အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း ၂၁၇ - တက်လှမ်းခြင်းမပြုမီ ပြင်ဆင်မှုများ။
ယန်လော့ရှ တစ်ယောက် ဝေးကွာရာသို့ လုံးဝကွယ်ပျောက်သွားပြီးနောက်တွင်တော့ လင်းချန် သည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သတိခပြန်ဝင်လာကြရုံသာ ရှိသေးသည့် လင်းဟောက်ရန် နှင့် ယွမ်ချင်းရို တို့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။
"အဖေနဲ့အမေ... စိတ်အေးအေးထားပါ။ ကျွန်တော် တက်လှမ်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။"
"အခု ကျွန်တော်တို့ လုပ်သင့်တာက ဘိုးဘေးတွေအားလုံးကို တက်လှမ်းခြင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ အကုန်လုံး အသိပေးဖို့ပါပဲ။"
"ကောင်းကင်နဲ့မြေကြီး၏ နိယာမတရားတွေက ပြီးပြည့်စုံခြင်းကို ရောက်သွားပြီဆိုတော့ သူတို့တွေ မဟာဧကရာဇ် အဖြစ် ကျင့်စဉ်အဆင့် ချိုးဖျက်ဝင်ရောက်ဖို့ သိပ်မလိုတော့ဘူး။"
သူ၏အသံ ဆုံးသွားသည်နှင့် လင်းဟောက်ရန်နှင့် ယွမ်ချင်းရို နှစ်ဦးလုံးက တည်ငြိမ်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
အမှန်ပင်။ ဤကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းပြရမည်ဖြစ်သည်။ အကယ်၍ သူတို့သာ ဂရုမစိုက်ပါက ဘိုးဘေးများသည် ထျန်းယီနန်းတော် ၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားကြရန် အလွန်နီးစပ်လှသည်။
ဘိုးဘေးအချို့၏ ကျင့်စဉ်အဆင့်သည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် သို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။
ယခုအခါ ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများက ပြည့်စုံခြင်းသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ၎င်းတို့အနေဖြင့် ကျင့်စဉ်အသိအမြင် အနည်းငယ်မျှ ပိုမိုရရှိရုံဖြင့် ကျင့်စဉ်အဆင့် ချိုးဖျက်ဝင်ရောက်နိုင်ရန် အလွန်ပင် လွယ်ကူနေသည်။
ထိုသို့မဖြစ်မီ သူတို့အနေဖြင့် ဘိုးဘေးများအား ထျန်းယီနန်းတော် တည်ရှိမှုအကြောင်းကို ကြိုတင်သိရှိထားစေရမည်။
လင်းဟောက်ရန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ချန်အာ... အဲ့ဒီအသေးစိတ်အချက်အလက်တွေ အကုန်လုံးကို ငါ့ကိုပြောပြပါ။ ငါ သွားပြီး ဘိုးဘေးတွေကို အသိပေးလိုက်မယ်။"
"ဖြစ်နိုင်ရင်တော့ ဒီသတင်းကို တခြားအင်အားစုတွေကိုပါ ကြေညာပေးစေချင်တယ်။"
စကားမပြောဘဲ ရှိနေသည့် ယွမ်ချင်းရိုကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
ထျန်းယီနန်းတော်သည် တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိသတ္တဝါအားလုံး၏ ဘုံရန်သူဖြစ်ပြီး အခြားအင်အားစုများနှင့် လူမျိုးစုများသည်လည်း ယခင်က ရှေးဟောင်း လင်းမိသားစု ထံသို့ လာရောက်ကာ ၎င်းတို့၏ စေတနာကောင်းများကို ပြသခဲ့ကြဖူးသည်။
တက်လှမ်းခြင်းလမ်းကြောင်းက ထောင်ချောက်တစ်ခုဖြစ်သည်ဟူသော ဤမျှအရေးကြီးသည့် အချက်အလက်ကို အင်အားစုများနှင့် လူမျိုးစုအားလုံး သိရှိအောင် လုပ်ဆောင်ပေးရန် တကယ်ပင် လိုအပ်လှသည်။
ယင်းကို ကြားလိုက်ရသောအခါ လင်းချန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ ဒီကိစ္စကို အဖေပဲ ကိုင်တွယ်ဖြေရှင်းပေးဖို့ လွှဲလိုက်ပါတော့မယ်။ ကျွန်တော်ကတော့ ဒီအခွင့်အရေးကို သုံးပြီး အပျင်းကျနေလိုက်ရုံပေါ့။"
"ထျန်းယီနန်းတော်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့..."
သူ အရေးကြီးသော အကြောင်းအရာကို ပြောတော့မည်ကို သိသည်နှင့် လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည် ချက်ချင်းပင် အာရုံစိုက်လျက် နားထောင်လာကြတော့သည်။
ထို့နောက်တွင်တော့ လင်းချန်သည် ထျန်းယီနန်းတော်နှင့် ပျံတက်ခြင်းတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်အားလုံးကို ဖွင့်ဟပြောဆိုလိုက်သည်။
သက်ရှိသတ္တဝါအားလုံးကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ သူကိုယ်တိုင် တွေးဆမိထားသည့် အချက်များကိုလည်း ဖုံးကွယ်မထားဘဲ အမှန်အတိုင်း အကုန်ပြောပြခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သတ်မှတ်ချက် အသေးစိတ်အားလုံးကို သိရှိသွားပြီးနောက် လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည် နောက်တစ်ကြိမ် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားရပြန်သည်။
၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ သည် ထျန်းယီနန်းတော်အတွက် အမြဲတမ်း ငရဲတစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလား။
မဟာဧကရာဇ် ကျွမ်းကျင်သူများသည် သက်ရှိသတ္တဝါအားလုံးထက် ကျော်လွန်သွားနိုင်သည့်အခါ တက်လှမ်းခြင်းသည် အစပျိုးမှုအသစ်တစ်ခုဟု ထင်မှတ်ခဲ့ကြသော်လည်း တတ်လှမ်းခြင်းလမ်းကြောင်း၏ အဆုံးတွင် ၎င်းတို့ကို စောင့်ကြိုနေသည်မှာ ကျွန်ပြုခြင်းခံရမည့်အရေး ဖြစ်နေလိမ့်မည်ဟု ဘယ်သောအခါမှ တွေးမထားခဲ့မိကြချေ။
ကံကောင်းထောက်မစွာဖြင့် တာအိုပြည်နယ် ၃၀၀၀ ၏ ဘိုးဘေးများသည် တန်ပြန်နည်းလမ်းတစ်ခုကို ကြံဆထားနိုင်ခဲ့ကြသည်။
၎င်းတို့သည် တက်လှမ်းခြင်းလမ်းကြောင်းအတွင်း၌ ထွက်ပေါက်အသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ကြခြင်း ဖြစ်သည်။
တာအိုပြည်နယ် ၃၀၀၀ တွင် ၎င်းတို့အတွက် ရှေ့ကနေ လမ်းဖောက်ပေးခဲ့ကြသည့် မိစ္ဆာဘိုးဘေး နှင့် တာအိုဘိုးဘေးတို့ကဲ့သို့သော စီနီယာကျွမ်းကျင်သူကြီးများ ရှိနေခဲ့ခြင်းက တကယ်ကို ကံကောင်းလှပေသည်။
နာရီဝက်ခန့် ကြာပြီးနောက်...
လင်းဟောက်ရန်သည် အချက်အလက်အားလုံးကို အကြေအညက် တွေးတောပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"ချန်အာ... ငါ ဒီအချက်အလက်တွေကိုဘိုးဘေးတွေဆီ အရင်သွားပြီး အသိပေးလိုက်ဦးမယ်။"
"ဒါ့အပြင် နောက်ပိုင်းမှာ တာအိုပြည်နယ် ၃၀၀၀ ရဲ့ အမျိုးမျိုးသော အင်အားစုတွေကိုလည်း စုစည်းဖို့ လိုလိမ့်မယ်။ လောလောဆယ်တော့ မင်းနဲ့အတူ အချိန်ဖြုန်းပေးနိုင်ဖို့ ခက်လိမ့်မယ် ထင်တယ်။"
ဤနေရာသို့ ရောက်သောအခါ လင်းဟောက်ရန်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောသည်။
"မင်း ဘယ်အချိန်မှာ တက်လှမ်းဖို့ စိတ်ကူးထားလဲ။"
ယင်းကို ကြားရသောအခါ ယွမ်ချင်းရို၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ်များကို ဖုံးကွယ်မထားနိုင်တော့ချေ။
၎င်းတို့နှစ်ဦးလုံးသည် ဧကရာဇ်တစ်ပိုင်း ကျင့်စဉ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်
နိုင်ခဲ့ပြီ ဖြစ်သော်လည်းမဟာဧကရာဇ်ဖြစ်လာရန်အတွက်မူ အလှမ်းဝေးကွာနေသေးသည်။
အကယ်၍ ၎င်းတို့အနေဖြင့် အထက်ဘုံသို့ ပတက်လှမ်းနိုင်ရန် ဆိုပါက မည်မျှအထိ အချိန်ကြာမြင့်မည်ကို မပြောနိုင်ချေ။
တစ်နည်းအားဖြင့် ပြောရလျှင် လင်းချန် တက်လှမ်းသွားပြီးနောက် အချိန်အတော်ကြာအောင် ၎င်းတို့အနေဖြင့် သူ့ကို တွေ့မြင်နိုင်တော့မည်မဟုတ်ချေ။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကပင် လုံလောက်အောင် ကြာမြင့်လှပြီဖြစ်သည်။ ၎င်းတို့ ပြန်လည်ဆုံတွေ့ရုံသာ ရှိသေးပြီး ယခုတစ်ကြိမ်တွင် ထပ်မံ၍ ခွဲခွာကြရဦးမည်လော။
၎င်းတို့၏ အမူအရာများကို သတိပြုမိလိုက်သဖြင့် လင်းချန်သည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး စိတ်အလိုမကျစွာဖြင့် သူ၏နဖူးကို ရိုက်လိုက်မိသည်။
"ဪ... ဟုတ်သားပဲ ကျွန်တော် အဖေတို့အမေတို့ကို တစ်ခုပြောဖို့ မေ့သွားတယ်။"
"တာအိုပြည်နယ် ၃၀၀၀ ရဲ့ ကောင်းကင်ဘုံတာအိုရဲ့ အကူအညီနဲ့ ကျွန်တော် အထက်ဘုံကို တက်လှမ်းသွားပြီးရင်တောင်မှ တာအိုပြည်နယ် ၃၀၀၀ ဆီကို ချက်ချင်း ပြန်လာနိုင်စွမ်း ရှိပါတယ်။"
"ဒါက ကောင်းကင်ဘုံတာအိုက ကျွန်တော့်ကို သီးသန့်ပေးထားတဲ့ အခွင့်အရေးပဲ။ တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော် အထက်ဘုံရဲ့ ထာဝရတိုက်ကြီးဆီကို ပျံတက်သွားပြီးရင်တောင်မှ..."
"...ကျွန်တော် အားလပ်တဲ့အချိန်မှာ ပြန်လာချင်တယ်ဆိုရင် တာအိုပြည်နယ် ၃၀၀၀ ဆီကို အချိန်မရွေး ပြန်လာလို့ ရပါသေးတယ်။"
"ကျွန်တော်ပြောတာကို နားလည်တယ်မလား။"
ပြောပြီးနောက် လင်းချန်က လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့ကို ပြုံးလျက် ကြည့်လိုက်သည်။
သူ့အနေဖြင့် ကောင်းကင်ဘုံ၏နတ်ဘုရားငယ် အဖြစ် ရရှိထားသော အဆင့်အတန်း၏ အကြီးမားဆုံး တန်ဖိုးမှာ ဤလူကြီးနှစ်ဦးအား စိတ်အေးလက်အေး ဖြစ်သွားစေနိုင်ခြင်းပင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။
သူ၏အသံ ဆုံးသွားသည်နှင့် လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည် အနည်းငယ် ကြောင်အမ်းသွားကြသည်။
ချန်အာ ဆိုလိုသည်မှာ တက်လှမ်းခြင်းဆိုသည်မှာ ရိုးရိုးလုပ်ထုံးလုပ်နည်း သက်သက်သာ ဖြစ်သည်ဟူ၍ ဖြစ်သည်။
ယင်းက ချန်အာအနေဖြင့် သူ၏ကျင့်စဉ်လမ်းကို ဆက်လက်လျှောက်လှမ်းနိုင်မည်
ဖြစ်သော်လည်းအနှစ်သာရအားဖြင့်တော့ မည်သည့်ကွာခြားချက်မျှ မရှိဟု ဆိုလိုခြင်းပင်။
သူ အိမ်ပြန်လာပြီး သူတို့ကို လာတွေ့ချင်သည့် အချိန်တိုင်းတွင် တာအိုပြည်နယ် ၃၀၀၀ သို့ အချိန်မရွေး ပြန်လာနိုင်ဆဲ ဖြစ်သည်။
ဤသို့ တွေးမိသည်နှင့် လူကြီးနှစ်ဦးစလုံး အချင်းချင်း ကြည့်လိုက်ကြပြီး ၎င်းတို့၏ စိတ်ပျက်အားလျော့မှုများနှင့် မကောင်းသော စိတ်ခံစားချက်များအားလုံး အရည်ပျော် ပျောက်ကွယ်သွားခဲ့ကာ ၎င်းတို့နေရာတွင် ပျော်ရွှင်မှု အငွေ့အသက်လေးများ အစားထိုး ဝင်ရောက်လာခဲ့သည်။
လင်းဟောက်ရန်၏ စိတ်ခံစားချက်က ချက်ချင်း ကောင်းမွန်သွားပြီး ရယ်မောလိုက်တော့သည်။
"ဒီလိုဆိုရင်တော့... မင်းအမေနဲ့ငါ သွားပြီး အလုပ်ရှုပ်လိုက်ဦးမယ်။ မင်းလည်း မင်းအဆင်ပြေသလိုသာ လုပ်တော့။"
လင်းချန်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူနှင့် ယွမ်ချင်းရိုတို့သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထွက်ခွာသွားကြတော့သည်။
လင်းချန်သည် ၎င်းတို့ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ရယ်ရမလို ငိုရမလို ဖြစ်နေခဲ့သည်။
"သူတို့က တကယ်ပဲ ကြီးမလာသေးတဲ့ ကလေးနှစ်ယောက်လိုပဲ။"
ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း လင်းချန်သည် အပျင်းဆန့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူ နောက်ထပ် လုပ်ဆောင်ရန် လိုအပ်သည်မှာ သူ နားလည်သဘောပေါက်ထားသည့် နတ်ဘုရားစွမ်းရည်များ နှင့် လျှို့ဝှက်နည်းစနစ်များကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။
၎င်းအပြင် ဒုတိယမြောက် ကိုယ်ပွားတစ်ခုကိုလည်း သန့်စင်ဖန်တီးရန် လိုအပ်သေးသည်။
သူ မတက်လှမ်းမီ အရာအားလုံးကို အဆင်သင့် ပြင်ဆင်ထားရမည်ဖြစ်ရာသို့မှသာ သူ စိတ်အေးလက်အေးဖြင့် တက်လှမ်းနိုင်မည် ဖြစ်သည်။
ထာဝရတိုက်ကြီးက ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲဆိုတာကို သူ သိချင်မိသည်။
အခန်း ၂၁၈ - ပြန်လည်နိုးထလာသော တာအိုပြည်နယ် ၃၀၀၀။
လင်းချန်သည် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့သို့တစ်လှမ်း လှမ်းလိုက်ရာ သူရှိနေသည့်နေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့တော့သည်။
ခဏချင်းမှာပင် သူတော်စင်အပေါင်းတို့၏ ရင်ပြင်ကြီးမှာ ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့ပြီး လင်းချန်နှင့် အခြားသူများ ခုနကတင် ရှိနေခဲ့ကြောင်း သက်သေပြနေသည့် ကျန်ရစ်သော အရှိန်အဝါများသာ လေထုထဲ၌ ကျန်ရှိတော့သည်။
လင်းချန်၏ ပုံရိပ်ပြန်လည်ပေါ်လာသောအခါ သူသည် တားမြစ်တောင်ထိပ်ရှိ နတ်ဘုရားသားတော်နန်းဆောင် သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
တာအိုပြည်နယ် ၃၀၀၀ ၏ ကောင်းကင်ဘုံတာအို အခွင့်အာဏာ ကို ရရှိထားပြီးဖြစ်သဖြင့်သူသည် စိတ်ကူးလိုက်ရုံမျှဖြင့် တာအိုပြည်နယ် ၃၀၀၀ အတွင်းရှိ မည်သည့်နေရာသို့မဆို ချက်ချင်း ရောက်ရှိနိုင်သည်။
လက်ရှိ တာအိုပြည်နယ် ၃၀၀၀ အတွင်း သူ မရောက်ရှိနိုင်သောနေရာ ဟူ၍ မရှိသလောက်ပင် ဖြစ်သည်ဟု ပြောပါက အလွန်အကျွံပြောရာမကျချေ။
မဟာဧကရာဇ် အဆင့်ရှိသော အင်အားစု သို့မဟုတ် မိသားစုတစ်ခုခု၏ စွမ်းအားများဖြင့် ထပ်ဆင့်ကာကွယ်ထားပြီး ရေတွက်၍မရနိုင်သော အဆင့်မြင့် အစီရင်ခံစနစ်များဖြင့် ခိုင်ခံ့အောင် တည်ဆောက်ထားသည့် ရတနာဂိုဒေါင်တစ်ခုခုသို့ပင် သူသည် အချိန်မရွေး ချက်ချင်း ရောက်သွားနိုင်သည်။
လင်းချန်အနေဖြင့် အခြားအင်အားစုများနှင့် လူမျိုးစုများ၏ ရတနာဂိုဒေါင်များကို လိုက်လံခိုးယူရလောက်အောင် အားနေသူ မဟုတ်ပေ။
သူ တစ်ခုခုကို လိုချင်ပါက တိုက်ရိုက်သွားရောက် ရယူလိုက်ရုံသာဖြစ်ပြီးတိတ်တဆိတ် လုပ်ဆောင်နေရန် မလိုအပ်ချေ။
နတ်ဘုရားသားတော်နန်းဆောင်အတွင်း၌...
ငြိမ်သက်စွာ မတ်တတ်ရပ်ရင်း လင်းချန်သည် မိမိနှင့် အလွန်တရာ ရင်းနှီးလှသော ပတ်ဝန်းကျင်မြင်ကွင်းများကို လှည့်ပတ်ကြည့်ရှုလိုက်ရာ သူ၏မျက်ဝန်းထဲတွင် လွမ်းဆွတ်တမ်းတရိပ်အချို့ ဖြတ်ပြေးသွားခဲ့သည်။
သူ နတ်ဘုရားအရင်းအမြစ် ထဲမှ ချိုးဖျက်ထွက်လာခဲ့သည်မှာ သိပ်မကြာသေးသလို နတ်ဘုရားသားတော်နန်းဆောင်တွင် ကုန်ဆုံးခဲ့သော အချိန်မှာလည်း ပို၍ပင် တိုတောင်းလှသည်။
ယခုတော့ မကြာမီအချိန်အတွင်းမှာပင် သူသည် ခရီးစဉ်အသစ်တစ်ခုကို စတင်ရန်အတွက် ဤနေရာမှ ထပ်မံထွက်ခွာရတော့မည် ဖြစ်သည်။
ဤနတ်ဘုရားသားတော်နန်းဆောင်သို့ ဘယ်အချိန်မှ ပြန်လာနိုင်မည်ကို သူကိုယ်တိုင်လည်း မသိရှိချေ။
အမြဲတမ်းအတွက် ခွဲခွာရတော့မည့်အရေးနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသောအခါ သူ အနည်းငယ် လက်တွန့်မိသလို ခံစားလိုက်ရသည်။
ထာဝရတိုက်ကြီးသည် တာအိုပြည်နယ် ၃၀၀၀ ပြီးနောက် သူ၏ကျင့်စဉ်လမ်းအတွက် နယ်မြေအသစ်တစ်ခု ဖြစ်လာလိမ့်မည်။
ပြီးတော့ တာအိုပြည်နယ် ၃၀၀၀ မှာလိုပဲလင်းချန်သည် ထာဝရတိုက်ကြီးကိုလည်း ဧကန်မုချ အောင်နိုင်ရမည်။
ဒီအရာအားလုံးက ထျန်းယီနန်းတော်ကို ဖျက်ဆီးပစ်ခြင်းကနေ စတင်လိမ့်မည်။
သူသည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဤကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောလိုက်ရာ အတိတ်ဘဝတစ်ခုလိုပင် ခံစားလိုက်ရသည်။
ကျင့်စဉ်အဆင့်က မြန်ဆန်လွန်းစွာ တိုးတက်လာခြင်းသည် သာမန်ကျင့်ကြံသူ များ ကြုံတွေ့ရမည့် အရာများစွာကို လက်လွတ် ဆုံးရှုံးရခြင်းမျိုး ဖြစ်စေတတ်သည်။
မကြာသေးမီက သူ၏ကျင့်စဉ်အဆင့် ဤမျှအထိ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့မိကြောင်း ဝန်ခံရမည်ဖြစ်သည်။
တိုတောင်းလှသော အချိန်အတွင်းမှာပဲ သူသည် မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိလိုသော သူ၏ဆန္ဒကို ပြည့်ဝစေခဲ့ပြီးသူ၏စွမ်းအားက တစ်လှမ်းချင်းစီမှတစ်ဆင့် ကောင်းကင်ယံအထိ ရောက်ရှိသွားခဲ့သည်။
ထို့အပြင် တာအိုပြည်နယ် ၃၀၀၀ ၏ ပျက်စီးနေသော ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ခဲ့ပြီးယခင်အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
ဒါက သူ့ရဲ့ ကိုယ်ပိုင်အသွင်ကူးပြောင်းမှုတင် မဟုတ်ဘဲ တစ်ကိုယ်လုံး တာအိုပြည်နယ် ၃၀၀၀ ရဲ့ အသွင်ကူးပြောင်းမှုပင်ဖြစ်သည်။
ထိုအကြောင်းကြောင့် တစ်ခုလုံးသော တာအိုပြည်နယ် ၃၀၀၀ သည် ၎င်း၏ရုပ်သွင်ကို ပြောင်းလဲသွားခဲ့ပြီး ရုပ်သွင်သစ်တစ်ရပ်ကို ဆောင်ကြဉ်းလာခဲ့ပြီ ဖြစ်သည်။
သူထွက်လာပြီးနောက်ပိုင်း အချိန်က တိုတောင်းလွန်းသဖြင့် ကျင့်ကြံသူအများစု ကြုံတွေ့ရလေ့ရှိသည့် စိတ်ဝင်စားစရာကောင်းသော ကျင့်စဉ်ဇာတ်လမ်းမျိုးစုံကို မကြုံတွေ့ခဲ့ရသော်လည်း သူ လုပ်ဆောင်ခဲ့သမျှ အရာတိုင်းသည် အခြားသာမန်ကျင့်ကြံသူများ တစ်သက်လုံး ကြိုးစားလျှင်ပင် အောင်မြင်ရန် ခက်ခဲလှသည့် ကြီးမားသော စွမ်းဆောင်ချက်ကြီးများချည်း ဖြစ်ပေသည်။
"ဟူး..."
သူ၏စိတ်ခံစားချက်များကို ပြန်လည်ချိန်ညှိလိုက်ပြီးနောက် လင်းချန်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
နောက်ထပ် လုပ်ဆောင်ရမည့် အရေးကြီးသောအလုပ်မှာ ဒုတိယမြောက် ပြင်ပခန္ဓာကိုယ်ကိုယ်ပွား ကို အမြန်ဆုံး သန့်စင်ဖန်တီးရန် ဖြစ်သည်။
မတိုင်မီက သူသည် သူ၏အဖေ လင်းဟောက်ရန်အားစဥ့်ကလျားဟာဧကရာဇ် ပြောပြခဲ့သမျှ အရာအားလုံးကို အသိပေးခဲ့ပြီးဖြစ်ကာ ထိုအထဲတွင် တက်လှမ်းခြင်းလမ်းကြောင်း ထွက်ပေါက်အသစ်၏ ဟင်းလင်းပြင်များလည်း ပါဝင်သည်။
သူ့အနေဖြင့် သူ၏အဖေ လင်းဟောက်ရန်နှင့် အမေ ယွမ်ချင်းရိုတို့က ထိုရှုပ်ထွေးသော ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။
တာအိုပြည်နယ် ၃၀၀၀ ရှိ အင်အားစုများနှင့် လူမျိုးစုအားလုံး တက်လှမ်းခြင်းနှင့်ပတ်သက်သည့် အမှန်တရားကို သိရှိသွားကြပြီးသည်နှင့် အသစ်တက်လှမ်းမည့် မဟာဧကရာဇ် ကျွမ်းကျင်သူများသည် ထျန်းယီနန်းတော်၏ ကျွန်ပြုခြင်းကို ခံရတော့မည်မဟုတ်ချေ။
ယခု သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ သူ၏နောင်လာမည့် ကျင့်စဉ်လမ်းကြောင်း ပိုမိုချောမွေ့စေရန်အတွက် သူ၏ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန်သာ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများကို ပြန်လည်ပြုပြင်ပြီးသွားသော တာအိုပြည်နယ် ၃၀၀၀ သည် အမှောင်ထုထဲတွင် ပိတ်လှောင်ခံထားရသည့် ယခင်က နေရာမျိုး မဟုတ်တော့ချေ။
ကောင်းကင်ဘုံတာအို၏ စွမ်းအားများ ပြန်လည်နိုးထလာပြီး ၎င်း၏စွမ်းအားများ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ မည်သူမဆို လာရောက်အနိုင်ကျင့်နိုင်သည့် အိစက်စက် လိမ္မော်သီးတစ်လုံး မဟုတ်တော့ချေ။
ဤအခိုက်အတန့်မှစ၍ ၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိသတ္တဝါအားလုံးသည် ထျန်းယီနန်းတော်အပေါ် တန်ပြန်တိုက်စစ်ကို စတင်တော့မည် ဖြစ်သည်။
ထျန်းယီနန်းတော် လုံးဝဥဿုံ ပျက်စီးသွားသည့်တိုင်အောင် သူတို့ ရပ်တန့်ကြမည်မဟုတ်ချေ။
"ဝူး..."
တုန်ခါသံတစ်ခုနှင့်အတူ လင်းချန်၏ပင်မခန္ဓာကိုယ်ထဲမှ ပြင်ပခန္ဓာကိုယ်ကိုယ်ပွားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
သူ့တွင် ပြင်ပခန္ဓာကိုယ်ကိုယ်ပွား ရှိနေပြီဖြစ်ရာ ရလဒ်များကို အမြင့်မားဆုံး ရရှိနိုင်ရန်အတွက် ခန္ဓာကိုယ်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံ စေရမည်ဖြစ်သည်။
ပင်မခန္ဓာကိုယ်က ပြင်ပခန္ဓာကိုယ်အသစ်တစ်ခုကို ပေါင်းစပ်ဖန်တီးနေစဉ်၊ ပထမပြင်ပခန္ဓာကိုယ်က အတွင်းတံခါး ရှစ်ပေါက်၊နတ်ဘုရားစွမ်းရည်၊တိုက်ပွဲလျှို့ဝှက်ချက် နှင့် အခြားသော နတ်ဘုရားစွမ်းရည်များနှင့် လျှို့ဝှက်နည်းစနစ်မျိုးစုံကို နားလည်သဘောပေါက်အောင် ကျင့်ကြံနေမည်ဖြစ်သည်။
အထက်ဘုံ၏ ထာဝရတိုက်ကြီးသို့ ပျံတက်သည့်အခါ တိုက်ခိုက်ရေးနည်းစနစ်အားလုံးကို အလုံးစုံ အဆင့်မြှင့်တင်ပြီး အသွင်ပြောင်းလဲထားရန် လိုအပ်သည်။ သို့မဟုတ်ပါက ဖြစ်ပေါ်လာနိုင်သည့် မမျှော်လင့်ထားသော မတော်တဆမှုများကို သူ ကိုင်တွယ်နိုင်မည်မဟုတ်ချေ။
တာအိုပြည်နယ် ၃၀၀၀ သည် အထက်ဘုံတွင် အစီအစဉ်များ ပြုလုပ်ထားပြီး တက်လှမ်းခြင်းလမ်းကြောင်း ထွက်ပေါက်အသစ်တစ်ခုကို ဖွင့်လှစ်ထားခဲ့သည်မှာ မှန်သော်လည်း လက်တွေ့ အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်အတွင်း အခြားသော ခန့်မှန်းရခက်သည့် မတော်တဆမှုများ ဖြစ်ပေါ်လာမည်လား ဆိုသည်ကို မည်သူမျှ ကြိုတင်မသိနိုင်ချေ။
သူ၏စွမ်းအားကို ဖြစ်နိုင်သမျှ အမြင့်မားဆုံးအထိ မြှင့်တင်ထားမှသာ မတော်တဆမှုများ ဖြစ်ပွားလာသည့်အခါ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် စွမ်းအား ရှိလိမ့်မည်ဖြစ်သည်။
လင်းချန်၏ ပင်မခန္ဓာကိုယ်နှင့် ပြင်ပခန္ဓာကိုယ်တို့သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။
ပြီးပြည့်စုံသော ဟန်ချက်ညီမှုဖြင့် ၎င်းတို့နှစ်ဦးလုံး မျက်လုံးများကို မှိတ်လိုက်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ကျင့်စဉ်များကို စတင်လိုက်ကြတော့သည်။
မကြာမီ နတ်ဘုရားသားတော်နန်းဆောင်အတွင်း၌ နက်နဲလှသော လှိုင်းထန်မှုများနှင့် ရံဖန်ရံခါ ထွက်ပေါ်လာသော တုန်ခါသံများသာ ဖုံးလွှမ်းသွားခဲ့သည်။
ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွား၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ်က ချောမွေ့စွာနှင့် စနစ်တကျ ရှေ့ဆက်နေခဲ့သည်။
အချိန်များသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ ကုန်လွန်သွားခဲ့သည်။
ဤတိုတောင်းလှသော သုံးရက်တာအတွင်း တာအိုပြည်နယ် ၃၀၀၀ တွင် မကြုံစဖူး ကြီးမားသော လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
တုန်လှုပ်ခြောက်ခြားဖွယ် သတင်းတစ်ပုဒ်သည် တာအိုပြည်နယ် ၃၀၀၀ တစ်ခုလုံးနီးပါးသို့ ပျံ့နှံ့သွားခဲ့ပြီး ရေတွက်၍မရနိုင်သော သက်ရှိသတ္တဝါများအားလုံး သိရှိသွားခဲ့ကြသည်။
အမျိုးမျိုးသော အင်အားစုများနှင့် လူမျိုးစုများမှ ကျွမ်းကျင်သူများအားလုံးသည် အထက်ဘုံသို့ တက်လှမ်းခြင်းနှင့်ပတ်သက်သည့် အမှန်တရားကို သိရှိသွားခဲ့ကြခြင်း ဖြစ်သည်။
ခေတ္တမျှအတွင်း တာအိုပြည်နယ် ၃၀၀၀ တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့ပြီးရေတွက်၍မရသော ကျွမ်းကျင်သူများမှာအတိုင်းအဆမရှိ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။
သူတို့ အမြဲတမ်း တောင့်တခဲ့ရသော တက်လှမ်းခြင်းဆိုသည်မှာ အလုံးစုံသော လိမ်လည်မှုကြီးတစ်ခု ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိကြချေ။
အတိတ်တုန်းက တာအိုပြည်နယ် ၃၀၀၀ ကနေ ပျံတက်သွားခဲ့ကြတဲ့ မဟာဧကရာဇ် ကျွမ်းကျင်သူတွေအားလုံးဟာ တက်လှမ်းခြင်းလမ်းကြောင်းရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ထျန်းယီနန်းတော်ရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ကြရသည်။
ပျံလှမ်းခြင်းဆိုသည်မှာ တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိသတ္တဝါအားလုံး၏ အိပ်မက်တစ်ခု ဖြစ်ပါလျက် ယခုအခါ ၎င်းက လိမ်လည်မှုတစ်ခုသက်သက်သာ ဖြစ်သည်ဟု ပြောလာသည့်အခါ သူတို့ မည်သို့နှင့် လွယ်လွယ်ကူကူ ယုံကြည်နိုင်ပါမည်နည်း။
သို့သော်လည်း အမျိုးမျိုးသော အမှန်တရားများနှင့် အချက်အလက်များရှေ့တွင် သံသယဝင်နေကြသော ကျွမ်းကျင်သူများသည် နောက်ဆုံးတွင်တော့ မယုံကြည်ဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဤသတင်းသည် မူလက လင်းချန်၏ နှုတ်ထွက်စကားမှတစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူတို့ သိရှိလိုက်ရသောကြောင့် ဖြစ်သည်။
ပြီးတော့ လင်းချန်သည် ယခုအခါ ၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ ၏ ကောင်းကင်ဘုံတာအိုနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိနေသူ ဖြစ်သည်။
သူတို့အား လှည့်စားရန်အတွက် သူက ဤမျှကြီးမားသော မုသာဝါဒကို ပြောဆိုစရာ အကြောင်းမရှိချေ။
အဆုံးတွင်တော့ လင်းချန်အနေဖြင့် တစ်စုံတစ်ခုသော ရည်မှန်းချက်ကို အောင်မြင်လိုပါက ဤမျှအထိ အားထုတ်နေရန်ပင် မလိုအပ်ချေ။
ထို့ကြောင့်ပင် အမျိုးမျိုးသော အင်အားစုများနှင့် လူမျိုးစုများမှ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများသည် သူတို့၏ ကိုယ်ပိုင်ကျင့်စဉ်တိုးတက်မှုနှုန်းကို အရူးအမူး ဖိနှိပ်ချုပ်ချယ်လာကြတော့သည်။
ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများ ပြန်လည်ပြည့်စုံသွားစဉ်ကသူတို့သည် မဟာဧကရာဇ်နယ်ပယ်သို့ ချက်ချင်း ချိုးဖျက်ဝင်ရောက်ပြီး ထိုအိပ်မက်ဆန်သော နေရာကို သွားရောက်ကြည့်ရှုရန် စိတ်အားထက်သန်နေခဲ့ကြသည်။
သို့သော် ယခုအခါတွင်တော့ သူတို့သည် သူတို့၏ကျင့်စဉ်အဆင့်ကို ပိုမို၍ပင် ဖိနှိပ်ထားနိုင်ရန်သာ ဆုတောင်းနေကြတော့သည်။
သူတို့ တစ်ချိန်က ရောက်ရှိရန် အိပ်မက်မက်ခဲ့ရသော မဟာဧကရာဇ်နယ်ပယ်သည် ယခုအခါ သူတို့ ကြောက်ရွံ့ရသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
လင်းဟောက်ရန်က ၎င်းတို့အား အထက်ဘုံသို့ ဦးတည်သည့် လမ်းကြောင်းအတွင်း၌ ထျန်းယီနန်းတော်ကို တိတ်တဆိတ် ရှောင်ကွင်းသွားနိုင်မည့် အခြားသော ပျံတက်ခြင်းလမ်းကြောင်း ထွက်ပေါက်တစ်ခု ရှိနေကြောင်းနှင့် ထိုထွက်ပေါက်အသစ်၏ တိကျသော ဟင်းလင်းပြင် အမှတ်အသားများကိုပင် အင်အားစုများနှင့် လူမျိုးစုအားလုံးအား လွတ်လပ်စွာ မျှဝေပေးခဲ့သော်လည်းသူတို့ မစွန့်စားရဲကြချေ။
ဤကဲ့သို့သော ကိစ္စရပ်မျိုးတွင် တစ်ကြိမ်မျှ စွန့်စားပြီး ရှုံးနိမ့်သွားပါက အရာအားလုံး အဆုံးသတ်သွားမည် မဟုတ်ပါလား။
သူတို့ စောင့်ဆိုင်းနေကြသည်။ လင်းချန် အထက်ဘုံသို့ အရင်ဆုံး တက်လှမ်းသွားပြီး ထိုနေရာ၏ အခြေအနေက မည်သို့ရှိသည်ကို ကြည့်ရှုမည့်အချိန်ကို သူတို့ စောင့်နေကြသည်။
လင်းဟောက်ရန်က လင်းချန်သည် ကောင်းကင်ဘုံတာအို၏ အကူအညီဖြင့် တက်လှမ်းသွားပြီးနောက်တွင်ပင် တာအိုပြည်နယ် ၃၀၀၀ သို့ အချိန်မရွေး ပြန်လာနိုင်သည်ဟု ပြောခဲ့သည်။
ထိုသို့ဖြစ်ခြင်းကြောင့် လင်းချန် ပျံတက်သွားပြီး ပြန်လာပြီးမှသာ သူတို့အနေဖြင့် မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားကြလျှင်ပင် မနောက်ကျသေးချေ။
သူတို့သည် ရှည်လျားလှသော ခေတ်အဆက်ဆက်ကိုပင် စောင့်ဆိုင်းခဲ့ကြပြီးပြီဖြစ်ရာ ဤတိုတောင်းလှသော အချိန်လေးကိုတော့ သူတို့ စောင့်ဆိုင်းနိုင်ကြပေသည်။
၎င်းအပြင် ဤသုံးရက်တာအတွင်း တာအိုပြည်နယ် ၃၀၀၀ တစ်ခွင်ရှိ နတ်ဘုရားလှေကားများပေါ်မှ အချို့သော မိစ္ဆာဆန်သည့် ပါရမီရှင်များ သည် နောက်ထပ် ဆက်လက်မတက်လှမ်းနိုင်တော့ဘဲ မောင်းထုတ်ခြင်း ခံခဲ့ကြရသည်။
သူတို့၏ စမ်းသပ်ချက်များကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးအားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ယင်းက နတ်ဘုရားလှေကားပေါ်ရှိ သူတို့၏ ခရီးစဉ်သည် လုံးဝဥဿုံ ပြီးဆုံးသွားခဲ့ပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။
သူတို့သည် ပါရမီရှင်များအတွက် ပေးအပ်သော အကျိုးကျေးဇူးအားလုံးကို ခံစားပြီးသွားခဲ့ပြီ ဖြစ်သည်။
ဤမိစ္ဆာဆန်သည့် ပါရမီရှင်များ၏ ခရီးစဉ် အဆုံးသတ်သွားခြင်းက သတိမထားမိဘဲ ရှိနေခဲ့သည် သို့မဟုတ် အနည်းငယ်မျှသော အာရုံစိုက်မှုကိုသာ ရရှိခဲ့သည်။
သို့သော် ခြွင်းချက်မရှိဘဲ နတ်ဘုရားလှေကားမှ မောင်းထုတ်ခံလိုက်ရသော ပါရမီရှင်များအားလုံးသည် ရှေးဟောင်း လင်းမိသားစုဘက်သို့ မကြာခဏ လှမ်းကြည့်လေ့ရှိကြသည်။
သူတို့၏ အကြည့်များထဲတွင် ရိုသေလေးစားမှု စိတ်အားထက်သန်မှု၊ အားကျမှုများနှင့် အနည်းငယ်မျှသော မနာလိုမှုတို့ ပါဝင်နေသည်။
သူတို့သည် နတ်ဘုရားလှေကား အခွင့်အလမ်းသည် ဤရွှေခေတ် ၏ နောက်ဆုံးအခွင့်အလမ်း ဖြစ်ကြောင်း သိကြသည်။
နတ်ဘုရားလှေကား အခွင့်အလမ်း ပြီးဆုံးသွားပြီးနောက်တွင်တော့ တာအိုပြည်နယ် ၃၀၀၀ တွင် မည်သည့်အခွင့်အလမ်းသစ်မျှ ထပ်မံပေါ်ပေါက်လာတော့မည် မဟုတ်ချေ။
သို့မဟုတ်ပါက သူတို့တစ်ဦးတည်းသာ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ထပ်ရှိလာတော့မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိ တာအိုပြည်နယ် ၃၀၀၀ သည် အချိန်တိုင်းတွင် ရွှေခေတ်ထက်ပင် ပိုမို၍ စည်ပင်ဝပြောသော ကာလတစ်ခုသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
ပြီးပြည့်စုံသော နိယာမတရားများဖြင့် အားဖြည့်ထားသော တာအိုပြည်နယ် ၃၀၀၀ တွင် အခွင့်အလမ်းသစ်များသည် အလှမ်းဝေးကွာလွန်းလှသလို ၎င်းတို့၏ အာနိသင်များပင် လုံးဝ ဆုံးရှုံးသွားနိုင်ပေသည်။
အခြားနည်းဖြင့် ပြောရလျှင် လက်ရှိ တာအိုပြည်နယ် ၃၀၀၀ သည် မဟာဧကရာဇ် ကျွမ်းကျင်သူများကို မွေးထုတ်ပေးရန်အတွက် အမျိုးမျိုးသော အခွင့်အလမ်းများကို အမှီပြုနေရန် မလိုအပ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိ တာအိုပြည်နယ် ၃၀၀၀ တွင် လူတိုင်းက ဧကရာဇ် ဖြစ်လာနိုင်သောကြောင့်ပင်။
မိမိ၏ ကျင့်စဉ်အဆင့်နှင့် အခြေခံအုတ်မြစ် သတ်မှတ်ချက် ပြည့်စုံနေသရွေ့မည်သည့်အတားအဆီးမှမရှိဘဲ မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည်။
လူပေါင်း ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ချိုးဖျက်ဝင်ရောက်လျှင်ပင် မည်သည့်သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ချေ။
ယခင်က ရှိခဲ့ဖူးသော အမျိုးမျိုးသော ချုပ်နှောင်မှုများအားလုံးသည် ဖြတ်သန်းသွားသော တိမ်တိုက်များကဲ့သို့ ကွယ်ပျောက်သွားခဲ့ကြပြီ ဖြစ်သည်။
ပါရမီရှိသော်လည်း အထွတ်အထိပ်အဆင့်တွင် မပါဝင်ကြသော ဤမိစ္ဆာဆန်သည့် ပါရမီရှင်များအတွက်မူ ဒါက သံသယဖြစ်ဖွယ်မရှိဘဲ ကံကောင်းမှုတစ်ခု ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် မူလက သူတို့တွင် မဟာဧကရာဇ်ရာထူးကို လုယူရန် အခွင့်အရေး သိပ်မရှိခဲ့သောကြောင့် ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင်တော့ သူတို့သည် ဆက်လက်ကြီးထွားနေသရွေ့ သူတို့၏ ရည်မှန်းချက်ကို အောင်မြင်ရန် ကြီးမားသော ဖြစ်နိုင်ချေ ရှိနေသည်။
ကြာမြင့်စွာ မျှော်လင့်ခဲ့ရသော မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီး အထက်ဘုံသို့ တက်လှမ်းရန်ပင်။
အနည်းဆုံးတော့ သူတို့အထဲမှ အများစုသည် တစ်ချိန်က ခေတ်တစ်ခုကို စိုးမိုးခဲ့ကြပြီး မျိုးဆက်သစ်လူငယ်များအကြား ပြိုင်ဘက်ကင်းခဲ့ကြသော တည်ရှိမှုများ ဖြစ်ကြသည်။
လက်ရှိ တာအိုပြည်နယ် ၃၀၀၀ ရှိ မိစ္ဆာဆန်သည့် ပါရမီရှင်အားလုံးအကြား သူတို့ အထွတ်အထိပ်အဆင့်သို့ မဝင်ရောက်နိုင်ရခြင်း အကြောင်းရင်းမှာလက်ရှိ တာအိုပြည်နယ် ၃၀၀၀ တွင် ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့ဖူးသမျှသော မိစ္ဆာဆန်သည့် ပါရမီရှင်အားလုံးနီးပါး စုစည်းနေသောကြောင့်သာ ဖြစ်သည်။
မကြာမီအချိန်အတွင်းမှာပင် တာအိုပြည်နယ် ၃၀၀၀ တွင် ရေတွက်၍မရနိုင်သော မဟာဧကရာဇ်များ ပေါ်ထွက်လာပြီး ၎င်းကို ကမ္ဘာဦးခေတ်မတိုင်မီက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိစေကာ ၎င်းထက်ပင် ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း သူတို့ မြင်တွေ့နေရသည်။
ဤလူငယ်မိစ္ဆာဆန်သည့် ပါရမီရှင်များသည် ထိုဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများနှင့် ကွဲပြားကြသည်။
သူတို့သည် အထက်ဘုံ၏ အန္တရာယ်များကိုဖြစ်စေ ထျန်းယီနန်းတော်၏ ကြံစည်မှုများကိုဖြစ်စေ ကြောက်ရွံ့ခြင်းမရှိကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ယင်းကို အတော်ပင် မျှော်လင့်နေကြသည်။
၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ သည် အထက်တွင် အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်ကာ တာအိုပြည်နယ် ၃၀၀၀ဟု အမည်ရသော အင်အားစုတစ်ခုကို တည်ထောင်ထားပြီးဖြစ်ရာ တာအိုပြည်နယ် ၃၀၀၀ မှ တစ်ချိန်က ပျံတက်သွားခဲ့ကြသော ကျွမ်းကျင်သူအားလုံးသည် တာအိုဘိုးဘေးနှင့် မိစ္ဆာဘိုးဘေးတို့၏ ဦးဆောင်မှုအောက်တွင် ထျန်းယီနန်းတော်ကို တော်လှန်တိုက်ခိုက်နေကြသည်ဖြစ်ရာ သူတို့ အထက်ဘုံ၏ ထာဝရတိုက်ကြီးသို့ ပျံတက်သွားပြီးနောက်တွင် တာအိုဘိုးဘေးနှင့် မိစ္ဆာဘိုးဘေးတို့ကို တွေ့ဆုံနိုင်မည် မဟုတ်ပါလား။
သူတို့အနေဖြင့် တာအိုပြည်နယ် ၃၀၀၀ ၏ အင်အားစုထဲသို့ ဝင်ရောက်ကာ ထျန်းယီနန်းတော်မှ ထိုလူယုတ်မာများကို တော်လှန်တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။
ဤမျှ ကြီးကျယ်ခမ်းနားသော အလားအလာကို တွေးမိရုံမျှဖြင့် သူတို့၏ သွေးများ ဆူပွက်လာခဲ့ရသည်။
ကျင့်ကြံခြင်းဆိုသည်မှာ ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးရမည့်အရာ ဖြစ်သင့်ပြီးကြောက်ရွံ့တုန်လှုပ်ကာ အလွန်အမင်း သတိထားနေရမည့်အရာ မဟုတ်ချေ။
ထိုသို့ဖြစ်ခြင်းက လူတစ်ယောက်ကို လမ်းမှားသို့သာ ပို့ဆောင်ပေးလိမ့်မည်ဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်ရှိရန် ခက်ခဲစေလိမ့်မည်။
ဒါက လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်ရခြင်းရဲ့ ဂုဏ်ယူဝါကြွားမှုပဲဖြစ်ပြီး ဒါက သူတို့ လက်ရှိပိုင်ဆိုင်ထားတဲ့ အဖိုးတန်ဆုံးအရာပင်ဖြစ်၏။
ထိုသုံးရက်တာအတွင်း တက်လှမ်းခြင်းလိမ်လည်မှုကြောင့် တာအိုပြည်နယ် ၃၀၀၀ တစ်ခုလုံး ဆူညံပွက်လောရိုက်နေခဲ့သော်လည်း သက်ရှိသတ္တဝါအများစုမှာ ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများ ပြီးပြည့်စုံခြင်းသို့ ပြန်လည်ရောက်ရှိသွားခြင်းနှင့် သူတို့၏ စွမ်းအားများ အဆမတန် တိုးတက်လာခြင်းတို့၏ အလှတရားထဲတွင် နစ်မြောနေကြဆဲ ဖြစ်သည်။
နိယာမတရားများ ပြည့်စုံသွားပြီးနောက်တွင် အသိအမြင်များ နက်ရှိုင်းသောသစ္စာတရားများနှင့် မူလစွမ်းအင်များ၏ ပြင်းအား တိုးတက်လာရုံတင်မကဘဲကျင့်ကြံခြင်းလုပ်ငန်းစဉ်ကလည်း ပိုမိုချောမွေ့ပြီး မြန်ဆန်လာခဲ့သည်။
တစ်ခုလုံးသော တာအိုပြည်နယ် ၃၀၀၀ ၏ စွမ်းအားက သိသိသာသာ တိုးတက်လာနေခဲ့သည်။
၎င်းက ဒဏ်ရာများ လုံးဝပျောက်ကင်းသွားပြီးနောက်တွင် စွမ်းအားများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည့် ဒဏ်ရာရသားရဲတစ်ကောင်နှင့် တူလှပေသည်။
တာအိုပြည်နယ် ၃၀၀၀ ၏ အနာဂတ်က တိမ်တိုက်များဖြင့် ဖုံးကွယ်မထားတော့ချေ။ ရှေ့ဆက်မည့်လမ်းက ရှင်းလင်းနေပြီ ဖြစ်သည်။
ရှေးဟောင်း လင်းမိသားစု၏ နတ်ဘုရားတားမြစ်ချက်အထွတ်အထိပ်ပေါ်ရှိ နတ်ဘုရားသားတော်နန်းဆောင်အတွင်း၌...
"ဟူး..."
လင်းချန်၏ ပင်မခန္ဓာကိုယ်ထဲမှ ရှည်လျားလှသော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် သူ၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
သူ မျက်လုံးများ ပွင့်လာသည်နှင့် လင်းချန်က ဘေးဘက်သို့ ပြုံးလျက် လှည့်ကြည့်လိုက်သည်။
သူ၏အကြည့် ကျရောက်ရာနေရာတွင်၊သူနှင့် ရုပ်ချင်း လုံးဝထပ်တူကျသော ပုံရိပ်တစ်ခုက မျက်လုံးများကို အနည်းငယ် မှိတ်လျက် ထိုင်နေခဲ့သည်။
ဒါက ဤသုံးရက်တာအတွင်း သူ ပေါင်းစပ်ဖန်တီးခဲ့သည့် ပြင်ပခန္ဓာကိုယ်
ကိုယ်ပွားအသစ် ဖြစ်ပြီး ချီတစ်ခုမှ သုံးခုပြောင်းခြင်းရဲ့ နောက်ဆုံးကိုယ်ပွားလည်း ဖြစ်သည်။
ဤပြင်ပခန္ဓာကိုယ်ကိုယ်ပွားသည် သူ လုပ်ဆောင်သမျှ အရာအားလုံးကို သိရှိနိုင်မည်ဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားကလည်း လုံးဝ ထပ်တူကျလှသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ယခု သူ တိုက်ခိုက်နိုင်စွမ်းရှိသော ခန္ဓာကိုယ် သုံးခုလုံးကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
သုံးဦးလုံး အတူတူ တိုက်ပွဲဝင်မည့်အခါ ပေါင်းစပ်ထွက်ပေါ်လာမည့် တိုက်ခိုက်ရေးစွမ်းအားက အလွန်တရာ ကြောက်စရာကောင်းလိမ့်မည် ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်သည်။
အခြားမဟုတ်လျှင်ပင် လက်ရှိ လင်းချန်အနေဖြင့် မဟာဧကရာဇ်အဆင့် အလယ်ပိုင်း သို့မဟုတ် နှောင်းပိုင်း ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် မည်သည့်ဖိအားမျှ ရှိလိမ့်မည်မဟုတ်ကြောင်း ယုံကြည်မှု ရှိနေသည်။
သူသည် မဟာဧကရာဇ်နယ်ပယ်ကို စိုးမိုးနိုင်ရန်ပင် ကြီးမားသော ယုံကြည်မှု ရှိနေခဲ့သည်။
သို့သော်လည်း သူကိုယ်တိုင်ကလွဲ၍ အခြားမည်သည့် မဟာဧကရာဇ် ကျွမ်းကျင်သူနှင့်မျှ သူ မကြုံတွေ့ဖူးသေးချေ။
အခြားမဟာဧကရာဇ် ကျွမ်းကျင်သူများကို မမြင်တွေ့ဖူးဘဲနှင့်တော့ သူ၏တိုက်ခိုက်ရေးစွမ်းအားကို အစစ်အမှန် တိုင်းတာနိုင်မည့် နည်းလမ်း မရှိချေ။
လက်ရှိတွင်တော့ သူသည် ကောင်းကင်ဘုံကပ်ဘေး က ပေါင်းစပ်ဖန်တီးခဲ့သည့် လျှပ်စီးသားရဲကြီးများကို အခြေခံ၍သာ ခန့်မှန်းတွက်ချက်နေခြင်း ဖြစ်သည်။
မတ်တတ်ရပ်ရင်း လင်းချန်သည် ကျင့်ကြံခြင်း မပြီးဆုံးသေးသော ပြင်ပခန္ဓာကိုယ်ကိုယ်ပွားကို ကြည့်ကာ အနည်းငယ် တွေးတောလိုက်သည်။
ယခုအခါ ပြင်ပခန္ဓာကိုယ်ကိုယ်ပွားများ အားလုံးကို ပေါင်းစပ်ဖန်တီးပြီးသွားပြီဖြစ်ရာ သူ ယင်းကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။
သူ၏ အတွင်းတံခါး ရှစ်ပေါက် အပေါ် နားလည်သဘောပေါက်မှုက အဆမတန် တိုးတက်လာနေပြီး တံခါးအသစ်တစ်ခုကို ဖွင့်လှစ်နိုင်ရန် မဝေးတော့ချေ။
သူ့အနေဖြင့် တက်လှမ်းခြင်းဟူသော အရေးကြီးသည့် ကိစ္စရပ်ကို အလေးအနက် စတင်စဉ်းစားသင့်ပြီ ဖြစ်သည်။
တက်လှမ်းခြင်းဆိုသည်မှာ အစပျိုးမှုတစ်ခုဖြစ်သလို အဆုံးသတ်တစ်ခုလည်း ဖြစ်သည်။
သူ့အတွက်တော့ ဒါက ဘဝရဲ့ မှတ်တိုင်တစ်ခုကို အဆုံးသတ်ပြီး မှတ်တိုင်အသစ်တစ်ခုဆီသို့ ပထမဆုံးခြေလှမ်း လှမ်းရမည့် လုပ်ငန်းစဉ် ဖြစ်လိမ့်မည်။
အတိတ်ဘဝက အမှတ်သညာများ ရှိနေသော်လည်း သူ အနည်းငယ်မျှသော ဆုံးရှုံးမှုခံစားချက်မျိုး ဖြစ်ပေါ်လာရသည်ကို မရှောင်လွှဲနိုင်ခဲ့ချေ။
သို့သော်လည်း ဤဆုံးရှုံးမှုခံစားချက်က ကြာရှည်မခံခဲ့ဘဲ လင်းချန်သည် သူ၏စိတ်ခံစားချက်များကို ပြန်လည်
ထိန်းချုပ်လိုက်ရာ သူ၏အမူအရာက ပြတ်သားသွားခဲ့သည်။
"လဝက်... ပြင်ပခန္ဓာကိုယ်ကိုယ်ပွားတွေကို နောက်ထပ် လဝက်လောက် ကျင့်ကြံခိုင်းပြီးရင်... ငါ အထက်ဘုံကိုတက်လှမ်းတော့မယ်..."