← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀)

ဟင်းတစ်ပွဲမှ မမှာဘဲနဲ့ အလကားဟင်း တစ်ပွဲကို တောင်းဆိုနေခြင်း

လျန်ထျန်းက သူ၏ကျောဘက်မှ ထုတ်ယူလိုက်သောအရာက သူ၏ရှေ့ရှိ မိန်းကလေးကို မှင်တက်သွား စေခဲ့လေသည်။

လျန်ထျန်းက ပြုံးလျက် ပြောလိုက်လေသည်။

"မင်္ဂလာပါ...၊ ဒါက ညီမလေးရဲ့ သူငယ်ချင်း ကျန်းယန် ပေးလိုက်တဲ့ လက်ဆောင်ပါ...။ ကျေးဇူးပြုပြီး လက်ခံ ပေးပါ...။"

မိန်းကလေးသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် လက်လှမ်းကာ ထိုအရာကို ရွံရှာသောဟန် အနည်းငယ် ဖြင့် ယူလိုက်ပြီးနောက် မေးခွန်းထုတ်သည့် လေသံဖြင့် မေးလိုက်လေသည်။

"သူက ကျွန်မကို ဖိနပ်ပေးတာလား...၊ ဒါမှမဟုတ် စီးပြီးသား ဖိနပ်လား...။"

"အဲ့ဒါ ဘာသဘောလဲ...၊ သူက ငါ့ကို ဖာသည်မလို့ ခေါ်နေတာလား...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းက အလျင်အမြန် ရှင်းပြလိုက်လေသည်။

"မဟုတ်ပါဘူး...၊ မဟုတ်ရပါဘူး...။ လက်ဆောင်က ဖိနပ်ထဲမှာပါ...၊ လာ...၊ အစ်ကို ထုတ်ပေးပါ့မယ်...။"

ထိုသို့ ပြောရင်းနှင့် လျန်ထျန်းသည် ဖိနပ်ကို ပြန်ယူလိုက်ပြီးနောက် ပလတ်စတစ်အိတ် အထပ်ထပ်ဖြင့် ထုပ်ပိုး ထားသော အထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်လေသည်။

"ဒါက အစ်ကို့ဖိနပ်ပါ...။ အခု ပြန်စီးလိုက်ပါဦးမယ်...။"

လျန်ထျန်းသည် အားနာဟန်ဖြင့် ပြုံးကာ ဖိနပ်ကို မြေပြင်ပေါ်ချ၍ ပြန်စီးလိုက်လေသည်။

ထိုအရာကို မြင်သောအခါ မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး လျန်ထျန်း၏ လက်ထဲရှိ ပစ္စည်းပါ သော ပလတ်စတစ်အိတ်ကို အတန်ငယ် ငြင်းဆန်ချင်ပုံ ရလေသည်။

၎င်းကို မြင်သောအခါ လျန်ထျန်းက အလျင်အမြန် ထပ်မံ ရှင်းပြလိုက်ပြန်သည်။

"ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့...။ ညီမလေးရဲ့ သူငယ်ချင်းက လက်ဆောင်ကို ဖိနပ်ထဲထည့်ပြီး ပို့ပေးဖို့ တောင်းဆိုခဲ့တာပါ...၊ အဲ့ဒီမှာ အထူးအဓိပ္ပာယ်တစ်ခု ရှိနေလို့ပါ...။"

မိန်းကလေး၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေသော်လည်း သူမက အလိုအလျောက်ပင် မေးလိုက်လေသည်။

"အဲ့ဒီနောက်ကွယ်မှာ ဘာအဓိပ္ပာယ်များ ရှိနေလို့လဲ...။"

လျန်ထျန်းက သူ၏ လက်ထဲရှိ ပလတ်စတစ်အိတ်ကို ဖြေရင်း ဆက်ပြောလိုက်လေသည်။

"ဆိုလိုတာက သူက ဒီကမ္ဘာကြီးရဲ့ အလှတရားတွေကို ညီမလေးနဲ့အတူ ခြေလျင် လျှောက်ပြီး တိုင်းတာချင်တယ်၊ ဆိုတဲ့ သဘောပါ...။"

"ပြီးတော့ ငါ့ဘဝရဲ့ ကျန်ရှိနေတဲ့ အချိန်တွေတိုင်းမှာ မင်းနဲ့အတူ လျှောက်လှမ်းချင်တယ်...။ အဲ့ဒါကြောင့် လက် ဆောင်ကို ငါ့ဖိနပ်ထဲ ထည့်ပြီး ပို့ခိုင်းရတာပါတဲ့...။"

"အော်...၊ ဟုတ်သားပဲ...။ သူက ဒီအမှာစာကို ယူမယ့် ပို့ဆောင်ရေးသမားမှာ ခြေဆော်နံတဲ့သူ မဖြစ်ရဘူးလို့ လည်း အထူးတလည် မှာထားသေးတယ်...။ အစ်ကိုက ကိုယ့်ခြေထောက်ကိုယ် ယုံကြည်မှုရှိလို့သာ ဒီအမှာစာကို ယူခဲ့တာပါ...။"

"ဒါ့အပြင် လက်ဆောင်ကို ပလတ်စတစ်အိတ် အထပ်ထပ်နဲ့ ထုပ်ပိုးထားတာမို့ အထဲက ပစ္စည်းတွေ မညစ်ပတ် သွားဘူးဆိုတာကို စိတ်ချလို့ ရပါတယ်...။ နောက်ဆုံး အထပ်နည်းနည်းကိုတော့ ညီမလေး ကိုယ်တိုင် ဖြေကြည့် လိုက်ပါ...။"

ဤအချိန်တွင် လျန်ထျန်းသည် သူ၏ လက်ထဲရှိ အထပ်ထပ် ထုပ်ပိုးထားသော ပလတ်စတစ်အိတ် တစ်ဝက်ကို ဖြေပြီးဖြစ်ကာ ကျန်တစ်ဝက်ကို မိန်းကလေးထံသို့ ကမ်းပေးလိုက်လေသည်။

ထိုစကားများကို ကြားပြီးနောက် မိန်းကလေးမှာ ယခင်ကထက် သိသိသာသာ ငြင်းဆန်မှု လျော့နည်းသွားလေ သည်။ သူမသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လက်လှမ်းကာ လက်ဆောင်ကို ယူလိုက်လေသည်။

အားလုံးကို ဖြေကြည့်လိုက်ပြီးနောက် သူမသည် အတွင်း၌ သေသပ်လှပသော သေတ္တာငယ်လေး တစ်လုံးကို မြင်တွေ့လိုက်ရပြီး ဖွင့်ကြည့်လိုက်သောအခါ တောက်ပနေသည့် စတာလင်ငွေ နားကပ်တစ်ရံကို တွေ့လိုက်ရလေ သည်။

သူမသည် ချက်ချင်းပင် ဝမ်းသာပျော်ရွှင်သွားပြီး လျန်ထျန်းကို စကားပါးပေးရန် တောင်းဆိုလိုက်လေသည်။

"သူ့ကို တရားဝင် တွဲဖို့ သဘောတူလိုက်ပြီလို့ ပြောပေးလိုက်ပါ...။"

လျန်ထျန်းသည် ကိစ္စရပ်များ ပြေလည်သွားသည့်အတွက် လွန်စွာ ဝမ်းသာသွားပြီး အောက်ထပ်သို့ ဆင်းပြီး နောက် ဖောက်သည်ကို ချက်ချင်း အကြောင်းကြားလိုက်လေသည်။

အခြေအနေကို နားလည်သွားပြီးနောက် ဖောက်သည်က ဝမ်းသာမှုနှင့် ထိတ်လန့်မှု ရောယှက်လျက် ပြောလိုက် လေသည်။

"အစ်ကို...၊ ခင်ဗျားက တကယ်ကို လန်းတာပဲ...။ အဲ့ဒီ အကြံကို ဘယ်လိုများ စဉ်းစားမိသွားတာလဲ...။ ပြီးတော့ အဲ့ဒါက နည်းနည်းလေး အန္တရာယ် မများလွန်းဘူးလား...။"

"ခင်ဗျား ကိုယ်ပိုင် ဖိနပ်ထဲမှာ လက်ဆောင် ထည့်ပြီး ပို့လိုက်တယ်လို့ ကြားလိုက်ရတဲ့ အချိန်မှာ ကျွန်တော့် နှလုံးသားက လည်ချောင်းထဲကနေ အပြင်ကိုတောင် ခုန်ထွက်လာတော့မလို့...။ ကျွန်တော် သေတော့မယ်လို့ တောင် ထင်လိုက်မိတယ်...။"

လျန်ထျန်းက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

"လောင်းကစားဆန်တဲ့ အပိုင်း ပါဝင်နေတယ်ဆိုတာကိုတော့ ဝန်ခံပါတယ်...။ ဒါပေမဲ့ ငါ ဒီအလောင်းအစား နိုင်ခဲ့တယ်လေ...။"

"ဒါကို မျှော်လင့်ချက်တွေကို ကြိုတင် လျှော့ချထားခြင်းလို့ ခေါ်တယ်...။ ဆိုလိုတာက အစပိုင်းမှာ သူတစ်ပါးကို ပြသတဲ့အရာက အကောင်းဆုံး အစိတ်အပိုင်း မဟုတ်ဘဲ နည်းနည်းလေးတောင် ပိုဆိုးရွားနေနိုင်တယ်...။"

"အပြုသဘောဆောင်တဲ့ အပိုင်းတွေက တဖြည်းဖြည်း ပေါ်ထွက်လာတဲ့အခါ အရင်ကအရာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပြီး မျှော်လင့်ချက်ထက် သာလွန်တဲ့ အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးပေးကာ သာယာပျော်ရွှင်ဖွယ် အံ့သြမှုကို ဖြစ်ပေါ်စေတယ်လေ...။"

"အချိန်က မလုံလောက်တဲ့အပြင် တာဝန်ကလည်း အရမ်း ကြီးမားနေခဲ့တယ်...။ ငါ့မှာ ပိုပြီး ပြင်ဆင်ဖို့ အချိန်မရှိ ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး အသုံးချပြီး ဒီအကြံကို စဉ်းစားမိသွားတာပါ...။"

နားထောင်ပြီးနောက် ဖောက်သည်က တစ်ခုခုကို နားလည်သွားပုံရကာ လျန်ထျန်းကို ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်ပြီး အမှာစာကို ပြီးမြောက်သောအခါ သူ့အား ဘောက်ဆူး ပေးခဲ့လေသည်။

စိတ်ဝင်စားစရာကောင်းပြီး ထူးဆန်းသော ဤအမှာစာများသည် အမှန်တကယ်ပင် ပျော်စရာကောင်းပြီး ငွေပိုရှာ နိုင်လေသည်။ သို့သော် အလားတူ အမှာစာများ ပိုမိုရရှိရန် မျှော်လင့်ဖို့ဆိုတာ မလွယ်ကူပေ။ ၎င်းတို့မှာ မျှော်လင့် ရုံသာ တတ်နိုင်သော အရာများ ဖြစ်သည်။

နောက်ရက်များတွင် လျန်ထျန်းသည် အချို့လူများ၏ ထူးခြားသော တွေးခေါ်မှုပုံစံများကို လေးစားသွားစေမည့် အမှာစာများကို လက်ခံရရှိခဲ့လေသည်။

ထိုနေ့က သူသည် အမှာစာတစ်ခုကို အောင်မြင်စွာ ရယူလိုက်ပြီးနောက် မှတ်ချက်ကို မြင်လိုက်ရလေသည်။

[အရေးပေါ်...၊ အရေးပေါ်...၊ အရေးပေါ်...။ ငါ့မှာ အိမ်သာသုံးစက္ကူ ကုန်နေပြီ...။ တစ်ရှူး ထုပ်အနည်းငယ် မှာထားတယ် ကျေးဇူးပြုပြီး ငါ့ဆီကို အမြန်ဆုံး လာပို့ပေးပါ အရမ်းကို အရေးတကြီး ဖြစ်နေလို့ပါ...။"

ထိုမှတ်ချက်ကို မြင်သောအခါ လျန်ထျန်းသည် ရယ်မောတော့မတတ် ဖြစ်သွားခဲ့လေသည်။

"ဘာတွေ ဖြစ်နေတာလဲ...၊ တစ်ရှူးဝယ်ဖို့ အဲ့ဒီလောက်တောင် အလောတကြီး ဖြစ်နေရသလား...။ ဘယ် လောက်တောင် အရေးပေါ် သွားချင်နေလို့လဲ...။"

"ပြီးတော့ ကိုယ့်မှာ အိမ်သာသုံးစက္ကူ တကယ် မရှိဘူး၊ ပြီးတော့ အရေးပေါ် သွားချင်နေတယ်ဆိုရင်တောင် အရင်ဆုံး သုံးဖို့ တခြားတစ်ခုခုကို ရှာလို့ မရဘူးလား...။ ငါတော့ နားကို မလည်နိုင်တော့ဘူး...။"

သူသည် နားမလည်နိုင်သော်လည်း လျန်ထျန်းတွင် အခြား အမှာစာများ မရှိသကဲ့သို့ ဤအရာမှာလည်း ရောက် လာမည့် အမှာစာ ဖြစ်နေသဖြင့် လိုအပ်ချက်များနှင့်အညီ သွားရောက် ပို့ဆောင်ပေးလိုက်လေသည်။

ယနေ့ခေတ်တွင် အစားအသောက် ပို့ဆောင်ရေး ရွေးချယ်စရာ နယ်ပယ်မှာ အမှန်တကယ်ပင် အလွန် ကျယ်ပြန့် လာပြီး လမ်းဘေး ဈေးသည်ငယ်များပင် သူတို့၏ ထုတ်ကုန်များကို အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းများတွင် ရောင်းချလာကြလေသည်။

လျန်ထျန်းသည် တစ်ရှူးထုပ်ကို ယူကာ ဆယ်မိနစ်ပင် မပြည့်မီ ဖောက်သည်၏ လိပ်စာသို့ သွားရောက် ပို့ဆောင်ပေးခဲ့ရာ အမှန်တကယ်ပင် အလွန် လျင်မြန်လှပေသည်။

သို့သော် အမျိုးသမီး ဖောက်သည်က တစ်ရှူးများကို လက်ခံရယူပြီးနောက် မျက်နှာသေဖြင့် တံခါးကို ပိတ် လိုက်ပြီး လျန်ထျန်းက အမှာစာကို အပြီးသတ်ရန် ဖုန်းကို ထုတ်ယူလိုက်သောအခါ ဆွံ့အ မှင်တက်သွား ရလေသည်။

သူ ယခုလေးတင် ပို့ဆောင်ခဲ့သော အမှာစာမှာ ပယ်ဖျက်ခံလိုက်ရပြီး ငွေပြန်အမ်းမှုပင် ပြုလုပ်ထားလေသည်။

လျန်ထျန်းမှာ လုံးဝ မှင်တက်သွားပြီး တုံ့ပြန်ရန် မစွမ်းသာတော့ဘဲ ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေ မိလေသည်။

*ဘာ...၊ ဘာတွေ ဖြစ်နေတာလဲ...။ သူမက အမှာစာကို ပယ်ဖျက်လိုက်ပြီဆိုရင် တစ်ရှူးတွေကို ဘာလို့ လက်ခံ လိုက်သေးတာလဲ...။*

*သူမ စောစောက ဘာမှ မပြောခဲ့ဘူး...။ တစ်ရှူးကို ယူပြီး တံခါးကို ချက်ချင်း ပိတ်လိုက်တာပဲ...၊ ငါက သူမ လောနေလို့ နေမှာပါလို့ နားလည်ပေးခဲ့တာလေ...။*

*ဒါပေမဲ့ အခု သူမက ပစ္စည်းတွေကိုလည်း ယူထားတယ်...၊ အမှာစာကိုလည်း ပယ်ဖျက်လိုက်တယ်...၊ အဲ့ဒါက ဘယ်လို ယုတ္တိမျိုးလဲ...။ သူမက ဆက်မဝယ်ချင်တော့ဘူးဆိုရင် အနည်းဆုံးတော့ ပြန်ပေးသင့်တယ် မဟုတ်ဘူး လား...။*

အချိန်အတော်ကြာ စဉ်းစားနေသော်လည်း နားမလည်နိုင်သဖြင့် လျန်ထျန်းသည် မတတ်သာတော့ဘဲ တံခါးကို ခေါက်လိုက်ရလေသည်။

"မစ်(စ်)ချီ...၊ ကျွန်တော့်ရဲ့ အမှာစာက ပယ်ဖျက်ခံလိုက်ရတယ်လို့ မြင်နေရတယ်...။ ဘာတွေ ဖြစ်ကုန်တာလဲ ခင်ဗျာ...။"

"အကယ်၍ ခင်ဗျား ဒီတစ်ရှူးကို မလိုအပ်တော့ဘူးဆိုရင် အဲ့ဒါကို ကျွန်တော့်ဆီ ပြန်ပေးပါ...။ ဒါမှ ကျွန်တော် စတိုးဆိုင်ကို ပြန်ပေးလို့ ရမှာ...။"

"ခင်ဗျား မှားမှာလိုက်တာများလား...၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပါ...။ ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းဖို့ လိုပါ တယ်...၊ ခင်ဗျား ကြားရဲ့လား...။"

လျန်ထျန်းသည် တံခါးကို အချိန်အတော်ကြာ ခေါက်နေခဲ့ပြီး တံခါးဝတွင် အချိန်အတော်ကြာ အော်ခေါ်နေခဲ့ သော်လည်း အတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

အခြား ရွေးချယ်စရာ မရှိသဖြင့် လျန်ထျန်းသည် အမျိုးသမီး ဖောက်သည်၏ မျိုးရိုးအမည် ချီ ဖြစ်ကြောင်း ဖော်ပြထားသော အမှာစာ အသေးစိတ် အချက်အလက်များမှ ကိုယ်ပိုင် ဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်ရလေသည်။

နှစ်ကြိမ် သုံးကြိမ်ခန့် ခေါ်ဆိုသော်လည်း မရသဖြင့် လျန်ထျန်း၏ မျက်မှောင်များ ပိုမို တွန့်ကျိုးသွားလေသည်။

"ဘာတွေ ဖြစ်နေတာလဲ...၊ သူမက လွန်ခဲ့တဲ့ နှစ်မိနစ်လောက်ကမှ ပစ္စည်းတွေကို ယူသွားတာလေ အခု ဘာလို့ ငြိမ်သက်နေရတာလဲ...၊ ဒါမှမဟုတ်...။"

ထိုသို့ တွေးမိပြီးနောက် လျန်ထျန်းက အသံကို မြှင့်ကာ အော်လိုက်လေသည်။

"မစ်(စ်)ချီ...၊ ခင်ဗျား အထဲမှာ သတိလစ်သွားတာတော့ မဟုတ်ပါဘူးနော်...။"

"တကယ်လို့ ခင်ဗျား ကျွန်တော့်ကို အမြန် ပြန်မထူးဘူးဆိုရင် ကျွန်တော် တံခါးကို ရိုက်ချိုးတော့မယ်... ။ ဒီသစ် သားတံခါးကို ခြေတစ်ချက် ကန်လိုက်တာနဲ့ ပွင့်သွားအောင် လုပ်နိုင်တယ်...။"

"ကျွန်တော် ဝင်လာတာ ခင်ဗျားကို ကယ်ဖို့ပါ...၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး...။ သက်သေ အထောက် အထား အဖြစ် သိမ်းထားဖို့ အခု ကျွန်တော် အသံဖမ်းထားပါတယ်...။"

"ခင်ဗျား ပြန်မထူးရင် ခင်ဗျား အန္တရာယ် ကြုံနေရတယ်လို့ ယူဆလိုက်တော့မယ်...။ ရေတွက်လို့ ပြီးတာနဲ့ ကျွန်တော် တံခါးကို ကန်ချတော့မယ်...။ သုံး...၊ နှစ်...၊"

လျန်ထျန်း၏ ရေတွက်မှုက 'တစ်' သို့ ရောက်တော့မည့်ဆဲဆဲတွင်။

တံခါးက ဝုန်းခနဲ ပွင့်သွားပြီး ဖောက်သည် မစ်(စ်)ချီ သည် မျက်နှာသေဖြင့် လျန်ထျန်း၏ ရှေ့တွင် တစ်ဖန် ပြန်ပေါ် လာလေသည်။

လျန်ထျန်းသည် ခြေထောက်ကို မြှောက်တော့မည့် အချိန်တွင် သူ၏ရှေ့ရှိ အမျိုးသမီး ဖောက်သည်ကို မြင်လိုက် ရသဖြင့် ခလုတ်တိုက်ကာ လဲကျတော့မတတ် ဖြစ်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ အောက်ပိုင်းက တည်ငြိမ်နေသဖြင့် ဆက်လက် ရပ်တည်နိုင်ခဲ့လေသည်။ ထို့နောက် အမျိုးသမီး ဖောက်သည်ကို စကားမပြောနိုင်သော မျက်နှာအမူအရာဖြင့် ကြည့်ကာ ပြောလိုက် လေသည်။

"မစ်(စ်)ချီ...၊ ခင်ဗျား အဆင်ပြေရဲ့လား...။"

"ကျွန်တော် အချိန်အတော်ကြာ ခေါ်နေတာကို ဘာလို့ ပြန်မထူးတာလဲ...။ ခင်ဗျား ကျွန်တော့်ဖုန်းကိုလည်း မကိုင် ဘူးလေ...၊ ကျွန်တော်က...။"

လျန်ထျန်း စကားမဆုံးမီမှာပင် မစ်(စ်)ချီက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်လေသည်။

"လူတွေမှာ အရေးပေါ် ကိစ္စ ရှိတယ်ဆိုတာ မသိဘူးလား...။"

"ရှင်က လုံးဝ အယဉ်အကျေး မရှိတာပဲ...။ မိန်းကလေး တစ်ယောက်ရဲ့ တံခါးရှေ့မှာ အော်ဟစ်နေတာက ဘယ်လို အပြုအမူမျိုးလဲ...။"

"တံခါးကို ရိုက်ချိုးဖို့ ကြိုးစားနေတာလား...၊ ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...။ ကာမရူးသွပ်တဲ့ သူတစ် ယောက် လုပ်ချင်နေတာလား...။ ရှင့်ကို ဖမ်းခိုင်းဖို့ ငါ ရဲခေါ်လိုက်မယ်...။"

ရုတ်တရက် စကားလုံးများဖြင့် ပစ်ပေါက်ခံလိုက်ရပြီးနောက် လျန်ထျန်းမှာ တစ်ဖန် ဇဝေဇဝါ ဖြစ်သွားရပြန် လေသည်။

သို့သော် သူသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်း ပြောလိုက်လေသည်။

"မဟုတ်ဘူးလေ...။ ခင်ဗျားက အမှာစာကို ပယ်ဖျက်လိုက်ပြီး ငွေပြန်အမ်းမှုတောင် ရသွားတယ်...။ ဒါပေမဲ့ ကျွန်တော် ပို့ပေးတဲ့ ပစ္စည်းတွေကို လက်ခံထားဆဲပဲလေ...။"

"ကျွန်တော်တို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့ လိုပါတယ်...။ အကယ်၍ ခင်ဗျား ဒီတစ်ရှူး တွေကို မလိုအပ်တော့ဘူးဆိုရင် အဲ့ဒါကို ကျွန်တော့်ဆီ ပြန်ပေးဖို့ လိုပါတယ်...။ အဲ့ဒီအခါကျမှ ကျွန်တော်က စတိုးဆိုင်ကို ပြန်ပေးလို့ ရမှာပါ...။"

လျန်ထျန်း စကားမဆုံးမီမှာပင် မစ်(စ်)ချီက သူ့ကို ထပ်မံ ဖြတ်ပြောလိုက်လေသည်။

"အခု ပြန်ပေးလို့ မရတော့ဘူး...။ ငါ ဖောက်ပြီး သုံးလိုက်ပြီ...။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ နှစ်စက္ကန့်ခန့် ကြက်သေသေသွားလေသည်။

"ဟင်...၊ ဒါဆို ခင်ဗျား ဒီတစ်ရှူးတွေကို လိုအပ်နေတာကို ဘာလို့ အမှာစာကို ပယ်ဖျက်လိုက်တာလဲ...။"

မစ်(စ်)ချီက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

"သူ့ရဲ့ တစ်ရှူးတွေက စျေးကွက်ပေါက်စျေးထက် ပိုစျေးကြီးနေတယ်လေ...။ ငါ စူပါမားကတ်ကြီးတွေမှာ ဝယ်ဖူးတယ်...၊ အဲ့ဒီမှာဆို တစ်ထုပ်ကို အများကြီး ပိုစျေးသက်သာတယ်...။"

လျန်ထျန်းက ထပ်မံ၍ နားမလည်နိုင် ဖြစ်သွားရလေသည်။

"ဒါဆို ခင်ဗျား ဘာလို့ စူပါမားကတ်ကြီးတွေမှာ မဝယ်တာလဲ...။"

မစ်(စ်)ချီက ခိုင်မာသော ယုံကြည်ချက်ဖြင့် ပြောလိုက်လေသည်။

"ငါက အလောတကြီး ဖြစ်နေတာလေ...။ စူပါမားကတ်က အရမ်း ဝေးတယ်...၊ အသွားအပြန် တစ်နာရီလောက် ကြာတယ်လေ...။ ငါ အဲ့ဒီကို ဘယ်လိုလုပ် အချိန်မီ ရောက်နိုင်မှာလဲ...။"

လျန်ထျန်းအတွက် လုံးဝ စဉ်းစား၍ မရနိုင်လောက်အောင် ဖြစ်သွားရလေသည်။

"ဟုတ်တယ်လေ...၊ ခင်ဗျား စူပါမားကတ်ကြီးတွေကို သွားဖို့ အချိန်ယူရတယ်ဆိုတာ ခင်ဗျား သိသားပဲ...။"

"အဆင်ပြေချောမွေ့မှုအတွက် ခင်ဗျား သေချာပေါက် အဖိုးအခ ပိုပေးရမှာပေါ့...။ ဒီလောက် ရိုးရှင်းတဲ့ အခြေခံ သဘောတရားကို ခင်ဗျား နားမလည်ဘူးလား...။"

မစ်(စ်)ချီက အခြေအမြစ်မရှိသော ဆင်ခြေများကို ပေးနေလေသည်။

"အကုန်လုံးက အတူတူပဲလေ...၊ ငါက ဘာလို့ ပိုပေးရမှာလဲ...။"

"သူက စူပါမားကတ်ကြီးတွေထက် ပိုစျေးတင်ရောင်းနေတာ...။ သူက အမြတ်ကြီးစားတဲ့သူပဲ...၊ ငါ မပေးနိုင် ဘူး...။"

"ငါ့ကို လာမပြောနဲ့တော့...၊ရှင် လုပ်သင့်လုပ်ထိုက်တာကို သွားလုပ်လိုက်...။ ဒီကိစ္စက ရှင့်အလုပ် မဟုတ်ဘူး...။"

လျန်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး ဟုတ်လား...၊ အစ်မကြီး...၊ ကျွန်တော်က ဒီအမှာစာကို လာပို့တဲ့ ပို့ဆောင်ရေး သမားလေ...။"

"အခု အမှာစာက ပယ်ဖျက်ခံလိုက်ရပြီ...။ စတိုးဆိုင်ကလည်း ငွေမရဘူးဆိုတော့ သူတို့က ကျွန်တော့်ဆီကနေ ပစ္စည်း ပြန်တောင်းမှာ မဟုတ်ဘူးလား...။"

"ဒါပေမဲ့ အခု ခင်ဗျားက တစ်ရှူးတွေကို သုံးလိုက်ပြီဆိုတော့ ကျွန်တော်က စတိုးဆိုင်ကို ဘယ်လို ပြန်ပေးရ မှာလဲ...။"

"တကယ်လို့ ဒီကိစ္စကို ကျွန်တော် သေချာ မဖြေရှင်းနိုင်ရင် ပလက်ဖောင်းက ကျွန်တော့်ကို ဒဏ်ရိုက်လိမ့်မယ်...။"

မစ်(စ်)ချီ၏ တွေးခေါ်မှုပုံစံမှာ အမှန်တကယ်ပင် အတော်လေး ထူးခြားလှပေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူမက အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ကောင်းပြီလေ...၊ ကျွန်မ ရှင့်ကို သိပ်အခက်မတွေ့စေပါဘူး...။ စူပါမားကတ်က တစ်ရှူးစျေးနှုန်းအတိုင်း ကျွန်မ ရှင့်ကို ပိုက်ဆံ ပေးလိုက်မယ်...။"

"အဲ့ဒီတော့ ရှင်က ပိုက်ဆံကို ယူပြီး စူပါမားကတ်ကြီးကို သွားပြီး တစ်ပုံစံတည်း တူတဲ့ တစ်ထုပ်ကို သွားဝယ် လိုက်...။ ပြီးရင် အဲ့ဒါကို စတိုးဆိုင်ဆီ ပြန်သွားပေးလိုက်ပေါ့...။ သူ့ကို ပစ္စည်း ပြန်ပေးသလိုမျိုးပေါ့...။"

ထိုစကားများကို ကြားပြီးနောက် လျန်ထျန်း၏ ပါးစပ်မှာ ဟဟောင်းလောင်း ဖြစ်သွားပြီး တစ်ဖက်လူ၏ တွေးခေါ်မှုပုံစံကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားရလေသည်။

"အော်...၊ အစ်မကြီး...။ အဲ့ဒါက မသင့်တော်ဘူး မဟုတ်လား...။"

မစ်(စ်)ချီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။

"ဒါက ဘာမှားနေလို့လဲ...၊ ဒါက အရမ်းကောင်းတဲ့ ဖြေရှင်းနည်း မဟုတ်ဘူးလား...။"

လျန်ထျန်းသည် စကားမပြောနိုင်ဖြစ်မှုကို ဖိနှိပ်ထားလိုက်ပြီး သူမနှင့်အတူ အခြေအနေကို စိတ်ရှည်လက်ရှည် စတင် သုံးသပ်ပြလေသည်။

"စဉ်းစားကြည့်ပါ...။ ဒီလိုပါ...၊ ကျွန်တော်က အစားအသောက် ပို့ဆောင်ရေးသမား တစ်ယောက်ပါ...။ ကျွန်တော့် အလုပ်က ဖောက်သည်တွေဆီကို အမှာစာတွေနဲ့ ပစ္စည်းတွေ ပို့ပေးရတာ မှန်ပါတယ်...။"

"ဒါပေမဲ့ ခင်ဗျားက ဒီအမှာစာကို ပယ်ဖျက်လိုက်မယ်ဆိုရင် ကျွန်တော့်မှာ ဒီအမှာစာအတွက် ပိုက်ဆံ ဆုံးရှုံးသွား ပါပြီ...။ ပြီးတော့ ခင်ဗျားက ကျွန်တော် ပို့ပေးတဲ့ ပစ္စည်းတွေကို သုံးလိုက်တယ်...။"

"အဲ့ဒီတော့ ခင်ဗျားက ကျွန်တော့်ကို ထိုစူပါမားကတ်ကြီးဆီ သွားပြီး တစ်ပုံစံတည်း တူတဲ့ တစ်ထုပ်ကို သွား ဝယ်ခိုင်းပြီး စတိုးဆိုင်ကို ပြန်ပေးခိုင်းတယ်...။ ဒါပေမဲ့ ခင်ဗျား သိတဲ့အတိုင်း ဒီစူပါမားကတ်ကြီးကို အသွား အပြန် တစ်နာရီလောက် ကြာတယ်လေ...။"

"ဆိုလိုတာက ကျွန်တော် ဒီအမှာစာကနေ တစ်ပြားမှ မရတဲ့အပြင် ဟိုပြေးဒီလွှားနဲ့ အချိန်တစ်နာရီကျော်လောက် အလကား ဖြုန်းတီးပစ်လိုက်ရတယ်...။"

"ခင်ဗျား သိပါတယ်...ဈ ကျွန်တော်တို့ ပို့ဆောင်ရေးသမားတွေက အမှာစာတွေကို ပို့ဆောင်ခြင်းနဲ့ ငွေရှာရတာ ပါ...။ ဒါကြောင့် အချိန်က ငွေဖြစ်သလို အကွာအဝေးကလည်း ငွေပါပဲ...။"

"ခင်ဗျား လုပ်နေတဲ့ လုပ်ရပ်က စားသောက်ဆိုင် တစ်ဆိုင်ကို သွားပြီး ဟင်းတစ်ပွဲမှ မမှာဘဲနဲ့ အလကားဟင်း တစ်ပွဲကို တောင်းဆိုနေတာနဲ့ ဘာမှ မကွာခြားတော့ပါဘူး...။"

All Chapters