← Chapters

အခန်း ၁၇၉၆

Vol. 120 Ch. 1796

အခန်း ၁၇၉၆

Vol. 120 Ch. 1796

အခန်း (၁၇၉၆)

မက်မောဖွယ် ငါးစာ

စကားတစ်လုံးမှ မဆိုပဲ သူကို အေးစက်စက် စိုက်ကြည့်နေသည့် ယွမ်ယုတိကို လုချန်း အသာအယာ ပြုံးပြလိုက်၏။ ထို့နောက် အရှက်မရှိသော အမူအရာဖြင့် လုချန်းက

“နှစ်ကြိမ်တည်းနဲ့တော့ မလုံလောက်ဘူး”

“ဆရာကို နတ်သခင်အဆင့် တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တဲ့ အောင်မြင်မှုကြီးက နှစ်ကြိမ်တည်းနဲ့ပဲ တန်တယ်လို့ ထင်နေတာလား။ အခုလည်း အရင်သတ်မှတ်ချက်တွေအတိုင်းပဲ ဆိုတော့ ကျုပ်အတွက် ဘာမှ ထူးထူးခြားခြား အကျိုးမရှိဘူး။ ကျုပ်ကပဲ ပင်ပန်းခံရပြီး ဘာအကျိုးအမြတ်မှ မရဘူးဆိုတာတော့ နည်းနည်း မတရားသလိုပဲ မဟုတ်လား။”

အေးစက်လှသော မျက်ဝန်းအစုံဖြင့် လုချန်းကို ယွမ်ယုတိ စိုက်ကြည့်လိုက်၏။

ယွမ်ယုတိက

“ရှင် ဘာလိုချင်တာလဲ”

လုချန်းက တည်ငြိမ်စွာပင်

“အရင် သတ်မှတ်ထားတာတွေအပြင် နောက်ထပ် ဆယ်ကြိမ် ထပ်တိုးပေးပါ။”

လုချန်း၏ စကားအဆုံးတွင် ယွမ်ယုတိ၏ ကိုယ်မှ အေးစက်သော အငွေ့အသက်များ ရုတ်ခြည်း ပေါက်ကွဲထွက်လာပြီး နန်းတော်တစ်ခုလုံး တုန်ခါသွား၏။ သူမ၏ ကိုယ်မှ ထွက်ပေါ်လာသော အေးစက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး နန်းတော်အနီးရှိ နတ်များပင် လွင့်စင်သွားကြသည်။ ထို့ပြင် ထိုအေးစက်သော အငွေ့အသက်မှာ သာမန်မဟုတ်ပဲ သတ်ဖြတ်ခြင်း နိယာမစွမ်းအားများ ကိန်းအောင်းနေသည်။

ဟင်...

သူမကိုယ်မှ ထွက်ပေါ်လာသော အေးစက်မှုအတွင်း သတ်ဖြတ်ခြင်း နိယာမစွမ်းအားများ ရောနှောနေသည်ကို ခံစားမိလျှင် ယွမ်ယုတိ ခဏခန့် မှင်တက်သွား၏။ သူမသည် သတ်ဖြတ်ခြင်း လမ်းစဉ်ကို ကျင့်ကြံထားသူ မဟုတ်ပဲ အဘယ်ကြောင့် ဤမျှ ပြင်းထန်သော သတ်ဖြတ်ခြင်း စွမ်းအားများ ရှိနေရသနည်း။

ဘာတွေ ဖြစ်ပျက်နေသနည်း။

ဇဝေဇဝါဖြစ်နေသော ယွမ်ယုတိကို လုချန်း ပြုံးလျက်

“ခင်ဗျား ခံစားမိတယ် မဟုတ်လား”

ထိုအရာကို ကြားလျှင် အေးစက်ခက်ထန်သော မျက်လုံးများဖြင့် လုချန်းကို ယွမ်ယုတိ စိုက်ကြည့်လိုက်၏။

ယွမ်ယုတိက

“ဒါ ရှင် လုပ်တာလား”

လုချန်းက

“ကျုပ်တို့ ကျင့်ကြံတဲ့ နတ်ကျမ်းစာက ဝိညာဉ်ညှို့ဓာတ် ကျမ်းစာလို့ ခေါ်တယ်။ အဲဒီ စုံတွဲကျင့်စဉ်က တစ်ယောက်ရဲ့ လမ်းစဉ်စွမ်းအားကို နောက်တစ်ယောက်က နားလည်သဘောပေါက်အောင် ကူညီပေးနိုင်တယ်။”

လုချန်း၏ စကားကြောင့် ယွမ်ယုတိ လုံးဝ အံ့အားသင့်သွားရ၏။ ဤမျှ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသော စုံတွဲကျင့်စဉ် အကြောင်းကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ဤကဲ့သို့သော နတ်ကျမ်းစာမျိုး ရှိနေသည်ကို သူမ အဘယ်ကြောင့် တစ်ခါမှ မသိခဲ့ရပါသနည်း။

သို့သော် မကြာမီပင် ယွမ်ယုတိ သတိပြန်ဝင်လာ၏။

ထိုအရာမျိုးက ထျန်းရန် နတ်ဘုရား နယ်မြေတွင် မရှိသော်လည်း ကစဉ့်ကလျား ပင်လယ်တွင် ရှိနိုင်သည်။ လုချန်းသည် ဤနတ်ကျမ်းစာကို ကစဉ့်ကလျား ပင်လယ်မှ ရရှိခဲ့ခြင်း ဖြစ်ရမည်။

ထိုသို့ဆိုလျှင် လုချန်းနှင့် ဆက်လက်၍ စုံတွဲကျင့်စဉ် ကျင့်ကြံနေပါက တစ်နေ့တွင် သူမသည် သတ်ဖြတ်ခြင်း စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး သတ်ဖြတ်ခြင်း လမ်းစဉ်ကို နားလည်သွားနိုင်မှာလား။

မဖြစ်နိုင်ပေ။

လုချန်း၏ ကောက်ကျစ်သော အပြုံးကို မြင်လျှင် ယွမ်ယုတိ ချက်ချင်းပင် ရိပ်မိသွား၏။ သူမ၏ အနာဂတ်ကို စိတ်တိုင်းကျ ခြယ်လှယ်နိုင်ရန် လုချန်းက ငါးစာချနေခြင်းသာ ဖြစ်ရမည်။

ထိုသို့ တွေးမိသည်နှင့် ယွမ်ယုတိက

“ရှင့်ရဲ့ လှည့်ကွက်တွေကို ကျွန်မ မရိပ်မိဘူးလို့ ထင်နေတာလား။”

လုချန်းက

“လှည့်ကွက် ဟုတ်လား။ ဆရာက ဘာလို့ အဲ့ဒီလို ပြောရတာလဲ”

ယွမ်ယုတိက

“ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို သတ်ဖြတ်ခြင်း စွမ်းအားတွေ ထည့်သွင်းပေးထားပြီး ကျွန်မက အေးစက်တဲ့ အငွေ့အသက်တွေ ထုတ်လွှတ်လိုက်တဲ့အခါ အဲဒီစွမ်းအားတွေက အလိုအလျောက် ထွက်လာတာပဲ မဟုတ်လား။”

ကျင့်ကြံနေစဉ်အတွင်း လုချန်းက သူမထံ နတ်စွမ်းအား အမြောက်အမြား ထည့်သွင်းပေးခဲ့ရာ ထိုအထဲတွင် သတ်ဖြတ်ခြင်း နိယာမစွမ်းအားများ ပါဝင်နေနိုင်သည်။ ဤသတ်ဖြတ်ခြင်း စွမ်းအားမှာ လုချန်း၏ စွမ်းအားသာ ဖြစ်ရမည်ဖြစ်ပြီး သူမနှင့် မည်သို့မှ မသက်ဆိုင်နိုင်ပေ။

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း အသာအယာ ရယ်မောလိုက်၏။

လုချန်းက

“ဆရာ နည်းနည်းလောက် ခံစားကြည့်လိုက်ရုံနဲ့တင် သိနိုင်ပါတယ်။ ဆရာကိုယ်တိုင် သတ်ဖြတ်ခြင်း လမ်းစဉ်ကို နားလည်သွားပြီလား ဆိုတာကိုတော့ ဆရာရဲ့ စိတ်ထဲမှာပဲ အသိဆုံး ဖြစ်မှာပါ။”

ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီးနောက် သတ်ဖြတ်ခြင်း စွမ်းအားကို စမ်းသပ် လှုံ့ဆော်ကြည့်၏။ ထိုအခါ နန်းတော်တစ်ခုလုံး သွေးကဲ့သို့ နီရဲသွားပြီး သူမ၏ ကိုယ်မှ သတ်ဖြတ်ခြင်း စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ နောက်တစ်ခဏတွင် လျှို့ဝှက်လဝန်းနန်းတော် အထက်၌ သတ်ဖြတ်ခြင်း လမ်းစဉ်၏ ထူးခြားသော ပုံရိပ်များ ပေါ်ပေါက်လာ၏။

၎င်းကို အာရုံခံမိသော ယွမ်ယုတိလည်း ခဏခန့် မှင်တက်သွားရပြန်၏။

သူမသည် သတ်ဖြတ်ခြင်း လမ်းစဉ်ကို တကယ်ပင် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့ဆိုလျှင် လုချန်း ပြောတာ အမှန်ပင် ဖြစ်၏။

သူမ သတ်ဖြတ်ခြင်း လမ်းစဉ်ကို ကျွမ်းကျင်သွားပါက သူမ၏ စွမ်းအားဖြင့်ဆိုလျှင် ထျန်းရန် နတ်ဘုရား နယ်မြေရှိ မည်သည့် နတ်သခင်မဆို တစ်ဦးချင်း တိုက်ခိုက်ပါက သူမကို ယှဉ်နိုင်ရန် ခဲယဉ်းသွားပေလိမ့်မည်။

သို့သော် သူမ၏ သတ်ဖြတ်ခြင်း လမ်းစဉ်အပေါ် နားလည်မှု မပြည့်စုံသေးကြောင်းနှင့် ယခုထက် ဆက်လက်၍ မလုပ်ဆောင်နိုင်တော့ကြောင်းကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သတ်ဖြတ်ခြင်း လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းရန် ကြိုးစားလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရေခဲစွမ်းအားများ စတင် လှုပ်ခတ်လာ၏။

ထင်ရှားတာက သူမ၏ ခန္ဓာကိုယ်သည် သတ်ဖြတ်ခြင်း နိယာမစွမ်းအားကို လက်မခံနိုင်သလို သူမကိုယ်တိုင်လည်း သတ်ဖြတ်ခြင်း လမ်းစဉ်ကို ကျင့်ကြံနိုင်စွမ်း မရှိခြင်းပင် ဖြစ်သည်။

ထို့ကြောင့် သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းလိုပါက လုချန်းနှင့် အမြဲတစေ စုံတွဲကျင့်စဉ် ကျင့်ကြံရမည်ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အခြားလမ်းစဉ်စွမ်းအားများကို လုချန်းက ညှိနှိုင်းပေးရန် လိုအပ်သည်။ ထိုသို့ဆိုလျှင် လုချန်းနှင့် ဤကိစ္စကို ဆက်လက် လုပ်ဆောင်နေရမည် မဟုတ်ပါလား။

ထိုသို့ တွေးမိသည်နှင့် ယွမ်ယုတိ၏ မျက်နှာ ပိုမိုအေးစက်သွား၏။ ၎င်းသည် သူမအတွက် အလွန် ဆွဲဆောင်မှုရှိသော ငါးစာတစ်ခု ဖြစ်နေသည်။

သတ်ဖြတ်ခြင်း နိယာမစွမ်းအားကို ခဏခန့် အသုံးပြုကြည့်ရုံဖြင့် ထိုစွမ်းအားသည် သူမ၏ ရေခဲစွမ်းအားနှင့် ပေါင်းစပ်သွားသည့်အခါ စွမ်းပကား အလွန်ကြီးမားလာသည်ကို သူမ တွေ့ရှိလိုက်ရသည်။

လက်တစ်ကမ်းတွင် ရှိနေသော ကြီးမားသည့် စွမ်းအားကို သူမ စိတ်မဝင်စားပါဟု ပြောလျှင် လိမ်ညာရာသာ ရောက်ပေလိမ့်မည်။ သို့သော် ထိုအတွက် ပေးဆပ်ရမည့် တန်ဖိုးကတော့ ဤလူယုတ်မာ၏ အနိုင်ကျင့်ခြင်းကို အကန့်အသတ်မရှိ ခံနေရန်ဖြစ်သည်။

ဤလူယုတ်မာသည် ယွမ်ချင်းရှုကို အပိုင်သိမ်းခဲ့ပြီး ရင်သွေးပင် ရစေခဲ့၏။ ယခုတော့ သူက သူမကိုပါ ထပ်မံ ကြံစည်နေပြန်ပြီ။

တကယ်ကိုပင် အရှက်မရှိပေ။

ယွမ်ယုတိ၏ မျက်နှာပေါ်မှ ဝေခွဲမရဖြစ်နေမှုကို လုချန်း အထင်အရှား မြင်နေရ၏။ လုချန်းက သူမ၏ နားနားသို့ တိုးကပ်သွားပြီး

“ဆရာ ဘယ်လို စဉ်းစားမိလဲ”

ဟု တိုးတိုးလေး မေးလိုက်သည်။

ခဏခန့် တုံ့ဆိုင်းသွားပြီးမှ စကားယွမ်ယုတိက

“ရှင်နဲ့ ကျွန်မ ကြားမှာ ရင်သွေးရလာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ အဲ့ဒီ အတွေးကို အခုတည်းက ဖျောက်ပစ်လိုက်တော့။”

ယွမ်ယုတိက တိုက်ရိုက် မငြင်းပယ်ပဲ ရင်သွေးမယူနိုင်ကြောင်းသာ ပြောဆိုခဲ့သည်။ ထိုစွမ်းအား၏ ဆွဲဆောင်မှုသည် သူမအတွက် တကယ်ပင် မတွန်းလှန်နိုင်စရာ ဖြစ်နေသဖြင့် နောင်တွင် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရန် သူမ သဘောတူလိုက်ခြင်း ဖြစ်၏။

အတူအိပ်ရန် သဘောတူသော်လည်း ကလေးမယူနိုင်ဟု ဆိုလိုနေကြောင်းကို လုချန်းလည်း ချက်ချင်းရိပ်မိလိုက်သည်။

ယွမ်ယုတိက ဆက်လက်၍

“ဒီနေ့တော့ ဒီမှာတင် တော်ပြီ။ အခု ချက်ချင်း ထွက်သွားတော့”

ဟု အေးစက်စွာ ဆက်ပြော၏။

လုချန်း အသာအယာ ပြုံးလိုက်၏။ သူ လိုချင်သော ပန်းတိုင်ကို ရောက်ရှိသွားပြီဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် ဇွတ်မလုပ်တော့ပဲ ချက်ချင်းပင် ထရပ်လိုက်သည်။ နောင်တွင် ယွမ်ယုတိနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံဖို့ အလွန် လွယ်ကူသွားမည်ဟု သူ ယုံကြည်နေ၏။

ယွမ်ယုတိနှင့်အတူ ဆယ်နှစ်ကျော် ကြာအောင် အချိန်ကုန်ဆုံးခဲ့ပြီးနောက် သူ၏ အသိစိတ်များ အမြဲတမ်း ဝေဝါးနေခဲ့သည်။ ယခုတော့ ယဲ့ချူယောင်နှင့် ကိစ္စကို ရှင်းလင်းရန် အချိန်တန်ပြီဖြစ်၏။ သူ၏ အခြားကိုယ်ထည်ကတော့ သူမနှင့် ရောထွေးနေဆဲ ဖြစ်သည်။

လုချန်း ထရပ်လိုက်သည်ကို မြင်မှ ယွမ်ယုတိ အနည်းငယ် စိတ်သက်သာရာ ရသွား၏။

ဤလူယုတ်မာ နောက်ဆုံးတော့ ထွက်သွားလေပြီ။

ထိုအကြောင်းကို တွေးမိလေလေ ဂုဏ်သရေရှိသော သူမ ပို၍ အရှက်ရလေလေ ဖြစ်သည်။ နတ်သခင်တစ်ဦး ဖြစ်ပါလျက် ဤကဲ့သို့ ကစားခံရခြင်း ဖြစ်သည်။ သူမ၏ အစ်မသာ ဤအကြောင်းကို သိသွားပါက သူမကို မည်သို့ ထင်မြင်မည်နည်း။

မဖြစ်ပေ။

မည်သည့် အခြေအနေမျိုးတွင်မှ အစ်မဖြစ်သူကို အသိပေး၍ မရပေ။ ထိုအတွေးနှင့်အတူ ယွမ်ယုတိက

“ကျွန်မတို့အကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့”

ဟု လုချန်းကို ချက်ချင်း သတိပေးလိုက်၏။

လုချန်းက

“စိတ်ချပါ ဆရာ။ ကျုပ် လျှို့ဝှက်ထားပါ့မယ်။ ကျုပ်တို့ နှစ်ယောက်တည်း စုံတွဲကျင့်စဉ် သီးသန့် ကျင့်ကြံကြတာပေါ့။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ၏ ကိုယ်မှ အေးစက်သော အငွေ့အသက်များ ထပ်မံ ထွက်ပေါ်လာပြန်သည်။ “စုံတွဲကျင့်စဉ် သီးသန့် ကျင့်မည်” ဟူသော စကားက သူမကို အရှက်မရှိသော မိန်းမတစ်ယောက်ကဲ့သို့ ဖြစ်စေ၏။

ယွမ်ယုတိက

“ထွက်သွား”

ဟု အေးစက်စွာ အမိန့်ပေးလိုက်၏။

ထိုစကားသံအဆုံး၌ လုချန်းသည် အာကာသ စွမ်းအားတစ်ခု၏ ရွှေ့ပြောင်းပေးမှုကြောင့် သူ၏ စံအိမ်သို့ ချက်ချင်း ရောက်ရှိသွားတော့၏။ လုချန်း၏ အခြားကိုယ်ထည် ပေါ်လာလျှင် ကျောက်ဖျာပေါ်တွင် ငိုက်မျဉ်းလျက် လဲလျောင်းနေသည့် ယဲ့ချူယောင် ချက်ချင်းပင် လန့်နိုးသွား၏။

ယဲ့ချူယောင်က

“လု... လုချန်း”

အကယ်၍ ဤသူသည် လုချန်းဖြစ်ပါက စံအိမ်အတွင်းရှိ နေသူမှာ မည်သူနည်း။ ယဲ့ချူယောင် အမြန်လှည့်ကြည့်လိုက်ရာ လုချန်းနှင့် တစ်ပုံစံတည်း တူညီသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။

၎င်းသည် လုချန်း၏ ကိုယ်ပွားဖြစ်ကြောင်း ယဲ့ချူယောင် ချက်ချင်း ရိပ်မိလိုက်၏။ မလှမ်းမကမ်းရှိ လုချန်းကို ယဲ့ချူယောင် စိုက်ကြည့်ရင်း

“ရှင် ကျွန်မကို လှည့်စားဖို့ ကိုယ်ပွားကို သုံးနေတာပေါ့ ဟုတ်လား။”

ယဲ့ချူယောင်က

“ရှင်က ကျွန်မကို ရှင့်ရဲ့ ကိုယ်ပွားနဲ့ပဲ ကစားဖို့ တန်တယ်လို့ ထင်နေတာလား။”

--

………….

All Chapters