← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁)

ရှောင်ရှန်းနွီက ဘာများ မှားနိုင်မှာမို့လို့လဲ...

[မိသားစုဝင်တွေထဲက နားလည်ပေးနိုင်တဲ့သူ ရှိလား...] ဟူသော ခေါင်းစဉ်ဖြင့် ဗီဒီယိုလေးမှာ တောက်ရင် အက်ပ်ပေါ်တွင် ညတွင်းချင်း ရေပန်းစားသွားခဲ့ပြီး ဆက်လက်၍လည်း ပျံ့နှံ့နေဆဲ ဖြစ်လေသည်။

ထိပ်ဆုံးတွင် ပင်ထားသော မှတ်ချက်မှာလည်း ဗီဒီယိုတင်သူ ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သည်။

[အဆိုးမြင် မှတ်ချက်တွေကို ဖျက်ပစ်ပါမယ်၊ ကျိုးမင်...၊ ကျွန်မ မှားတယ်လို့ ဘယ်သူမှ တကယ် မထင်ကြဘူး မလား...။ အမုန်းပွားသူတွေနဲ့ အနှောင့်အယှက်ပေးသူတွေ ဝေးဝေးနေပေးကြပါ...။ သဘောမကျရင် ထွက် သွားလို့ ရပါတယ်...၊ တာ့တာ...။]

ထို့နောက် ၎င်း၏အောက်တွင် မှတ်ချက်များ တသီတတန်းကြီး ကျလာခဲ့ပြီး အားလုံးမှာ -

[ရှောင်ရှန်းနွီက ဘာများ မှားနိုင်မှာမို့လို့လဲ...။ ဒါ အစားအသောက်ပို့တဲ့သူရဲ့ အမှားပဲ ဖြစ်ရမယ်...။]

[အစားအသောက်ပို့တဲ့သူရဲ့ အမှားပါ...။ ပုံမှန် ပို့ဆောင်သူဆိုရင် အနည်းဆုံးတော့ ဝယ်သူကို သတိပေးပြီး အစားအသောက်ကို ပြန်ပို့ပေးရမှာ မဟုတ်ဘူးလား...။]

[ဝယ်သူရဲ့ အမှားပါလို့ ဆက်တိုက် ပြောနေတာက အကူအညီ ဖြစ်လို့လား...။ ပို့ဆောင်သူတွေက ဒီလိုကိစ္စမျိုးကို အမြဲတမ်း ကြုံတွေ့နေရတာ မဟုတ်ဘူးလား...။]

[ဒါပေါ့...၊ ရှောင်ရှန်းနွီရဲ့ တည်နေရာက မှားနေရင်တောင် ပို့ဆောင်သူက လူမဆန်လွန်းအားကြီးတယ်...။ ရှောင်ရှန်းနွီ ကို သူက ဘယ်လိုလုပ် အော်ငေါက်ရက်ရတာလဲ...။]

[ဒါက ကိစ္စသေးသေးလေးပါ၊ ဒါပေမဲ့ ရှောင်ရှန်းနွီကို ဘယ်လိုလုပ် မေးခွန်းထုတ်ရက်တာလဲ...။ ရှောင်ရှန်းနွီက လုံးဝ မှားနိုင်စရာ အကြောင်းမရှိဘူး...။]

ထိုအခါ အနည်းငယ်မျှ ကန့်ကွက်သော မှတ်ချက်များ ရှိလာပါက ချက်ချင်းပင် အငြိုးတကြီး ပြန်လည်တုံ့ပြန် သော စာများ ရောက်လာတတ်လေသည်။

[မင်းအဖေက ပါဆယ်ပို့တဲ့သူမို့လို့လား...။]

[မင်းက တစ်သက်လုံး လူပျိုကြီးဖြစ်ဖို့ ထိုက်တန်တယ်...။]

[သေလိုက်ပါလား ငတုံးရဲ့...။ သန်းခေါင်ယံအချိန်ကြီး ဒီလိုကိစ္စမျိုး ကြုံရတာ ရှောင်ရှန်းနွီ ဘယ်လောက်တောင် လန့်သွားမလဲဆိုတာ မင်း သိလား...။ ငါသာဆိုရင် စိတ်ဒဏ်ရာရသွားတဲ့ ရှောင်ရှန်းနွီကို ပညာသင်ဆုပေးပြီး ဘွဲ့လွန်တန်းအတွက်ပါ နေရာချထားပေးလိုက်ပြီ...။]

ဤဆင်ခြင်တုံတရားကင်းမဲ့သော မှတ်ချက်များကို မြင်လိုက်ရသောအခါ လျန်ထျန်း၏ ကမ္ဘာ့အမြင်ကြီး တစ်ခု လုံး အမှန်တကယ် ပျက်စီးသွားရတော့သည်။

ထို့နောက် သူသည် တောက်ရင်အက်ပ်ပေါ်မှ ဗီဒီယိုတင်သူ၏ အကောင့်ကို ရှာဖွေကာ ဝင်ကြည့်လိုက်ရာ ပို့စ် အသစ်တစ်ခု တင်ထားသည်ကို တွေ့လိုက်ရပြီး အောက်ပါအတိုင်း ဖြစ်လေသည်။

[ကျိုးမင်...၊ သူ့ကို သိတဲ့သူ ရှိကြလား...။ မနေ့က ကျွန်မ တကယ် ရယ်စရာကောင်းတဲ့ ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရတယ်... ။ ဆိုလိုတာက ကျွန်မက ဝိတ်ချနေလို့ ညစာမစားဘူး၊ ဒါကြောင့် ဗိုက်ဆာလာတဲ့အခါ ညလယ်စာအတွက် ပါဆယ်မှာစားတာက သိပ်ပြီး လွန်ကျူးတဲ့ကိစ္စတော့ မဟုတ်ဘူးမလား...။]

မူလက ကျွန်မ အဆောင်နဲ့ အနီးဆုံးဖြစ်တဲ့ ဂျီအယ်လ်ရိပ်သာလမ်း က ဂိတ်ပေါက်ကို လိုကေးရှင်း ပေးထားတာ၊ ဒါပေမဲ့ အဲ့ဒီကို ရောက်သွားတော့ ဘာအစားအသောက်မှ မတွေ့ရဘူးလေ...။ ရိုးရိုးသားသား ပြောရရင် အဲ့ဒီအ ချိန်က သန်းခေါင်ယံအချိန်ကြီး၊ ပြီးတော့ ကျွန်မက မိန်းကလေးတစ်ယောက်အနေနဲ့ ကျောင်းဂိတ်ပေါက်က ပါဆယ်ပေးတဲ့ လော့ကာရှေ့မှာ ရပ်နေတာ၊ ဒါပေမဲ့ အစားအသောက်ကို မတွေ့ရဘူး...။ ကျွန်မ ဘယ်လောက် တောင် ကြောက်သွားလဲ သိလား...။ ကျွန်မ ချက်ချင်းပဲ ပို့ဆောင်သူကို ဖုန်းဆက်လိုက်တော့ သူက တခြားတံခါး ကို ပို့လိုက်ပြီတဲ့လေ... အဲ့ဒီအချိန်က အရမ်းမှောင်နေပြီး အဲ့ဒီတံခါးကလည်း အရမ်းဝေးတယ်...။]

[အဲ့ဒါနဲ့ ကျွန်မ သတ္တိမွေးပြီး ပို့ဆောင်သူကို ကျယ်ကျယ်လောင်လောင် မေးခွန်းထုတ်လိုက်တယ်...။ ကျွန်မက ကိုယ့်သတ္တိကို ပြန်မွေးနေရုံလေးပါ...၊ အဲ့ဒါ ဘာများ မှားနေလို့လဲ...။ ဒါပေမဲ့ အဲ့ဒီပို့ဆောင်သူက ကျွန်မပြောတာ ကို နားမထောင်ချင်ဘူး၊ ပြီးတော့ အဲ့ဒီ ပုစွန်ခေါင်းက အရမ်းအသံကျယ်တာ သိလား...။ ကျွန်မ တကယ် လန့် သွားတာ...။ ကျွန်မမှာ သူ့ကို အကျိုးအကြောင်းရှင်းပြဖို့ ကြိုးစားရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး၊ ပြီး တော့ ကျွန်မ လိုကေးရှင်း မှားမပေးခဲ့ဘူးဆိုတာကိုပါ ကျိန်တွယ်ပြောဆိုခဲ့တယ်...။ ဒါပေမဲ့ ကျွန်မက ဘာမှ အမှားမလုပ်ထားဘဲနဲ့ သူက ကျွန်မကို ရဲခေါ်ခိုင်းတယ်... ကျွန်မက ဘာလို့ ရဲခေါ်ရမှာလဲ...။]

[ပြီးတော့ သူက ရဲကို တိုင်မယ်တဲ့...။ ကျေးဇူးပြုပြီး သူ့မှာ ရဲတိုင်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ...၊ ဒါက လုံးဝကို အဓိပ္ပာယ်မရှိတာပဲ...။ ဒီအချိန်မှာ သူက ဖုန်းချသွားတယ်၊ သေချာတာကတော့ သူ မှားနေတာကို သိသွားပြီး ပြဿနာက သူ့ဆီမှာ ရှိနေတယ်ဆိုတာကို သိသွားတာပဲ...။ တကယ်လို့ တခြားသူသာဆိုရင် သူ့ကို ဖုန်းပြန် ဆက် ပြီး အော်ဆဲမိမှာပဲ...။ သူတို့မှားမှန်းသိရက်နဲ့ တောင်းပန်စကား မပြောဘူးလား...၊ ထွက်ပြေးရုံနဲ့ ပြဿနာ က ဖြေရှင်းပြီးသား ဖြစ်သွားမှာလား...။]

[တခြားတစ်နည်းနဲ့ ပြောရရင် ကျွန်မက တော်တော်လေး သဘောထားကြီးလို့ သူ့ကို အပြစ်မယူခဲ့ဘူး၊ အဆိုးမြင် မှတ်ချက်တစ်ခုပေးပြီး တိုင်တန်းရုံပဲ လုပ်ခဲ့တာ...၊ ကျွန်မ ပါဆယ်သွားယူဖို့ အဲ့ဒီတံခါးဆီကို အဝေးကြီး လမ်း လျှောက်သွားခဲ့ရတယ်...။ လမ်းမှာ အရမ်းမှောင်ပြီး အေးစက်နေပြီး ကြောက်စရာကောင်းလွန်းတယ်...။ ကျွန်မ က မိန်းကလေးတစ်ယောက်ဆိုတော့ မိန်းကလေးတွေဆိုရင် သေချာပေါက် နားလည်ပေးနိုင်မယ် မလား...။]

[ဝါး...၊ အဲ့ဒီ ပို့ဆောင်သူက အရမ်းယုတ်မာတာပဲ...။ သူ ပြန်လာပြီး ကျွန်မအတွက် လာပို့ပေးရင် သေများ သွားမှာမို့လို့လား...။ ဟူး... မကြာသေးခင်က ကျွန်မ တော်တော်လေး ပျော်နေခဲ့တာ၊ ဒါပေမဲ့ ဒီကိစ္စကြီးက ကျွန်မရဲ့ စိတ်ခံစားချက်ကို ဖျက်ဆီးပစ်လိုက်ပြီ...၊ ယောကျ်ားတွေကို ကြောက်ရွံ့နေရတဲ့ နောက်ထပ် နေ့တစ် နေ့ပါပဲ...။]

ထိုစာအားလုံးကို ဖတ်ပြီးနောက် လျန်ထျန်း၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်သွားရလေသည်။

အမှန်တရားကို လိုရာဆွဲလှည့်စားခြင်း၊ အမှားအမှန်ကို ရှုပ်ထွေးစေခြင်း၊ သူခိုးက လူဟစ်ခြင်းနှင့် အဖြူကို အမည်းဟု မြင်ခြင်းတို့၏ အဓိပ္ပာယ်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေပြီ။ ယနေ့တွင် သူ အရာအားလုံးကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

ဤကိစ္စမှာ အွန်လိုင်းပေါ်တွင် အမှန်တကယ် ကြီးမားလှသော ရုတ်ရုတ်သဲသဲမှုကို ဖြစ်ပေါ်စေခဲ့ပြီး မှတ်ချက် အများစုမှာ ပို့စ်တင်သူ၏ တစ်ဖက်သတ် ပြောဆိုချက်အပေါ်တွင်သာ အခြေခံထားကာ အများစုက ပို့ဆောင်သူ ကို ဝေဖန်ရှုတ်ချနေကြလေသည်။

ရလဒ်အနေဖြင့် လူထုအမြင်မှ ထွက်ပေါ်လာသော အင်အားနှင့် ဖိအားများမှာ အဝါရောင်သားပိုက်ကောင် ကုမ္ပဏီအပေါ်သို့ ကျရောက်သွားတော့သည်။

အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီက ဤအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို ခန့်မှန်းရ လွယ်ကူလှပေသည်။ သေချာပေါက် သူတို့သည် ငွေကြေးအမြောက်အမြား သုံးစွဲသည့် ဖောက်သည်များကို အရှက်ကင်းမဲ့စွာ ဖားယားရန် ကြိုးစားရင်း ပို့ဆောင်သူများကိုသာ ထပ်မံ၍ ပစ်မှတ်ထားလာကြမည် ဖြစ်သည်။

ပြည်သူ့ဆက်ဆံရေး အကောင့်ကလည်း အွန်လိုင်းပေါ်တွင် ကြေညာချက်တစ်စောင်ကို လျင်မြန်စွာ ထုတ်ပြန် ခဲ့ရာ ပါဝင်သော အကြောင်းအရာများမှာ ဖောက်သည်များ၏ အကျိုးစီးပွားကို သေချာစေရေး၊ ဖြစ်ရပ်၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးနှင့် ပါဝင်ပတ်သက်နေသော ပို့ဆောင်သူကို ပြင်းထန်စွာ အပြစ်ပေးရေး စသည်တို့သာ ဖြစ်လေသည်။

မကြာမီမှာပင် သူ၏ အစားအသောက် ပို့ဆောင်ရေး အကောင့်မှာ အော်ဒါလက်ခံခြင်းမှ ကန့်သတ်ခံလိုက်ရ ကြောင်း လျန်ထျန်း တွေ့ရှိလိုက်ရလေသည်။ ဖောက်သည်ဝန်ဆောင်မှုဌာနက သူ့ထံသို့ ဖုန်းဆက်ကာ ဖောက် သည်အား ချက်ချင်း တောင်းပန်ရန်၊ သို့မဟုတ်ပါက သူ၏ အကောင့်မှာ ထာဝရ ပိတ်ပင်ခံရနိုင်ကြောင်းပင် ပြောဆိုလာလေသည်။

ကိစ္စရပ်များက ဤအခြေအနေအထိ ဆိုးရွားလာသောအခါ လျန်ထျန်းအနေဖြင့် ဆက်လက်၍ သည်းခံနိုင်စွမ်း မရှိတော့ပေ။

တုံ့ဆိုင်းနေခြင်းမရှိဘဲ သူသည် ချက်ချင်းပင် ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ယမန်နေ့ညက ဖုန်းခေါ်ဆိုမှု အသံဖမ်းထားချက်ကို ပြန်လည်ရယူကာ မိတ္တူပွား၍ သက်သေအထောက်အထား အားလုံးကို ထိန်းသိမ်း ထားလိုက်လေသည်။

မှန်ပေသည်။ လျန်ထျန်းသည် ယမန်နေ့ညက ဖုန်းခေါ်ဆိုမှု တစ်ခုလုံးကို အသံဖမ်းထားခဲ့ခြင်း ဖြစ်သည်။ ဤ သည်မှာ ပြဿနာများစွာနှင့် ကြုံတွေ့ရပြီးနောက် သူ မွေးမြူထားခဲ့သော အလေ့အကျင့်ကောင်းတစ်ခု ဖြစ် လေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ရဲတိုင်ရုံမျှဖြင့် သူ၏ ဒေါသများ ပြေပျောက်သွားမည် မဟုတ်ကြောင်း လျန်ထျန်း ခံစားလိုက်ရသဖြင့် ဖုန်းခေါ်ဆိုမှု အသံဖမ်းထားချက် တစ်ခုလုံးကို တောက်ရင် အက်ပ်ပေါ်သို့ ဗီဒီယိုတိုတစ်ခု အဖြစ် တင်လိုက်လေသည်။

ထို့အပြင် ထိုဗီဒီယိုတွင် ကြော်ငြာထည့်ရန်အတွက် သူ တစ်ယွမ် သုံးစွဲလိုက်လေသည်။ ယခုအချိန်ရှိ တစ်ယွမ်မှာ ကမ္ဘာပေါ်တွင် ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ဒေါ်လာတစ်သန်းနှင့် ညီမျှကြောင်းကို သိထားရ မည် ဖြစ်သည်။

ဗီဒီယိုတစ်ခုကို ပရိုမုတ်လုပ်ရန်အတွက် တစ်သန်း အသုံးပြုလိုက်ခြင်းက အချိန်တိုအတွင်းမှာပင် ရေပန်းစားသွား စေမည် ဖြစ်ပေသည်။

မကြာမီမှာပင် နောက်ဆုံး၌ အမှန်တရားကို သိရှိသွားသူများသည် ယခင်က မှားယွင်းသော ပြောဆိုချက်များကို ဆန့်ကျင်၍ ကြီးမားလှသော တန်ပြန်တိုက်ခိုက်မှုကြီးကို စတင်လိုက်ကြတော့သည်။

အခြားတစ်ဖက်တွင်မူ အင်န်မြို့တော် ရဲဌာနရှိ ရဲအရာရှိများမှာ လျန်ထျန်းထံမှ တိုင်တန်းချက်ကို လက်ခံရယူ အပြီးတွင် ရယ်မောလိုက်ကြလေသည်။

"အသေးအဖွဲ ကိစ္စလေးတွေက စုံလို့ပါလား...။ ပါဆယ်ပို့တာလေးကအစ အငြင်းပွားမှု ဖြစ်ရတယ်လို့...၊ ဘာမှမဟုတ်တဲ့ ကိစ္စကို ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား...။"

"ကောင်းပြီ...၊ ငါ ဝတ္တရားကျေရုံလေးပဲ မှတ်တမ်းတင်ထားလိုက်မယ်...။ ဘာပဲဖြစ်ဖြစ် ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ...၊ အရန်ရဲအရာရှိဆိုတဲ့ ငါ့ရာထူးနဲ့ ငါ့ရဲ့ နည်းပါးလှတဲ့ လစာလေးကို ဒါက ဘယ်လိုလုပ်ပြီး ထိခိုက် စေနိုင်မှာလဲ...။"

တာဝန်ကျအရာရှိမှာ အသေးစိတ် အချက်အလက်များကို ဖြစ်ကတတ်ဆန်း မှတ်တမ်းတင်နေရင်း တီးတိုးရေ ရွတ်လိုက်ပြီးနောက် မကြာမီမှာပင် ထိုကိစ္စကို မေ့ပစ်လိုက်လေသည်။

သို့သော်လည်း မကြာမီမှာပင် ညွှန်ကြားရေးမှူး၏ ဖုန်း မြည်လာလေသည်။ ရဲစခန်းမှူးသည် သူ၏ ရုံးခန်းထဲမှ ဒေါသတကြီး ထွက်လာခဲ့ပြီး ကင်းလှည့်ရဲအရာရှိများ အားလုံးကို ခေါ်ယူကာ အသံသြသြဖြင့် ဆိုလိုက်လေ သည်။

"ခုလေးတင် ဗီဒီယိုတစ်ခုက အွန်လိုင်းပေါ်မှာ ဆွေးနွေးမှုတွေ အများကြီး ဖြစ်စေခဲ့တယ်...။ ဗီဒီယိုရဲ့ အဆုံးမှာ ပို့စ်တင်တဲ့သူက ရဲတိုင်ထားပြီး ရဲရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို စောင့်နေတယ်လို့ ပြောထားတယ်...။"

"ဖုန်းပြောထားတဲ့ အသံဖမ်းမှတ်တမ်းက အရမ်းကို ရှင်းလင်းပြတ်သားတယ်၊ အဲ့ဒါ ငါတို့ လက်ခံရရှိခဲ့တဲ့ တိုင်တန်းချက် ဖုန်းခေါ်ဆိုမှုပဲ...။ ဘာလို့ ငါက အခုမှ သိရတာလဲ...။"

"ညွှန်ကြားရေးမှူး ကိုယ်တိုင် ငါ့ဆီကို ဖုန်းဆက်ပြီး ပြောတာကွ...။ ဘယ် အော်ပရေတာက ဖုန်းကို ကိုင်ခဲ့တာ လဲ...၊ အရှေ့ကို ထွက်ခဲ့စမ်း...။"

လျန်ထျန်း၏ ရဲတိုင်သည့် ဖုန်းကို ကိုင်ခဲ့သော အရာရှိအပါအဝင် ရဲအရာရှိများအားလုံးမှာ အနည်းငယ် အံ့အား သင့်သွားကြလေသည်။ ၎င်းမှာ သူ ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

မည်သို့ပင်ဆိုစေ သူ၏ အမြင်တွင် အစားအသောက် ပို့ဆောင်သူ တစ်ဦး၏ ရဲတိုင်သည့် ဖုန်းခေါ်ဆိုမှုက မည်သို့ သော ပြဿနာမျိုးကိုများ ဖြစ်စေနိုင်မည်နည်း။ ထို့အပြင် သူ့အတွက်မူ ဤကိစ္စမှာ အသေးအဖွဲလေးမျှသာ ဖြစ် လေသည်။

သို့သော် ညွှန်ကြားရေးမှူး၏ နောက်ဆက်တွဲ စကားများက သူ၏ ခြေထောက်များကို ချက်ချင်းပင် တုန်ရီသွား စေတော့သည်။

"တိုင်တန်းတဲ့သူက အစားအသောက် ပို့ဆောင်သူတစ်ယောက်ပဲ...။ ငါ ပြောတာ ရှင်းရှင်းလင်းလင်း မဖြစ်သေး ဘူးလား...။ ဘယ်သူက ဖုန်းကို ကိုင်ခဲ့တာလဲ...။ အခုချက်ချင်း အရှေ့ကို ထွက်ခဲ့စမ်း...။"

All Chapters