အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃)
ရိုးရိုးသားသား အစားအသောက်ပို့ပြီး ပိုက်ဆံရှာမည်
[မင်းက အဲ့ဒီလိုပြောလာမှတော့ ငါက ခွင့်လွှတ်ပေးရမလို ဖြစ်နေပြီ...။ ငါသာ ခွင့်မလွှတ်ရင် မင်းရဲ့ စိတ်ကျ ရောဂါတွေ ပြန်ထပြီး ငါ့ကို အွန်လိုင်းပေါ်ကနေ ထပ်နှောင့်ယှက်နေရင် ဒုက္ခ...။]
[ဪ စိတ်ကျရောဂါနဲ့ စိတ်ခံစားမှု အပြောင်းအလဲမြန်တဲ့ ရောဂါတဲ့လား...၊ ငါက သိပ်နားမလည်တော့ အခုခေတ်မှာ ရောဂါတွေက အဲ့ဒီလောက်တောင် အလွယ်တကူ ပြောင်းလဲပစ်လို့ ရနေတာလား...။]
[မင်း တကယ်ပဲ ရောဂါရနေတာ မဟုတ်လား...၊ မင်းမှာ ဘာပြဿနာပဲရှိရှိ ငါသိတာကတော့ ကိုယ်လုပ်တဲ့အမှား အတွက် ကိုယ်တိုင် တာဝန်ယူရမယ် ဆိုတာပဲ...။]
[တစ်ခုခုဖြစ်တာနဲ့ ဟိုရောဂါလိုလို ဟိုရောဂါလိုလို အကြောင်းပြတတ်တဲ့ မင်းလိုလူမျိုးတွေကို ငါ အရမ်းမုန်း တာပဲ...။ ဘာမှမဖြစ်တဲ့ အချိန်ကျတော့လည်း မာနတွေ ထောင်လွှားနေလိုက်တာ...။]
[ငါကတော့ ယခု စကားပြောထားတဲ့ မှတ်တမ်းတွေကို ဗီဒီယိုလုပ်ပြီး အွန်လိုင်းပေါ် တင်သွားဦးမှာပဲ...၊ အားလုံးပဲ ဝေဖန်ပေးကြပါဦး...။]
လျန်ထျန်းသည် သူပြောသည့်အတိုင်းပင် လုပ်ဆောင်ခဲ့ရာ မကြာမီမှာပင် အွန်လိုင်းပေါ်၌ နောက်ထပ် အုတ်အော် သောင်းနင်း ဖြစ်မှုကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေမှာ တစ်ဖက်သတ် လုံးဝ အသာစီးရနေခဲ့သည်။
[တကယ်ပါပဲ နောက်ထပ် ရောဂါသည်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ ဟားဟားဟား...။ အခုခေတ်မှာ အသက် နှစ်ဆယ်ကျော် လူငယ်တွေက ရောဂါတစ်ခုခု မရှိရင် အပြင်ထွက်ဖို့တောင် ရှက်နေကြသလား မသိဘူး...။]
[အွန်လိုင်းပေါ်မှာ ဖွင့်ချခံရတာနဲ့ ရုတ်တရက်ကြီး စိတ်ခံစားမှု အပြောင်းအလဲမြန်တဲ့ ရောဂါတို့ စိတ်ကျရောဂါတို့ ဖြစ်သွားရတာလား...။ သူတို့က လူမှ ဟုတ်ရဲ့လားဆိုတာ သက်သေပြဖို့ လူသားတစ်ယောက်ရဲ့ ထွက်ဆိုချက် လောက်တော့ မပေးနိုင်ကြဘူးလား...။]
[လူ့အဖွဲ့အစည်းကို ထွက်ပြီး ဒုက္ခပေးနေတာက အမြဲတမ်း ဟိုရောဂါ ဟိုရောဂါ ရှိတယ်ဆိုတဲ့ လူတွေချည်းပဲ...၊ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး ပျော်ပျော်ပါးပါး နေလို့မရဘူးလား...။]
[သူမရဲ့ အကျင့်စရိုက်က အောက်တန်းကျလွန်းလို့ ကုန်းကောက်ရင်တောင် မရနိုင်တော့ဘူး...။ သူမ တစ်နေ့ကို လေးဒသမကိုး ကီလိုမီတာပဲ လမ်းလျှောက်ပါစေလို့ ဆုတောင်းပါတယ်...။ သုညဒသမတစ် ကီလိုမီတာလောက် ပိုလျှောက်မိရင်တောင် သူမရဲ့ ကျိန်စာက တကယ်ဖြစ်လာလိမ့်မယ်...။]
[ဟုတ်ပါ့...၊ သူမကိုယ်တိုင် ပြောခဲ့တာပဲလေ...။ သူမရဲ့ နေရာလိပ်စာသာ မှားနေခဲ့ရင် အိမ်နဲ့ ငါးကီလိုမီတာ အကွာအဝေးအတွင်းမှာ ကားတိုက်ခံရပြီး သေပါစေဆိုပြီးတော့...။]
[ကျွန်တော်တို့က ကာကွယ်ဆေးစင်တာကပါ...၊ သူမကို ကျွန်တော်တို့ရဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအတွက် ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်ချင်ပါတယ်...။]
[နည်းပြကြီး...၊ သူမဆီကနေ ခြင်္သေ့ဟောက်သံကို သင်ယူချင်ပါတယ်...၊ မြေကြီးပေါ် လူးလှိမ့်ရင်း အော်ဟစ်ရ တဲ့ အတတ်ပညာမျိုးပါ...။]
[ငါပြောချင်တာက ဒီကျောင်းမှာရှိနေတုန်း တစ်ခုခု လိုအပ်လာရင် ပို့ဆောင်ရေးရူးသွပ်သူ ရှောင်ရှန်းနွီကိုသာ ခေါ်လိုက်...။ တကယ် အလုပ်ဖြစ်တယ် မဟုတ်လား…၊ ဟားဟားဟား...။]
ဒေါသတကြီး ကျိန်ဆဲသံများနှင့် ဟာသမြောက်သော နောက်ပြောင်မှု အမျိုးမျိုး ထွက်ပေါ်နေခဲ့လေသည်။
နောက်ဆုံးတွင် ထိုရှောင်ရှန်းနွီမှာ အွန်လိုင်းပေါ်မှ စွပ်စွဲမှုများကြောင့် မိုက်မဲသော အပြုအမူတစ်စုံတစ်ရာမျှ မလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ ပြောဆိုနေသော စိတ်ကျရောဂါ၊ စိတ်ခံစားမှု အပြောင်းအလဲမြန်သော ရောဂါစသည်တို့မှာ လုံးဝ အခြေအမြစ်မရှိသောကြောင့် ဖြစ်သည်။
သို့သော် သူမသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အသရေဖျက်မှု၊ စော်ကားမှုတို့ဖြင့် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံခဲ့ရလေသည်။ အင်န်ဂျေသိပ္ပံအကယ်ဒမီ ကလည်း သူမကို ကျောင်းထုတ်ခဲ့ပြီး ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့လေသည်။
[ယခုကိစ္စမှာ သက်ဆိုင်ရာ ကျောင်းသူ၏ ကိုယ်ရေးကိုယ်တာ အပြုအမူသက်သက်သာ ဖြစ်ပြီး ကျောင်း သို့ မဟုတ် အခြား ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများကို ထည့်သွင်းပြောဆိုခြင်း မပြုသင့်ပါ...။ ကျေးဇူးပြု၍ ဆင်ခြင်တုံတရားဖြင့်သာ ဝေဖန်ပြောဆိုကြပါရန်...။]
ထိုကဲ့သို့ဖြင့် ပြဿနာမှာ ပြီးဆုံးသွားခဲ့ပြီး အဝါရောင်သားပိုက်ကောင် ကုမ္ပဏီမှာမူ မျှော်လင့်မထားသကဲ့သို့ အံ့သြစရာလည်း မကောင်းလှစွာဖြင့် ထိခိုက်နစ်နာသူ ဖြစ်လာခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ယခုဖြစ်ရပ်မှတစ်ဆင့် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီများမှာ အရာအားလုံး အတွက် ပို့ဆောင်ရေးဝန်ထမ်းများအပေါ် အကြောင်းမဲ့ အပြစ်ပုံချတတ်သော ကုမ္ပဏီမျိုးဖြစ်ကြောင်း လူအများ က သိရှိသွားကြသောကြောင့် ဖြစ်သည်။
အဝါရောင်သားပိုက်ကောင် ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေးဌာနက နောင်တွင် ကြေညာချက်များစွာ ထုတ်ပြန် ခဲ့သော်လည်း ဖြစ်ပွားခဲ့ပြီးသော အမှားများကို ပြင်ဆင်ရန် ကြိုးပမ်းမှုများမှာ သိသိသာသာ ရည်ရွယ်လွန်းနေပြီး ဖုံးကွယ်ရန် ကြိုးစားနေသည့် အချည်းနှီးလုပ်ရပ်အဖြစ်သာ မြင်တွေ့နေရဆဲ ဖြစ်သည်။
ရလဒ်အနေဖြင့် အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိများနှင့် အစုရှယ်ယာရှင်များစွာသည် လျန်ထျန်းအပေါ် အမုန်းပွားခဲ့ကြသည်မှာ သဘာဝပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့သော အဆိုးမြင်ဖြစ်ရပ်များက ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးနှုန်းကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
စတော့ရှယ်ယာဈေးနှုန်း ကျဆင်းသွားခြင်းက သူတို့အတွက် တကယ့် ဆုံးရှုံးမှုကြီးဖြစ်ပြီး သူတို့၏ ပိုင်ဆိုင်မှု များလည်း လျော့ကျသွားမည် ဖြစ်လေသည်။
သို့သော် ပို၍ စိတ်ပျက်စရာကောင်းသည်မှာ ယခုဖြစ်ရပ်ကို ဖန်တီးခဲ့သည့်အတွက် အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီက လျန်ထျန်းကို မည်မျှပင် မုန်းတီးနေပါစေ ထိုပို့ဆောင်ရေးဝန်ထမ်းကို မည်သို့မျှ အရေးယူ၍ မရနိုင်ခြင်းပင် ဖြစ်သည်။
အကြောင်းရင်းမှာ ထိုပို့ဆောင်ရေးဝန်ထမ်းကို သူတို့ အပြစ်ပေးလိုက်တိုင်း လျန်ထျန်းက သက်သေအထောက် အထားများ သိမ်းဆည်းထားပြီး အွန်လိုင်းပေါ်သို့ တင်လိုက်သောကြောင့် ဖြစ်သည်။
ယနေ့ခေတ် အင်တာနက်ခေတ်တွင် သတင်းအချက်အလက်များ ပြန့်နှံ့မှုမှာ အလွန် လျင်မြန်လွန်းပြီး လွှမ်းခြုံမှု မှာလည်း အလွန် ကျယ်ပြန့်လှပေသည်။
ထို့အပြင် လျန်ထျန်း၌ ကြော်ငြာရန်အတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် ရန်ပုံငွေများ ရှိနေသည်။ ငွေအနည်းငယ် သုံး လိုက်ရုံဖြင့် ကိစ္စတစ်ခုကို အလွယ်တကူ နာမည်ကြီးသွားစေနိုင်လေသည်။
ဤသည်မှာ အရင်းအနှီး၏ စွမ်းအားကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ က သူတို့သည် ပို့ဆောင်ရေးသမားလေး တစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ ကိုယ်ယောင်ဖျောက်နေသည့် သြဇာတိက္ကမကြီးမားသူ တစ်ဦးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်လေ သည်။
နောက်ဆုံးတွင် အဝါရောင်သားပိုက်ကောင် ကုမ္ပဏီအနေဖြင့် ယာယီ နောက်ဆုတ်ပေးရန်မှလွဲ၍ အခြား ရွေး ချယ်စရာ မရှိတော့ပေ။ သူတို့သည် လျန်ထျန်းကို ဆက်လက် ပစ်မှတ်ထားရန် မရဲတော့ရုံသာမက မိမိတို့၏ အမှားတချို့ကို ဝန်ခံရန်အတွက် အမှားကို ဝန်ခံကြောင်း ကြေညာချက်တစ်စောင်ကိုပါ ထုတ်ပြန်ခဲ့ရလေသည်။
ဤအခြေအနေမှာ ရှေးခေတ် ဧကရာဇ်မင်းများ၏ မိမိကိုယ်ကို အပြစ်တင်သည့် အမိန့်တော် နှင့်ပင် ဆင်တူနေပြီး စီးပွားရေးလောကတွင် ဖြစ်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ အငြင်းပွားဖွယ်မရှိသော စက်မှုလုပ်ငန်း ခေါင်းဆောင်ကြီးများဆိုသည်မှာ အမြဲတမ်း နောက် ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူများ ဖြစ်ကြရာ မည်သူကများ ထွက်လာပြီး မိမိကိုယ်မိမိ ဆန့်ကျင်ရဲပါ မည်နည်း။
သို့သော် သူတို့ အလွန် အံ့အားသင့်သွားရသည်မှာ သူတို့ အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ထင်ထားခဲ့သော ပို့ဆောင်ရေးသမားလေး တစ်ယောက်၏ ဖြုတ်ချခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။
ဤဖြစ်ရပ်က စီးပွားရေးလောကတွင် ဂယက်ရိုက်သွားစေခဲ့ပြီး လူအများစုက ဤ ပို့ဆောင်ရေးသမားလေး ၏ အမှတ်အသားကို သိချင်နေခဲ့ကြပေသည်။
သို့သော် အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီမှာ အရှက်ကွဲနေပြီဖြစ်ရာ မိမိတို့ကို အရှက်ခွဲခဲ့သူမှာ မည်သူမည် ဝါဖြစ်ကြောင်း သဘာဝကျကျပင် ဆက်လက် ထုတ်ပြန်ကြေညာတော့မည် မဟုတ်ပေ။
ထို့ကြောင့် လျန်ထျန်း၏ အမှတ်အသားမှာ လျှို့ဝှက်ချက်အဖြစ် သေချာစွာ ထိန်းသိမ်းခံခဲ့ရပြီး ကာလတိုအတွင်း တွင်မူ အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီ၏ အနှောင့်အယှက်ပေးခြင်းကို ခံရတော့မည် မဟုတ်ပေ။
သို့သော်လည်း လျန်ထျန်းက သူ၏ ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိရှိထားလေသည်။
*အခုဆိုရင် ငါက အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့ပြီ...။ မပြီးဆုံးသေး တဲ့ ပြဿနာတွေ ပြန်လည် ပေါ်ပေါက်လာပြီး သူတို့ကို မုန်တိုင်းရဲ့ ဗဟိုချက်ထဲ ဆွဲသွင်းသွားမှာကို စိုးရိမ်တဲ့ အတွက် အခုလောလောဆယ်တော့ သူတို့ ငါ့ကို မထိရဲကြသေးဘူး...။*
*ဒီပြဿနာ ငြိမ်ကျသွားတာနဲ့ ငါ့ကို နောက်တစ်ကြိမ် ဒုက္ခပေးဖို့ နည်းလမ်းရှာကြမှာ သေချာတယ်...။ အဝါ ရောင်သားပိုက်ကောင် ကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူမယ့် ငါ့ရဲ့ ပန်းတိုင်ကို အရှိန်မြှင့်ဖို့ လိုအပ်နေပြီထင်တယ်...။*
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် လျန်ထျန်းသည် အစားအသောက်များ ပို့ဆောင်ကာ ငွေရှာရန် ပို၍ပင် ကြိုးစားလုပ်ကိုင်တော့သည်။
အင်န်မြို့တော်တွင် တစ်လကြာ နေထိုင်ခဲ့စဉ်အတွင်း ကျန်းချောင် ရှာဖွေနိုင်ခဲ့သော ငွေကြေးများမှာ သူ၏ စက်ရုပ်ခြေလက်အင်္ဂါများ သုတေသနနှင့် တီထွင်ဖန်တီးမှုများကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ရန် သိပ္ပံ အကယ်ဒမီအတွက် လုံလောက်သော ရန်ပုံငွေများကို ထောက်ပံ့ပေးနိုင်ခဲ့လေသည်။
ထို့ကြောင့် ကျန်းချောင်၏ အခြေအနေ ကောင်းမွန်နေသည်ကို တွေ့မြင်ပြီးနောက် လျန်ထျန်းသည် အက်စ်မြို့ တော်သို့ ပြန်လာခဲ့လေသည်။ မည်သို့ပင်ဆိုစေ မြို့ကြီးများရှိ ကော်မရှင်ခများမှာ ပို၍ မြင့်မားသည် မဟုတ်ပါ လား။
နောက်ထပ် အလွန် အရေးကြီးသော အချက်တစ်ချက်မှာ အက်စ်မြို့တော်တွင် စီးပွားရေးလောက၌ ရင်းနှီးမြှုပ်နှံ နိုင်သော ကုမ္ပဏီများမှာ အကာအကွယ် ရရှိထားပြီး အထူးသဖြင့် ရှီမိသားစု၏ လုပ်ငန်းကို ဝါးမြိုပြီးနောက် အံ့မခန်းသော နှုန်းဖြင့် ကြီးထွားလာခဲ့သည့် ဟယ်ရှန့်၏ ကုမ္ပဏီပင် ဖြစ်သည်။
ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လမ်းကြောင်းတွင်လည်း ရဲဌာန၏ အကြီးအကဲဖြစ်သူ တန်ကော်ဟွာက သူ့ကို ကာကွယ် ပေးရန် ရှိနေသည်။ သူသည် ဌာနအဆင့်ရှိ အရာရှိတစ်ဦးဖြစ်ပြီး သူ၏ သြဇာလွှမ်းမိုးမှုမှာလည်း မသေးလှပေ။
ထို့အပြင် လျန်ထျန်းသည် သူတစ်ပါးက အရင်မစလာသရွေ့ အခြားသူများကို မည်သည့်အခါမျှ ရန်မစတတ် သော လူမျိုးဖြစ်ပေသည်။
ဆိုရိုးစကားရှိသည့်အတိုင်း သူတစ်ပါးက ငါ့ကို မစော်ကားသရွေ့ ငါကလည်း သူတစ်ပါးကို စော်ကားမည် မဟုတ်၊ တကယ်လို့ သူတို့က ငါ့ကို စော်ကားလာပါက ငါက သူတို့ကို အပြီးတိုင် ရှင်းလင်းပစ်မည်။
*ငါက ရိုးရိုးသားသား အစားအသောက်ပို့ပြီး ပိုက်ဆံလေး ရှာချင်ရုံပါ... ဘယ် နတ်ဆိုး တစ္ဆေ မှ လာရောက် ပတ်သက်တာမျိုးကိုမှ အလိုမရှိဘူး...။*
တကယ်တမ်းတွင်လည်း ထူးဆန်းသော ကိစ္စရပ်များမှာ နေ့စဉ် ဖြစ်ပျက်မနေတတ်ပေ။ အက်စ်မြို့တော်သို့ ပြန် ရောက်ပြီးနောက် တစ်လကျော်ကြာသည်အထိ လျန်ထျန်းသည် မည်သည့် ပြဿနာမျှ ထပ်မံ မကြုံတွေ့ရဘဲ ပုံမှန်အတိုင်းသာ အစားအသောက်များ ပို့ဆောင်နေခဲ့လေသည်။
သို့သော်လည်း အချိန်ကား အလွန် လျင်မြန်လှပေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ကုန်ပိုင်းသို့ ရောက်ရှိ လာခဲ့ပြန်လေပြီ။
နွေဦးပွဲတော်ကာလအတွင်း လျန်ထျန်းသည် အယ်လ်မြို့သို့ သေချာပေါက် ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ညနေ ခင်းတစ်ခုတွင် ဝမ်ရှောင်ရို့ထံမှ စာတစ်စောင် လက်ခံရရှိခဲ့လေသည်။
[အချစ်ဆုံး ထျန်းထျန်းရေ...၊ အခုလောက်ဆိုရင် နားနေလောက်ပြီ မဟုတ်လား...။]
[အင်း...၊ အဲ့ဒါက နိုင်ငံခြားမှာနေရတဲ့ အားနည်းချက်ပဲ...။ အချိန်ကွာဟမှုရှိတော့ ငါတို့ စကားပြောဖို့ အချိန်သိပ် မရှိကြဘူး...။]
[ဒါပေမဲ့ နင့်အတွက် သတင်းကောင်းတစ်ခု ရှိတယ်...။ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မကြာခင်မှာပဲ ငါ့ရဲ့ ပညာသင်ယူမှုတွေ ပြီးဆုံးတော့မှာ...။]
[အဲ့ဒီအဓိပ္ပာယ်ကတော့ ငါ မကြာခင် ပြန်လာတော့မယ်ဆိုတာပဲ...။ ဘယ်လိုလဲ...၊ စိတ်လှုပ်ရှားနေပြီလား...။ နင် စိတ်မလှုပ်ရှားဘူးလား...။]
ယခင်က ဖော်ပြခဲ့သည့်အတိုင်း ဝမ်ရှောင်ရို့သည် နိုင်ငံခြားတွင် ပညာသင်ကြားနေပြီး အလွန် ကြိုးစားအားထုတ် နေကာ မကြာမီ သူမ၏ ပညာသင်ယူမှုများ ပြီးစီးတော့မည်ဟု မျှော်လင့်ရလေသည်။
ယခု ဤစာလေး ရောက်ရှိလာပြီဖြစ်ရာ သေချာသွားသည့် ကိစ္စတစ်ခုမှာ လျန်ထျန်း တမ်းတနေခဲ့ရသော မိန်းက လေးမှာ နောက်ဆုံးတွင် ပြန်လာတော့မည် ဖြစ်ခြင်းပင်တည်း။
ဤသတင်းကို ကြားသောအခါ လျန်ထျန်းမှာ သဘာဝကျကျပင် ဝမ်းသာပျော်ရွှင်သွားရလေသည်။ သူသည် ရှောင်ရို့အတွက် အံ့အားသင့်စရာတစ်ခု ပြင်ဆင်နိုင်ရန် အယ်လ်မြို့သို့ သတ်မှတ်ရက်ထက်စော၍ မည်သည့် အချိန်တွင် ပြန်ရမည်ကိုပင် ကြိုတင် စီစဉ်နေခဲ့လေပြီ...။