← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂)

မိန်းကလေးများ ကြောက်ရွံ့သွားခြင်း

အစားအသောက်ပို့ဆောင်ခြင်းက ဤမျှလောက် ကြီးမားသော လူထုလှုပ်ရှားမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ယုံကြည်နိုင်ရန် ခက်ခဲလှပေသည်။

ဤအဖြစ်အပျက်မှာ လျန်ထျန်းထံတွင် တကယ်တမ်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ရဲစခန်းသို့ တိုင်ကြားသောအခါ တွင်လည်း လျစ်လျူရှုခံရမလို ဖြစ်ခဲ့လေသည်။

ဖုန်းလက်ခံဖြေကြားသော ရဲအရာရှိမှာ သူ၏ အခြေအနေကို အလေးအနက် မထားဘဲ အကြမ်းဖျင်း မှတ်သား ကာ အမှုပိတ်ပစ်ရန်သာ ရည်ရွယ်ထားပုံရသည်။ ထင်မှတ်မထားစွာဖြင့် လျန်ထျန်းသည် ယမန်နေ့ညက ဖုန်းခေါ် ဆိုမှု တစ်ခုလုံးနှင့် ရဲစခန်းသို့ တိုင်ကြားသည့် ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို အသံဖမ်းထားခဲ့ပြီး ဗီဒီယိုတိုလေး တစ်ခုအဖြစ် အင်တာနက်ပေါ်သို့ တင်လိုက်လေသည်။

ထို့နောက် (၁) ယွမ်တည်းဟူသော ကြီးမားသည့် ငွေကြေးပမာဏကို အသုံးပြုကာ ကြော်ငြာ၍ လူကြိုက်များ လာစေရန် ပြုလုပ်ခဲ့သဖြင့် အမှန်တရားကို လူတိုင်း သိရှိသွားကြတော့သည်။

ဤကဲ့သို့ ဇာတ်လမ်းလှည့်စားသွားမှုက လူထု၏ သဘောထား ပြန့်နှံ့မှုကို ပိုမို လျင်မြန်သွားစေခဲ့ပြီး ဖိအားများမှာ အင်န်မြို့တော် ရဲဌာနချုပ်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားကာ ရဲမှူးချုပ်က စခန်းမှူးထံသို့ ဖုန်းဆက်ရသည့် အဖြစ် အပျက်ဆီသို့ ဦးတည်သွားစေခဲ့လေသည်။

ဖုန်းဖြေကြားခဲ့သော အော်ပရေတာမှာလည်း အစားအသောက်ပို့ဆောင်သူ တစ်ဦး၏ တိုင်ကြားချက်က သူ၏ အရန်ရဲအရာရှိ ရာထူးနှင့် နည်းပါးလှသော လစဉ်လစာကို ထိခိုက်စေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ရဲစခန်းကလည်း လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ထိုအော်ပရေတာမှာ ယာယီဝန်ထမ်းသာ ဖြစ်ကြောင်း၊ တာဝန်ပေါ့လျော့မှုကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းနှင့် ဤကိစ္စကို သေချာစွာ စုံစမ်းစစ်ဆေး သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့လေသည်။ ဤအဖြစ်အပျက်က ပြည်သူတို့၏ ကိစ္စအသေး အမွှားလေးများကို အလေးအနက် မထားသော တာဝန်ကျအရာရှိ တစ်ဦးအနေဖြင့် ရဲအရာရှိကောင်း တစ်ဦး မဖြစ်နိုင်ကြောင်းကို သက်သေပြနေလေသည်။

တစ်ချိန်တည်းမှာပင် ဖိအားများမှာ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီအပေါ်သို့လည်း ကျရောက်လာခဲ့ပြီး မကြာမီတွင် ဖောက်သည်ဝန်ဆောင်မှု ကိုယ်စားလှယ် တစ်ဦးက လျန်ထျန်းထံသို့ ထပ်မံ ဖုန်းဆက်လာခဲ့ရာ ဤတစ်ကြိမ်တွင်မူ မန်နေဂျာတစ်ဦး ဖြစ်နေလေသည်။

"မင်း တင်ထားတဲ့ ဗီဒီယိုကို အခုချက်ချင်း ဖျက်လိုက်သင့်တယ်...။ ကိစ္စတွေကို ဒီထက် ပိုမကြီးကျယ်သွားပါစေ နဲ့...။ ရုံးချုပ်က မကြာခင်ကတင် ကြေညာချက် ထုတ်ထားတာဆိုတော့ ဒါက မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်မနေဘူးလား...။"

ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ ဒေါသထွက်သွားခဲ့လေသည်။

"ဒါဆိုရင် ခင်ဗျားတို့က ဘာလို့ သေချာ စုံစမ်းစစ်ဆေးမှု မလုပ်ဘဲ ကျွန်တော်တို့ ပို့ဆောင်သူတွေ အပေါ်ကိုချည်း အပြစ်ပုံချနေရတာလဲ...။ ပြီးခဲ့တဲ့နှစ်တွေထဲမှာ ကျွန်တော်တို့ ပို့ဆောင်သူတွေ အပြစ်တွေကို ခေါင်းခံပေးခဲ့ရတာ မလုံလောက်သေးဘူးလား...။"

ဖောက်သည်ဝန်ဆောင်မှု မန်နေဂျာက ထပ်မံ၍ ပြောလိုက်သည်။

"အို... အလုပ်လုပ်တဲ့အခါ တစ်ခါတလေ အပြစ်ခေါင်းခံရတာ သာမန်ကိစ္စပဲ မဟုတ်ဘူးလား...။ ဘယ်သူကရော အပြစ်ခေါင်းမခံခဲ့ဖူးလို့လဲ...၊ လူတိုင်း ဒီလိုပဲ ဖြတ်သန်းရတာပဲ မဟုတ်လား...။"

"တကယ်တော့ ဒါက ကိစ္စသေးသေးလေးပါ...။ မင်းက ဖောက်သည်ဆီ ဖုန်းဆက်ပြီး တောင်းပန်လိုက်ရုံနဲ့ ပြီးသွားမယ့်ဟာကို ဘာလို့ ဒီလောက်တောင် အကြီးအကျယ် ဖြစ်အောင် လုပ်နေရတာလဲ...။"

"ကိစ္စတွေ ပိုကြီးသွားရင် ဘယ်သူမှ ပျော်ရမှာ မဟုတ်ဘူး...။ မင်းရဲ့ အကောင့်ကို ကြည့်ရသလောက် အစားအ သောက် ပို့လာတာ သုံးနှစ်တောင် ကျော်နေပြီပဲ...။ မင်းလည်း ဒဏ်ရိုက်ခံရပြီး အကောင့် ပိတ်ခံရတာမျိုး၊ အလုပ် ပြုတ်သွားတာမျိုး မဖြစ်ချင်ဘူး မဟုတ်လား...။"

ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ ပို၍ပင် ဒေါသထွက်သွားတော့သည်။

"ပထမဆုံး အချက်အနေနဲ့ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး...။ ပြီးတော့ ကျွန်တော် တင်လိုက်တဲ့ ဗီဒီယို ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေ အားလုံးကလည်း အမှန်တရားတွေချည်းပဲ...။"

"ခင်ဗျားတို့တွေက တကယ်ကို လွန်လွန်းတယ်...၊ ကျွန်တော့်အကောင့်ကို အော်ဒါလက်ခံခွင့် ကန့်သတ်တယ်၊ ဒဏ်ငွေရိုက်တယ်၊ ပြီးတော့ အကောင့်ကို အပြီးပိတ်ပစ်မယ်လို့တောင် သတိပေးနေသေးတယ်...။"

"ဒါဆို ခင်ဗျားတို့က ကျွန်တော်တို့ ပို့ဆောင်သူ တစ်ယောက်နှစ်ယောက်လောက် အပိုလိုတယ်ဆိုပြီး ကျွန်တော် တို့ကို လူလို့တောင် မသတ်မှတ်ကြတော့ဘူးပေါ့လေ...။ ကျွန်တော် မလုပ်ရင်တောင် တခြား လုပ်မယ့်သူတွေ အများကြီး ရှိသေးတယ်လို့ ထင်နေတာလား...။"

"ကျွန်တော် တကယ် ပြောရရင် ကျွန်တော့်အတွက် တရားမျှတမှုကို ရအောင် ယူရလိမ့်မယ်...။ မဟုတ်ရင် ဒီကိစ္စကို ကျွန်တော် ကျေနပ်နိုင်မှာ မဟုတ်ဘူး...။ ပြီးတော့ အပြစ်တွေကို ခေါင်းခံပေးနေရတဲ့ ပို့ဆောင်သူတွေ အားလုံးလည်း ဆက်ပြီးတော့ နှုတ်ဆိတ်ခံစားနေကြရဦးမှာပဲ...။"

ဤတစ်ကြိမ်တွင်မူ ဖောက်သည်ဝန်ဆောင်မှု မန်နေဂျာမှာ ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် ယခင်အတိုင်း ရှေးရိုးဆန်သော အကြံပေးစကားများဖြင့် ဆက်၍ ပြောလာလေသည်။

"လူငယ်တွေဆိုတာ ဒီလောက် သဘောထား မသေးသိမ်သင့်ပါဘူး...။ ရှေးလူကြီးတွေ စကားရှိတယ်လေ တစ်လှမ်းဆုတ်ပေးလိုက်တာက ကျယ်ပြောတဲ့ ကောင်းကင်ကြီးကို ဖွင့်ပေးလိုက်တာပဲတဲ့...။ ပြီးတော့ အနစ်နာ ခံရတာကလည်း ကောင်းချီးတစ်ခုပါပဲတဲ့...။"

"ကဲပါ...၊ မင်း ဗီဒီယိုကို ဖျက်ပြီး ဖောက်သည်ကို တောင်းပန်လိုက်တာနဲ့ မင်းအပေါ် ကန့်သတ်ထားတာတွေကို ငါ ရုပ်သိမ်းပေးမယ်...။ ဒဏ်ငွေလည်း ရိုက်မှာ မဟုတ်တော့ဘူး...၊ ဒီကိစ္စကို ဒီမှာတင် ပြီးပြီလို့ သတ်မှတ်လိုက်ကြ မယ် ဘယ်လိုလဲ...။"

လျန်ထျန်းမှာ ဒေါသထွက်လွန်းသဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။

"တစ်လှမ်းဆုတ်ပေးလိုက်ရင် ကမ္ဘာသစ်ကြီး ပွင့်သွားမယ် ဟုတ်လား...။ ကျွန်တော် ခံစားရတာကတော့ ပိုပြီး သည်းခံလေ ပိုပြီး ဒေါသထွက်ရလေပဲ...။"

"ပြီးတော့ အနစ်နာခံတာက ကောင်းချီးတစ်ခုဆိုတဲ့ စကားလည်း ရှိသေးတယ်ဆိုတော့ နောင်ကျရင် ခင်ဗျား လည်း အဆုံးအစမရှိတဲ့ ကောင်းချီးတွေ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။ ကျွန်တော် ပြောစရာရှိတာ ဒါပဲ...၊ ဒါပါပဲ...။"

ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် ဖုန်းချလိုက်လေသည်။ ထို့နောက် သူသည် ဖုန်းခေါ်ဆိုမှု မှတ်တမ်းအား ဗီဒီယိုတိုလေး တစ်ခုအဖြစ် ဖန်တီးကာ တောက်ရင် အက်ပ်ပေါ်တွင် တင်လိုက်ပြီးနောက် (၁) ယွမ်တန် ကြော်ငြာ တစ်ခုကိုပါ ထပ်မံ ထည့်သွင်းလိုက်လေသည်။

ပြည်သူလူထု၏ ဖိအားပေးမှု မုန်တိုင်းမှာ ပိုမို ပြင်းထန်လာခဲ့လေသည်။ အဆုံးတွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ရဲများမှာ ထွက်လာကာ ထိုမိန်းကလေးကို ဖမ်းဆီးရတော့ပြီး အဝါရောင်သားပိုက်ကောင် ကုမ္ပဏီကလည်း လျန်ထျန်း၏ အကောင့်အပေါ် အော်ဒါလက်ခံခွင့် ကန့်သတ်ထားခြင်းကို ရုပ်သိမ်းကာ ဒဏ်ကြေးငွေကိုလည်း ပယ်ဖျက်ပေးခဲ့ရလေသည်။

အခြားတစ်ဖက်တွင်မူ မိန်းကလေးမှာ အခြေအနေများက သူမ မျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်သွား ကြောင်း တွေ့ရှိလိုက်ရသည်။ သူမသည် တောက်ရင် အက်ပ်ပေါ်ရှိ လျန်ထျန်း၏ အကောင့်ကို ရှာဖွေကာ သီးသန့်မက်ဆေ့ချ် တစ်စောင် ပို့လိုက်လေသည်။

[ရှင်က ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နေရတာလဲ...။ ရဲတွေက ကျွန်မကို လာဖမ်းတော့မယ်လို့ ကြားတယ်...။ ဒီလို ကိစ္စသေးသေးလေးအတွက် ဒီလောက်ထိ လုပ်ဖို့ တကယ်ပဲ တန်လို့လား...။]

လျန်ထျန်းသည် ထိုမက်ဆေ့ချ်ကို ကြည့်ကာ လှောင်ပြောင်သည့်အနေဖြင့် နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီးနောက် ပြန်စာပို့လိုက်သည်။

[တကယ်ပဲ အဲ့ဒီလောက်တောင် ကြီးကျယ်နေလို့လား...။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ အမှန်တရားကို လိုရာဆွဲလှည့် ပြီး ကျွန်တော့်ကို အနိုင်ကျင့်ဖို့ စတင်ခဲ့တာက ခင်ဗျားပဲလေ...။]

[ခင်ဗျားတို့က အငြိုးတကြီးနဲ့ အဆိုးမြင် မှတ်ချက်တွေပေးပြီး တိုင်ကြားခဲ့သေးတယ်...။ အဲ့ဒီအတွက် ကျွန်တော် အော်ဒါလက်ခံခွင့် ကန့်သတ်ခံခဲ့ရပြီး ရက်အတော်ကြာ ဝင်ငွေတွေ ဆုံးရှုံးရတဲ့အပြင် ဒဏ်ငွေတွေပါ အတပ်ခံခဲ့ရ တယ်...။]

စက္ကန့်အနည်းငယ် အကြာတွင် ထိုမိန်းကလေးထံမှ မက်ဆေ့ချ် နောက်တစ်စောင် ထပ်ရောက်လာလေသည်။

[ရှင်က ရက်အနည်းငယ်စာ ဝင်ငွေနဲ့ ဒဏ်ငွေ နည်းနည်းလောက်ပဲ ဆုံးရှုံးသွားတာပါ...။ ဒါပေမဲ့ ကျွန်မကတော့ ကျွန်မရဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ဆုံးရှုံးလိုက်ရတယ်...။]

[ကောင်းပြီလေ...၊ ကောင်းပါပြီ...။ ကိစ္စတွေကလည်း ဒီအထိ ရောက်နေပြီဆိုတော့ ရှင်နဲ့ ဆက်ပြီး ပြဿနာ မဖြစ်ချင်တော့ပါဘူး...။ ဒါကိုပဲ ကျွန်မ တောင်းပန်တယ်လို့ သဘောထားလိုက်ပါတော့...။]

လျန်ထျန်းမှာ တကယ်ကို မနေနိုင်တော့ဘဲ လက်ခုပ်ပင် တီးလိုက်ချင်စိတ် ပေါက်သွားရလေသည်။

[ဒီလိုမျိုး တောင်းပန်တာကို အခုမှပဲ ပထမဆုံး အကြိမ် မြင်ဖူးတော့တယ်...။ ခင်ဗျားက တကယ် တောင်းပန်ချင် နေတာ မဟုတ်ပါဘူး...၊ ရဲတွေ လာဖမ်းတော့မယ်ဆိုတာ သိလို့ ကြောက်နေတာ မဟုတ်လား...။]

[ခင်ဗျားရဲ့ သဘောထားက ဒီလိုဆိုရင်တော့ စိတ်မကောင်းပါဘူး...။ ရဲတွေ လာပြောမယ့် အချိန်ကိုသာ စောင့်နေ လိုက်ပါတော့...။ အသရေဖျက်မှုနဲ့ စော်ကားမှုတွေအတွက် ခင်ဗျားအနေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် လောက်အထိ ကျခံရနိုင်တယ်...။]

ဤစာကိုမြင်သောအခါ ထိုမိန်းကလေးမှာ သိသိသာသာ စိုးရိမ်လာပုံရပြီး သူမ၏ လေသံမှာလည်း လျင်မြန်စွာ ပျော့ပျောင်းသွားတော့သည်။

[ပို့ဆောင်သူအစ်ကို...၊ ဒီလို ကိစ္စသေးသေးလေးကို ဒီလောက်အထိ အကြီးအကျယ် ဖြစ်အောင် လုပ်ဖို့ တကယ် ပဲ တန်လို့လား...။]

[ကောင်းပါပြီ...၊ ကောင်းပါပြီ...။ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်...။ ဆောရီးပါ...၊ ဒါ ကျွန်မရဲ့ အမှားပါ...။ ကျွန်မ နောက်မှ သေချာ ပြန်စစ်ကြည့်တော့ တည်နေရာ အမှားပေးမိတာက တကယ်ပဲ ကျွန်မ ဖြစ်နေလို့ပါ...။]

[တစ်ခါတလေ အတန်းဖော်တွေနဲ့ အပြင်ထွက်တဲ့အခါ အရှေ့တောင်ဘက် ဂိတ်ပေါက်မှာ အစားအသောက်တွေ သွားယူတတ်လို့ပါ...။ ပြီးခဲ့တဲ့အကြိမ်က မူလသတ်မှတ်ထားတဲ့ လိပ်စာကို ပြောင်းဖို့ မေ့သွားလို့ အခုလို နားလည်မှုလွဲတာတွေ ဖြစ်သွားရတာပါ...။]

[ကဲပါ...၊ ရှင် ရဲစခန်းကို တိုင်ထားတာကို အမြန်ဆုံး သွားရုပ်သိမ်းလိုက်ပါနော်...။ သူတို့ကို ကျွန်မကို လာမဖမ်း ခိုင်းပါနဲ့...၊ ကျွန်မ ကြောက်လို့ပါ...။]

[အဲ့ဒီနောက် ကိစ္စတွေကို ရှင်းလင်းသွားအောင် ဒုတိယ အကောင့်တစ်ခုကို သုံးပြီးတော့ ကျွန်မ ရှင်းလင်းချက် လေး တင်ပေးပါ့မယ်...။ ဘယ်လို ရေးရမလဲဆိုတာလည်း ကျွန်မ စဉ်းစားထားပြီးပြီ...၊ ရှင် ကြည့်လို့ရအောင် ပို့ပေးလိုက်မယ်နော်...။]

ထိုသို့ ပြောပြီးနောက် ကြိုတင် တည်းဖြတ်ထားသော စာတိုရှည်ကြီး တစ်စောင် ရောက်ရှိလာခဲ့ရာ အောက်ပါ အတိုင်း ဖြစ်လေသည်။

[ဗီဒီယိုထဲက မိန်းကလေးရဲ့ အသံက တကယ်ကို နားထောင်လို့ မကောင်းပါဘူး...။ ပြီးတော့ ပို့ဆောင်သူကလည်း သူမကို စိတ်ရှည်လက်ရှည်နဲ့ ဆက်သွယ်ပြောဆိုပေးခဲ့ပါတယ်...။]

[ဒါပေမဲ့ ကျွန်မ နားလည်ထားသလောက်တော့ ဒီမိန်းကလေးမှာ စိတ်ခံစားမှု အပြောင်းအလဲမြန်တဲ့ ရောဂါ ရှိနေပြီး အခု လောလောဆယ် ကုသမှု ခံယူနေရတာပါ...။]

[ဒီရောဂါအကြောင်း သိပ်ပြီး နားမလည်ပေမဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲတာနဲ့ စိတ်လိုက် မာန်ပါ လုပ်တတ်တဲ့ သဘောသဘာဝတွေ ပါဝင်မယ်လို့တော့ ထင်ပါတယ်...။]

[ဒါကြောင့် ဒီမိန်းကလေးက လုံးဝ အပြစ်ကင်းစင်တယ်လို့ ပြောလို့ မရပေမဲ့ သူမကိုယ်တိုင်လည်း အများကြီး ခံစားနေရမှာ အသေအချာပါပဲ...။ သူမအနေနဲ့ အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို ခံနိုင်ရည်မရှိမှာကို ကျွန်မ တကယ်ပဲ စိုးရိမ်မိပါတယ်...။]

[လူတိုင်းက ပိုပြီး နားလည်ပေးနိုင်မယ်၊ စာနာပေးနိုင်မယ်၊ ပြီးတော့ သည်းခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...။ လူအုပ်နောက်ကို အကန်းသဘောမျိုး လိုက်ပြီးတော့ ကီးဘုတ်သမားတွေ ဖြစ်မလာကြဖို့ တောင်းဆိုချင်ပါ တယ်...။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပေးကြရအောင်ပါ...၊ ကျေးဇူးတင်ပါတယ်...။]

ထို့နောက် ချက်ချင်းပင် ထိုမိန်းကလေးထံမှ မက်ဆေ့ချ် နောက်တစ်စောင် ထပ်မံ ရောက်ရှိလာလေသည်။

[ဒီစာသားလေးက ဘယ်လိုနေလဲ ပို့ဆောင်သူအစ်ကို... မဆိုးဘူး မဟုတ်လား...။]

[ကျွန်မ ဒါကို တင်ပြီးသွားရင် ရှင့်ကို တောင်းပန်ပြီးပြီ ဖြစ်တဲ့အကြောင်းနဲ့ လူတိုင်းကလည်း ဒီကိစ္စကို သိပ်ပြီး အာရုံမစိုက်ကြဖို့ အောက်မှာ မှတ်ချက်လေး ဝင်ရေးပေးပါနော်...။]

[အရာအားလုံးက နားလည်မှုလွဲတာပါ၊ အခု ဖြေရှင်းပြီးသွားပါပြီ၊ ပို့ဆောင်သူအစ်ကိုဆီက ခွင့်လွှတ်မှု ရရှိပြီးပြီ ဖြစ်လို့ ဒီကိစ္စ ပြီးဆုံးသွားပြီ ဆိုတဲ့အကြောင်းကိုလည်း ကျွန်မက မှတ်ချက် ရေးတင်ပေးပါ့မယ်...။]

[ပို့ဆောင်သူအစ်ကို...၊ ကျွန်မက မိန်းကလေး တစ်ယောက်ဖြစ်တဲ့အပြင် စိတ်ကျရောဂါ အပျော့စားလေးပါ ရှိနေတာမို့လို့ ခွင့်လွှတ်ပေးပါနော်...။]

[ရှင်လည်း ကျွန်မကို အလွန်အမင်း ဖိအားမပေးချင်ဘူးဆိုတာ သေချာပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ သာ စိတ်လိုက်မာန်ပါနဲ့ မိုက်မဲတဲ့ အလုပ်တစ်ခုခု လုပ်လိုက်မိရင် အင်တာနက်ပေါ်မှာ ပိုကြီးကျယ်သွားပြီး ရှင့် အနေနဲ့ အွန်လိုင်းပေါ်က အနိုင်ကျင့်တဲ့သူ ဖြစ်သွားလိမ့်မယ်လေ...။]

ဤစာကို မြင်ပြီး ကြားလိုက်ရသောအခါ လျန်ထျန်းမှာ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားလေသည်။ ထို့နောက် သူက မက်ဆေ့ချ်ကို ပြန်လည် ပေးပို့လိုက်သည်။

[ဒါဆို... ခင်ဗျားရဲ့ သည်းခံပေးမှုအတွက် ကျွန်တော်က ကျေးဇူးတင်ရမှာပေါ့လေ...။]

All Chapters