အခန်း ၂၂၁
Vol. 23 Ch. 221
အခန်း (၂၂၁)
မင်း သူမကို တကယ် ဂရုစိုက်တယ်ဆိုရင်...
လျန်ထျန်းသည် အမြဲတစေ ထင်ပေါ်ကျော်ကြားမှုကို မနှစ်သက်သူ တစ်ဦးဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေထိုင်လေ့ရှိပြီး ဤအကြောင်းကြောင့်ပင် သူ၏ အမျိုးမျိုးသော ကိုယ်ပိုင် ဂုဏ်ဒြပ်များကို အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ဝမ်ရှောင်ရို့နှင့် ပတ်သက်နေသဖြင့် သူ ဆက်လက်၍ သိုသိုသိပ်သိပ် မနေနိုင်တော့ ဘဲ ဝမ်ရှောင်ရို့၏ ချစ်သူဖြစ်ကြောင်း လူအများရှေ့တွင် ထုတ်ဖော် ကြေညာလိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ မိမိ၏ ချစ်သူအား အကျင့်စာရိတ္တမကောင်းသော လူငယ်များစွာက ဝိုင်းဝန်း မျက်နှာချို သွေးနေကြသည်ကို မည်သည့် ယောက်ျားကမျှ သည်းခံကြည့်နေနိုင်မည် မဟုတ်ပေ။
လူအများရှေ့တွင် ဤသို့ ကြေညာလိုက်သောအခါ ပတ်ဝန်းကျင်ရှိ လူငယ်များအားလုံး ဆွံ့အမှင်တက် သွားကြရ လေသည်။
အထူးသဖြင့် ကော်သခင်လေး ဖြစ်သည်။ သူသည် မူလက ငွေတစ်ယွမ်ဟူသော ကြီးမားလှသည့် ပမာဏဖြင့် ဤအစားအသောက်ပို့ဆောင်သူကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး ဝမ်ရှောင်ရို့အား အရယူရာတွင် ပူးပေါင်း ဆောင်ရွက်လာစေရန် ပြုလုပ်နိုင်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ လုံးဝ ထင်မှတ်မထားသည်မှာ ထိုအစားအသောက်ပို့ဆောင်သူသည် ကြီးမားလှသော ငွေကြေးကို လက်လွှတ်ခဲ့ရုံသာမက သူ့အား အရှက်ရစေမည့် စကားများကို တမင်တကာ ပြောဆိုခဲ့ပြီး ယခုအခါ ဝမ်ရှောင်ရို့ ၏ ချစ်သူဖြစ်ကြောင်းပါ ထုတ်ဖော်ကြေညာလိုက်ခြင်းပင် ဖြစ်လေသည်။
မကြာမီကမှ အရှိန်အဝါ ကြီးမားလာသော ကော်မိသားစု၏ သခင်လေးတစ်ဦးအနေဖြင့် ဒုတိယ သခင်လေး ကော်သည် ဤကဲ့သို့သော မခံမရပ်နိုင်ဖွယ်ရာများကို မည်သည့်အချိန်က ခံစားခဲ့ဖူးပါမည်နည်း။
ကနဦး အရှက်ရမှုအပြီးတွင် ဒေါသအဟုန်များ ပေါက်ကွဲလာတော့သည်။ သူသည် လျန်ထျန်းအား ချက်ချင်းပင် လက်ညှိုးထိုးကာ စူးရှသော်လည်း အားနည်းသော လေသံဖြင့် ဆိုလိုက်လေသည်။
"သူမလက်ကို လွှတ်စမ်း...။"
"မင်းကို အရင်ကတည်းက ငါ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီလေ...။ မင်းလို အောက်တန်းစား အစား အသောက်ပို့တဲ့ကောင်က မစ်(စ်)ဝမ်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ...။"
"မင်း သူမကို တကယ် ဂရုစိုက်တယ်ဆိုရင် သူမနားကနေ ဝေးဝေးမှာ နေသင့်တယ်...။ မင်းကိုယ်မင်း အဆင့် အတန်း ဘယ်လောက်ရှိတယ်ဆိုတာ နည်းနည်းလေးတောင် မသိဘူးလား...။"
လျန်ထျန်း တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် မိမိမြတ်နိုးရသူ စော်ကားခံရသည်ကို သည်းမခံနိုင်သော ဝမ်ရှောင်ရို့ က မတ်တတ်ရပ်ကာ ဝင်ရောက်ပြောဆိုလိုက်လေသည်။
"ငါ့ရဲ့ ဒါထျန်းထျန်းကို နင်က ဘယ်လိုသတ္တိနဲ့ အဲ့ဒီလို ပြောရဲရတာလဲ...။ သူ့ရဲ့ အဆင့်အတန်းက ဘာပဲဖြစ်ဖြစ် ဘာအလုပ်ပဲ လုပ်လုပ်...။ သူက ငါနဲ့ ထိုက်တန်တယ်လို့ ငါ ထင်တယ်...။"
ဤစကားများသည် ပတ်ဝန်းကျင်ရှိ လူငယ်များအားလုံးကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကဲ့သို့ ရိုက်ခတ် သွားခဲ့လေသည်။
မူလက ၎င်းတို့၏ အဆင့်အတန်းအရ အစားအသောက်ပို့ဆောင်သူ တစ်ဦးအား အလွယ်တကူ ချေမှုန်းနိုင်ရမည် ဖြစ်သော်လည်း ယခုအခါ လုံးဝဥဿုံ အရေးနိမ့်သွားခဲ့ရသည်မှာ ထင်မှတ်မထားစရာပင် ဖြစ်သည်။
အထူးသဖြင့် ကော်သခင်လေးသည် သူ၏ သွားဖုံးများ သွေးထွက်မတတ် အံကြိတ်ထားရင်း တွေဝေစွာဖြင့် မေးလိုက်လေသည်။
"မစ်(စ်)ဝမ်...၊ ကျေးဇူးပြုပြီး အချစ်စိတ်နဲ့ မျက်ကန်း မဖြစ်စမ်းပါနဲ့...။ အဲ့ဒီ အသုံးမကျတဲ့ အစားအသောက်ပို့ တဲ့ကောင်က ငါတို့ထက် ဘယ်နေရာ သာနေလို့လဲ...။"
"သူ့မှာ နောက်ခံမိသားစုလည်း မရှိဘူး အရင်းအနှီးလည်း မရှိဘူး...။ သူ သေတဲ့အထိ အစားအသောက် ပို့ရင် တောင် ငါတို့ရဲ့ လူမှုအဆင့်အတန်းကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး...။"
"နင်က အရင်က ဘဝဟောင်းမှာ ပိတ်မိနေတုန်းပဲလား...။ နင့်ရဲ့ ဝမ်မိသားစုက တစ်ဖန် ပြန်လည် ထမြောက်တော့ မယ်...၊ နင်က အရင်က လူတွေနဲ့ တစ်ကမ္ဘာတည်းမှာ မရှိတော့ဘူး...။"
"နင့်ရဲ့ ကိုယ်ပိုင် အဆင့်အတန်းကို စဉ်းစားကြည့်ပါဦး...။ ပြီးတော့ သူ့အဆင့်အတန်းကိုလည်း သေချာ ကြည့်စမ်း ပါ...၊ သူနဲ့ ထိုက်တန်ရဲ့လား...။ နင်က ဒီကိစ္စတွေကို ဂရုမစိုက်ဘူး ဆိုရင်တောင် နင့်မိသားစုက လူကြီးတွေက နောက်ဆုံးကျရင် သဘောတူပါ့မလား...။"
"ငါ့အကြံကို ယူပြီး သူ့ကို အခုပဲ စွန့်ပစ်လိုက်တော့...၊ ငါ့ကို ရွေးချယ်ပါ...။ ငါတို့ ကော်မိသားစုရဲ့ စီးပွားရေးက မကြာသေးမီက အရမ်းကို အဆင်ပြေနေတယ်...။ ငါတို့ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုက ငွေသုံးထောင်ယွမ် နီးပါးတောင် ရှိနေပြီ...။"
"ဒါ့အပြင် ငါ မကြာသေးခင်ကမှ ကြိုးပမ်းအားထုတ်မှုတွေ အများကြီး လုပ်ထားတယ်...။ ငွေသုံးထောင်ယွမ် အမှတ်အသားကို တရားဝင် ကျော်လွန်သွားပြီးရင် အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ ဗဟိုချက် အသိုင်းအဝိုင်းထဲကို ဝင်ရောက်နိုင်ဖို့ မျှော်လင့်ထားတယ်...။"
"ဒါကြောင့် ဒီနေရာမှာ နင့်အတွက် အကောင်းဆုံးက ငါပဲ...။ နင် ငါ့ကိုပဲ ရွေးချယ်သင့်တယ်...၊ သူ နင့်ကို ဆက်ပြီး အနှောင့်အယှက် ပေးနေမယ်ဆိုရင် ငါ သူ့ကို ပညာပေးလိုက်မယ်...။"
နောက်ဆုံးတွင် ကော်သခင်လေးသည် ရက်စက်ကြမ်းကြုတ်စွာ ပြုမူလာတော့သည်။
အခြားသော သခင်လေးများသည် ထိုစကားကို ကြားသောအခါ စိတ်အားထက်သန်လာကြပြီး သူ၏ စကား များကို ထောက်ခံပြောဆိုလာကြလေသည်။
"ဟုတ်တယ်...၊ အစားအသောက်ပို့တဲ့ကောင်က မစ်(စ်)ဝမ်နဲ့ လုံးဝကို မထိုက်တန်ဘူး...။ ငါတို့ ဒီကိစ္စကို လက်မခံနိုင်ဘူး...။"
"ဟုတ်တယ်...၊ ငါတို့ သူတို့ကို မရနိုင်ရင်တောင်မှ သူတို့ နှစ်ယောက်ကို ကွဲသွားအောင် လုပ်ရမယ်...။ ငါတို့ထဲက ဘယ်သူကများ ငွေယွမ်ရာနဲ့ချီ ထောင်နဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေ မရှိလို့လဲ...။ ငါတို့က အစားအသောက်ပို့တဲ့ကောင် ကို မရှင်းနိုင်စရာ အကြောင်းမရှိဘူး...။"
" ငါတို့ အခု မစ်(စ်)ဝမ်ကို မကူညီရင် သူမ နောင်တရတဲ့ အချိန်ကျရင် နောက်ကျသွားလိမ့်မယ်...၊ ငါတို့ သူတို့ကို ကွဲအောင်လုပ်ရမယ်...။ ကွဲအောင်လုပ်ရမယ်...။"
ဤအခိုက်အတန့်တွင် ထင်ရှားသော မျိုးနွယ်စုကြီးများမှ သခင်လေးများသည် ရူးသွပ်နေသူများကဲ့သို့ ပြုမူနေကြ လေတော့သည်။
ကာယကံရှင် နှစ်ဦးက ကန့်ကွက်မှု မရှိဘဲ လူကြီးများက တစ်စုံတစ်ရာ မပြောသေးသော်လည်း ၎င်းတို့သည် ငြိမ်ငြိမ်မထိုင်နိုင်ကြဘဲ လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့ကို ခွဲပစ်ရန် တင်းခံနေကြလေသည်။
၎င်းတို့သည် ဝမ်ရှောင်ရို့၏ ကောင်းကျိုးအတွက်ဟုပင် အကြောင်းပြကာ သူမအား "ဒုက္ခတွင်း" မှ ကယ်တင်ရန် နှင့် "ရွှံ့နွံထဲမှ ဆွဲထုတ်ရန်" ကြိုးပမ်းနေကြပြီး ပြဿနာကို တဖြည်းဖြည်း ကြီးမားလာစေခဲ့သည်။
နောက်ဆုံးတွင် လူငယ်မျိုးဆက်များ ဖန်တီးလိုက်သော ဆူပူအုံကြွမှုသည် အခြားတစ်ဖက်ရှိ လူကြီးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ညစာစားပွဲ စတင်ကတည်းက မိသားစုတစ်ခုစီ၏ လူကြီးများသည် နေရာတစ်နေရာတွင် နေထိုင်ကြပြီး လူငယ်မျိုးဆက်များမှာမူ အခြားတစ်နေရာတွင် နေထိုင်ကြခြင်းဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ စီးပွားရေးနှင့် ပတ်သက်သော မိသားစုတစ်ခုဖြစ်လေ ၎င်း၏ လူမှုအသိုင်းအဝိုင်းများမှာ ပိုမို၍ သိမ်မွေ့စွာ ခွဲခြားလာလေဖြစ်ပြီး လူကြီးနှင့် လူငယ် ခွဲခြားကာ ကိုယ်ပိုင် အကြောင်းအရာများနှင့် ရည်ရွယ်ချက်များ အသီးသီး ရှိကြလေသည်။
ထို့ကြောင့် အစပိုင်းတွင် ဆူညံသံများ ကျယ်လောင်မလာမချင်း ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေ သည်ကို လူကြီးများ သတိမထားမိခဲ့ဘဲ နောက်ပိုင်းမှသာ ပြေးလာခဲ့ကြခြင်း ဖြစ်သည်။
ဝမ်ချန်ကျွင်း ဦးဆောင်သော ဝမ်မိသားစုမှ လူကြီးတစ်စုနှင့် အခြားမိသားစုများမှ လူကြီးများသည် ဤနေရာသို့ ရောက်ရှိလာကြလေသည်။
"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ...၊ အားလုံး ရပ်လိုက်ကြစမ်း...။"
ဝမ်ချန်ကျွင်း၏ စကားတစ်ခွန်းတည်းဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး လျန်ထျန်းအပေါ် ပြေးဝင်ရန် ပြင်ဆင် နေသော မျိုးနွယ်စုကြီးများမှ သခင်လေးများအားလုံး ရပ်တန့်သွားကြလေသည်။
သို့သော် ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ကော်သခင်လေးသည် ချက်ချင်းပင် လျန်ထျန်းအား လက်ညှိုးထိုး ကာ စွပ်စွဲသည့်ဟန်ဖြင့် တိုင်တန်းလိုက်လေသည်။
"ဦးလေးဝမ်...၊ အစားအသောက်ပို့တဲ့ကောင် တစ်ယောက် ခိုးဝင်လာတယ်...။ သူက မစ်(စ်)ဝမ်ကို အနှောင့် အယှက်ပေးနေပြီး အရှက်မရှိ သူမရဲ့ချစ်သူလို့ ကြေညာနေတယ်...။"
"ကျွန်တော်တို့က မစ်(စ်)ဝမ်ကို သူ့ရဲ့ အနှောင့်အယှက်တွေကနေ ကင်းဝေးအောင် ကူညီပေးချင်တာပါ...။ ပြီး တော့ ဒီကောင့်ကို ပညာပေးရမယ်...။ မဟုတ်ရင် သူက သူ့နေရာသူ မသိဘဲ နောင်ကျရင် မစ်(စ်)ဝမ်ကို ထပ်ပြီး အနှောင့်အယှက် ပေးလိမ့်မယ်...။"
ထိုစကားကို ကြားသောအခါ ဝမ်ချန်ကျွင်းသည် အစားအသောက်ပို့ဆောင်ရေး ဝတ်စုံကို ဝတ်ဆင်ထားသော လျန်ထျန်းအား ကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
လျန်ထျန်းက သူ၏ ကိုယ်ပိုင်အမှတ်အသားကို မဖော်ပြရန် အမြဲတစေ ညွှန်ကြားထားသောကြောင့် ဝမ်ချန်ကျွင်း သည် မည်ကဲ့သို့သော အကြောင်းပြချက်ကို အသုံးပြုရမည်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
သူ ဆုံးဖြတ်ချက် မချနိုင်မီမှာပင် မိသားစု အသီးသီး၏ လူကြီးများထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်ပေါ်လာလေသည်။ သူသည် ဒုတိယမြောက် ကော်သခင်လေး၏ အသက်ကြီးပိုင်း ပုံစံနှင့် တူလေသည်။
မှန်ပေသည်... ထိုသို့ တူညီနေသော အမျိုးသားမှာ အခြားသူမဟုတ်ဘဲ ကော်သခင်လေး၏ ဖခင်ဖြစ်သော ကော်သခင်ကြီး ပင်ဖြစ်သည်။
ကော်သခင်ကြီးသည် မိမိ၏ သားဖြစ်သူကို ကောင်းစွာ သိရှိလေသည်။ မိမိ၏ သားဖြစ်သူ ဤမျှ ဒေါသထွက် နေသည်ကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ရာ နစ်နာမှု ရှိခဲ့မည်မှာ သေချာသည်။ ဖခင်တစ်ဦးအနေဖြင့် သူသည် သဘာဝအတိုင်း မိမိ၏ သားဖြစ်သူအတွက် မားမားမတ်မတ် ရပ်တည်ပေးရမည် ဖြစ်သည်။
ထို့အပြင် သားဖြစ်သူ ပစ်မှတ်ထားနေသောသူမှာ အစားအသောက်ပို့ဆောင်ရေး ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသာ ဖြစ်သည်။ ကော်မိသားစုသည် အလွန်တရာ ဩဇာအာဏာ ကြီးမားပြီး ချမ်းသာကြွယ်ဝလှ သဖြင့် သူ့အား အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။
ထို့ကြောင့် ကော်သခင်ကြီးသည် လျန်ထျန်းအား စိုက်ကြည့်ကာ အာဏာပါသော ဟန်ဖြင့် ပြောဆိုလိုက်လေ သည်။
"မင်းက မစ်(စ်)ဝမ်ကို အနှောင့်အယှက်ပေးဝံ့တယ်ပေါ့လေ...။ မင်းလို အစားအသောက်ပို့တဲ့ကောင်က အရိုက်ခံ ချင်နေတာပဲ ဖြစ်ရမယ်...။ ဝမ်မိသားစုက ဝင်ပါစရာ မလိုဘူး...။ ငါတို့ ကော်မိသားစုက မင်း ဘယ်တော့မှ မေ့မ ရမယ့် သင်ခန်းစာတစ်ခု ပေးလိုက်မယ်...။"
ဖခင်ဖြစ်သူ၏ အားပေးထောက်ခံမှုဖြင့် ကော်သခင်လေးသည် ပိုမို၍ မောက်မာကာ နိုင်ထက်စီးနင်း ပြုလာပြီး လျန်ထျန်းအပေါ်တွင်လည်း ဆရာလုပ်လာတော့သည်။
"ဟုတ်တယ်...၊ ငါတို့ ကော်မိသားစုက အခုဆိုရင် အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ ဗဟို ချက် အသိုင်းအဝိုင်းထဲကို ရောက်နေသလောက်ပဲ...။ မင်းလို အစားအသောက်ပို့တဲ့ကောင်က ဒါ ဘာကိုဆိုလို တာလဲ ဆိုတာကို နားလည်မှာ မဟုတ်ဘူး မလား...။"
"မင်းကို ပြောပြလိုက်လို့လည်း ဘာမှ မထိခိုက်ပါဘူး...။ အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ ဗဟိုချက် အသိုင်းအဝိုင်းဆိုတာ မြို့ရဲ့ ထိပ်တန်း ကုမ္ပဏီတွေကို စုစည်းထားတဲ့ အသိုင်းအဝိုင်း တစ်ခုပဲ...။"
"ဒီအသိုင်းအဝိုင်းထဲကို ဝင်ရောက်နိုင်တဲ့ ကုမ္ပဏီတွေ အားလုံးက ငွေထောင်ပေါင်းများစွာ ဒါမှမဟုတ် သောင်းနဲ့ ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိကြတယ်...။"
"မြို့ရဲ့ နံပါတ်တစ် အချမ်းသာဆုံးကော်ပိုရေးရှင်းနဲ့ နံပါတ်နှစ် ကျင်းတ အိမ်ခြံမြေတို့တောင် ဒီအသိုင်းအဝိုင်း ထဲမှာ ရှိတယ်...။"
"အသိုင်းအဝိုင်းထဲက ကုမ္ပဏီတွေ အားလုံးက တစ်ယောက်ကိုတစ်ယောက် ကူညီကြမယ်...။ သတင်းအချက် အလက်တွေ မျှဝေကြမယ်...။ ပြီးတော့ အရင်းအမြစ်တွေကို ဦးစားပေးကြမယ်...။"
"တစ်ယောက်ယောက် ဒုက္ခကြုံတွေ့ရင်တောင် တခြား ကုမ္ပဏီတွေက သူတို့ တတ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေ ပေးကြလိမ့်မယ်...။"
"ဒါပေါ့...၊ မင်းက သာမန် အစားအသောက်ပို့တဲ့သူ တစ်ယောက်ပဲ...။ မင်းက ကော်မိသားစုအတွက် ပြဿနာ ဖြစ်စေနိုင်တဲ့ အဆင့်နဲ့ ဘယ်လိုမှ မနီးစပ်ပါဘူး...။"
"ငါတို့က တခြား ဘယ်ကုမ္ပဏီရဲ့ အကူအညီမှ မလိုပါဘူး...။ ကော်မိသားစုရဲ့ နည်းလမ်းတွေချည်းနဲ့တင် မင်းကို ဖျက်ဆီးဖို့ လုံလောက်တယ်...။"
"ဟား..ဟား...၊ အခုတော့ မင်း ငါ့ကို ရန်စမိတာ နောင်တရနေပြီ မလား...။ မင်းနဲ့ ဒီနေရာက လူတွေက ကမ္ဘာမတူဘူးလို့ ငါ မင်းကို အစောကြီးကတည်းက ပြောခဲ့တယ်လေ...။"
"မင်း မစ်(စ်)ဝမ်ကို တကယ် ဂရုစိုက်တယ်ဆိုရင် ပြီးတော့ မင်းရဲ့ ကိုယ်ပိုင် ကောင်းကျိုးအတွက် ဆိုရင် ဒီနေရာ ကနေ ထွက်သွားလိုက်တော့...။ ဒါက မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ...၊ ငါ နောက်နေတာ မဟုတ်ဘူး...။"
ကော်သခင်လေး၏ ခြိမ်းခြောက်သော စကားများကို ရင်ဆိုင်ရချိန်တွင် လျန်ထျန်း၏ နှုတ်ခမ်းများက အပြုံးတစ် ခုအဖြစ် ကွေးတက်သွားကာ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ ဗဟိုချက် အသိုင်းအဝိုင်းထဲကို ဝင်ဖို့ ကြိုးစားနေတယ်...၊ ဒါပေမဲ့ တရားဝင်တောင် မဝင်ရသေးတဲ့ ကုမ္ပဏီတစ်ခုက တကယ်ပဲ ဒီလောက်တောင် မောက်မာနေနိုင်တာ လား...။"
"ဒီအသိုင်းအဝိုင်းကို အချိန်တစ်ခုကြာရင် စစ်ဆေးပြီး ရှင်းလင်းဖို့ လိုအပ်နေပုံရတယ်...။ မဟုတ်ရင် တချို့ ကပ်ပါးကောင်တွေက အမြဲတမ်း ပေါက်ဖွားနေလိမ့်မယ်...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ကော်သခင်ကြီးသည် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာ မှားယွင်း နေကြောင်း ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
သို့သော် သူ၏သားဖြစ်သူ ကော်သခင်လေးသည် တစ်စုံတစ်ရာကိုမျှ သတိမထားမိခဲ့ပေ။ ထိုအစား သူသည် လျန်ထျန်းအား ပိုမို၍ အထင်အမြင်သေးစွာ ကြည့်ကာ ဟားတိုက် ရယ်မောလိုက်တော့သည်။
"မင်းတို့လို ဆင်းရဲသားတွေက စကားကြီးစကားကျယ် ပြောတတ်ရုံပဲ သိတယ်ဆိုတာ ငါ သိပါတယ်...။ မင်းတို့ က ထမင်းတစ်နပ်အတွက် ဟင်းသုံးခွက်တောင် မတတ်နိုင်ဘဲနဲ့ စီးပွားရေး အပြောင်းအလဲတွေနဲ့ အမျိုးသားရေး မူဝါဒတွေ အကြောင်းကို လာပြောနေသေးတယ်...။"
"နောက်ဆုံးတော့ လူတွေက ပိုဆင်းရဲလေ ပိုပြီး ကြွားဝါချင်လေ ဖြစ်တာ မဟုတ်ဘူးလား...။ ဒီလိုနေရာမျိုးမှာ အဲ့ဒီလို စကားတွေက လူတွေကို လှည့်စားနိုင်သေးတယ်လို့ မင်း ထင်နေတာလား...။"
"နံစော်နေတဲ့ အစားအသောက်ပို့တဲ့ကောင်...။ ငါ ပေးတဲ့ နောက်ဆုံး အခွင့်အရေးကို မင်း ဆုံးရှုံးသွားပြီ...။ အခု ချိန်ကစပြီး မင်း နောင်တရလိမ့်မယ်...။"
သူပြောရင်းဖြင့် ကော်သခင်လေးသည် ဖခင်ဖြစ်သူ ကော်သခင်ကြီးဘက်သို့ လှည့်ကာ၊
"အဖေ...၊ လောင်ဟုန်ကို လူတချို့ ခေါ်လာပြီး ဒီကောင့်ကို ပညာပေးဖို့ ခေါ်လိုက်ပါ...။ ကျွန်တော်တို့ သူ့ကို သတ် မိရင်တောင် ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ရဲစခန်းက အဖွဲ့ခေါင်းဆောင် တစ်ယောက် ရှိနေသေးတာပဲ...။"
လောင်ဟုန်ဆိုသည်မှာ ကော်မိသားစုက ထိုနယ်မြေတွင် မွေးမြူထားသော အင်အားစုတစ်ခု ဖြစ်ပြီး ရဲစခန်းရှိ အဖွဲ့ခေါင်းဆောင် တစ်ဦးသည်လည်း ကော်မိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိလေသည်။
ဤအင်အားစု နှစ်ခုကို သူ၏ လက်အောက်တွင် ထားရှိနိုင်သဖြင့် ကော်သခင်လေးသည် ဤမျှ မောက်မာကာ နိုင်ထက်စီးနင်း ပြုဝံ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
သို့သော် ပိုင်ဆိုင်မှုများ ငွေသုံးထောင်ယွမ် ကျော်လွန်လုနီးပါး ရှိသော မိသားစုတစ်ခုအတွက် ဤသည်မှာ ပုံမှန် ကိစ္စတစ်ခုသာ ဖြစ်သည်။ ချမ်းသာကြွယ်ဝသူများ၏ နည်းလမ်းများသည် သာမန်လူများ၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေလေသည်။
ဝမ်ချန်ကျွင်းသည် ကော်မိသားစု သားအဖကို တားဆီးရန် ကြီးလေးသော စကားတစ်စုံတစ်ရာ ပြောဆိုရန် ပြင် လိုက်စဉ်မှာပင် လျန်ထျန်းထံမှ သိသာထင်ရှားသော အကြည့်တစ်ချက်ကို လက်ခံရရှိလိုက်လေသည်။
ဆိုလိုသည်မှာ ဝမ်ချန်ကျွင်းအနေဖြင့် မည်သည့်အရာကိုမျှ မလုပ်သင့်ကြောင်းပင် ဖြစ်သည်။ ဝမ်ချန်ကျွင်းသည် လျန်ထျန်းက သူ၏ ကိုယ်ပိုင်အမှတ်အသားကို လျှို့ဝှက်ထားလိုသည်ဟု ထင်မှတ်ကာ အမှန်တကယ်ပင် မည် သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။
သို့သော် သူ၏ စိတ်နှလုံး နက်ရှိုင်းရာတွင်မူ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ အကယ်၍ ကော်မိသားစုက အလွန်အကျွံ ပြုလုပ်လာပါက လျန်ထျန်းတွင် ပြင်ဆင်ထားမှု မရှိလျှင် မည်သို့ လုပ်ဆောင်မည်ကို သူ စိုးရိမ် နေခြင်း ဖြစ်သည်။
သို့ရာတွင် ဝမ်ချန်ကျွင်းသည် လျန်ထျန်းအား အလွန် ယုံကြည်လေသည်။ လျန်ထျန်းက သူ့အား အရေးယူဆောင် ရွက်ခွင့် မပြုခြင်းမှာ နောက်ကွယ်တွင် အစီအစဉ်တစ်ခု ရှိနေမည်မှာ သေချာသည်ဟု သူ ယုံကြည်ထားလေ သည်။
အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။ လျန်ထျန်း၏ စိတ်ထဲတွင် အလွန်ကောင်းမွန်သော အကြံအစည် တစ်ခု ရှိနေပြီး ဖြစ်လေသည်။
ထို့နောက် ဝမ်ချန်ကျွင်းသည် ဝမ်မိသားစုဝင်များနှင့် အကြည့်ချင်း ဖလှယ်ကာ လျန်ထျန်း၏ ဆိုလိုရင်းကို ပေးပို့ လိုက်ရာ ဝမ်မိသားစုဝင်များသည်လည်း ငြိမ်သက်စွာ နေကြလေသည်။
လျန်ထျန်း၏ လက်ကို အချိန်တစ်လျှောက်လုံး ဆုပ်ကိုင်ထားသော ဝမ်ရှောင်ရို့သည် လျန်ထျန်းက သူမ၏ လက်ဖဝါးကို ရိုးရှင်းစွာ ညှစ်လိုက်သောအခါ ချက်ချင်းပင် နားလည်သွားပြီး မျက်နှာတွင် မည်သည့် အမူအရာမျှ မပြဘဲ နေလိုက်လေသည်။
သို့သော် ဝမ်မိသားစုမှ လူတိုင်း နားလည်သဘောပေါက်နေချိန်တွင် အခြားသူများမှာမူ လုံးဝကို ဇဝေဇဝါ ဖြစ်နေ ကြလေသည်။
ကော်သခင်ကြီးသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားခဲ့ရသော်လည်း ဝမ်မိသားစု၏ သဘောထားနှင့် ၎င်းတို့၏ တုံ့ပြန်မှု ကင်းမဲ့နေခြင်းကို မြင်တွေ့ပြီးနောက် သူ၏ သံသယများကို တဖြည်းဖြည်း ဖယ်ရှားလိုက် လေသည်။
နောက်ဆုံးတွင် သားဖြစ်သူ၏ တိုက်တွန်းမှုကြောင့် သူသည် လောင်ဟုန်အား ဖုန်းခေါ်လိုက်တော့သည်။
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီးနောက် ကော်သခင်ကြီးက သားဖြစ်သူအား ခေါင်းညိတ်ပြလိုက်ရာ ကော်သခင်လေး သည် လျန်ထျန်းအား ချက်ချင်းပင် ဆက်လက်၍ မောက်မာစွာ ပြောဆိုလိုက်လေသည်။
"ကောင်လေး...၊ မင်းတော့ ပြီးသွားပြီ...၊ မင်း သိလား...။ လောင်ဟုန်က သူ တိုက်ခိုက်တဲ့အခါ လုံးဝ မညှာတာ တတ်ဘူး...။ မင်းတော့ သေဖို့သာ ပြင်ထားတော့...။"
အနီးအနားရှိ အခြားသော မိသားစုများမှ လူများသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနေကြ လေသည်။
"လောင်ဟုန်ရဲ့ နာမည်ရင်းက ဟုန်ပေါင် မလား...။ နယ်မြေမှာ တကယ်ကို နာမည်ကြီးတဲ့ တစ်ယောက်လေ...။"
"ဟုတ်တယ်…၊သူပဲ...။ သူ့ရဲ့ မျိုးရိုးနာမည်က ဟုန် ဖြစ်ပေမဲ့ သူ့ကို ကျားသစ်နက်လို့ နာမည်ပြောင် ပေးထားကြ တယ်...။ ကျားသစ်နက်ကို လွှတ်လိုက်ပြီဆိုရင် သွေးထွက်သံယို ဖြစ်ရစမြဲပဲတဲ့...။ ခံရတဲ့သူက သေရင်သေ မသေရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရလိမ့်မယ်...။"
"ကျွတ်… ကျွတ်...။ နာမည်ကြီး ကျားသစ်နက်က ကော်မိသားစုရဲ့ သိမ်းသွင်းခြင်းကို ခံလိုက်ရမယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး.... အဲ့ဒီ အစားအသောက်ပို့တဲ့ကောင်လေးတော့ တကယ်ကို ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရ ပြီပဲ...။"