← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း ၂၁၉ - ကျင့်ကြံခြင်းအတွက် တာဝန်ခွဲဝေခြင်း။ မခွဲခွာမီ နောက်ဆုံးလုပ်ဆောင်ရမည့်အရာ။

ထို့နောက်တွင်တော့ လင်းချန် သည် အသစ်ထွက်ပေါ်လာသော ပြင်ပခန္ဓာကိုယ်ကိုယ်ပွားနှင့် ပထမဆုံးထွက်ပေါ်လာခဲ့သော ပြင်ပခန္ဓာကိုယ်ကိုယ်ပွားတို့ကို နတ်ဘုရားစွမ်းရည်များနှင့် လျှို့ဝှက်နည်းစနစ်များကို အသီးသီး နားလည်သဘောပေါက်အောင် ကျင့်ကြံကြရန် ညွှန်ကြားလိုက်သည်။

သူ၏ကျင့်စဉ်အဆင့်မှာ မဟာဧကရာဇ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သောကြောင့်...ရှေးဟောင်းဧကရာဇ် ကျော့ယွမ် ၏ အမွေအနှစ်များက ထပ်မံ၍ လှုံ့ဆော်ခြင်းခံလိုက်ရပြီး အလွန်အမင်း စွမ်းအားကြီးမားလှသော နတ်ဘုရားစွမ်းရည်များနှင့် နည်းစနစ်အချို့ နိုးထလာခဲ့သည်ကို ဖော်ပြရန် လိုအပ်ပေသည်။

အသစ်ထွက်ပေါ်လာသော ပြင်ပခန္ဓာကိုယ်ကိုယ်ပွား လုပ်ဆောင်ရန် လိုအပ်သည်မှာ နောင်လာမည့် တိုက်ပွဲများတွင် ၎င်းတို့ကို ချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် ဤနတ်ဘုရားစွမ်းရည်များနှင့် နည်းစနစ်များကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ရန် ဖြစ်သည်။

ပထမဆုံးထွက်ပေါ်လာခဲ့သော ပြင်ပခန္ဓာကိုယ်ကိုယ်ပွားကမူ အတွင်းတံခါး ရှစ်ပေါက်နှင့် ၎င်း သိရှိထားပြီးဖြစ်သော နတ်ဘုရားစွမ်းရည်များလျှို့ဝှက်နည်းစနစ်များကို ဆက်လက်လေ့လာနေရန် ဖြစ်သည်။

အခြားအရာအားလုံးကို ခေတ္တဖယ်ထားလျှင်ပင်အတွင်းတံခါး ရှစ်ပေါက် ထဲမှ နောက်ထပ် တံခါးတစ်ပေါက်ကိုသာ ထပ်မံဖွင့်လှစ်နိုင်ပါက သူ၏တိုက်ခိုက်ရေးစွမ်းအားက ဧကန်မုချ အဆမတန် တိုးတက်လာလိမ့်မည် ဖြစ်သည်။

မဟာဧကရာဇ်နယ်ပယ်သို့ မချိုးဖျက်မီကပင် အတွင်းတံခါး ရှစ်ပေါက်ထဲမှ တံခါးလေးပေါက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ရာတစ်ကိုယ်လုံး အလုံးစုံသော တိုက်ခိုက်ရေးစွမ်းအားကို ရှစ်ဆအထိ အပြည့်အဝ မြှင့်တင်ပေးနိုင်ခဲ့သည်။

အကယ်၍ ပဉ္စမမြောက်တံခါးကိုသာ ဖွင့်လှစ်နိုင်ခဲ့ပါက၊ အတွင်းတံခါး ရှစ်ပေါက်ကြောင့် ရရှိမည့် လင်းချန်၏ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်မှုက နှစ်ဆ ဖြစ်သွားလိမ့်မည်။

ယခင်က ရှစ်ဆအထိ မြှင့်တင်ပေးနိုင်ရာမှနေ၍ တိုက်ရိုက် နှစ်ဆတိုးကာ တိုက်ခိုက်ရေးစွမ်းအား တစ်ဆယ့်ခြောက်ဆအထိ ဖြစ်သွားမည်ဖြစ်သည်။

အလုံးစုံသော စွမ်းအားကို တစ်ဆယ့်ခြောက်ဆအထိ မြှင့်တင်ပေးနိုင်ခြင်းဆိုသည်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အယူအဆမျိုး ဖြစ်ပါသနည်း။

ထိုအချိန်ကျလျှင်မူ လင်းချန်အနေဖြင့် အခြားမဟာဧကရာဇ် ကျွမ်းကျင်သူများနှင့် မကြုံတွေ့ရသေးသော်လည်း မဟာဧကရာဇ်နယ်ပယ်အတွင်းရှိ သက်တူရွယ်တူချင်းများအကြား သူကိုယ်သူ ပြိုင်ဘက်ကင်း အနှိုင်းမဲ့အဖြစ် သတ်မှတ်နိုင်ရန် ယုံကြည်မှု ရှိနေပေသည်။

ဒါက မောက်မာလွန်းလို့ မဟုတ်ဘဲ သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအားက ပေးစွမ်းတဲ့ အမြင့်မားဆုံးသော ယုံကြည်ချက်ကြောင့်သာဖြစ်သည်။

အကယ်၍ လူတစ်ယောက်က လုံလောက်အောင် စွမ်းအားကြီးမားပါလျက်နှင့် ကြောက်ရွံ့တုန်လှုပ်ကာ ဘာမှမလုပ်ရဲဘဲ နေမည်ဆိုပါက ထိုသူသည် အမှိုက်တစ်စနှင့် ဘာကွာခြားပါမည်နည်း။

"ဟူး..."

နတ်ဘုရားသားတော်နန်းဆောင်အတွင်း၌ အရာအားလုံးကို စီစဉ်ပြီးသွားသောအခါ လင်းချန်၏ ပင်မခန္ဓာကိုယ်သည် လေပူတစ်ချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်သည်။

နောက်ပိုင်းတွင်တော့ ပင်မခန္ဓာကိုယ်အနေဖြင့် တာအိုပြည်နယ် ၃၀၀၀ ရှိ အခြားသော အင်အားစုများ လူမျိုးစုများနှင့် ကျော်ကြားလှသော တောင်တန်းကြီးများ ချိုင့်ဝှမ်းကြီးများဆီသို့ သွားရောက်ကာ လက်မှတ်ထိုးခြင်းအခွင့်အရေးများကို ရယူရန် ပြင်ဆင်ရတော့မည်ဖြစ်သည်။

ဒါက တာအိုပြည်နယ် ၃၀၀၀ ကနေ မထွက်ခွာခင် သူ အကောင်အထည်ဖော်ချင်တဲ့ တစ်ခုတည်းသော အရာဖြစ်သည်။

သူ ရရှိမည့် လက်မှတ်ထိုးခြင်း ဆုလာဘ်များကို သူကိုယ်တိုင် အသုံးမပြုနိုင်လျှင်ပင် ရှေးဟောင်းလင်းမိသားစု၏ အခြေခံအုတ်မြစ်ကို မြှင့်တင်နိုင်ရန်အတွက် မိသားစုထံ ချန်ထားခဲ့နိုင်သည်။

ယင်းကို မထွက်ခွာမီ မိသားစုအတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးခဲ့ခြင်းဟု မှတ်ယူနိုင်သည်။

ထိုအင်အားစုများ လူမျိုးစုများ ထင်ရှားသော တောင်တန်းများနှင့် ချိုင့်ဝှမ်းကြီးများက လက်မှတ်ထိုးခြင်း အခွင့်အရေးများကို ဖွင့်လှစ်ပေးနိုင်ပါက ၎င်းတို့ကို သဘာဝအတိုင်း အသုံးချရမည်ဖြစ်သည်။

၎င်းတို့ကို မဖွင့်လှစ်ဘဲ ချန်ထားခဲ့ပြီး လက်မှတ်မထိုးဘဲ နေမည်ဆိုပါက လုံးဝ ဖြုန်းတီးရာကျပေလိမ့်မည်။

အရာအားလုံးကို အကောင်းဆုံး အသုံးချခြင်းကသာ အစစ်မှန်ဆုံးသော တာအိုဖြစ်ပေသည်။

မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ပြီးနောက် ဖန်တီးရမည့် ဧကရာဇ်ကျမ်းစနှင့် ပတ်သက်၍မူ လင်းချန်နှင့် သက်ဆိုင်ခြင်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် သူ ကျင့်ကြံနေသည့် ဖရိုဖရဲနတ်ဘုရားမိစ္ဆာကျမ်းစာ သည် စနစ် က ပေးအပ်ထားခြင်းဖြစ်ပြီး၎င်း၏ အဆင့်အတန်းမှာ မဟာဧကရာဇ်အဆင့်ထက် များစွာ ကျော်လွန်နေသောကြောင့် ဖြစ်သည်။

၎င်းအပြင် ဖရိုဖရဲနတ်ဘုရားမိစ္ဆာကျမ်းစာသည် သူနှင့် ပြီးပြည့်စုံစွာ ဟန်ချက်ညီလှသဖြင့် မည်သည့် ငြင်းပယ်မှုမျိုးမျှ မရှိချေ။

ယင်းက သူသည် ဖရိုဖရဲနတ်ဘုရားမိစ္ဆာကျမ်းစာကို အမှီပြု၍ အမြင့်မားဆုံးသော ကျင့်စဉ်နယ်ပယ်အထိ တိုက်ရိုက်တက်လှမ်းနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

နတ်ဘုရားသားတော်နန်းဆောင်ထဲမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာပြီးနောက်တွင်တော့ သူသည် ဗဟိုရင်ပြင်တွင် ရပ်တန့်လိုက်သည်။

ကောင်းကင်ယံကြီးမှာ မှောင်စပျိုးနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဒါက လင်းချန်၏ အမြင်အာရုံကို မထိခိုက်နိုင်ချေ။ သူ၏အကြည့်က ချက်ချင်းပင် လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်သည်။

ထိုလမ်းကြောင်းမှာ အခြားမဟုတ်ဘဲ လွင့်မျောသောအလင်း မြင့်မြတ်သောပြည်နယ် နှင့် ကပ်လျက်ရှိသော ယောင်ကွမ်းဝိညာဉ်ပြည်နယ်ပင် ဖြစ်သည်။

တိတိကျကျ ပြောရလျှင် ယောင်ကွမ်းဝိညာဉ်ပြည်နယ်အတွင်းရှိ ယောင်ကွမ်းမြင့်မြတ်နယ်မြေတည်ရှိရာ နေရာပင်။

"စဉ်းစားကြည့်ရင်... အရင်တုန်းက ယောင်ကွမ်းမြင့်မြတ်မြေနဲ့ အငြင်းပွားမှုအသေးစားလေးတွေ ရှိခဲ့ဖူးတာပဲ။ အင်း... ငါ ဒီနေရာကိုပဲ အရင်ဆုံး ရွေးချယ်လိုက်မယ်။"

လင်းချန်က သူ၏မေးစေ့ကို ပွတ်သပ်ရင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။ စိတ်ဝင်စားစရာကောင်းသော အတိတ်တစ်ခုကို ပြန်လည်သတိရသွားသည့်အလားပင်။

ထိုစဉ်က ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာစ အစောပိုင်းကာလများတွင် ယောင်ကွမ်းမြင့်မြတ်မြေမှ ပါရမီရှင်ကျွမ်းကျင်သူတစ်ဦးသည် ၎င်းတို့၏ လွင့်မျောသောအလင်း မြင့်မြတ်သောပြည်နယ်သို့ လာရောက်ကာ ပြဿနာရှာခဲ့ဖူးသည်။

သူ မှတ်မိသရွေ့ဆိုလျှင် အခြားသူများကို သတိပေးသည့်အနေဖြင့် ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းဝင် ယောင်ကွမ်းမြင့်မြတ်မြေမှ ထိုပါရမီရှင်ကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူးသည်။

ယခုတစ်ကြိမ်တွင် သူကိုယ်တိုင် ယောင်ကွမ်းမြင့်မြတ်မြေထံသို့ လူကိုယ်တိုင် လာရောက်လည်ပတ်သည့်အခါ ယောင်ကွမ်းမြင့်မြတ်နယ်မြေမှ ကျွမ်းကျင်သူများက မည်ကဲ့သို့သော သဘောထားမျိုး ထားရှိကြမည်ကို သူ သိချင်မိသည်။

ယခင်က ယောင်ကွမ်းမြင့်မြတ်နယ်မြေသည် ရှေးဟောင်း လင်းမိသားစုထံသို့ ကျွမ်းကျင်သူများကို စေလွှတ်ကာ အတိတ်က ရန်ငြိုးများကို ချေဖျက်ရန် တောင်းပန်ခဲ့ကြဖူးသည်မှာ အမှန်ပင်ဖြစ်သည်။

လင်းချန်အနေဖြင့် သူတို့ ပြသမည့် အပေါ်ယံသဘောထားကိုတော့ ခန့်မှန်းနိုင်သည်။

အဆုံးတွင်တော့ သူသည် ယခုအခါ မဟာဧကရာဇ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသော တည်ရှိမှုတစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။

ယောင်ကွမ်းမြင့်မြတ်မြေက မည်မျှပင် မိုက်မဲပါစေဦးတော့ သူ့ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝံ့ကြမည် မဟုတ်ချေ။

သူ သိရှိရန် လိုအပ်သည်မှာ ယောင်ကွမ်းမြင့်မြတ်မြေက ရှေးဟောင်းလင်းမိသားစုအပေါ်တွင်ဖြစ်စေ၊ သူ့အပေါ်တွင်ဖြစ်စေ ကွယ်ရာနောက်ကွယ်၌ မည်သို့သော သဘောထားမျိုး ထားရှိသလဲဆိုသည်ကို ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ သူသာ သိရှိလိုပါက တစ်ခုလုံးသော တာအိုပြည်နယ် ၃၀၀၀ တွင် မည်သူမျှ သူ့ကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

ကောင်းကင်ဘုံတာအို၏ အခွင့်အာဏာကို အသုံးမပြုလျှင်ပင် သူ၏ ကိုယ်ပိုင်ကျင့်စဉ်အဆင့်နှင့် စွမ်းအားများဖြင့် မဟာဧကရာဇ်အဆင့်အောက်ရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို ကြည့်ရှုရန်မှာ အလွန်တရာ လွယ်ကူလှပေသည်။

ယခုတစ်ကြိမ် ယောင်ကွမ်းမြင့်မြတ်မြေသို့ သွားရန် ဆုံးဖြတ်ချက်မှာ လင်းချန်အနေဖြင့် ယောင်ကွမ်းမြင့်မြတ်မြေကို စမ်းသပ်ရန်အတွက်လည်း အခြေခံထားခြင်း ဖြစ်သည်။

အကယ်၍ ယောင်ကွမ်းမြင့်မြတ်မြေက အတိတ်က အဖြစ်အပျက်များကို တကယ်ပဲ လက်လွှတ်လိုက်ပြီဖြစ်ကရှေးဟောင်း လင်းမိသားစုအပေါ် ခင်မင်ရင်းနှီးသော သဘောထားကို ထားရှိပါက ဤတစ်ခေါက် ယောင်ကွမ်းမြင့်မြတ်မြေသို့ သွားရောက်ခြင်းက လက်မှတ်ထိုးခြင်းမှလွဲ၍ အခြားရှိလိမ့်မည် မဟုတ်ချေ။

သို့သော် အကယ်၍ ယောင်ကွမ်းမြင့်မြတ်မြေက အပေါ်ယံတွင်သာ ခင်မင်ပြနေခြင်းဖြစ်ပါက သူ တစ်စုံတစ်ခုကို လုပ်ဆောင်ရပေလိမ့်မည်။

သူ ထွက်ခွာသွားပြီးသည်နှင့် ရှေးဟောင်း လင်းမိသားစုကို ကွယ်ရာကနေ ပြဿနာရှာမည့် ပုန်းအောင်းနေသော ယင်ကောင်များကို ချန်ထားခဲ့ရန် သူ အလိုမရှိချေ။

မတက်လှမ်းမီ လက်မှတ်ထိုးခြင်း အခွင့်အရေးကို အသုံးချရင်း တာအိုပြည်နယ် ၃၀၀၀ ရှိ အမျိုးမျိုးသော အင်အားစုများနှင့် လူမျိုးစုများကို သူ လှည့်လည်စစ်ဆေးနိုင်သည်။

သူတို့က ရှေးဟောင်းလင်းမိသားစုနှင့် တကယ်ပဲ မိတ်ဆွေဖွဲ့ချင်ကြတာလား ဆိုတာကို ကြည့်ရန် ဖြစ်သည်။

အကယ်၍ မဟုတ်ပါက သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် တန်ပြန်နည်းလမ်းများကို အသုံးပြုရပေလိမ့်မည်။

အကယ်၍ သူတို့က အပြင်ရောအတွင်းပါ စစ်မှန်ကြမည်ဆိုလျှင်မူ သူ၏ဘက်မှ အခြားသော လက်ဆောင်မွန်များလည်း ရှိလာမည် ဖြစ်သည်။

ယောင်ကွမ်းမြင့်မြတ်မြေဆိုတာ အစပျိုးမှုသက်သက်သာဖြစ်ပြီး အဆုံးသတ်တော့ မဟုတ်သေးချေ။

"ကြည့်ရတာ နောက်ထပ် လဝက်ကတော့ တော်တော်လေး အလုပ်ရှုပ်ဦးမယ့်ပုံပဲ။"

ခပ်ဖွဖွ ရယ်မောလိုက်ရင်း လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် ယောင်ကွမ်းမြင့်မြတ်မြေ အတွင်း၌...

တစ်ခုလုံးသော ယောင်ကွမ်းမြင့်မြတ်နယ်မြေရှိ တပည့်များနှင့် ကျွမ်းကျင်သူအားလုံးသည် အခြားအရာများကို တွေးမနေကြဘဲ ကျင့်ကြံခြင်း အပေါ်တွင်သာ အာရုံစိုက်နေကြသည်။

မကြာသေးမီက အဆင့်မြင့်လူကြီးများက တပည့်များနှင့် ကျွမ်းကျင်သူအားလုံးကို မြင့်မြတ်နယ်မြေအတွင်း၌သာ နေထိုင်ကြရန်နှင့် အပြင်သို့ မထွက်ကြရန် အမိန့်ထုတ်ပြန်ထားခဲ့သည်။

ထို့ကြောင့်ပင် ယခုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

အမျိုးမျိုးသော ကျင့်ကြံရေးနယ်မြေများတွင် လူအုပ်ကြီးက သိပ်သည်းစွာ ရှိနေကြပြီး ကျင့်ကြံခြင်းအပေါ် စိတ်အားထက်သန်မှုမှာ အလွန်တရာ မြင့်မားနေပုံရသည်။

မြင့်မားလှသော နန်းတော်ကြီးတစ်ခု၏ အပေါ်တွင်တော့ အသက်ကြီးရင့်လှသော ပုံရိပ်တစ်ခုက တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။

သူမ၏ အရှိန်အဝါက တုန်ခါနေပြီး တစ်ခါတစ်ရံတွင် အားကောင်းကာ တစ်ခါတစ်ရံတွင် အားနည်းနေသဖြင့် ခန့်မှန်းရန် ခက်ခဲလှသည်။

အားကောင်းသည့်အခါတွင် သူမသည် ကောင်းကင်ယံကြီးကို ထောက်မထားသည့် တိုင်လုံးကြီးတစ်ခုကဲ့သို့ ခန့်ညားထည်ဝါပြီး ကျူးကျော်၍မရနိုင်ပုံရကာ အားနည်းသည့်အခါတွင်မူ လေထဲတွင် ငြိမ်းလုဆဲဆဲ ဖြစ်နေသော ဖယောင်းတိုင်မီးတစ်တောက်နှင့် တူလှပေသည်။

မြင့်မြတ်နယ်မြေအတွင်း ကျင့်ကြံနေကြသည့် စည်ပင်ဝပြောသော မြင်ကွင်းကို ကြည့်ရင်း ထိုအသက်ကြီးရင့်သူ၏ တွန့်ရှုံ့နေသော မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်ရိပ်များ ပေါ်ထွက်လာခဲ့သည်။

"ငါတို့ရဲ့ ယောင်ကွမ်းမြင့်မြတ်မြေက ဒီကာလအတွင်းမှာ ယခင် အထွတ်အထိပ် အခြေအနေကို ပြန်ရောက်တော့မှာပဲ။ အထက်ဘုံရဲ့ ကိစ္စရပ်တွေ ရှင်းလင်းသွားတာနဲ့ တစ်ပြိုင်နက် ဒီအဘွားကြီးလည်း မဟာဧကရာဇ်နယ်ပယ်အတွက် အစွမ်းကုန် ကြိုးစားတော့မယ်။"

"ရှေးဟောင်း လင်းမိသားစုက အဲ့ဒီလူက ဘယ်အချိန်ကျမှ တက်လှမ်းဖို့ ရွေးချယ်မလဲဆိုတာပဲ ငါသိချင်မိတယ်။"

"ဒီလောက် တိုတောင်းလှတဲ့ အချိန်လေးက ဒီလောက်အထိ ညှဉ်းပန်းနှိပ်စက်သလို ခံစားရလိမ့်မယ်လို့ အရင်က တစ်ခါမှ မတွေးဖူးခဲ့ဘူး။"

ပြောပြီးနောက် ထိုအသက်ကြီးရင့်သူ၏ မျက်နှာထက်တွင် မတတ်သာသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

အတိတ်တုန်းကဆိုလျှင် နှစ်ပေါင်းရာချီ၊ ထောင်ချီ စောင့်ဆိုင်းရခြင်းက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသလို ခံစားရဖူးသည်။

ရက်အနည်းငယ်မျှသာ ကုန်လွန်သွားသေးသည့် လက်ရှိအချိန်တွင် ဤမျှအထိ သည်းမခံနိုင်လောက်အောင် စိတ်မသက်မသာ ဖြစ်ရသည့် ခံစားချက်မျိုးကို သူမ တစ်ခါမှ မကြုံဖူးခဲ့ချေ။

ကွက်တိပင်။ ထိုအသက်ကြီးရင့်သူ၏ နားနားတွင် ခပ်ဖွဖွ ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အော်... ကြည့်ရတာ စီနီယာက ကျွန်တော့်ကို အမြန်ဆုံး တက်လှမ်းသွားစေချင်နေတဲ့ ပုံပဲ။ ဒါပေမဲ့ စီနီယာ... စိတ်မလောပါနဲ့ဦး။"

"ကျွန်တော် ဒီနောက်ဆုံးအလုပ်ကို အဆုံးသတ်ပြီး တာအိုပြည်နယ် ၃၀၀၀ မှာရှိတဲ့ အင်အားစုတွေနဲ့ လူမျိုးစုတွေအားလုံးဆီကို သွားရောက်လည်ပတ်ပြီးရင်တော့မှတတ်လှမ်းမှာပါ။"

"စီနီယာ ရှိနေတဲ့ဒီယောင်ကွမ်းမြင့်မြတ်မြေကတော့ ကျွန်တော် ပထမဆုံး ရွေးချယ်လိုက်တယ်။"

အခန်း ၂၂၀ - ငယ်ရွယ်စဉ်တွင် ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုး၍ အိုမင်းရင့်ရော်ချိန်တွင် ကြောက်ရွံ့တုံ့ဆိုင်းခြင်း။

နားစည်အတွင်းသို့ ရိုက်ခတ်လာသော ထိုအသံကြောင့် အသက်ကြီးရင့်သူ၏ အနည်းငယ် ကိုင်းညွတ်နေသော ခန္ဓာကိုယ်မှာ ချက်ချင်းပင် မတ်ခနဲ ဖြစ်သွားခဲ့သည်။ သူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ဘယ်သူလဲ စကားပြောနေတာ... ယောင်ကွမ်းမြင့်မြတ်နယ်မြေဆိုတာ မင်း သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး။"

စကားလုံးများ ထွက်ပေါ်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ထဲမှ အားကောင်းလှသော ကျင့်စဉ်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီးကို ဆုတ်ဖြဲပစ်လိုက်သည်။

ထို့နောက်တွင်တော့ တုန်လှုပ်ခြောက်ခြားဖွယ် ဖိအားတစ်ခု ပျံ့နှံ့သွားခဲ့ရာ ၎င်းမှာ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးသာ ထုတ်ဖော်နိုင်သည့် အမြင့်မားဆုံးသော ဖိအားပင် ဖြစ်သည်။

ယင်းက ဤအသက်ကြီးရင့်သူ၏ ကျင့်စဉ်အဆင့်မှာ အနည်းဆုံးတော့ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်တွင် ရှိနေကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

ထိုအသက်ကြီးရင့်သူ၏ အသံမစဲသေးမီမှာပင် လင်းချန်သည် သူမ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်ထဲမှ လေဟာနယ်အတိုင်း ပေါ်ထွက်လာခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော အားကောင်းလှသည့် အရှိန်အဝါကို ခံစားမိလိုက်သဖြင့် လင်းချန်အနေဖြင့် မချီးကျူးဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။

"စီနီယာက တကယ်ပဲ ဒီလောက်အထိ အားကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ ဒီပုံစံအတိုင်းဆိုရင် ကျင့်စဉ်အဆင့် ချိုးဖျက်ဝင်ရောက်ဖို့ သိပ်မလိုတော့ဘူးမလား။"

"ဒါပေမဲ့ ကျွန်တော် သိချင်တာက စီနီယာက ဘာလို့ ကိုယ့်ကျင့်စဉ်အဆင့်ကို ဖိနှိပ်ထားပြီး မဟာဧကရာဇ် နယ်ပယ်ဆီကို မတက်လှမ်းတာလဲ။ စီနီယာ ကြောက်နေလို့လား။"

"ဒါမှမဟုတ် စီနီယာ တစ်စုံတစ်ခုကို စိုးရိမ်နေတာလား။ ထျန်းယီနန်းတော်ဆိုတာကိုလား။"

"ဒါပေမဲ့ ကျွန်တော် အဖေ့ကို တက်လှမ်းခြင်းလမ်းကြောင်း ထွက်ပေါက်အသစ်ရဲ့ တိကျတဲ့ ဟင်းလင်းပြင် အမှတ်အသားတွေ အကုန်လုံးကို အသိပေးခိုင်းထားပြီးပြီ မဟုတ်လား။ ဘာလို့ စိုးရိမ်နေရသေးတာလဲ။"

ထိုအသက်ကြီးရင့်သူ၏ စွမ်းအားမှာ အလွန်တရာ အားကောင်းလှပြီးရှေးဟောင်း လင်းမိသားစု ရှိ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် ရောက်နေသော ဘိုးဘေး တစ်ဦးစနှစ်ဦးထက်ပင် အနည်းငယ် ပိုမိုအားကောင်းကြောင်း ဝန်ခံရမည်ဖြစ်သည်။

သို့သော်လည်း လက်ရှိ သူ့အတွက်မူ ထိုအရာက သူ၏မျက်နှာကို ခပ်ဖွဖွ ဖြတ်တိုက်သွားသည့် လေညင်းလေးတစ်ချက်မျှပင် မရှိချေ။

နောက်ကွယ်မှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောအခါ အသက်ကြီးရင့်သူ၏ မျက်မှောင်များ ပြင်းထန်စွာ ကျုံ့သွားခဲ့သည်။

သူမသည် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန်အတွက် ကမန်းကတန်း လှည့်ကြည့်လိုက်သော်လည်းလင်းချန်၏ ပုံရိပ်ကို အထင်အသား မြင်လိုက်ရသည့်အခါ...

သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ကျင့်စဉ်ဖိအားများမှာ ရုတ်တရက် ငြိမ်းသတ်သွားခဲ့ပြီး၊

သူမ၏ မျက်နှာထက်တွင် အိုးတိုးအမ်းတမ်း ဖြစ်ရိပ်များ ပေါ်ထွက်လာခဲ့တော့သည်။

"ဘယ်သူလဲလို့... နတ်ဘုရားသားတော်မင်းသား ဖြစ်နေတာကိုး။ ခုနကတော့ ဒီအဘွားကြီး အမူအရာ ပျက်သွားမိတယ်။ နတ်ဘုရားသားတော် မင်းသားအနေနဲ့ အပြစ်မယူဖို့ မျှော်လင့်ပါတယ်။"

ပြောရင်းနှင့်ပင် ထိုအသက်ကြီးရင့်သူသည် လင်းချန်ဘက်သို့ ကမန်းကတန်း အနူးအညွတ် တောင်းပန်လိုက်သည်။

ယင်းကို မြင်လိုက်ရသောအခါ လင်းချန်က ဂရုမစိုက်သည့် ဟန်ပန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကိစ္စမရှိပါဘူး။ စီနီယာရဲ့ ခုနက ပြသမှုက အင်အားစုတစ်ခုရဲ့ အစောင့်အရှောက်တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ။"

"အကယ်၍ ကျွန်တော်ကသာ ယောင်ကွမ်းမြင့်မြတ်မြေကို တိတ်တဆိတ် လာရောက်ကျူးကျော်တာဆိုရင် စီနီယာရဲ့ ခုနက လှုပ်ရှားမှုက ယောင်ကွမ်းမြင့်မြတ်မြေရဲ့ တပည့်များစွာကို ဘေးအန္တရာယ်ကနေ ကာကွယ်ပေးဖို့ လုံလောက်ပါတယ်။"

"ဒါပေမဲ့ စီနီယာ... ကျွန်တော့်ရဲ့ မေးခွန်းကိုတော့ မဖြေရသေးဘူးနော်။ စီနီယာအနေနဲ့ ပတက်လှမ်းခြင်းကို ဘယ်လိုမြင်လဲဆိုတာ သိချင်မိတယ်။"

ပြောပြီးနောက် လင်းချန်၏ မျက်နှာထက်တွင် မေးခွန်းထုတ်လိုသော အမူအရာ ပေါ်ထွက်လာခဲ့သည်။

သူသည် သူမကို ဖိအားပေးရန်အတွက် သူ၏ကျင့်စဉ်အရှိန်အဝါကို အသုံးမပြုခဲ့သလို စစ်ဆေးမေးမြန်းသည့် လေသံမျိုးဖြင့်လည်း မပြောခဲ့ချေ။

သူသည် ရိုးရိုးရှင်းရှင်းပင် ပုံမှန်စကားစမြည် ပြောဆိုနေသည့်အလား တည်ငြိမ်သော လေသံဖြင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သူမ ခုနကတင် ရှောင်လွှဲခဲ့သည့် ကိစ္စကို လင်းချန်က ထပ်မံ၍ မေးမြန်းလာသည်ကို ကြားလိုက်ရသောအခါ ထိုအသက်ကြီးရင့်သူ၏ မျက်နှာထက်တွင် အခက်တွေ့ရိပ်များ ပေါ်ထွက်လာခဲ့သည်။

လင်းချန်သည် ဤမျှအထိ တိတ်တဆိတ်နှင့် ဤမျှအထိ ရုတ်တရက်ကြီး ၎င်းတို့၏ ယောင်ကွမ်းမြင့်မြတ်မြေထံသို့ လာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိချေ။

ပြီးတော့ သူ မေးလိုက်တဲ့ မေးခွန်းကလည်း သူမကို အလွန်အမင်း အိုးတိုးအမ်းတမ်း ဖြစ်စေပြီး ရင်မဆိုင်ချင်တဲ့ အရာတစ်ခု ဖြစ်နေပြန်သည်။

တက်လှမ်းခြင်းနှင့် ပတ်သက်၍မူ သူမသည်လည်း အခြားသော ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် ကျွမ်းကျင်သူများကဲ့သို့ပင် စောင့်ကြည့်ရုံ သာ သဘောထားမျိုးကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် မဟာဧကရာဇ်နယ်ပယ်အတွက် အရင်ဆုံးအစွမ်းကုန် ကြိုးစားကြမည်မဟုတ်ဘဲ လင်းချန် ပျံတက်သွားပြီးနောက် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းကာ အသေးစိတ် အချက်အလက်များကို မေးမြန်းကြမည်ဖြစ်သည်။

ထိုအချိန်ကျမှသာ မဟာဧကရာဇ်အဖြစ် အမြန်ဆုံး ချိုးဖျက်ဝင်ရောက်ပြီး အထက်ဘုံသို့ တက်လှမ်းမည်လား ဆိုသည်ကို ဆုံးဖြတ်ကြမည် ဖြစ်သည်။

ထိုအသက်ကြီးရင့်သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လင်းချန်က ပြုံးလိုက်သည်။

"စီနီယာ... စိတ်လှုပ်ရှားမနေပါနဲ့။ ကျွန်တော်က နည်းနည်းလေး သိချင်ရုံသက်သက်ပါ။"

"ဘာလို့လဲဆိုတော့ လက်ရှိ တာအိုပြည်နယ် ၃၀၀၀ မှာ ကျွန်တော့်ရဲ့ ရှေးဟောင်း လင်းမိသားစုက မဟာဧကရာဇ်နယ်ပယ်အတွက် တံခါးပိတ်ပြီး အစွမ်းကုန် ကြိုးစားနေကြတဲ့ ဧကရာဇ်တစ်ပိုင်း ဘိုးဘေးတွေကလွဲရင်..."

"တခြားအင်အားစုတွေက ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် ကျွမ်းကျင်သူတွ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူတွေတောင်မှ နည်းနည်းလေး လျော့ရဲနေကြတာကို ကျွန်တော် သတိထားမိလို့ပါ။"

သူ့တွင် ကောင်းကင်ဘုံတိာအို၏ အခွင့်အာဏာ ရှိနေသဖြင့် တစ်ခုလုံးသော တာအိုပြည်နယ် ၃၀၀၀ ကို အချိန်တိုင်း စောင့်ကြည့်နိုင်သည်မှာ မှန်သော်လည်း...

လွန်ခဲ့သော သုံးရက်လုံးလုံး သူသည် မိမိ၏ ကိုယ်ပိုင်အလုပ်များကိုသာ လုပ်ဆောင်နေခဲ့သဖြင့် ဤကိစ္စများကို စောင့်ကြည့်ရန် အချိန်မရှိခဲ့ချေ။

ယခု လမ်းခရီးတစ်လျှောက်တွင် အာရုံခံကြည့်လိုက်သည့်အခါမှသာ အင်အားစုများနှင့် လူမျိုးစုအားလုံးနီးပါးမှ ၎င်းတို့၏ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများသည် မိမိတို့၏ ကျင့်စဉ်အဆင့်ကို အတင်းအကျပ် ဖိနှိပ်ထားကြကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်စဉ်မှာ အလွန်ထူးဆန်းလှပေသည်။

သူ တွေးမိနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ မတိုင်မီက သူ၏အဖေ လင်းဟောက်ရန်အား ကြေညာခိုင်းထားခဲ့သည့် တက်လှမ်းခြင်းနှင့်ပတ်သက်သော အမှန်တရားကြောင့်သာ ဖြစ်နိုင်သည်။

အကယ်၍ သူသာ မိမိရှေ့တွင်ရှိသော ထိုအသက်ကြီးရင့်သူ၏ နှလုံးသားထဲသို့ ချောင်းမြောင်းကြည့်ရှုလိုပါက သူမ၏ စိတ်ကူးထဲတွင် ရှိနေသည့် စစ်မှန်သော အတွေးများကိုလည်း အာရုံခံနိုင်သည်။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းက အနည်းငယ် ရိုင်းပျရာကျပေလိမ့်မည်။

သူသည် ယောင်ကွမ်းမြင့်မြတ်မြေက ၎င်းတို့၏ ရှေးဟောင် လင်းမိသားစုအပေါ် ထားရှိသည့် သဘောထားအစစ်အမှန်ကို အပြည့်အဝ မသိရသေးချေ။

အခြားသူတစ်ပါး၏ လျှို့ဝှက်ချက်ကို ထိခိုက်စေမည့် ထိုကဲ့သို့သော ရိုင်းပျသည့် လုပ်ရပ်မျိုးကို လောလောဆယ် မလုပ်ဆောင်ခြင်းက ပို၍ကောင်းမွန်ပေသည်။

ယင်းကို ကြားလိုက်ရသောအခါ ယောင်

ကွမ်းမြင့်မြတ်နယ်မြေ၏ အကြီးအကဲချုံးဟွာ၏ မျက်နှာထက်တွင် စိတ်ဒွန်တွဲမှုများ ခဏမျှ ဖြစ်ပေါ်သွားခဲ့ပြီးနောက် သူမသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်တော့သည်။

"ထားလိုက်ပါတော့... သိက္ခာကျလည်း ကျပါစေတော့။ နတ်ဘုရားသားတော်ကို အမှန်အတိုင်း ပြောရရင်တော့... ကျွန်မတို့ တကယ်ပဲ နည်းနည်း ကြောက်နေကြတာပါ။"

"အထက်ဘုံရဲ့ အန္တရာယ်တွေကို ကြောက်တာ ထျန်းယီနန်းတော်က ကျွန်မတို့ကို ကျွန်ပြုမှာကို ကြောက်တာပါ။ ကျွန်မတို့က အိုပါပြီ... သိပ်ကို အိုမင်းနေပါပြီ။"

"ကျွန်မတို့ဆီမှာ အရင်တုန်းကလို ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးချင်တဲ့ စိတ်ဓာတ်မျိုး မရှိတော့ဘဲ တည်ငြိမ်မှုကိုပဲ ရှာဖွေချင်ကြတော့တယ်။"

"နတ်ဘုရားသားတော်က လှောင်ပြောင်မှာကို မကြောက်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ အားလုံး တွေးနေကြတာကအရှင့်သား ပျံတက်သွားပြီး တာအိုပြည်နယ် ၃၀၀၀ ဆီကို ပြန်လာမယ့်အချိန်အထိ ခဏလောက် စောင့်ဆိုင်းဖို့ပါပဲ။"

"အရှင့်သားဆီကနေ အထက်ဘုံရဲ့ အခြေအနေကို အသေအချာ သိရှိပြီးသွားမှသာ ကျွန်မတို့ မဟာဧကရာဇ်နယ်ပယ်အတွက် ကြိုးစားပြီး အထက်ဘုံကို ပျံတက်မလား ဆိုတာကို ရွေးချယ်ကြပါတော့မယ်။"

သူမ၏ စကားများ ဆုံးသွားသောအခါ ချုံးဟွာ၏ မျက်နှာထက်တွင် အလွန်အမင်း ရှက်ရွံ့ရိပ်များ ပေါ်ထွက်လာခဲ့သည်။

ဤစကားများကို ပြောဆိုလိုက်ရခြင်းက သူမအား အနည်းငယ် အရှက်ရစေသည်။ ဂုဏ်သိက္ခာကြီးမားလှသော မြင့်မြတ်နယ်မြေတစ်ခု၏ အားအကောင်းဆုံးသောဘိုးဘေးတစ်ဦးအနေနှင့် သူမက ဤကဲ့သို့သော စကားမျိုးကို ပြောထွက်ခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း ဒါက သူမ၏ နှလုံးသားအောက်ခြေတွင် ရှိနေသည့် အစစ်မှန်ဆုံးသော အတွေးပင် ဖြစ်သည်။

သူမ တကယ်ပဲ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

ချုံးဟွာ၏ ပြောပြချက်ကို နားထောင်ပြီးနောက် လင်းချန်က နားလည်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ အမှန်ပင် ဤဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် ကျွမ်းကျင်သူများသည် အလွန်အမင်း အိုမင်းရင့်ရော်နေကြပြီ ဖြစ်သည်။

သူတို့ဆီမှာ ငယ်ရွယ်စဉ်က ရှိခဲ့ဖူးတဲ့ ထူးခြားတဲ့ ဂုဏ်ယူဝါကြွားမှုတွေ မရှိတော့သလို ကောင်းကင်နဲ့မြေကြီးကြားက ဘာကိုမှ မကြောက်မရွံ့တတ်တဲ့ စိတ်ဓာတ်မျိုးလည်း မရှိတော့ချေ။

လူတစ်ယောက်သည် ငယ်ရွယ်စဉ်တွင် အစွမ်းကုန် ကြိုးစားသင့်သည်။အဘယ်ကြောင့်ဆိုသော် ရလဒ်များကို ဂရုစိုက်နေရန် မလိုသောကြောင့်ဖြစ်ပြီး မိမိကိုယ်တိုင်က ငယ်ရွယ်သေးကာ လုံလောက်သော အချိန် ရှိနေသေးသောကြောင့် ဖြစ်သည်။

သို့သော် လူတစ်ယောက် အိုမင်းရင့်ရော်လာသည့်အခါတွင်မူ အချိန်က မလုံလောက်တော့သလို ရလဒ်များကိုလည်း လျစ်လျူရှုထား၍ မရတော့ချေ။

လူတစ်ယောက်သည် ကြောက်ရွံ့တုံ့ဆိုင်းလာတတ်ပြီး မိမိကိုယ်တိုင် တစ်ချိန်က အမုန်းဆုံး ဖြစ်ခဲ့ဖူးသည့် လူစားမျိုးအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။

ဒါက ကျင့်ကြံသူတွေအတွက်တင် မဟုတ်ဘဲ သာမန်လူသားတွေနဲ့ သက်ရှိသတ္တဝါအားလုံး အပါအဝင် လောကကြီးရဲ့ အရာအားလုံးနဲ့ သက်ဆိုင်ပေသည်။

ယခုအခါ တစ်ခုလုံးသော တာအိုပြည်နယ် ၃၀၀၀ ရှိ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် ကျွမ်းကျင်သူအားလုံးမှာ ဤကဲ့သို့ပင် ဖြစ်နေကြသည်။

လင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေရင်း ခေါင်းကို အနည်းငယ်မော့ကာ အထက်မှ ကောင်းကင်ယံကြီးကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စီနီယာတို့မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေမှတော့ ဆက်ပြီး စောင့်ဆိုင်းနေလိုက်ပါဦး။ သိပ်မကြာခင်မှာပဲ ကျွန်တော် တက်လှမ်းဖို့ ရွေးချယ်တော့မှာပါ။"

"မမျှော်လင့်ထားတဲ့ မတော်တဆမှုမျိုး မရှိဘူးဆိုရင်တော့ ကျွန်တော် တက်လှမ်းသွားပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ တာအိုပြည်နယ် ၃၀၀၀ ဆီကို ပြန်လာပါ့မယ်။"

"အဲ့ဒီအချိန်ကျမှပဲ စီနီယာတို့အနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်လမ်းကို ဆက်လျှောက်မလား ဆိုတာကို ရွေးချယ်ကြတာပေါ့။"

သူသည် ဤဧကရာဇ်တစ်ပိုင်း အထွတ်အထိပ် ကျွမ်းကျင်သူများ၏ လုပ်ရပ်ကို သဘောမတူသော်လည်း သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုကိုမူ လေးစားမှု ရှိသည်။

လောကကြီးရှိ သက်ရှိသတ္တဝါအားလုံးသည် မိမိတို့၏ ကိုယ်ပိုင်ရွေးချယ်မှုအတွက် အပြည့်အဝ အခွင့်အရေးရှိ ရမည်သာ မဟုတ်ပါလား။

All Chapters