← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇)

မကြာမီ လာမည်

‘မှားခဲ့ဖူးသော လမ်းဟောင်းကို ထပ်လျှောက်မိခြင်း’ ဟူသည့် စကားစုမှာ ဝမ်ချန်ကျဲ့၏ စိတ်အာရုံတွင် ဖျတ်ခနဲ ပေါ်လာလေသည်။

တကယ်လို့ သမီးဖြစ်သူ ဝမ်ရှောင်ကျင်း၏ သတိပေးချက်သာ မရှိခဲ့ပါက သူသည် မိမိကိုယ်ကိုယ် ပိတ်လှောင် ထားသည့် စိတ်အာရုံ၏ ထောင်ချောက်ထဲတွင် ဆက်လက် နစ်မွန်းနေဦးမည် ဖြစ်ပေလိမ့်မည်...။

သို့သော်လည်း ထိုခဏ၌ သူ၏ စိတ်အကြံမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မှန်ပေသည်...၊ သူသာ ဤမျှ ခေါင်းမာပြီး ကိုယ့်အမြင်ကိုယ်ပဲ ဇွတ်ဆုပ်ကိုင်ထားမည်ဆိုပါက ယခင်က ငါအပြစ်တင်ခဲ့ဖူးသော အစ်ကိုကြီးနှင့် ဘာထူးတော့မည်နည်း...။

နောင်လာနောက်သား အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော ဘိုးဘွားပိုင် အိမ်ဂေဟာဟောင်း ကိုမျှ မကာကွယ်နိုင်ပါက နောင်နှစ်ပေါင်းတစ်ရာ ကြာ၍ မြေမြုပ်ကပ်ပါး ပြုရသည့်အခါ ဘိုးဘေးဘီဘင်များ၏ ရှေ့၌ ငါ့မျက်နှာကို ဘယ်ကဲ့သို့ ပြရဲတော့မည်နည်း...။

ဤသို့ တွေးတောမိသည်တွင် ဝမ်ချန်ကျဲ့သည် သက်ပြင်းကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် မျက်လုံးအစုံမှာ အလွန် တည်ငြိမ်အေးဆေး သွားကာ ကတုံးနှင့် လူကို ကြည့်၍ ပြောလိုက်လေသည်။

"ခေတ္တလောက် စောင့်ဆိုင်းဦး...။ ငါ့ အစ်ကိုကြီးကို ချက်ချင်း ဆက်သွယ်လိုက်မယ်...၊ မင်းတို့ ရသင့်ရထိုက်တဲ့ ပိုက်ဆံကို တစ်ပြားတစ်ချပ်မျှ မလျော့စေရဘူး...။"

ထိုစကားကို ကြားသောအခါ ကတုံးနှင့် လူမှာ ရူးသွပ်စွာရယ်မောလိုက်ပြီးနောက်၊

"ငါ ပြောပြီးသားပဲ မဟုတ်လား...။ ဝမ်ချန်ကျွင်းအနေနဲ့ မင်းတို့ ဝမ်မိသားစုအပေါ် မုန်းတီးမနေတာတင်ပဲ အလွန် ကံကောင်းလှပြီ...။ သူက ဘာကြောင့် မင်းတို့ကို ကူညီရမှာလဲ...။"

"ပြီးတော့ သူ ကူညီချင်တယ်ဆိုရင်တောင် အချိန်က မမှီတော့ဘူး...။ ရှစ်ရာယွမ်ကျော်ဆိုတဲ့ ငွေပမာဏကြီးက ကုမ္ပဏီအချင်းချင်း ငွေလွှဲပြောင်းတာမျိုး ဆိုရင်တောင် စစ်ဆေးရမယ့် ကာလတစ်ခု လိုအပ်တယ် မဟုတ် ဘူးလား...။"

"ငါ ဘာလို့ ဒီအချိန်ကိုမှ ရွေးချယ်ခဲ့တယ်လို့ မင်းထင်လဲ...။ အစစအရာရာ မလွဲချော်စေဘဲ လက်လွတ်မခံရ အောင် ကြိုတင် ပိတ်ဆို့ထားခြင်းပဲ...။"

"ဝမ်ချန်ကျွင်းက အနာဂတ်ကို ကြိုတင် မြင်နိုင်တဲ့ အစွမ်းမျိုး ရှိလို့ ရှစ်ရာယွမ်ကျော်ကို ငွေသားအဖြစ် ကြိုတင် ပြင်ဆင်ထားပြီး မင်း ဖုန်းဆက်လိုက်တာနဲ့ ချက်ချင်း ယူလာနိုင်ရင်တော့ တစ်မျိုးပေါ့...။"

"ဒါပေမဲ့ အဲ့ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး...။ ငါ အစစအရာရာကို အသေအချာ စီမံထားတာမို့လို့ ဘယ်လိုမှ အမှားအယွင်း ရှိမှာ မဟုတ်ဘူး...။ မင်းတို့ရဲ့ ကံကြမ္မာကိုသာ အရှုံးပေး လက်ခံလိုက်စမ်းပါ...။ ဟားဟားဟား ဟား...။"

ထိုကတုံးနှင့် လူ၏ စကားမှာ အမှန်ပင် ဖြစ်ပေသည်။ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျ မသွားမီ အချိန်ကဆိုပါက လက်ရှိ ရှစ်ရာယွမ်မှာ ယခင်က ယွမ်သန်းပေါင်း ရှစ်ရာကျော်နှင့် ညီမျှနေသည်ကို လူတိုင်း နားလည်ထားရပေမည်...။

ဤမျှ များပြားလှသော ငွေပမာဏကို လွှဲပြောင်းရာတွင်၊ အထူးသဖြင့် ကုမ္ပဏီအကောင့်များမှ လွှဲပြောင်းရာတွင် စိစစ်သည့် ကာလမှာ အနည်းဆုံး (၂၄) နာရီခန့် ကြာမြင့်လေ့ရှိသည်။

ချေးငွေ သဘောတူညီချက် စာချုပ်အရ နောက်ဆုံး ပေးဆပ်ရမည့် သတ်မှတ်ရက်မှာ ယနေ့ပင် ဖြစ်သည်။ တကယ်လို့ ယနေ့တွင် မဆပ်နိုင်ပါက အကြွေးရှင် ဖြစ်သူသည် အပေါင်ပစ္စည်းကို အဓမ္မ သိမ်းပိုက်ပိုင်ခွင့် ရှိပေသည်။

ဤစည်းကမ်းချက်များကို စာချုပ်ချုပ်ဆိုစဉ်ကတည်းက စာသားအမည်းကြီးများဖြင့် အထင်အရှား ရေးသားထား ခြင်း ဖြစ်ပြီး ကတုံးနှင့် လူသည်လည်း သက်ဆိုင်ရာ တရားဝင် အထောက်အထား စာရွက်စာတမ်း အစုံအလင်ကို အပြစ်ဆိုဖွယ်မရှိအောင် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအချိန်၌ပင်...၊ အခြားတစ်ဖက်တွင်မူ...။

မော်တော်ကား တစ်စီးသည် ဝမ်မိသားစု၏ အိမ်ဟောင်းနှင့် မလှမ်းမကမ်းရှိ လမ်းမထက်တွင် ဆိုက်ရောက် ရပ်တန့်လာခဲ့လေသည်။ ကား၏ နောက်ခန်းတွင် လူနှစ်ဦး ထိုင်နေကြသည်။

သက်လတ်ပိုင်း အရွယ် လူကြီးမှာ ပြတင်းပေါက်မှတစ်ဆင့် မလှမ်းမကမ်းရှိ ဝမ်မိသားစု၏ အိမ်ဟောင်းကို လှမ်းကြည့်ရင်း ဘေးနားရှိ လူငယ်လေးကို ဇဝေဇဝါဖြင့် မေးလိုက်လေသည်။

"လျန်ထျန်း...၊ မင်း ငါ့ကို ဒီနေရာကို ဘာလို့ ခေါ်လာတာလဲ...။"

မှန်ပေသည်...၊ ကားထဲရှိ ထိုလူငယ်လေးမှာ လျန်ထျန်း ဖြစ်ပြီး သက်လတ်ပိုင်း လူကြီးမှာမူ ဝမ်ချန်ကျွင်းပင် ဖြစ်သည်။

လျန်ထျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

"ဦးလေးဝမ်...၊ ဦးလေးက မိသားစုနဲ့ ပြန်လည် မသင့်မြတ်နိုင်တာဟာ ဘဝရဲ့ အကြီးမားဆုံး နောင်တတစ်ခု ဖြစ်တယ်လို့ အမြဲ ပြောခဲ့တယ် မဟုတ်လား...။"

"ဒီနေ့တော့ ကျွန်တောက ဦးလေးဝမ်ကို ကူညီပြီး မိသားစုနဲ့ ပြန်လည် သင့်မြတ်စေချင်ပါတယ်...။ ဦးလေး ပြင်ဆင်လာခိုင်းတဲ့ ပစ္စည်းကိုရော ယူလာခဲ့ရဲ့လား...။"

ထိုစကားကို ကြားသောအခါ ဝမ်ချန်ကျွင်းမှာ ပထမတော့ မှင်တက်သွားရပြီးနောက် စိတ်မကောင်းစွာဖြင့် ပြုံး၍ ပြောလိုက်လေသည်။

"လျန်ထျန်း...၊ မင်းရဲ့ စေတနာကိုတော့ ဦးလေး နားလည်ပါတယ်...။ ဒါပေမဲ့ ဦးလေး နည်းလမ်းမျိုးစုံ သုံးခဲ့ဖူးပေ မဲ့ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး...။ သူတို့က ဦးလေးရဲ့ ပိုက်ဆံ တစ်ပြားတစ်ချပ်ကိုမှ အထိမခံကြဘူး...။"

"ဦးလေးကတော့ မင်းက ကိစ္စတစ်ခုခုအတွက် ငွေသား ရှစ်ရာယွမ်ကျော်ကို ကြိုတင် ပြင်ဆင်ခိုင်းတယ် ထင်နေ တာ...။ တကယ်တော့ ဒီအတွက် ဖြစ်နေတာကိုး...။ ဟူး...၊ ဒါတွေက အလကား ဖြစ်သွားမှာကို ဦးလေး စိုးရိမ်မိ တယ်...။"

လျန်ထျန်းကမူ အပြုံးမပျက်ဘဲ ဆက်၍ ပြောလိုက်လေသည်။

"ဦးလေးဝမ်...၊ အချိန်ကာလတွေ ပြောင်းလဲသွားပါပြီ...။ ကျေးရူးပြုပြီး စိတ်ရှည်ရှည်နဲ့ ခဏလောက် ထပ် စောင့်ကြည့်ပါဦး...။ မကြာခင် တစ်ယောက်ယောက်က ဦးလေးဆီ ဖုန်းဆက်လာပါလိမ့်မယ်...။"

တိုက်တိုက်ဆိုင်ဆိုင်ပင် လျန်ထျန်း၏ စကားအဆုံး၌ ဝမ်ချန်ကျွင်း၏ ဖုန်းဝင်လာခဲ့လေသည်။

ဝမ်ချန်ကျွင်းသည် ဖုန်းကို ထုတ်ယူကာ ခေါ်ဆိုသူ၏ အမည်နာမကို ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းအစုံမှာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး လျန်ထျန်းကို အံ့အားသင့်တကြီး လှည့်ကြည့်မိလိုက်လေသည်။

လျန်ထျန်းကမူ ပြုံးမြဲပြုံးလျက်ပင် ခေါင်းညိတ်ပြကာ ဖုန်းကို အမြန်ဆုံး ဖြေကြားရန် အချက်ပြလိုက်သည်။

ဝမ်ချန်ကျွင်း ဖုန်းလက်ခံလိုက်သည့် အခါတွင်မူ တစ်ဖက်မှ ကြားလိုက်ရသော ပထမဆုံး စကားသံကြောင့် သူ အလွန်အမင်း တုန်လှုပ်သွားရရှာသည်။

"အစ်ကိုကြီး...။"

ထိုအသံမှာ ဝမ်ချန်ကျဲ့၏ အသံ ဖြစ်သည်။ တိုတောင်းလှသော "အစ်ကိုကြီး" ဟူသည့် စကားစုလေးက ဝမ်ချန်ကျွင်း၏ မျက်ဝန်းအစုံသို့ မျက်ရည်များ ချက်ချင်း ဝဲတက်လာစေခဲ့ပေသည်။

နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့သည့်တိုင် ဝမ်ချန်ကျွင်းသည် ဝမ်ချန်ကျဲ့ထံမှ "အစ်ကိုကြီး" ဟူသော ခေါ်သံကို မကြားရသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် မိသားစုမှ နှင်ထုတ်ခြင်း ခံရကတည်းက ဝမ်ချန်ကျဲ့၏ သူ၏အပေါ် ထားရှိသော သဘောထားမှာ အလွန်အမင်း အေးစက်ခဲပစ်ခဲ့သည်။

အချို့သော အခမ်းအနားများတွင် မတော်တဆ တွေ့ဆုံမိလျှင်ပင် မမြင်ချင်ယောင်ဆောင်၍ လွှဲဖယ်သွားတတ် ကြပြီး သူ၏ နာမည်ကိုပင် မဟရဲကြပေ...။ "အစ်ကိုကြီး" ဟု ခေါ်ရန်ဆိုသည်မှာမူ ဝေးစွတည်း။

ထိုမျှပင် စိမ်းသက်လှသော်လည်း ရင်းနှီးနေဆဲ ဖြစ်သော "အစ်ကိုကြီး" ဟူသည့် ခေါ်သံကို တစ်ဖန် ပြန်လည် ကြားလိုက်ရသောအခါ ဝမ်ချန်ကျွင်းသည် စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ရီလာတော့သည်။

"ညီလေး...၊ ဘာဖြစ်လို့လဲ...။"

သူ၏ ပြန်လည်ထူးသံမှာလည်း တုန်ရီနေခဲ့သော်လည်း ဖော်ပြ၍မရနိုင်သော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေ ခဲ့ပေသည်။

ဝမ်ချန်ကျဲ့၏ အသံမှာ ဖုန်းလိုင်းတစ်ဖက်မှ အလျင်အမြန်ပင် ထွက်ပေါ်လာလေသည်။

"အစ်ကိုကြီး...၊ အခု မိသားစုမှာ ဒုက္ခရောက်နေပြီ...။ တစ်ယောက်ယောက်က ငါတို့ရဲ့ ဘိုးဘွားပိုင် အိမ်ဟောင်း ကို လုယူဖို့ ကြံစည်နေကြတယ်...။"

"မိသားစုအတွက် အရေးတကြီး ငွေသား ရှစ်ရာယွမ်ကျော် လိုအပ်နေတယ်...။ ပြီးတော့ အဲ့ဒါကို ဒီနေ့အတွင်း အရောက်ပေးရမှာ...။ အစ်ကိုကြီး...၊ နည်းလမ်းတစ်ခုခု စဉ်းစားပေးလို့ ရမလား...။"

"ငါ သိပါတယ် အစ်ကိုကြီး...၊ အရင်က အစ်ကိုကြီး ငါတို့ဆီ လာလည်တဲ့ အကြိမ်တိုင်းမှာ ငါ အစ်ကိုကြီးကို စိတ်ပျက်အောင်ပဲ လုပ်ခဲ့မိတာ...။ ငါ ဒီလို မမေးသင့်ဘူးဆိုတာ သိပေမဲ့ ငါ တကယ်ပဲ...။"

ဝမ်ချန်ကျဲ့က နောင်တတရားများဖြင့် စကားကို အဆုံးမသတ်နိုင်သေးမီမှာပင် ဝမ်ချန်ကျွင်းက ချက်ချင်း ကြားဖြတ်၍ ပြောလိုက်လေသည်။

"ညီလေး...။ စိတ်မပူနဲ့...။ ငါ ပိုက်ဆံကို ချက်ချင်း ယူလာခဲ့မယ်...။ ဘိုးဘွားပိုင် အိမ်ဟောင်းကို ဘယ်သူမှ လုယူ သွားခွင့် မရှိစေရဘူး...။ ဘာလို့လဲဆိုတော့ အဲ့ဒါက ငါတို့ ငယ်ငယ်တည်းက နေခဲ့တဲ့ ငါတို့ရဲ့ အိမ်ပဲလေ...။"

ဖုန်းကို အလျင်အမြန် ချလိုက်ပြီးနောက် ဝမ်ချန်ကျွင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ ကြိုတင်ပြင်ဆင်ထားသော ငွေသေတ္တာကို မယူကာ ဝမ်မိသားစု အိမ်ဟောင်းရှိရာသို့ ဦးတည်လိုက်တော့သည်။

သို့သော်လည်း သူသည် ခြေတစ်လှမ်း လှမ်းပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းသွားကာ လှည့်၍ ပြောလိုက်လေသည်။

"လျန်ထျန်း...၊ ငါနဲ့အတူ လိုက်ခဲ့ပါဦး...။ ငါ့ရဲ့ မိသားစုနဲ့ ကြိုတင်ပြီး တွေ့ဆုံပေးပါ...။ မင်းကို မေးစရာတွေလည်း အများကြီး ရှိသေးတယ်...။"

ဝမ်ချန်ကျွင်းက မိမိ၏ မိသားစုနှင့် ကြိုတင် တွေ့ဆုံရန် ကမ်းလှမ်းလာသောအခါ လျန်ထျန်းသည်လည်း မဆိုင်း မတွဘဲ ကြည်ဖြူစွာ သဘောတူလိုက်လေသည်။

ဤစကား၏ အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှပေသည်...။ ဦးလေးဝမ်သည် သူ့ကို သမက်အဖြစ် စိတ်ထဲမှ အကြွင်းမဲ့ လက်ခံလိုက်ပြီ ဖြစ်ကြောင်းပင်။

အိမ်ဟောင်း၏ အတွင်းဘက်၌မူ ဝမ်ချန်ကျဲ့ ဖုန်းဆက်ပြီးသည်ကို စောင့်ကြည့်နေသော ကတုံးနှင့် လူမှာ တစ်ဖန် ရူးသွန်းစွာ ရယ်မောနေပြန်လေသည်။

"မကြာခင် ဟုတ်လား...။ ‘မကြာခင်’ ဆိုတာ ဘယ်လောက်တောင် မြန်လို့လဲ...။ ငါ့သူငယ်ချင်းတွေက ငါ့ကို အရက်သောက်ဖို့ ဖိတ်ရင်လည်း ငါ အမြဲတမ်း ချက်ချင်းလာခဲ့မယ်လို့ ပြောတာပဲ...။"

"လမ်းညွှန်မြေပုံက နောက်ထပ် လမ်းဆုံနှစ်ခုပဲ လိုတော့တယ်၊ ရောက်တော့မယ်လို့ ပြနေရင်တောင် တကယ် တမ်းတော့ တစ်နာရီထက်မက ကြာတတ်တာမျိုးပဲ...။"

"ဝမ်ချန်ကျွင်းက အခု ပိုက်ဆံထောင်ချီ ချမ်းသာနေပြီ ဆိုပေမဲ့လည်း ဒီလောက် တိုတောင်းတဲ့ အချိန်လေး အတွင်းမှာ ငွေသား ရှစ်ရာယွမ်ကျော်ကို ရအောင် ရှာနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...။"

"သူ တခြားသူဆီက ချေးဖို့ဆိုရင်တောင် အချိန်မှီမှာ မဟုတ်ဘူး... ဘယ်သူကများ ရာနဲ့ချီတဲ့ ငွေသားတွေကို ဘဏ်ထဲမထည့်ဘဲ ဒီတိုင်း အပြင်မှာ သယ်သွားနေမှာလဲ...။ ဒါကြောင့် မင်း သူ့ကို မျှော်လင့်မနေဘဲ အရှုံးပေး လိုက်တာ ပိုကောင်းလိမ့်မယ်...။"

သို့သော်လည်း ထိုကတုံးနှင့် လူ၏ စကား မဆုံးသေးမီမှာပင် သူ၏ နောက်ကွယ်ရှိ တံခါးကြီးမှာ ရုတ်တရက် ပွင့်လာခဲ့လေတော့သည်။

ဝမ်ချန်ကျွင်းသည် လက်ထဲတွင် ငွေသေတ္တာကို ကိုင်ဆောင်လျက် အတွင်းသို့ ခြေလှမ်းကြဲကြီးများဖြင့် ဝင်ရောက်လာပြီး နောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

"ငါ ရောက်ပြီ...၊ ပြီးတော့ ပိုက်ဆံကိုလည်း ယူလာခဲ့တယ်...။"

ထိုစကားကို ကြားလိုက်ရသောအခါ အခန်းတွင်းရှိ လူတိုင်းမှာ မှင်တက်အံ့အားသင့် သွားကြရလေတော့သည်။

အထူးသဖြင့် ကတုံးနှင့် လူမှာ စကားသံ ချက်ချင်း ရပ်တန့်သွားကာ မယုံကြည်နိုင်စရာ ကောင်းလှသော မျက်နှာ ပေးဖြင့် လှည့်ကြည့်လိုက်ပြီး ဝမ်ချန်ကျွင်းကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် အာမေဍိတ် ညည်းတွား လိုက်ရှာသည်။

"မင်းက ဘယ်က မြင်းလဲ...။ မင်း ချက်ချင်း ရောက်လာမယ်လို့ ပြောတာနဲ့ တကယ်ပဲ ရောက်လာတာလား...။"

ဝမ်ချန်ကျွင်းသည် အခြားသူများကို ဂရုမစိုက်တော့ဘဲ အခန်းအတွင်းသို့ ဝင်လာပြီးနောက် သူ၏ ညီငယ်ဖြစ်သူ ဝမ်ချန်ကျဲ့ထံသို့ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းသွားခဲ့လေသည်။

ညီအစ်ကို နှစ်ဦးမှာ မျက်နှာချင်းဆိုင် ဆုံတွေ့ကြစဉ် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ရှိခဲ့ဖူးသမျှ အာဃာတ တရားအားလုံးမှာ ထိုခဏ၌ပင် နှင်းပျော်သကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီး ညီအစ်ကို အရင်းအချာများကဲ့သို့ ချစ်ခင်ရိုသေခြင်း အတိနှင့် ပြည့်နှက်သွားခဲ့လေသည်။

ဝမ်ချန်ကျွင်းသည် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လက်ထဲမှ ငွေသေတ္တာကို ဖွင့်ပြလိုက်ရာ အတွင်း၌ စီရီစွာ ထည့်သွင်းထားသော ရှစ်ရာယွမ်ကျော်သော ငွေသားများမှာ အထင်အရှား ပေါ်ထွက်လာခဲ့လေတော့သတည်း...။

All Chapters