အခန်း (၂၅၉-၂၆၀)
Vol. 23 Ch. 259-260
အခန်း (၂၅၉)
လွီဆာ၏ ရထားပေါ်တွင် အမှန်တကယ်တော့ ပစ္စည်းများစွာ ပါမလာခဲ့ချေ။
သူမက ကုမ္ပဏီ၏ သူဌေးဖြစ်ရာ သယံဇာတအမျိုးမျိုးကို သယ်ဆောင်သွားရန် မလိုအပ်ပေ။
ဆော်လမွန် မြို့တော်ရှိ စစ်ကြောရေးခုံရုံးသို့ သူမ ရောက်ရှိလာချိန်တွင် ရဲချီယန် ဆင့်ခေါ်လိုက်သောအရာများကြောင့် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့ရသော စက်ယန္တရား တပ်ဖွဲ့မှလွဲ၍ သူမ၏ အကြီးမားဆုံး ဝှက်ဖဲမှာ အမဲလိုက် စက်ယန္တရားနဂါး၏ တိုက်ခိုက်မှုတစ်ကြိမ်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသော လေကြောင်း အာကာသ သယ်ယူပို့ဆောင်ရေး ယာဉ်ကြီးသာ ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။
သူမက အစွမ်းမထက်ခဲ့ချေ။ အမှန်တကယ်တော့ သူမက အနည်းငယ်ပင် အားနည်းနေသေးလေ၏။
ထိပ်တန်းအဆင့် ရထားမောင်းနှင်သူ ဟုတ်လား။
လုံးဝ မဟုတ်ပေ။
ကျောက်ရှီး၊ မွန်ရိုးဂျီနာနှင့် ရှာယာတို့ကဲ့သို့သော လူများနှင့် နှိုင်းယှဉ်လျှင် သူမက အလှမ်းဝေးလွန်းနေခဲ့ချေပြီ။
ပြောရမည်ဆိုလျှင် ကပ်ဘေး ကတ်ပြားနှင့် ထိုလောင်းကစား ကတ်ပြားတို့မှလွဲ၍ ဤအမျိုးသမီး၏ အကြီးမားဆုံး ဝှက်ဖဲမှာ အလက်ဇီဟု အမည်ရသော စက်ယန္တရား သက်ရှိပင် ဖြစ်လေ၏။
ထို့ကြောင့် သူမ၏ ရထားပေါ်တွင် ပစ္စည်းများစွာ မရှိခဲ့ချေ။ မျက်ရည်နီတို့၏ သုတ်သင်ခြင်းကို ခံလိုက်ရသော စက်ယန္တရား တပ်ဖွဲ့အများစုမှလွဲ၍ အတော်လေး အကောင်းပကတိကျန်ရှိနေကာ သူ သဘောကျမိသောအရာများမှာ မြေပြင်သုံး စက်ရုပ်ကြီး ဆယ့်သုံးရုပ်ဖြစ်ပြီး ၎င်းတို့အနက် ဆယ့်နှစ်ရုပ်မှာ အဆင့် ၄ ဖြစ်ကာ တစ်ရုပ်တည်းသာ အဆင့် ၅ သို့ ရောက်ရှိထားလေသည်။
ရဲချီယန်က အဆင့် ၅ စက်ရုပ်ကို သိမ်းဆည်းထားလိုက်ပြီး ကျန်ရှိနေသည်များအားလုံးကို လောဘတကြီး စားသောက်ခြင်း နတ်ဆိုးအား ဝါးမျိုခိုင်းလိုက်လေ၏။
ဤကောင်က စစ်မြေပြင်အတွက် အလွန် သင့်လျော်လှပေသည်။
တိုက်ပွဲတစ်ပွဲက သူ့ကို အတော်လေး ကျေနပ်သွားစေခဲ့၏။
မျက်ရည်နီတို့ ဖျက်ဆီးပစ်လိုက်သောအရာများကို ဖယ်ထုတ်လိုက်မည်ဆိုလျှင်ပင် သူက စစ်ပွဲဝင် စက်ယန္တရားများ၊ လူသားပုံစံ စက်ရုပ်များနှင့် အကြီးစား တိုက်ခိုက်ရေး ဒရုန်း ခုနစ်ဆယ့်နှစ်ခုကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်နိုင်စွမ်း ရှိနေပြီ ဖြစ်လေသည်။
တစ်နည်းအားဖြင့်ဆိုရသော် ၎င်းကိုလည်း စက်ယန္တရား တပ်ဖွဲ့တစ်ခုဟု မှတ်ယူ၍ ရနိုင်ပေသည်။
အကျိအချွဲများမှတစ်ဆင့် အသွင်ပြောင်းထားခြင်း ဖြစ်လင့်ကစား။
ထို့အပြင် ဤ ရထားပေါ်တွင် အထူး ပစ္စည်းတစ်ခုကိုလည်း သူ ရှာတွေ့ခဲ့သေးလေ၏။
[အစီအစဉ် စာအုပ် (အဆင့် ၁)]
[ရရှိထားသော ကတ်ပြား အစီအစဉ် အချက်အလက်များကို အချိန်မရွေး ကြည့်ရှုနိုင်ရန် ၎င်းအတွင်းသို့ မှတ်တမ်းတင်ထားနိုင်သည်]
[လက်ရှိ - ချိတ်ဆက်မထားသော အခြေအနေ]
[မှတ်တမ်းတင်ထားသော ကတ်ပြား အစီအစဉ် - မရှိပါ]
[ချိတ်ဆက်မည်လား]
ကတ်ပြား အစီအစဉ်ကို မှတ်တမ်းတင်ဖို့ သီးသန့် အသုံးပြုတဲ့ စာအုပ်လား။
ဒါဆို ကတ်ပြား အစီအစဉ်နဲ့ သက်ဆိုင်တဲ့ ဒီလိုပစ္စည်းမျိုးလည်း ရှိနေတာပဲ။
သို့သော် ဤအရာက အဘယ်ကြောင့် အဆင့် ၁ သာ ဖြစ်နေရသနည်း။
သေချာ စဉ်းစားကြည့်မည်ဆိုလျှင် ဤကမ္ဘာသို့ သူ ဝင်ရောက်လာကတည်းက အဆင့် ၁ ပစ္စည်းများကို သူ အတော်လေး တွေ့ရခဲလှပေသည်။
ယခု ဤနေရာတွင် နံပါတ် ၁ ကို မြင်တွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ချိတ်ဆက်မယ်"
ချိတ်ဆက်မှု အောင်မြင်သွားလေ၏။
ရဲချီယန်က ဤပစ္စည်း၏ အစစ်အမှန် အသုံးဝင်ပုံကိုလည်း နားလည်သဘောပေါက်သွားခဲ့သည်။
အမည်နှင့်လိုက်ဖက်စွာပင် မှတ်တမ်းတင်ခြင်း ဖြစ်ပေ၏။
သူ ပိုင်ဆိုင်ထားသော ကတ်ပြား အစီအစဉ်များကိုသာ ၎င်းပေါ်တွင် မှတ်တမ်းတင်နိုင်ခြင်း မဟုတ်ချေ။
ထိုအစား သူ သိရှိထားသော ကတ်ပြား အစီအစဉ်များ အားလုံး၏ အမည်များက ၎င်းပေါ်တွင် ထွက်ပေါ်လာမည် ဖြစ်လေသည်။
သူ ပိုင်ဆိုင်ထားသောအရာများအပြင် မွန်ရိုးဂျီနာ၏ ယဇ်ပူဇော်ခြင်း ကတ်ပြား၊ ရိုင်ယန်၏ လောင်းကစား ကတ်ပြား · ရူးလက် နှင့် RUN ကုမ္ပဏီ သူဌေး၏ လောင်းကစား ကတ်ပြား · တရားမျှတသော စစ်တလင်း တို့ပါ ပါဝင်လေ၏။ အချုပ်အားဖြင့်ဆိုရသော် သူ သိရှိထားသရွေ့ ၎င်းပေါ်တွင် မှတ်တမ်းတင်ထားမည်သာ ဖြစ်ပေသည်။
"အသုံးဝင်သလိုလိုနဲ့ သိပ်အသုံးမဝင်သလိုပဲနော် အင်း... အဆင့်မြင့် အသွင်ကူးပြောင်းခြင်း စမ်းကြည့်ရမလား"
မည်သို့ပင်ဖြစ်စေ ၎င်းက အဆင့် ၁ သာ ဖြစ်ပြီး တန်ဖိုးများစွာ သုံးစွဲရမည် မဟုတ်ချေ။
ရဲချီယန်က တုံ့ဆိုင်းမနေခဲ့ပေ။
သူ၏ ပါရမီကို အသုံးပြုလိုက်လေ၏။
စိတ်စွမ်းအား အနည်းငယ်က ၎င်းအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
တောက်ပသော မိုးပြာရောင် အလင်းတန်းက စာအုပ်ကို ဖုံးအုပ်သွားလေတော့၏။
[စိတ်စွမ်းအား - ၁၅၂ မှ ၁၄၄ သို့]
အီဘိုနီဖြင့် RUN ကုမ္ပဏီ သူဌေးကို သတ်ဖြတ်လိုက်ချိန်တွင် သူမ၏ ကျန်ရှိနေသော စိတ်စွမ်းအားများကို သူ လုယူခဲ့လေရာ များပြားလှသည်မဟုတ်သော်လည်း တစ်စိတ်တစ်ပိုင်း ပြန်လည်ပြည့်ဖြိုးသွားစေခဲ့ပေသည်။
ဤ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း က တစ်စက္ကန့်သာ ကြာမြင့်ခဲ့ပြီး စိတ်စွမ်းအား ဆယ်မှတ်ပင် မကုန်ကျခဲ့ချေ။
အဆင့် ၁ ပစ္စည်းများ၏ သုံးစွဲမှုမှာ သူ့အတွက် သနားစရာကောင်းလောက်အောင် နည်းပါးလှပေသည်။
ထို့အပြင် ဤစာအုပ်၏ အလားအလာများမှာလည်း ကုန်ခန်းသွားခဲ့ပြီ ဖြစ်လေ၏။
၎င်းက တကယ်ပဲ သာမန် ပစ္စည်းတစ်ခု သက်သက်လား။ ကတ်ပြား အစီအစဉ်နဲ့ ပတ်သက်နေရုံပဲလား။
ရဲချီယန်က ခေါင်းခါရမ်းလိုက်လေ၏။
၎င်းကို အကဲဖြတ်ရန် စနစ်၏ အလင်းမျက်နှာပြင်ကို ပေါ့ပေါ့ပါးပါးပင် ခေါ်ယူလိုက်သည်။
[အစီအစဉ် စာအုပ် (အဆင့် ၂)]
အမည်မှာ ပြောင်းလဲသွားခြင်း မရှိပေ။
[ကတ်ပြား အစီအစဉ်ကို မှတ်တမ်းတင်သည်]
စွမ်းရည်မှာလည်း ပြောင်းလဲသွားခြင်း မရှိချေ။
[မှတ်ချက် - အကယ်၍ ချိတ်ဆက်ထားသူက ကတ်ပြား အစီအစဉ် တစ်မျက်နှာပြည့်အောင် စုဆောင်းနိုင်မည်ဆိုလျှင် ဆက်စပ်နေသော ပြောင်းလဲမှုအချို့ကို ဖြတ်သန်းရနိုင်ကောင်း ဖြတ်သန်းရနိုင်လိမ့်မည်]
[မှတ်ချက် ၂ - ဤအမည်မသိ ပြောင်းလဲမှုသည် ပထမဆုံးအကြိမ် စုဆောင်းမှု ပြီးစီးချိန်တွင်သာ အသက်ဝင်မည် ဖြစ်သည်]
ဟင်။
စနစ် မှတ်ချက် နှစ်ခု ထပ်တိုးလာခဲ့လေ၏။
ကတ်ပြား အစီအစဉ် များကို စုဆောင်းရင် ပြောင်းလဲသွားမယ် ဟုတ်လား။
အဆင့် ၂ ပစ္စည်းတစ်ခုက ဘယ်လို ပြောင်းလဲမှုမျိုးများ ရှိလာနိုင်မှာလဲ။
"အတော်လေး လျှို့ဝှက်ဆန်းကြယ်တာပဲ"
သူက ၎င်းကို များစွာ ဂရုမစိုက်တော့ချေ။
အကယ်၍ ကတ်ပြား အစီအစဉ် တစ်ခုခုကသာ ဤပြောင်းလဲမှုကို အသက်ဝင်စေနိုင်မည်ဆိုပါက ၎င်းမှာ နတ်ဆိုး ကတ်ပြား သာ ဖြစ်ပေလိမ့်မည်။
မည်သည့်အချိန်တွင် စုဆောင်းမှု ပြီးစီးမည်ကိုသာ မသေချာခြင်း ဖြစ်လေ၏။
ဤရထားပေါ်ရှိ မီးခံသေတ္တာတစ်ခုထဲတွင် နောက်ဆုံးအနေဖြင့် ရထားဒင်္ဂါး ၁၄၀ ကို သူ စုဆောင်းရရှိခဲ့ပြီး သူ၏ ရိတ်သိမ်းမှုများမှာ ဤမျှသာ ဖြစ်လေတော့သည်။
ဤ RUN ကုမ္ပဏီ သူဌေးတွင် အခြားပစ္စည်းများလည်း ရှိကောင်း ရှိနိုင်ပေသည်။
သို့သော် သူမ၏ သေဆုံးမှုနှင့်အတူ ၎င်းတို့အားလုံးမှာ အမည်မသိ နေရာတစ်ခုခုတွင် ဖုံးကွယ်သွားမည်သာ ဖြစ်လေ၏။
ရဲချီယန်က နှမြောတသ မဖြစ်မိချေ။
သူ မရနိုင်သောအရာမှာ သူပိုင်ဆိုင်ရန် ကံပါမလာခြင်းသာ ဖြစ်ပေမည်။ သူ အမှန်တကယ် လိုချင်နေခြင်း မဟုတ်ပါက အချိန်နှင့် စိတ်ခံစားမှုများကို ဖြုန်းတီးနေရန် မလိုအပ်ချေ။
"ဒါပဲ ကျန်တော့တယ်"
နောက်ဆုံး ရိတ်သိမ်းမှု။
စက်ယန္တရား သက်ရှိ အလက်ဇီ၏ ဦးနှောက်ထဲမှ တူးထုတ်ယူလာခဲ့သော အနက်ရောင် အတုံးလေးပင်။
၎င်းမှာ စိတ်စွမ်းအား တုံး တစ်ခုနှင့် အလွန် ဆင်တူလေ၏။
အရောင်သာ ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။
သို့သော် ဤအရာကို အသုံးပြုလိုက်ခြင်းက စက်ယန္တရား သက်ရှိတစ်ခုကို အဆင့် ၁၂ အထိ အမှန်တကယ် မြှင့်တင်ပေးနိုင်ခဲ့သည်။
အနည်းငယ် လျော့ရဲနေသည်ဆိုသော်ငြား အဆင့် ၁၂ တော့ ဖြစ်နေဆဲ မဟုတ်ပါလော။
၎င်းကို အကဲဖြတ်ရန် သူက အလင်းမျက်နှာပြင်ကို ခေါ်ယူလိုက်လေ၏။
[ချောက်နက် အတုံး]
[စက်ယန္တရား သက်ရှိတစ်ခုတွင် တပ်ဆင်ကာ ၎င်းကို ချောက်နက် မုဒ် ရရှိစေနိုင်သည်]
[ချောက်နက် မုဒ် - လူသား နှလုံးသား ဆယ့်နှစ်ခုကို ယဇ်ပူဇော်ရမည်၊ စိတ်စွမ်းအား ကို ၁ မှတ်အထိ လျှော့ချပစ်မည်၊ အဆင့်ကို ၁ ဆင့်မှ ၂ ဆင့်အထိ ကျပန်း တိုးမြှင့်ပေးမည် (အမြင့်ဆုံး အဆင့် ၁၂)၊ စွမ်းရည်အားလုံးကို မြှင့်တင်ပေးပြီး တိုက်ခိုက်မှုများတွင် ချောက်နက် တိုက်စားခြင်း အကျိုးသက်ရောက်မှုကို ပေါင်းထည့်ကာ ပစ်မှတ်၏ စိတ်စွမ်းအား ကို လျှော့ချပစ်မည်ဖြစ်ပြီး ချောက်နက် မီးတောက်များကို ခန္ဓာကိုယ်တွင် ကပ်တွယ်စေရန် ဆင့်ခေါ်နိုင်သည်]
[မှတ်ချက် - ဤအတုံးသည် ၎င်း၏ ဉာဏ်ရည်ကို တစ်ကြိမ် ဖွင့်လှစ်ပြီးဖြစ်သည်၊ အတွင်းရှိ ဉာဏ်ရည်မှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သော်လည်း မှတ်ဉာဏ်များ ကျန်ရှိနေသေးသည်။ ကျေးဇူးပြု၍ သတိထား အသုံးပြုပါ]
နည်းနည်းတော့... အမှိုက်ကျနေတာပဲ...
မဟုတ်ဘူး၊ တခြားသူတွေအတွက်တော့ ကောင်းချင်ကောင်းနိုင်ပေမဲ့ ရဲချီယန်ကတော့ ၎င်းကို သိပ်ပြီး သဘောမကျလှချေ။
မှတ်ဉာဏ် အကြွင်းအကျန်တွေလား။ လူသား နှလုံးသားတွေကို ယဇ်ပူဇော်ရမယ် ဟုတ်လား။
ဤအရာက ဘယ်လိုကြည့်ကြည့် ကောင်းမွန်တဲ့ အဆင့်မြှင့်တင်ရေး ပစ္စည်းတစ်ခုနဲ့ မတူချေ။
ရဲချီယန်က နှုတ်ခမ်းကို တွန့်လိုက်မိပြီး ဖော်ပြချက်၏ အဆုံးရှိ မှတ်ချက်များကို မြင်လိုက်ရချိန်တွင် ၎င်းကို ပို၍ပင် စိတ်မဝင်စားတော့ချေ။
သူ၏ စက်ယန္တရား လက်အောက်ငယ်သားများတွင် အခြားသူများ၏ မှတ်ဉာဏ်များ ရှိနေစေရန် သူ မလိုလားပေ။
အလက်ဇီ၏ မှတ်ဉာဏ် အကြွင်းအကျန်များက ပြဿနာတစ်ခုခု ဖန်တီးလာမည်လားဆိုသည်ကို မည်သူက သိနိုင်မည်နည်း။
ဒါဆို ၎င်းကို ဘယ်လို ဖြေရှင်းရမလဲ။
ရဲချီယန်က အတွေးနက်သွားလေ၏။
ရောင်းလိုက်ရမလား။
ဒါက အကြံကောင်းတစ်ခုပဲ။
ဤအရာက ပိုက်ဆံအများကြီး တန်သင့်ပေသည်။
၎င်းကို မှောင်ခိုဈေးကွက် ထဲသို့ ပစ်ထည့်လိုက်ပါက သူ၏ အဖွဲ့ဝင်အဆင့်ကိုပင် မြှင့်တင်ပေးနိုင်ကောင်း မြှင့်တင်ပေးနိုင်လိမ့်မည်။
"ဆုံးဖြတ်ပြီးပြီ"
သူက ချောက်နက် အတုံး ကို ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်လေ၏။
ရဲချီယန်က သူ၏ ရထားပေါ်သို့ ပြန်သွားလိုက်ပြီး ကောင်းကင်ယံထက်တွင် ရှိနေဆဲဖြစ်သော အမဲလိုက် စက်ယန္တရားနဂါး ကိုပါ တစ်ပါတည်း ရုပ်သိမ်းလိုက်ကာ ရထားခေါင်မိုးပေါ်တွင် ထိုင်လျက် ပွဲကို ဆက်လက် စောင့်ကြည့်နေခဲ့လေသည်။
မွန်ရိုးဂျီနာက နတ်ဘုရားကို ကိုင်တွယ်ဖြေရှင်းနေပြီး ရိုင်ယန်က ဂါလို ဟုခေါ်သောသူကို ကန့်သတ်ထားလေ၏။ အကာအကွယ်ကို အဆက်မပြတ် တိုက်ခိုက်နေကြသော အပြင်ဘက်ရှိ ဆွေးမြည့်ခြင်း တမန်တော် များမှာလည်း စစ်ကြောရေးခုံရုံး ၏ စစ်ကြောရေးမှူး များ၏ အဆက်မပြတ် သုတ်သင်ရှင်းလင်းခြင်းကို ခံနေကြရပေသည်။
ဒါဆို ဒါပဲလား။
မွန်ရိုးဂျီနာနဲ့ စစ်ကြောရေးခုံရုံး ကို ကိုင်တွယ်ဖြေရှင်းမယ့် ကြီးကျယ်ခမ်းနားလှတဲ့ အစီအစဉ်ကြီးဆိုတာ ဒီလောက်ပဲလား။
မဟုတ်ပေ၊ သူ တွေးတာ လွန်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်လေ၏။
အကယ်၍ မွန်ရိုးဂျီနာ၏ ယဇ်ပူဇော်ခြင်း ကတ်ပြား နှင့် သူမ၏ သတင်းကွန်ရက်ကသာ အစီအစဉ်တစ်ခုလုံးကို ကြိုတင်သိရှိကာ ပြင်ဆင်မထားခဲ့လျှင် ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။
"ဒီနောက်တော့ ငါ လုပ်စရာ ဘာမှ မရှိလောက်တော့ဘူး မဟုတ်လား"
"သူတို့ ပြီးတဲ့အထိ စောင့်ပြီးရင် ထွက်သွားရုံပဲ..."
ထိုအချိန်လေးမှာပင် ဝုန်းခနဲ
ရုတ်တရက် ကောင်းကင်ယံထက်တွင် နားကွဲလုမတတ် မိုးကြိုးမြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
မွန်ရိုးဂျီနာနှင့် ရပ်ဆဲလ်၏ ခန္ဓာကိုယ်ကို နေရာယူထားသော ဆွေးမြည့်ခြင်း နတ်ဘုရား တို့ လေဟာနယ်အလယ်တွင် ထွက်ပေါ်လာကြလေတော့သည်။
အခန်း (၂၆၀)
"မင်းလို သေးနုတ်တဲ့ လူသားတစ်ယောက်က မင်းလို သောက်ကျိုးနည်း ရထားမောင်းနှင်သူ တစ်ယောက်က"
ဆွေးမြည့်ခြင်း နတ်ဘုရားက နားကွဲလုမတတ် ဟိန်းဟောက်လိုက်လေ၏။
၎င်းက အတော်လေး သနားစရာကောင်းပုံရပေသည်။ လက်တစ်ဖက်မှာ ပြတ်ထွက်သွားခဲ့ချေပြီ။ ထို့အပြင် ပြန်လည်နာလန်ထူလာမည့် အရိပ်အယောင် လုံးဝမရှိချေ။
တစ်ဖက်တွင် ရပ်နေသော မွန်ရိုးဂျီနာကမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်လေ၏။
သူမက ယခင်ကအတိုင်း တည်ငြိမ်အေးဆေးစွာပင် ရှိနေဆဲဖြစ်သည်။ သူမ၏ လက်ထဲရှိ တောင်ဝှေးဓားက ညင်သာစွာ လည်ပတ်နေ၏။ ယဇ်ပူဇော်မှု၏ စွမ်းအားများက သူမ၏ ဝန်းကျင်တွင် ရစ်ခွေနေလေသည်။
"သေးနုတ်တယ် ဟုတ်လား တကယ်ကို မာနကြီးတာပဲ"
"ဟီးဟီး"
"မိုက်မဲတယ်၊ သတ္တိကြောင်တယ်၊ အရည်အချင်းမရှိဘူး"
"ကြီးမားတဲ့ စွမ်းအားကို ရရှိထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်က ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ခေါ်ပြီး အရာအားလုံးကို တတ်စွမ်းနိုင်တဲ့ အထက်တန်းလွှာ တစ်ယောက်လို့ တကယ်ကြီး ထင်နေတာလား"
"မင်းတို့လို အကောင်တွေက ငါ့အတွက် လူလိမ်မ တစ်ယောက်ထက်တောင် ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသေးတယ်"
ဆွေးမြည့်ခြင်း နတ်ဘုရားက အလွန်တရာ မကျေမနပ်ဖြစ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်လေ၏။
"ဘာလို့ အကာအကွယ်က ဒီမှာ ရှိနေသေးတာလဲ ဘာလို့ ငါ့ရဲ့ တမန်တော်တွေက အပြင်မှာ ပိတ်ဆို့ခံထားရတုန်းပဲလဲ"
"သေနာမ လူသားတွေ၊ သူတို့ ကတိဖျက်လိုက်တာများလား"
ဒါက အစီအစဉ် မဟုတ်ဘူးလေ။
ဒီအချိန်ဆို အဲ့ဒီ လူသားတွေက စစ်ကြောရေးခုံရုံး ကို သိမ်းပိုက်ပြီး အကာအကွယ်ကို အတွင်းကနေ အသက်သွင်းရမှာ မဟုတ်ဘူးလား။ ပြီးတော့ သူ့ရဲ့ တမန်တော်တွေနဲ့ အပြင်ဘက်က အင်အားစုတွေကို အထဲဝင်ခွင့်ပေးပြီး ကတ်ပြား အစီအစဉ် ကိုင်ဆောင်ထားတဲ့ ဒီလူသားကို ဝိုင်းရမှာ မဟုတ်ဘူးလား။
ဘာလို့ အောက်ဘက်က တိတ်ဆိတ်နေရတာလဲ။
ဘာမှ မဖြစ်ခဲ့ဘူးလား။
သူ လှည့်စားခံလိုက်ရတာလား။
မဟုတ်ဘူး၊ ငါ နောက်ဆုတ်မှ ဖြစ်မယ်။ ဤခန္ဓာကိုယ်က ဆွေးမြည့်ခြင်း တမန်တော် အဖြစ် အသွင်ပြောင်းထားပြီး ၎င်း၏ အသိစိတ်နှင့် စွမ်းအားအများစုကို သယ်ဆောင်နိုင်သည်ဆိုသော်ငြားလည်း အဆုံးတွင်တော့ အလွန်တရာ နုနယ်လွန်းလှပေသည်။ အမှန်တကယ်တော့ ၎င်းက ဤခန္ဓာကိုယ်ကို အတော်လေး သဘောကျမိလေ၏။
နတ်ဘုရားများကို လွင်တီးခေါင်ပြင် အတွင်းသို့ ဝင်ရောက်ခွင့် မပြုချေ။
တကယ်လို့များ။ ယုံကြည်သူတစ်ဦးက သူ၏ ခန္ဓာကိုယ်ကို ယဇ်ပူဇော်ပြီး ၎င်းတို့ကို ထိုခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခွင့်ပေးကာ နတ်ဘုရားတစ်ပါးအဖြစ် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားနိုင်မည်ဆိုလျှင် ဤ လွင်တီးခေါင်ပြင် တွင် ဆက်လက်နေထိုင်နိုင်ရန်အတွက် အခွင့်အရေး ရရှိနိုင်ပေသည်။
သူတို့ နတ်ဘုရားတွေ လွင်တီးခေါင်ပြင် ကို ဝင်ရောက်ချင်နေကြတယ်။
ဤအတွေးနှင့်အတူ။ ဆွေးမြည့်ခြင်း နတ်ဘုရားသည် နောက်ဆုတ်ရန် ရည်ရွယ်ချက်များကို စတင် မွေးဖွားနေပြီ ဖြစ်လေ၏။
၎င်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အလုပ်လုပ်နေဆဲဖြစ်သော အစားထိုး အခွင့်အာဏာ အတုံး ကို ကြည့်လိုက်သည်။ ၎င်းကို ဖြတ်သန်းသွားနိုင်သရွေ့တော့ ဤအထီးကျန်ဆန်သော နေရာမှ တိုက်ရိုက် ထွက်ခွာသွားနိုင်မည် ဖြစ်လေ၏
ထို့ကြောင့် ၎င်းက အခွင့်အရေးတစ်ခုကို ရှာဖွေကာ မွန်ရိုးဂျီနာ၏ တိုက်ခိုက်မှုမှ အတင်းအဓမ္မ ရုန်းထွက်လိုက်ပြီး မြေပြင်ဆီသို့ ပြေးဆင်းသွားလေတော့သည်။
ထွက်ခွာတော့မည့် အချိန်လေးမှာပင်။
ဆွေးမြည့်ခြင်း နတ်ဘုရားက ရထားခေါင်မိုးပေါ်တွင် ထိုင်နေသော ရဲချီယန်ကို ရုတ်တရက် သတိပြုမိသွားလေ၏။
အကယ်၍ သာမန် လူသား ရထားမောင်းနှင်သူ တစ်ယောက်သာဆိုလျှင်တော့ ကိစ္စမရှိပေ။
ဒါပေမဲ့
ထူးဆန်းသော တိုက်ဆိုင်မှုတစ်ခုအလား ဤလူသားထံမှနေ၍ သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေသော စွမ်းအားတစ်ခုကို ၎င်း ခံစားလိုက်ရလေသည်။
ဒါက ဘယ်လို စွမ်းအားမျိုးလဲ။
ဒီလောက်တောင် ရင်းနှီးနေတဲ့ ခံစားချက်မျိုး။
မကြာသေးခင်ကမှ တစ်ယောက်ယောက် ဖော်ပြခဲ့ဖူးသလိုပဲလား။
ဂေါ်ဘလင် နတ်ဘုရား ရဲ့ ပထမမြောက် တမန်တော်က လွင်တီးခေါင်ပြင် ထဲကို ခိုးဝင်သွားပြီး ဘုရားစူး ကတ်ပြားရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်ကို မြင်တွေ့ခဲ့ရတယ်လို့ ပြောခဲ့ဖူးတယ် ထင်တယ်။
နေပါဦး။
သူများ ဖြစ်နေမလား။
ထိုနေရာတွင် ထိုင်နေသော ရဲချီယန်က အနီးသို့ ချဉ်းကပ်လာသော ဆွေးမြည့်ခြင်း နတ်ဘုရားကို ကြည့်ရင်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားရလေ၏။
"ဒီနေ့ ငါများ ကံဆိုးခြင်းတွေနဲ့ လုံးပန်းနေရတာလား"
အဆုံးအစမရှိတဲ့ နှောင့်ယှက်မှုတွေ။
တကယ်ကိ။ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။
ဒါဆိုရင်လည်း ကွက်တိပဲ။
ဒီ ဘုရားစူး ကတ်ပြားရဲ့ စွမ်းအားကို သူ့ကို စမ်းကြည့်ခိုင်းရမှာပေါ့။
တရားသူကြီး။
[စွပ်စွဲခြင်း]
တရားမျှတမှု အမှတ်အသား။ တခြားသူများ မမြင်နိုင်ချေ။ ရဲချီယန် တစ်ယောက်တည်းသာ မြင်နိုင်လေ၏။
ပစ်မှတ်အပေါ် အမှတ်အသား သတ်မှတ်လိုက်ပြီးနောက်။
နတ်ဘုရား၏ ခေါင်းပေါ်တွင် လင်းလက်နေသော ချိန်ခွင် အမှတ်အသားက တောက်ပစွာ လင်းထိန်လာခဲ့လေ၏။
မျက်ရည်နီနှင့် လီဆက်တို့က ရှေ့တွင် ရပ်နေကြသည်။ သူတို့က နတ်ဘုရား၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေကြလေ၏။
သို့သော်ငြား
မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ဆွေးမြည့်ခြင်း နတ်ဘုရားတွင် အနီးသို့ ချဉ်းကပ်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။
၎င်းက ရဲချီယန်၏ ရထားကို ရှောင်ကွင်းသွားခဲ့၏။ ထို့နောက် အစားထိုး အခွင့်အာဏာအတုံး ဆီသို့ အလျင်အမြန် ပျံသန်းသွားလေတော့သည်။
"လူသား၊ နောက်တစ်ခါ ငါတို့ တွေ့ရင် အဲ့ဒါ မင်းရဲ့ သေနေ့ပဲ"
ကြမ်းတမ်းသော ခြိမ်းခြောက်မှုတစ်ခု ချန်ရစ်ထားခဲ့ပြီးနောက် မိမိကိုယ်ကိုယ် နတ်ဘုရားဟု ခေါ်ဆိုနေသော ဤကောင်က
ထိုအတုံးမှတစ်ဆင့် ဤနေရာမှ တိုက်ရိုက် ထွက်ပြေးလွတ်မြောက်သွားခဲ့ချေပြီ။
"??"
ထွက်ပြေးသွားတယ် ဟုတ်လား။
မွန်ရိုးဂျီနာနှင့် ၎င်း၏ တိုက်ပွဲက သေချာပေါက် ရှုံးနိမ့်တော့မည့် အခြေအနေအထိ ရောက်ရှိမနေသေးဘူး မဟုတ်ဘူးလား။
"နောက်တစ်ခါ တွေ့ရင် အဲ့ဒါ ငါ့ရဲ့ သေနေ့ပဲ ဟုတ်လား"
"အင်း... မင်းက ဒီလိုပြောလာမှတော့..."
တရားသူကြီး က သူ၏ လက်ဝါးထဲတွင် လည်ပတ်နေလေ၏။
ရဲချီယန်က ခေါင်းမော့ကာ ကောင်းကင်ယံရှိ မွန်ရိုးဂျီနာကို ပြုံးပြလိုက်သည်။ ထို့နောက် ချက်ချင်းပင်။
ဖြားယောင်းသွေးဆောင်ခြင်း ထွက်ပေါ်လာခဲ့ပြီ
တစ်ချိန်တည်းမှာပင် မုန်တိုင်းမျက်လုံး ကျောက်တုံး က အပြင်ဘက်သို့ ပြန့်ကားသွားခဲ့လေ၏။
ထို့နောက် ချက်ချင်းပင်။
ဘုန်း
မည်သည့်နေရာမှန်းမသိ ထွက်ပေါ်လာသော ခေါင်းလောင်းထိုးသံကြီးတစ်သံက မြည်ဟည်းလာလေ၏။
စစ်ကြောရေးခုံရုံး မှ ယခုလေးတင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော ဆွေးမြည့်ခြင်း နတ်ဘုရားမှာ ကျပန်း အဆင့်နိမ့် ဘူတာရုံကမ္ဘာ တစ်ခုဆီသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
ဤနေရာကား RUN ကုမ္ပဏီ ၏ အစားထိုး အခွင့်အာဏာ က သတ်မှတ်ထားပေးသော နေရာပင် ဖြစ်ပေသည်။
ရပ်ဆဲလ်၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသော ၎င်းအနေဖြင့် ဤအဆင့်နိမ့် ဘူတာရုံကို တဖြည်းဖြည်း အဆင့်မြှင့်တင်ရန် နှစ်အနည်းငယ်သာ အချိန်ယူရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပိုမိုများပြားသော ရထားမောင်းနှင်သူများကို ဝင်ရောက်လာအောင် ဆွဲဆောင်ကာ ၎င်း၏ ယဇ်ကောင်များနှင့် ရိက္ခာများအဖြစ်သို့ ပြောင်းလဲပစ်နိုင်မည် ဖြစ်လေ၏။
"ငါ့ရဲ့ မူလပစ်မှတ်တော့ မဟုတ်ပေမဲ့ အဲ့ဒီ လူမိုက်တွေ ငါ့အတွက် ပြင်ဆင်ပေးထားတဲ့ ဒီခန္ဓာကိုယ်က မဆိုးပါဘူး ဟက်၊ ငါ ဗိုက်ဝသွားရင်..."
၎င်း၏ ရေရွတ်သံမှာ မဆုံးသေးချေ။
ရှင်းပြ၍မရနိုင်သော ကြောက်ရွံ့မှုတစ်ခုက ဆွေးမြည့်ခြင်း နတ်ဘုရား၏ နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့လေ၏။
ဘာတွေ ဖြစ်တော့မလို့လဲ။ ဘာတွေ ဖြစ်နေတာလဲ။
၎င်း... ၎င်း တုန်ရီနေခဲ့သည်။
ဤသည်ကား နတ်ဘုရားဟု ကြွေးကြော်ပြီးနောက် ဤအခိုက်အတန့်တွင် ၎င်း အကြောက်ရွံ့ဆုံးအရာနှင့် ရင်ဆိုင်ရစေသည့် ၎င်း၏ ပင်ကိုယ်အသိစိတ်ပင် ဖြစ်လေ၏။
"ဘုရား ဘုရားစူး၊ ဘုရားစူး ကတ်ပြား ရဲ့ စွမ်းအားလား ဘယ်တုန်းကလဲ ဘယ်သူလဲ အဲ့ဒီ လူသားလား ငါ အဲ့ဒီနေရာကနေ ထွက်လာခဲ့ပြီးပြီလေ"
ထွက်လာခဲ့တယ် ဟုတ်လား။
အင်းပေါ့။
ဒါဆို အနောက်ကို အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရုံပေါ့။
လူငယ်လေး တီးတိုးရေရွတ်လိုက်သော စကားလုံး နှစ်လုံးကို ၎င်း ကြားလိုက်ရလေ၏။
[ဖမ်းဆီးခြင်း]
ဘုန်း ဘုန်း ဘုန်း
၎င်းက စစ်ကြောရေးခုံရုံး သို့ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။
အသိစိတ် ပြန်လည်မရရှိသေးမီမှာပင်။ ဓားကိုင်ဆောင်ထားသော နတ်ဆိုး မိန်းကလေးက ၎င်း၏ အနောက်တွင် ရပ်နေပြီး ဓားကို ဝှေ့ယမ်းလိုက်လေ၏။
ခေါင်းဖြတ်ခြင်း
""
နာတယ် အရမ်း နာတယ်
"အား"
မသေနိုင်ဘူးဆိုပေမဲ့လည်း။ ဤလူသား ခန္ဓာကိုယ်ထဲသို့ ၎င်း၏ အသိစိတ်ကို ထည့်သွင်းထားရချိန်တွင် ခံစားရသော နာကျင်မှုမှာ အနည်းငယ်မျှ လျော့ပါးသွားမည် မဟုတ်ချေ။
"မင်း မင်း ဘယ်လိုအတင့်ရဲရတာလဲ"
ထို့နောက် ၎င်းကို မျှော်လင့်ချက် ကင်းမဲ့သွားစေသော မြင်ကွင်းတစ်ခုကို ၎င်း မြင်တွေ့လိုက်ရလေ၏။
အဲ့ဒါ ဘာကြီးလဲ။
အဲ့ဒါ ဘုရားစူး ကတ်ပြား လေ။
ပြီးတော့...
"နှစ်ခုတောင်လား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဘာလို့လဲ မဟုတ်ဘူး မဟုတ်ဘူး ငါ ဒီသတင်းကို အပြင်ရောက်အောင် ပို့မှရမယ်"
၎င်းက အစားထိုး အခွင့်အာဏာ အတုံး မှတစ်ဆင့် ထပ်မံ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်လေ၏။
သို့သော်ငြား
ရဲချီယန်က ၎င်းကို အခွင့်အရေး မပေးခဲ့ချေ။
ဖြားယောင်းသွေးဆောင်ခြင်း ထွက်ပေါ်လာခဲ့ပြီ
သူက ရင်းနှီးနေသော ထိုမေးခွန်းကို မေးလိုက်လေ၏။
"မင်း သေတော့မလို့လား"
ဆွေးမြည့်ခြင်း နတ်ဘုရားက အမှန်အတိုင်း ပြန်လည်ဖြေဆိုလိုက်သည်။
"ဟုတ်တယ်..."
လူငယ်လေး၏ မျက်နှာထက်တွင် ကျေနပ်သွားသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ကျီးကန်းနတ်ဆိုး က လေထုထဲတွင် လှည့်ပတ်ပျံဝဲကာ စူးရှသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
သေတော့မယ်။
ကောင်းတယ်။
"ငါ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်"
[တရားသူကြီး] တတိယမြောက် စွမ်းရည်။
[တရားစီရင်ခြင်း]
စာကြောင်းများ ၎င်းအပေါ်တွင် ထွက်ပေါ်လာခဲ့လေ၏။
["နတ်ဘုရား ID——C-07——ဆွေးမြည့်ခြင်း"]
[၎င်း၏ အပြစ်များမှာ ရေတွက်၍မရနိုင်ပါ၊ ၎င်း ကျူးလွန်ခဲ့သော အကြီးမားဆုံး အပြစ်မှာ - မိမိကိုယ်ကိုယ် နတ်ဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်]
[သေဒဏ် ချမှတ်လိုက်သည်]
[သေနတ်သံ တရားစီရင်ခြင်း အသက်ဝင်လာပါပြီ၊
အပြစ်ကင်းစင်သူကို အပြစ်ပေးခြင်း ပေါင်းထည့်လိုက်ပါပြီ]
[အသိစိတ်ကို ဆွဲထုတ်ခြင်း]
ဗိုင်းခနဲပင် ရပ်ဆဲလ်နှင့် လုံးဝ ကွဲပြားခြားနားသော ပုံရိပ်တစ်ခုက ၎င်း၏ ခန္ဓာကိုယ်ထဲမှ လွင့်မျောထွက်ပေါ်လာခဲ့လေ၏။
[တရားစီရင်ခြင်း အသက်ဝင်ပါသည်၊ ချက်ချင်း အကောင်အထည်ဖော်မည်]
[ဖျက်ဆီးမရဘူးလား မသေနိုင်ဘူးလား ဆွေးမြည့်ခြင်းလား ပြန်လည်မွေးဖွားခြင်းလား]
[အားလုံးကို ချိတ်ပိတ်လိုက်]
တရားသူကြီး ၏ စွမ်းအားများက ရဲချီယန်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြည့်နှက်သွားလေ၏။ သူ၏ လက်ထဲရှိ အီဘိုနီ မှာ တရားသူကြီး ၏ ရင့်မှိုင်းသော ရွှေရောင် စွမ်းအားများဖြင့် ဖုံးအုပ်ခံလိုက်ရသည်။
ဂုဏ်ပုဒ် ပေါင်းထည့်လိုက်ပြီ။
[ဘုရားသခင်များကို ဒေါသထွက်စေသူ]
[ဘုရားသခင်များကို ပြစ်မှားစော်ကားသူ]
သို့သော် မလုံလောက်သေးချေ၊ မလုံလောက်သေးပေ။
ဤကောင်ကို အဆုံးသတ်ရန်အတွက် ၎င်း၏ စွမ်းအားအားလုံးကို အတင်းအဓမ္မ ချိတ်ပိတ်ထားသည်ဆိုလျှင်တောင် ၎င်းကို သတ်ပစ်ရန် မလုံလောက်သေးချေ။
ဆက်ပြီး အဆင့်မြှင့်တင်ရမယ်။
ဆွေးမြည့်ခြင်း နတ်ဘုရားကလည်း ဤအရာကို သဘောပေါက်ပုံရလေ၏၊ အီဘိုနီ ပေါ်ရှိ စွမ်းအားများကို ကြည့်ရင်း ကြောက်ရွံ့နေသော်လည်း ၎င်းက မထီမဲ့မြင် ပြုနေဆဲပင်။
"မင်းဆီမှာ ဘုရားစူး ကတ်ပြား ရှိတော့ကော ဘာဖြစ်လဲ ဒီတိုက်ခိုက်မှုအပြီးမှာ ငါ အသက်ရှင်နေသေးသရွေ့ ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်ဆီကို ပြန်ရောက်သွားတဲ့အခါ မင်းကို အဆတစ်ထောင်လောက် ပြန်ပေးဆပ်ရအောင် လုပ်မယ်"
အင်းပေါ့
အကယ်၍ ၎င်းက အသက်ရှင်နိုင်ဦးမယ်ဆိုရင်ပေါ့လေ...
ဒါဆိုရင်လည်း ထပ်ပြီး ပြည်နှင်ဒဏ်ပေး ရုံပေါ့။
အင်း၊ တကယ်လို့ ၎င်းက တကယ်ပဲ အသက်ရှင်နိုင်မယ်ဆိုရင်လေ။
[ရွှေရောင် အပြင်းအထန်တိုက်ခိုက်မှု ကတ်ပြား (အဆင့် ၆)]
[စိတ်စွမ်းအား ၂၀ ကို သုံးစွဲရမည်၊ နောက်တိုက်ခိုက်မှုတွင် ရွှေရောင် အပြင်းအထန်တိုက်ခိုက်မှု အကျိုးသက်ရောက်မှုကို ပေါင်းထည့်ပေးမည်၊ စွမ်းအား အဆ ၅၀ တိုးမြှင့်ပေးမည်]
[အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် - ၃ / ၃]
[အသုံးပြုမည်လား - ဟုတ်ကဲ့ / ဟင့်အင်း]
[အသုံးပြုမယ်]