← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈)

ထရီလီယံ ပိုင်ဆိုင်သည့် ဘီလီယံနာ

ငွေကြေးချမ်းသာကြွယ်ဝသော ဤကျောင်းသားမိဘများသည် လူ့အသိုင်းအဝိုင်းတွင် အထက်တန်းလွှာများ ဖြစ်ကြလေသည်။

သူတို့၏ ဥစ္စာဓန၊ ဂုဏ်သိက္ခာနှင့် ရာထူးနေရာများက သူတို့ကို မောက်မာလာစေခဲ့ပြီး အခြားသူများထက် သာလွန်သည်ဟု အမြဲတစေ ခံစားနေကြခြင်း ဖြစ်သည်။

ထိုအချက်ကပင် သူတို့ကို သာမန်လူတန်းစားများအပေါ် ပို၍ အထင်အမြင် သေးလာစေခဲ့ပြီး လူကို လူလို မဆက်ဆံသည့် အနေအထားအထိ ရက်စက်ယုတ်မာလာစေခဲ့သည်။

တွေးကြည့်မည်ဆိုလျှင် သူတို့သာ မရက်စက်ခဲ့ပါက မည်သို့လုပ်၍ ချမ်းသာလာနိုင်မည်နည်း။

ယနေ့ခေတ် ကမ္ဘာကြီး၏ အနေအထားမှာ ဤသို့ပင် ဖြစ်လေသည်။ ရွေးချယ်စရာ လမ်းကြောင်း နှစ်ခုသာ ရှိပုံရပြီး တစ်ခုမှာ အခြားသူများကို ခေါင်းပုံဖြတ်ရန် ဖြစ်ကာ အခြားတစ်ခုမှာမူ သူတစ်ပါး၏ ခေါင်းပုံဖြတ် ခြင်းကို ခံရန်ပင် ဖြစ်တော့သည်။

သမိုင်းတစ်လျှောက်လုံးတွင် ခေါင်းပုံဖြတ် အမြတ်ထုတ်သူများသည် သူတို့ အမြတ်ထုတ်ခံရသူများကို မည်သို့လုပ်၍ လေးစားနိုင်ပါမည်နည်း။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့၏ အမြင်တွင် လူတိုင်း၏ အဆင့်အတန်းကို လူတန်းစား အသီးသီး ခွဲခြား ထားလေသည်။

မိမိတို့ထက် အဆင့်အတန်း နိမ့်ကျသူ မည်သူ့ကိုမဆို ကျွန်တစ်ယောက်ကဲ့သို့ အကန့်အသတ်မရှိ အနိုင်ကျင့် စော်ကားနိုင်သည်ဟု မှတ်ယူထားကြသည်။

သာမန်လူ အများစုမှာ သူတို့နှင့် တူညီသော ငွေကြေးအင်အား မရှိကြသဖြင့် အနိုင်ကျင့်ခံရသောအခါ ဒေါသကို မြိုသိပ်ကာ သည်းခံကြရုံမှလွဲ၍ အခြားမရှိတော့ပေ။

ထို့နောက် သူတို့က ငွေအနည်းငယ်ကို ပစ်ပေါက်ပေးလိုက်ရုံဖြင့် သာမန်လူများ၏ ကျွန်စိတ် ပေါက်နေမှုမှာ သံသယဖြစ်ဖွယ်မရှိ ပေါ်လွင်လာတော့သည်။

အစပထမတွင် သူတို့သည် အဆင့်နိမ့် ကျွန်တစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟုသာ ထင်မှတ်ထားခဲ့ကြ လေသည်။

အဆင့်နိမ့် အစားအသောက်ပို့ဆောင်သူ တစ်ယောက်ကို သူတို့စိတ်ကြိုက် ခြယ်လှယ်နိုင်သည်ဟု ထင်ခဲ့ကြ သည်။

သို့သော် ဤအချိန်တွင် ထိုအစားအသောက်ပို့ဆောင်သူသည် အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်း ၏ အဓိကအသိုင်းအဝိုင်းကို တည်ထောင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ရင်းနှီးမြှုပ်နှံသူကြီး ဖြစ်လာခဲ့လေပြီ။

ဤကဲ့သို့သော အဆင့်အတန်းများကို အထက်အောက် အဆင့်ဆင့် ခွဲခြားထားကြောင်း သတိပြုသင့်ပေသည်။ အကယ်၍ သူတို့သည် အဆင့် (၅) သို့မဟုတ် (၄) ကဲ့သို့သော နေရာတွင် ရှိနေနိုင်ပါက ပိုင်ဆိုင်မှု သန်းနှင့်ချီရှိ သော ထိုအမှန်တကယ် ဩဇာကြီးမားသူများမှာမူ အဆင့် (၃) သို့မဟုတ် (၂) ကဲ့သို့သော နေရာတွင် ရှိနေကြလေ သည်။

သူတို့၏ အမြင်တွင် လျန်ထျန်းမှာ အနိမ့်ဆုံး လူတန်းစားဖြစ်သည့် အဆင့် (၉) မှ ဖြစ်ကြောင်း သေချာနေခဲ့သည်။

သို့သော် ယခုအခါတွင် သူသည် ထိုအမှန်တကယ် ဩဇာကြီးမားသူများကို အလွယ်တကူ ခေါ်ယူနိုင်ပြီး သူ့အပေါ် လွန်စွာ ရိုသေလေးစားအောင် ပြုလုပ်နိုင်ခဲ့သဖြင့် လျန်ထျန်းမှာ အမြင့်ဆုံးအဆင့်တွင် ရှိနေသူဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိတော့ပေ။

ဤမျှ ကြီးမားလှသော အဆင့်အတန်း ပြောင်းလဲမှုကြီးက အရှိန်အဝါ အတန်အသင့်ရှိသော ဤကျောင်းသား မိဘများကို လုံးဝ အံ့အားသင့် မှင်တက်သွားစေခဲ့သည်။

အထူးသဖြင့် သူဌေးကျင်းမှာ လျန်ထျန်းနှင့် အများဆုံး ပွတ်တိုက်မှု ဖြစ်ခဲ့ပြီး ဤပြဿနာများကို စတင် ဖန်တီးခဲ့ သူမှာလည်း သူ၏သားပင် ဖြစ်လေသည်။

တိတ်ဆိတ်မှုမှာ စက္ကန့်သုံးဆယ်ခန့်အထိ ကြာမြင့်သွားခဲ့သည်။

မည်သူမျှ ဤကဲ့သို့သော အခြေအနေမျိုးကို ယခင်က မကြုံဖူးခဲ့ကြသဖြင့် အားလုံးမှာ ကြက်သေသေသွားကြပြီး မည်သို့ လုပ်ရမည်ကို မသိတော့ပေ။

ဘာတွေဖြစ်နေသလဲဆိုတာကို နားလည်သူများပင်လျှင် မည်သို့ တုံ့ပြန်ရမည်ကို မသိသဖြင့် အခြားသူများ နည်းတူ ဟန်ဆောင်ကာ အံ့အားသင့်နေသည့် အခြေအနေတွင်သာ နေနိုင်ကြတော့သည်။

ထိုအချိန်တွင် သူဌေးကျင်းက သူ့ကိုယ်သူ အားကုန်ရိုက်ချလိုက်သဖြင့် ဖြန်းခနဲ အသံထွက်ပေါ်လာလေသည်။

သူက သူ့ကိုယ်သူ ဆက်တိုက် ရိုက်နှက်နေရင်း ပြောလိုက်သည်။

"နိုးစမ်း...၊ သတိထားစမ်း...။"

"အစားအသောက်ပို့တဲ့သူ တစ်ယောက်က အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိက အသိုင်းအဝိုင်းကို တည်ထောင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ရင်းနှီးမြှုပ်နှံသူကြီး ဖြစ်လာတယ်ဆိုတာ ဒီထက် ပိုလွန်ကဲတဲ့ အိပ်မက် ရှိနိုင်ပါဦးမလား...။"

"ဒီအရာက အမှန်တရားဆိုတာကို ငါ မယုံနိုင်ဘူး...။ ဒီအရာက အမှန်တရားဆိုတာကို ငါ လုံးဝ မယုံနိုင်ဘူး...။ နိုးစမ်း...။"

သူသည် ရူးသွပ်သွားသကဲ့သို့ ဖြစ်နေပြီး မျက်နှာတစ်ခုလုံး နီရဲရောင်ရမ်းကာ ပေါက်ပြဲပြီး သွေးထွက်လာသည် အထိ ဆက်တိုက် ရိုက်နှက်နေတော့သည်။

နောက်ဆုံးတွင် ပြင်းထန်လှသော နာကျင်မှုကို ဆက်လက် မခံစားနိုင်တော့သဖြင့် မျက်ရည်များ စီးကျလာကာ ရိုက်နှက်နေမှုကို ရပ်တန့်လိုက်ပြီး အမှန်တရားကို လက်ခံရန် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်လေသည်။

"တောင်းပန်ပါတယ်...၊ ကျွန်တော် မှားသွားပါတယ်...။ မစ္စတာလင်...၊ ကလေးတွေက အတန်းဖော်တွေ ဖြစ်နေ တာကို ထောက်ထားပြီး ဒီတစ်ခါတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...။"

"ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်လောက်တောင် ပြင်းပြင်းထန်ထန် ရိုက်နှက်ထားလဲဆိုတာကို ကြည့်ပါဦး...။ ဒီအရာကိုပဲ တောင်းပန်မှုတစ်ခုအနေနဲ့ သဘောထားပေးပါ...။ ဒါမှ မလုံလောက်သေးရင်လည်း ခင်ဗျားကို အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုပြီး အကြိမ်အနည်းငယ်လောက် ကန်တော့ပါ့မယ်...။"

စီးပွားရေးသမားများမှာ အမှန်တကယ်ပင် ဉာဏ်ရည်သွက်လက်ကြသည်ကို ဝန်ခံရပေမည်။

အမှန်တရားကို သိရှိသွားပြီးနောက် သူတို့သည် ဂုဏ်သိက္ခာအားလုံးကို ချက်ချင်း စွန့်လွှတ်ကာ ကရုဏာသက်ရန် တောင်းပန်ကြရုံသာမက ဤအခွင့်အရေးကို အသုံးချ၍ အထက်တန်းလွှာများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ပင် ကြိုးစားလာကြသည်။

သို့သော် လျန်ထျန်းက သူ၏ အလိုဆန္ဒအတိုင်း လိုက်လျောမည် မဟုတ်ဘဲ ချက်ချင်းပင် ငြင်းပယ်လိုက်လေ သည်။

"ငွေလေး နည်းနည်းပါးပါးနဲ့ အာဏာလေး ရှိတာနဲ့ ရမ်းကားနေတဲ့ မင်းလို လက်ပါးစေမျိုးကို ငါ အလိုမရှိဘူး...။ မင်းက အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်မှာတော့ ပြဿနာတက်မှာ သေချာတယ်...။"

"မင်း အရင်က ပြောခဲ့တဲ့ စကားတွေကိုလည်း ငါ အသံဖမ်းထားတယ်...။ မင်းက လူတော်တော်များများကို ဒုက္ခိတ ဖြစ်အောင် လုပ်ခဲ့တယ် မဟုတ်လား...။ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ ငွေတောင် သုံးခဲ့သေးတယ် ပေါ့လေ...။"

"လက်ရှိ ရဲဌာနညွှန်ကြားရေးမှူးချုပ်က ငါ့သူငယ်ချင်းပဲ...။ ငါ သူ့ကို သက်သေတွေ အကုန်ပေးပြီး ငါတို့ ငါးကြီး ကြီး ဖမ်းမိနိုင်မလားဆိုတာ သိရအောင် မင်းကို သေချာစုံစမ်းခိုင်းလိုက်မယ်...။"

ထို့နောက် လျန်ထျန်းက စင်အောက်ရှိ ကျောင်းသားများဘက်သို့ လှည့်ကာ ဩဇာအာဏာ အတန်အသင့်ရှိသော မိဘများကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

"ပြီးတော့ မင်းတို့တွေ...၊ အရင်က အရမ်းကို မောက်မာခဲ့ကြတယ်နော်...။ အယ်လ်မြို့တော်က မင်းတို့အားလုံးကို မဆံ့တော့သလိုတောင် ခံစားရတယ်...။"

"ဒါကြောင့် အခုကစပြီး မင်းတို့တွေ အယ်လ်မြို့တော်မှာ စီးပွားရေးလုပ်တာကို ရပ်လိုက်သင့်ပြီ...။ မင်းတို့ အားလုံး ဘာလုပ်ရမယ်ဆိုတာ သိတယ် မဟုတ်လား...။"

လျန်ထျန်း၏ နောက်ဆုံးစကားမှာ သူ၏ဘေးရှိ ဩဇာကြီးမားသူများကို ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။

အယ်လ်မြို့တော်၏ စီးပွားရေးအသိုင်းအဝိုင်းရှိ လုပ်ငန်းတစ်ခု၏ အနေအထားကို လွှမ်းမိုးနိုင်စွမ်းရှိသည့် မည် သည့် ဩဇာကြီးမားသူ မဆို လျန်ထျန်းရှေ့တွင် လွန်စွာ ရိုသေလေးစားစွာ ပြုမူကြလေသည်။

"နားလည်ပါပြီ...၊ နားလည်ပါပြီ...။ သူတို့ရဲ့ စီးပွားရေးက နောက်ဆုံးမှာတော့ ကျွန်တော်တို့ ထောက်ပံ့ပေးတဲ့ အသက်မွေးဝမ်းကျောင်းမှုအပေါ်မှာ မှီခိုနေရတာမို့ အစုရှယ်ယာရှင်ကြီးတွေအနေနဲ့ စိတ်ချပါ...။"

"ကျွန်တော်တို့ အရင်က ပေးခဲ့သလိုပဲ သူတို့ဆီကနေ အကုန်လုံးကို ပြန်ယူပါ့မယ်...။ တစ်လအတွင်းမှာ သူတို့ကို အယ်လ်မြို့တော်ကနေ အပြီးအပိုင် ရှင်းထုတ်ပစ်ပြီး အစုရှယ်ယာရှင်ကြီးရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွား စေရပါမယ်....။"

ထိုစကားများကို ကြားသောအခါ ဩဇာအာဏာ အတန်အသင့်ရှိသော မိဘများမှာ ချက်ချင်းပင် ငိုယိုအော်ဟစ် လာကြပြီး လျန်ထျန်းထံမှ ကရုဏာသက်ရန် စင်ပေါ်သို့ အလျင်အမြန် တက်လာကြတော့သည်။

"လင်လူကြီးမင်...၊ ကျွန်တော်တို့ မှားသွားပါတယ်...။ ကျွန်တော်တို့ တကယ်ပဲ မှားသွားမှန်း သိပါပြီ...။ ကျေးဇူး ပြုပြီး ခွင့်လွှတ်ပေးပါ...။"

သို့သော် လျန်ထျန်းက သူတို့ကို လုံးဝ လျစ်လျူရှုလိုက်ပြီး သူ၏ဘေးရှိ ကလေးငယ် လင်ရှန်း၏ လက်ကိုဆွဲကာ ဩဇာကြီးမားသူများ ဝန်းရံလျက် အပြင်သို့ ထွက်ခွာသွားလေသည်။

ကျောင်းဝင်းအတွင်းရှိ လမ်းမများထက်တွင် လျန်ထျန်းသည် ကျောင်းနှင့် ပတ်သက်၍ ပိုမို သိရှိလာခဲ့သည်။

ဤကျောင်းမှာ ပုဂ္ဂလိကကျောင်းဖြစ်ပြီး ဤနေရာတွင် တက်ရောက်နေကြသော ကျောင်းသားများ၏ မိသားစု များမှာ ယေဘုယျအားဖြင့် အုပ်စုနှစ်စု ကွဲပြားလေသည်။

ပထမအမျိုးအစားမှာ အများစုဖြစ်ပြီး ဒေသတွင်း၌ အိမ်ထောင်စုစာရင်း မရှိသော ကျောင်းသားများ ဖြစ်ကြ သည်။

သူတို့၏ မိသားစုများမှာ အစိုးရကျောင်းများတွင် နေရာမရကြသဖြင့် ကျောင်းလခ ပိုမိုကြီးမြင့်သော ဤပုဂ္ဂလိက ကျောင်းသို့ လာရောက်ကြရခြင်း ဖြစ်သည်။

အခြား အခြေအနေတစ်ခုမှာ ချမ်းသာသော မိသားစုများမှ ကလေးများသည် ဆိုးသွမ်းပြီး ပညာရေးတွင် ညံ့ဖျင်း သဖြင့် အစိုးရကျောင်းများမှ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့၏ မိသားစုများက သူတို့ကို ဤကဲ့သို့သော ပုဂ္ဂလိကကျောင်းသို့ ပို့ဆောင်ခဲ့ကြပြီး မိသားစု ချမ်းသာကြွယ်ဝမှုကြောင့် အခွင့်ထူးခံ ဆက်ဆံရေးမျိုး ရရှိခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ ဖြစ်ပျက်ခဲ့သည့် ဆရာမ၏ တုံ့ပြန်မှုနှင့် အပြုအမူများက ဘာတွေ ဖြစ်ခဲ့သည်ကို ရှင်းလင်းစွာ ဖော်ပြနေ သည်။

အခြေအနေကို သဘောပေါက်သွားပြီးနောက် လျန်ထျန်းက မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီး နောက် ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။

"ငါ ဒီကျောင်းကို ဝယ်ပြီး ကျောင်းသားတိုင်းကို အမျှတဆုံးနည်းလမ်းနဲ့ ဆက်ဆံချင်တယ်...။"

"မင်းတို့ထဲက ချမ်းသာပြီး ငွေရှိရုံနဲ့ ကျောင်းမှာ အခွင့်ထူးခံလို့ ရမယ်လို့ ထင်နေတဲ့သူတွေက ငါ့ထက် ပိုချမ်းသာ သလားဆိုတာ ကြည့်ကြသေးတာပေါ့...။"

"နောင်ကျရင် အာဏာရှိသူတွေကို ဖားယားတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းမိရင် သူတို့ကို အရေးယူပြီး ရဲတိုင်ရ မယ်...။ ဒီလို အပြုအမူမျိုးကို လုံးဝ သည်းမခံသင့်ဘူး...။"

"ခင်ဗျားတို့ ပြန်ရောက်သွားရင် ဒီကိစ္စအတွက် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိက ကွန်ရက်ကို အသုံး ပြုပြီး ကျွန်တော့်ကို ကူညီပေးပါ...။ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ဆိုရင် ခက်ခဲမှာ မဟုတ်ပါဘူးနော်...။"

ထိုစကားကို ကြားသောအခါ ဥက္ကဋ္ဌချန် ဦးဆောင်သော ဩဇာကြီးမားသူများက ခေါင်းတညိတ်ညိတ်ဖြင့် လျန်ထျန်း ပေးအပ်သော တာဝန်များကို အကောင်းဆုံး ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိပြုကြလေသည်။

ကလေးငယ် လင်ရှန်းမှာ လျန်ထျန်း မည်မျှ အံ့မခန်းဖြစ်ကြောင်း မြင်တွေ့ရသောအခါ လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားလေသည်။

သို့သော် ကလေးများမှာ ရိုးသားဖြူစင်ပြီး အများကြီး မတွေးတတ်ကြပေ။ ထိုအစား သူတို့သည် လျန်ထျန်းနှင့် ပို၍ ရင်းနှီးလာကာ သူ၏ ခြေထောက်ကို ဖက်ထားလေသည်။

"ပို့ဆောင်ရေးသမား ဦးလေး...၊ ဦးလေးက တကယ်ကို အံ့သြစရာကောင်းတာပဲ...။ သားအဖေသာ သက်ရှိ ထင်ရှား ရှိနေသေးရင် ဦးလေးလိုပဲ တကယ်ကို အံ့သြစရာကောင်းနေမှာပဲနော်...။"

လျန်ထျန်းက သူ့ကို ပွေ့ချီလိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်...၊ ငါတို့က ရေစက်ရှိလို့ ဆုံကြတာပဲ...။ အခုကစပြီး မင်း ငါ့ကို မွေးစားအဖေလို့ ခေါ်ပြီး ငါက မင်းကို မွေးစားသားအဖြစ် အသိအမှတ်ပြုလိုက်ရင်ရော ဘယ်လိုလဲ...။"

လင်ရှန်းက တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ပြီး ပြတ်သားစွာ အော်ခေါ်လိုက်သည်။

"မွေးစားအဖေ...။"

လျန်ထျန်းက ချက်ချင်းပင် ပြန်ထူးလိုက်သည်။

"ဟေ..."

ထိုနေ့ညနေ လျန်ထျန်း အိမ်ပြန်ရောက်သောအခါ ဝမ်ရှောင်ရို့ကို ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြလိုက်လေ သည်။

အဓိက အကြောင်းရင်းမှာ သူ မွေးစားသား တစ်ယောက် လက်ခံလိုက်ကြောင်း သူ၏ ဇနီးကို ပြောပြရန် လိုအပ် သောကြောင့် ဖြစ်ပေသည်။

သို့မဟုတ်ပါက တစ်နေ့တွင် လျန်ထျန်းသည် ဝမ်ရှောင်ရို့နှင့်အတူ လမ်းလျှောက်နေစဉ် လင်ရှန်း အမည်ရှိ ကလေးငယ်နှင့် အမှတ်မထင် ဆုံတွေ့မိပါက သူက လျန်ထျန်းကို အော်ခေါ်လိုက်ပေလိမ့်မည်။

"အဖေ..."

နောက်မှ ရှင်းပြရန် နောက်ကျသွားပေလိမ့်မည်။ ဝမ်ရှောင်ရို့ မည်မျှပင် သဘောကောင်းပြီး နားလည်မှုရှိစေကာမူ သူမ သေချာပေါက် အထင်လွဲသွားပေလိမ့်မည်။

ထို့ကြောင့် သင် အပြင်တွင် ဘာလုပ်သည်ကို မိသားစုအား ကြိုတင် အသိပေးရန် အလွန် အရေးကြီးလေသည်။

ဤအကြောင်းကို ကြားပြီးနောက် ဝမ်ရှောင်ရို့မှာ လင်ရှန်း၏ မိသားစုအတွက် စိတ်မကောင်းဖြစ်သွားပြီး သူမနှင့် လျန်ထျန်းတို့ အားလပ်ချိန်ရပါက တစ်ချိန်ချိန်တွင် သူတို့ထံ သွားရောက်လည်ပတ်သင့်ကြောင်း အကြံပြုလေ သည်။

လျန်ထျန်းက သူမကို ပွေ့ဖက်လိုက်ပြီး သက်ပြင်းချကာ ဆိုလိုက်သည်။

"ဒီလို ဇနီးမျိုးနဲ့ဆိုရင် ခင်ပွန်းတစ်ယောက်အနေနဲ့ ဘာများ တောင်းတစရာ လိုသေးလို့လဲ...။"

နောက်ရက်များတွင် လျန်ထျန်းသည် ပုံမှန်အတိုင်း အစားအသောက် ပို့ဆောင်ခြင်းအပြင် ရှောင်လင်ရှန်းတို့ မိသားစု ပိုင်ဆိုင်သော မြေနေရာကို ဖြိုဖျက်ရန် ကျင်းတ အိမ်ခြံမြေကို တိတ်တဆိတ် စီစဉ်ပေးခဲ့လေသည်။

ထိုနေရာတွင် နေထိုင်သူများမှာ ယေဘုယျအားဖြင့် ဆင်းရဲသော မိသားစုများမှ ဖြစ်ကြပြီး သူတို့၏ အိမ်များမှာ လွန်စွာ ဟောင်းနွမ်းနေသဖြင့် သင့်လျော်သော အထောက်အထား စာရွက်စာတမ်းများပင် မရှိကြပေ။

အကယ်၍ အခြား မြေယာဖွံ့ဖြိုးရေးသမားများသာ ထိုမြေကို တည်ဆောက်မည်ဆိုပါက သူတို့သည် သေချာ ပေါက် လျော်ကြေးရမည် မဟုတ်ဘဲ တရားမဝင် ဆောက်လုပ်ထားသော အဆောက်အအုံများကဲ့သို့ပင် နှင်ထုတ် ခံရနိုင်ချေ ရှိပေသည်။

သို့သော် သူတို့၏ နောက်ကွယ်တွင် လျန်ထျန်း ရှိနေသဖြင့် သူတို့ ရသင့်ရထိုက်သော လျော်ကြေးငွေ အပြည့်အဝ ကို ရရှိကြမည် ဖြစ်သည်။ ၎င်းက သူတို့ကို ညတွင်းချင်း ချမ်းသာသွားစေမည် မဟုတ်သော်လည်း အနည်းဆုံး တော့ အခြေချနေထိုင်ရန် နေရာသစ်တစ်ခု ရရှိလာမည် ဖြစ်သည်။

ရှောင်လင်ရှန်း မိခင်၏ ရောဂါနှင့် ပတ်သက်လာလျှင် လျန်ထျန်းက သူ၏ ကတိအတိုင်း မြို့ပေါ်ရှိ ဆေးရုံကြီးမှ နာမည်ကြီး ဆရာဝန်တစ်ဦးဖြင့် ကိုယ်တိုင် ကုသပေးရန် စီစဉ်ပေးခဲ့လေသည်။

ကုန်ကျစရိတ်များမှာ အနည်းငယ်သာ ရှိသည်ဟု ဆိုခဲ့သော်လည်း အမှန်တကယ်တွင်မူ လျန်ထျန်းက ပိုငွေများကို တိတ်တဆိတ် စိုက်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး လင်ရှန်း၏ မိခင်ကို တမင်တကာ လျှော့ပြောခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်ပါက လင်ရှန်း၏ မိခင်သည်လည်း ရောဂါကုသရန် ငွေမသုံးချင်သည့် လျန်ထျန်း၏ မိခင် ထျန်းဝန်ဝန် ကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။

လျန်ထျန်းက ပုဂ္ဂလိကကျောင်းကို ဝယ်ယူပြီးနောက် ရှောင်လင်ရှန်းအနေဖြင့် ကျောင်းတက်ရန်အတွက် စိုးရိမ် စရာ မလိုတော့ပေ။

ထို့အပြင် ရှောင်လင်ရှန်း၏ ပညာရေးမှာလည်း အတော်လေး ကောင်းမွန်နေပြီဖြစ်ပြီး သူ၏ သဘောထား၊ ကိုယ်ရည်ကိုယ်သွေးနှင့် တန်ဖိုးထားမှုများမှာလည်း အလွန် အပြုသဘောဆောင်လေသည်။

ကျောင်းတွင် သူသည် ကြိုးစားပမ်းစား လေ့လာသင်ယူပြီး သူ၏ မွေးစားအဖေသည် ကျောင်း၏ နောက်ကွယ်မှ သူဌေးဖြစ်ကြောင်း မည်သည့်အခါမျှ ကြွားလုံးမထုတ်ခဲ့ပေ။

သူတို့သည် ဤအချက်ကို အခွင့်ကောင်းယူ၍ အခြားကျောင်းသားများကို အနိုင်ကျင့်မည် မဟုတ်ပေ။ ဆန့်ကျင် ဘက်အနေဖြင့် အခြားသူများကို အနိုင်ကျင့်သော ကျောင်းသားများနှင့် တွေ့ကြုံရသောအခါ သူတို့အတွက် ရဲရင့်စွာ မားမားမတ်မတ် ရပ်တည်ပေးခဲ့လေသည်။

ထို့ကြောင့် ကလေးများမှာ လူကြီးများ၏ လွှမ်းမိုးမှုကို အမှန်တကယ် အခံရဆုံး ဖြစ်သည်။ သူတို့ရှေ့တွင် မည်သို့ ပင် ပြုမူနေထိုင်စေကာမူ သူတို့သည်လည်း ထိုအတိုင်း ပြုမူနေထိုင်ရန် သင်ယူကြပေလိမ့်မည်။

အတိုချုပ်ဆိုရလျှင် လျန်ထျန်း၏ အကူအညီဖြင့် ရှောင်လင်ရှန်းတို့ မိသားစု၏ လူနေမှုဘဝ အခြေအနေများမှာ အတော်လေး တိုးတက်လာခဲ့ပြီး အရာအားလုံးမှာ အပြုသဘောဆောင်သော ဦးတည်ချက်သို့ ရွေ့လျားနေပြီ ဖြစ်သည်။

ဤအရာက တရားမျှတမှုသည် လူတို့၏ နှလုံးသားထဲတွင် ကိန်းအောင်းနေပြီး ကြင်နာမှုသည် အဆုံးတွင် အကျိုး ကျေးဇူး ခံစားရမည်ဆိုသည့် ဆိုရိုးစကားကို သက်သေပြနေခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

နှစ်သစ်စတင်ပြီး မကြာမီပင် လျန်ထျန်း ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများစွာမှာ အံ့မခန်း တိုးတက်မှုများကို ရရှိခဲ့ကြလေသည်။

အထူးသဖြင့် ရှီမိသားစု၏ စီးပွားရေးအင်ပါယာကို ဝယ်ယူပြီးနောက် အလျင်အမြန် ကြီးထွားလာခဲ့သည့် ဟယ်ရှန့်ကုမ္ပဏီ ကဲ့သို့သော ကုမ္ပဏီများပင် ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် လျန်ထျန်း ရရှိခဲ့သော ကုမ္ပဏီအသီးသီးမှ အမြတ်ဝေစုများက နောက်ဆုံးတွင် သူ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးကို သက်သာရာရစေခဲ့လေသည်။

လျန်ထျန်းသည် အိမ်တွင် စာရင်းလုပ်ရန်အတွက် တစ်ရက်တာလုံး အချိန်ပေးလိုက်လေသည်။

"တစ်သိန်း...၊ တစ်သိန်း...၊ နှစ်သိန်း...၊ သုံးသိန်းခြောက်သောင်း...။"

"ဘုရားရေ...၊ ဒါက ငါ မျှော်လင့်ထားတာထက်တောင် ပိုနေသေးတာပဲ...။ ငါ့ရဲ့ အစကတည်းက ရွေးချယ်မှုက သေချာပေါက် မှန်ကန်ခဲ့တာ ဖြစ်ရမယ်...။"

လျန်ထျန်း တစ်ယောက် ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်မိသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ လက်ရှိ သုံးသိန်းခြောက်သောင်းဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ဘီလီယံ သုံးရာခြောက်ဆယ်နှင့် ညီမျှနေသည် မဟုတ်ပါလား။

ထို့အပြင် ဤသည်မှာ အမြတ်ဝေစု ငွေမျှသာ ဖြစ်သည်။ အကယ်၍ ရှယ်ယာများ၏ စျေးကွက်တန်ဖိုးကိုပါ ထည့်တွက်မည်ဆိုပါက လျန်ထျန်းမှာ ယခုအခါ မီလီယံနာ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

အကယ်၍သာ ဤသည်မှာ ငွေကြေးဖောင်းပွမှု မဖြစ်ပေါ်မီကဆိုလျှင် သူသည် ထရီလီယံနာ တစ်ယောက် ဖြစ်နေမည်မှာ အသေအချာပင် ဖြစ်လေသည်။

All Chapters