အခန်း (၂၄၅-၂၄၆)
Vol. 23 Ch. 245-246
အခန်း (၂၄၅) အမည်မသိ ဘူတာရုံ
ဘူတာရုံသို့ ဝင်ရောက်လာလေ၏။
ရထားပြတင်းပေါက်အပြင်ဘက်တွင်ကား လူသူကင်းမဲ့နေသော ဘူတာရုံတစ်ခုရှိနေသည်။ ရဲချီယန်က ရထားပေါ်မှဆင်းလာကာ အထက်သို့မော့ကြည့်လိုက်ပြီးနောက် အချိန်စစ်ဆေးရန် သူ၏အိတ်ဆောင်နာရီကို တွေဝေစွာဖြင့် ထုတ်ယူလိုက်လေသည်။
"ဒါက မမှန်ဘူးလေ အခုက မနက်ခင်း မဟုတ်ဘူးလား"
[၈း၀၃း၁၁]
သို့သော် ဘူတာရုံအထက်ရှိ ကောင်းကင်ယံမှာမူ ကြယ်ရောင်များ တလက်လက်တောက်ပနေသော ညဉ့်ယံအချိန်ဖြစ်နေချေပြီ။ သူ နေရာမှားလာခဲ့မိတာများလား။
ကြယ်ရောင်လွှမ်းသော ညဉ့်ယံအောက်ရှိ လူသူကင်းမဲ့နေသော ဤပလက်ဖောင်းကို ဖြတ်လျှောက်သွားရင်း ရဲချီယန်က ဝေါလီနှင့် သိမ်းငှက်တို့ကို အပြင်သို့ထုတ်လွှတ်လိုက်ကာ အီဗ်၊ လီဆက်တို့နှင့်အတူ ပတ်ဝန်းကျင်ကို စတင်စူးစမ်းလေ့လာလိုက်လေ၏။
မကြာမီမှာပင် ဤဘူတာရုံ၏ နယ်နိမိတ်အဆုံးကို သူတို့ ရှာတွေ့သွားကြသည်။ ၎င်းမှာ အလွန်တရာ သေးငယ်လှပြီး အရှေ့နှင့်အနောက် အကွာအဝေးမှာ မီတာတစ်ရာပင် မပြည့်ချေ။
ကောင်းကင်ယံကကော ဘယ်လိုနေမလဲ။
သိမ်းငှက်က အထက်ရှိ ကြယ်ရောင်လွှမ်းသော ညဉ့်ယံဆီသို့ တည့်မတ်စွာ ပျံသန်းသွားလေ၏။ ကောင်းကင်မှာ အတုအယောင်သာ ဖြစ်ပေသည်။ အမြင့်ပေမှာလည်း မီတာတစ်ရာခန့်သာ ရှိလေသည်။ ဤနေရာက စတုရန်းပုံ သေတ္တာတစ်လုံးနှင့် အတော်လေး တူမနေဘူးလား။
"ဒါက ဘယ်လို ငရဲတွင်းမျိုးလဲ စစ်ကြောရေးခုံရုံးမှာ ဒီလိုနေရာမျိုးတွေ ရှိနေတာလား"
"ဟင်း ငါ ဘယ်လိုလုပ်ပြီး အပြင်ထွက်ရမလဲ" သူက ဘူတာရုံအတွင်းရှိ အိမ်ပုံစံ တည်ဆောက်ထားသော တစ်ခုတည်းသော အဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။
တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားလေ၏။ ပထမဆုံး မြင်လိုက်ရသည်မှာ အတွင်း၌ လူသားတို့ နေထိုင်ခဲ့သည့် သဲလွန်စမြောက်မြားစွာပင် ဖြစ်သည်။ ဤနေရာက အခန်းတစ်ခန်းလား။
"ဒါက ဘာလဲ"
အခန်းထဲရှိ စားပွဲပေါ်တွင် ဒိုင်ယာရီစာအုပ်တစ်အုပ် တင်ထားလေသည်။ ၎င်းပေါ်တွင် ဖုန်မှုန့်တစ်စက်မျှ မရှိချေ။ ပလက်ဖောင်းကိုယ်တိုင်က လုံလောက်စွာ သန့်ရှင်းပြီး ချိတ်ပိတ်ထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ၎င်းကို ကောက်ယူလိုက်ပြီး ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်၏။
[လက်မှတ် ကျိုးရှန်ချင်း]
အတော်လေး ရင်းနှီးနေသော အမည်တစ်ခုပင်။ သူ ဤအမည်ကို တစ်နေရာရာတွင် ကြားခဲ့ဖူးသလား။ နေပါဦး ကျိုးရှန်ချင်း ဟုတ်လား။
ဟင်။ ဤသူမှာ ကျောက်ရှီး၏ သတ်ဖြတ်ခြင်းကို ခံရကာ မိမိကိုယ်ကို ချိတ်ပိတ်ထားခဲ့သော အဘွားအို ပြောခဲ့ဖူးသည့်လူ မဟုတ်ပါလော။ ကြယ်တွေကို ကျော်လွန်ခြင်း ဟုခေါ်သော ပါရမီကို ပိုင်ဆိုင်ထားပြီး ဘူတာရုံကမ္ဘာကို ဖြတ်ကျော်နိုင်စေရန်အတွက် ရထားမောင်းနှင်သူ အားလုံး၏ ကူညီထောက်ပံ့မှုကို ရရှိခဲ့သူပင်။
ဤနေရာက တကယ်ပဲ သူ့ကို သက်ဆိုင်နေတာလား။
သိချင်စိတ်များ ပြည့်နှက်သွားပြီး ရဲချီယန်က စာမျက်နှာများကို ဆက်လက် လှန်လှောကြည့်ရှုလိုက်လေ၏။
[မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး လူတိုင်းက ငါ့ဆီကနေ အများကြီး မျှော်လင့်နေကြတယ် ဒါပေမဲ့ လွင်တီးခေါင်ပြင်ကြီးက အဆုံးအစမရှိဘူးဆိုတာကို သူတို့ကို ငါ ဘယ်လိုလုပ် ပြောပြရမလဲ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး]
[ငါ ကျရှုံးလိမ့်မယ် ငါ သေချာပေါက် ကျရှုံးလိမ့်မယ်]
[မဟုတ်ဘူး လူတိုင်းက လွင်တီးခေါင်ပြင်ကို ဖြတ်ကျော်နိုင်ဖို့ ငါ့ကို အားကိုးနေကြတာ ငါ ကျရှုံးလို့မရဘူး လုံးဝ ကျရှုံးလို့မရဘူး]
[အား ငါ့ရဲ့ စိတ်စွမ်းအားတွေ သေစမ်း ငါ့ရဲ့ စိတ်စွမ်းအားတွေက အန္တရာယ်ရှိတဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ ကျစ် ကျစ် သူတို့က ဘာလို့ ငါ့ကို ဆေးတွေ အများကြီး ပေးကြတာလဲ ငါ မသောက်ချင်ဘူး ငါ့ကို ရူးသွပ်ခွင့်ပေးလိုက်ပါတော့ ငါ ဘယ်သူ့ဆီကမှ မျှော်လင့်ချက်တွေ ထပ်မခံချင်တော့ဘူး ဘာလို့ ဒီကျိန်စာသင့် ပါရမီကို ပိုင်ဆိုင်ထားတဲ့သူက ငါ ဖြစ်နေရတာလဲ]
[ဒီနေ့က ထွက်ခွာရမယ့်နေ့ပဲ ပြီးတော့ လူတိုင်းက မျှော်လင့်ချက်အပြည့်ရှိတဲ့ မျက်လုံးတွေနဲ့ ငါ့ကို ကြည့်နေကြတယ် ငါ ဘာလုပ်သင့်သလဲ ငါက လူလိမ်တစ်ယောက်ပဲ လိမ်ညာသူ အကြီးစားကြီးပဲ ဒါက ကျရှုံးဖို့ ကံကြမ္မာဖန်တီးထားတဲ့ အရာတစ်ခုပဲ ဒါဆို ဘာလို့လဲ ဘာလို့များလဲ]
ဒိုင်ယာရီမှာ ဤနေရာတွင် အဆုံးသတ်သွားလေ၏။
အချိန်ကို မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း အကြောင်းအရာအရ ဤသည်မှာ ရထားမောင်းနှင်သူ အများအပြားက ကျိုးရှန်ချင်းအား လွင်တီးခေါင်ပြင်ကို ဖြတ်ကျော်သွားစေလိုသဖြင့် သယံဇာတများကို စုဆောင်းပေးခဲ့သည့် ဖြစ်ရပ်ပင် ဖြစ်ကြောင်း သိမြင်ရန် မခက်ခဲပေ။
သို့သော် ကျိုးရှန်ချင်းကိုယ်တိုင်က သူ၏ ကျရှုံးမှုကို အစောကြီးကတည်းက ကြိုတင်မြင်တွေ့ခဲ့ပြီးသားလား။ စာသားများအရပင် ရဲချီယန်အတွက် ပြောပြရန် မခက်ခဲလှချေ။ ဤဒိုင်ယာရီပိုင်ရှင်မှာ လူတိုင်း၏ မျှော်လင့်ချက်များကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပေသည်။
"လွင်တီးခေါင်ပြင်က အဆုံးအစမရှိဘူးပေါ့လေ" ရဲချီယန်က တိုးတိတ်စွာ ရေရွတ်လိုက်လေ၏။
ရုတ်တရက် သူ၏ အဆုံးအစမရှိ ဟူသော စကားလုံးကြောင့် အသက်ဝင်သွားသည့်အလား အခန်းတွင်းရှိ ယန္တရားတစ်ခု ပွင့်လာခဲ့သည်။ ကြမ်းပြင်မှာ ပွင့်ဟသွားလေ၏။ အောက်သို့ ဆင်းသွားနိုင်သော နေရာလွတ်တစ်ခုကို ဖော်ပြနေပေသည်။
အပြင်ထွက်ပေါက်လား။ ဒါမှမဟုတ် ထောင်ချောက်တစ်ခုလား။
ရဲချီယန်က လောဘတကြီး စားသောက်ခြင်း နတ်ဆိုးကို ဆင့်ခေါ်လိုက်ပြီး ၎င်း၏ အကျိအချွဲတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်စေကာ ခွေးပုံစံ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲ၍ အတွင်းသို့ တွားသွားဝင်ရောက်စေလိုက်သည်။ နတ်ဆိုး ကတ်ပြား · မာနတရား ၏ စွမ်းရည်ကို အသုံးပြုကာ သူက ကြမ်းပြင်ကို ဖြတ်သန်း၍ အောက်ဘက်ရှိ အရာအားလုံးကို အကဲခတ်ကြည့်ရှုလိုက်လေ၏။
ကြမ်းပြင်၏ အောက်ခြေဆုံးတွင် တံခါးတစ်ချပ် ရှိနေသည်။ လောဘတကြီး စားသောက်ခြင်း နတ်ဆိုးက ၎င်း၏ ဦးခေါင်းဖြင့် ဝင်တိုက်ကာ ဖွင့်လိုက်လေရာ အတွင်း၌ သိုလှောင်ရုံတစ်ခုနှင့်တူသော နေရာတစ်ခု ရှိနေပေသည်။ မည်သည့် အန္တရာယ်မျှ မရှိချေ။
ဤမြေအောက်နေရာလွတ်အတွင်းသို့ သူ ခြေချတော့မည့်အချိန်လေးမှာပင် သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သော လီဆက်က ကိုယ်တိုင် ရှေ့သို့ တိုးထွက်လာပြီး ဒုတိယအကြိမ် စစ်ဆေးမှုကို ပြုလုပ်လိုက်လေ၏။ အန္တရာယ် လုံးဝမရှိကြောင်း အကြွင်းမဲ့ သေချာသွားပြီးနောက်မှသာ သူမ စိတ်အေးသွားတော့သည်။
မြေအောက်နေရာလွတ်မှာ မကြီးမားလှဘဲ အနိမ့်ဆုံးအဆင့် သာမန်ရထားတွဲ၏ အရွယ်အစားခန့်သာ ရှိလေသည်။ ဤနေရာတွင် ပစ္စည်းအများအပြား မရှိဘဲ ထောင့်တစ်နေရာ၌ သေတ္တာအနည်းငယ်ကိုသာ ပေါ့ပေါ့ဆဆ ချထားပေသည်။ တခြားအရာများထက် များစွာ ပိုမိုအဖိုးတန်ပုံရသော သေတ္တာတစ်လုံးသာ စားပွဲပေါ်တွင် တင်ထားလေ၏။
သေတ္တာကို ဖွင့်လိုက်ရာ အတွင်းရှိ အရာကို တွေ့မြင်လိုက်ရသည်။ ဆေးရည် ခြောက်ခု ဝင်ဆံ့သော သေတ္တာအတွင်း၌ ယခုအခါ တစ်ခုတည်းသာ ကျန်ရစ်တော့သည်။ ဘယ်လို ဆေးရည်မျိုးများ ဖြစ်နိုင်မလဲ။ ကျိုးရှန်ချင်း၏ ဒိုင်ယာရီထဲတွင် ဖော်ပြထားသော စိတ်စွမ်းအားဖြည့် ဆေးရည်က ရဲချီယန်၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။
ဒါက အဲ့ဒါများလား။
ဤသို့သော သိချင်စိတ်များ ပြည့်နှက်နေလျက် သူက လှမ်း၍ ထိကိုင်လိုက်လေသည်။ အကဲဖြတ်မှု အလင်းမျက်နှာပြင် ထွက်ပေါ်လာ၏။
[ကောင်းကင်ဘုံ · စိတ်စွမ်းအား လှုံ့ဆော်ရေး ဆေးရည် (အဆင့် ၁၁)]
[သောက်သုံးပြီးနောက် စိတ်စွမ်းအား ကန့်သတ်ချက်ကို တစ်နာရီကြာ အမှတ် ၁၀၀ မြှင့်တင်ပေးပြီး စိတ်စွမ်းအား အမှတ် ၁၀၀ ကို ပြန်လည်ဖြည့်တင်းပေးသည်]
[ကြယ်တွေကို ကျော်လွန်ခြင်း ပါရမီရှင်အား လက်ဆောင်အဖြစ် ပေးအပ်သည် ကောင်းကင်ဘုံအဖွဲ့အစည်း ၏ ခေါင်းဆောင်မှ]
[မှတ်ချက် မလုပ်ပါနဲ့တော့ ငါ့ကို ဆက်မယုံကြည်ကြပါနဲ့တော့ ငါ မလုပ်နိုင်ဘူး တကယ်ကို မလုပ်နိုင်တာပါ]
ဆေးရည်အောက်တွင် ဖိထားသော မှတ်စုပေါ်ရှိ စာသားများမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့သည်။ ကောင်းကင်ဘုံအဖွဲ့အစည်း ဟုတ်လား။ သူတို့၏ သဲလွန်စများကို ဤနေရာတွင် မြင်တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သို့သော် ဤသည်မှာ ရဲချီယန် အမှန်တကယ် အာရုံစိုက်နေသော အရာမဟုတ်ပေ။ ထိုအရာက ဆေးရည်ကိုယ်တိုင်ပင် ဖြစ်လေ၏။
"ဘုရားရေ စိတ်စွမ်းအား အမှတ် ၁၀၀ တောင်လား" ရဲချီယန်က ဤဆေးရည်ပုလင်းကို ပျော်ရွှင်အံ့ဩမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
"အဆင့် ၁၁ ဆိုတော့ သိပ်ကို အစွမ်းထက်မှာပဲ ဟက် ဒီနေရာကို ရွေးချယ်ခဲ့တာ ကောင်းသွားတယ် ထီပေါက်တာပဲ ထီပေါက်တာပဲ"
ရဲချီယန်က ပြုံးလိုက်ရင်း ဆေးရည်ကို သိမ်းဆည်းလိုက်လေ၏။ "တစ်ခုတည်းပဲ ရှိတာ နှမြောစရာပဲ"
သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း လောဘတကြီး တွေးလိုက်သည်။ ဤမြေအောက် သိုလှောင်ရုံရှိ တခြားသေတ္တာများထဲတွင်ကော အခြားပစ္စည်းများ ရှိနေသေးသလား။
"လီဆက်" သူက အမိန့်ပေးလိုက်လေ၏။
လီဆက်က အနက်ရောင်ကြိုး လက်အိတ်ကို ဆင့်ခေါ်လိုက်ပြီး သူတို့ဝန်းကျင်ရှိ သေတ္တာအားလုံးကို ဖွင့်လိုက်သည်။ ၎င်းတို့အထဲမှ အများစုမှာ အလွတ်များသာ ဖြစ်ပေသည်။ သေတ္တာနှစ်လုံးထဲတွင်သာ ပစ္စည်းအချို့ ပါဝင်လေ၏။
အနက်ရောင်တစ်လုံးနှင့် အဖြူရောင်တစ်လုံး သေတ္တာနှစ်ခုစလုံးကို စားပွဲပေါ်သို့ ဆွဲတင်လိုက်ပြီး အကဲဖြတ်ရန် ထိကိုင်လိုက်လေသည်။
ပထမတစ်ခုမှာ။
[သောင်းကျန်းမှု ကျောက်မီးသွေး အကြွင်းအကျန်]
[ရထားအတွက် အပိုစွမ်းအင်ကို ထောက်ပံ့ပေးပြီး အမြန်နှုန်းကို တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ ၁ နာရီကြာ တိုးမြှင့်ပေးသည်]
ဒုတိယတစ်ခုမှာ။
[ကျဆင်းလာသော ကြယ်မှုန် အပိုင်းအစ]
[ရထား၏ အရှိန်လွန်စက်ကို အဆင့်မြှင့်တင်ရန် အသုံးပြုနိုင်သည်]
[သို့မဟုတ် ကြယ်သဲရွှေ ၁၀၀ ဂရမ် ရရှိရန် ပြန်လည်အသုံးပြုနိုင်သည်]
ကျောက်မီးသွေး မဆိုးပါဘူး။ ကြယ်မှုန်... နေပါဦး ပြန်လည်အသုံးပြုပြီးနောက် ဘာရနိုင်တယ်လို့။ ကြယ်သဲရွှေ ဟုတ်လား။
ရဲချီယန်က အမြင်မှားသွားသည်ဟု ထင်ကာ ၎င်းကို နောက်တစ်ကြိမ် ထပ်မံ အကဲဖြတ်ကြည့်လိုက်လေ၏။
"အချိန်ကိုက် ရောက်လာတာပဲ ဒီပစ္စည်းကို ဘယ်ကရနိုင်မလဲဆိုပြီး ငါ စဉ်းစားနေတာ ဒီနေရာမှာ လာတွေ့လိမ့်မယ်လို့ မထင်ထားဘူး ဟားဟား ဂရမ် ၁၀၀ ဆိုတော့ စိတ်စွမ်းအားဖြည့် ဆေးရည် ပုလင်း ၁၀၀၀ ဖန်တီးဖို့ လုံလောက်တယ်ပေါ့လေ အားလုံးအဆင်သင့်ဖြစ်နေပြီ ပန်းအရည်လေးပဲ လိုတော့တာ"
ရဲချီယန်က ကျောက်မီးသွေးနှင့် ကျဆင်းလာသော ကြယ်မှုန်တို့ကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်လေသည်။ ယခုအချိန်အထိ ဤဆော်လမွန် မြို့တော် ခရီးစဉ်မှ ရရှိမှုများမှာ အတော်လေးကို များပြားနေပြီ ဖြစ်ပေ၏။
အကယ်၍ မွန်ရိုးဂျီနာထံမှ မှော်ဆေးရည်ကို မရနိုင်ခဲ့လျှင်တောင် အရေးမကြီးတော့ချေ။
"ကျိုးရှန်ချင်း မင်းက သေပြီးလောက်ပြီဆိုပေမဲ့လည်း ကျေးဇူးပါပဲကွာ"
မြေအောက်နေရာလွတ်ထဲမှ ပြန်ထွက်လာရင်း ရဲချီယန်က ဒိုင်ယာရီကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်လေ၏။ သူက အပိုအလုပ်များကို မလုပ်တော့ဘဲ တံခါးကို ပိတ်လိုက်သည်။ သူက စတုရန်းပုံ ဘူတာရုံကို ဆက်လက်စူးစမ်းလေ့လာလိုက်၏။
နောက်ဆုံးတွင်တော့ နယ်နိမိတ်၏ ထောင့်တစ်နေရာ၌ ဤဘူတာရုံမှ ထွက်ခွာရန် တံခါးတစ်ချပ်ကို သူ ရှာတွေ့သွားခဲ့လေသည်။
သူက ရထားကို သိုလှောင်မှု မေးထရစ် အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ဤတံခါးကို ဖြတ်သန်းသွားသည့် အခိုက်အတန့်လေးမှာပင် လွင့်မျောကြယ် သန့်စင်သော အမှတ်အသား အသက်ဝင်လာခဲ့ချေပြီ။
အေးစက်နေသော ရေကန်ရေများက အပြင်ဘက်သို့ ဖယ်ထုတ်ခံလိုက်ရလေ၏။ သူက လီဆက်၏ လက်ကို ဆွဲကိုင်ကာ ရေကန်မျက်နှာပြင်ဆီသို့ ဦးတည်သွားလိုက်သည်။
"အခု ဒီနေရာက ဘယ်နေရာလဲ"
အခန်း (၂၄၆)
သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်လေ၏။
ပတ်ဝန်းကျင်အခြေအနေမှာ စစ်ပွဲ၏ ဖျက်ဆီးခံထားရမှုများကို ဖြတ်သန်းခဲ့ရသည့်အလားပင်။ အချို့သော ပြိုကျနေသည့် နံရံများနှင့် အပျက်အစီးများပေါ်တွင် စစ်ကြောရေးခုံရုံး၏ သီးသန့်အမှတ်အသားများသာ မရှိခဲ့လျှင် ရဲချီယန်အနေဖြင့် သူ နေရာမှားရောက်လာခဲ့ပြီဟု အမှန်တကယ် ထင်မိမည်မှာ အသေအချာပင်။
ဒါပေမဲ့ ဒီနေရာက...
"ရပ်လိုက်စမ်း အဲ့ဒါ ဘယ်သူလဲ"
ရုတ်တရက် အဝေးမှနေ၍ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လီဆက်က သူ၏ရှေ့တွင် ဝင်ရပ်လိုက်ပြီး သူမ၏ အနောက်ဘက်ရှိ ဆူးချွန်များက ဖြန့်ကားထွက်လာတော့မည့်အချိန်လေးမှာပင် ရဲချီယန်က လက်လှမ်းကာ သူမကို တားဆီးလိုက်လေ၏။
ထိုအသံပိုင်ရှင် အမျိုးသားက အနီးသို့ လျှောက်လာခဲ့ပြီး တွေဝေနေသော အမူအရာဖြင့် စစ်ကြောရေးခုံရုံး၏ စံသတ်မှတ်ချက် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
ရဲချီယန်ကို မြင်လိုက်ရချိန်တွင် သူက တစ်စုံတစ်ခုကို သတိရသွားသည့်အလား မျက်မှောင်ကြုတ်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် သူ၏ မျက်နှာကို လက်ညိုးထိုးလိုက်လေ၏။
"အိုး ကျွန်တော် မှတ်မိပြီ ခင်ဗျားက တရားသူကြီးချုပ် နဲ့အတူရှိနေခဲ့တဲ့ ချောချောမောမော လူငယ်လေး မဟုတ်လား"
ရဲချီယန်ကလည်း ထိုလူမှာ မည်သူဖြစ်ကြောင်းကို ခပ်ရေးရေး မှတ်မိနေခဲ့သည်။ သူ၏ အမည်ကိုတော့ မသိပေ၊ စစ်ကြောရေးခုံရုံးသို့ လစာလာထုတ်ရန် သူ ပထမဆုံးအကြိမ် ရောက်လာခဲ့သောနေ့က ဆိုသည်ကိုသာ သိလေ၏။ ထိုအချိန်က သူတို့နှစ်ဦး မထင်မှတ်ဘဲ တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးခြင်းသာ ဖြစ်ပေသည်။
"ဒါပေမဲ့ ခင်ဗျားက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ ခင်ဗျားရဲ့... ခင်ဗျားရဲ့ တံဆိပ်ကို ကျွန်တော့်ကို ပြလို့ရမလား"
ယုံကြည်မှု မခံရခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။ ရဲချီယန်က သူ၏ ကျောပိုးအိတ်ထဲမှ တတိယအဆင့် စစ်ကြောရေးမှူး တံဆိပ် ကို ထုတ်ယူလိုက်လေ၏။
တံဆိပ်ပေါ်တွင် ထွင်းထုထားသော ခရုပတ်ပုံသဏ္ဍာန် ဓားပုံစံကို မြင်လိုက်ရချိန်တွင် တရားသူကြီး လူငယ်လေး၏ မျက်နှာထက်၌ အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ကာ ရဲချီယန်ကို လေးစားစွာဖြင့် ပြောလိုက်လေသည်။
"အရာရှိကို အရိုအသေပေးပါတယ်"
စစ်ကြောရေးခုံရုံး၏ တတိယအဆင့် ဟုတ်လား။
သူ၏ အဆင့်အတန်းမှာ တကယ်ကို မနိမ့်ကျကြောင်း ထင်ရှားလှပြီး ဤအမျိုးသား၏ မျက်နှာအမူအရာအရ အသိအမှတ်ပြုခံထားရမှု မရှိသော သူစိမ်းတစ်ယောက်အနေဖြင့် ရဲချီယန်က တတိယအဆင့် စစ်ကြောရေးမှူး တစ်ဦးဖြစ်ရန် မထိုက်တန်ဟု သူ တစ်ခဏမျှပင် မတွေးခဲ့ကြောင်းကို သိမြင်ရန် မခက်ခဲပေ။
တစ်နည်းအားဖြင့်ဆိုရသော် ဤစစ်ကြောရေးခုံရုံးသည် ထိုအရပ်ပုပု တရားသူကြီးချုပ် ကျောက်ရှီး၏ ညွှန်ကြားချက်များနှင့် စည်းမျဉ်းများအားလုံးကို အကြွင်းမဲ့ သစ္စာရှိကာ လိုက်နာကြခြင်းပင် ဖြစ်လေ၏။
"အခု ဒီနေရာမှာ ဘယ်သူက တာဝန်ယူထားတာလဲ ငါ ဆိုလိုတာက ကျောက်ရှီး ထွက်သွားပြီးကတည်းက"
"ဗျာ"
လူငယ်လေးမှာ တစ်ခဏမျှ မှင်သက်သွားခဲ့သည်။
"ငါ ပြောလိုက်တဲ့ စကားမှာ ပြဿနာတစ်ခုခု ရှိနေလို့လား"
ရဲချီယန်၏ နားမလည်နိုင်မှုကြောင့် လူငယ်လေးမှာ ကမန်းကတမ်း ခေါင်းခါပြလိုက်လေ၏။
"ပြဿနာမရှိပါဘူး ဘာပြဿနာမှ မရှိပါဘူး တရားသူကြီးချုပ် ပျောက်ဆုံးသွားပြီးကတည်းက သူမက အမြင့်ဆုံး တရားသူကြီး တံဆိပ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက်ဆီကို လွှဲပြောင်းပေးခဲ့တယ်လေ သူမက အခု အမြင့်ဆုံး စစ်ကြောရေးခုံရုံးက တရားသူကြီးချုပ်ရဲ့ ပလ္လင် မှာ ရှိနေတယ် အဲ့ဒီကို ခင်ဗျားကို ကျွန်တော် လိုက်ပို့ပေးရမလား"
"ဒါဆိုရင် မင်းကိုပဲ အကူအညီတောင်းရမှာပေါ့"
ဤသည်မှာ သူ ဤနေရာသို့ ဒုတိယအကြိမ် ရောက်လာခဲ့ခြင်း ဖြစ်ပြီး လမ်းပြပေးမည့်သူ တစ်ယောက်ယောက် ရှိနေခြင်းက အကောင်းဆုံးပင် ဖြစ်ပေသည်။ တရားသူကြီးချုပ်၏ ပလ္လင် ဆီသို့ သွားရာလမ်းတွင် ရဲချီယန်က ထိုလူငယ်လေး၏ အမည်မှာ ဝေ့ယန် ဖြစ်ကြောင်း သိလိုက်ရလေ၏။
သူသည် ဒုတိယအဆင့် စစ်ကြောရေးမှူး တစ်ဦးဖြစ်ပြီး စစ်ကြောရေးခုံရုံး၏ ကျောရိုးဟုပင် မှတ်ယူ၍ ရနိုင်ပေသည်။ လမ်းတစ်လျှောက်တွင် စစ်ကြောရေးခုံရုံးအနေဖြင့် မကြာသေးမီရက်များအတွင်း အကြီးအသေး တိုက်ပွဲအတော်များများကို ဖြတ်သန်းခဲ့ရကြောင်း သူ့ထံမှ ရဲချီယန် သိရှိခဲ့ရသည်။
မနေ့ကတင် စစ်ဆေးရေးမှူး ဌာနမှ လူများက ရုတ်တရက် ဝင်ရောက်မကူညီခဲ့လျှင် စစ်ကြောရေးခုံရုံး၏ လွင့်မျောနေသော ခြံဝင်းမှာ ဆက်လက် တည်ရှိနေတော့မည် မဟုတ်ကြောင်းကိုလည်း သိခဲ့ရလေ၏။
စစ်ဆေးရေးမှူး ဌာနက စစ်ကြောရေးခုံရုံးကို ကူညီတယ် ဟုတ်လား။
ဒီနှစ်ခုက သွေးသောက်ရန်သူတွေ မဟုတ်ဘူးလား။
စစ်ဆေးရေးမှူး ဌာန၏ ခေါင်းဆောင်ကိုပင်လျှင် ကျောက်ရှီးက အရင်က သတ်ဖြတ်ခဲ့ဖူးသည် မဟုတ်ပါလော။
သူ တွေဝေသွားခဲ့သော်လည်း ဤကိစ္စများမှာ သူနှင့် သိပ်ပြီး မသက်ဆိုင်လှသောကြောင့် ရဲချီယန်က အခြေအနေမှန်ကို သိရှိရန် ဂရုမစိုက်တော့ချေ။
"ရောက်ပါပြီ"
မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်လာပြီးနောက် ဝေ့ယန်က စစ်ကြောရေးခုံရုံး၏ အမြင့်ဆုံးနေရာရှိ ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိသော အဆောက်အအုံတစ်ခုကို လက်ညိုးထိုးပြလိုက်လေ၏။
"အဲ့ဒီနေရာမှာပဲ အဲ့ဒီကို ရောက်တာနဲ့ ခင်ဗျားရဲ့ တံဆိပ်ကို ပြလိုက်ရုံနဲ့ အထဲဝင်လို့ရပါပြီ"
ကျေးဇူးတင်စကား ပြောကြားပြီးနောက် ရဲချီယန်က ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ ဝေ့ယန်မှာမူ သူ၏ နေရာတွင်သာ ရပ်ကျန်ခဲ့လေ၏။ သူ၏ ကျောပြင်ကို ကြည့်ရင်း သူက တီးတိုးရေရွတ်နေမိသည်။
"ဟူး... တရားသူကြီးချုပ်ကို သူမရဲ့ နာမည်အရင်းနဲ့ ခေါ်တယ် ဟုတ်လား ဒီကောင်က တကယ်ပဲ တရားသူကြီးချုပ်ရဲ့ ချစ်သူလား ဒါပေမဲ့ သူ့မှာ တခြားမိန်းမတစ်ယောက်လည်း ပါလာတယ်နော် ကျစ် တရားသူကြီးချုပ်က... အဲ... မဖြစ်နိုင်ပါဘူး ငါ့ဘာသာ လျှောက်တွေးလို့မဖြစ်ဘူး အဖမ်းခံရရင်တော့ ငါ သေပြီပဲ အား သူ့နာမည်ကို မေးဖို့ မေ့သွားတယ်"
သူ ထိုသို့ပြောလိုက်သော်လည်း ဝေ့ယန်က စနစ်ကို တိတ်တဆိတ် ခေါ်ယူလိုက်ပြီး သူ၏ သူငယ်ချင်း ချက်ဘောက်စ် အလင်းမျက်နှာပြင်ကို ဖွင့်ကာ စာရိုက်လိုက်လေ၏။
[သတင်းထူး စောစောက တရားသူကြီးချုပ်နဲ့အတူ စစ်ကြောရေးခုံရုံးကို ပြန်လာတာ မြင်ခဲ့ရတဲ့ အရပ်ရှည်ရှည် ချောချောမောမော ကောင်လေးက တကယ်တော့ တရားသူကြီးချုပ်ရဲ့ ယောက်ျားပဲဟေ့]
ဝေ့ယန် ဘာလုပ်နေသည်ဆိုသည်ကို ရဲချီယန် သိရှိရန် နည်းလမ်းမရှိခဲ့ချေ။
သူက ဤအမြင့်ဆုံး အဆောက်အအုံ၏ ခြေရင်းသို့ လျှောက်သွားလိုက်သည်။ သူ၏ တံဆိပ်ကို ထုတ်ယူကာ တံခါးရှေ့တွင် ဝှေ့ယမ်းပြလိုက်လေ၏။
တံခါးကြီး ပွင့်သွားသည်။ သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်ကတော့ မျက်နှာတစ်ဝက်ကို ပုဝါဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦးက ထိုင်ခုံပေါ်တွင် နောက်မှီထိုင်လျက် တောင်ဝှေးဓားတစ်လက်ကို လျော့တိလျော့ရဲ ကိုင်ဆောင်ကာ ထိုနေရာတွင် ရှိနေခြင်းပင်။
ဤနေရာမှ အသံကို ကြားလိုက်ရသဖြင့် မွန်ရိုးဂျီနာက မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူ့ကို မြင်လိုက်ရသည့် အခိုက်အတန့်လေးမှာပင် အနည်းငယ် ပြုံးလိုက်လေ၏။
"မောင်လေး ရောက်လာပြီပဲ"
သူ၏ အနောက်ဘက်ရှိ တံခါးကြီး ပိတ်သွားခဲ့ပြီး ကျယ်ဝန်းလှသော ဤနေရာတွင် တခြားမည်သူမျှ မရှိတော့ချေ။
စကားများစွာ ပြောနေရန် မလိုအပ်ပေ၊ ရဲချီယန် ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်ကို မွန်ရိုးဂျီနာက အလွန်ကောင်းမွန်စွာ သိရှိနေပြီး ဖြစ်သည်။ သူမက တောင်ဝှေးဓားကို လှည့်လိုက်လေ၏။ သူမ၏ လုပ်ငန်းစဉ်ခုံ ကို သူမ၏ ရှေ့မှောက်သို့ ဆင့်ခေါ်လိုက်သည်။
၎င်းအပေါ်တွင်ကား အနီရင့်ရောင် အရည်များပါဝင်သော စက်လုံးတစ်ခု လွင့်မျောနေခဲ့သည်။ ၎င်းမှာ အမည်းရောင် ကျောက်စာတိုင် အပိုင်းအစများကို အသုံးပြု၍ ဖန်တီးထားသော ဆေးရည်၏ မူလပုံစံပင် ဖြစ်ပေ၏။
"အရမ်းကြီး မလောပါနဲ့ အဲ့ဒါက အသွင်ပြောင်းဖို့ အချိန်နည်းနည်း လိုသေးတယ် မောင်လေး ပေးလိုက်တဲ့ ကုန်ကြမ်းက တကယ်ကို အံ့ဩစရာကောင်းလောက်အောင် အသုံးဝင်တယ်"
မွန်ရိုးဂျီနာက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်ပြီး ရဲချီယန်နှင့် သူ၏ဘေးရှိ လီဆက်တို့ကို ကြည့်လိုက်ကာ သူမ၏ မျက်ဝန်းများအတွင်း ထူးဆန်းသော အရောင်အဝါတစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားလေ၏။
တကယ်ကို သိချင်စိတ် ဖြစ်ပေါ်လာစေတယ်။ သူက စစ်ကြောရေးခုံရုံးရဲ့ နောက်ဖေးခြံဝင်းထဲကို ဘယ်လိုလုပ်ပြီး ရုတ်တရက် ရောက်လာခဲ့တာလဲဆိုတာကို အစ်မ တကယ် သိချင်မိတယ် အစ်မက မြို့တော်ရဲ့ အဓိက ဝင်ပေါက်ကို စောင့်ကြည့်နေခဲ့ပေမဲ့ ဝင်ရောက်လာတဲ့ မှတ်တမ်းတစ်ခုမှ မတွေ့ရဘူး ဒါက မာနတရား က ဖုံးကွယ်ထားနိုင်တဲ့ အချက်အလက်မျိုး မဟုတ်ဘူးလေ။
လျှို့ဝှက်ချက်တစ်ခုလား။ ပါရမီစွမ်းရည် လား။ မော်ဂျူး တစ်ခုများလား။ ဒါမှမဟုတ် တခြားအရာတစ်ခုခုလား။
"ကောင်းပါပြီ ကျွန်တော်က ဆေးရည်ကိုယူပြီး ချက်ချင်း ထွက်သွားမလို့ပဲ"
ရဲချီယန်က အနည်းငယ် စိတ်ပျက်သွားလေ၏။ ဤနေရာတွင် အချိန်အကြာကြီး နေရန် သူ မူလက ရည်ရွယ်မထားခဲ့ပေ။ ဆေးရည်ကိုယူပြီး ချက်ချင်းထွက်သွားမည့် အစီအစဉ်မှာ နောက်ဆုံးတွင်တော့ ချက်ချင်း အကောင်အထည်ဖော်၍ မရနိုင်ခဲ့ချေ။
"ဒီလောက်ထိ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး စိတ်အေးအေးထားပါ လောလောဆယ်တော့ စစ်ကြောရေးခုံရုံးက ဘေးကင်းပါတယ် ဒါနဲ့ စကားမစပ် မောင်လေးက ဒီကို ရောက်နေပြီဆိုတော့ အစ်မနဲ့ ခဏလောက် စကားမပြောချင်ဘူးလား ဒါမှမဟုတ် မကြာသေးခင်က ဖြတ်သန်းခဲ့ရတဲ့ ဘူတာရုံတွေမှာ နားမလည်နိုင်တဲ့ အရာတစ်ခုခုနဲ့များ ကြုံတွေ့ခဲ့ရလို့လား အစ်မ မောင်လေးကို ဖြေပေးနိုင်ပါတယ်"
တောင်ဝှေးဓား လည်ပတ်သွားလေ၏။
ရဲချီယန် ယခင်က မြင်တွေ့ခဲ့ဖူးသော ယဇ်ပူဇော်ခြင်း ကတ်ပြား တစ်ကတ်က တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။
ယဇ်ပူဇော်ခြင်း ကတ်ပြား · မေးခွန်းသုံးခု။ မေးခွန်း သုံးခု။ အဖြေ သုံးခု။ ဆုလာဘ် တစ်ခု။
ငါ နားမလည်တဲ့ အရာတွေလား။ တကယ်ကို တစ်ခုရှိတယ်။ ဥပမာအားဖြင့် မကြာသေးမီက လွင်တီးခေါင်ပြင်တွင် ရထားကို တိုက်ခိုက်ခဲ့သော အလင်းတန်းကြီးပင်။ မေးကြည့်တာက ဘာမှ မထိခိုက်ဘူး ဆိုသော မူဝါဒကို ကိုင်စွဲထားလျက် ရဲချီယန်က လွင်တီးခေါင်ပြင်တွင် သူ ကြုံတွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းကြီးအကြောင်း သူမကို ပြောပြလိုက်လေ၏။
"ဒါဆို အဲ့ဒီ အလင်းတန်းကြီးက ဘာကြီးလဲဆိုတာကို အစ်မဂျီနာ သိလား"
"?"
မွန်ရိုးဂျီနာက ချက်ချင်း မဖြေဆိုဘဲ ရဲချီယန်ကို မကောင်းဆိုးဝါးတစ်ကောင်အား ကြည့်နေသည့်အလား စိုက်ကြည့်လိုက်လေ၏။
"ကျွန်တော့်ဆီမှာ ထူးဆန်းနေတာ တစ်ခုခုများ ရှိလို့လား"
တိတ်ဆိတ်မှု... ထို့နောက် ခေါင်းခါဘမ်းလိုက်ခြင်း...
"မရှိပါဘူး"
မွန်ရိုးဂျီနာ၏ အသံနှင့် မျက်နှာအမူအရာမှာ အနည်းငယ် အံ့အားသင့်နေခဲ့လေ၏။
"မောင်လေးက အဆင့်မြင့် ပလက်ဖောင်းတစ်ခုထဲကို ဝင်ရောက်နိုင်ခဲ့ပြီ မဟုတ်လား"
ဒီတစ်ခါတော့။ သူ ငြင်းဆန်မနေတော့ပေ။ အလင်းတန်းကြီးအကြောင်း မေးခွန်းမေးလိုက်သည့် အခိုက်အတန့်ကတည်းက သူ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်လေ၏။
"ကျွန်တော့်ရဲ့ ကံက ကောင်းနေခဲ့လို့ အဆင့်တက်တာ နည်းနည်း မြန်သွားရုံပါ အဲ့ဒါက ပြဿနာမရှိလောက်ပါဘူး မဟုတ်လား"
"...ဟား"
မွန်ရိုးဂျီနာက သူမ၏မျက်နှာထက်တွင် ရှုပ်ထွေးလှသော အမူအရာတစ်ခုကို ရှားရှားပါးပါး ဖော်ပြလာခဲ့ပြီး ရဲချီယန်၏ မျက်နှာကို စိုက်ကြည့်ကာ သူ၏ နှလုံးသားကို ဖောက်ထွင်းမြင်ချင်နေသည့်အလားပင်။
"သေချာတာပေါ့ ပြဿနာ မရှိပါဘူး တကယ်လို့ ရှိတယ်ဆိုရင်လည်း အဲ့ဒါက အစ်မရဲ့ ပြဿနာပဲ တောင်းပန်ပါတယ် မောင်လေးရဲ အစ်မ စကားနည်းနည်း များသွားတယ် ဒါပေမဲ့ အစ်မ တကယ် သိချင်မိတယ် မောင်လေးက တကယ်ပဲ ဒီတစ်သုတ်က ရထားမောင်းနှင်သူ တစ်ယောက် ဟုတ်ရဲ့လား"