← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 23 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 23 Ch. 251-252

အခန်း (၂၅၁)

ကောင်းကင်ယံသို့ ပျံတက်သွားသော တေးသွားသံမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။

တစ်ခါမှ ထွက်မပေါ်ခဲ့ဖူးသည့်အလားပင်။ သို့သော် လူတိုင်းက ထိုအသံကို ကြားလိုက်ရသဖြင့် ကောင်းကင်ယံသို့ တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။ မည်သို့ဖြစ်ပျက်သွားသည်ကို မည်သူမျှ မသိရှိခဲ့ချေ။

ဤအရာအားလုံး၏ အစပြုသူ သို့မဟုတ် ပိုင်ရှင်ဖြစ်သူကမူ သူ၏ရှေ့မှောက်တွင် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသော ဆေးရည်ပုလင်းကို ကြည့်ရင်း တွေဝေငေးမောနေခဲ့လေ၏။

"ဆေးရည်ဖန်တီးတာက ဒီလောက်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲအခြေအနေကို ဖြစ်စေတာလား"

သူ၏မေးခွန်းမှာ မွန်ရိုးဂျီနာ၏ မေးခွန်းလည်း ဖြစ်နေခဲ့ပေသည်။

"မဟုတ်ဘူး ဒါက ပထမဆုံးအကြိမ်ပဲ ကုန်ကြမ်းတွေကြောင့်များလား မဟုတ်သေးပါဘူး အစ်မက အဲ့ဒါထက် ပိုအဖိုးတန်တဲ့ ကုန်ကြမ်းတွေကို အသုံးပြုခဲ့ဖူးတယ် ဒီလို မဖြစ်သင့်ဘူး တကယ်လို့များ..."

မွန်ရိုးဂျီနာက မတ်တပ်ရပ်လိုက်ပြီး လီဆက်၏ တားဆီးမှုကို ရှောင်ကွင်းကာ ရဲချီယန်ကို ကြည့်လိုက်လေ၏။

"မောင်လေးရဲ့ သွေးတစ်စက်ကြောင့်များလား မောင်လေးက တကယ်ပဲ လူသားစစ်စစ် ဟုတ်ရဲ့လား"

"သေချာတာပေါ့"

သွေး ဟုတ်လား မဟုတ်ပေ။ သူ၏သွေးက မည်သို့မျှ မထူးခြားကြောင်းကို ရဲချီယန်က အလွန်ကောင်းမွန်စွာ သိရှိထားလေ၏။ သို့ဆိုလျှင် ဤဆေးရည်ကို ဤမျှလောက် ပြောင်းလဲသွားစေရန် မည်သည့်အရာက ဖန်တီးခဲ့သနည်း။ သူ အမှန်တကယ်ပင် ကောင်းစွာ သိရှိနေခဲ့သည်။

စိတ်စွမ်းအား။ စိတ်စွမ်းအား အနည်းငယ်သာ။

လီဆက်ကို ဖန်တီးခဲ့စဉ်က သူမ၏အတွင်းသို့ ပေါင်းစပ်ထည့်သွင်းပေးခဲ့သော စိတ်စွမ်းအား အစိတ်အပိုင်းလေးကဲ့သို့ပင်။ လေထုထဲတွင် လွင့်မျောနေသော ဆေးရည်က သူ၏ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာခဲ့လေ၏။ ရဲချီယန်က လက်ဆန့်ထုတ်လိုက်ပြီး သူ၏ လက်ချောင်းထိပ်လေးများက ၎င်းကို ခပ်ဖွဖွ ထိတွေ့လိုက်သည်။

ထိုအခိုက်အတန့်လေးမှာပင် စနစ်၏ အကဲဖြတ်မှု အလင်းမျက်နှာပြင် ထွက်ပေါ်လာခဲ့ချေပြီ။

[မှော်ဆေးရည် · Ø · အဆင့်မြင့် အသွင်ကူးပြောင်းခြင်း]

[သီးသန့်ပိုင်ရှင် ရဲချီယန်]

[သောက်သုံးပြီးနောက်]

[စိတ်စွမ်းအား ကန့်သတ်ချက် တိုးမြှင့်မှု အမှတ် ၄၀]

[စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှုနှုန်း ၁၀၀ ရာခိုင်နှုန်း မြှင့်တင်ပေးသည်]

[ပါရမီ · အဆင့်မြင့် အသွင်ကူးပြောင်းခြင်း၊ မည်သည့်အရာအပေါ်တွင်မဆို အသုံးပြုလိုက်ပါက သင့်အတွက် ပိုမိုသင့်တော်မည့် လမ်းကြောင်းတစ်ခုဆီသို့ အဆင့်မြင့် အသွင်ကူးပြောင်းသွားစေမည်]

[သီးခြားထူးခြားသော ပါရမီတစ်ခု၏ လွှမ်းမိုးမှုအောက်တွင် ဤဆေးရည်မှာ ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်သန်းသွားခဲ့ပြီး ၎င်း၏ အလားအလာများအားလုံး ကုန်ခန်းသွားခဲ့ပြီဖြစ်သည်]

[မှတ်ချက် ၎င်းသည် သင်၏ ပိုင်ဆိုင်မှု ဖြစ်သည်]

[မှတ်ချက် ၂ ဆေးရည်ကို သောက်သုံးလိုက်သည့် အခိုက်အတန့်တွင် မိမိကိုယ်ကို နတ်ဘုရားများဟု ခေါ်ဆိုနေသူများ၏ ရန်လိုမှုကို ဆွဲဆောင်နိုင်လိမ့်မည်၊ သို့သော် သင်က သူတို့၏ ရန်သူ ဖြစ်နေနှင့်ပြီးသား မဟုတ်ပါလား]

ဆေးရည်က ရဲချီယန်၏ လက်ဝါးထဲသို့ ကျဆင်းလာခဲ့လေ၏။

အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဖောက်ထွင်းမြင်ရသော ပုလင်းထဲရှိ အရည်မှာ အလွန် အရသာရှိမည့် ခံစားချက်ကို ပေးစွမ်းနေပေသည်။

မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူက ပုလင်းအဖုံးကို ဖွင့်လိုက်လေသည်။ ခေါင်းကို မော့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

အရမ်းချိုမြိန်တာပဲ သူ သဘောကျတဲ့ အချိုဓာတ်မျိုးပဲ။ သူ အကုန်သောက်လိုက်သော်လည်း ထပ်သောက်ချင်နေမိဆဲပင်။ ပုလင်းထဲတွင် တစ်စက်မျှပင် မကျန်ရစ်တော့ချေ။

"အ့"

စူးရှသော နာကျင်မှုတစ်ခု။ ယခင်က တစ်ခါမျှ မကြုံဖူးသော စူးရှသည့် ခံစားချက်တစ်ခုက သူ၏ စိတ်ထဲမှနေ၍ အပြင်ဘက်သို့ ပျံ့နှံ့ထွက်ပေါ်လာခဲ့လေ၏။

လီဆက်က ချက်ချင်း ပြေးလာပြီး သူ၏ ခန္ဓာကိုယ်ကို တွဲကူပေးလိုက်သည်။

"သခင် အဆင်ပြေရဲ့လား"

မွန်ရိုးဂျီနာကလည်း အနီးသို့ လာချင်ခဲ့သော်လည်း လီဆက်၏ ဖြန့်ကျက်ထားသော လက်နက်၏ ချိန်ရွယ်ခြင်းကို ခံလိုက်ရလေ၏။ ဆင့်ခေါ်ခံရကတည်းက အပြုံးတစ်ခုကိုသာ ထိန်းသိမ်းထားခဲ့သော စက်ယန္တရား အိမ်အကူမလေး၏ မျက်နှာထက်တွင် ယခုအခါ အေးစက်စိမ်းကားမှုများ ဖုံးလွှမ်းနေခဲ့ချေပြီ။

"မင်း... ဟင် အဲ့ဒါ ဘာကြီးလဲ"

ရုတ်တရက်။ မြင့်မားသော ကောင်းကင်ယံထက်တွင် မိုးကြိုးများ ဟိန်းဟောက်မြည်ဟည်းလာခဲ့လေ၏။

စည်တီးဝိုင်းတစ်ခုကို လေးလံသော တူရိုးကြီးဖြင့် ထုနှက်လိုက်သည့်အလားပင်။ ဟိန်းဟောက်သံကြီးက လူတိုင်း၏ နားစည်များကို ပေါက်ကွဲလုမတတ် ဖြစ်စေခဲ့သည်။

၎င်းက ဘာကြီးလဲ။ ၎င်းက ဘာလုပ်ချင်နေတာလဲ။

သို့သော် ထိုအသံမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏နေရာတွင် အစားထိုးဝင်ရောက်လာသည်ကတော့... ကောင်းကင်ယံထက်တွင် အဆုံးအစမရှိ ပြန့်ကားလာသော အနီရောင် အလင်းမျက်နှာပြင်ကြီးပင် ဖြစ်လေတော့သည်။ ထိုအရာမှာ စနစ်၏ အလင်းမျက်နှာပြင်ပင်။

လူတိုင်းက ၎င်းပေါ်ရှိ စာသားများကို မြင်တွေ့နိုင်စွမ်း ရှိကြလေ၏။

[ခိုးကြည့်နေတာလား]

[တပ်မက်နေတာလား]

[ပစ်မှတ်လော့ခ်ချလိုက်ပြီ]

[ပြစ်ဒဏ်ပေးလိုက်စမ်း]

ဘုန်း။

နောက်ထပ် မိုးကြိုးမြည်ဟည်းသံကြီး တစ်ခု။ သို့သော် ဤတစ်ကြိမ်တွင်မူ နားကွဲလုမတတ် ဆူညံမနေခဲ့ချေ။

"အား"

စူးရှသော အော်ဟစ်သံတစ်ခုကို လူတိုင်း ကြားလိုက်ရလေ၏။ ဦးခေါင်းမှလွဲ၍ အရာအားလုံးကို ဆုံးရှုံးသွားသော တစ်စုံတစ်ရာက အထက်ရှိ ကောင်းကင်ယံမှနေ၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

စနစ် အလင်းမျက်နှာပြင်မှာ ပျောက်ကွယ်မသွားသေးချေ။ ၎င်းထံမှ ထုတ်လွှတ်နေသော အနီရောင်အလင်းတန်းမှာ အန္တရာယ်ရှိသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်း၏ စာသားများက ဤနေရာသို့ လှမ်းကြည့်နေကြသူများ အားလုံးကို ကြေညာနေသည့်အလားပင်။

[ကျေးဇူးပြု၍ မှတ်သားထားပါ]

[ရထားမောင်းနှင်သူ၏ အခွင့်အာဏာမှာ အမြင့်ဆုံးဖြစ်သည်]

[စည်းမျဉ်းများ၏ ပြင်ပမှနေ၍ ဝင်ရောက်မစွက်ဖက်ပါနှင့်]

မြို့တော်အတွင်းရှိ ဤအရာအားလုံးကို မျက်မြင်တွေ့ရှိလိုက်ရသော ဌာနေလူမျိုး အများအပြားမှာ အားရပါးရ အော်ဟစ်အောင်ပွဲခံလိုက်ကြလေ၏။

သူတို့အတွက်တော့ ရထားမောင်းနှင်သူဆိုသည်မှာ ဤသို့သော တည်ရှိမှုမျိုးပင် ဖြစ်ပေသည်။

အခွင့်အာဏာ၊ အမြင့်ဆုံးအဆင့်။

ထို့ကြောင့်ပင် ဤကမ္ဘာတွင် နေထိုင်ကြသော ဌာနေလူမျိုးများက ရထားမောင်းနှင်သူ ဟုခေါ်သော ဖြစ်တည်မှုမျိုး ဖြစ်လာချင်ကြခြင်း ဖြစ်လေသည်။ အံ့အားသင့် တုန်လှုပ်သွားကြသူများလည်း ရှိနေခဲ့သေး၏။

ဂရေ့စ်၏ ရေခဲဂူဗိမာန်။

ဂါလိုက ဤမြင်ကွင်းကို ကြည့်ကာ မထီမဲ့မြင် နှစ်ချက်မျှ ရယ်မောလိုက်လေသည်။

"ငါ ပြောမယ်... အစ်မကြီး မင်း မြင်လိုက်တယ်မလား ဒီလိုကိစ္စမျိုးတွေက ဘယ်နှကြိမ်လောက်များ ဖြစ်ဖူးနေပြီလဲ နတ်ဘုရားတွေက မင်းကို အိမ်ပြန်နိုင်အောင် ကူညီပေးနိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား မင်းရဲ့ မိသားစုကို ပြန်တွေ့ရအောင် လုပ်ပေးနိုင်မယ်လို့ကော ထင်လို့လား ဆိုတာကို ငါ တကယ် နားမလည်နိုင်တော့ဘူး"

"သူတို့က ရထား စနစ်ကို တကယ်ပဲ ကျော်လွန်နိုင်လို့လား"

"ဒါက တကယ်ပဲ လှည့်စားမှုတစ်ခု မဟုတ်ဘူးလား"

ဂူဗိမာန်ထဲရှိ ဂရေ့စ်မှာ ယခုအခါ အစစ်အမှန် သေလွန်သူတစ်ဦးအလား ဖြစ်နေချေပြီ။ သူမ မည်သည့်စကားမှ မဆိုခဲ့ချေ။

"မင်းရဲ့ နှလုံးသားထဲမှာ အဖြေရှိနေပြီးသား ဖြစ်ပုံရတယ် ဟီးဟီး... ဒါပေမဲ့လည်း မင်း သဘောပါပဲလေ"

"ငါက အဲ့ဒီ ချိတ်ပိတ်မှုကို ပြန်ယူချင်ရုံ သက်သက်ပါပဲ"

"ဒါပေမဲ့... ဒီအရာအားလုံးကို ဖြစ်ပေါ်လာစေခဲ့တာက စစ်ကြောရေးခုံရုံး ရှိတဲ့ဘက်ကနေပဲ ဖြစ်ရမယ်"

"အင်ပါယာအမိန့်တော် အဖွဲ့အစည်းရဲ့ ယဇ်ပူဇော်ခြင်း က တစ်ခုခုများ လုပ်လိုက်တာလား ငါ အချိန်ဆွဲနေလို့ မရတော့ဘူး"

"အစီအစဉ်ကို စောစော စတင်မှ ဖြစ်တော့မယ်"

"မင်းပြောတဲ့ နတ်ဘုရားဆိုတာကို သွားဆက်သွယ်လိုက်ဦး စောစောက မြင်ကွင်းကို ကြည့်ပြီးတာတောင် သူ ဝင်လာရဲသေးတယ်ဆိုရင်ပေါ့"

ဂါလိုက ဤနေရာမှ ထွက်ခွာသွားလေ၏။ အချိန်မည်မျှ ကြာမြင့်သွားသည် မသိချေ။ ဤနေရာရှိ ဂရေ့စ်က ရူးသွပ်လုမတတ် လေသံဖြင့် သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်လေသည်။

"လုပ်ပေးနိုင်မှာပါ... သေချာပေါက်... သေချာပေါက်..."

စစ်ကြောရေးခုံရုံး။

မွန်ရိုးဂျီနာ၏ မျက်ဝန်းသူငယ်အိမ်များက အနည်းငယ် ကျုံ့ဝင်သွားခဲ့လေ၏။

သူမကို အံ့အားသင့်စေခဲ့သည်က ကောင်းကင်ယံတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော စနစ် အလင်းမျက်နှာပြင် မဟုတ်ချေ။ ၎င်းအစား ရဲချီယန်၏ ဝန်းကျင်တွင် ဖြစ်လေသည်။

လေဟာနယ် ကတ်ပြား သိုလှောင်ရုံ ထဲမှ သူ့အလိုလို ထွက်ပေါ်လာခဲ့သော ကတ်ပြား အစီအစဉ်များပင် ဖြစ်ပေ၏။ ၎င်းတို့မှာ အလွန်များပြားလှပြီး နတ်ဆိုး ကတ်ပြား တစ်မျိုးတည်း မဟုတ်ချေ။ သို့သော် ဤသည်မှာ သူမကို အံ့အားသင့်စေရန် မလုံလောက်သေးပေ။ သို့သော်...

"ဘုရားစူး ကတ်ပြား... ဟုတ်လား"

မှန်ပေသည်။ ကတ်ပြား အစီအစဉ် များ အားလုံး၏ အထက်တွင်၊ ရင့်မှိုင်းသော ရွှေရောင် ဘုရားစူး ကတ်ပြား က လွင့်မျောနေခဲ့ချေပြီ။ သူတို့က တစ်စုံတစ်ရာကို တားဆီးပိတ်ဆို့နေခဲ့ကြသည်။

ရဲချီယန်က အလျင်အမြန် သတိရလာခဲ့၏။ သူက နားထင်များကို ပွတ်သပ်လိုက်ပြီး အထက်သို့ မော့ကြည့်လိုက်ရာ တစ်စုံတစ်ရာက သူ၏ မြင်ကွင်းကို ပိတ်ဆို့နေခဲ့လေသည်။ ထိုင်လိုက်ချိန်တွင်တော့ သူသည် လီဆက်၏ ပေါင်ပေါ်တွင် လှဲလျောင်းနေခဲ့မိကြောင်း သဘောပေါက်သွားခဲ့သည်။

"...ဒါက ဘာတွေလဲ... ဟင်"

သတိပြန်လည်လာသည့် အခိုက်အတန့်လေးမှာပင် နေရာရွှေ့ပြောင်းအမှတ်အသား နှင့် တခြားသော ကတ်ပြား အစီအစဉ် များက သူ၏ ဝန်းကျင်တွင် လည်ပတ်နေသည်ကို မြင်တွေ့လိုက်ရလေ၏။ ဒါက အလိုအလျောက် ကာကွယ်မှုကို အသက်သွင်းပေးတဲ့ လျှို့ဝှက် ယန္တရားတစ်ခုလား။

အကယ်၍ ပုံမှန်အားဖြင့် ရထားပေါ်တွင်သာဆိုလျှင် ပြဿနာမရှိပေ။ သို့သော် ယခုအချိန်တွင်တော့။

ရဲချီယန်က မွန်ရိုးဂျီနာကို မော့ကြည့်လိုက်လေ၏။ သို့သော် ဤအချိန်တွင် မွန်ရိုးဂျီနာကလည်း အလွန်တရာ ရှုပ်ထွေးလှသော မျက်နှာအမူအရာဖြင့် သူ့ကို ပြန်လည်စိုက်ကြည့်နေခဲ့သည်။ သူမက ယဇ်ပူဇော်ခြင်း ကတ်ပြား တစ်ကတ်ကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်လေ၏။ ရဲချီယန်အနေဖြင့် ဤကတ်ပြားကို ယခင်က မြင်တွေ့ခဲ့ဖူးလေသည်။

[ယဇ်ပူဇော်ခြင်း ကတ်ပြား · ကံကြမ္မာကြွေး ဆပ်ခြင်း]

"မောင်လေးဆီမှာ ဘုရားစူး ကတ်ပြား ရဲ့ အပိုင်းအစတစ်ခု ရှိနေတယ်ဆိုတာ အစ်မ သိထားခဲ့ပေမဲ့..."

"မောင်လေးဆီမှာ အပြည့်အစုံရှိနေတဲ့ ဘုရားစူး ကတ်ပြား တစ်ကတ် ရှိနေတာကတော့ တကယ်ကို အံ့ဩစရာပဲ"

"ဒါကြောင့်လည်း မောင်လေးက ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တာကိုး..."

"ဒါပေမဲ့... ဟား..."

"ဒါက မောင်လေးရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်လား"

"မောင်လေးရဲ့ ဒီလျှို့ဝှက်ချက်ကို သိသွားရတဲ့အတွက်... ကြည့်ရတာ... အစ်မ အတော်လေး များပြားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ရတော့မယ်ထင်တယ်"

မွန်ရိုးဂျီနာက လက်ထဲရှိ [ယဇ်ပူဇော်ခြင်း ကတ်ပြား · ကံကြမ္မာကြွေး ဆပ်ခြင်း] ကို ခပ်ဖွဖွ ခါရမ်းလိုက်လေ၏။

၎င်းပေါ်တွင်။ မူလက ကံကြမ္မာကြွေးဆပ်ခြင်း သံကြိုး ခုနစ်ချောင်း ရှိခဲ့ရာမှ။ ယခုအခါတွင်မူ။ ဆယ်ချောင်းအထိ ဖြစ်လာခဲ့ချေပြီ။ ထိုအထဲမှ သုံးချောင်းတည်းသာ လင်းလက်နေခဲ့လေ၏။

"မောင်လေး ပြောပါဦး အစ်မ မောင်လေးကို ဘယ်လို ပြန်ဆပ်ရမလဲ"

မွန်ရိုးဂျီနာ၏ မျက်ဝန်းများအတွင်း ကူကယ်ရာမဲ့မှု အရိပ်အယောင်အချို့နှင့်အတူ စိတ်လှုပ်ရှားမှုများက ပိုမို လင်းလက်နေခဲ့လေ၏။

ကံကြမ္မာကြွေးဆပ်ခြင်း သံကြိုး ဆယ်ချောင်း။ အကယ်၍ သူမသာ အားလုံးကို ပြန်လည်ပေးဆပ်နိုင်ခဲ့လျှင်။ ဘယ်လို ဆုလာဘ်မျိုးများ သူမ ရရှိနိုင်မည်နည်း။

သို့သော်ငြား။ သူမ ပြန်ဆပ်မှ ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ဤယဇ်ပူဇော်မှုကို ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်လေ၏။ ဤသည်မှာ ယဇ်ပူဇော်ခြင်း ကတ်ပြား ပိုင်ဆိုင်ထားသူတစ်ဦးအနေဖြင့် ယဇ်ပူဇော်မှုအပေါ်ထားရှိသော သူမ၏ လေးစားမှုဖြစ်သလို သူမကိုယ်သူမ လေးစားမှုလည်း ဖြစ်ပေသည်။

ထို့ထက်ပိုသည်က ထိုသံကြိုးဆယ်ချောင်း ပြေလျော့သွားသည့် အခိုက်အတန့်တွင် သူမ ဘာတွေများ ရရှိလာမည်နည်းဟူသော မျှော်လင့်စောင့်စားမှုပင် ဖြစ်လေတော့သည်။

အခန်း (၂၅၂)

ပြန်လည်ပေးဆပ်ရမယ် ဟုတ်လား။

ထိုအရာက သူစဉ်းစားနေရန် လိုအပ်သောအရာ မဟုတ်ခဲ့ချေ။

"အစ်မဂျီနာ ဒါက ယဇ်ပူဇော်မှုတစ်ခု သက်သက်ပါပဲ ဘာလုပ်ရမလဲဆိုတာကို ကျွန်တော့်ထက် အစ်မက ပိုသိသင့်ပါတယ် ကျွန်တော့်ကို မေးနေစရာ မလိုပါဘူး"

"အင်းပါ"

မွန်ရိုးဂျီနာက ခေါင်းကို ခပ်ဖွဖွညိတ်ပြလိုက်လေ၏။

"မောင်လေး ပြောတာ မှန်တယ်"

"ဒီယဇ်ပူဇော်မှုကို အစ်မကိုယ်တိုင် ပြီးမြောက်အောင် လုပ်ရမှာပေါ့"

"ဒါဆိုရင်..."

သူမက တောင်ဝှေးဓားကို မြှောက်ကာ ရဲချီယန်ထံသို့ ချိန်ရွယ်လိုက်လေ၏။

"အစ်မကို အရင်ကထက် ပိုပြီး ယုံကြည်ပေးလို့ ရမလား အချိန်ကန့်သတ်ချက်ကတော့ ကံကြမ္မာကြွေး ဆပ်ခြင်း မပြီးဆုံးခင်အထိပဲ"

"ရပါတယ်"

ဤသည်ကား အဖြေတစ်ခုသက်သက်သာ ဖြစ်လေ၏။

အဖြေတစ်ခုက အမှန်တရားကို ကိုယ်စားမပြုနိုင်ချေ။

ယုံကြည်မည်၊ မယုံကြည်မည်ဆိုသည်ကို ရဲချီယန်က သူ၏ နှလုံးသားကိုသာ အမြဲတမ်း မေးမြန်းလေ့ရှိပြီး နှုတ်ခမ်းဖျားမှ ကတိစကားများကို မဟုတ်ပေ။

သူ၏ လက်ချောင်းထိပ်များက လေထုထဲတွင် ရေးဆွဲလိုက်ကာ စနစ်၏ အလင်းမျက်နှာပြင်ကို ခေါ်ယူလိုက်လေ၏။ ရဲချီယန်၏ ကိုယ်ရေးအချက်အလက်များပေါ်ရှိ စိတ်စွမ်းအား ကဏ္ဍမှာ ပြောင်းလဲသွားခဲ့ချေပြီ။

[စိတ်စွမ်းအား ၂၁၀ (အမှားနှင့်အမှန်ကို မျက်မြင်သက်သေပြုခြင်း)]

အမှတ် နှစ်ရာ့ဆယ်တိတိ။ ကြီးမားခမ်းနားလှသော တိုးတက်မှုကြီးပင်။

"ဒါဆိုရင်တော့... အဲ့ဒီချိတ်ပိတ်မှုကို အခု တိုက်ရိုက် ဖွင့်လို့ရပြီ"

ပညတ်တရားအားလုံးကို ဖျက်ဆီးမည့် အဆောင်က စိတ်စွမ်းအား ၂၀၀ ကို သုံးစွဲရမည် ဖြစ်လေ၏။ အတွင်းထဲတွင် တကယ်တမ်း ဘာများ ရှိနေမည်နည်း။ ၎င်းကို ဤဆော်လမွန် မြို့တော် ထဲတွင် ဖွင့်သင့်သလား။

မဖွင့်သင့်ချေ။

ရဲချီယန်က တိတ်ဆိတ်စွာ ခေါင်းခါရမ်းလိုက်လေ၏။ အကယ်၍ ဖွင့်မည်ဆိုလျှင်တောင် ယခုအချိန်တော့ မဖြစ်နိုင်ပေ။ ဆော်လမွန် မြို့တော်က နောက်ထပ် ဘာတွေ ကြုံတွေ့ရဦးမည်ကို မည်သူက သိနိုင်မည်နည်း။

မြို့တော်ထဲသို့ မဝင်ရောက်မီကတည်းက မည်သည့် ပြဿနာကိုမျှ လုံးဝ ဖန်တီးမည်မဟုတ်ကြောင်း သူ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်၏။ ဤနေရာတွင် အချိန်မဖြုန်းချင်သလို အင်အားလည်း မဖြုန်းတီးချင်သောကြောင့် အဆွဲချခံရမည့်အဖြစ်မျိုး အဖြစ်မခံနိုင်ချေ။

"ကျေးဇူးပါပဲ အစ်မဂျီနာ ကျွန်တော် ဒီဆေးရည်ကို တကယ် သဘောကျတယ် နောက်တစ်ခါ အခွင့်အရေးရရင်လည်း အစ်မဆီက အကူအညီ တောင်းပါဦးမယ်"

မွန်ရိုးဂျီနာက သူ့ကို ဆက်နေရန် ဖျောင်းဖျမနေခဲ့ပေ။ သူမ၏ မျက်ဝန်းများက သူ၏ဘေးရှိ လေထုထဲတွင်သာ စိုက်ကြည့်နေခဲ့လေ၏။ သူမပိုင်ဆိုင်သော စနစ် အလင်းမျက်နှာပြင်က ထိုနေရာတွင် ရှိနေလေ၏။

"မောင်လေး ထွက်သွားမယ်ဆိုရင် အခုချက်ချင်း သွားတာ ပိုကောင်းမယ် စောစောက ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့အသံကို ဆော်လမွန် မြို့တော်ထဲက လူတိုင်း ကြားလိုက်ကြတယ် ပြီးတော့ အိမ်ပြန်ချင်သူတွေ ကလည်း သူတို့ရဲ့ အစီအစဉ်ကို အချိန်စောပြီး စတင်လိုက်ကြပြီ"

"အစ်မ အဲ့ဒါကိုလည်း သိနေတာလား"

သူမက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး တောင်ဝှေးဓားကို ခပ်ဖွဖွ လှည့်ပတ်လိုက်လေ၏။

"သေးငယ်ပြီး အရေးမပါတဲ့ သတင်းကွန်ရက်လေးတစ်ခုပါ ဘာမှမထူးခြားပါဘူး"

သေးငယ်တယ် ဟုတ်လား။ အရေးမပါဘူး ဟုတ်လား။

ဤသည်မှာ တကယ်ကို နှိမ့်ချလွန်းရာကျနေပေသည်။ ရဲချီယန်က အချိန်ဆွဲမနေတော့ချေ။ အိမ်ပြန်ချင်သူများ ၏ အစစ်အမှန် အစီအစဉ်ကို သူ သိထားသော်ငြား တားဆီးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ဤအစီအစဉ်အပေါ် သူ လွှမ်းမိုးနိုင်စွမ်းရှိသည့် တစ်ခုတည်းသော အရာမှာ တစ်ချက်တည်းသာ ရှိလေ၏။

ရဲချီယန် [မြန်မြန် ထွက်သွားတော့ ဒီမြို့တော်မှာ ဖြစ်လာတော့မယ့် ကိစ္စတွေက မင်း ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမျိုး မဟုတ်ဘူး]

ဤစာတိုကို ရပ်ဆဲလ် ထံသို့ ပေးပို့လိုက်ခြင်း ဖြစ်ပေသည်။ သူက ဘာမျှ ထပ်မံ မရှင်းပြခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရပ်ဆဲလ်ကို ပြောပြလိုက်လျှင်တောင် ဌာနေလူမျိုးများ အားလုံးကို ကယ်တင်ပေးမည့် သူမ၏စကားကိုသာ ယုံကြည်နေသောကြောင့် သူဌေးဖြစ်သူက သူတို့ကို အမြောက်စာအဖြစ် အသုံးချချင်နေသည်ဆိုခြင်းကို သူ ယုံကြည်မည် မဟုတ်ပေ။

ရဲချီယန်၏ သတိပေးချက်မှာ သူ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးမှုပင် ဖြစ်လေ၏။ သူ အသက်ရှင်မည် မရှင်မည်ဆိုသည်မှာ ရဲချီယန် စဉ်းစားပေးနေရန် လိုအပ်သောအရာ မဟုတ်ချေ။

စစ်ကြောရေးခုံရုံး ၏ သီးသန့် ဘူတာရုံ သို့ ရောက်ရှိလာချိန်တွင် ရထားကို သိုလှောင်မှု မေးထရစ် ထဲမှနေ၍ အပြင်သို့ ထုတ်လွှတ်လိုက်ကာ ထိုနေရာတွင် ရပ်နားလိုက်လေ၏။

ထွက်ခွာတော့မည့် အချိန်လေးမှာပင်။

ရုတ်တရက် မီးခိုးရောင် အငွေ့အသက်များ ထုတ်လွှတ်နေသော လူသားပုံစံ သက်ရှိ အချို့ ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့လေ၏။ ဤသက်ရှိများက လက်ဝါးများကို မြှောက်ကာ အောက်ဘက်ရှိ ဘူတာရုံဆီသို့ တိုက်ခိုက်မှုများကို စတင်လိုက်ကြ၏။

မီးခိုးရောင် အလင်းတန်း အမြောက်ကြီးများက ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။ အကာအကွယ်ဖြင့် ကာကွယ်ထားသော စစ်ကြောရေးခုံရုံး ၏ အပြင်ဘက်သို့ ဝင်ရောက်ရိုက်ခတ်သွားလေ၏။

ဒင် ဒင်

စစ်ကြောရေးခုံရုံး ၏ ဉာဏ်ရည်တု စနစ်က လေထုထဲတွင် နားကွဲလုမတတ် စူးရှသော အသံတစ်သံကို ထုတ်လွှတ်လိုက်လေ၏။

"သတိပေးချက် ကန့်သတ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ခံနေရပါသည်"

"စစ်ကြောရေးခုံရုံး တားမြစ် အကာအကွယ် အသက်ဝင်လာပါပြီ"

"အမည်မသိ ကျူးကျော်သူများကို ရှာဖွေတွေ့ရှိပါသည်"

"ခုံရုံးအတွင်းရှိ စစ်ကြောရေးမှူး များအားလုံး ရှင်းလင်းရေးကို စတင်ဆောင်ရွက်ကြပါ"

ရဲချီယန်က သက်ပြင်းချလိုက်ရင်း သူ၏ နဖူးကို ပွတ်သပ်လိုက်လေ၏။ ဤသို့ ဖြစ်လာမည်ကို သူ သိနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့ချေပြီ။

"ကြည့်ရတာ ငါ ထွက်သွားလို့ မရတော့ဘူးထင်တယ်"

သူတို့၏ တိုက်ခိုက်မှုများက ဘူတာရုံကို ကြီးမားသော ထိခိုက်ပျက်စီးမှုမျိုး မဖြစ်စေနိုင်ခဲ့ချေ။ သို့သော် ကောင်းကင်ယံရှိ မီးခိုးရောင် လူသားပုံစံ သက်ရှိများကမူ စစ်ကြောရေးခုံရုံး၏ ကာကွယ်ရေးများကို ဖောက်ထွက်လိုသည့်အလား အလင်းတန်း အမြောက်များကို မရပ်မနား ဆက်တိုက် ပစ်ခတ်နေကြဆဲပင်။

"အဲ့ဒါ ဘယ်သူလဲ"

ခြံဝင်းအတွင်းမှ စစ်ကြောရေးမှူး အချို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်လာကြပြီး ဤလူသားပုံစံ မကောင်းဆိုးဝါးများနှင့် တိုက်ပွဲဝင်ကြလေတော့၏။

သို့သော် ဤမကောင်းဆိုးဝါးများမှာ သိသာထင်ရှားစွာပင် အလွန်တရာ အစွမ်းထက်လှပေသည်။ သူ ယခင်က ဆုံတွေ့ခဲ့ဖူးသော အဆင့် ၃၃ စစ်ကြောရေးမှူး ပင်လျှင် သူတို့ကို ချက်ချင်း အနိုင်မယူနိုင်ခဲ့ချေ။

"ဒီကောင်တွေက... ဆွေးမြည့်ခြင်း တမန်တော် တွေလား"

"ဒီလောက်တောင် မြန်တာလား"

ရဲချီယန်က သူငယ်ချင်းစာရင်းကို ဖွင့်ကာ အောက်သို့ ဆွဲချလိုက်လေ၏။ အောက်ခြေဆုံးရှိ အမည်တစ်ခုမှာ မီးခိုးရောင်နှင့် အရောင်များကြားတွင် ဖျော့တော့စွာ လင်းလက်နေခဲ့လေ၏။

ရပ်ဆဲလ်

ဆိုလိုသည်မှာ။ ရပ်ဆဲလ်မှာ ပြုပြင်မွမ်းမံခြင်း ခံလိုက်ရပြီပေါ့။

မီးခိုးရောင် ပုံရိပ်များ ပိုမိုများပြားစွာ ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာခဲ့လေ၏။ မွန်ရိုးဂျီနာ၏ အလိုအလျောက် ကာကွယ်ရေးစနစ် အသက်ဝင်လာပြီး ဤမကောင်းဆိုးဝါးများကို အဆက်မပြတ် ပစ်ချနိုင်ခဲ့သည်။ သို့သော် သူတို့က အဆက်မပြတ် ပြန်လည်ဖွဲ့စည်းကာ နာလန်ထူလာကြမြဲပင်။

မီးခိုးရောင် အလင်းတန်းများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ စစ်ကြောရေးခုံရုံး၏ ကာကွယ်ရေး ယန္တရားနှင့် ဝင်တိုက်မိသွားလေ၏။ မြင်ရခက်လောက်အောင် သေးငယ်လှသော ကွက်လပ်လေးတစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။

ထိုနေရာမှတစ်ဆင့် သူ၏ အရပ်လောက်နီးပါး မြင့်မားသော ကျောပိုးအိတ်ကြီးကို လွယ်ထားသည့် လူငယ်လေးတစ်ဦးက အော်ဟစ်ကာ ခုန်ဝင်လာခဲ့လေ၏။

"ဒီလူက ရပ်ဆဲလ်ပဲ"

ထို့နောက် ထိုကျောပိုးအိတ်ထဲရှိ အရာ။ ၎င်းက အိမ်ပြန်ချင်သူများ ၏ အစီအစဉ်ထဲမှ အမြင့်ဆုံးအဆင့် အစားထိုး အခွင့်အာဏာ အတုံး များလား။

သို့သော် သူက ရှင်းလင်းစွာပင် အသက်ရှင်နေသေးလေ၏။ သို့ဆိုလျှင် စနစ်၏ သူငယ်ချင်းစာရင်းထဲတွင် အဘယ်ကြောင့် သူ၏ အမည်က လင်းလက်နေရသနည်း။

"ဟားဟား ကျွန်တော် အောင်မြင်သွားပြီ"

စစ်ကြောရေးခုံရုံး အတွင်းသို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှာပင် ရပ်ဆဲလ်က ဝမ်းသာအားရ အော်ဟစ်လိုက်လေ၏။ နှစ်ခါမစဉ်းစားတော့ဘဲ သူ၏ ကျောပိုးအိတ်ထဲမှ အမြင့်ဆုံးအဆင့် အစားထိုး အခွင့်အာဏာ ကို ချက်ချင်း ထုတ်ယူလိုက်လေ၏။

၎င်းကို ချထားတော့မည့်အချိန်လေးမှာပင် မည်သည့်နေရာမှန်းမသိ ထွက်ပေါ်လာသော မြားတစ်စင်းက သူ၏ ရင်ဘတ်ကို လျှပ်တစ်ပြက် ထိုးဖောက်သွားခဲ့လေ၏။

"ဟင်"

ရပ်ဆဲလ်က သူ၏ ရင်ဘတ်ကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။

မနာဘူးလား။ ဘာလို့လဲ။ သူ၏ အသိစိတ်မှာ တစ်ခဏမျှသာ ကြာမြင့်ခဲ့ပြီးနောက် အမှောင်ထုက သူ၏ အမြင်အာရုံကို ဖုံးလွှမ်းသွားလေတော့၏။

ထို့နောက်ချက်ချင်းပင်။ မီးခိုးရောင် ပုံစံများ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဆက်တိုက် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အသွင်ပြောင်းသွားသည်အထိပင်။ ပြင်းထန်မှု သင့်လျော်သွားသည့် အခိုက်အတန့်အထိပင်။

ဆွေးမြည့်ခြင်း အငွေ့အသက်များက စစ်ကြောရေးခုံရုံး တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားလေတော့၏။ ဤဆွေးမြည့်ခြင်း အငွေ့အသက်နှင့် ထိတွေ့မိသော လူတိုင်းနှင့် အရာအားလုံးမှာ တစ်ချိန်တည်းမှာပင် စတင် ညှိုးနွမ်းပျက်စီးလာကြလေ၏။

ရပ်ဆဲလ်၏ ခန္ဓာကိုယ်ထဲသို့ အမည်မသိရသေးသော နတ်ဘုရားတစ်ပါးက ဝင်ရောက်ပူးကပ်သွားခဲ့ချေပြီ။

"ငါက ဆွေးမြည့်ခြင်းပဲ"

ဆင်းသက်လာသော နတ်ဘုရားကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေ၏။ စိန်ခေါ်နေသည့်အလား သူ၏ ရောက်ရှိလာမှုကို ကြေညာလိုက်ခြင်းပင်။

ကောင်းပြီလေ အခုတော့ သူ နာမည်ကို သိသွားပြီ။ ရဲချီယန်က ရထားခေါင်မိုးပေါ်တွင် ထိုင်နေရင်း လက်ထဲရှိ နေရာရွှေ့ပြောင်းအမှတ်အသား ကို ကစားကာ ဝင်ပါသင့်၊ မပါသင့် စဉ်းစားနေခဲ့လေ၏။

ဒါပေမဲ့... မွန်ရိုးဂျီနာက အိမ်ပြန်ချင်သူများ ရဲ့ အစီအစဉ်ကို သိထားပြီးသားဖြစ်လျက်နဲ့တောင် မတားဆီးဘဲ ဆက်လုပ်ခွင့်ပေးထားတယ်ဆိုတော့။ ထိုအမျိုးသမီးက မည်သို့ ပြန်လည်တိုက်ခိုက်မည်ကို သူ အတော်လေး သိချင်စိတ်ပြင်းပြနေခဲ့ချေပြီ။

ဒေါင် ဒေါင် ဒေါင်

ခေါင်းလောင်းထိုးသံ သုံးချက်။ ပလ္လင်ခန်းမ အထက်တွင်။

မရေမတွက်နိုင်သော မှော်အစီအရင်များက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့လေ၏။ မွန်ရိုးဂျီနာက အထက်တွင် ရပ်နေခဲ့လေ၏။ သူမ၏ တောင်ဝှေးဓားက လည်ပတ်နေ၏။

သူမ ပိုင်ဆိုင်ထားသော ယဇ်ပူဇော်ခြင်း ကတ်ပြား များအားလုံးက သူမ၏ အနောက်ဘက်တွင် စက်ဝိုင်းပုံစံ လည်ပတ်နေကြလေ၏။ သူမ၏ တောင်ဝှေးဓားက ရှေ့သို့ ချိန်ရွယ်လိုက်၏။ သူမက တိုးတိတ်စွာ ရေရွတ်လိုက်သော်လည်း စစ်ကြောရေးခုံရုံး အတွင်းရှိ လူတိုင်းက သူမကို ရှင်းလင်းစွာ ကြားလိုက်ရပေ၏။

"ယဇ်ပူဇော်မှု စတင်ပြီ"

ချိတ်ပိတ်လိုက်စမ်း ကောင်းကင်ယံကြီး အေးခဲသွားလေတော့၏။

မွန်ရိုးဂျီနာရော ရပ်ဆဲလ်၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသော နတ်ဘုရားပါ အဆုံးအစမရှိသော မှော်အလင်းတန်းများ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေ၏။ ဆွေးမြည့်ခြင်းနှင့် ယဇ်ပူဇော်ခြင်းတို့ ထိပ်တိုက်ရင်ဆိုင်မိကြပြီး ထွက်ပေါ်လာသော စွမ်းအားများကြောင့် ဆော်လမွန် မြို့တော် တစ်ခုလုံး တုန်လှုပ်သွားခဲ့ချေပြီ။

ထိပ်တန်း ရထားမောင်းနှင်သူ တစ်ဦးနှင့် ဆင်းသက်လာသော နတ်ဘုရားတစ်ပါး။ နှစ်ဖက်စလုံးက တူညီသော စတင်ရာမျဉ်းပေါ်တွင် ရှိနေသည့်အလားပင်။

ရဲချီယန်က ခုံပေါ်တွင် နောက်မှီထိုင်ကာ ပေါက်ပေါက်ဆုပ်များကို စားရင်း ပွဲကြည့်ပရိသတ်တစ်ဦးအဖြစ် တိုက်ပွဲကို စောင့်ကြည့်နေခဲ့လေ၏။ သူက မေးခွန်းတစ်ခု ထုတ်လိုက်လေ၏။

"ဒါဆိုရင် နောက်တစ်ဆင့်က ကျိန်စာ ကတ်ပြား ကိုင်ဆောင်ထားတဲ့သူတွေ ထွက်လာဖို့ပဲ မဟုတ်လား အင်း... ပြီးတော့ RUN ကုမ္ပဏီ ရဲ့ ပိုင်ရှင်ကော ဘယ်မှာ ရှိနေလောက်မလဲ"

All Chapters