← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း (၂၁၅)

လူမိုက်ဆိုသည်မှာလည်း ပညာတတ်ပေ၏

ဤဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော အိမ်ဟောင်းကြီးသည် ဝမ်မိသားစု၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။

မျိုးနွယ်စုအကြီးအကဲဟောင်းသည် ကွယ်လွန်ခါနီး၌ မည်သို့သော အခြေအနေမျိုးနှင့်ပင် ကြုံတွေ့ရစေကာမူ ဤအိမ်ဟောင်းကြီးကို လုံးဝ မရွှေ့ပြောင်းရန်နှင့် တကယ်လို့ ရွှေ့ပြောင်းခဲ့ပါက ဘိုးဘေးဘီဘင်များကို မျက်နှာ ပျက်စေလိမ့်မည်ဟု အထူးမှာကြားခဲ့လေသည်။

သို့သော်လည်း ဝမ်မိသားစုသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဘဏ္ဍာရေး အကျပ်အတည်းများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသဖြင့် ငွေကြေးလည်ပတ်နိုင်ရန်အတွက် ဤအိမ်ဟောင်းကြီးကို ပေါင်နှံ၍ ငွေထုတ်ချေး ခဲ့ရရှာလေသည်။

ယခုမူ အကြွေးရှင်များက နွေဦးပွဲတော် ရောက်ခါနီး အချိန်ကို ရွေးချယ်ကာ အိမ်တိုင်ရာရောက် လာရောက် တောင်းရမ်းနေကြပြီ ဖြစ်သည်။

ဝမ်မိသားစုဝင် အားလုံး၏ စိတ်နှလုံးတို့မှာ တင်းမာပူပန်သွားကြရပြီး အထူးသဖြင့် မိသားစုအကြီးအကဲ ဝမ်ချန်ကျဲ့နှင့် သူ၏သမီးဖြစ်သူ ဝမ်ရှောင်ကျင်းတို့မှာ ပို၍ စိုးရိမ်နေကြတော့သည်။

ဝမ်ရှောင်ကျင်းသည် ဖခင်ဖြစ်သူ၏ ကျောပြင်နောက်သို့ ဝင်ရောက်ပုန်းကွယ်ကာ ဖခင်၏ အင်္ကျီစကို မသိစိတ် ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တုန်ရီသောအသံဖြင့် ဆိုလိုက်သည်။

"ဖေဖေ...၊ သမီးတို့ ဘာလုပ်ကြမလဲဟင်...။"

ဝမ်ချန်ကျဲ့သည် သမီးဖြစ်သူကို ကာကွယ်ရန် ရှေ့သို့ မားမားမတ်မတ် လှမ်းထွက်လိုက်သည်။ သူ၏ မျက်နှာပေါ် ရှိ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်၍ မရသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်လေသည်။

"မကြောက်ပါနဲ့သမီး...။ ဖေဖေ ရှိတယ်၊ အားလုံး အဆင်ပြေသွားမှာပါ....။"

ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဝမ်ချန်ကျဲ့သည် သူ၏ မာနများကို ခဏချထားကာ ကျူးကျော်ဝင်ရောက်လာသူ များကို ပိုမို ယဉ်ကျေးပျူငှာစွာ ပြောဆိုလိုက်လေသည်။

"မင်းတို့က သူဌေးလီရဲ့ လူတွေမလား...။ ဘာလို့ ဒီလောက်အထိ အင်အားသုံးနေရတာလဲ၊ သူ့ကို ဖုန်းဆက်ပြီး အကြောင်းကြားခိုင်းလိုက်ရင် ရနေတာကို...။"

ထိုစကားကို ကြားသောအခါ ကတုံးနှင့် လူမိုက်ကြီးက နှာခေါင်းရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်ပြီး၊

"ခင်ဗျားကို ဖုန်းဆက်ရမယ် ဟုတ်လား...၊ ခင်ဗျားကကော ဖုန်းကို ကိုင်ရဲလို့လား...။"

"မိသားစုအကြီးအကဲဝမ်...။ ခင်ဗျားတို့ရဲ့ ဝမ်ကျားအုပ်စုက ဒေဝါလီခံရလုနီးပါး ဖြစ်နေတာကို ကျုပ်တို့ မသိဘူးလို့ မမှတ်လိုက်နဲ့...။"

"ကျုပ်တို့သာ အခု ချက်ချင်း အရေးမယူရင် နောက်ဆုံး ဘာမှရမှာ မဟုတ်တော့ဘူး...။ ဒါကြောင့် သူဌေးလီက ဒီအိမ်ကို အရင်ဆုံး သိမ်းဆည်းဖို့ အမိန့်ပေးလိုက်တာပဲ...။"

ပြောပြီးသည်နှင့် ကတုံးကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏နောက်ပါလူမိုက်များက ချက်ချင်းပင် လှုပ်ရှား ရန် ပြင်ကြတော့သည်။

ဝမ်ချန်ကျဲ့က အသံကို မြှင့်၍ ပျာပျာသလဲ တားမြစ်လိုက်ရလေသည်။

"နေဦး...၊ နေဦး...၊ ခဏလောက် စောင့်ပါဦး...။ ကျုပ်တို့ ဝမ်ကျားအုပ်စုက အခုတလော ကြွေးမြီတွေ အများကြီး ရှိနေတာ မှန်ပေမဲ့ လုပ်ငန်းလည်ပတ်လို့မရတဲ့ အခြေအနေထိတော့ မရောက်သေးပါဘူး...။"

"ကျုပ်တို့ကို ကုန်ဖိုးငွေ ပြန်ပေးဖို့ ကျန်သေးတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါသေးတယ်…၊ အဲ့ဒီငွေတွေကို ကျုပ် တို့ မတောင်းရသေးလို့ပါ...။ နှစ်သစ်ကူးပြီးတာနဲ့ အကြွေးအချို့ကို ကောက်ခံပြီး ခင်ဗျားတို့ကို အမြန်ဆုံး ပြန်ဆပ်ပါ့မယ် ဟုတ်ပြီလား...။"

အမှန်စင်စစ် စီးပွားရေးလောက၏ သဘောသဘာဝမှာ ဤကဲ့သို့ပင် ဖြစ်သည်။ လူတိုင်းတွင် ပေးရန်အကြွေးများ ရှိသကဲ့သို့ ရရန်အကြွေးများလည်း ရှိကြစမြဲပင်။

တကယ်လို့သာ ပြင်ပမှ ရရန်ရှိသော အကြွေးများကို ပြန်လည်သိမ်းဆည်းနိုင်ပါက ဝမ်မိသားစုအနေဖြင့် မိမိတို့၏ အိုးအိမ်ပိုင်ဆိုင်မှုများကို ရောင်းချရန် မလိုအပ်ပေ။

သို့သော်လည်း ကတုံးကြီးက ခေါင်းကို ခါယမ်းကာ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်လေသည်။

"ဒီအကြွေးစာချုပ်မှာ ချေးငွေ သက်တမ်းက ဒီနေ့ ကုန်ဆုံးမယ်လို့ အထင်အရှား ရေးထားတယ်...။ ဒါကြောင့် ဒီနေ့ပဲ ပြန်ဆပ်ရမယ်၊ တစ်ရက်လေးတောင် နောက်ကျလို့ မရဘူး...။"

"တကယ်လို့ ခင်ဗျားတို့ ငွေမဆပ်နိုင်ရင် ဒီအိမ်ကို ကျုပ်တို့ သိမ်းရလိမ့်မယ်...။ ဒီနေ့ကစပြီး ဒီနေရာက ဝမ်မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး...။ ပစ္စည်းတွေသိမ်းပြီး ဒီနေရာကနေ ထွက်သွားကြတော့...။"

"တကယ်လို့ ခင်ဗျားတို့က မသိမ်းချင်ဘူးဆိုရင်လည်း ရတယ်...။ ကျုပ် လူတွေကို ကူညီပြီး သိမ်းခိုင်းလိုက် မယ်...။ ညီအစ်ကိုတို့...၊ ဘာစောင့်နေကြတာလဲ၊ စလိုက်ကြစို့...။ ဝမ်မိသားစုရဲ့ ပစ္စည်းတွေအကုန်လုံးကို အပြင်ကို လွှင့်ပစ်လိုက်ကြစမ်း...။"

လူမိုက်တစ်စုမှာ တစ်ဖန် ပြန်လည်လှုပ်ရှားလာကြပြီး အခန်းအသီးသီးဆီသို့ လူစုခွဲ၍ ဝင်ရောက်ရန် ပြင်ကြ တော့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ချန်ကျဲ့သည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်အမြန်ပင် တားလိုက်လေသည်။

"ရပ်ကြစမ်း...၊ အကုန်လုံး ရပ်လိုက်ကြ...။ ကျုပ် ငွေမဆပ်ဘူးလို့ မပြောခဲ့ပါဘူး...။ ရပ်လိုက်ကြပါ၊ ကျုပ် အခုချက်ချင်း ငွေပြန်ဆပ်ပါ့မယ် ဟုတ်ပြီလား...။"

ထိုစကားကို ကြားမှ ကတုံးကြီးက သူ၏လူများကို ခေတ္တရပ်နားရန် အမိန့်ပေးလိုက်ပြီး ဝမ်ချန်ကျဲ့ကို လှောင် ပြောင်သရော်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"အို...၊ ခင်ဗျားမှာ ပြန်ဆပ်ဖို့ ပိုက်ဆံ ရှိတာပေါ့...။ အစတည်းက အဲ့လို ပြောရမှာပေါ့ဗျာ...။ ကျုပ်တို့က ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေပါ...၊ ခင်ဗျားသာ ပိုက်ဆံပြန်ဆပ်ရင် ကျုပ်တို့ဘက်က ဥပဒေပြင်ပအလုပ်တွေ ကို လုံးဝ လုပ်မှာ မဟုတ်ပါဘူး...။"

"ကဲ...၊ ဒါဆိုရင် ကျုပ်တို့ စာရင်းတွက်ကြစို့...။ အဲ့ဒီတုန်းက ခင်ဗျား သူဌေးလီဆီကနေ ငွေအပြည့် ခြောက်ရာ ယွမ် ချေးခဲ့တယ်...။ နှစ်ကာလတွေ ကြာလာတော့ အတိုးနဲ့ဆိုရင် စုစုပေါင်း ရှစ်ရာတစ်ဆယ့်ငါးယွမ်၊ နှစ်ဆယ့် နှစ်ကျောင်နဲ့ လေးဖန် ပြန်ဆပ်ရမယ်...။"

"ကျုပ်တို့က အတိုးကို အဆမတန် တောင်းတာ မဟုတ်ဘူးနော်...။ မျှတတဲ့ အတိုးနှုန်း တွက်ချက်ပုံအတိုင်း စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး သက်သေအထောက်အထား ခိုင်လုံတဲ့ နိုထရီရုံးလည်း ရှိတယ်...။ လုပ်ထုံးလုပ်နည်း အားလုံးက ဥပဒေနဲ့အညီ တရားဝင် ဖြစ်ပြီး စာချုပ်စာတမ်း အထင်အရှား ရှိတယ်...။"

ကတုံးကြီး၏ အမူအရာမှာ အလွန် ရိုင်းစိုင်းလှသော်လည်း သူပြောသော စကားများမှာ လုံးဝ မှန်ကန်နေပြီး သူ၏လက်ထဲရှိ စာချုပ်များမှာလည်း အပြစ်ဆိုဖွယ်ရာ မရှိပေ။

အခုခေတ် လူ့အဖွဲ့အစည်းသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ယခုအခါ လူမိုက်များပင် ပညာတတ်နေကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပညာမတတ်သော လူမိုက်များမှာ ထောင်ထဲသို့ ရောက်ကုန်ကြပြီ မဟုတ် ပါလား။

သူတို့က မိမိကိုယ်ကိုယ် ယဉ်ကျေးသူများအဖြစ် ပြောဆိုနေကြသော်လည်း လူမိုက်သည် လူမိုက်ပင် ဖြစ်သည်။ သူ၏ မျက်နှာပေါ်ရှိ ကောက်ကျစ်သော အပြုံးက လူကို စိတ်မသက်မသာ ဖြစ်စေလှပေသည်။

ဝမ်ချန်ကျဲ့သည် မိမိ၏ ရွံရှာမုန်းတီးမှုများကို အောင့်အည်းသည်းခံကာ အံကြိတ်၍ ပြောလိုက်လေသည်။

"ကျုပ် ဖုန်းတကောလောက် ဆက်ပါရစေ...။"

ချက်ချင်းပင် ဝမ်မိသားစု၏ လက်ရှိအကြီးအကဲသည် သူ၏မိုဘိုင်းဖုန်းကို ထုတ်ကာ နံပါတ်အချို့ကို ဆက်တိုက် နှိပ်လိုက်တော့သည်။

"ဟဲလို...၊ မစ္စတာလီ...၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေဗျာ...။ ကျုပ် ကြိုတင်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်သ ပါတယ်...။ ဒီလိုပါဗျာ၊ ကျုပ်တို့ကြားမှာ ရှင်းစရာ ကုန်ဖိုးငွေ အနည်းငယ် ကျန်သေးလို့ပါ...။"

"ဟုတ်ကဲ့...၊ ဟုတ်ကဲ့...၊ ကျုပ် သိပါတယ်၊ အရင်က ကျုပ်တို့ သဘောတူထားတာက စာရင်းတွေကို သုံးလ တစ်ကြိမ် ရှင်းရမှာပါ...။"

"မစ္စတာလီလည်း သိတဲ့အတိုင်း ကျုပ်တို့ အတူတူ လက်တွဲလုပ်ကိုင်လာတာ နှစ်ပေါင်းများစွာ ရှိပြီပဲ...။ ဒါပေမဲ့ ကျုပ် အခု လောလောဆယ် အခက်အခဲလေး တစ်ခုနဲ့ ကြုံနေရလို့ပါ...။"

"အော်...၊ ဟုတ်ကဲ့...၊ ဟုတ်ကဲ့...။ နွေဦးပွဲတော် ကာလမှာ ဘယ်သူမဆို မလွယ်ကူဘူးဆိုတာ ကျုပ် နားလည် ပါတယ်...။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကူညီပေးပါဦးဗျာ၊ ဒါက တကယ့်ကို အရေးပေါ် ဖြစ်နေလို့ပါ...။"

"အော်...၊ မစ္စတာလီကိုယ်တိုင်လည်း အပြင်မှာ အကြွေးတွေ လိုက်ကောက်နေရတာပေါ့...။ ဟုတ်ကဲ့ပါ၊ ဒါဆိုရင် ကျုပ် တခြားနေရာတွေကိုပဲ မေးမြန်းကြည့်ပါတော့မယ်...။"

ဝမ်ချန်ကျဲ့သည် ဖုန်းအလုံးပေါင်း တစ်ဆယ်ကျော် ဆက်ခဲ့သော်လည်း ငွေတစ်ပြားတစ်ချပ်မျှ ပြန်မရခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် နှစ်ကုန်ပိုင်းတွင် လူတိုင်း၏ အခြေအနေမှာ အတူတူပင် ဖြစ်သောကြောင့် ဖြစ်သည်။ အားလုံးက အပြင်၌ အကြွေးလိုက်ကောက်နေကြခြင်း သို့မဟုတ် နှစ်သစ်ကူးပြီးမှသာ စာရင်းရှင်းနိုင်မည်ဟု ငြင်းပယ်ကြခြင်းကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်နှစ်သစ်ကူးကာလတွင် မိမိတို့လက်ထဲ၌ ငွေအနည်းငယ် ရှိနေစေရန် မည်သူက မလိုလားဘဲ နေမည်နည်း။

အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ နှစ်သစ်ကူးပြီးနောက် လုပ်ငန်းပြန်စရန် ငွေကြေးများစွာ လိုအပ်သဖြင့် ဤအချိန်သည် အကြွေးကောက်ရန် အခက်ခဲဆုံး အချိန်ဖြစ်သော်လည်း မတတ်သာဘဲ လိုက်လံကောက်ခံနေကြရခြင်း ဖြစ်ပေသည်။

ကတုံးကြီးသည် ဝမ်ချန်ကျဲ့အနေဖြင့် ငွေရလိမ့်မည်မဟုတ်ကြောင်းကို အစတည်းက သိရှိနေသည့်အလား ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသကဲ့သို့ ပျော်ရွှင်စွာ ရပ်ကြည့်နေခဲ့ပေသည်။

ဝမ်ချန်ကျဲ့သည် ဖုန်းထဲရှိ အဆက်အသွယ်များကို ပျာပျာသလဲ ရှာဖွေနေသော်လည်း ဆက်သွယ်ရမည့် နံပါတ်ကို မတွေ့တော့သည့် အချိန်ကျမှသာ ကတုံးကြီးက မကောင်းဆိုးဝါး အပြုံးဖြင့် ပြောလိုက်တော့သည်။

"မိသားစုအကြီးအကဲဝမ်...၊ ခင်ဗျား ငွေပြန်ဆပ်မယ်လို့ ပြောခဲ့တယ်မလား...။ ဘာလို့ ကျုပ် ငွေတစ်ပြားမှ မမြင်ရသေးတာလဲ...။"

"တကယ်လို့ ခင်ဗျားမှာ တကယ်ပဲ ငွေမရှိရင်လည်း ထားလိုက်ပါတော့...။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အိမ်ခြံမြေ ဈေးကွက် ကျဆင်းနေတာနဲ့ဆိုရင် ခင်ဗျားတို့ရဲ့ ဒီအိမ်ဟောင်းကြီးကို ရောင်းရင်တောင် ရှစ်ရာယွမ်ထက် ပိုရမှာ မဟုတ်ပါဘူး...။"

"ဒါပေမဲ့ ဒီအိမ်ကို အကြွေးဆပ်ဖို့ သုံးမယ်ဆိုရင်တော့ တော်တော်လေး သင့်တော်ပါတယ်...။ သူဌေးလီက ဒီနေရာကို မြေညှိပစ်ပြီးတော့ အပေါ်မှာ အဆင့်မြင့် အနှိပ်ခန်းကြီးတစ်ခု ဆောက်ဖို့ စီစဉ်ထားတယ်...။"

"ကျုပ်တို့က ဖုန်းရွှေဆရာကိုတောင် မေးမြန်းပြီးပြီဗျ၊ ဒီမြေက ကံလာဘ် အလွန်ကောင်းတဲ့ မြေတဲ့ဗျာ...။ ခင်ဗျားတို့ ဝမ်မိသားစု ဆုတ်ယုတ် ပျက်စီးနေတာတောင် ဒီမြေရဲ့ ကံဇာတာ အနည်းငယ်ကြောင့် အသက်ဆက် နိုင်ကြတာပဲ...။"

"တကယ်လို့ ဒီနေရာသာ အနှိပ်ခန်း ဖြစ်သွားရင်တော့ စီးပွားရေး အလွန်ကောင်းမှာ သေချာတယ်...။ ဒါက သူဌေးလီအတွက် အယ်လ်မြို့တော်ထဲကို ခြေလှမ်းစတင်လိုက်တဲ့ ပထမဆုံးခြေလှမ်းပဲ ဖြစ်လိမ့်မယ်...။"

"ခင်ဗျားတို့အနေနဲ့ ဂုဏ်ယူသင့်တယ်နော်...။ ဂျီမြို့တော်က လိုမျိုး သူဌေးကြီးက အဲ့ဒီတုန်းက ခင်ဗျားတို့ကို ငွေထုတ်ချေးပေးခဲ့ရုံတင်မကဘဲ အခုလည်း ခင်ဗျားတို့ရဲ့ ဒီမြေကွက်ကို သဘောကျနေတာပဲ...။"

"အနှိပ်ခန်းကြီး ဆောက်ပြီးသွားရင် ခင်ဗျားကို အစုရှယ်ယာ တစ်ရာခိုင်နှုန်း ပေးပါ့မယ်...။ အဲ့ဒါဆိုရင် ခင်ဗျားတို့ ဝမ်မိသားစုဝင်တွေ သားစဉ်မြေးဆက် သက်တောင့်သက်သာ နေထိုင်သွားလို့ ရပြီ မဟုတ်လား...။"

"အို...၊ ကျုပ် အခုမှ သတိထားမိတယ်၊ ခင်ဗျားနောက်မှာ ပုန်းနေတဲ့ မိန်းကလေးက တော်တော်လေး ချောတာပဲ ...။ ကျုပ်တို့ အနှိပ်ခန်း ဆောက်ပြီးရင် သူမကို လာပြီး အလုပ်လုပ်ခိုင်းလို့ ရတာပဲ...။ ဟားဟားဟား...။"

ထိုစကားများကို ကြားရသောအခါ ဝမ်ချန်ကျဲ့သည် ဒေါသအဟုန်ကြောင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရတော့သည်။

အထူးသဖြင့် မိမိ၏သမီးဖြစ်သူကို စော်ကားမော်ကား ပြောဆိုလိုက်သည့် နောက်ဆုံးစကားလုံးကို ကြားလိုက် ရချိန်တွင် မည်သည့်ဖခင်ကကော သည်းခံနိုင်ပါမည်နည်း။

ချက်ချင်းပင် ဝမ်ချန်ကျဲ့သည် ဒေါသမီးဟုန်းဟုန်းတောက်လျက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး၊

"မင်းရဲ့ ညစ်ပတ်တဲ့ ပါးစပ်ကို ပိတ်ထားစမ်း...။ ငါ့သမီးကို ဒီလို စော်ကားရဲတယ် ဟုတ်လား...။"

သို့သော်လည်း သူက ဒေါသတကြီးဖြင့် ရှေ့သို့ ပြေးဝင်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ရှောင်ကျင်းက သူ၏နောက်မှ နေ၍ ကျစ်ကျစ်ပါအောင် ဆွဲကိုင်တားဆီးလိုက်လေသည်။

ဝမ်ချန်ကျဲ့ လှည့်ကြည့်လိုက်သောအခါ သမီးဖြစ်သူက မျက်ရည်အပြည့်ဖြင့် ခေါင်းကို ပြင်းထန်စွာ ခါယမ်းနေ သည်ကို တွေ့လိုက်ရလေသည်။

"ဖေဖေ...၊ သူတို့ရဲ့ အကွက်ထဲကို မဝင်ပါနဲ့...။ ဦးလေးဆီ ဖုန်းဆက်လိုက်ပါ၊ သူ သမီးတို့ကို သေချာပေါက် ကူညီ မှာပါ...။"

All Chapters