အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း (၃၂၃)
" ငါက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာမဟုတ်ဘူး။ ဝန်ကြီးနှစ်ယောက်က ဒီလိုပြောနေကြမှတော့ ကျောက်ဖုန်းနဲ့ ငါက ယောက္ခမနဲ့ သမက် တော်စပ်ပြီး ချင်နိုင်ငံ စစ်အာဏာရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားတာမလို့ အခြားသူတွေ စိတ်အနှောက်အယှက်မဖြစ်အောင် ဒီနေ့ပဲ ငါအနားယူတော့မယ်။ " ဝမ်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ထိုအရာအပေါ် မည်သည့်ကန့်ကွက်မှုမှ မရှိကြပေ။ သူတို့ကလည်း ထိုမြင်ကွင်းကို ကျေနပ်အားရနေပုံရသည်။ မည်သို့ပင်ဖြစ်စေ ကျောက်ဖုန်းနှင့် ဝမ်ကျန့်တို့ ပူးပေါင်းသော အာဏာစွမ်းအားက ကြီးမားလွန်းလှသည်။ ယနေ့ သူတို့၏ လုပ်ရပ်က ထိုနှစ်ယောက်ကို ဒေါသထွက်စေခဲ့လျှင်တောင် ကျောက်ဖုန်း၏ သဘောထားက ယခင်ကတည်းက သူတို့အပေါ် မကောင်းခဲ့ပေ။
အကယ်၍ ဝမ်ကျန့်ကို အာဏာစွန့်လွှတ်အောင် လုပ်နိုင်လျှင်တောင် ၎င်းက ကြီးမားသော ရလဒ်တစ်ခု ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ဖုစုနှင့် ဟူဟိုက်တို့က စကားမပြောခဲ့ပေ။ သူတို့၏ အမြင်ကလည်း အတူတူပင်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အိမ်ရှေ့စံနေရာကို ရယူချင်သူများဖြစ်သောကြောင့် အနာဂတ်ကိူ တွေးမိကြပြီး ထိုမျှဩဇာအာဏာကြီးမားသော အရာရှိများ ရှိနေခြင်းက ကောင်းသောအချက်မဟုတ်သည်ကို သိကြသည်။
သို့သော် လူတိုင်းသတိမမူခဲ့သော အရာတစ်ခုရှိနေသည်။ ဝမ်ကျန့်က ကျောက်ဖုန်းအတွက် ရာထူးမှ အနားယူမည်ဟု ကြားလိုက်ရသောအခါ ရင်ကျန့်၏ မျက်လုံးများထဲတွင် ကျေနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
" ဖုန်းအာ မင်းက ယောက္ခမကောင်းတစ်ယောက် ရခဲ့တာပဲ။ ဒီလိုဆိုရင်တော့ ငါလည်း သူ့အပေါ် ပိုပြီး စိတ်အေးနိုင်ပါပြီ။ " ရင်ကျန့်က ဝမ်ကျန့်ကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။
ထိုအရာက ကျောက်ဖုန်းအပေါ် ဝမ်ကျန့်၏ စစ်မှန်သော သံယောဇဉ်ကို မြင်တွေ့ခဲ့ရသည်။ စစ်သေနာပတိချုပ်ကဲ့သို့ မြင့်မားသော ရာထူးကို ကိုင်စွဲထားသော်လည်း ကျောက်ဖုန်းအတွက် ၎င်းကို လိုလိုလားလား စွန့်လွှတ်ခဲ့သည်။
" တော်လောက်ပြီ။ " ရင်ကျန့်က ပြောလိုက်သည်။
ဝန်ကြီးအားလုံးက ပလ္လင်ပေါ်မှ ရင်ကျန့်ကို ကြည့်လိုက်ကြသည်။ ယခုအချိန်တွင် ဝမ်ကျန့်က ရာထူးမှ အနားယူရန် တောင်းဆိုထားမည်ဖြစ်ရာ နောက်ဆုံးဆုံးဖြတ်ချက်က ရင်ကျန့်အပေါ်တွင်သာ မူတည်သည်။
" ဝမ်ချင်း မင်းက အခုမှ စွမ်းဆောင်ရည်အကောင်းဆုံးအရွယ်မှာ ရှိသေးတာကို ဘာဖြစ်လို့ အနားယူမယ့်အကြောင်း ပြောနေတာလဲ။ ဒီစကားကို ငါ မကြားချင်ယောင်ဆောင်ပေးလိုက်မယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားလိုက်သည်နှင့် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက ရင်ကျန့်ကို အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။ စစ်အာဏာကို ရုတ်သိမ်းရန် ထိုမျှလောက် ကောင်းမွန်သော အခွင့်အရေးကို ရရှိနေပါလျက် ရင်ကျန့်ကမူ ၎င်းကို ငြင်းပယ်ခဲ့သည်။ ကောက်ကျစ်သော ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ပင် အံ့အားသင့်သွားကြသည်။
" အရှင်မင်းကြီးက ဘာဖြစ်တာလဲ။ စစ်အာဏာကို လျှော့ချဖို့ အခွင့်အရေးတစ်ခု ပေးတာကို လက်မခံဘူးလား။ အရှင်မင်းကြီးက ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့အပေါ် တကယ်ပဲ စိုးရိမ်မှုမရှိဘူးလား။ "
" အရှင်မင်းကြီးကိုယ်တိုင် မစိုးရိမ်မှတော့ သူက အနာဂတ်အတွက် ထည့်သွင်းစဉ်းစားသင့်တာပေါ့။ အရှင်မင်းကြီးက အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိရင်တောင် အနာဂတ်ကျရင် လူတိုင်းက အရှင်မင်းကြီးလို ဖြစ်နေမှာ မဟုတ်ဘူးလေ။ "
ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ယခုအချိန်တ်ိင် အလွန်စိတ်လှုပ်ရှားနေကြသည်။ ရင်ကျန့်က အဘယ်ကြောင့် ထိုအခွင့်အရေးအား လက်လွှတ်လိုက်သည်ကို နားမလည်နိုင်ဖြစ်နေကြသည်။
" အရှင်မင်းကြီး ဝန်ကြီးတွေရဲ့ စိုးရိမ်မှုကလည်း အကြောင်းပြချက်မရှိတာတော့မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ ဝမ်မိသားစုနဲ့ ကျောက်ဖုန်းတို့က အရှင်မင်းကြီးဆီက ကြီးမားတဲ့ ကရုဏာကို ရရှိပြီးဖြစ်ပါတယ်။ " ရင်ကျန့်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဒီကရုဏာကို မင်းရဲ့ ဝမ်မိသားစုက ထိုက်တန်တယ်။ ကျောက်ဖုန်းကလည်း ထိုက်တန်တယ်။ ကြိိးမားတဲ့ အာဏာက ကပ်ဘေးတွေကို ယူဆောင်လာတယ်ဆိုတဲ့အချက်ကို ငါ ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ငါက စစ်အာဏာကို အပ်နှင်းထားသလို ငါ့ရဲ့ ဝန်ကြီးတွေကိုလည်း အကြွင်းမဲ့ ယုံကြည်ထားလို့ပဲ။ တကယ်လို့ တစ်နေ့မှာ မင်းတို့အားလုံး ကြောက်ရွံ့နေတဲ့အရာတွေ တကယ်ပဲ ဖြစ်လာမယ်ဆိုရင်တောင် ငါက အဲ့ဒါကို ဖိနှိပ်ထိန်းချုပ်နိုင်စွမ်းရှိတယ်။ " ရင်ကျန့်၏ အသံထဲတွင် အဆုံးမရှိသော အာဏာစက်များဖြင့် ပြည့်နှက်နေသည်။
" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " ယွီလျောင်က ရှေ့သို့ ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ ဝန်ကြီးအားလုံးက ဦညွှတ်ပြီး အော်ဟစ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ " အရှင်မင်းကြီးက အမြော်အမြင်ကြီးလှပါတယ်။ "
" ဝမ်ချင်း နောက်တစ်ခါ အနားယူမယ့်ကိစ္စကို အနာဂတ်မှာ ထပ်ပြောဖို့ မလိုတော့ဘူး။ ငါက သံသယစိတ်များတတ်တဲ့ ဘုရင်တစ်ပါးမဟုတ်ဘူး။ မင်းတစ်ယောက်တည်းမဟုတ်ဘူး။ နန်းတွင်းမှာရှိတဲ့ ဘယ်သူမဆို ငါ့အပေါ်မှာ သစ္စာရှိနေသရွေ့ ချင်နိုင်ငံအပေါ် သစ္စာရှိနေသရွေ့ ငါ့ဘက်က ဘယ်တော့မှမတရားဆက်ဆံမှာမဟုတ်ဘူး။ " ရင်ကျန့်က ခန်းမတစ်လုံးကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။
ထိုစကားများက ဝမ်ကျန့်တစ်ယောက်တည်းကို ရည်ညွှန်းပြောဆိုခြင်းမဟုတ်ပေ။ ၎င်းက ညီလာခံတစ်ခုလုံးကို ရည်ရွယ်ခြင်းဖြစ်သည်။
သမိုင်းကြောင်းကို ကြည့်လျှင် ရင်ကျန့်က သူပြောခဲ့သည်အတိုင်း အမှန်တကယ်ပင် လုပ်ဆောင်ခဲ့သည်။ တစ်လောကလုံးကို စုစည်းပြီးနောက် သူက အကျိုးပြုခဲ့သော ဝန်ကြီးတစ်ယောက်ကိုမှ သတ်ဖြတ်ခြင်းမပြုခဲ့ပေ။ သူက အရာအားလုံးကို အောင်နိုင်သည့် ဧကရာဇ်တစ်ပါး၏ ယုံကြည်မှု အပြည့်အဝ ရှိနေခဲ့သည်။
ရင်ကျန့်၏ ယုံကြည်မှုရှိသော စကားများကို ကြားကသောအခါ ဝမ်ဝမ်နှင့် အခြားသူများက တိတ်ဆိတ်သွားကြသည်။ သယတို့၏ ရုတ်တရက် ကြံစည်မှုက ပစ်မှတ်ကို လွဲချော်သွားခဲ့ပြီဖြစ်သည်။ သူတို့က ရည်မှန်းချက်မအောင်မြင်ခဲ့ရုံသာမက ဝမ်ကျန့်ကိုပါ ဒေါသထွက်စေခဲ့ပြီး ကျောက်ဖုန်းကိုလည်း စော်ကားမိလျက်သား ဖြစ်ခဲ့သည်။
" ယွီချင်း ကျောက်ဖုန်းရဲ့ ဘွဲ့ထူးနဲ့ ဆုလာဘ်တွေကို ကြားလိုက်လား။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုး သေချာကြားလိုက်ပါတယ်။ " ယွီလျောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ဒါဆို အမိန့်အတိုင်း ဘွဲ့ထူးနဲ့ ဆုလာဘ်တွေ ပေးအပ်စေ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" အရှင်မင်းကြီး နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်။ တလျန်မြို့တော်ကို ရေလွှမ်းပြီး ချင်စစ်သည်တွေ သွေးတစ်စက်မှမကျဘဲ ချေမှုန်းနိုင်ခဲ့တယ်ဆိုပေမယ့် ရေးဘေးကြောင့် နောက်ဆက်တွဲကပ်ရောဂါက ရှောင်လွှဲလို့မရတော့ပါဘူး။ တကယ်လို့ သေချာမကိုင်တွယ်နိုင်ရင် ကူးစက်ရောဂါ ပျံ့နှံ့သွားပြီး ချင်နိုင်ငံအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အရှင်မင်းကြီးကိုယ်တိုင် ဆုံးဖြတ်ဖို့ လိုပါသေးတယ်။ " ဖုန်းချွီကျိက ရှေ့တိုးပြီး ပြောလိုက်သည်။
" သမားတော်ရှက ထိပ်တန်းသမားတော်တစ်ယောက်ပဲ။ ဒီကူးစက်ရောဂါနဲ့ ပက်သက်ပြီး သမားတော်ရှမှာ ဘယ်လိုအမြင်မျိုးရှိလဲ။ " ရင်ကျန့်က ရှဝူချယ်ကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး ကူးစက်ရောဂါ ဖြစ်တာကအလောင်းတွေက စဖြစ်ပါတယ်။ တလျန်မြို့ထဲက အလောင်းတွေကို ရှင်းလင်းပြီး မြေမြှုပ်တာဖြစ်ဖြစ် မီးနဲ့ရှို့တာဖြစ်ဖြစ် ကူးစက်ရောဂါကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ပြီးတော့ ရေလွှမ်းမိုးပြီးတဲ့နောက် တလျန်မြို့တော်က နေလို့အဆင်ပြေတော့ပါဘူး။ ကျွန်တော်မျိုး အကြံပြုချင်တာက တလျန်မြို့ကို စွန့်ပစ်ပြီး ချိတ်ပိတ်ထားဖို့ပါပဲ။ ဒီလိုဆိုရင် ကူးစက်ရောဂါကို အကောင်းဆုံး တားဆီးပေးနိုင်ပါလိမ့်မယ်။ " ရှဝူချယ်က အကြံပေးလိုက်သည်။
" ဝန်ကြီးတို့ ကြားလိုက်လား။ ကာကွယ်တားဆီးတဲ့ နည်းလမ်းတွေ မှန်ကန်နေသရွေ့ ကူးစက်ရောဂါ ဖြစ်ပွားစရာ အကြောင်းမရှိဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" ဒီကိစ္စကို သမားတော်ရှကိုယ်တိုင် သွားရောက်ကြီးကြပ်ဖို့ လိုပါလိမ့်မယ်။ " ဝမ်ဝမ်က ပြောလိုက်သည်။
" ကျွန်တော်မျိုးက ဆေးပညာခန်းမက သမားတော်တွေကို ဦးဆောင်ပြီး ဝေနယ်မြေကို ကိုယ်တိုင်သွားရောက်ချင်ပါတယ်။ " ရှဝူချယ်က တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်သည်။
" ဒီလောက်ဝေးတဲ့ ခရီးကို သမားတော်ကြီး ခံနိုင်ရည်ရှိပါ့မလား။ " ရင်ကျန့်၏ ပထမဆုံးအတွေးက ရှဝူချယ်၏ ကျန်းမာရေးကို စိုးရိမ်ခြင်းဖြစ်သည်။
" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးက ကျန်းမာကြံ့ခိုင်နေဆဲပါ။ ချင်နိုင်ငံ တစ်လောကလုံးကို စုစည်းမယ့်နေ့ကိုလည်း စောင့်မျှော်နေပါတယ်။ " ရှဝူချယ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ ရန်ရှောင်။ " ရင်ကျန့်က ပြုံးလိုက်သည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " ခန်းမအပြင်ဘက်မှ ရန်ရှောင်က ဝင်ရောက်လာသည်။
" နန်းတွင်းကိုယ်ရံတော်ငါးထောင်ကို မင်းကိုယ်တိုင်ဦးဆောင်ပြီး သမားတော်ရှနဲ့ ဆေးပညာခန်းမက သမားတော်တွေ ဝေနယ်မြေကို သွားတာကို ကာကွယ်စောင့်ရှောက်ပေးရမယ်။ ဝေနိုင်ငံကို အပြည့်အဝ ထိန်းချုပ်ရသေးဘူး။ မင်း သူတို့ကို ကောင်းကောင်းကာကွယ်ရမယ်။ " ရင်ကျန့်က လေးနက်စွာဖြင့် အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ရန်ရှောင်က အမိန့်ကို လက်ခံလိုက်သည်။
" သမားတော်ရှ ဝေနယ်မြေကို ရောက်ရင် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ရဲ့ အဝေးကို မသွားပါနဲ့။ ပြီးတော့ စခန်းကနေ လုံးဝ ထွက်မသွားပါနဲ့။ ကူးစက်ရောဂါကို ဘယ်လိုကာကွယ်ဂမလဲဆိုတာ ကျောက်ဖုန်းကို တိုက်ရိုက်ပြောလိုက်ပါ။ သမားတော်ရှက အမိန့်ပေးဖို့ပဲ လိုအပ်တာဖြစ်လို့ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ဖို့ မလိုပါဘူး။ " ရင်ကျန့်က ရှဝူချယ်ကို မှာကြားလိုက်သည်။
" အမိန့်အတိုင်းပါ။ " ရှဝူချယ်က ခေါင်းညိမ့်သဘောတူလိုက်သည်။
" ကောင်းပြီ။ ဘာတင်ပြစရာမှမရှိရင် ညီလာခံသိမ်းမယ်။ ဝမ်ချင်းနဲ့ သမားတော်ရှ ကျန်းထိုင်နန်းဆောင်ကို လိုက်ခဲ့ဦး။ " ရင်ကျန့်က ပြောလိုက်သည်။
" အရှင်မင်းကြီးကို ရိုသေစွာ ပို့ဆောင်ပါတယ်။ " ဝန်ကြီးများ အားလုံးက ဦးညွှတ်လိုက်ကြပြီး ရင်ကျန့်က ခန်းထဲမှ ထွက်ခွာသွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့