အခန်း (၂၅၇-၂၅၈)
Vol. 23 Ch. 257-258
အခန်း (၂၅၇)
"အလက်ဇီ"
သူမက ထိုနာမည်ကို နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်လေ၏။
ဉာဏ်ရည် ပြန်လည်ရရှိသွားသော စက်ယန္တရား သက်ရှိက မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း ဒေတာ အလင်းတန်းများက အဆက်မပြတ် လင်းလက်သွားခဲ့၏။
"သူ... သူဌေး"
သူ၏ မှတ်ဉာဏ်များက အနည်းငယ် ပြန်လည်ရရှိလာပုံရလေသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်လိုက်ရချိန်တွင် သူက အခြေအနေကို ချက်ချင်း နားလည်သဘောပေါက်သွားပြီး လွီဆာ၏ ရှေ့သို့ ခြေလှမ်းလိုက်ကာ တိုးတိတ်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီက... ရထားမောင်းနှင်သူ ကျွန်တော့် သူဌေးကိုယ်စား ကျွန်တော် တောင်းပန်ပါတယ် အခုဖြစ်နေတာတွေ အားလုံးက နားလည်မှုလွဲတာ သက်သက်ပါပဲ ကျေးဇူးပြု၍ ကျွန်တော်တို့ကို ထွက်သွားခွင့်ပြုပါ ကျွန်တော်တို့ ဘယ်လို တန်ဖိုးမျိုးမဆို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ် နှစ်ပေါင်း မရေမတွက်နိုင်အောင် လွင်တီးခေါင်ပြင ကို ဖြတ်သန်းလာခဲ့တဲ့ ခင်ဗျားလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ခွင့်လွှတ်ပေးပြီး ကျွန်တော်တို့ကို ပြဿနာမရှာဖို့ မျှော်လင့်ပါတယ်"
ဤအမျိုးသား စက်ယန္တရား သက်ရှိ က သူ၏ သခင်ဖြစ်သူထက် အမှန်တကယ်ပင် ပိုမို အပြောအဆို ကောင်းမွန်လေ၏။
သို့သော် သူက ထပ်မံ၍ နားလည်မှုလွဲနေပြန်ပြီ။
ရဲချီယန်က သူ့ကို ပြင်ပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
"မင်း အထင်မှားနေပြီ"
"ဗျာ"
"မင်းပြောသလို နှစ်ပေါင်းများစွာ လွင်တီးခေါင်ပြင်ကို ဖြတ်သန်းလာခဲ့တဲ့ ရထားမောင်းနှင်သူဆိုတာ ငါမဟုတ်ဘူး"
သူ၏ နှုတ်ခမ်းထောင့်များက အထက်သို့ ကွေးတက်သွားခဲ့လေ၏။
"ငါ ဒီကမ္ဘာကို ရောက်လာတာ တစ်လပဲ ရှိသေးတယ်"
ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်။
အလက်ဇီက ပြန်မပြောရသေးမီမှာပင် သူ၏ အနောက်တွင် ရပ်နေသော အမျိုးသမီး RUN ကုမ္ပဏီ ၏ သူဌေး လွီဆာထံမှ မယုံကြည်နိုင်မှုများနှင့် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
"အဲ့ဒါ မဖြစ်နိုင်ဘူး"
တစ်လ ဟုတ်လား။
မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး။
တစ်လဆိုတဲ့ အချိန်အတွင်းမှာ ဘယ်သူကများ ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နိုင်မှာလဲ။
ကတ်ပြား အစီအစဉ် တော်တော်များများရယ်၊ အဲ့ဒီ စက်ယန္တရား နဂါးရယ်၊ ပြီးတော့ သူ့ဘေးက စက်ယန္တရား သက်ရှိ တွေကော။
တစ်လ ဟုတ်လား။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ စကားလဲ။
သူမ လုံးဝ ယုံကြည်မည် မဟုတ်ချေ။
ယုံလည်း မယုံကြည်ချင်ပေ။
"ယုံတာ မယုံတာကတော့ မင်း အပိုင်းပဲ ဒါပေမဲ့ အဲ့ဒါက အမှန်တရားပဲ"
"မင်းတို့ကို ထွက်သွားခွင့်ပြုဖို့ကိစ္စလား"
"အရူးစကားလာမပြောစမ်းပါနဲ့ တကယ်လို့ အခြေအနေတွေသာ ပြောင်းပြန်ဖြစ်နေရင် မင်း ငါ့ကို ထွက်သွားခွင့်ပေးမှာလား"
အဖြေကတော့ ငြင်းဆို၍မရနိုင်ပေ။
"သူဌေး ပြေးတော့"
အလက်ဇီ။
သူက တကယ်ကို သစ္စာရှိသော စက်ယန္တရား သက်ရှိ တစ်ခုပင် ဖြစ်လေ၏။
ရဲချီယန်က သူ့ကို အမြင့်ဆုံးသော ရိုသေလေးစားမှု ပေးလိုက်သည်။
မျက်ရည်နီ၊ လီဆက်နှင့် ကျီးကန်းနတ်ဆိုး တို့က ပူးပေါင်းကာ သူ့ကို အပြီးတိုင် အဆုံးသတ်ပေးလိုက်ကြလေ၏။
အလက်ဇီ အသတ်ခံလိုက်ရသည့် အချိန်လေးမှာပင်
လွီဆာက ရီမုတ်ကွန်ထရိုးနှင့် ဆင်တူသော ပစ္စည်းတစ်ခုကို ထုတ်ယူကာ ၎င်းပေါ်ရှိ ခလုတ်ကို နှိပ်လိုက်လေရာ သူမ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအတွင်းသို့ ဖုံးအုပ်ခံလိုက်ရပြီးနောက် တစ်နေရာဆီသို့ ပျံသန်းသွားရန် ပြင်လိုက်တော့သည်။
"ငါ သေချာပေါက် ကလဲ့စားပြန်ချေရမယ်"
မည်မျှကြာအောင် အသက်ရှင်နေထိုင်ခဲ့သည်ကိုပင် မသိရသော ရထားမောင်းနှင်သူ တစ်ဦးအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုမျှ မရှိဘဲ ဘယ်နေမည်နည်း။
ထွက်ပြေးချင်တယ် ဟုတ်လား။
အဲ့ဒီလောက်တော့ မလွယ်ဘူး။
[မုန်တိုင်းမျက်လုံး ကျောက်တုံး]
လေဓာတ်၏ ကျေးဇူးတုံ့ပြန်မှု ကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် ရရှိလာသော ပစ္စည်းတစ်ခု။
ရဲချီယန်က သူ၏ စိတ်စွမ်းအားများကို သုံးစွဲလိုက်ပြီး။
ဤအရာကို အကြွင်းမဲ့ မုန်တိုင်းမျက်လုံးအဖြစ် အသုံးပြုကာ။
ရထားဝန်းကျင်ရှိ နေရာလွတ်တစ်ခုလုံးကို ပြင်းထန်သော မုန်တိုင်းများဖြင့် အပြည့်အဝ ဖုံးလွှမ်းလိုက်လေတော့သည်။
အလင်းတန်းအဖြစ် အသွင်ပြောင်းသွားသော လွီဆာမှာ မုန်တိုင်း၏ အတင်းအဓမ္မ တားဆီးမှုကို ခံလိုက်ရလေ၏။
သူမက ဟိုဘက်ဒီဘက် ဝင်တိုက်နေသော်လည်း လုံးဝ ဖောက်ထွက်၍ မရနိုင်ခဲ့ချေ။
တခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။
သူမက မုန်တိုင်းရှေ့တွင် ရပ်ကာ ၎င်းကို ထိကိုင်ရန် လက်လှမ်းလိုက်လေ၏။
"သေစမ်း..."
သူမ ထွက်ပြေး၍ မရနိုင်တော့ချေ။
ဒီနေရာမှာပဲ သေရဖို့ ဖန်လာတာများလား။
သူမ မကျေနပ်ပေ။
သူမ အသက်ရှင်ချင်သေးသည်။
"ငါ့ကို ထွက်သွားခွင့်ပေးဖို့ မင်းကို ဘာတွေ ပေးရမလဲ"
ဟင်။
သူမက စိတ်ကူးယဉ်နေတုန်းပဲလား။
ရဲချီယန်က သူမ၏ မေးခွန်းကို ဖြေဆိုရန်ပင် စိတ်မဝင်စားတော့ချေ။
ဒါမိုကလီးစ်၏ဓား အဖြစ် အသွင်ပြောင်းထားသော လီဆက်၏ မိနစ်လက်တံ က လွီဆာ၏ ခေါင်းပေါ်တွင် မြင့်မားစွာ ဆိုင်းငံ့နေပြီး အောက်သို့ ထိုးစိုက်ချလိုက်သော်လည်း ဦးထုပ်တစ်လုံး၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။
"ငါ့ကို ထွက်သွားခွင့်ပေး ငါ့မှာ မင်းကို ပေးစရာ ပစ္စည်းတွေ အများကြီး ရှိသေးတယ်"
ကျီးကန်းနတ်ဆိုး ၏ အမည်းရောင် အမွေးအတောင် မုန်တိုင်းမှာ မုန်တိုင်းမျက်လုံး ကျောက်တုံး၏ စွမ်းအားအောက်တွင် ပိုမို ကြောက်မက်ဖွယ်ကောင်းလာခဲ့လေ၏။
ဤကျောက်တုံးကို ၎င်းအတွက် အားဖြည့်လက်နက်တစ်ခုအနေဖြင့် အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်လိမ့်မည်ဟု ရဲချီယန် ခံစားလိုက်ရသည်။
"မင်းလည်း စက်ယန္တရား စွမ်းအားတွေကို အသုံးပြုတာပဲ ငါ မင်းကို ပုံစံကြမ်း တွေ ပေးနိုင်တယ် စက်ယန္တရား တွေ ဖန်တီးဖို့ ပုံစံကြမ်း တွေ အများကြီးပဲ"
အီဗ်က အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် မုဒ်မှ ထွက်ကာ သူမ၏ သေနတ်ဖြင့် တစ်ချက်ပြီးတစ်ချက် ပစ်ခတ်နေခဲ့လေ၏။
"ငါ့ကို ထွက်သွားခွင့်ပေး ငါ ငါ့မှာ ကတ်ပြား အစီအစဉ် တစ်ခု ရှိသေးတယ် အဲ့ဒါကို မင်းကို ပေးမယ်လေ"
မျက်ရည်နီ၏ မိုးစက်များက မုန်တိုင်းအတွင်း လွတ်လပ်စွာ လွင့်စဉ်နေပြီး မျက်နှာကို လာမှန်သည့်အခါ လန်းဆန်းအေးမြသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
"ဘုရားစူး ကတ်ပြား ငါ့မှာ ဘုရားစူး ကတ်ပြား ရဲ့ အပိုင်းအစတစ်ခု ရှိတယ်"
"..."
တိုက်ခိုက်မှုများ အားလုံး ရပ်တန့်သွားခဲ့ချေပြီ။
ရဲချီယန်က မျက်လုံးများကို မော့ကာ ပစ္စည်းအမျိုးမျိုးမှတစ်ဆင့် သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သော ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်လေ၏။
ဘုရားစူး ကတ်ပြား အပိုင်းအစ ဟုတ်လား ဤအမျိုးသမီးက အပိုင်းအစများကို စုဆောင်းနေကြောင်း သူ သိထားပြီး ဖြစ်လေ၏။
ဒါဆိုရင် သူမဆီမှာ တကယ်ပဲ တစ်ခု ရှိနေတာလား။
ရဲချီယန်က သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
"ငါ့ကို ပြစမ်း"
လွီဆာက ခေါင်းငုံ့ကာ ခြေတရွတ်တိုက် လျှောက်လာခဲ့လေ၏
သူမက ရဲချီယန်၏ ရှေ့တွင် ရပ်လိုက်ပြီး အလွန်တရာ အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ရသည့်အလား သွားကြိတ်ကာ ပြောလိုက်သည်။
"ဘုရားစူး ကတ်ပြား အကြောင်းကို မင်း သိတယ် မဟုတ်လား။ အဲ့ဒါက ပိုင်ဆိုင်သင့်တဲ့သူဆီမှာပဲ ရှိနေမှာ... မင်း ငါ့ကို ကတိပေးရမယ်..."
"ဟင် ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ နင် ဘယ်လိုလုပ်ပြီး။ ငါ့ရဲ့ အပိုင်းအစ"
သူမ စကားမဆုံးမီမှာပင် သူမ၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ဆွဲကြိုးထဲမှနေ၍ တြိဂံပုံ ရင့်မှိုင်းသော ရွှေရောင် အပိုင်းအစလေးတစ်ခု ပျံထွက်လာခဲ့လေ၏။
လွီဆာက ၎င်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သော်လည်း ထိုအပိုင်းအစလေးမှာ ရဲချီယန်ထံသို့ လွင့်မျောသွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ခဲ့သည်။
ဘာကြောင့်လဲ။
တခြားအကြောင်းပြချက် မရှိချေ။
ရဲချီယန်တွင်လည်း ဘုရားစူး ကတ်ပြား ၏ အပိုင်းအစတစ်ခု ရှိနေသောကြောင့် ဖြစ်လေ၏။
ထို့အပြင်သူ့တွင် နှစ်ခု ရှိနေပေသည်။
ဤအမျိုးသမီးထံမှ ဘုရားစူး ကတ်ပြားရဲ့ အပိုင်းအစ ဟူသော စကားလုံးများကို ကြားလိုက်ရချိန်တွင် သူက မီးခံသေတ္တာ ထဲမှ ထိုအပိုင်းအစ နှစ်ခုကို ထုတ်ယူကာ လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်လေ၏။
အပိုင်းအစများက တစ်ခုနှင့်တစ်ခု ဆွဲဆောင်နေကြသည်။ သူက လက်ဝါးကို ဖွင့်လိုက်၏။
သူ၏ လက်ဝါးအထက်တွင် သုံးခုစလုံးက တစ်ပြိုင်နက်တည်း လွင့်မျောနေခဲ့ချေပြီ။
၎င်းတို့က စတင် လည်ပတ်လာပြီး ပေါင်းစပ်သွားရန် စတင်နေပြီ ဖြစ်သည်။
ရင့်မှိုင်းသော ရွှေရောင် အလင်းတန်းများက ရဲချီယန်၏ လက်ထဲမှနေ၍ ဤကမ္ဘာကြီးဆီသို့ ပျံ့နှံ့သွားခဲ့လေ၏။
ကျယ်လောင်စွာ သီဆိုနေခြင်းပင်။
စိတ်အားထက်သန်စွာဖြင့် ဝမ်းသာအားရဖြင့် ဤအသံက အမည်မသိ မော်ကွန်းကဗျာတစ်ပုဒ်ကို ကြေညာနေသည့်အလားပင်။
ထို့အပြင် ဘုရားစော်ကားသော ကြီးကျယ်ခမ်းနားလှသည့် အောင်မြင်မှုတစ်ခုကို ချီးကျူးဂုဏ်ပြုနေသည့်အလားပင်။
"မင်းဆီမှာ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ အဲ့ဒါ မင်းကိုး ငါ ရှာနေတဲ့ အပိုင်းအစက မင်းဆီမှာ ရှိနေတာကိုး"
"နှစ်ခုတောင်လား သုံးခုတောင်လား မဟုတ်ဘူး အဲ့ဒါ ငါ့ဟာပဲ"
လွီဆာ၏ မျက်ဝန်းများမှာ လောဘများ၊ မနာလိုမှုများဖြင့် ပြည့်နှက်သွားခဲ့လေ၏။
သူမက အခြားသော ငွေရောင်စွတ်စွတ် ကတ်ပြား အစီအစဉ် တစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းပေါ်တွင် စစ်တလင်း တစ်ခုနှင့် ဆင်တူသော ပုံစံတစ်ခုကို ထွင်းထုထားလေ၏။
"လောင်းကစား ကတ်ပြား · တရားမျှတသော စစ်တလင်း"
အလင်းတန်းတစ်ခုက သူမနှင့် ရဲချီယန်ကို ဖုံးအုပ်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ အမည်းရောင် နေရာလွတ်တစ်ခုအတွင်းရှိ စစ်တလင်းတစ်ခုထဲတွင် ထွက်ပေါ်လာခဲ့လေ၏။
"ဟား ဟားဟား အဲ့ဒါ ငါ့ဟာ အဲ့ဒါ ငါ့ဟာပဲ"
လွီဆာက ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။
"သေစမ်း အဲ့ဒါ ငါ့ဟာ"
အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ငွေရောင်စွတ်စွတ် မိတ်ဆက် အချက်အလက်များက ရဲချီယန်၏ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ဤကတ်ပြား အစီအစဉ် ၏ စွမ်းရည်မှာ အလိုအလျောက် သရုပ်ပေါ်လာခဲ့ခြင်းပင်။
ဤသည်မှာ တရားမျှတသော စစ်တလင်းတစ်ခု ဖြစ်လေ၏။ ဤနေရာတွင် ဆင့်ခေါ်ခြင်းကို ခွင့်မပြုချေ။
လူသားနှင့် လူသား၊ လူသားနှင့် မကောင်းဆိုးဝါး၊ လက်နက်တစ်ခုနှင့် စွမ်းရည်တစ်ခုတည်းကိုသာ တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်ပြီး ကျန်အရာအားလုံးမှာ ယာယီ ချိတ်ပိတ်ခံထားရမည် ဖြစ်လေ၏။
တိုက်ပွဲကတော့
သေဆုံးသည်အထိ ဆက်လက်ဖြစ်ပွားနေမည်
လွီဆာက ဤကတ်ပြား အစီအစဉ် ကို အသုံးပြုခဲ့သည်။
ဆိုလိုသည်မှာ ဤသည်ကား သူမ၏ နောက်ဆုံး ဝှက်ဖဲပင် ဖြစ်လေ၏။
ရဲချီယန်၏ လက်ထဲတွင်ကား အပိုင်းအစ သုံးခုက ဖြည်းညင်းစွာ ပေါင်းစပ်နေခဲ့လေပြီ။
အသစ်စက်စက် ဘုရားစူး ကတ်ပြား တစ်ခု ဖြစ်တည်လာတော့မည် ဖြစ်လေ၏။ သူ၏ မျက်နှာထက်တွင် မည်သည့် ထူးခြားသော အမူအရာမျှ မရှိခဲ့ချေ။
ဤနေရာတွင် တခြားစွမ်းအားများ မရှိပေ။ မာနတရား နှင့် ဖြားယောင်းသွေးဆောင်ခြင်း တို့မှာလည်း အပြင်ဘက်တွင် ကျန်ရစ်နေခဲ့လေ၏။
သို့သော်ငြား။
လက်နက် နေရာလွတ်များ၊ သိုလှောင်ခန်း များ၊ မီးခံသေတ္တာ များအသုံးပြု၍ ရနိုင်ဆဲပင်။
သူက အပိုင်းအစများကို သူ၏ဘေးတွင် ချထားလိုက်လေ၏။
လွီဆာက သူမ၏ ကြာပွတ်ရှည်ကြီးကို ဝှေ့ယမ်းလိုက်သည်။ ကြာပွတ်ရှည်ကြီးက လျှပ်စစ်မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်နေခဲ့၏။
၎င်း ထိတွေ့သွားသော နေရာတိုင်းတွင် မြေပြင်မှာ မည်းခြောက်သွားခဲ့လေ၏။ ဤသည်ကား သူမ၏ လက်နက်ဖြစ်ပြီး သူမ၏ နောက်ဆုံး စွမ်းရည်ပင် ဖြစ်တော့သည်။
ဒါဆိုရင် အဆုံးသတ်ဖို့ အချိန်တန်ပြီ။
ရဲချီယန်က ဤစစ်တလင်းတွင် သူ အသုံးပြုမည့် လက်နက်ကို ထုတ်ယူလိုက်လေ၏။ ဘာများ ဖြစ်မလဲ။
ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
"အီဘိုနီ"
ပြီးတော့ ၎င်းရဲ့ စွမ်းရည်ကကော။
"သေနတ်သံ တရားစီရင်ခြင်း"
အပိုင်းအစများက လည်ပတ်နေပြီး တရားစီရင်ခြင်း အလင်းတန်းများက အချင်းချင်း ရောင်ပြန်ဟပ်နေကာ အဆုံးအစမရှိသော အသံမြင့် တေးသွားများနှင့်အတူ တောက်ပလင်းလက်နေသော အလင်းတန်းကြီးလည်း ထွက်ပေါ်နေခဲ့လေ၏။
အသစ်စက်စက် ဘုရားစူး ကတ်ပြား တစ်ကတ်။ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ချေပြီ။
ဘုန်း
သေနတ်သံ ထွက်ပေါ်လာခဲ့သည်။
လူတစ်ဦး သေဆုံးသွားခဲ့လေတော့၏။
အခန်း (၂၅၈)
"သိပ်ဆူညံတာပဲ"
နားနှစ်ဖက်ကို အုပ်ထားရင်း ရဲချီယန်က လက်ထဲရှိ ရင့်မှိုင်းသော ရွှေရောင်ကတ်ပြားကို စိုက်ကြည့်လိုက်လေ၏။ ၎င်းမှာ နေရာရွှေ့ပြောင်းအမှတ်အသား ပထမဆုံး ထွက်ပေါ်လာစဉ်ကကဲ့သို့ပင် ဆူညံနေခဲ့သည်။
၎င်းကို စမ်းသပ်ကြည့်သင့်၊ မသင့် စဉ်းစားနေဆဲမှာပင်။
အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ချေပြီ။
ကတ်ပြားမျက်နှာပြင်ထက်တွင် ခေါင်းစွပ်ဝတ်ဆင်ထားပြီး တိမ်းစောင်းနေသော ချိန်ခွင်တစ်ခုနှင့် တရားသူကြီး သစ်သားတူကို ကိုင်ဆောင်ထားသည့် ပုံရိပ်တစ်ခုကို ထွင်းထုထားပေသည်။ ရင့်မှိုင်းသော ရွှေရောင် အလင်းစက်လေးများက ဖြည်းညင်းစွာ လွင့်စင်ပျောက်ကွယ်သွားလေ၏။
ရဲချီယန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် မျက်မှောင်ကို ပွတ်သပ်လိုက်သည်။ မြေပြင်ပေါ်ရှိ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး သူက ခေါင်းခါရမ်းလိုက်လေ၏။
"ဘာအတွက်လဲ"
"ဒီတစ်ခါ ငါ တကယ် ပြဿနာမရှာချင်ခဲ့ပါဘူး"
"ဒါပေမဲ့ မင်းကို ကျေးဇူးတင်ရဦးမယ် မင်းသာမရှိရင် ဒီတတိယမြောက် အပိုင်းအစကို ဘယ်တော့များမှ ရနိုင်မလဲဆိုတာတောင် ငါ သိမှာမဟုတ်ဘူး"
အကဲဖြတ်ခြင်း
စနစ်၏ အလင်းမျက်နှာပြင်က သူ၏ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့လေ၏။ ဤအသစ်စက်စက် ဘုရားစူး ကတ်ပြား နှင့် ပတ်သက်သော အချက်အလက်များအားလုံးက ရဲချီယန်၏ မျက်စိရှေ့တွင် ပေါ်လာခဲ့ချေပြီ။
[ဘုရားစူး ကတ်ပြား · V · တရားသူကြီး]
[စွပ်စွဲခြင်း - ကိုယ်ခံစွမ်းအား ကို သုံးစွဲရမည်၊ မည်သည့်သက်ရှိအပေါ်တွင်မဆို တရားမျှတမှု အမှတ်အသားတစ်ခု သတ်မှတ်နိုင်သည်၊ အများဆုံး အမှတ်အသား နှစ်ခုအထိသာ ရရှိနိုင်ပြီး စွမ်းရည်စောင့်ဆိုင်းချိန် တစ်ရက် ကြာမြင့်မည်]
[ဖမ်းဆီးခြင်း - ကိုယ်ခံစွမ်းအား ကို သုံးစွဲရမည်၊ တရားမျှတမှု အမှတ်အသား ရှိနေသော ပစ်မှတ်ကို မိမိရှေ့သို့ တည်နေရာရွှေ့ပြောင်းသည်]
[တရားစီရင်ခြင်း - အမှတ်အသားတစ်ခုကို ဖယ်ရှားပြီး ၎င်း၏ အပြစ်အပေါ် မူတည်၍ တရားစီရင်မှုကို ချမှတ်သည်]
[တရားမျှတမှုလား - ကိုယ်ခံစွမ်းအား အားလုံးကို သုံးစွဲရမည်လား]
အလယ်ရှိ ဂဏန်းမှာ တိုးမလာဘဲ နံပါတ် ငါး အဖြစ်သို့ ပြောင်းလဲသွားခဲ့လေရာ ၎င်းက ဘုရားစူး ကတ်ပြား များသည် အလယ်ဂဏန်းများ၏ အစီအစဉ်အတိုင်း ထွက်ပေါ်လာခြင်း မဟုတ်ကြောင်း ဆိုလိုနေပေသည်။
တရားသူကြီး ဟုတ်လား။
ဒီနာမည်က။
တရားသူကြီးချုပ် ကျောက်ရှီး တည်ထောင်ခဲ့သော စစ်ကြောရေးခုံရုံး အတွင်း၌ တရားသူကြီးဟု အမည်ရသော ဘုရားစူး ကတ်ပြား ကို ရရှိခဲ့ခြင်းလား။
တိုက်ဆိုင်မှုတစ်ခုလား။ သို့မဟုတ် သူ ယခုလေးတင် အသုံးပြုခဲ့သော သေနတ်သံ တရားစီရင်ခြင်း၏ အလင်းတန်းက ပေါင်းစပ်ဖြစ်ပေါ်လာသော ဘုရားစူး ကတ်ပြား အပေါ် လွှမ်းမိုးသွားခဲ့ခြင်းကြောင့်လား။ တခြားအကြောင်းပြချက်များ ရှိနေသေးသလား။
ယုံမှားသံသယဖြစ်ဖွယ်မရှိ ဤ တရားသူကြီး မှာလည်း အလွန်တရာ အစွမ်းထက်လှပေသည်။ နေရာရွှေ့ပြောင်းအမှတ်အသားက အကွာအဝေးကို ကိုယ်စားပြုနိုင်သည်ဆိုပါက ဤ တရားသူကြီး ကတော့ နီးကပ်မှုကို ကိုယ်စားပြုနေလေ၏။
အမှတ်အသားတစ်ခု သတ်မှတ်ကာ ပစ်မှတ်ကို မျက်စိရှေ့သို့ အတင်းအဓမ္မ တည်နေရာရွှေ့ပြောင်းသည်ပင်။ နေရာရွှေ့ပြောင်းအမှတ်အသားက ကမ္ဘာများကို ဖြတ်ကျော်၍ ကျောက်ဆူးချနိုင်လေရာ ဤ တရားသူကြီး ကလည်း ကမ္ဘာများကို ဖြတ်ကျော်ကာ တည်နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိရမည်သာ ဖြစ်ပေ၏။
သို့သော် ဤ တရားသူကြီး ၏ အမှတ်အသားကို သက်ရှိများအပေါ်တွင်သာ သတ်မှတ်၍ ရနိုင်ပေသည်။
တတိယမြောက် စွမ်းရည်အရ တရားသူကြီး သည် တိုက်ခိုက်ရေးဘက်သို့ ပိုမို တိမ်းညွတ်နေကြောင်းကို သိမြင်ရန် မခက်ခဲလှချေ။
"တရားစီရင်ခြင်း ဟုတ်လား ငါက ဒီစကားလုံးတွေနဲ့ တော်တော်လေး ရေစက်ပါနေတာပဲ တရားသူကြီးချုပ် တစ်ယောက်နဲ့တောင် ခင်မင်ခဲ့သေးတယ် ဒါက သူမရဲ့ အလုပ်ကို လုယူတာများ ဖြစ်သွားမလား"
"ဒါပေမဲ့ ဒီကတ်ပြားက ကိုယ်ခံစွမ်းအား ကို သုံးစွဲရတာလား ပြီးတော့ စတုတ္ထမြောက် စွမ်းရည်က နေရာရွှေ့ပြောင်းအမှတ်အသားလိုပဲ တိုက်ရိုက် ဖော်ပြမထားဘူး ကိုယ်ခံစွမ်းအား အားလုံးဆိုတော့ ကိုယ်ခံစွမ်းအားက သုည ဖြစ်သွားရင် ငါ သေသွားမှာလား"
ရဲချီယန်က အနည်းငယ် တွေဝေသွားလျက် ခေါင်းကို ကုတ်လိုက်လေ၏။
"ထားလိုက်ပါတော့ နောက်ဆုံးကျရင် သိလာမှာပါ"
သူက ဤကိစ္စကို ဆက်လက် တွေးတောမနေတော့ချေ။ ထိုအစား သူ့အတွက် အသုံးပြုရန် သင့်လျော်မည့် နည်းလမ်းတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားခဲ့လေ၏။
"တကယ်လို့ ငါသာ ဝေါလီ ရဲ့ အပေါ်မှာ တရားမျှတမှု အမှတ်အသား ကို သတ်မှတ်ထားလိုက်မယ်ဆိုရင် ရထား ကို တစ်နေရာတည်းမှာ ဆက်ပြီး ရပ်ထားစရာ မလိုတော့ဘူး မဟုတ်လား"
မှန်ပေသည်။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့မည်ဆိုလျှင်။ ဂေါ်ဘလင် စုန်းမကြီး ၏ မြို့တော်တွင် ယခင်ကကဲ့သို့ ဝေါလီ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရန်အတွက် တောင်ပေါ်တွင် ရထား ကို ရပ်နားထားရကာ ပိတ်ဆို့တိုက်ခိုက်ခံရမည့် အခြေအနေမျိုးများ နောက်ထပ် ဖြစ်ပေါ်လာတော့မည် မဟုတ်ချေ။
အဆင့်မြင့် ဘူတာရုံကမ္ဘာ များမှာ တစ်နေ့တခြား ပိုမို ကြီးမားလာနေခဲ့လေ၏။ အချို့သော ဘူတာရုံ များတွင် ခရီးသွားရုံသက်သက်ဖြင့်ပင် ရက်အနည်းငယ် ကြာမြင့်နိုင်ပေသည်။ မူလက ဝေါလီ အနေဖြင့် ရထား ကို ရှာမတွေ့နိုင်မည်ကို သူ ပူပန်နေခဲ့သော်လည်း ယခုမူ ပြေလည်သွားခဲ့ချေပြီ။
ပြဿနာမှာ လွယ်ကူစွာ ဖြေရှင်းပြီးသွားခဲ့လေ၏။
"ဘုရားစူး ကတ်ပြား နဲ့ တကယ်ကို ထိုက်တန်တာပဲ ဟီးဟီး"
သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်လေသည်။ ကတ်ပြား အစီအစဉ် ကြောင့် ဖန်တီးဖြစ်ပေါ်လာသော နေရာလွတ်ကြီးမှာ ဖြည်းညင်းစွာ ပြိုကွဲပျက်စီးနေခဲ့ပြီ ဖြစ်၏။
လွီဆာ ပိုင်ဆိုင်ထားသော စက်ယန္တရား အကျပ်အတည်း နှင့် တရားမျှတသော စစ်တလင်း ဟူသည့် ကတ်ပြား အစီအစဉ် နှစ်ခုမှာလည်း သူမ သေဆုံးပြီးနောက် တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားရန် စတင်နေပြီ ဖြစ်လေသည်။
ဒါက အနည်းငယ်တော့ နှမြောစရာ ကောင်းပေသည်။
ကတ်ပြား အစီအစဉ် ပိုင်ရှင်တစ်ဦး သေဆုံးသွားပြီးနောက် သတ်ဖြတ်သူထံတွင် အလားတူ ကတ်ပြား အစီအစဉ် မျိုး မရှိပါက ၎င်းတို့သည် လွင်တီးခေါင်ပြင် အတွင်းရှိ ဘူတာရုံကမ္ဘာ တစ်ခုခုဆီသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး နောက်ထပ် ပိုင်ရှင်အသစ် ရောက်ရှိလာမည့်အချိန်ကို ဖုံးကွယ်စောင့်ဆိုင်းနေကြမည် ဖြစ်လေ၏။
"အော် ဒါနဲ့ လောင်းကစား ကတ်ပြား ဟုတ်လား ဒါက ရိုင်ယန်ရဲ့ ကတ်ပြား အစီအစဉ် မဟုတ်ဘူးလား တကယ်ပဲ သူ့ရဲ့ ကတ်ပြား အစီအစဉ် တွေထဲက တစ်ခုကို သူ လွတ်သွားပြီဆိုတာကိုသာ အဲ့ဒီကောင် သိလိုက်ရရင် ဘယ်လို မျက်နှာအမူအရာမျိုးများ ဖြစ်သွားမလဲမသိဘူး"
ရဲချီယန်က ရယ်မောလိုက်လေ၏။ သူ ဤသို့သာ ပြောနိုင်ပေသည်။
မှတ်ကရောပေါ့။
အကယ်၍ သူသာ ရဲချီယန်ကို ဤကိစ္စအတွင်းသို့ အတင်းအဓမ္မ ဆွဲမသွင်းခဲ့လျှင် ဤ လောင်းကစား ကတ်ပြား မှာ ရိုင်ယန်၏ လက်ထဲသို့ ရောက်ရှိသွားနိုင်ပေသည်။
ရဲချီယန်က ဤ လောင်းကစား ကတ်ပြား ကို သိပ်ပြီး စိတ်မဝင်စားသော်လည်း အခြားတစ်ခုကမူ...
"စက်ယန္တရား အကျပ်အတည်း ဟုတ်လား ကျစ် ကပ်ဘေး ကတ်ပြား ပါလား ငါ့မှာလည်း ဒီလို ကတ်ပြား အစီအစဉ် မျိုး မရှိသေးဘူး"
ဒုက္ခပါပဲ။ ၎င်း ပျောက်ကွယ်သွားတာကို ဒီတိုင်း ထိုင်ကြည့်နေရတော့မှာလား။
ထို လောင်းကစား ကတ်ပြား က အရေးမကြီးသော်လည်း ဤတစ်ခုကိုမူ သူ အတော်လေး နှမြောမိလေ၏။ ၎င်းကို သိမ်းထားဖို့ ဒါမှမဟုတ် ပြန်ရှာတွေ့ဖို့ နည်းလမ်းတစ်ခုခုများ ရှိနေမလား။
ရဲချီယန်က သူပိုင်ဆိုင်ထားသော ပစ္စည်းများအားလုံးကို စိတ်ထဲတွင် လှန်လှောရှာဖွေကြည့်လိုက်လေသည်။ ရုတ်တရက် သူ၏ မျက်ဝန်းများ တောက်ပသွားခဲ့၏။
သူ စဉ်းစားမိသွားပြီ။ အလုပ်ဖြစ်နိုင်လောက်မည့် နည်းလမ်းတစ်ခု တကယ်ပဲ ရှိနေခဲ့သည်။
"နေရာရွှေ့ပြောင်းအမှတ်အသား"
ရင့်မှိုင်းသော ရွှေရောင် ဘုရားစူး ကတ်ပြား က သူ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့လေ၏။
၎င်းအပေါ်ရှိ ကျောက်ဆူး ကိုင်ဆောင်ထားသူက ၎င်းကို မြင့်မားစွာ မြှောက်တင်လိုက်ပြီး အဆက်မပြတ် လွင့်စင်ပျောက်ကွယ်နေသော ကပ်ဘေး ကတ်ပြား · စက်ယန္တရား အကျပ်အတည်း ထံသို့ အရှိန်ပြင်းစွာဖြင့် ရိုက်ချလိုက်လေတော့သည်။
"ကျောက်ဆူးချလိုက်စမ်း"
ကျောက်ဆူးချခြင်း ပြီးမြောက်သွားပြီ။
အကယ်၍ ၎င်းကသာ အလုပ်ဖြစ်ခဲ့မည်ဆိုလျှင် ဤ တည်နေရာရွှေ့ပြောင်းမှတ် သည် ထိုကပ်ဘေး ကတ်ပြား နှင့်အတူ ၎င်း လွင့်မျောသွားရာ မည်သည့် ဘူတာရုံကမ္ဘာ ၏ နေရာတစ်ခုခုဆီသို့မဆို လိုက်ပါသွားမည် ဖြစ်လေ၏။
ထို့နောက် ၎င်း နေရာကျသွားသည်နှင့် တစ်ပြိုင်နက် နေရာရွှေ့ပြောင်းအမှတ်အသား၏ လမ်းညွှန်မှုမှတစ်ဆင့် ဤ ကပ်ဘေး ကတ်ပြား ကို သူ ပြန်လည်မြင်တွေ့နိုင်မည် ဖြစ်လေတော့သည်။
ဟို လောင်းကစား ကတ်ပြား အတွက်လား။ ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့ မည်သို့ပင်ဖြစ်စေ ၎င်းက သူ စုဆောင်းထားသော ကတ်ပြား အစီအစဉ် တစ်ခုမှ မဟုတ်ဘဲ။
"သေချာပေါက် အလုပ်ဖြစ်မှာပါ"
သူက နေရာရွှေ့ပြောင်းအမှတ်အသား ၏ စွမ်းအားကို ယုံကြည်လေ၏။ ၎င်း လုံးဝ ပျောက်ကွယ်သွားချိန်တွင် ရဲချီယန်၏ ဝန်းကျင်ရှိ သီးသန့် စစ်တလင်း နေရာလွတ်မှာလည်း ပြိုကွဲပျောက်ကွယ်သွားခဲ့ချေပြီ။
သူ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားလေ၏။ လီဆက်နှင့် မျက်ရည်နီတို့က သူ၏ ဝန်းကျင်တွင် စုရုံးလာကြသည်။ အထူးသဖြင့် လီဆက် ၏ မျက်နှာထက်တွင် ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော စိုးရိမ်တုန်လှုပ်နေသည့် အမူအရာမျိုး ထွက်ပေါ်နေခဲ့လေ၏။ သူမက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သခင်ဖြစ်သူ ဒဏ်ရာမရထားကြောင်း သိလိုက်ရမှသာ စိတ်သက်သာရာရသွားတော့သည်။
သို့သော် ရဲချီယန်က ရုတ်တရက် ရယ်မောလိုက်ချိန်တွင်မူ သူမက စိုးရိမ်ပူပန်သော အကြည့်များဖြင့် ထပ်မံ ကြည့်ရှုလာခဲ့ပြန်၏။
"ဟား ဟားဟား"
"..."
"မဟုတ်ဘူး ငါ အဆင်ပြေပါတယ် စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုနဲ့ ကြုံလိုက်ရလို့ပါ"
ရဲချီယန်၏ မျက်နှာထက်တွင် အပြုံးများဖြင့် ပြည့်နှက်နေခဲ့လေ၏။
အလုပ်ဖြစ်သွားပြီ။ တကယ်ပဲ။
ကပ်ဘေး ကတ်ပြား လုံးဝ ပျောက်ကွယ်သွားပြီးနောက်တွင် နေရာရွှေ့ပြောင်းအမှတ်အသား ၏ တည်နေရာရွှေ့ပြောင်းမှတ်မှာ ပျောက်ကွယ်မသွားခဲ့ချေ။
တည်နေရာရွှေ့ပြောင်းမှတ်မှာ အဆက်မပြတ် ရွေ့လျားနေကြောင်း ရဲချီယန်က အပြည့်အဝ ခံစားသိရှိနေခဲ့လေ၏။ ၎င်း မည်သို့ ရွေ့လျားနေသနည်း၊ မည်သည့်နေရာသို့ ရွေ့လျားနေသနည်းဆိုသည်ကို သူ မသိသလို သိရန်လည်း အာရုံမစိုက်နေတော့ချေ။
သူ သိသည်မှာ တစ်ခုတည်းသာ။ ဤ တည်နေရာရွှေ့ပြောင်းမှတ် နေရာကျသွားချိန်တွင် ကပ်ဘေး ဟု အမည်ရသော ဤ ကတ်ပြား အစီအစဉ် ကို သူ ရယူနိုင်မည် ဖြစ်လေတော့သည်။
"ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီ ရဲ့ သူဌေးနဲ့ တကယ်ကို ထိုက်တန်တာပဲ"
"သူမက ပစ္စည်းတွေ အများကြီး လာပို့ပေးသွားတာကိုး"
ရဲချီယန်၏ မျက်နှာထက်မှ အပြုံးများကို တားဆီး၍ မရနိုင်ခဲ့ချေ။ ရိတ်သိမ်းမှုက မပြီးဆုံးသေးပေ။ မလှမ်းမကမ်းတွင် ပျက်စီးလုနီးပါး ဖြစ်နေသော ထို ရထား မှာ ရှာဖွေရမည့် တန်ဖိုး ရှိနေသေးလေ၏။
"ဒီအလောင်းနှစ်လောင်းအတွက်ကတော့ ထားလိုက်ပါတော့လေ သူတို့က ငါ့ကို ပစ္စည်းတော်တော်များများ ပေးခဲ့တာပဲ"
"ကျပန်း နေရာတစ်ခုခုမှာ တွင်းတူးပြီး သူတို့ နှစ်ယောက်ကို အတူတူ မြှုပ်ပေးလိုက် အော် ဒါနဲ့ စက်ရုပ်ရဲ့ ခေါင်းထဲက စတုရန်းပုံ အတုံးလေး ကို တူးထုတ်ဖို့ မမေ့နဲ့ဦး"
အလက်ဇီ နှင့် လွီဆာ။
စက်ယန္တရားတစ်ခု၊ လူသားတစ်ဦး။
သူတို့ မြှုပ်နှံခံလိုက်ရလေတော့သည်။