”
ယွမ်ယုတိ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွား၏။ လုချန်းနှင့် သူမအကြား ကံတရား၏ အကြောင်းအကျိုး ဆက်နွှယ်မှုများကို သူမ ပြင်းထန်စွာ ခံစားနေရ၏။
ကံတရားသာမက အိမ်ထောင်ရေး ကြိုးများမှာလည်း အလွန်ပင် ထူထဲလှသည်။ နတ်သခင်တစ်ပါး ဖြစ်လာခဲ့လျှင်ပင် ထိုအရာများကို သူမ ဖြတ်တောက်နိုင်မည် မဟုတ်ပေ။
ယွမ်ယုတိ၏ ရင်ထဲ မသက်မသာ ဖြစ်နေ၏။
ဤလူယုတ်မာအတွက် သူမက တကယ် ကလေးမွေးပေးရတော့မှာလား။
သူ၏ ဖန်တီးခြင်း လမ်းစဉ်ကို ကူညီကျင့်ကြံပေးရမှာလား။
ဘယ်လိုပဲဖြစ်ဖြစ် သူမ နတ်သခင်ဖြစ်လာအောင် လုချန်းက ကူညီခဲ့သည် မဟုတ်ပါလား။
ကျေးဇူးဆပ်ရမည်ဆိုပါက သူ၏ ကျင့်စဉ်ကို သူမ ကူညီပေးရမည်ဖြစ်သည်။
လုချန်း၏ ကျင့်စဉ်သည် ဖန်တီးခြင်း လမ်းစဉ် ဖြစ်၏။ ထို့ကြောင့် ထိုဖန်တီးခြင်း လမ်းစဉ်ကို သူမအနေနှင့် ကူညီကျင့်ကြံပေးရန် လိုအပ်ပေလိမ့်မည်။
သို့သော် ထိုဖန်တီးခြင်း လမ်းစဉ်ဆိုသည်မှာ ဤလူယုတ်မာအတွက် ကလေးမွေးပေးပြီး သူ့ကို စိတ်ကြိုက် ပြုမူခွင့်ပေးရခြင်း ဖြစ်ရာ ထိုအရာကို သူမ လက်ခံရန် ခက်ခဲနေသည်။
ယနေ့တွင် သူမ အလျှော့မပေးပါက ဤလူယုတ်မာ ထွက်သွားလိမ့်မည် မဟုတ်ကြောင်း သိသဖြင့် ယွမ်ယုတိလည်း အသေအချာ စဉ်းစားပြီးနောက် အေးစက်စွာ ပြောလိုက်၏။
“ဒီတစ်ခေါက်ကို ထည့်မတွက်ဘူး”
သူမသည် နတ်သခင်နယ်ပယ်သို့ ယခုမှ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ရာ သူမ၏ အဆင့်ကို အမြန်ဆုံး ခိုင်မာအောင် ပြုလုပ်ရန် လိုအပ်သည်။ လုချန်းနှင့် ဤအတိုင်း ဆက်လက်ရှိနေပါက အခြားကိစ္စများကို အာရုံစိုက်နိုင်တော့မည် မဟုတ်ပဲ အခြေအနေ ပိုမိုဆိုးရွားသွားနိုင်၏။
ထိုအရာကို ကြားလျှင် ယွမ်ယုတိ ဆိုလိုသည်ကို လုချန်း ချက်ချင်းပင် နားလည်သွား၏။ဤတစ်ခေါက်ကို အတည်မယူဘူးဆိုပါက သူမကို သိမ်းပိုက်ရန် နောက်ထပ် အခွင့်အရေး နှစ်ကြိမ် ကျန်သေးသည်ဟု ဆိုလိုခြင်းလား။
လုချန်းက နောက်ပြောင်သည့် ဟန်ဖြင့် ယွမ်ယုတိကို
“ဆရာ ဆိုလိုတာက ကျုပ်တို့ နောက်ထပ် နှစ်ကြိမ်လောက် ဒီလိုမျိုး လုပ်လို့ရသေးတယ်ပေါ့ ဟုတ်လား။”
လုချန်း၏ ပြင်းပြသော မျက်ဝန်းများကို ယွမ်ယုတိ အေးစက်စွာ စိုက်ကြည့်လိုက်သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုပေ။ သူမ၏ စကားကို တစ်ဖန်ပြန်၍ မပြောလိုတော့ပေ။ သူမ၏ စိတ်နှလုံးထဲ အရှက်ရနေရသည်ဟုသာ ခံစားနေရ၏။
ယခု သူမသည် နတ်သခင်တစ်ပါး ဖြစ်နေပြီဖြစ်သော်လည်း ဤလူယုတ်မာကို ထွက်သွားခိုင်းရန်အတွက် ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သော အပေးအယူများကိုပင် အသုံးပြုနေရသည်။
--
………….