← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 23 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 23 Ch. 253-254

အခန်း (၂၅၃)

"အိုး ဒီနေရာမှာ မင်းကို တွေ့ရလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး"

မျက်မှန်တပ်ကာ ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး အိမ်နီးချင်းအစ်ကိုကြီးတစ်ယောက်အလား နူးညံ့ကာ တက်ကြွသော အမျိုးသားတစ်ဦးက စစ်ကြောရေးခုံရုံးမှ အဖွဲ့ဝင်တစ်ဦးကို တွဲကူလာရင်း ပြုံးရွှင်စွာဖြင့် လျှောက်လာခဲ့လေ၏။

ရဲချီယန်က လှည့်မကြည့်ရသေးမီမှာပင်။

သတိအနေအထားဖြင့် ရှိနေခဲ့သော အီဗ်က သူ့ကို အရင်ဆုံး ပစ်မှတ်လော့ခ်ချလိုက်လေတော့သည်။

"အိုး ကြောက်စရာကောင်းလိုက်တာ ဒီလိုပစ်မှတ်လော့ခ်ချနိုင်တဲ့ စွမ်းရည်က နိုးကြားသော ကင်းစောင့် လား ဟင် အပြင်ပန်းပုံစံက ပြောင်းလဲသွားတာလား ဟားဟား မိတ်ဆွေ ငါ့မှာ ဘာရည်ရွယ်ချက်ဆိုးမှ မရှိပါဘူး"

ဒီအသံက အနည်းငယ် ရင်းနှီးနေသယောင်ပင်။

ဒီအပြုံးက ရှင်းပြ၍မရလောက်အောင် ရွံရှာဖွယ်ကောင်းနေခဲ့၏။

ဟုမ်းစ်ရိုင်ယန်။

အပြုံးတုနဲ့လူ ဟု လူသိများသော အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦး။

ဒီကောင်က ဆော်လမွန် မြို့တော် တွင် ရှိနေကြောင်း မွန်ရိုးဂျီနာက ယခင်က ပြောပြခဲ့ဖူးသဖြင့် ဤအချိန်တွင် သူ ထွက်ပေါ်လာခြင်းအပေါ် ရဲချီယန်က လုံးဝ အံ့အားမသင့်ခဲ့ချေ။

"ရိုင်ယန် လား"

"ဟားဟား ညီလေးက ငါ့နာမည်ကို မှတ်မိနေပုံရတယ် စကားမစပ် နောက်ပိုင်း ရထား ပြုပြင်ထိန်းသိမ်းမှု လုပ်ချင်ရင် ငါ့ကို လာရှာဖို့ မမေ့နဲ့ဦး"

ရိုင်ယန်က သူ၏ မျက်မှန်တစ်ဖက်ကို ပင့်တင်လိုက်ပြီး တက်ကြွကာ နူးညံ့သောအပြုံးတစ်ခုကို မျက်နှာထက်တွင် ဆင်မြန်းထားရာ မည်သူမဆို သူ့ကို ယုံကြည်စိတ်ချရသော လူတစ်ယောက်ဟု အလိုအလျောက် ထင်မှတ်သွားစေမည် ဖြစ်၏။

သို့သော် ထိုအရာက အလွန်တရာ အတုအယောင်ဆန်လွန်းနေသည်ဟု ခံစားရပေသည်။ ယခင်က သူ ဤကဲ့သို့ မခံစားခဲ့ရဖူးချေ။

သူ၏ စိတ်စွမ်းအားများ ကြီးထွားလာမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

အရာများစွာအပေါ် သူ ပိုမို အာရုံခံစားလွယ်လာခဲ့ချေပြီ။

"စီနီယာက ဒီကို ကူညီဖို့ ရောက်လာတာလား ကျွန်တော်နဲ့ ဒီမှာ စကားရပ်ပြောနေတာ တကယ်ပဲ အဆင်ပြေရဲ့လား"

ရိုင်ယန်က သတိလစ်နေသော စစ်ကြောရေးခုံရုံး အဖွဲ့ဝင်ကို ချထားလိုက်ပြီး လက်ခုပ်တီးကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်လေသည်။

"တကယ်တော့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တချို့ကြောင့် သူမ မသေခင် ဒါမှမဟုတ် အဲ့ဒီနတ်ဘုရားကို အနိုင်မယူခင်မှာ အပြင်လူတွေအားလုံးကို လာရောက်ပိတ်ဆို့ပေးဖို့ကလွဲပြီး ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူးလေ"

သူ၏ အကြည့်များက အဝေးတစ်နေရာဆီသို့ ကျရောက်သွားခဲ့၏။

ရပ်ဆဲလ် ချထားခဲ့သော အစားထိုး အခွင့်အာဏာ အတုံး ပေါ်တွင် ရင့်မှိုင်းသော ရွှေရောင် အလင်းစက်လေးများ ထွက်ပေါ်လာခဲ့လေသည်။

ဤအလင်းစက်လေးများက လေထုထဲတွင် လေဟာနယ် မြင်ကွင်းတစ်ခုအဖြစ် စုစည်းသွားကြ၏။

ဝုန်း။

ထိုလေဟာနယ်ထဲမှနေ၍ ရထားတစ်စင်း ထွက်ပေါ်လာခဲ့လေသည်။

၎င်းပေါ်တွင် ရဲချီယန် အလွန်ရင်းနှီးနေသော အမှတ်အသားတစ်ခု ပါရှိနေပေ၏။

[RUN]

၎င်းမှာ RUN ကုမ္ပဏီ ၏ ရထားတစ်စင်းပင် ဖြစ်လေတော့သည်။

"ဟူး တကယ့်ကို ပင်ပန်းတဲ့ ဘဝပဲ အဖွဲ့ဝင်အားလုံးအတွက် ရထား ပြုပြင်ထိန်းသိမ်းမှု လုပ်ပေးရုံတင်မကဘူး အဲ့ဒီအမျိုးသမီးရဲ့ ခြိမ်းခြောက်မှုကိုခံရပြီး လူသတ်ဖို့ အတင်းအဓမ္မ ခိုင်းစေခံရသေးတယ် ကြင်နာတတ်တဲ့ ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ ဒါက ငါ့အတွက် တကယ်ကို ခက်ခဲလွန်းပါတယ်"

"ဟားဟား"

လူသတ်ဖို့ အတင်းအဓမ္မ ခိုင်းစေခံရသည် ဟူသော စကားလုံးကို ရိုင်ယန် ပြောလိုက်ချိန်တွင် သူ၏ မျက်ဝန်းများအတွင်း အေးစက်စိမ်းကားမှုများ လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့လေ၏။

အတင်းအဓမ္မ ခိုင်းစေခံရတယ် ဟုတ်လား။ ဟက် အဲ့လိုလုပ်လို့ရမလား။

သူက ယဇ်ပူဇော်မှုတစ်ခုအပြီးတွင် တန်ဖိုးကို ပေးဆပ်ရန် အတင်းအဓမ္မ စေခိုင်းခံရခြင်းသက်သက်သာ ဖြစ်ပေသည်။

"ယုတ္တိတန်တန် ပြောရရင် ယဇ်ပူဇော်မှုရဲ့ တန်ဖိုးကို ပေးဆပ်ပြီးပြီလို့ သတ်မှတ်ခံရဖို့ ဒီလူတွေအားလုံးကို ငါ တားဆီးရမှာ"

"ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ"

ရိုင်ယန်က ထိုစာသားမဲ့ စာအုပ်ကို လှန်ဖွင့်လိုက်လေ၏။

၎င်းထဲမှနေ၍ ငွေရောင်စွတ်စွတ် ကတ်ပြားတစ်ကတ်ကို ဆွဲထုတ်လိုက်သည်။

ကတ်ပြားပေါ်တွင် လည်ပတ်နေသော ခြောက်လုံးပြူး ကျည်အိမ်တစ်ခုကို ထွင်းထုထား၏။

ထိုကျည်အိမ်အတွင်း၌ ကျည်ဆန်တစ်တောင့်တည်းသာ ရှိနေပေသည်။

သူက ၎င်းကို ခေါင်းပေါ်သို့ မြှောက်ကိုင်လိုက်လေ၏။

အဝေးမှ ရထားပေါ်မှ ယခုလေးတင် ဆင်းလာသော ကင်မလင်း ဂါလို ကို မျက်နှာမူကာ မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ အော်ဟစ်လိုက်လေသည်။

"လောင်းကစား ကတ်ပြား · ရူးလက်"

"ဒီတစ်ယောက်တည်းကိုပဲ ငါ ခေါ်သွားမယ်"

"ကျန်တဲ့သူတွေကိုတော့"

"မင်းနဲ့ပဲ ထားခဲ့တော့မယ် ဟားဟားဟားဟား"

ပျော်ရွှင်မြူးထူးကာ ရူးသွပ်နေသည့်အလားပင်။

ရိုင်ယန်က မွန်ရိုးဂျီနာ၏ ယဇ်ပူဇော်မှု ဆုလာဘ်ကို လျစ်လျူရှုကာ ရဲချီယန်ကိုပါ ဤစစ်ပွဲအတွင်းသို့ ဝင်ရောက်ပါဝင်စေရန် အမှန်တကယ် ရည်ရွယ်နေခဲ့ချေပြီ။

ကတ်ပြား အစီအစဉ် ၏ အလင်းတန်းက သူ့ကို ဂါလိုနှင့် ဆက်သွယ်သွားစေခဲ့၏။

ရထားပေါ်မှ ယခုလေးတင် ဆင်းလာသော ဂါလိုက ထိုအလင်းတန်းကို ရှောင်တိမ်းချင်ခဲ့သော်လည်း တိကျစွာ အထိခံလိုက်ရပြီး နေရာလွတ်တစ်ခုအတွင်းသို့ အတင်းအဓမ္မ ဆွဲသွင်းခံလိုက်ရလေတော့သည်။

ကျည်ဆန်တစ်တောင့် အပေါက်ထဲသို့ ဝင်သွားသည့်အသံနှင့် ခြောက်လုံးပြူး ကျည်အိမ် လည်ပတ်သွားသောအသံတို့က လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့လေ၏။

ရိုင်ယန်က ရဲချီယန်ထံသို့ လက်ဝှေ့ယမ်းပြလိုက်သည်။

စကားတစ်ခွန်းတည်းကိုသာ ချန်ရစ်ထားခဲ့၏။

"ငါ နိုင်ပြီးသွားရင် မင်း အသက်ရှင်နေသေးဖို့ မျှော်လင့်ပါတယ် ညီလေးရယ်"

"ဒီကောင်က ရူးနေတာပဲ မဟုတ်ဘူးလား"

ညည်းညူစရာတွေက အရမ်းများပြားလွန်းလှသဖြင့် တစ်ခဏမျှ ရဲချီယန်အနေဖြင့် ဘယ်ကနေ စတင်ရမည်ကိုပင် မသိတော့ချေ။

ဒီကိစ္စက သူနဲ့ ဘာဆိုင်လို့လဲ။

ရိုင်ယန်။

သူတို့ နှစ်ကြိမ်သုံးကြိမ်ခန့်သာ ဆုံတွေ့ဖူးခဲ့လျှင်တောင် ဤအမျိုးသား၏ ဖုံးကွယ်ထားသော ရန်လိုမုန်းတီးမှုများကို ရဲချီယန်က အပြည့်အဝ ခံစားသိရှိနိုင်လေ၏။

"ဒီကောင်က တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ လောင်းကစား ကတ်ပြား ဟုတ်လား နောက်ထပ် ကတ်ပြား အစီအစဉ် အမျိုးအစားသစ် တစ်ခုပဲ"

ပေါက်ပေါက်ဆုပ်ပုံးကို ချထားလိုက်ပြီးနောက် ရဲချီယန်က အကြောဆန့်လိုက်လေသည်။

မူလက ဤကိစ္စမှာ သူနှင့် ဘာမှ မသက်ဆိုင်ခဲ့ချေ။

ရိုင်ယန် ဟုခေါ်သော ထိုကောင်က ပြဿနာများကို သူ၏အပေါ်သို့ ပုံချသွားခဲ့ခြင်းပင်။

RUN ကုမ္ပဏီ ၏ အမျိုးသမီး သူဌေး။

လွီဆာ။

သူမကလည်း ရဲချီယန် ရှိနေခြင်းကို သတိပြုမိသွားခဲ့လေ၏။

"စစ်ကြောရေးမှူး၊ ဆော်လမွန် မြို့တော် က စစ်ကြောရေးမှူးပဲ အဲ့ဒီ အဖြူရောင် ရထားပေါ်ကလူက ငါ့ကို လာတားတာလား သူ့ကို သတ်လိုက် ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှု အရမ်းမများစေနဲ့ ဒီနေရာက အနာဂတ်မှာ ကုမ္ပဏီရဲ့ အခြေစိုက်စခန်း ဖြစ်လာမှာ"

သူမ၏ ဘေးတွင်ကြမ်းတမ်းသော လက်ဖဝါးများနှင့် ကြေးနီရောင်အသားအရေရှိသော အမျိုးသားတစ်ဦးက ရထားတံခါးကို တွန်းဖွင့်ကာ တည့်မတ်စွာ ထွက်လာခဲ့လေ၏။

"သူဌေး စိတ်ချပါ ကျွန်တော် သေချာပေါက် အနိုင်ယူခဲ့ပါ့မယ်"

သူ ရှေ့သို့ တိုးလာခဲ့သည်။

ရဲချီယန်၏ ရထားအနီးသို့ ချဉ်းကပ်လာခဲ့၏။

လမ်းလျှောက်လာရင်း သူ၏ လက်ဖဝါးများကို ပတ်တီးများဖြင့် ရစ်ပတ်လိုက်လေသည်။

"စစ်ကြောရေးခုံရုံးက ကောင်၊ လိမ္မာပါးနပ်စွာနဲ့ အရှုံးပေးလိုက်စမ်း"

သူ၏ အသံ မပျောက်ကွယ်သွားမီမှာပင်။

မီတာ ၂၁၀ အကွာအဝေးအတွင်းသို့ သူ ဝင်ရောက်လာသည့် အခိုက်အတန့်လေးမှာပင်။

မဟာကရုဏာ စက်သေနတ်ကြီး၊ သွေးကြော အလင်းတန်း အမြောက်များ နှင့် လျှပ်စီးလှံရှည် များ အားလုံးက တစ်ချိန်တည်းမှာပင် အသက်ဝင်လာခဲ့လေ၏

ပစ်

ခလွမ် ခလွမ် ခလွမ်

ကျည်ဆန်များနှင့် သွေးကြော အလင်းတန်း အမြောက်များ က ထိုအမျိုးသားနှင့် ထိမှန်သွားရာ ဖန်ဂေါ်လီလုံးများ သတ္တုပေါ်သို့ ကျရောက်သွားသည့်အလား အသံများ ထွက်ပေါ်လာခဲ့လေ၏။

ဤကျည်ဆန်မုန်တိုင်းက သူ့ကို တစ်စက္ကန့်မျှသာ ရပ်တန့်သွားစေခဲ့သည်။ ထို့နောက် သူ၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျည်ဆန်မိုးများကြားမှနေ၍ ရှေ့သို့ အတင်းအဓမ္မ တိုးဝင်ရန် အမှန်တကယ် ကြိုးစားလာခဲ့ချေပြီ။

"စွမ်းအားကတော့ မဆိုးပါဘူး ဒါပေမဲ့ ဒီလက်နက်တွေက ငါ့ကို မထိခိုက်စေနိုင်သေးဘူး"

အင်း တကယ်ပါပဲလေ။

ဒီကောင်က အစွမ်းထက်တဲ့ အဆင့်မြင့် ရထားမောင်းနှင်သူ တစ်ယောက်နဲ့ တူနေတယ်။

ထို့အပြင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း အလွန်တရာ အစွမ်းထက်လှပေသည်။

အကြိမ်ပေါင်းများစွာ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ထားပြီးဖြစ်သော်လည်း မဟာကရုဏာ စက်သေနတ်ကြီး နှင့် တခြားလက်နက်များက သူ့အပေါ် များစွာ ထိခိုက်မှု မဖြစ်စေနိုင်ခဲ့ချေ။

ဆူညံသောအသံများကသာ တစ်ဖက်လူ၏ နားစည်များကို စိတ်အနှောင့်အယှက် ဖြစ်စေနေခဲ့၏။

သို့သော် သူက လူတွေကို တကယ်ပဲ အထင်သေးလွန်းနေခဲ့သည်။

ဒီတိုင်းကြီး ရှေ့ကို တိုးဝင်လာမယ် ဟုတ်လား။

ဒါဆိုရင်တော့...

ဆက်တိုးဝင်လာခဲ့လိုက်၊ အပြင်ကို မထွက်လာနဲ့တော့။

ဖျတ်

ကြည်လင်ပြတ်သားသော လက်ဖြောက်တီးသံတစ်ခု။

ရဲချီယန်၏ လက်က အီဗ်၏ ဦးခေါင်းထက်သို့ ညင်သာစွာ ဖိချလိုက်လေသည်။

သူ၏ နှုတ်ခမ်းထောင့်များကလည်း အထက်သို့ ကွေးတက်သွားခဲ့၏။

သူက ပါးစပ်ကို ဖွင့်ကာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"အီဗ်"

"အကန့်အသတ်ကျော်လွန် မုဒ်"

"ပြီးတော့ ပေါင်းထည့်လိုက်"

"အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့်"

တိုက်ခိုက်ရေးအမြန်နှုန်း နှစ်ဆနှင့်အတူ ဆယ်ဆသော စွမ်းရည် အပိုဆု။

ကျည်ဆန်မိုးများကြားမှ အတင်းအဓမ္မ တိုးဝင်ကာ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံများကို သည်းခံနေရဆဲဖြစ်သော အမျိုးသားက တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရလေ၏။

နည်းနည်း... နာကျင်လာသလား။

မဟုတ်ဘူး၊ နည်းနည်း နာကျင်ရုံတင် မကတော့ဘူး။

သူက သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ကြည့်လိုက်လေသည်။

သွေးတွေလား။

"ငါ သွေးထွက်နေတာလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလို သာမန် လူသားလက်နက်တွေက ပြင်းပြင်းထန်ထန် ပြုပြင်မွမ်းမံထားတဲ့ ငါ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ် သွေးထွက်အောင် လုပ်နိုင်မှာလဲ"

သို့သော် ၎င်းမှာ အမှန်တရားပင် ဖြစ်နေခဲ့လေ၏။

ဤအမျိုးသားက တကယ်ကို မာနကြီးလွန်းလှပေသည်။

နတ်ဆိုး ကတ်ပြား · မာနတရား ကို ပိုင်ဆိုင်ထားသော ရဲချီယန်ပင်လျှင် သူ့ကိုယ်သူ သိမ်ငယ်သွားသည်ဟု ခံစားရလောက်သည်အထိ မာနကြီးနေခဲ့ခြင်း ဖြစ်လေ၏။

"သေစမ်း"

ထိုအမျိုးသားက ဤကျည်ဆန်မိုးများကို ပိတ်ဆို့ရန်အတွက် ကာကွယ်ရေးတစ်ခုကို ကောင်းမွန်စွာ တည်ဆောက်ချင်ခဲ့သည်။

သို့သော်ငြား အချိန်နှောင်းသွားခဲ့ချေပြီ။

ရထားခေါင်မိုးပေါ်တွင်။

ရဲချီယန်၏ အီဘိုနီ ပြောင်းဝမှာ ထိုအမျိုးသားထံသို့ အေးစက်ကြောက်မက်ဖွယ်ကောင်းစွာ ချိန်ရွယ်ထားလျက်ရှိလေ၏။

"ဟင်"

"ဆိုတော့ မင်းက လူသား မဟုတ်ဘူးပေါ့"

"ဒါဆိုရင်တော့"

"[မော်ဂျူးကို အသက်သွင်းလိုက်ပြီ · သေနတ်သံ တရားစီရင်ခြင်း]"

အခန်း (၂၅၄)

ကျည်ဆန်များက ကခုန်သွားပြီး ခလုတ်ဆွဲသံက တိုးတိတ်စွာ ထွက်ပေါ်လာခဲ့လေ၏။ အဖြူအမည်းရောင် ပေါက်ကွဲစေတတ်သော သံချပ်ကာဖောက် ကျည်ဆန် တစ်တောင့် ပစ်လွှတ်လိုက်သည်။

ဘုန်း

ထိုးဖောက်ဝင်ရောက်သွားခြင်း။

ဤကျည်ဆန်တစ်တောင့်တည်းဖြင့်ပင် ထိုအမျိုးသား၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့လေ၏။ အီဗ်၏ ဖိနှိပ်ခြင်းကို ခံထားရပြီးဖြစ်သော သူသည် လုံးဝ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ချေ။

သူ၏ ဦးနှောက်မှာ အက်ကွဲပွင့်ဟသွားပြီး ၎င်းအတွင်းရှိ လူသားတို့နှင့် မသက်ဆိုင်သော အရာတစ်ခုကို ဖော်ပြနေပေသည်။

စက်သွားများ၊ ယန္တရားများနှင့် မိုးပြာရောင် အတုံးလေးတစ်ခု။ ဒါက... စိတ်စွမ်းအား တုံး များလား။ ဤအမျိုးသားမှာ လူသားမဟုတ်ချေ။ သူသည် အီဗ်ကဲ့သို့ပင် စက်ယန္တရား သက်ရှိ တစ်ခု ဖြစ်လေ၏။

သေနတ်သံက တဖြည်းဖြည်း တိတ်ဆိတ်သွားသော်လည်း ကြွင်းကျန်နေသော ပဲ့တင်သံများကမူ လေထုထဲတွင် ရိုက်ခတ်နေဆဲပင်။ အီဘိုနီ ထံမှ ဤပစ်ခတ်မှုက စိတ်ကူးယဉ်နေသူများကို လက်တွေ့ဘဝဆီသို့ အတင်းအဓမ္မ ဆွဲခေါ်လာခဲ့သည့်အလားပင်။

RUN ကုမ္ပဏီ သူဌေး၏ ရထားအတွင်း၌ လွီဆာက မြေပြင်ပေါ်တွင် လဲကျနေသော စက်ယန္တရား လူသားကို ကြည့်နေခဲ့လေ၏။ ကြီးမားသော မျက်ကွင်းညိုများဖြင့် ပြည့်နှက်နေသော သူမ၏ မျက်နှာမှာ ယခုအခါ ပို၍ပင် ကြည့်ရဆိုးနေခဲ့ချေပြီ။

"အရူးကောင်"

ရထား၏ အပြင်ဘက်မှနေ၍ စက်ယန္တရား လက်တံတစ်ခု ထွက်ပေါ်လာပြီး သူ့ကို ပြန်လည်ရယူရန် ကြိုးပမ်းလိုက်လေ၏။ သို့သော် ထိုစက်ယန္တရား လက်တံက နှစ်ရာ့ဆယ် မီတာ အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အီဗ်၏ ပစ်မှတ်လော့ခ်ချကာ တိုက်ခိုက်ခြင်းကို ခံလိုက်ရလေတော့သည်။

"စက်ယန္တရား သက်ရှိ တစ်ခုလား ပြီးတော့... အဆင့်ကလည်း မနိမ့်ဘူးပဲ အလက်ဇီကို ဖိနှိပ်ထားနိုင်တယ်ဆိုတော့ အနည်းဆုံး အဆင့် ၁၁ ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်လောက်တယ်"

လွီဆာက စနစ် အလင်းမျက်နှာပြင်ကို ဆွဲယူလိုက်ပြီး ၎င်းပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်လေ၏။

ရထားတွဲက ပွင့်ဟသွားသည်။ ဒရုန်းများက ကောင်းကင်ယံကို ဖုံးလွှမ်းသွား၏။ လူသားပုံစံ စစ်ပွဲဝင် လက်နက်များ။ လူသားဦးနှောက်များကို တပ်ဆင်ကာ ထိန်းချုပ်ထားသော အကြီးစား စက်ရုပ်ကြီးများ... ကြီးမားလှသော စက်ယန္တရား တပ်ဖွဲ့ ကြီးတစ်ခုကို ဆင့်ခေါ်လိုက်လေတော့သည်။

လွီဆာ ထိုင်နေသော ခုံမှာ ရထား၏ အထက်ပိုင်းသို့ ရောက်ရှိသည်အထိ အဆက်မပြတ် မြင့်တက်သွားခဲ့လေ၏။ သူမက ခြေချိတ်ထိုင်လိုက်ပြီး ကော်ဖီကို တစ်ကျိုက်သောက်လိုက်ကာ မျက်လုံးအောက်ရှိ ကြီးမားသော မျက်ကွင်းညိုကြီးများနှင့်အတူ အမိန့်ပေးလိုက်လေသည်။

"တိုက်ခိုက်စမ်း"

အနီးသို့ ချဉ်းကပ်လာသော ဤစက်ယန္တရားများကို ကြည့်ရင်း ရဲချီယန်က သူ၏ မေးစေ့ကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်လေ၏။

"စက်ယန္တရား တပ်ဖွဲ့ ဟုတ်လား"

"အတော်လေး မိုက်တာပဲ"

"နောင်ကျရင် ငါ့အတွက်ရော တစ်ခုလောက် ဖန်တီးသင့်လား"

"ထားလိုက်ပါတော့ ဒါကို နောက်မှပဲ စဉ်းစားတော့မယ် လောလောဆယ်တော့..."

"ဒါက စစ်ပွဲတစ်ခုလို့ သတ်မှတ်လို့ရတယ် မဟုတ်လား"

သူက လက်မြှောက်ကာ ရေးဆွဲလိုက်လေသည် လေဟာနယ် ကတ်ပြား သိုလှောင်ရုံ ထဲမှနေ၍ နတ်ဆိုး ကတ်ပြား များ ထွက်ပေါ်လာခဲ့ချေပြီ။

ဖြားယောင်းသွေးဆောင်ခြင်း၊ ကြိုတင်သတိပေးသူ၊ မာနတရား၊ မျက်ရည်နီ။ ထို့နောက် လောဘတကြီး စားသောက်ခြင်း။

ဘုန်း

မိုးကြိုးများ မြည်ဟည်းလာပြီး မိုးစတင်ရွာသွန်းလာခဲ့လေ၏။ ပြင်ပတိုက်ခိုက်မှုများကို ပိတ်ဆို့ထားနိုင်သော အကာအကွယ်က ဤမျက်ရည်နီ၏ မိုးစက်များကိုမူ မတားဆီးနိုင်ခဲ့ချေ။

"ကအာ" ကျီးကန်းနတ်ဆိုး က အော်ဟစ်လိုက်လေ၏။ လောဘတကြီး စားသောက်ခြင်း က ဆာလောင်မွတ်သိပ်စွာဖြင့် ဟိန်းဟောက်လိုက်ပြီး ခေါင်းမပါသော ဂေါ်ဘလင် တမန်တော် တစ်ကောင်အဖြစ် အသွင်ပြောင်းကာ ရှေ့သို့ ထွက်လာခဲ့လေတော့သည်။

"ငါ့ဘက်က ကြည့်ရတာ ပိုပြီး မျက်စိပသာဒ ဖြစ်တယ်နော်"

အရေအတွက် သိပ်မများသော်လည်း ပါဝင်သူတိုင်းက အထက်တန်းလွှာများသာ ဖြစ်ကြပေသည်။ ရဲချီယန်က ဝေါလီ ကမ်းပေးလာသော ဖျော်ရည်ကို လှမ်းယူလိုက်ပြီး အမိန့်ပေးလိုက်လေ၏။

"လောဘတကြီး စားသောက်ခြင်း ကို နောက်ထပ် အကိုက်နည်းနည်းလောက် ပိုစားခွင့်ပေးဖို့ မမေ့နဲ့ဦး"

နတ်ဆိုးများနှင့် စက်ယန္တရားများ ထိပ်တိုက်တွေ့ဆုံကြလေပြီ။ အမဲလိုက် စက်ယန္တရားနဂါး နှင့် လီဆက်တို့မှလွဲ၍ ကျန်အရာအားလုံးက စစ်မြေပြင်အတွင်းသို့ ဝင်ရောက်သွားကြလေ၏။

နှစ်ဖက်စလုံး ရင်ဆိုင်တွေ့ဆုံကြချိန်တွင် အရေအတွက်ကိုသာ အခြေခံ၍ ပြောရမည်ဆိုပါက ရဲချီယန်၏ ဘက်မှာ အကြွင်းမဲ့ အားနည်းနေမည် ဖြစ်လေ၏။ သို့သော် အရည်အသွေးကကော။

ကျီးကန်းနတ်ဆိုး၊ မျက်ရည်နီ နတ်ဆိုး၊ ခေါင်းမပါသော နတ်ဘုရား၏ တမန်တော်အဖြစ် အသွင်ပြောင်းထားသော လောဘတကြီး စားသောက်ခြင်း နတ်ဆိုး။

ထို့အပြင် အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် မုဒ်ကို အသက်သွင်းထားသော အီဗ် နှင့် သူ၏ဘေးတွင် ရပ်နေကာ သူမ၏ အနောက်ဘက်ရှိ ဆူးချွန်များက နာရီ၊ မိနစ်၊ စက္ကန့်အဖြစ် ခွဲထွက်သွားပြီး အဆက်မပြတ် အစွမ်းထက်လာနေသော လီဆက်တို့ပါ ရှိနေသေးလေ၏။

ဘယ်လို စက်ရုပ်တွေ၊ ဒရုန်းတွေ ဒါမှမဟုတ် စစ်ပွဲဝင် လက်နက်တွေကများ ယှဉ်ပြိုင်နိုင်မှာလဲ။ သူတို့၏ အဆင့်များက မနိမ့်ကျကောင်း မနိမ့်ကျနိုင်ပေ။ သို့သော် ရဲချီယန် ပိုင်ဆိုင်ထားသော အရာများကို သူတို့ထဲက ဘယ်တစ်ခုကများ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်နည်း။

လွီဆာ၏ လက်ထဲရှိ အသင့်ဖျော် ကော်ဖီခွက်မှာ သူမ၏ နှုတ်ခမ်းနားတွင် ရပ်တန့်သွားခဲ့လေ၏။ သူမ၏ အကြည့်များက နတ်ဆိုး အနည်းငယ်ကြားတွင် ဟိုဟိုဒီဒီ လွင့်မျောနေခဲ့သည်။

"နတ်ဆိုးတွေလား။ ဒါက... ကတ်ပြား အစီအစဉ် လား နေပါဦး... ငါ ဒါကို မြင်ဖူးသလိုပဲ..."

မှတ်တမ်းများကို လှန်လှောကြည့်ရှုပြီးနောက် လွီဆာက အင်ပါယာအမိန့်တော် အဖွဲ့အစည်း နှင့် သက်ဆိုင်သော လူများထဲမှ [နတ်ဆိုး စက်ယန္တရား နဂါး-လူသား] အမည်ရှိ အလိုရှိသည် ဟူသော ကြေညာစာရွက်ကို လျင်မြန်စွာ ရှာတွေ့သွားခဲ့လေ၏။

"အင်ပါယာအမိန့်တော် အဖွဲ့အစည်း လား။ သေစမ်း ဂါလို ပြောတာ မှန်နေခဲ့တာပဲ အင်ပါယာအမိန့်တော် အဖွဲ့အစည်း က စစ်ကြောရေးခုံရုံး နဲ့ တကယ်ပဲ ပတ်သက်နေခဲ့တာလား"

သူမ နောက်ဆုတ်သင့်သလား။ လွီဆာက အင်ပါယာအမိန့်တော် အဖွဲ့အစည်း ကို အတော်လေး သတိထားမိနေခဲ့လေ၏။ အကယ်၍ မွန်ရိုးဂျီနာ တစ်ယောက်တည်းသာဆိုလျှင် သူမအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် စဉ်းစားကောင်း စဉ်းစားနိုင်ပေမည်။

ယခုမူ အခြားလူတစ်ယောက် ထပ်တိုးလာခဲ့ပြီဖြစ်ပြီး စောစောက ဂါလိုကို ခေါ်ဆောင်သွားခဲ့သူကလည်း အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပုံရလေသည်။

ဒီနေရာမှာ မွန်ရိုးဂျီနာ တစ်ယောက်တည်းပဲ ရှိတယ်လို့ သဘောတူထားခဲ့တာ မဟုတ်ဘူးလား။ သူမ လှည့်စားခံလိုက်ရတာလား။ ထောင်ချောက်တစ်ခုလား။ ဒါမှမဟုတ် မတော်တဆမှုတစ်ခု သက်သက်ပဲလား။

မဟုတ်ဘူး ဒါက လုံးဝ မတော်တဆမှု မဖြစ်နိုင်ဘူး။

လွီဆာက မကြာသေးမီက သူမအား ဂရေ့စ် ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရသွားခဲ့လေ၏။

"ငါ အစောကြီးကတည်းက သတိထားမိခဲ့သင့်တာ။ အင်ပါယာအမိန့်တော် အဖွဲ့အစည်းရဲ့ ခန့်ညားထည်ဝါလှတဲ့ ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး လူပုံအလယ်မှာ ရုတ်တရက် ခလုတ်တိုက်လဲကျပြီး သူမရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရမှာလဲ ပြီးတော့ အလိုရှိသည် ကြေညာစာရွက်နဲ့အတူ လမ်းမတွေ တော်တော်များများအထိ လိုက်လံဖမ်းဆီးခံရတယ် ဟုတ်လား"

"ဒါက ထောင်ချောက်တစ်ခု ဖြစ်ရမယ်... ဒါပေမဲ့..." သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ ရင်ဘတ်ရှိ အိတ်ကပ်ထဲမှ ရင့်မှိုင်းသော ရွှေရောင် အပိုင်းအစလေးကို ထုတ်ယူလိုက်လေ၏။

"ဟုတ်တယ် လုံးဝ မှန်တယ် စောစောက ငါ အာရုံခံမိလိုက်တယ်... အဲ့ဒါက ဘုရားစူး ကတ်ပြားရဲ့ အငွေ့အသက်ပဲ"

"ဒီနေရာမှာ ဘုရားစူး ကတ်ပြား အပိုင်းအစ တစ်ခု သေချာပေါက် ရှိနေရမယ် အဲ့ဒါက ငါပိုင်တဲ့အရာပဲ... အဲ့ဒါကို ငါ ရအောင် ယူရမယ်"

လွီဆာ၏ အကြည့်များက တဖြည်းဖြည်း ခိုင်မာလာခဲ့လေ၏။ သူမက အသင့်ဖျော် ကော်ဖီကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး မြေပြင်ပေါ်တွင် အလောင်းတစ်လောင်းအလား လဲကျနေဆဲဖြစ်သော စက်ယန္တရား သက်ရှိ အလက်ဇီကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် လုံးဝ တားဆီးခံထားရသော သူမ၏ စက်ယန္တရား တပ်ဖွဲ့ ကို ကြည့်လိုက်လေ၏။ သူမက စက်ယန္တရား လက်တံတစ်ခုကို ကိုယ်တိုင် ထိန်းချုပ်လိုက်ပြီး ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ အလက်ဇီကို အနောက်သို့ ပြန်လည်ဆွဲယူလိုက်သည်။

အက်ကွဲပွင့်ဟနေသော နေရာကို ကြည့်ရင်း အနည်းငယ် နာကျင်စွာဖြင့် လွီဆာက အနက်ရောင် အတုံးလေးတစ်ခုကို ထုတ်ယူကာ ထိုအပေါက်ထဲသို့ ထည့်သွင်းလိုက်လေ၏။

"ထပ်ပြီး မတ်တပ်ရပ်လိုက်စမ်း အလက်ဇီ"

"ချောက်နက် မုဒ် ကို အသက်သွင်းလိုက်ပြီ"

"ပြီးတော့" လွီဆာ၏ လက်ဖဝါးထဲတွင် ကတ်ပြား အစီအစဉ် တစ်ခု ထွက်ပေါ်လာခဲ့လေ၏။

"ဟက် ကတ်ပြား အစီအစဉ် တွေဆိုတာ နင်တို့ အင်ပါယာအမိန့်တော် အဖွဲ့အစည်း က လူတွေပဲ ပိုင်ဆိုင်ထားတဲ့ အရာ မဟုတ်ဘူးလေ"

"ကပ်ဘေး ကတ်ပြား - စက်ယန္တရား အကျပ်အတည်း"

အလက်ဇီက မျက်လုံးများကို ဖွင့်လိုက်လေ၏။ မူလအရောင်မှာ ပျောက်ကွယ်သွားပြီး နီရဲသော သူငယ်အိမ်များဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။ ၎င်းက စကားတစ်ခွန်းမျှ မဆိုဘဲ အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့၏။ ၎င်း၏ အငွေ့အသက်များက အဆက်မပြတ် မြင့်တက်လာခဲ့လေသည်။

အဆင့် ၁၁၊ အဆင့် ၁၂ ၎င်း၏ အဆင့်မှာ အဆင့် ၁၂ အမြင့်အထိ ရောက်ရှိသွားခဲ့ချေပြီ။ သာမန်လူများ၏ အမြင်တွင် ဤသည်မှာ အမြင့်ဆုံးအဆင့် ဖြစ်တည်မှုတစ်ခုပင် ဖြစ်လေတော့သည်။

ထိုမျှမကသေးချေ။ လွီဆာက ထိုကတ်ပြား အစီအစဉ် ကို ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် သူမ လွှတ်တင်ထားသော စက်ယန္တရား တပ်ဖွဲ့ များအားလုံးက ဉာဏ်ရည်၊ အမြန်နှုန်းနှင့် ပြုပြင်ရေး စွမ်းရည်များတွင် အဆင့်မြှင့်တင်မှုများကို ရရှိသွားခဲ့ကြလေ၏။

အလက်ဇီ၏ လွှမ်းမိုးမှုအောက်တွင် ၎င်းတို့အားလုံးမှာ အမည်းရောင် ချောက်နက် အငွေ့အသက်များဖြင့် စွန်းထင်းသွားခဲ့ကြသည်။ ၎င်းတို့ ပစ်ခတ်လိုက်သော ခဲယမ်းများနှင့် ကာကွယ်ရေး သံချပ်ကာများမှာလည်း သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့ချေပြီ။

"မိုက်တယ်လို့ မထင်ဘူးလား လီဆက်"

စက်ယန္တရား မိန်းကလေးက မျက်တောင်တစ်ချက် ခတ်လိုက်လေ၏။ သူမက သူတို့နှစ်ဦးသာ ကြားနိုင်သော လေသံဖြင့် ပြန်ပြောလိုက်သည်။ "သခင် အဲ့ဒါကို သဘောကျလို့လား" "ကျွန်မ လုယူပေးရမလား"

ရဲချီယန်က စောစောက သူ အက်ကွဲပွင့်ဟသွားအောင် လုပ်ခဲ့ပြီး ယခု ပြန်လည်မတ်တပ်ရပ်နေပြီဖြစ်သော စက်ယန္တရား သက်ရှိ ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ခေါင်းခါပြလိုက်လေ၏။

"တခြားသူတွေရဲ့ ပစ္စည်းတွေကို လုယူတာက အသုံးမဝင်ပါဘူး"

"ငါ ကိုယ်တိုင် ဖန်တီးထားတဲ့ စက်ရုပ်တွေကိုပဲ ငါ ပိုသဘောကျတယ်"

သူက ရထား၏ အထက်ပိုင်းမှနေ၍ လျှောက်ဆင်းလာခဲ့ပြီး စစ်မြေပြင်အတွင်းသို့ တည့်မတ်စွာ ဝင်ရောက်သွားခဲ့လေ၏။ သူ၏ လက်ဝါးထဲသို့ အမှန်တရားနှင့် အတုအယောင် စာအုပ် က ကျဆင်းလာခဲ့သည်။

စက်ယန္တရား အကျပ်အတည်း ဟုတ်လား။

ဆိုလိုတာက သူတို့အားလုံးမှာ ဉာဏ်ရည် ရှိတယ်ပေါ့ ဟုတ်လား။ အကယ်၍ သူတို့မှာ ဉာဏ်ရည် ရှိတယ်ဆိုရင် စိတ်စွမ်းအား လည်း ရှိရမှာပဲ။ တကယ်လို့ သူတို့မှာ စိတ်စွမ်းအား ရှိတယ်ဆိုရင်... သူတို့ ရူးသွပ်သွားလိမ့်မယ်။

ဒါဆိုရင်တော့ စမ်းကြည့်ကြတာပေါ့ သူတို့က စိတ်စွမ်းအား အမှတ် ဘယ်လောက်အထိ ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိမလဲဆိုတာ။ အမှတ် ၁၀ လား။ အမှတ် ၅၀ လား။ ဒါမှမဟုတ် အမှတ် ၁၀၀ လား။

"မျက်ရည်နီ"

မျက်ရည်နီက လူသားဦးနှောက် တပ်ဆင်ထားသော စက်ရုပ်ကြီးတစ်ရုပ်ကို ပိုင်းဖြတ်လိုက်ပြီး သူမ၏ ခါးရှိ နတ်ဆိုး အတောင်ပံများကို ခတ်ကာ မိုးရေထဲရှိ အနီရောင်ဖဲကြိုးလေးတစ်ခုအလား သူ၏ဘေးသို့ ရောက်ရှိလာခဲ့လေ၏။

သူမက သခင်ဖြစ်သူ၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။ သူမ၏ ဖြူဖွေးသော လက်လေးက ဓားရိုးပေါ်သို့ ဖိချထားလိုက်၏။

"လာ ဓားကို ဆွဲထုတ်လိုက် ဒီတစ်ခါ ငါတို့ ဘာတွေ ဆွဲထုတ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

အမည်မသိ ခေတ်ကာလများစွာက ရှေးဟောင်း စစ်မြေပြင် တစ်ခု။ ဤလေပြင်းနှင့် မိုးစက်များအောက်တွင်။ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေ၏။

သူ၏ ခြေရင်းအောက်တွင် အမှန်တရားနှင့် အတုအယောင် စာအုပ်၏ ခရမ်းရင့်ရောင် အလင်းစက်ဝန်းက အပြင်ဘက်သို့ စတင်ပြန့်ကားလာခဲ့ချေပြီ။

All Chapters