← Chapters

အခန်း ၁၇၉၉

Vol. 120 Ch. 1799

အခန်း ၁၇၉၉

Vol. 120 Ch. 1799

အခန်း (၁၇၉၉)

လျှို့ဝှက်လဝန်းနန်းတော်က စစ်ပွဲစတင်ဖို့ ကြံနေတာလား

မိုးကြိုးမြွေနတ်ဘုရင်၏ အမိန့်ထုတ်ပြန်ပြီးနောက် လျှို့ဝှက်လဝန်းနန်းတော် လက်အောက်ခံ အင်အားစုအသစ်များနှင့် မိုးကြိုးမြွေဂိုဏ်း မကြာမီပင် ပဋိပက္ခ ဖြစ်ပွားခဲ့၏။

တကယ်တော့ နတ်ဘုရင် လင်ရင်သည် အနီးနားရှိ အင်အားကြီးဂိုဏ်းအချို့နှင့် ပဋိပက္ခမဖြစ်ပွားစေရန်အတွက် အခြေစိုက်စခန်း တည်ဆောက်ပြီးသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေချဲ့ထွင်မှုကို ချက်ချင်း ရပ်တန့်ရန် ညွှန်ကြားထားခဲ့၏။

အရိုင်းနယ်မြေတွင် အဆင့်မြင့် အင်အားကြီးအဖွဲ့အစည်း အနည်းငယ်သာ ရှိသော်လည်း နတ်သခင်များနှင့် နတ်ဘုရင်များ ကင်းမဲ့နေသည်တော့ မဟုတ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်က နယ်မြေအလွန်အကျွံ ချဲ့ထွင်မိပါက ထိုအင်အားစုများကို အလွယ်တကူ စော်ကားမိသွားနိုင်၏။

အရိုင်းနယ်မြေမှ အင်အားစုများ စုပေါင်းတိုက်ခိုက်လာလျှင် လျှို့ဝှက်လဝန်းနန်းတော်အတွက် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် နတ်ဘုရင် လင်ရင်က နယ်မြေချဲ့ထွင်မှုကို ရပ်တန့်စေခဲ့သော်လည်း လက်အောက်ခံ အင်အားစုများကတော့ ထိုသို့ မယူဆကြပေ။ လျှို့ဝှက်လဝန်းနန်းတော်ကဲ့သို့ နတ်ဂိုဏ်း၏ လက်အောက်သို့ ရောက်ရှိသွားလျှင် အင်အားကြီးလာသည်ဟု သူတို့ကိုယ်သူတို့ ခံစားမိကာ အပြင်ဘက်သို့ နယ်မြေစတင် ချဲ့ထွင်လာကြတော့၏။

ထိုအခြေအနေကြောင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် အခြားဂိုဏ်းများအကြား သွယ်ဝိုက်သော နည်းလမ်းဖြင့် ပဋိပက္ခများ ဖြစ်ပွားလာခဲ့၏။ ကံကောင်းထောက်မစွာဖြင့် အင်အားကြီးလွန်းသော နတ်ဂိုဏ်းများနှင့် ပြဿနာမဖြစ်သေးပေ။ လက်ရှိတွင် မိုးကြိုးမြွေဂိုဏ်းသည် သူတို့စော်ကားမိသမျှထဲတွင် အင်အားအကြီးဆုံး ဖြစ်သည်။

……

လျှို့ဝှက်လဝန်းနန်းတော်။

ခန်းမအတွင်း၌။

နတ်ဘုရင် လင်ရင်က နတ်ဘုရင်ခံ တုန်းလျန်ကို ကြည့်ကာ

“မိုးကြိုးမြွေဂိုဏ်းမှ မိတ်ဆွေက ကျွန်မတို့ လျှို့ဝှက်လဝန်းနန်းတော်ကို ဘယ်ကိစ္စနဲ့ ရောက်လာတာပါလဲ။”

နတ်ဘုရင်ခံ တုန်းလျန်က

“ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သခင်လား။”

နတ်ဘုရင် လင်ရင် ခပ်အေးအေးပင်

“ကျွန်မက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ဒုတိယ နန်းတော်သခင်ပါ။ ကျွန်မတို့ရဲ့နန်း‌ တော်သခင်ကတော့ အခု တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေပါတယ်။ ကျွန်မကိုသာ ပြောပါ။ ကျွန်မ ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ တုန်းလျန် တွေဝေခြင်းမရှိပဲ ချက်ချင်းပင် ပြောလိုက်၏။

နတ်ဘုရင်ခံ တုန်းလျန်က

“လျှို့ဝှက်လဝန်းနန်းတော်က မိတ်ဆွေတွေ ဘာကြောင့် ကျုပ်တို့ မိုးကြိုးမြွေဂိုဏ်းရဲ့ နယ်မြေကို ကျူးကျော်ရတာလဲ။ ဒါက စစ်ပွဲစတင်ဖို့ ရည်ရွယ်ချက်ရှိနေတာလား။”

ထိုစကားကို ကြားလျှင် နတ်ဘုရင် လင်ရင် အနည်းငယ် အံ့အားသင့်သွား၏။ လျှို့ဝှက်လဝန်းနန်းတော် တပည့်များကို အပြင်သို့ နယ်မြေမချဲ့ထွင်ရန် သူမ အမိန့်ထုတ်ထားပြီးသား မဟုတ်ပါလား။

အခြေအနေကို နတ်ဘုရင် လင်ရင် လျင်မြန်စွာပင် သဘောပေါက်သွား၏။ စကားနားမထောင်သည့် လက်အောက်ခံ အင်အားစုအချို့က လျှို့ဝှက်လဝန်းနန်းတော်၏ အမည်ကို အသုံးချကာ နယ်မြေချဲ့ထွင်နေကြကြောင်း ထင်ရှားသည်။

နတ်ဘုရင် လင်ရင်က

“လျှို့ဝှက်လဝန်းနန်းတော် တပည့်တွေကို ပြဿနာမရှာဖို့ ကျွန်မ အမိန့်ထုတ်ထားပြီးသားပါ။ တစ်စုံတစ်ယောက်က မိုးကြိုးမြွေဂိုဏ်းရဲ့ နယ်မြေကို ကျူးကျော်ခဲ့ရင် အဲ့ဒါက လျှို့ဝှက်လဝန်းနန်းတော် အမည်ကို အသုံးချပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါလိမ့်မယ်။”

နတ်ဘုရင်ခံ တုန်းလျန်လည်း သံသယများဖြင့် ခဏခန့် အတွေးထဲ နစ်မြောသွား၏။ သူ အတိအကျ မသိနိုင်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်က တကယ်တမ်း စစ်ပွဲစတင်လိုပါက လိမ်ညာနေရန် မလိုအပ်ပေ။

ဒါက မိုးကြိုးမြွေဂိုဏ်းကို ဇဝေဇဝါဖြစ်အောင် လုပ်ပြီး သူတို့ရဲ့ သတိကို လျှော့ချချင်တာလား။

နတ်ဘုရင်ခံ တုန်းလျန် စဉ်းစားနေစဉ်မှာပင် နတ်ဘုရင် လင်ရင်က ဆက်လက်၍

“တစ်စုံတစ်ယောက်က မိုးကြိုးမြွေဂိုဏ်းရဲ့ နယ်မြေကို ကျူးကျော်လာရင် မိုးကြိုးမြွေဂိုဏ်းဘက်က တိုက်ရိုက် လက်တုံ့ပြန်နိုင်ပါတယ်။ အဲဒါကို လျှို့ဝှက်လဝန်းနန်းတော်က ကန့်ကွက်မှာ မဟုတ်ပါဘူး။”

နတ်ဘုရင် လင်ရင်၏ စကားများက ရှင်းလင်းပြတ်သားလှသဖြင့် နတ်ဘုရင်ခံ တုန်းလျန်လည်း သူမ၏ ရိုးသားမှုကို ယုံကြည်လိုက်ရတော့၏။

လျှို့ဝှက်လဝန်းနန်းတော်နှင့် မိုးကြိုးမြွေဂိုဏ်းကြားတွင် တစ်စုံတစ်ယောက်က တိတ်တဆိတ် ရန်တိုက်ပေးနေသလားဟု နတ်ဘုရင် လင်ရင် တွေးတောမိနေ၏။

အရိုင်းနယ်မြေ၏ ကျယ်ပြောမှုနှင့် မိုးကြိုးမြွေဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့အကြား အကွာအဝေးကြောင့် နယ်မြေအမြန်ချဲ့ထွင်ရန်က မဖြစ်နိုင်ပေ။

ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်က ထိုနေရာသို့ နယ်မြေချဲ့ထွင်ရန် အစီအစဉ် မရှိသေးပေ။ မိုးကြိုးမြွေဂိုဏ်းသည် နတ်ဂိုဏ်း မဟုတ်သေးသော်လည်း နတ်ဘုရင် တစ်ပါး ပိုင်ဆိုင်ထားသဖြင့် နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာရန်မှာ သေချာသလောက် ရှိသည်။

အရိုင်းနယ်မြေသို့ အသစ်ပြောင်းရွှေ့လာသော လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများသည် ထိုသို့သော အင်အားစုများနှင့် ပဋိပက္ခဖြစ်ရန် မလိုလားကြပေ။

တောင်ပိုင်းနယ်တွင် ဖြစ်ပွားခဲ့သော ကိစ္စကို နတ်ဘုရင် လင်ရင် ပြန်လည်အမှတ်ရမိသွား၏။ ထိုစဉ်က သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော် လက်အောက်ခံ မြို့များကို ချီယန်ဂိုဏ်းသို့ ဝင်ရောက်ရန် လှုံ့ဆော်ခဲ့ပြီး ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို ရန်တိုက်ပေးခဲ့၏။ လုချန်းကို လုပ်ကြံပြီး ချီယန်ဂိုဏ်း၏ လက်ချက်ဖြစ်သယောင်ပင် ကြံစည်ခဲ့ဖူးသည်။

လက်ရှိ အခြေအနေမှာ တောင်ပိုင်းနယ်မှ ဖြစ်ရပ်များနှင့် များစွာ ဆင်တူနေသဖြင့် တတိယ အင်အားစုတစ်စု ရှိနေနိုင်သည်ဟု နတ်ဘုရင် လင်ရင် သံသယဝင်မိသွား၏။

နတ်ဘုရင် လင်ရင်က

“မိတ်ဆွေမှာ တခြား ကိစ္စရှိသေးလား”

နတ်ဘုရင်ခံ တုန်းလျန် ခဏခန့် မှင်တက်သွား၏။ သူသည် လျှို့ဝှက်လဝန်းနန်းတော်၏ သဘောထားကို သိရန် လာရောက်ခြင်းဖြစ်ပြီး ဒုတိယခန်းမသခင်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် နယ်မြေကျူးကျော်မှုသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်ချက်မဟုတ်ကြောင်း ပြနေသည်။

နတ်ဘုရင်ခံ တုန်းလျန်က

“ကျုပ်တို့ ဂိုဏ်းရဲ့ မြို့တွေကို ကျူးကျော်တဲ့ နတ်တွေဟာ လျှို့ဝှက်လဝန်းနန်းတော်နဲ့ မပတ်သက်ဘူးဆိုတာ တကယ်ပဲလား။”

နတ်ဘုရင် လင်ရင်က တိုက်ရိုက် မငြင်းဆိုခဲ့ပေ။ အကယ်၍ သူမက ငြင်းဆိုပြီးနောက် ထိုသူများသည် လျှို့ဝှက်လဝန်းနန်းတော် သို့မဟုတ် လက်အောက်ခံ အင်အားစုများမှ ဖြစ်နေပါက မိုးကြိုးမြွေဂိုဏ်း၏ သံသယ ပိုမိုကြီးထွားလာလိမ့်မည်။

နတ်ဘုရင် လင်ရင်က

“ဒါက မသေချာသေးပါဘူး။ ကျွန်မတို့ အရိုင်းနယ်မြေကို ရောက်တာ မကြာသေးသလို အရိုင်းနယ်မြေက အင်အားစု တော်တော်များများကို လက်အောက်ခံအဖြစ် သိမ်းသွင်းထားရတာကို ရှင် နားလည်ထားသင့်ပါတယ်။”

“အဲဒီ လက်အောက်ခံ အင်အားစုတွေထဲမှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အာဏာကို တွန်းလှန်ချင်သူတွေ ရှိနေနိုင်ပါတယ်။ သူတို့က ကျွန်မတို့ နာမည်ကို သုံးပြီး ပြဿနာရှာတာ၊ မိုးကြိုးမြွေဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို ရန်တိုက်ပေးပြီး နှစ်ဖက်စလုံး အင်အားနည်းသွားတဲ့အခါ အကျိုးအမြတ်ယူဖို့ ကြံစည်တာလည်း ဖြစ်နိုင်ပါတယ်။”

ထိုအချက်ကို ကြားလျှင် နတ်ဘုရင်ခံ တုန်းလျန်လည်း စဉ်းစားကြည့်လိုက်ကာ နတ်ဘုရင် လင်ရင်၏ ပြောစကား အကျိုးအကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားလိုက်ရ၏။ ထိုသို့သော အခြေအနေမျိုး တကယ် ရှိနိုင်၏။

သို့သော်...

နတ်ဘုရင်ခံ တုန်းလျန်က

“ခင်ဗျား ပြောတာ မှန်တယ်ဆိုရင်တောင် လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် လက်အောက်ခံ အင်အားစုတွေကို စီမံခန့်ခွဲဖို့ တာဝန်ရှိပါတယ်။”

နတ်ဘုရင် လင်ရင်က

“မိတ်ဆွေ စိတ်ချပါ။ အဲဒီ လက်အောက်ခံ အင်အားစုတွေ စည်းကမ်းလိုက်နာဖို့အတွက် ကျွန်မတို့ စည်းမျဉ်းတွေ သတ်မှတ်လိုက်ပါ့မယ်။”

“အကယ်၍ တစ်စုံတစ်ယောက်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အမိန့်ကို ဖီဆန်ပြီး ရှင်တို့ဂိုဏ်းရဲ့ နယ်မြေကို ကျူးကျော်ခဲ့ရင် ရှင်တို့ စိတ်ကြိုက် အရေးယူနိုင်ပါတယ်။”

နတ်ဘုရင်ခံ တုန်းလျန်က

“ဒါဆိုရင် ကျုပ် နှုတ်ဆက်ပါတယ်”

နတ်ဘုရင် လင်ရင်က ထိုသို့ ပြောကြားပြီးနောက် အမှန်တရားက မည်သို့ပင်ဖြစ်စေ သူမ၏ သဘောထားက ရှင်းလင်းနေသဖြင့် နတ်ဘုရင်ခံ တုန်းလျန်လည်း ဘာမှ ဆက်လက် မမေးမြန်းနိုင်တော့ပေ။

ထို့နောက် ခန်းမအတွင်းမှ သူ ထွက်ခွာသွားတော့၏။

နတ်ဘုရင်ခံ တုန်းလျန် ထွက်ခွာသွားပြီးနောက် အတွင်းစည်း အကြီးအကဲများ စတင် ဆွေးနွေးကြ၏။

အကြီးအကဲ တစ်ဦးက မှတ်ချက်ပေးလိုက်၏။

“ဂိုဏ်းငယ်ကလေး တစ်ခုက ဒီလောက်တောင် မောက်မာနေတာပဲ။ ကျွန်မတို့ကို လာပြီး မေးခွန်းထုတ်ဖို့ လူလွှတ်ရဲတယ်ပေါ့။”

နတ်ဘုရင်ခံ တုန်းလျန်၏ စကားပြောဟန်က ထိုနေရာရှိ အကြီးအကဲများအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေ၏။ စွပ်စွဲချက်တစ်ခုကို လက်ခံရရှိနေရသလို သူတို့ ခံစားနေရသည်။

လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။ မိုးကြိုးမြွေဂိုဏ်းကတော့ နတ်ဘုရင် တစ်ပါး ရှိနေသော်လည်း မြေပြင်ဂိုဏ်းအဆင့်သာ ရှိသေး၏။ သူတို့သည် နတ်ဂိုဏ်းအစစ်ကိုပင် မတည်ထောင်ရသေးပဲ နတ်ဂိုဏ်းကြီးတစ်ခုကို ရင်ဆိုင်ရဲနေကြသည်။

ထို့နောက် အခြား အကြီးအကဲ တစ်ဦးက အကြံပြုလိုက်၏။

“အခု နန်းတော်သခင်ကလည်း အဆင့်တက်သွားပြီဆိုတော့ မိုးကြိုးမြွေဂိုဏ်းကိုပဲ သိမ်းပိုက်လိုက်ရင် မကောင်းဘူးလား။”

ယနေ့ အကြီးအကဲများ စုဝေးရခြင်း၏ ရည်ရွယ်ချက်မှာ ယွမ်ယုတိ၏ အဆင့်တက်ခြင်းကို ဆွေးနွေးရန် ဖြစ်၏။ ယခု နတ်သခင် တစ်ပါး ရှိလာပြီ ဖြစ်သဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းအားသည် ယခင်နှင့် သိသိသာသာ ကွာခြားသွားပြီ ဖြစ်သည်။

ယွမ်ယုတိ နတ်သခင် အဆင့်သို့ တက်လှမ်းသွားကြောင်း သိလျှင် အကြီးအကဲ အမြောက်အမြား၏ သတ္တိများ ပိုကောင်းလာကြ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ အင်းအား ပိုမိုခိုင်မာစေရန် နယ်မြေချဲ့ထွင်မှုများ ပြန်လည် စတင်သင့်သည်ဟု သူတို့ ယူဆကြသည်။

အကြီးအကဲများ၏ ရည်မှန်းချက်များ ကြီးထွားလာသည်ကို မြင်လျှင် နတ်ဘုရင် လင်ရင်က သတိပေးလိုက်၏။

“ကျွန်မတို့ အရိုင်းနယ်မြေကို ရောက်တာ မကြာသေးသလို အခြေအနေ အရပ်ရပ်ကိုလည်း သေချာ မသိသေးဘူး။ အလျင်စလို လုပ်ဖို့ မသင့်တော်ပါဘူး။ အလောတကြီး နယ်မြေချဲ့ထွင်တာက အင်အားကြီး အဖွဲ့အစည်းတွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်ပြီး ကျွန်မတို့အတွက် အန္တရာယ် ရှိလာနိုင်ပါတယ်။”

--

………….

All Chapters