← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁)

ညီလာခံခန်းမထဲတွင် ရင်ကျန့်က မရောက်ရှိသေးပေ။ စစ်မိန့်အလံကို ကိုင်ဆောင်ကာ အောင်ပွဲအစီရင်ခံစာကို ဆုပ်ကိုင်ထားသော စစ်သည်က ခန်းမအလယ်တွင် ရပ်နေပြီး သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ တစ်ချိန်တည်းတွင် ခန်းမထဲမှ ဝန်ကြီးများက စုဝေးနေကြပြီး အချင်းချင်း ဆွေးနွေးနေကြသည်။ ရှေ့ဆုံးတွင် ဖုစုနှင့် ဟူဟိုက်တို့က ရပ်နေကြသည်။

" ဘယ်သူက ထင်ထားမှာလဲ။ လွန်ခဲ့တဲ့ တစ်လလောက်က​တင် ဝူအန်းစခန်းက တလျန်မြို့တော်မှာ တပ်စွဲပြီး မတိုက်ခိုက်သေးလို့ ငြင်းခုံခဲ့ကြတယ်။ ဒါပေမယ့် ဒီနေ့တော့ ဝူအန်းစခန်းက တလျန်ကို ထိုးဖောက်ပြီး ကြီးမားတဲ့အောင်ပွဲကို ရယူနိုင်ခဲ့ပြီ။ "

" စစ်သေနာပတိချုပ်ကျောက်ဖုန်းက တကယ်ကို စစ်နတ်ဘုရားပဲ။ "

" အခုဆိုရင် ကျင့်သုံးနိုင်ငံက ချင်လက်အောက်ကို ရောက်သွားပြီ။ ဝေကျဆုံးသွားပြီဆိုတော့ ချင်ကလွဲရင် နိုင်ငံသုံးနိုင်ငံပဲ ကျန်တော့တယ်။ "

နန်းတွင်းညီလာခံတစ်ခုလုံးက ဆွေးနွေးသံများဖြင့် ပြည့်နှက်နေပြီး ဝန်ကြီးများအားလုံးက ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။ သူက စစ်မြေပြင်သို့ မသွားကြသော်လည်း သူတို့က နိုင်ငံရေးကိစ္စများတွင် ပါဝင်ခဲ့ကြသောကြောင့် ဝေကျဆုံးသွားခြင်းက သူတို့အတွက်လည်း ဂုဏ်ယူစရာပင်ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ကျန့်က ခန်းမအတွင်းသို့ ဝင်လာခဲ့ပြီး သူ၏ မျက်နှာတွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။

" ဂုဏ်ပြုပါတယ် စစ်သေနယပတိချုပ်။ စစ်သေနာပတိချုပ်ရဲ့ သမက်က အခုဆိုရင် ဝေနိုင်ငံကို ဖျက်ဆီးတဲ့ စွမ်းဆောင်မှုကို ရရှိသွားပါပြီ။ ဒါက တကယ်ကို ထူးချွန်လှပါတယ်။ "

" ပြည်သူတွေက စစ်သေနာပတိချုပ်ကျောက်ဖုန်းကို စစ်နတ်ဘုရားလို့တောင် ခေါ်နေကြတယ်။ "

" စစ်သေနာပတိချုပ်ဝမ်ကျန့်က ဒီလိုထူးချွန်တဲ့ သမက်တစ်ယောက်ကို ရှာဖွေနိုင်ခဲ့တာ တကယ်ကို အထင်ကြီးစရာပဲ။ "

ဝန်ကြီးများက ဝမ်ကျန့်ကို ဂုဏ်ပြုစကားများ ပြောလိုက်ကြသည်။ ထိုစကားများကို နားထောင်ရင်း ဝမ်ကျန့်က ပြုံး၍ ပြန်လည်ဂါရဝပြုလိုက်သည်။

" ဝန်ကြီးတို့က ကျုပ်ကို ​မြှောက်ပင့်လွန်းနေပါပြီ။ အားလုံးက ကျုပ်သမက်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကြောင့်ပါပဲ။ ကျုပ်ကိုယ်တိုင်တောင် ဒီလိုအောင်မြင်မှုတွေကို အံ့အားသင့်ခဲ့ရပါတယ်။ "

တစ်ဖက်တွင် မုန့်ဝူက ဂုဏ်ယူနေသော ဝမ်ကျန့်ကို ကြည့်ပြီး ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်ပေ။

ဝမ်ဝမ်ကလည်း မကျေနပ်သော အမူအရာနှင့်ရှိနေပြီး နှုတ်ဆိတ်နေခဲ့သည်။

" အကိုတော် ကျောက်ဖုန်းကတော့ နောက်ထပ်ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခု လုပ်လိုက်ပြန်ပြီ။ အကိုတော် ဘယ်လိုမြင်လဲ။ " ဟူဟိုက်က ဖုစုကို ကြည့်ပြီး လှောင်ပြောင်သော လေသံဖြင့် မေးလိုက်သည်။

" ကျောက်ဖုန်းက နိုင်ငံရဲ့ ထောက်တိုင်တစ်ခုပဲ။ သူက ဝေနိုင်ငံကို ဖျက်ဆီးပြီး စစ်ရေးစွမ်းဆောင်မှုကို ရယူနိုင်ခဲ့တာ ငါတို့အနေနဲ့ ဂုဏ်ပြုရမှာပေါ့။ " ဖုစုက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

" အကိုတော်က သူ့ကို တကယ်ပဲ ရိုးရိုးသာားသား ဂုဏ်ပြုနေတာလား။ ဒါပေမယ့် အကိုတော် ဝမ်းသာနေတာကို ဘာလို့ မမြင်ရတာလဲ။ " ဟူဟိုက်က အေးစက်စွာ ရယ်မောလိုက်သည်။

" မင်းက လာနောက်နေတာပဲ ညီတော်ဆယ့်ရှစ်။ " ဖုစုက ပြုံးလိုက်ပြီး ဟူဟိုက်၏ ရန်စမှုကို လျစ်လျူရှုထားလိုက်သည်။

" ဟက်..." ဟူဟိုက်က ဘာမှမပြောတော့ဘဲ ရယ်လိုက်သည်။

" အရှင်မင်းကြီး ကြွလာပါပြီ။ "

နန်းတွင်းညီလာခံတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ဝန်ကြီးအားလုံးက ဘေးတစ်ဖက်စီတွင် ရပ်နေပြီး ခန်းမဝင်ပေါက်သို့ ကြည့်နေကြသည်။

ရင်ကျန့်က လျင်မြန်စွာ ဝင်ရောက်လာပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက ဦးညွှတ်လိုက်ကြသည်။

" ထကြပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ သူက ပလ္လင်ပေါ်တွင် မထိုင်သေး​ဘဲ သတင်းပို့သူကို ကြည့်လိုက်သည်။

" ဝူအန်းစခန်းက ဘယ်လိုစွမ်းဆောင်နိုင်ခဲ့တာလဲ။ "

" အရှင်မင်းကြီး အောင်ပွဲအစီရင်ခံစာက ဒီမှာပါ။ ဒါက ဝူအန်းစခန်းရဲ့ စစ်ရေးတရားသူကြီးက တင်ပြထားတာပါ။ " သတင်းပို့သူက အစီရင်ခံစာကို မြှောက်ကိုင်ထားသည်။

ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး ကျောက်ကောင်းက အစီရင်ခံစာကို ဆင်းယူလိုက်သည်။

" ဝန်ကြီးအားလုံးရှိနေတာမလို့ အားလုံးကြားအောင် ဖတ်ပြလိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ပြန်ပြောလိုက်ပြီး အစီရင်ခံစာကို ဖွင့်လိုက်သည်။

" ဝူအန်းစခန်းရဲ့ စစ်တရားသူကြီးခွိုက်ဖု တင်ပြအပ်ပါတယ်။ လွန်ခဲ့တဲ့တစ်လကျော်က ဝူအန်းစခန်းက ဝေနိုင်ငံရဲ့ တလျန်မြို့ရိုးအောက်မှာ တပ်စွဲထားခဲ့ပါတယ်။ ဝေဝူကျိက မြို့ရဲ့ ခံစစ်တွေကို တောင့်တင်းအောင် သုံးနှစ်တိုင်တိုင် အချိန်ယူတည်ဆောက်ပြီး မြို့တံခါးတွေကို အသေပိတ်ထားလို့ တလျန်ကို ရှေ့ကနေ ထိုးဖောက်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ တကယ်လို့ ထိုးဖောင်နိုင်ခဲ့ရင်တောင် ဝူအန်းစခန်းက ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်။ "

" အဲ့ဒီအချိန်မှာ စစ်သေနာပတိချုပ် ကျောက်ဖုန်းက တလျန်မြို့တော်ကို ရေလွှမ်းမယ့် အစီအစဉ်းကို ထုတ်ဖော်ခဲ့ပါတယ်။ စစ်တပ်ကို ဆည်မြောင်းတွေ တူးဖော်ဖို့နဲ့ ရေလမ်းလွှဲဖို့ တစ်လတိုင်တိုင် အချိန်ယူခဲ့ပြီး နောက်ဆုံးမှာ လမ်းကြောင်းတစ်ခု တူးဖော်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မြစ်ဝါမြစ်နဲ့ ဟုန်မြောင်းက ရေတွေကို ဖွင့်ထုတ်လိုက်တာကြောင့် တလျန်မြို့တော်က ရေအောက် နစ်မြှုပ်သွားခဲ့ပါတယ်။ "

"ရေလွှမ်းမိုးမှုအောက်မှာ သုံးနှစ်တိုင်တိုင် တည်ဆောက်ထားတဲ့ ဝေမြို့ရိုးက တစ်ပြိုင်နက် ပြိုလဲသွားပြီး ဝေစစ်သည်လေးသိန်းနဲ့ ပြည်သူတွေ ရေလွှမ်းမိုးမှုအောင်မှာ နစ်မြှုပ်သေဆုံးကုန်ပါတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော်မျိုးတို့ ဝူအန်းစခန်းက သွေးတစ်စက်မှမကျဘဲ ဝေမြို့တော်ကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပါတယ်။ "

" ဝေဝူကျိက စစ်သေနာပတိချုပ်ကျောက်ဖုန်းကို စိန်ခေါ်ခဲ့ပေမယ့် စစ်သေနာပတိချုပ်ကျောက်ဖုန်းက ဝေဝူကျိကို ခေါင်းဖြတ်ကွပ်မျက်ခဲ့ပါတယ်။ ဝေနန်းတော်ကို စီးနင်းဝင်ရောက်ခဲ့ပြီး ဝေဘုရင်နဲ့ အရာရှိတွေက ဒူးထောက်အညံ့ခံခဲ့တယ်။ " ကျောက်ကောင်းက ကျယ်လောင်စွာ ​ကြေညာလိုက်သည်။

" ကောင်းတယ်။ ဒီလိုအံ့ဩစရာကောင်းတဲ့ ​ဗျူဟာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ဘူး။ "

" ဝေနိုင်ငံက တကယ်အဆုံးသတ်သွားပြီ။ ကျင့်သုံးနိုင်ငံရဲ့ နယ်မြေက ချင်ရဲ့ နယ်မြေဖြစ်သွားခဲ့ပြီ။ "

" အရှင်မင်းကြီး စစ်သေနာပတိချုပ် ကျောက်ဖုန်းက ကြီးမားတဲ့ စွမ်းဆောင်မှုကို ရယူခဲ့တယ်ဆိုပေမယ့် ဒီ​ဗျူဟာက သဘာဝတရားရဲ့ စည်းစနစ်ကို စော်ကားလွန်းရာရောက်နေပါတယ်။ ဒီလိုရေလွှမ်းမိုးမှုကြောင့် တလျန်မြို့တော်က အသက်ပေါင်းများစွာ ရေနစ်သေဆုံးခဲ့ရပါတယ်။ ဒီလုပ်ရပ်က အတိတ်က ချန်ဖျင်တိုက်ပွဲနဲ့ နှိုင်းယှဉ်ရင်တောင် ပိုပြီးရက်စက်ကြမ်းကြုတ်လှပါတယ်။ " ချွန်းယွီယွဲ့က ရှေ့တိုးပြီး သနားကြင်နာသော အမူအရာဖြင့် ပြောလိုက်သည်။

သူ၏ စကားအဆုံး၌ ညီလာခံခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားပြီး အရပ်ဘက်နှင့် စစ်ဘက်အရာရှိအားလုံးက ချွန်းယွီယွဲ့ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြသည်။ အထူးသဖြင့် စစ်ဘက်ဆိုင်ရာအရာရှိများဖြစ်သည်။

ထိုအချိန်တွင် ဝမ်ဝမ်က ကျောက်ဖုန်း စစ်ရေးစွမ်းဆောင်မှုကို ရယူသွားသည့်အပေါ် မလိုလားသော်လည်း ချွန်းယွီယွဲ့၏ စကားကို ကြားသောအခါ မနေနိုင်တော့ဘဲ ချွန်းယွီယွဲ့ကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။ ချွန်းယွီယွဲ့က ဘယ်အချိန်တွင် တိတ်ဆိတ်ရမည်၊ ဘယ်အချိန်တွင် စကားပြောရမည်ကို နားမလည်ပုံရသည်။ သူက ကျင့်ဝတ်သိက္ခါနှင့် ဖြောင့်မတ်ခြင်းဟူသော ကွန်ဖြူရှပ်ဝါဒ၏ အမှောင်ဖုံးခြင်းကို ခံထားပုံရသည်။

" ဆရာကြီးချွန်းယွီယွဲ့ရဲ့ စကားအရဆို ကျုပ်တို့ ချင်စစ်သည်သိန်းချီသေဆုံးရတာက ကောင်းကင်ဘုံရဲ့ ညီညွှတ်​မျှတမှုကို မထိခိုက်စေဘူးပေါ့။ " ဝမ်ကျန့်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်သည်။

" ဆရာကြီးချွန်း ခင်​ဗျားက ရှန်းယန်မှာ သက်သောင့်သက်သာနေပြီး စစ်မြေပြင်ကို မမြင်ဖူးသေးဘူး။ " မုန့်ဝူကလည်း ဒေါသတကြီး ပြောလိုက်သည်။ " အဲ့ဒီနေရာက အသက်တွေကို နှုတ်ယူနေတဲ့ နေရာ၊ သက္ကန့်တိုင်းမှာ လူတွေသေဆုံးနေတဲ့ နေရာဖြစ်တယ်။ ဝေဝူကျိ တည်ဆောက်ထားတဲ့ တလျန်မြို့တော်က သားသတ်ရုံတစ်ခုပဲ။ အတင်းအကျပ် တိုက်ခိုက်ခဲ့ရင် ဝူအန်းစခန်းက ချင်စစ်သည်နှစ်သိန်းကျော် သေဆုံးရလိမ့်မယ်။ စစ်ပွဲစတင်ပြီဆိုတာနဲ့ ကောင်းကင်ဘုံရဲ့ ညီညွှတ်မျှတမှုအကြောင်းကို ဘယ်လိုလုပ်ပြောနေရဦးမှာလဲ။ "

" စစ်မြေပြင်အကြောင်းမသိဘဲနဲ့ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ။ "

" တကယ်စိတ်ပျက်စရာပဲ။ "

စစ်ဘက်အရာရှိများက ဒေါသတကြီး ပြောဆိုလိုက်ကြသည်။ ချွန်းယွီယွဲ့၏ စကားများက လူအများ၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ရုတ်တရက် များပြားသော ပြစ်တင်ရှုတ်ချများများနှင့် ရင်ဆိုင်ရသောအခါ ချွန်းယွီယွဲ့က မျက်နှာပျက်သွားသည်။ သူက ကျောက်ဖုန်းကို အနည်းငယ် သိက္ခါချလို၍ ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ထိုမျှကြီးမားသော တုန့်ပြန်မှုများကို ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရင်ကျန့်၏ အေးစက်သော အကြည့်က ချွန်းယွီယွဲ့ပေါ်သို့ ကျရောက်လာပြီး သူ၏ မျက်နှာပေါ်တွင် ဒေါသများက ထင်ရှားပေါ်လွင်နေသည်။

ထိုအချိန်တွင်....

" သတင်းပို့ပါတယ်။ ဝေနယ်မြေမှာ ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့ပါပြီ။ " အသံတစ်သံက ထွက်ပေါ်လာပြီး သတင်းပို့သူတစ်ယောက်က ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

" နောက်ထပ် သတင်းကောင်းတွေ ရှိသေးတာပဲ။ " ခန်းမအတွင်းမှ အရာရှိများက သတင်းပို့သူကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြသည်။

" ဝေမြို့တော် ကျဆုံးသွားပြီ။ ဝေဘုရင်လည်း လက်နက်ချလိုက်ပြီ။ ဖြစ်နိုင်တာက ဝေရဲ့ အနောက်ဘက်ကလည်း ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာဖြစ်ရမယ်။ "

" ဒီလိုဆိုရင်တော့ ဝေနိုင်ငံကို လုံးဝ သိမ်းပိုက်ပြီးသွားပြီပေါ့။ "

စစ်မြပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters