← Chapters

အခန်း (၁၀၅၁)

Vol. 103 Ch. 1051

အခန်း (၁၀၅၁)

Vol. 103 Ch. 1051

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၁)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

အိမ်ရှေ့စံမင်းသား၏ ခြေလှမ်းများ ယိုင်နဲ့သွားရသည်။

“မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး...”

သို့သော် ချက်ချင်းပင် သူ၏ အကြည့်များက ပြန်လည် စူးရှလာ၏။

“ဟမ့်... ငါတို့ရဲ့ နည်းပညာတွေ တိုးတက်လာရုံသာမက သိုင်းပညာအဆင့်အတန်းကလည်း အဆမတန် တိုးတက်နေခဲ့ပြီ... ငါတို့က ရှေးဘိုးဘေးတွေထက်တောင် သာလွန်နေပြီ... နဂါးအသစ်တွေကိုတောင် ဖန်တီးနိုင်နေပြီ... ငါတို့ရဲ့ စွမ်းအင်အမြောက်တွေနဲ့ မင်းကို မသတ်နိုင်ရင်တောင် ငါတို့ရဲ့ သိုင်းပညာရှင်တွေက မင်းကို သတ်ပစ်နိုင်တယ်...”

“နဂါးသွေးနွယ်ဖွား စစ်သည်တွေ အားလုံး... မင်းတို့ရှေ့က အိပ်မက်ဆိုး မိစ္ဆာကို သတ်ကြစမ်း...”

“အမိန့်အတိုင်းပါ...”

ချက်ချင်းဆိုသလိုပင် အိမ်ရှေ့စံမင်းသား၏ ပတ်ဝန်းကျင်ရှိ သောင်းနှင့်ချီသော နဂါးသွေးနွယ်ဖွား စစ်သည်များက အလင်းတန်းများအသွင် ပြောင်းလဲသွားကာ အိပ်မက်ဆိုးမိစ္ဆာဘုရင်ထံသို့ ထိုးဆင်းသွားကြတော့သည်။

ထိုအချိန်မှာပင်။

“ရွှီး... ရွှီး... ရွှီး...”

သန်းနှင့်ချီသည့် နဂါးသွေးနွယ်ဖွား စစ်သည်များက အဆောက်အအုံအမျိုးမျိုးထဲမှ ပျံသန်းထွက်လာကြပြီး လေထဲတွင် ဧရာမ သိုင်းအစီအရင်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြ၏။

“သတ်...”

သောင်းနှင့်ချီသည့် နဂါးသွေးနွယ်ဖွား ကျွမ်းကျင်သူများက အိပ်မက်ဆိုးမိစ္ဆာဘုရင်အား ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သည့် တိုက်ခိုက်မှုကြီးများဖြင့် စတင်တိုက်ခိုက်လိုက်ကြသည်။

ထိုအချိန်တွင် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ဝိညာဉ်ကိုယ်ပွားမှာ မီတာတစ်ထောင်ခန့် ကြီးမားနေလေရာ သောင်းနှင့်ချီသည့် နဂါးသွေးနွယ်ဖွား ကျွမ်းကျင်သူများက သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ လွယ်ကူစွာ ဝင်ရောက်တိုက်ခိုက်နိုင်ကြ၏။

ရုတ်တရက် နဂါးသွေးနွယ်ဖွားတို့က ရေတွက်၍မရနိုင်သော ဓားအလင်းတန်းများဖြင့် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ဝိညာဉ်ကိုယ်ပွားအား အရူးအမူး ခုတ်ထစ်ပစ်လိုက်ကြသည်။

“အား... အား... အား...”

အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ အော်ဟစ်သံများက သနားစဖွယ် ထွက်ပေါ်လာတော့သည်။

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ စိတ်အေးသွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားကာ အော်ဟစ်လိုက်၏။

“အိပ်မက်ဆိုး မိစ္ဆာဘုရင်... မြင်ပြီလား... မင်းက ငါတို့ မြင့်မြတ်နယ်မြေကမ္ဘာရဲ့ စွမ်းအားအကြောင်း ဘာမှ မသိသေးဘူးပဲ... မြင့်မြတ်လှတဲ့ နဂါးသွေးနွယ်ဖွား စစ်သည်တို့... သူ့ကို အစအနမကျန်အောင် ခုတ်ထစ်ချေမှုန်းပစ်လိုက်ကြစမ်း...”

သောင်းနှင့်ချီသည့် နဂါးသွေးနွယ်ဖွား ကျွမ်းကျင်သူများက အိပ်မက်ဆိုးမိစ္ဆာဘုရင်အား ပို၍ပင် အပြင်းအထန် တိုက်ခိုက်လာကြပြီး သောင်းနှင့်ချီသည့် ဓားအလင်းတန်းများဖြင့် အရူးအမူး ထိုးဖောက်ခုတ်ထစ်ပစ်လိုက်ကြ၏။

“အား... အား... အား...”

အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ အော်ဟစ်သံများက ပို၍ သနားစဖွယ်ကောင်းလာသည်။ သို့သော် သူ၏ အော်ဟစ်သံများမှာ အနှိပ်ခံရသကဲ့သို့ အလွန်အမင်း ဇိမ်တွေ့နေခြင်း ဖြစ်နေသည်။

“ဝါး... တကယ်ကို ကောင်းလွန်းတယ်... တကယ်ကို ကောင်းလွန်းတယ်... ပိုပြီး အားထည့်စမ်းပါ... ပိုပြီး အားထည့်စမ်းပါဦး...”

အိပ်မက်ဆိုးမိစ္ဆာဘုရင်က ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူ့အတွက်မူ ဤသောင်းနှင့်ချီသော နဂါးသွေးနွယ်ဖွားများ၏ အရူးအမူး တိုက်ခိုက်မှုများက တကယ်ကိုပင် အနှိပ်ခံနေရသကဲ့သို့ပင် ဖြစ်နေ၏။

“တကယ်ကို ကောင်းလွန်းတယ်... ငါ ဒီလိုမျိုး ဇိမ်မတွေ့ရတာ နှစ်ထောင်ချီနေပြီ... ကမ္ဘာမြေက လူတွေ အနှိပ်ခံရတာကို ကြိုက်တာ အကြောင်းမဲ့ မဟုတ်ဘူးပဲ...” အိပ်မက်ဆိုးမိစ္ဆာဘုရင်က သက်ပြင်းချရင်း ပြောသည်။ “နှမြောစရာပဲ...”

ထို့နောက် သူ၏ လက်ဝါးဖြင့် အားပြင်းပြင်း ရိုက်ချလိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သောင်းနှင့်ချီသည့် နဂါးသွေးနွယ်ဖွား ကျွမ်းကျင်သူများ အကြွင်းမဲ့ သုတ်သင်ခံလိုက်ရကာ ပွဲချင်းပြီး သေဆုံးသွားကြတော့၏။

အိမ်ရှေ့စံမင်းသားမှာ ဖြူလျော်နေသည့် မျက်နှာဖြင့် သူ၏ ရှေ့မှောက်မှ မြင်ကွင်းအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

အိပ်မက်ဆိုးမိစ္ဆာဘုရင်က မည်မျှပင် အစွမ်းထက်ပါစေ သောင်းနှင့်ချီသည့် နဂါးသွေးနွယ်ဖွား ကျွမ်းကျင်သူများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ ထို့အပြင် ဤသည်က အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ စွမ်းအင်ကိုယ်ပွားတစ်ခုမျှသာ မဟုတ်လော။ အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသည်နည်း။

“အိမ်ရှေ့စံမင်းသား... မင်းတို့က သိပ်ကို သနားစရာကောင်းတယ်.. လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်အတွင်း မင်းတို့ရဲ့ သိုင်းပညာအဆင့်အတန်းတွေက အတိုင်းအတာတစ်ခုအထိ တိုးတက်လာတယ်လို့ မင်းတို့ ထင်နေကြတယ်။"

"အရင်က မင်းတို့ရဲ့ သိုင်းပညာရှင်တွေက တစ်ကုဗစင်တီမီတာ အရွယ်အစားရှိတဲ့ မီးတောက်ကိုပဲ ကျင့်ကြံနိုင်ခဲ့ပေမဲ့ အခုတော့ တစ်ကုဗမီတာအထိ ကျင့်ကြံနိုင်နေပြီ... မင်းတို့ရဲ့ သိုင်းပညာရှင် တစ်ယောက်ချင်းစီရဲ့ သိုင်းစွမ်းအင်တွေက အများကြီး တိုးတက်လာတယ် ဆိုပေမဲ့ တကယ်တမ်းကျ စွမ်းအင် ဥပဒေသ အဆင့်အတန်းက တိုးတက်မလာတဲ့အပြင် ပြောင်းပြန်အနေနဲ့... နောက်တောင် ဆုတ်သွားသေးတယ်...” အိပ်မက်ဆိုးမိစ္ဆာဘုရင်က သရော်လိုက်သည်။ “မင်းတို့က ရေတွင်းထဲက ဖားသူငယ်တွေပဲ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတဲ့ ကောင်တွေပဲ..”

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ နေရာတွင်ပင် တစ်ဆတ်ဆတ် တုန်ယင်လျက် ရပ်နေမိသည်။

မြင့်မြတ်နယ်မြေ၏ စွမ်းအားဆိုသည်မှာ ဆပ်ပြာပူဖောင်းလေး တစ်ခုသာ ဖြစ်၏။ လက်ဖြင့် ထိလိုက်ရုံဖြင့် ပေါက်သွားနိုင်သည်။

“မင်းတို့က ရှေးဘိုးဘေးတွေထက် သာတယ်လို့ အမြဲ ပြောနေကြတယ်... နဂါးတွေကို ကျော်လွန်သွားပြီလို့လည်း အမြဲ ပြောနေကြတယ်... ဒါပေမဲ့ မင်းတို့ရဲ့ စွမ်းအင်အဆင့်အတန်းက နဂါးတွေနဲ့ ယှဉ်ရင် အများကြီး ကွာခြားနေတုန်းပဲ"

"ငါတို့ မိစ္ဆာစစ်တပ်အတွက် မြင့်မြတ်နယ်မြေကမ္ဘာမှာ တစ်ခုတည်းသော ကြောက်စရာကောင်းတဲ့ အရာက နဂါးစွမ်းအင်အကာအကွယ်ပဲ... ဒီထိပ်တန်းအဆင့် စွမ်းအင်ဥပဒေသက အခုအချိန်အထိ ငါတို့ ကျော်လွှားလို့ မရသေးဘူး... ဒါကြောင့် ဘယ်မိစ္ဆာမှ နဂါးစွမ်းအင်အကာအကွယ်ကို ဖြတ်ကျော်လို့ မရခဲ့တာပဲ...”

ထို့နောက် အိပ်မက်ဆိုးမိစ္ဆာဘုရင်က သူ၏ ဧရာမလက်ဝါးကြီးကို မြှောက်ကာ မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားထံသို့ ရိုက်ချလိုက်၏။

ဖျက်ဆီးသူအဆင့် ကျင့်ကြံခြင်းဖြင့် တုပိုင်ပင်လျှင် အိပ်မက်ဆိုးမိစ္ဆာဘုရင်ကိုယ်ပွား၏ ရိုက်ချက်ကြောင့် အကြွင်းမဲ့ ပျက်သုဉ်းသွားခဲ့ရသည်။

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက တုပိုင်ထက် များစွာ ပိုစွမ်းထက်နေသော်လည်း ရလဒ်ကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။ သူသည်လည်း အိပ်မက်ဆိုးမိစ္ဆာဘုရင်ကိုယ်ပွား၏ လက်ဝါးရိုက်ချက်အောက်တွင် သေဆုံးရမည်သာ။

အဘယ်ကြောင့်ဆိုသော် ဤသည်က သိုင်းပညာကျင့်ကြံခြင်းနှင့် မဆိုင်လေဘဲ စွမ်းအင်ဥပဒေသများနှင့် ဆိုင်သောကြောင့်ပင်။

အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်ဝါးရိုက်ချက်ကို မြင်လိုက်ရသောအခါ မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။

ထို့နောက် သူက ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။ “အရှင်မင်းကြီး... အိပ်မက်ဆိုး မိစ္ဆာဘုရင်... ကျွန်တော်... ကျွန်တော် လက်နက်ချပါ့မယ်... ကျွန်တော့်ရဲ့ လက်နက်ချမှုကို လက်ခံပေးပါ... ကျွန်တော့်ကို အစေခံခွင့် ပြုပါ...”

“အရှင်မင်းကြီး မြင့်မြတ်နယ်မြေရဲ့ ဘုရင်မကို အလိုရှိပါသလား... ပြဿနာမရှိပါဘူး... ကျွန်တော် ကိုယ်တိုင် လမ်းပြပြီး ခေါ်သွားပေးပါ့မယ်...”

“အရှင်မင်းကြီး... တုပိုင်က မသေသေးပါဘူး... ပြီးတော့ သူ့မှာ အစွမ်းထက်ပြီး ပြီးပြည့်စုံတဲ့ စွမ်းအင်ခန္ဓာကိုယ် ရှိပါတယ်... အရှင်မင်းကြီး စိတ်ကြိုက် နှိပ်စက်နိုင်ဖို့ သူ့ကို ကျွန်တော် ဆက်သပါ့မယ်... အရှင်မင်းကြီးက သူ့ကို စိတ်ကြိုက် နှိပ်စက်ပြီးမှ သတ်ပစ်လို့ ရပါတယ်...”

“အရှင်မင်းကြီး... တုပိုင်ရဲ့ မိန်းမ ရန်ယဲ့ရှောင်ကလည်း ကျွန်တော့် လက်ထဲမှာ ရှိနေပါတယ်... သူ့ကိုလည်း အရှင်မင်းကြီးကို ကျွန်တော် ဆက်သပါ့မယ်... သူ့ကို အရှင်မင်းကြီးက အကြိမ် တစ်သောင်းလောက် စိတ်ကြိုက် အနိုင်ကျင့်ပြီး တုပိုင်ကို ဦးထုပ်စိမ်း ဆောင်းပေးလိုက်လို့ ရပါတယ်...”

“အရှင်မင်းကြီး... ပေါက်ကွဲမှု သီအိုရီကို သုံးပြီး ကျွန်တော်တို့က နဂါးမျိုးနွယ် အသစ်တစ်ခုကို တကယ် ဖန်တီးထားပါတယ်... အခုမှ အကောင်ပေါက်လာပုံရတဲ့ နဂါးမျိုးနွယ်သစ်လေးပါ... သူက အရမ်း လှပပြီး အရမ်းကို ဆွဲဆောင်မှုရှိလှပါတယ်... အရှင်မင်းကြီးက သူ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သဘောထားပြီး ပုံစံမျိုးစုံနဲ့ အနိုင်ကျင့်လို့ ရပါတယ်... ဘယ်မိစ္ဆာကမှ နဂါးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်ရမယ့် အခွင့်အရေးကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး...”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၁) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters